Switch Mode

Chapter – 18

ဓားပြအကြိုက်

အပိုင်း(၁၈) ဓားပြအကြိုက်

ဖန်ရှင်းကဝိဉာဥ်ကျောက်တုံးကိုကောက်ယူဟန်..ဆောင်လိုက်ပြီး..ဓားမြှောင်ဖြင့်ဆွဲထိုးလိုက်သည်။အကိုတော်လျူ၏ဝိဉာဥ်အကာအကွယ်က..ထိုဓားချက်ကိုတားဆီးရန်ကြိုးပမ်းခဲ့သေးသည်။

အကိုတော်လျူသည်ဝိဉာဥ်အဆင့်နှစ်တွင်ရှိနေပြီးဖန်ရှင်းကဝိဉာဥ်အဆင့်နှစ်သို့ရောက်ရန်ခြေတစ်လှမ်းလိုသေးသည်။…သို့သော်

အဆင့်တစ်ဆင့်ခြားနားချက်ကဖန်ရှင်းကို..ရှုံးနိမ့်စေမည်မဟုတ်ပေ။

အကိုလျူကိုသာတိုက်ခိုက်ဖို့အခွင့်အရေးပေးခဲ့လျှင်..ဖန်ရှင်းသာဗျင်းခံထိမှာ.ဗေဒင်မေးစရာတောင်မလိုပေ။

“တစ်ခုခုကိုလုပ်ချင်ရင်အဆုံးထိလုပ်ပါ..ဒါမှမဟုတ်ရင်..လုံးဝမလုပ်ပါနဲ့”

ထိုကဲ့သို့အတွေးအခေါ်မျိုးကိုငယ်စဥ်ကပင်ဖန်ရှင်း..ရိုက်သွင်းခဲ့သည်။အကိုတော်လျူသည်ဝိဉာဥ်အဆင့်နှစ်တွင်ပင်ရှိသော်လည်း..ဓားဖြင့်ထိုးခံရပြီးနောက်လက်သီးဖြင့်ထပ်မံထိုးခံရသောအခါ..သူ၏ခန္ဓာကိုယ်မှနာကျင်လာခဲ့ပြီးအားနည်းလာခဲ့သည်။

“အကိုတော်လျူ..ငါ့ရဲ့လက်ဆောင်က..ဘယ်လိုနေလဲ”

ဖန်ရှင်းကနောက်တစ်ချက်..ထပ်မကန်ခင်စပ်ဖြီးဖြီးလုပ်ပြီးမေးလိုက်သည်။

အကိုတော်လျူ၏ဘဝင်လေဟပ်သောအမူအရာကပျောက်ဆုံးသွားပြီး

ပထမဆုံးအကြိမ်လဲကျသွားသည်။

သူကလှုပ်ရှားလေပိုနာကျင်လေဖြစ်ပြီးနောက်ဆုံးခံနိုင်ရည်အကန့်အသတ်ကိုကျော်လွန်၍မြေပေါ်တွင်ပုဇွန်ထုပ်ကဲ့သို့ကွေးနေခဲ့သည်။

သူ၏လက်ချောင်းများကအစာအိမ်ကိုဖိထားပြီးသူ့လက်ချောင်းများကြားမှသွေးကတစိမ့်စိမ့်ထွက်လာသည်။

ဖန်ရှင်းကသူ့ကိုသူမြှောက်ပင့်သည့်စကားကိုအရှက်မရှိပြောလိုက်သည်။သူကအကိုတော်လျူ၏အိတ်ကပ်ထဲရှာဖွေနေစဥ်အကိုတော်လျူကမသိမသာသူ၏လက်ကိုအကျီအိတ်ထဲသို့နှိုက်လိုက်ပြီး

အကိုတော်လျူက..အသနားခံရမည့်အစား.ဖန်ရှင်းကိုကြိမ်းလိုက်သည်။

“ကောင်စုတ်လေး..မင်းငါ့ကိုအလစ်လုပ်ရဲတယ်”

“ငါက..အလစ်..မလုပ်ရင်.မင်းကိုဘယ်လိုလုပ်အနိုင်ရမှာလည်း”

“ကောင်စုတ်လေး..ဒီနေ့ဖြစ်ရပ်ကို..ငါကလဲ့စားမချေဘူးလို့မင်းထင်နေလား”

“ညီလေးဖန်..သတိထားပါ”

ယုစန်းလျန်သည်စိုးရိမ်စွာဖြင့်အော်ဟစ်သတိပေးလိုက်သည်။သူရပ်နေသောနေရာမှကြည့်လျှင်အကိုတော်လျူ၏..လှုပ်ရှားမှုကိုကောင်းစွာမြင်နေရသည်။

“ဟက်”

ဖန်ရှင်းက.အကိုတော်လျူ၏ရယ်သံကိုခွင့်ပြုထားလိုက်သည်။အကိုတော်လျူ၏လက်ထဲသို့ဓားပျံတစ်စင်းရောက်လာသည်အကိုတော်လျူကမလှုပ်ရှားနိုင်တော့သည့်အချိန်တွင်ဖန်ရှင်းသည်အကိုလျူ၏အစာအိမ်ကိုအကြိမ်ပေါင်းများစွာကန်ခဲ့သည်။။အကိုတော်လျူက.လက်ကိုမြှောက်ရန်ကြိုးစားလိုက်သည့်အခါဖန်ရှင်းကသူ၏ဓားမြောင်ဖြင့်ရိုက်ထည့်လိုက်သည်။

အကိုလျူ၏လက်မှဓားပျံအသေးလေးကမြေကြီးပေါ်တွင်စိုက်နေခဲ့သည်။ထိုသေးငယ်သောဓားသည်သာမန်ဓားပျံမဟုတ်ပါ။ဓား၏ကိုယ်ထည်ကသိပ်မရှည်သော်လည်းထူးခြားသောသင်ကေတများနှင့်မှော်စာလုံးများဖြင့်ရေးခြစ်ထားသည်။

“မင်း…ကိုယ့်ခေါင်းကိုပြန်မတွေ့မချင်း..မျက်ရည်မကျချင်တော့ဘူးလား..

မင်းကများ..ငါ့ကိုဓားနဲ့ထိုးဖို့လုပ်ရဲတယ်”

အကိုတော်လျူကကြံ့ခိုင်သန်မာတဲ့လူတစ်ယောက်ပါ။ဘယ်လောက်ပဲသန်မာတဲ့သူဖြစ်ပစေ..အကန့်အသတ်ဆိုတာတော့ရှိပါသေးတယ်..ကလေးအရွယ်က..တူညီသောနေရာကိုအကြိမ်ကြိမ်ရိုက်နှက်သောအခါ..သူကစိတ်ဓာတ်ပင်ကျသွားပြီး..နာကျင်မှုကို..အရိုးခိုက်အောင်ခံစားလိုက်ရသည်။

ဖန်ရှင်းက..အကိုတော်လျူ၏ဓားကိုမြေကြီးထဲမှဆွဲထုတ်ပြီး..သူ၏အိတ်ထဲသို့ထည့်လိုက်သည်။မသိလျှင်..သူပိုင်သည့်ပစ္စည်းကိုပြန်ကောက်သလို..ခပ်တည်တည်ပင်။

သူကလက်နက်ကိုအကဲဖြတ်လိုက်သောအခါ မှော်စာလုံးခုနစ်လုံးကို.. ခြေရာမပျက် တွေ့ရှိခဲ့ရသည်။ တိကျစွာပြောရရင်သူ့အတွက်အသင့်တော်ဆုံးလက်နက်ကိုရှာတွေ့သွားသလိုပင်ဖြစ်သည်။

မြွေကိုးကောင်ဓားသည်..အမျိုးအစားနှင့်အရည်အသွေးတွင်..ဓားငယ်လေးထက်ပိုမိုမြင့်မားသော်လည်း..သုံးစွဲရန်ချီပမာဏများစွာ..လိုအပ်သည့်အပြင်..ယခုအချိန်ထိဖန်ရှင်းကအသုံးပြုဖို့စွမ်းအားမလုံလောက်သေးပါ။

ခိုးရာပါပစ္စည်းဖြစ်သည့်အတွက်လူမြင်ကွင်းတွင်အသုံးပြုဖို့ကလည်းမဖြစ်နိုင်ပေ။အခြားတစ်ဖက်တွင်တော့..ဓားပျံငယ်လေးက..သူ၏လိုအပ်ချက်နှင့်လုံးဝကိုက်ညီလျက်ရှိသည်။

“ညီလေးဖန်..မင်းသူ့ကိုဓားပြန်ပေးလိုက်ပါ..အဲဒီပစ္စည်းက..ဝိဉာဥ်လက်နက်တိုက်က..သူရွေးထားတဲ့ပစ္စည်းပဲ..မင်းယူသွားရင်..အကြီးအကဲတွေကမင်းကိုအပြစ်ပေးလိမ့်မယ်”

ယုစန်းလျန်က..ဖန်ရှင်းလုပ်နေတာတွေကိုမြင်ပြီးနောက်..အလျင်အမြန်သတိပေးလိုက်သည်။

ယုစန်းလျန်၏စကားကိုကြားလျှင်..အကိုတော်လျူကအံကိုကြိတ်လိုက်သည်။

“မင်း..မင်းကအမှန်တကယ်တစ်ခုခုပဲ

..ငါနားမလည်တော့ဘူး..ဖက်တီး..မင်းကအစကတည်းက..မျောက်လောင်းနဲ့ပူးပေါင်းပြီးကြံစည်ခဲ့တာမလား..ငါမသိဘူးလို့များ..ထင်နေလား..ငါပြန်ကောင်းလာတာနဲ့..မင်းတို့နှစ်ကောင်လုံးကို..စုတ်ပြတ်သတ်အောင်

သေချာပေါက်လက်စားချေမယ်”

အကိုတော်လျူ၏လက်စားချေရန်စိတ်ကူးကိုကြားလိုက်သည့်နောက်တွင်ယုစန်းလျန်၏ အမူအရာက..ဆိုးရွားသည်ထက်ဆိုးရွားလာသည်။

အကိုတော်လျူ၏ခြိမ်းခြောက်စကားကိုကြားရသောအခါဖန်ရှင်းကအေးဆေးစွာပြုံးပြီးလည်ပင်းကိုဓားဖြင့်ထောက်ကာ..ဆော့ကစားနေသည်။

“ဟား..ဘယ်လောက်ရယ်ဖို့တောင်ကောင်းလိုက်လဲ..ငါကလက်စားချေခွင့်ပေးမယ်လို့..မင်းကိုဘယ်သူပြောလဲ”

“မင်းက..ငါ့ကိုသတ်ချင်နေတာလား”

အကိုတော်လျူက..နာကျင်သော ဝေဒနာကိုအောင့်အီးသည်းခံကာ..တုံ့ဆိုင်းစွာမေးခဲ့သည်။

ယုစန်းလျန်ကအလွန်အံ့အားသင့်သွားပြီး..ဖန်ရှင်း၏ လက်ကိုဆွဲလိုက်သည်။ဖန်ရှင်းအကြောင်းကိုသူသိသလောက်..လူသတ်ဖို့က..

ဖန်ရှင်းအတွက်..နှစ်ခါပြန်မစဥ်းစားသောအလုပ်ဖြစ်သည်။ဒါပေမယ့်..ဂိုဏ်းအကြီးအကဲတွေက..သူတို့ကိုစောင့်ကြည့်နေဆဲဖြစ်သည်။

တစ်စုံတစ်ယောက်ကိုသတ်မိလျှင်အခြားသူတစ်ယောက်သည်..အကျဥ်းတစ်နှစ်သာကျခံရမည်ဖြစ်သော်လည်း..ထိုလူသည်..ပင်ကိုအရည်အချင်းနှင့်..သူ့နောက်တွင်ရှိနေသော ..ကြွယ်ဝသောနောက်ခံကြောင့်ဖြစ်သည်။ ဖန်ရှင်းလိုအပေအတေက..သူတို့နှင့်နှိုင်းယှဥ်လို့မရပေ။

နောက်ဆုံးတွင်..နှင်ထုတ်ခံခြင်းပင်ဖြစ်နိုင်ပြီး..သူကဲ့သို့အဆင့်နိမ့်သောသူက..ဘဝတစ်ခုလုံးနှင့်ပေးဆပ်လိုက်ရမည်ဖြစ်သည်။

————————-

တောင်ထိပ်နှင့်ဆယ်မိုင်ခန့်အကွာတွင်..ရှေးဟောင်းထင်ရှူးပင်ကြီးအောက်၌လူနှစ်ဦး..အတူတကွ..ကျားကစားနေကြသည်။

အမျိုးသားတစ်ဦးက.အနက်ရောင်ဆံပင်ရှိပြီး..အခြားတစ်ယောက်ကသူ၏နုပျိုသောသွင်ပြင်နှင့်ဆန့်ကျင်ဘက်..နှင်းကဲ့သို့ဖြူဖွေးနေသောဆံပင်ရှိသည်။

ကျားတစ်ပွဲကိုသူတို့တစ်ခါကစားလျှင်တစ်လလောက်ကြာသည်။တိတိကျကျပြောရလျှင်သုံးဆယ့်သုံးရက်ကြာသည်။အခုပွဲတစ်ဝက်လောက်ကိုရောက်နေပြီဖြစ်သည်။

ရှည်လျားစွာတွေးတောပြီးနောက်တွင်..ဆံပင်ဖြူလူငယ်သည်..ရုတ်တရက်နှုတ်ဆိတ်သွားပြီးမေးခွန်းတစ်ခုမေးလိုက်သည်။

“တပည့်သစ်.ဘယ်နှစ်ယောက်ကိုမင်းသတိ ထားမိခဲ့လည်း”

အနက်ရောင်ဆံပင်ရှိသောအကြီးအကဲကရယ်လိုက်သည်။

“ဒီတစ်ခေါက်တကယ်မဆိုးဘူး..ငါ​မျှော်လင့် ထားတာထက်..အဆင့်တစ်တပည့်..ဆယ်ယောက်ရခဲ့တယ်”

ဆံပင်ဖြူရှိသောလူငယ်သည်..ကျားဗန်းကိုငေးကြည့်နေရင်း.အဖြေကိုကြား၍ပြုံးလိုက်သည်။

အနက်ရောင်ဆံပင်ရှိတဲ့အကြီးအကဲကသေချာ

ဆင်ခြင်ပြီး..သူသည်ထိုမေးခွန်းကိုပြည့်စုံစွာ..

အဖြေမပေးနိုင်ကြောင်းသိလိုက်သည်။

သူကစကားဆက်လိုက်ပြီး

“ဒီတပည့်ဆယ်ယောက်ထဲမှာချမ်းသာတဲ့မိသားစုကသုံးယောက်..လူသိများတဲ့မိသားစုကနှစ်ယောက်..ဖြစ်တယ်…ဟိုချင်းဆိုတဲ့

တပည့်တစ်ယောက်ကဝိဉာဥ်အဆင့်နှစ်ဖြစ်ပြီး

အကယ်၍..ဒီအုပ်စုထဲမှာအတွင်းစည်းတပည့်ပထမဆုံးဖြစ်လာမယ်ဆိုရင်..သူပဲအရင်ဆုံးဖြစ်လိမ့်မယ်”

ရှင်းရှင်းပြောရလျှင်..ထောင်နဲ့ချီသောဂိုဏ်းဝင်များထဲတွင်..သူ့ကိုဖမ်းစားနိုင်သောတပည့်သည်..ခြောက်ယောက်သာရှိခဲ့သည်။

ဆံပင်ဖြူလူငယ်သည်..ကျားစေ့ကိုဆက်လက်

ကိုင်ထားပြီးစကားတစ်ခွန်းမှထပ်မပြောဘဲပြုံးနေသည်။

အနက်ရောင်ဆံပင်နှင့်အကြီးအကဲကပြုံးလိုက်ပြီး

“အကိုတော်..မင်းသတိထားမိလား.”

ဟုယဥ်ကျေးစွာမေးလိုက်သည်။

ဆံပင်ဖြူနှင့်လူငယ်က

“တစ်ယောက်တည်းနဲ့..ဖုန်ထနေတာပဲ..”

ဟုပြန်ဖြေလိုက်သည်။

သူ၏ဝိဉာဥ်စွမ်းအားဖြင့်..ကြည့်ရှုခြင်းမတိုင်မီမှာပင်.ရုတ်တရက်အမူအရာကပြောင်းလဲသွားသည်။ဆံပင်ဖြူလူငယ်လေးက..ဝိဉာဏ်စွမ်းအားမှတစ်ဆင့်မြင်ကွင်းကိုအကဲခတ်ကာ.. စကားများကိုပါကြားခဲ့ရသည်။

“ငယ်ရွယ်ပေမယ်..အရမ်းရက်စက်တယ်..အကိုတော်..မင်းကအပြစ်ပေးခိုင်းမလို့လား”

ထို့နောက်တွင်အခြားကျားစေ့တစ်စေ့ကိုယူကာကျားဗန်းပေါ်သို့တင်လိုက်ပြီး

“ငါတို့..ကျားပဲ..ဆက်ကစားကြတာပေါ့”

သေးငယ်သောကျားစေ့လေးသည်..ကျားဗန်းကိုထိလိုက်ပြီးနောက်..လူငယ်၏အကြည့်က..ကောင်းကင်ပေါ်သို့အနည်းငယ်ရွေ့သွားသည်။

မိုးကောင်းကင်မျက်နှာကြက်ပေါ်တွင်..ဂြိုလ်ကိုးလုံးသည်အဆုံးမရှိမြင့်မားပြီး..နဂါးငွေ့တန်းနှင့်အားကြီးစွာချိတ်ဆက်လျက်ရှိသည်။သူတို့သည်ကာကွယ်စောင့်ရှောက်သူများကဲ့သို့အပေါ်စီးကနေ..ကမ္ဘာကြီးကိုစောင့်ကြည့်လျက်ရှိပြီး..သူတို့အောက်ကအရာအားလုံးကိုကာကွယ်ပေးဖို့ကြိုးစားနေသကဲ့သို့..ဒါမှမဟုတ်ရင်…တစ်စုံတစ်ရာလည်းဖြစ်နိုင်ပါသည်။

အဆိပ်ရည်သုတ်လိမ်းထားတဲ့ဓားသွားကဲ့သို့

ကုန်းမြေပေါ်သို့ပရမ်းပတာရွာချဖို့အဆင့်သင့်ဖြစ်နေသလိုမျိုးပေါ့

————

ဖန်ရှင်းက

“မဟုတ်ဘူး..ငါမင်းကိုမသတ်ဘူး..”

ဟုဆိုကာ..အကိုလျူကိုပြုံးပြလိုက်သည်။

သူ၏မျက်နှာကအပြုံးကိုမရပ်တန့်ခဲ့သော်လည်းမျက်လုံးကတော့အေးစက်သွားသည်။

သူသည်မြေပြင်မှာဓားကိုကောက်ယူလိုက်ပြီး..အကိုလျူကိုဓားဖြင့်အဆက်မပြတ်ထိုးလိုက်ရာ..အကိုလျူ၏..ဒူး..ခါး..ပုခုံးတို့မှသွေးများယိုစီးထွက်လာခဲ့သည်။

ဖန်ရှင်းကထရပ်လိုက်ပြီးသူ၏လက်မှဓားကိုကြည့်လိုက်သည်။သူ၏မျက်လုံးများကဝမ်းနည်းနေပုံရသည်။

ဒါက..ကံဆိုးမှုတစ်ခုပဲ..ငါ့ရဲ့ဓားပျံကိုထိန်းချုပ်လို့မရခဲ့ဘူး..ထို့နောက်ဖန်ရှင်းသည်မြေပေါ်သို့ပစ်ချလိုက်သောဝိဉာဥ်ကျောက်တုံးကိုရှာပြီးနောက်..အကိုတော်လျူ၏လည်ပင်းကိုခြေထောက်ဖြင့်နင်းလိုက်ကာ..သူ၏ ဓားမြှောင်မှသွေးစကို..အကိုတော်လျူ ၏အကျီစဖြင့်သုတ်လိုက်သည်။

ထို့နောက်ယုစန်းလျန်ဘက်သို့လှည့်၍.. လက်ခုပ်တီးလိုက်ပြီး

“သွားဖို့အချိန်တန်ပြီ”

ယုစန်းလျန်ကဖန်ရှင်း၏အနီးတွင်ကပ်လျက်ရှိပြီး..သူ၏မျက်နှာကဖြူဖပ်ဖြူရော်ဖြစ်နေသည်။

ဖန်ရှင်း၏လျင်မြန်မှုနှင့်သေချာမှုတို့ကြောင့်

ကြောက်ရွံ့နေပြီး..ဒီနေရာမှအမြန်ထွက်ခွာချင်နေခဲ့သည်။

“ညီလေးဖန်..မင်းသူ့ကို..မသန်မစွမ်းဖြစ်အောင်..လုပ်လိုက်တာ..တကယ်လား”

“ကျင့်ကြံသူတစ်ဦးကို..ငါက..လွယ်လွယ်နဲ့..မသန်စွမ်းလုပ်နိုင်မှာလည်း..ငါလုပ်ခဲ့တာတွေက..သူ့ကိုရက်အနည်းငယ်..မလှုပ်ရှားစေချင်လို့ပဲ…နောက်..လေး..ငါးလ..လောက်တော့..အိပ်ရာပေါ်မှာပဲ..သူနေရလိမ့်မယ်”

“နောက်ငါးလကြာရင်..သူလက်စားပြန်မချေတော့ဘူးလား”

“ဟား..ဟား..နောက်ငါးလဆိုရင်..သူက..ကျနော့်ပြိုင်ဘက်မဖြစ်နိုင်တော့ဘူး”

ဖန်ရှင်းသည်အလွန်ယုံကြည်မှုရှိစွာ..ပြောဆိုလိုက်ပြီး..သူ၏စကားများသည်..မောက်မာသည်ဟုပင်ထင်ရသည်။

ယုစန်းလျန်ကဖန်ရှင်းစကားကိုကြားပြီးနောက်ဖန်ရှင်း၏ဒေါသကိုပြေပျောက်ရန်အကူအညီမပေးနိုင်ခဲ့ပေ။

အကိုတော်လျူ က..ဝိဉာဥ်အဆင့်နှစ်တွင်ဖြစ်သည်။ဖန်ရှင်းက..လအနည်းငယ်ဖြင့်မည်သို့ယှဥ်နိုင်မည်နည်း။

ယခုအချိန်တွင်အဝေးက..လှမ်းကြည့်နေသော

အမဲသားမျက်နှာတို့လူစုသည်..ဖန်ရှင်းကိုတားဆီးရန်ထက်..ထွက်ခွာရန်သာကြိုးစားနေကြသည်။

“ဒါက..မိန်းမလျာ..မဟုတ်လား..မင်းနဲ့ဒီမှာ..တိုက်တိုက်ဆိုင်ဆိုင်..ဘာလို့..လာတွေ့နေတာလည်း”

အားနည်းသောတပည့်သည်..ဖန်ရှင်း..အသံကိုကြားလိုက်သည်နှင့်ခြေလှမ်းကပျော့ခွေသွားပြီးလမ်းမလျောက်နိုင်တော့ချေ။အမဲသားမျက်နှာသည်လည်း..ကိုယ့်ကိုယ်ကို..တည်ငြိမ်မှုရှိစေရန်အတင်းအကျပ်ကြိုးစားနေရသည်။

“ငါတို့က..တစ်ယောက်ယောက်ကိုစောင့်နေတာ..မင်းကဘာလုပ်ချင်လို့လည်း”

သူကအေးဆေးတည်ငြိမ်ဟန်..ဆောင်နေသော်လည်း..သူ့အသံက..တုန်ခါနေသည်။

ဖန်ရှင်းကယုစန်းလျန်၏လက်ထဲမှ ရုန်းထွက်ပြီး..ဓားမြှောင်ဖြင့်.ထိုသုံးဦးဆီသို့

လျောက်လာခဲ့သည်။

“စောက်ပါးစပ်ကိုပိတ်ထား..မင်းတို့ဆီကဟာတွေ..ငါ့လက်ထဲထည့်လိုက်”

အားနည်းသောတပည့်က..ကြောက်ပြီး..အမဲသားမျက်နှာ၏..ကိုယ်နဲ့ကွယ်၍ပုန်းနေခဲ့သည်။အမဲသားမျက်နှာသည်လည်းအမှန်တကယ်ပင်..ပုန်းချင်နေခဲ့သည်။

ဓားမြှောင်တစ်လက်ကသူ့ရှေ့တွင်ရှိနေပြီး

သူကဖြူဖပ်ဖြူရော်မျက်နှာဖြင့်..ကြောက်လန့်နေခဲ့သည်။သူကတွန့်ဆုတ်စွာဖြင့်

“လက်…ဘာလက်လည်း..နားမလည်ဘူး”

“ဘာ..လက်လွှဲပေးရမယ်ဆိုတာ..မင်းကိုမြေကြီးထဲထည့်လိုက်ရင်..မင်းသိလာလိမ့်မယ်”

ဖန်ရှင်းကသူ၏ခြိမ်းခြောက်မှုအကျိုးဖြစ်ထွန်းစေရန်..စကားလုံးများဖြင့်ခြောက်လှန့်လိုက်သည်။

အမဲသားမျက်နှာကမပေးအပ်ချင်သော်လည်း..အားနည်းသောတပည့်က..ဝိဉာဥ်ကျောက်တုံးကိုအမြန်ပင်ထုတ်ပေးလိုက်သည်။

“ဒါကိုမြန်မြန်ယူပါ…စိတ်မကောင်းပါဘူး..အရင်ကမသိနားမလည်ခဲ့လို့ပါ..နောက်မဖြစ်စေရပါဘူး”

ဖန်ရှင်းကဝိဉာဥ်ကျောက်တုံးကိုယူလိုက်ပြီး..

“မင်းရော..မင်းငါ့ဆီက..ဓားမြှောင်လိုချင်တာတော့မဟုတ်ပါဘူးနော်”

ဖန်ရှင်းကစိတ်မရှည်တော့သည့်ဟန်ဖြင့်..ဓားမြှောင်ကို..ထိုးစိုက်ရန်ပြင်လိုက်ရာအမဲသားမျက်နှာက

“ဒီမှာ…ယူပါ”

ဖန်ရှင်းကဒုတိယမြောက်ဝိဉာဥ်ကျောက်တုံးကိုထည့်သိမ်းခဲ့ပြီး..တတိယမြောက်လူဆီသို့ဆက်သွားခဲ့သည်။ထိုသူကလည်းနှောင့်နှေးမှုမရှိဘဲ..ဖန်ရှင်းဆီသို့ကျောက်တုံးကိုပေးအပ်ခဲ့သည်။

ဖန်ရှင်းကအားရကျေနပ်သွားပြီး..ထိုသုံးယောက်ကို..လွှတ်ပေးလိုက်သည်။အမဲသားမျက်နှာတို့လူစုကတစ်ချိုးတည်းထွက်ပြေးသွားပြီးနောက်တွင်..ဖန်ရှင်းကသူ့အတွက်ဂုဏ်ယူနေတဲ့ယုစန်းလျန်ဆီသို့လျောက်သွားသည်။

“တွေ့ပြီလား…ဒီဟာက..ငါ့ရဲ့ဝိဉာဥ်ကျောက်တုံးကို..ရှာဖွေတဲ့နည်းပဲ”

End… Chapter 18

Comment

Leave a Reply

Options

not work with dark mode
Reset