Switch Mode

Chapter – 19

ဓားပြရဲ့ နောက်ထပ်အသိုက်

အပိုင်း(၁၉) ဓားပြရဲ့ နောက်ထပ်အသိုက်

တစ်ရက်တည်းဖြင့်..စီးပွားဖြစ်ခဲ့သော..ဖန်ရှင်းသည်ကျေနပ်မှုရှိနေခဲ့သည်။သို့သော်ယုစန်းလျန်သည်..ထိုအဖြစ်အပျက်ကို..ယုံကြည်ရန်ခက်ခဲနေသေးသည်။

သူကဖန်ရှင်းအကြောင်းကိုတွေးရင်းကိုယ့်ကိုယ်ကိုသတိပေးလိုက်သည်။

“အဲဒါတွေကိုပြင်လိုက်…မင်းရဲ့သတ္တိကနည်းနေရင်..မင်းကအနိုင်ကျင့်ဖို့ထိုက်တန်တဲ့သူဆိုတာပဲ”

ဖန်ရှင်းသည်အိမ်ကလေးသို့ပြန်ရောက်ပြီးနောက်…သူ၏မျက်နှာကိုဆေးကြောခဲ့သည်။

ယုစန်းလျန်သည်..သုန်မှုန်နေသောမျက်နှာဖြင့် ဖန်ရှင်းကိုဂရုမစိုက်ဟန်.. ငေးလျက်ရှိနေသည်။

ဒါကိုမြင်ပြီးနောက်ဖန်ရှင်းကဘေစင်မှရေကိုယူ၍..ယုစန်းလျန်၏ခေါင်းမှ

..လောင်းချလိုက်ရာ..ရေနစ်နေသောကြွက်စုတ်ကဲ့သို့ဖြစ်သွားသည်။ယုစန်းလျန်သည်..အအေးမိနေသဖြင့်..စောနကအတွေးများပင်ထွက်ပြေးသွားသည်။

“ညီလေးဖန်..ဒီနေ့ဖြစ်ရပ်ပြီးတဲ့နောက်..မင်းကိုငါအရမ်းလေးစားသွားပြီ”

“ဘာလည်း..မင်းကငါ့ကိုအရင်က..မလေးစားဘူးလို့ဆိုလိုတာလား”

“အဲ့လိုမဟုတ်ဘူး..အရင်နေ့တွေက..မင်းကိုစိုက်ခင်းမှာတွေ့ကတည်းက..မင်းလိုလူက..သာမန်လူမဟုတ်ဘူးဆိုတာငါသိတယ်..”

ယုစန်းလျန်က ပြုံ၍ပြောလိုက်သည်။ ထိုအချိန်တုန်းက..ဖန်ရှင်းကိုအနိုင်ကျင့်သူမှာ..သူကိုယ်တိုင်ဖြစ်၍.အတိတ်ကိုပြန်ပြောရန်..မဝံ့မရဲဖြစ်နေသည်မှာသာမန်ပင်ဖြစ်သည်။

လက်ရှိအမှန်တရားမှာယုစန်းလျန်သည်..ဖန်ရှင်းနှင့်မိတ်ဆွေဖွဲ့ရန်မှ..တစ်ပါး..အခြားမရှိတော့ပါ။

သူကပိုအသက်ကြီးပေမယ့်..ရန်သူအပေါ်တွင်..ရဲရင့်ခြင်း..ရက်စက်ခြင်း.တို့တွင်ဂရုဏာ..ကင်းမဲ့သောကလေးငယ်နှင့်..ပြိုင်ဖက်မဟုတ်ပါ။ဒီလိုကလေးမျိုးက..စောစော စီးစီးမသေဘူး..ဆိုရင်..သာမန်ဘဝနှင့်ကျေနပ်နေမည့်ကလေးမျိုးမဟုတ်ပေ။

ဖန်ရှင်းအဆင့်အတန်းမြင့်မားလာသောတစ်နေ့တွင်..သူ့ကို..သူ၏ဘဝအစတွင်အကူအညီပေးခဲ့ဖူးကြောင်းမှတ်မိကောင်းမှတ်မိနိုင်လိမ့်မည်။

နောက်တစ်နည်းဆိုရလျှင်ယုစန်းလျန်အတွက်ဖန်ရှင်းသည်..ပထမဆုံးနှင့်အဓိက..ရင်းနှီးမြုပ်နှံမှုကြီးပင်ဖြစ်သည်။

ဒါကပင်..ယုစန်းလျန်အတွက်..နောက်တစ်ဆင့်တက်လှမ်းနိုင်ရန်သေးငယ်သောအခွင့်အလမ်းဟု..ယုံကြည်ထားသည်။

ယုစန်းလျန်သည်..ဖန်ရှင်းအကြောင်းကို..ပိုမိုနားလည်လာသောအခါ..ဖန်ရှင်းရဲ့စကားတွေကသူ့အပေါ်ရိုင်းစိုင်းပြီး..စိတ်ဆိုးစေသော်လည်း..သူကိုယ်တိုင်ကအရင်လိုဇီဇာကြောင်ခြင်းမရှိတော့ဘဲ..ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်လာသည်ဟုစတင်ပြီးသဘောပေါက်လာသည်။

သူတို့ဆင်နွှဲခဲ့သောအရက်ဝိုင်းလေးတွင်..အတင်းအဖျင်းမျိုးစုံကိုပြောပြီးသည့်နောက်တွင်..သူတို့နှစ်ယောက်၏ဆက်ဆံရေးက..အတော်ပင်အဆင်ပြေနေသည်ဟုပင်..ဆိုရမည်။

ပြောရလျှင်ဖန်ရှင်း၏..အပြုအမူတစ်ခုသည်..သူ့ကိုအလွန်စိတ်ပျက်စေသည်။ဖန်ရှင်းသည်အပြင်စည်းဂိုဏ်းသားဖြစ်ပြီးသည့်နောက်တွင်ယခင်ကရှိသည့်တက်ကြွမှုများကိုမတွေ့ရတော့ဘဲ..ပျင်းရိခြင်းဖြင့်အစားထိုးလာသည်ဟု..ထင်ခဲ့သည်။

ထိုသို့အပျင်းတစ်..နေလျှင်..သုံးနှစ်အတွင်း..ဝိဉာဥ်အဆင့်နှစ်သို့မချိုးဖောက်နိုင်ဘဲ..ကျေးရွာများသို့..ပို့ဆောင်ခြင်းခံရမည်ဖြစ်သည်။ယုစန်းလျန်က..ထိုသို့သုံးသပ်မိသော်လည်း..ဖန်ရှင်း၏ဒေါသကြောင့်တိုက်ရိုက်ပြောဆိုခြင်းမပြုရဲပေ။

လျူဖုန်းကို..အလွယ်တကူပညာပေးလိုက်ပြီး..အမဲသားမျက်နှာတို့လူစုကို..ဓားပြတိုက်ပြီးနောက်တွင်..ဖန်ရှင်း၏..စွမ်းရည်ကို..သူစတင်သိရှိခဲ့သည်။

အားနည်းသူကို..အားကြီးသူကအနိုင်ကျင့်တာ..နိယာမဆိုပေမယ့်..အာနည်းသူက..အနိုင်ပြန်ကျင့်တဲ့ဖြစ်ရပ်ကိုပြပါဆိုရင်..ဖန်ရှင်းကိုပင်ပြရမည်ဖြစ်သည်။

ဖန်ရှင်း၏ ရေလောင်းချခံရပြီးနောက်..သူ့ကိုသူသတိပေးလိုက်သည်။သူက..ဘာများ..ကြောက်နေစရာရှိလို့လည်း..ဖန်ရှင်းဆိုတဲ့မိစ္ဆာလေးက..သူနှင့်အရင်းနှီးဆုံးပဲမဟုတ်လား..ဖန်ရှင်းက..သဘောထားသေးသိမ်သည့်..သူမျိုးတော့မဟုတ်ပါ။သူ့ကို..ဒုက္ခပေးစရာ..အကြောင်းလည်းလုံးဝမရှိပေ။

ယုစန်းလျန်သည်သူ၏နှလုံးသားထဲမှနေ၍..သက်ပြင်းချလိုက်သည်။မိစ္ဆာဆိုသည်မှာ..အဘယ်သို့သောသူမျိုးကိုပြောတာလည်း..သူကမကြာခဏတော့မရိုင်းစိုင်းတတ်ပေမယ့်..အလုပ်တစ်ခုကိုလုပ်တဲ့အခါ..ရက်စက်လွန်းတယ်..။ထိုသို့အမြဲပြသနာလုပ်လျှင်..အရွယ်မရောက်ခင်..သူများသတ်၍..သေဖို့ကပို၍..အခွင့်အလမ်းများသည်။..ယုစန်းလျန်အဖို့..ဖန်ရှင်းအပေါ်တွင်..ရင်းနှီးမြုပ်နှံလိုက်ကတည်းက..ဖန်ရှင်း..သေလျှင်..သူလည်းသေရမည်ဟုပင်..သတ်မှတ်ထားလိုက်ပြီဖြစ်သည်။

ယုစန်းလျန်၏အတွေးများတွင်..ဖန်ရှင်းသည်

တခါတရံ..ပျင်းရိနေသောနဂါးဖြစ်သလို.တခါတရံ..ရက်စက်သောမိစ္ဆာအဖြစ်ရှုမြင်ထားသည်။

တကယ်တမ်းတွင် ဖန်ရှင်းသည်အပြင်စည်းဂိုဏ်းသားဖြစ်ပြီး..မကြာမီမှာပင်..ပြသနာကိုအကြီးအကျယ်..ရှာခဲ့ပြီးပြီဖြစ်သည်။ဆူညံနေသောနဂါးသည်..ပြသနာရှာရန်အခွင့်အရေးကိုစောင့်ဆိုင်းနေသကဲ့သို့..ဖန်ရှင်းသည်လည်း..ယုစန်းလျန်၏..ဝက်သားကြော်ကိုအရက်နှင့်မြည်းပြီးကျေနပ်နေခဲ့သည်။ ..ကာလနဂါးပင်ကြိုက်နှစ်တတ်သောအစာကိုစားရလျှင်..ကျေနပ်မည်မှာအသေအချာပင်ဖြစ်သည်မဟုတ်ပါလား။

ယုစန်းလျန်သာ..မှောင်ခိုစျေးတွင်ဖန်ရှင်း

ဖုန်ထခဲ့မှန်းသိခဲ့လျှင်..စိတ်လှုပ်ရှားခြင်းထက်..ပို၍ ကြောက်လန့်နေမည်မှာအသေအချာပင်..ဖြစ်သည်။

ယုစန်းလျန်သည်သူ၏အမူအရာကိုတည်ငြိမ်အောင်ပြုလုပ်ပြီးနောင်..ဖန်ရှင်း၏အနာဂတ်အစီအစဥ်တွေကို..သေချာမေးစမ်းရန်..ဆုံးဖြတ်လိုက်သည်။

“ညီလေးဖန်..မင်းဓားပြတိုက်လိုက်တဲ့သူတွေက..ပြန်ပြီး..ကလဲ့စားချေမှာကို..မကြောက်ဘူးလား”

အကိုလျူ၏ အကြောင်းကိုသူသိထားသလောက်..ဂိုဏ်းအတွင်း..ရောက်နေသည်မှာလေးနှစ်ရှိပြီဖြစ်သော..ဂိုဏ်သားဟောင်းဖြစ်သည်။ထိုကဲ့သို့လူမျိုးကို..ဗိုလ်ကျရဲသောဖန်ရှင်းသည်..ရိုးရှင်းသည်ဟု..သူမထင်ပေ။

“သူတို့ကအနိုင်ကျင့်ခံချင်လို့အရင်စတာပဲ..ငါကဘာလို့ကြောက်နေရမှာလည်း..သူတို့ကသတ္တိအဲ့လောက်ကောင်းနေရင်..ဝိဉာဥ်ကျောက်တုံးကို..ငါ့လက်ကိုအပ်မှာမဟုတ်ဘူး”

ဖန်ရှင်းကစိတ်အေးလက်အေးပင်..ရှင်းပြခဲ့သည်။

“ဝမ်ဇီတို့..ငါ့ကိုအနိုင်ကျင့်တုန်းကလည်း..ငါကငါ့ကိုကလဲ့စားပြန်ချေမှာကိုကြောက်ပြီး..ဘာမှမတုံ့ပြန်ခဲ့ရင်..စိုက်ခင်းတွေမှာပဲ..အချိန်ဖြုန်းနေရမှာ..ငါကိုလက်တုံ့ပြန်ရင်တောင်..ငါကအလျော့ပေးပြီး..ကြောက်နေမှာမဟုတ်ဘူး”

ဖန်ရှင်း၏အသံကပြောနေရင်းပို၍လေးနက်လာပြီး..အမူအရာများက.ပါလာခဲ့သည်။

ယုစန်းလျန်ကသတိထားမိလိုက်ပြီး

“ညီလေးဖန်..ငါ..ငါ..အဲ့လို..ဆိုလိုတာမဟုတ်ဘူး..”

“ထိုင်ပါဦး..ငါကပြောစရာရှိတာပဲပြောတာပါ”

ဖန်ရှင်းက..ရေအိုးကိုဘေးရွှေ့လိုက်ပြီး..ယုစန်းလျန်ကိုနေရာပေးခဲ့သည်။

“အကိုဝက်..မင်းရဲ့..တစ်ခုတည်းသော..အားနည်းချက်က..သရဲဘောကြောင်ပြီးတော့..အစားကြူးတာပဲ..ပြီးတော့မင်းရဲ့ဖားယားတဲ့အရည်အချင်းကလည်း..အရမ်းကောင်းတယ်..အခုငါ.ပျင်းလာပြီ..အင်း..မင်းကိုငါ..ချီးမြှင့်စရာရှိတယ်..ဒါပေမယ့်..မင်းငါ့ကိုဘာမှပြန်ပေးစရာမလိုဘူး”

“ကျနော့်နာမည်က..ယုပါ”

ယုစန်းလျန်ကထိတ်လန့်စွာပြန်ပြောခဲ့သည်။

ဖန်ရှင်းကပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီး..သူ၏အိတ်ထဲမှ..ဝိဉာဥ်ကျောက်တုံး နှစ်တုံးထုတ်လိုက်ပြီး..ယုစန်းလျန်ဆီသို့..ပစ်ပေးလိုက်သည်။

“ဒါတွေကို..ကောင်းကောင်းအသုံးချပါ..မင်းကမိုက်မဲ..ရုပ်ဆိုးပြီးပျင်းရိနေရင်တောင်..ငါ့သူငယ်ချင်းဖြစ်နေသေးတယ်လေ..ငါမင်းကိုမမျှမတ..ဆက်ဆံလို့မရဘူး”

ယုစန်းလျန်၏လက်က..ဝိဉာဥ်ကျောက်တုံးကို..ကိုင်ထားရာမှ..တုန်ယင်လာပြီး

“မဟုတ်..ဘူး..မင်းဟာမင်းပဲသုံးပါ”

“ယူလိုက်ပါ..ဒီလောက်လေးက..ကျနော့်အတွက်ဘာမှ..မဟုတ်ဘူး..”

ယုစန်းလျန်က..ဖန်ရှင်းကိုကြည့်ပြီးလက်ခံလိုက်သည်။..ဖန်ရှင်းက..မျက်နှာသာပေးခြင်းနှင့်နှလုံးသားကိုအနိုင်ယူသောနည်းလမ်းတွင်..ဆရာတစ်ပါးဖြစ်ပြီး..သူက..လူအများကိုလွှမ်းမိုးနိုင်သောအစွမ်းရှိသည်။

ယုစန်းလျန်သည်..လက်ထဲတွင်ကိုင်ထားသော..ဝိဉာဥ်ကျောက်တုံးကိုကြည့်ပြီး..ငိုချလိုက်သည်။ဖန်ရှင်းအောင်မြင်လာသောတစ်နေ့တွင်..သူပါကောင်းစားလာမည်ဟု..စိတ်ကူးမိသော်လည်း..ထိုမျှလျင်မြန်စွာဖြစ်လာမည်ဟုတော့မထင်ခဲ့မိပါ။သူကဂိုဏ်း၏တပည့်တစ်ဦးဖြစ်သော်လည်း..ခုနစ်နှစ်တာကာလအတွင်း..ညဥ်းဆဲခြင်းနှင့်လုယက်ခြင်းများကိုသာခံစားခဲ့ရသည်။ယခုအခါကြောက်ရွံ့သောစိတ်များအရည်ပျော်သွားပြီး..အကိုလျူ၏အန္တရာယ်ကိုပင်..ဂရုစိုက်ခြင်းမရှိတော့ချေ။

“မိုက်မဲတဲ့ဖက်တီး..မင်းကိုလူတိုင်းကအထင်သေးတာလည်း..မပြောနဲ့”

ယုစန်းလျန်၏ ကျေးဇူးအထပ်ထပ်တင်တာကိုခံရပြီးနောက်..ဖန်ရှင်းကယုစန်းလျန်ကို..ပြန်လွှတ်လိုက်ပြီးခေါင်းကိုခါပြီးပြောလိုက်သည်။

ယုစန်းလျန်ထွက်သွားပြီးနောက်..ဖန်ရှင်းကသိုလှောင်လက်စွပ်ထဲမှ..ဓားပျံငယ်ကို..ထုတ်ယူလိုက်သည်။ထိုဓား၏လက်ကိုင်ကအနီရောင်ဖြစ်ပြီးရွှေရောင်တောက်ပသော..မြွေကိုးကောင်ဖြင့်စီချယ်ထားသည်။

“ငါကဓားပျံနဲ့..အကျွမ်းတဝင်ဖြစ်ဖို့လိုတယ်..

သာမန်ဓားမြှောင်က..ဂိုဏ်းမှာကြာရှည်သုံးလို့အဆင်မပြေဘူး..”

ဖန်ရှင်းကသူဒီနေ့ဖုန်ထလိုက်တာက..လွယ်ကူတယ်ဆိုပေမယ့်..အမှန်တကယ်..အတော်လေး..အန္တရာယ်များမှန်းသိသည်။

အကိုလျူသည်သူ့ထက်ကျင့်ကြံခြင့်အဆင့်ပိုမြင့်ပြီး..အရွယ်ရောက်နေသောသူဖြစ်သည်။တကယ်တမ်း..ထိပ်တိုက်ရင်ဆိုင်လျှင်..ဖန်ရှင်းအတွက်အခွင့်အရေးလုံးဝမရှိပါ။

လျူဖုန်းကိုရှင်းလင်းပြီးနောက်တွင်သူ့ဓားတိုလေးကိုဆွဲထုတ်လိုက်သည်။အစကနေအဆုံးထိ..အဆိပ်ပြင်းသောမြွေတစ်ကောင်..စောင့်ကြည့်နေသလိုပင်..အန္တရာယ်ရှိသော.. အငွေ့အသက်များကိုခံစားခဲ့ရသည်။

သူ၏ပင်ကို..အသိအရထိုဓားသည်

အလွန်အန္တရာယ်ကြီးကြောင်း..သိနေခဲ့သည်။ယုစန်းလျန်သာ..မတားရင်..လျူဖုန်းသေနေပြီဖြစ်သည်။

လျူဖုန်းကိုအလွှတ်ပေးခဲ့သော်လည်း..သနားကရုဏာဖြစ်ဟန်မပြဘဲ..ရက်ရက်စက်စက်နှိပ်စက်ခဲ့သည်။ထိုဒဏ်ရာများသည်..သာမန်လူအတွက်အကြီးအကျယ်..နာမကျန်းဖြစ်စေနိုင်ပြီး..ကံမကောင်းလျှင်တစ်သက်လုံးဒုက္ခိတဖြစ်စေနိုင်သည်။

ကျင့်ကြံသူများအတွက်ကတော့ပြန်ကောင်းရန်နည်းလမ်းရှိနေပါသေးသည်။

အရိုးများသည်..ကြွက်သားများထက်ပို၍ပင်ကုသရခက်ခဲသည်။လျူဖုန်း၏အရွတ်များစုတ်ပြဲဒဏ်ရာကို..ကုသရန်အကောင်းဆုံးသောဆေးပင်များလိုအပ်ပြီးပုံမှန်အတိုင်းပြန်ကောင်းလာရန်..လပေါင်းများစွာအချိန်ယူရဦးမည်ဖြစ်သည်။

ထိုအချိန်အတွင်းဖန်ရှင်းက..အကိုလျူ၏ကျင့်ကြံမှုကို..ကျော်တက်နိုင်မည့်အခွင့်အရေးရှိသည်။သူသာ..ကျင့်ကြံခြင်းအဆင့်တူညီစွာဖြင့်..ရင်ဆိုင်ရပါက..လျူဖုန်းကို..ကြောက်စရာမလိုတော့ပေ။

ဖန်ရှင်းသတိထားမိသောအချက်နောက်တစ်ခုမှာ..မိမိကိုယ်ကိုကာကွယ်ရန်..သင့်တော်သော..စွမ်းအားရှိလက်နက်ရှိဖို့ကလည်းအရေးကြီးသည်။မြွေကိုးကောင်ဓားကဒီပြသနာအတွက်အကောင်းဆုံးအဖြေဖြစ်သည်။

သူကထိုဓားကိုထိန်းမချုပ်နိုင်သေးတာကလည်းပြသနာဟုပင်ဆိုရမည်။

ဝှစ်..

ဖန်ရှင်းကသူ၏ချီကိုဓားထဲသို့ထည့်လိုက်သောအခါ..ဓားကရွှေရောင်တောက်ပလာပြီး

လေထဲသို့ခပ်နိမ့်နိမ့်ပျံသန်းလာကာ..အလယ်မှနေ၍တုန်ခါလာခဲ့သည်။

ဖန်ရှင်းက..ဓားနှင့်ဆက်သွယ်မှုကိုချက်ချင်းရလိုက်သည်။သူကစိတ်ထဲမှနေ၍..ညွှန်ကြားလိုက်တာနဲ့..သူရှေ့ကရန်သူတွေကို..ဒီဓားကရှင်းပစ်မည်..ဖြစ်သည်။တစ်ချိန်တည်းမှာပင်လက်ကိုင်တွင်ရှိသော..မြွေခေါင်းသည်ထောင်လာပြီး..သူအားသတ်ဖြတ်ခွင့်ပေးသည်ကိုအကြိုက်တွေ့နေသည့်နှယ်..ခေါင်းတညိတ်ညိတ်ဖြင့်..ရှိနေသည်။

ဖန်ရှင်းသည်သူ၏ချီအားလုံးကိုမြွေကိုးကောင်ဓားထဲသို့အကုန်အစင်ထည့်လိုက်ရာ..ဓားကလှည့်ပတ်နေခဲ့သည်။ထို့နောက်ရွှေရောင်မြွေကိုးကောင်အဖြစ်သို့ပြောင်းသွားသည်။

ထိုမြွေများကောင်းကင်ပေါ့်သိုပျံတက်သွားသည်နှင့်..ဖန်ရှင်း၏ ချီများကုန်ခန်းသွားသည်ဟုခံစားလိုက်ရသည်။ လက်ရှိသူ့အဆင့်ဖြင့်အပြည့်အဝမထိန်းချုပ်နိုင်ပါ။

သူနှင့်ဓားကြားရှိအဆက်အသွယ်ကိုကမန်းကတန်းဖြတ်ချလိုက်ခြင်းကြောင့်..ဓားကအောက်သို့ပြုတ်ကျလာခဲ့သည်။

“ငါ့ရဲ့..ကျင့်ကြံခြင်းအဆင့်ကို..မြင့်အောင်..အရင်လုပ်ရတော့မယ်ထင်တယ်”

ဖန်ရှင်းကမြွေကိုးကောင်ဓားကို..သိုလှောင်လက်စွပ်ထဲသို့သိမ်းလိုက်ပြီး..သူ၏အိပ်ရာသို့သွားလိုက်သည်။

“ဒီဂိုဏ်းက..ဓားပြတွေအေးဆေးနားနေလို့ရတဲ့နောက်ထပ်အသိုက်တစ်ခုလိုပဲ..”

အာဏာရှိသောသူက..အားနည်းသူကိုအနိုင်ကျင့်ခွင့်ရှိသည်မှာ..ကျင့်ကြံခြင်းလောက၏စည်းမျဥ်းဟုပင်ဆိုရမည်။

End… Chapter 19

Comment

Leave a Reply

Options

not work with dark mode
Reset