Switch Mode

Chapter – 17

ခြိမ်းခြောက်ခြင်း

အပိုင်း(၁၇) ခြိမ်းခြောက်ခြင်း

ယုစန်းလျန်သည်ဖန်ရှင်း၏တုန်ယင်နေသောအသံကိုကြားလိုက်သောအခါ..ကောင်ဆိုးလေးသည်နောက်ဆုံးတွင်ဇောင်းမထတော့မှန်းသိလိုက်သည်။ဖန်ရှင်း၏ဖုန်ထမှုများသည်ယုစန်းလျန်သာဝင်ရောက်မတားမိပါကအခုလောက်ဆို..နှစ်ယောက်လုံးဒုက္ခရောက်နေပြီဖြစ်သည်။

ပြသနာရှာခြင်းများကိုဂိုဏ်းစည်းကမ်းကခွင့်မပြုသော်လည်း..စည်းမျဥ်းသည်စည်းမျဥ်းသာဖြစ်သည်။အရည်အချင်းရှိသောအဆင့်တစ်သမားကလုယက်ပါကဂိုဏ်းအကြီးအကဲများကဝင်ရောက်စွက်ဖက်လိမ့်မည်ဖြစ်သည်။

သို့သော်အဆင့်နိမ့်သမားများကိုလုယက်ပါက

ဘယ်သူမှ အရေးတယူလုပ်ပြီး တားဆီးကြမည်မဟုတ်ပေ။

“ငါတို့လုယက်ခံရရင်တောင်မှ..အကိုတော်တွေကို..ငါတို့ကမလေးစားဘူးဆိုပြီးအကြီးအကဲတွေကအပြစ်ပေးမှာပဲ..သူတို့က.ဘာမှငါတို့ကိုကာကွယ်မပေးနိုင်ဘူး.. လုယက်ခံရတဲ့ညီငယ်တွေကိုတောင်

သတ်ပစ်တဲ့အဖြစ်တွေ ရှိခဲ့တယ်.. အဲ့လိုပြစ်မှုတွေကိုမတော်တဆဖြစ်တယ်လို့..ကြော်ငြာကြတယ်..အဲဒီအကိုတော်ဘာပြစ်ဒဏ်ကျလည်းမင်းသိလား..သူကထောင်ဒဏ်တစ်နှစ်ပဲကျခံခဲ့ရတယ်”

ဖန်ရှင်း၏မျက်လုံးများကတောက်ပလာခဲ့သည်။သူကထိုအဖြစ်များကိုနားထောင်ပြီးယုစန်းလျန်၏အမြင်နှင့်ခြားနားစွာမြင်ခဲ့သည်။

သူကလုံးဝကြောက်လန့်မှုမရှိသည့်လူစားဖြစ်သည်။သူကအလွန်စိတ်လှုပ်ရှားလာပြီး

“အင်း..ဒီဂိုဏ်းကနားလည်ဖို့ခက်လာပြီ”

ဖန်ရှင်းကအမှန်တကယ်တွင်..ငတုံးတစ်ယောက်မဟုတ်ပါ။ဘယ်အချိန်တွင်နိမ့်ချရမည်ကိုတော့နားလည်သည်။သူကတပည့်တစ်ဦးကိုသာဖုန်ထနိုင်သော်လည်း..တပည့်များစွာကိုဖုန်ထနိုင်ရန်..လုံလောက်သောစွမ်းရည်မရှိသေးကြောင်းတော့သိသည်။

သူ၏ပြသနာရှာနိုင်သောစွမ်းရည်ကို..ပြသရန်ဂရုတစိုက်အကဲဖြတ်ဖို့လိုသည်။သို့မဟုတ်ပါကအနှေးနဲ့အမြန်..သူကိုယ်တိုင်ဓားပြတိုက်ခံရမည်ဖြစ်သည်။

ယုစန်းလျန်သည်အိမ်သို့သာအမြန်ပြန်ရောက်ချင်ခဲ့သည်။ဂိုဏ်းသားများသည်ကိုယ်ပိုင်အိမ်သို့ပြန်ရောက်ပါက..ပြသနာလာရှာခွင့်မရှိဟူသည့်..တရားဝင်မဟုတ်သောစည်းမျဥ်းလည်းရှိခဲ့သည်။အပြင်ဘက်တွင်လုယက်သောအမှုများကိုဂိုဏ်းကအနည်းငယ်တော့.မသိယောင်ဆောင်ကြသည်။

သူတို့နှစ်ယောက်..ချင်းမူခန်းမကို..စောစောရောက်၍ကံကောင်းသွားသည်။တပည့်တော်တော်များများကဝိဉာဥ်ကျောက်တုံးကိုမရရှိခဲ့ပါ။တချို့ဂိုဏ်းသားများသည်..လမ်းသရဲအုပ်စုအတွက်..လွယ်ကူသောပစ်မှတ်ဖြစ်ခဲ့ပြီးအချိန်ဖြုန်းစရာလည်းမလိုပေ။

ယုစန်းလျန်နှင့်ဖန်ရှင်းတို့သည်စကားတပြောပြောဖြင့်တောင်တန်းများကိုဖြတ်ကျော်လာပြီးနောက်ဝါးတောဘက်ခြမ်းသို့ရောက်လာသောအခါတွင်အိမ်ကလေးထံသို့ရောက်ဖို့သိပ်မလိုတော့ပေ။ထိုအချိန်တွင်လူသုံးယောက်ကသူတို့မြင်ကွင်းတွင်ပေါ်လာခဲ့သည်။

ဖန်ရှင်းနှင့်မကြာမီကပြသနာတက်ခဲ့သော

အားနည်းသောတပည့်လေးနှင့်အမဲသားမျက်နှာသည်..ထိုအုပ်စုထဲတွင်ပါဝင်နေခဲ့သည်။သူတို့သုံးယောက်လုံးသည်..တစ်စုံတစ် ယောက်ကိုစောင့်မျှော်နေပုံရသည်။

ထိုသူမှာဖန်ရှင်းမှလွဲ၍အခြားသူမဖြစ်နိုင်ပေ။ဖန်ရှင်းကအခြေအနေကိုချက်ချင်းပင်နားလည်သွားသည်။

“ဟား..ဒီအယုတ်တမာကောင်တွေ

က..အချိန်မှန်မှန်အကန်ခံဖို့..မအောင့်နိုင်တော့ဘူးထင်တယ်”

ဖန်ရှင်းသည်သူ၏လက်ဆစ်ကိုချိုးကစားလိုက်ပြီးဟောင်ဖွာဟောင်ဖွာလုပ်နေသည်။

ယုစန်းလျန်ကဖန်ရှင်းကိုဖုန်မထရန်တားတော့မည့်အချိန်တွင်..လူတစ်ယောက်ကသူတို့ဆီ ရောက်ရှိလာခဲ့သည်။ ထိုလူကအေးစက်သောအသံဖြင့်

“ညီလေးယုဒီနေ့စောတယ်နော်”

ယုစန်းလျန်သည်ထိုလူ၏နှုတ်ဆက်သံကိုကြားလိုက်သောအခါ..သူ၏မျက်နှာကထူးဆန်းသွားပြီး..ယဥ်ကျေးစွာနှုတ်ဆက်လိုက်သည်။

“မဂ်လာပါနံနက်ခင်းပါ..အကိုတော်လျူ

..အကိုတော်ကို..ကံကောင်းပါစေလို့.ဆုတောင်းပါတယ်”

ဖန်ရှင်းကအသိအမြင်ကျမ်းဖြင့်စစ်ဆေးလိုက်ရာ..ထိုလူကအသက်နှစ်ဆယ်ကျော်ရှိပြီးဝိဉာဥ်အဆင့်နှစ်ဟုသိလိုက်ရသည်။

အကိုလျူဟုခေါ်သောထိုလူကဝါးတောထဲမှလမ်းလျောက်ထွက်လာခဲ့သည်။

သူ၏ကောက်ကျစ်သောအပြုံးအောက်တွင်နှုတ်ခမ်းကိုရွဲ့လိုက်ပြီး..မျက်လုံးများက..မထီမဲ့မြင်ပြုခြင်းနှင့်လှောင်ပြောင်ခြင်းတို့ဖြင့်ပြည့်နှက်နေသည်။ယုစန်းလျန်ဆီသို့မရောက်မီ.ဖန်ရှင်းဆီသို့ဖျက်ခနဲတစ်ချက်ကြည့်လိုက်သည်။

“မင်း..ငါ့ကိုပေးရမယ့်လက်ဆောင်က.

ဘယ်မှာလည်း”

အားနည်သောတပည့်နှင့်အမဲသားမျက်နှာသည်..ဖန်ရှင်းကိုဆုံးမရန်စောင့်ဆိုင်းနေသော်လည်း..ဖန်ရှင်းတို့၏လမ်းကို..အခြားတစ်ယောက်ကပိတ်ဆို့ထားသည်ကိုတွေ့လိုက်သောအခါ.သူတို့ခြေလှမ်းများကိုရပ်တန့်လိုက်ကြသည်။အစပိုင်းတွင်.နောက်ထပ်ရောက်လာသောသူကိုဖန်ရှင်းတို့၏မိတ်ဆွေဟုထင်ခဲ့သော်လည်း.ယုစန်းလျန်၏ကြောက်လန့်နေသောမျက်နှာကိုမြင်ရသည့်အခါသူတို့ကကျေနပ်အားရနေတော့သည်။

“ဟဟ..ညီတော်စူး..ငါတို့လက်တွေညစ်ပတ်စရာမလိုတော့ဘူး..ငါတို့အစားလုပ်ပေးမယ့်သူရောက်လာပြီထင်တယ်”

အမဲသားမျက်နှာကရယ်လိုက်ပြီးအားနည်းသောတပည့်ရဲ့ပုခုံးကိုပုတ်လိုက်သည်။

“ဒါကသူရဲ့ကံတရားပဲထင်တယ်..ဟား”

အမဲသားမျက်နှာတို့သုံးယောက်က..ဖန်ရှင်းတို့အခြေအနေကို..စောင့်ကြည့်ရန်အဆင်သင့်ဖြစ်နေကြသည်။

ယုစန်းလျန်သည်အကိုတော်လျူကိုတွေ့လိုက် ရသောအခါ..အမှန်တကယ်..ညစ်သွားပြီးခေါင်းကိုငုံ့ကာ..တောင်းပန်စကားဆိုလိုက်သည်။

“ကျေးဇူးပြုပြီး..လေးစားရတဲ့အကိုတော်လျူ..လွန်ခဲ့တဲ့သုံးလက..အထွေထွေဌာနမှာအလုပ်လုပ်ပြီးရလာတဲ့..ဝိဉာဥ်ကျောက်တုံးကိုပေးပြီးပြီလေ..အခုဂိုဏ်းကဝေပေးတဲ့..ဝိဉာဥ်ကျောက်တုံးကိုတော့ကျနော့်အတွက်ချန်ထားပေးပါနော်”

အကိုတော်လျူ၏မျက်ဝန်းများက..မကျေနပ်မှုများဖြင့်ကျဥ်းမြောင်းသွားပြီး

“မင်းကငါ့နဲ့ညှိနှိုင်းရဲတယ်လား..”

ယုစန်းလျန်သည်မျက်လုံးပြူးသွားပြီး

“ငါ..ငါ..အဲ့လို..ဆိုလိုတာမဟုတ်ဘူး..ကျေးဇူးပြုပြီး..ငါ့ကိုသနားပါဦးအကိုတော်”

အကိုတော်လျူကယုစန်းလျန်ကဖြည်းဖြည်းချင်းကြည့်လိုက်ပြီး

“မှန်တယ်.သုံးလကိုဝိဉာဥ်ကျောက်တစ်တုံးပေးရမယ်ဆိုတဲ့စည်းမျဥ်းမျိုးရှိခဲ့သည်..ဒါမဲ့စည်းမျဥ်းဆိုတာအမြဲပြောင်းလဲလို့ရတာပဲ”

သူကယုစန်းလျန်ဘေးတွင်ရပ်နေသည့်ဖန်ရှင်းကိုကြည့်လိုက်ပြီးလည်ချောင်းရှင်းလိုက်ကာ

“မင်းကအရင်ကတော့..တစ်ယောက်တည်းပဲ.အခုတော့မင်းနားမှာ..မျောက်လေးတစ်ကောင်ကတွယ်ကပ်နေပြီ..အဲ့တော့.. သဘာဝကျကျပြောရရင်..မင်းကဝိဉာဥ်ကျောက်တုံးနှစ်ဆပေးရမယယုစန်းလျန်ကအထိုးခံရပြီးနောက်ချက်ချင်းပင်ရောင်ကိုင်းသွားသည်။သူကဒီထက်ပိုပြောချင်သေးသည်။အကိုလျူ၏စကားကိုကြားလျှင်သူ့ကြောင့်ဝိဉာဥ်ကျောက်တုံပဲရှိသေးတယ်..ကျေးဇူးပြုပြီး..သူ့ကိုချမ်းသာပေးလိုက်ပါ”

“ဘာကြောင့်လည်း..မင်းလိုလူကပြောတာကို..ငါကလိုက်လုပ်ရမှာလား”

ယုစန်းလျန်၏အဆီပြည့်နေတဲ့မျက်နှာကိုအားနဲ့ရိုက်ထည့်လိုက်ရာ..ယုစန်းလျန်၏မျက်နှာကဖူးရောင်သွားသည်။ယုစန်းလျန်ကစိတ်ဆိုးသွားပြီးအေးစက်သောမျက်နှာဖြင့်

“ငါမင်းကိုဝိဉာဥ်ကျောက်တုံးတစ်တုံးပေးတာ..အကျိုးအကြောင်းဆီလျော်သေးတယ်..ဒါမဲ့နှစ်တုံးဆိုရင်တော့မဖြစ်နိုင်တော့ဘူး..ဒီတိုင်းဆက်ပြီး..တောင်းနေရင်..တစ်တုံးမှမပေးနိုင်တော့ဘူး”

ယုစန်းလျန်ကအထိုးခံရပြီးနောက်ချက်ချင်းပင်ရောင်ကိုင်းသွားသည်။သူကဒီထက်ပိုပြောချင်သေးသည်။အကိုလျူ၏စကားကိုကြားလျှင်သူ့ကြောင့်ဝိဉာဥ်ကျောက်တုံးကိုဖန်ရှင်းပါပေးရတော့မည်ကိုအပြစ်ရှိစွာခံစားလိုက်ရသည်။အကိုလျူနဲ့ပြသနာမတက်ရန်သူကကျိတ်၍ဆုတောင်းလိုက်သည်။

“အကိုယု..မင်းကအကိုတော်လျူလိုခင်ဖို့ကောင်းတဲ့လူကောင်းတွေနဲ့..ငါ့ကိုဘာလို့မိတ်မဆက်ပေးတာလည်း..အရင်မိတ်ဆက်ပေးသင့်တယ်ထင်တယ်”

ဖန်ရှင်းကအကိုတော်လျူ၏မျက်နှာကိုတစ်ချိန်လုံးစိုက်ကြည့်နေခဲ့ပြီး..ပွဲကြည့်ပရိသတ်လုပ်နေခဲ့သည်။ဖန်ရှင်းကပြုံးလိုက်ပြီး..ချက်ချင်းပင်ဝိဉာဥ်ကျောက်တုံးကိုထုတ်လိုက်သည်။

“အကိုတော်လျူ..မင်းကအလွန်အစွမ်းထက်တဲ့သူရဲကောင်းပါ..ဖြောင့်မတ်တဲ့စိတ်ဓာတ်ရှိတဲ့သူလည်းဖြစ်တယ်..ကျနော်ကအပြင်စည်းဂိုဏ်းကိုအခုမှရောက်တော့အကိုတော်တွေရဲ့စောင့်ရှောက်မှုကိုလိုအပ်သေးတယ်လေ..ဒီဝိဉာဥ်ကျောက်တုံးကအကိုတော်တွေကိုကြည်ညိုလေးစားလို့ကြည်ကြည်ဖြူဖြူပေးတဲ့လက်ဆောင်ပါ..ကျေးဇူးပြု၍လက်ခံပေးပါ”

အနီရောင်တောက်ပနေသောဝိဉာဥ်ကျောက်တုံးကို..ဖန်ရှင်းကလွယ်လွယ်ကူကူပေးသည်ကိုမြင်သောအခါအကိုလျူကအံ့သြသွားသည်။

ဖန်ရှင်း၏အမူအရာသည်ရိုသေလေးစားခံရသောဂိုဏ်း၏တပည့်ထက်..

ဖန်ရှင်းကသူ့ကိုဂိုဏ်းထဲမှာပေါက်ရောက်သည်ဟုထင်မြင်နေပြီးသူ၏အကာအကွယ်ကိုပင်ရချင်နေသည်ဟုတွေးကာပြုံးနေမိသည်။

ထိုဖြစ်ရပ်ကိုမြင်လိုက်သောအမဲသားမျက်နှာတို့လူစု၏..ဖန်ရှင်းကိုကြည့်သောအကြည့်တွင်အထင်သေးခြင်းများဖြင့်ပြည့်နှက်နေသည်။

“ဒီကလေးကဖုန်ထတတ်ပေမယ့်..သူ့ထက်အင်အားကြီးရင်တော့ကြောက်တတ်သေးတာပဲ..ဟား..”

တောင်ပေါ်ကဓားပြနှင့်ပိုမိုနီးစပ်နေသည်။အကိုလျူကကျေနပ်နေပြီးဒီမျောက်လေးကအတော်လေးခင်ဖို့ကောင်းတယ်လို့ခံစားလိုက်ရသည်။ထိုကဲ့သို့ဖားယားတတ်သောကလေးငယ်သည်အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ဟုတွေးလိုက်ပြီးအကိုတော်လျူထွက်သွားသည်နှင့်သူတို့ပါထွက်သွားရန်ဆုံးဖြတ်လိုက်သည်။

ဖန်ရှင်း၏အပြုံးသည်အလွန်တရာမှရိုးသားပြီးအပြစ်ကင်းစေနေသည်။ဘယ်သူမှသူ့ကိုဖုန်ထတတ်သောကလေးဟူ၍ထင်မိမည်မဟုတ်ပေ။

အကိုလျူကချက်ချင်းပြုံးပြီးရယ်လိုက်သည်။

“ညီတော်ယု..ဒီညီလေးကမင်းထက်..အများကြီးပိုသိတတ်တယ်..ဘာလို့အစောထဲက..ငါနဲ့မိတ်မဆက်ပေးတာလည်း…ဟား..မပူနဲ့တော့ညီလေး..ငါ့ရဲ့အကာအကွယ်ကိုရရင်ဘယ်သူမှပြသနာမရှာရဲဘူး”

သူကပြုံးဖြီးဖြီးလုပ်ပြီးဖန်ရှင်းလက်ထဲမှကျောက်တုံးကိုယူရန်လက်လှမ်းခဲ့သည်။

အကိုတော်လျူ၏လက်ချောင်းတွေကကျောက်တုံးကိုမထိမိခင်ဖန်ရှင်း၏လက်ကတုန်ခါသွားပြီးကျောက်တုံးကိုပစ်ချလိုက်သည်။

“အာ..ဘယ်လိုလွတ်ကျသွားလည်းမသိဘူး..ကွဲသွားပြီထင်တယ်”

ကျောက်တုံးကိုကောက်ယူရန်သူ့ရှေ့ရှိကောင်လေးကကြိုးစာအကိုလျူကပြန်ပြောမည့်အချိန်တွင်သူ၏ဗိုက်ကအေးစက်နေပြီ

တကယ်သေချာတာတစ်ခုက..သူသည်ကျောက်တုံးကျကွဲသည်ဟူသောသတင်းအဆန်းမျိုးအရင်ကမကြားဖူးပါ..အကိုလျူသည်ဖန်ရှင်းကသူ့အတွက်ကျောက်တုံးကိုကောက်နေစဥ်..စဥ်းစားခန်းဝင်ခဲ့သည်။

အဝေးကစောင့်ကြည့်နေသောအမဲသားမျက်နှာတို့လူစုသည်ပို၍ပင်ဖန်ရှင်းကိုအထင်သေးသွားသည်။

“အကိုတော်လျူ..ကျေးဇူးပြုပြီးလက်ဆောင်ကိုလက်ခံပေးပါ”

ဖန်ရှင်းကသူ၏လက်ကောက်ဝတ်ကိုရုတ်ခြည်းရှေ့သို့မတိုးခင်အနည်းငယ်ပြုံးလိုက်ပြီးမတ်တပ်ပြန်ရပ်လိုက်သည်။

အကိုလျူကပြန်ပြောမည့်အချိန်တွင်သူ၏ဗိုက်ကအေးစက်နေပြီးဝိဉာဥ်အကာအကွယ်ကကျိုးပြတ်သွားသည်ကိုတွေ့လိုက်သည်။သူကဘာဖြစ်ပျက်သွားလည်းကြောင်ငေးနေစဥ်ဖန်ရှင်းကသူ၏အစာအိမ်ထဲမှတောက်ပသောဓားမြှောင်ကိုဆွဲထုတ်လိုက်သည်။

သူကပျော်ရွှင်စွာဖြင့်ခြေလှမ်းကိုလှမ်းလိုက်ကာအကိုလျူ၏ ကိုယ်ပေါ်သို့ပြင်းထန်သောလက်သီးတစ်လုံးကျွေးလိုက်သည်။

“အား..”

အကိုတော်လျူ၏ကိုယ်ခန္ဓာကချွေးများစို့နေပြီးသူ၏ဗိုက်ကနာကျင်လွန်းသဖြင့်..ခါးပါကိုင်းသွားသည်။ဝိဉာဥ်အကာအကွယ်ပျက်စီးရုံသာမက..လက်သီးနှင့်ပါအထိုးခံရ၍သူ၏ ဝေဒနာမှာဖော်ပြ၍ပင်မရပေ။

အမဲသားမျက်နှာတို့လူစုသည်ဖြစ်စဥ်အစအဆုံးကိုတွေ့မြင်လိုက်ရပြီးတဖြည်းဖြည်းကြောက်ရွံ့လာကြသည်။သူတို့ကသာ..ထိုလူငယ်လေး..အနှိုင်းမဲ့ရက်စက်ကြောင်းသိလျှင်ရန်ငြိုးဖွဲ့မိမည်မဟုတ်ပါ။

အားနည်းသောတပည့်လေးသည်..အလွန်ကြောက်လန့်နေခဲ့ပြီးသူကိုယ်တိုင်ဓားနှင့်အထိုးခဲ့ရသကဲ့သို့..မြေပေါ်သို့လှဲကျသွားသည်။

End… Chapter 17

Comment

Leave a Reply

Options

not work with dark mode
Reset