Switch Mode

Chapter – 16

ပရမ်းပတာဖြစ်အောင် ဖုန်ထချင်တယ်

အပိုင်း(၁၆) ပရမ်းပတာဖြစ်အောင် ဖုန်ထချင်တယ်

ဖန်ရှင်းနှင့်အားနည်းသောတပည့်တို့၏ရန်ပွဲသည်..ချင်းမူခန်းမရှိလူအားလုံးကိုဆွဲဆောင်နိုင်ခဲ့ပြီးမကြာမီရယ်မောစရာဟာသအဖြစ်သို့ရောက်ရှိသွားခဲ့သည်။

ဖန်ရှင်း၏နှုန်လှန်ထိုးမှုကိုပြန်မချေပနိုင်သောအားနည်းတဲ့တပည့်သည်..မျက်ရည်ပင်ကျခဲ့ရသည်။

သူ၏သူငယ်ချင်းထဲမှအရပ်မြင့်မြင့်..အမဲသားမျက်နှာနှင့်လူသည်..နောက်ဆုံးတွင်ဒေါသမထိန်းနိုင်တော့ဘဲဖန်ရှင်းကိုလက်ညှိုးထိုးလိုက်ပြီး

“အရိုင်းအစိုင်းလေး..မင်းရဲ့ပါးစပ်ကိုဆပ်ပြာနဲ့ဆေးပေးရမယ်”

“အမွေးထူတဲ့နွား..မင်းကဘာဖြစ်ချင်နေတာလည်း..မင်းကသူ့ကိုကြိုက်နေတာလား..ဒါမှမဟုတ်ရင်မင်းတို့ကလင်မယားလား..ဘာလို့သူ့ဘက်ကလိုက်ပြောနေတာလည်း”

ဖန်ရှင်းကသူ့လက်နှစ်ဖက်ကိုတင်ပါးပေါ်သို့ဟန်ပါပါထောက်ကာအရှက်မရှိဆဲဆိုလိုက်သည်။

“ကြည့်ပါဦး ”

အားနည်းသောတပည့်က..မျက်ရည်များကိုသုတ်ရန်လက်ကိုင်ပုဝါကိုထုတ်ယူလိုက်ရာထိုနှစ်ယောက်သည်တကယ့်စုံတွဲကဲ့သို့ပင်ထင်ရသည်။

“ဟားဟား.မင်းတို့နှစ်ယောက်ဖြစ်နေတဲ့ပုံကိုလည်းကြည့်လိုက်ဦး”

ဖန်ရှင်းကသူတို့နှစ်ဦးကိုကြည့်ကာအပြင်းအ ထန်ဟားတိုက်လိုက်သည်။

အမဲသားမျက်နာနှင့်လူသည်ဖန်ရှင်းတို့လူတန်းရှည်ကြီးဆီလျောက်လာခဲ့သည်။သူ၏မျက်နှာကသွေးကဲ့သို့ပျစ်နှစ်နေပြီးမျက်ခုံးမွေးနှစ်ဖက်ကသိုးမွေးထိုးထားသလိုဆက်နေသည်။

ကြောက်လန့်ခြင်းကင်းပြီးအရှက်ကင်းသောဖန်ရှင်းသည်အခြားလူများဘက်သို့လှည့်လိုက်ပြီး

“အကိုတို့..ဒီအချစ်ဌက်မောင်နှံက..ငါတို့ကိုအဆင့်နိမ့်တယ်ဆိုပြီးအထင်သေးနေတယ်..ငါတို့ဆီဝိဉာဥ်ကျောက်တုံးပေးတာဟာ..ဖြုန်းတီးနေတာနဲ့အတူတူပဲလို့..ငါကြားခဲ့ရတယ်.. ငါတို့ရမယ့်ခွဲတမ်းကို..သူတို့ကလိုချင်နေတယ်..မင်းတို့အခုထိငြိမ်ခံနေဦးမှာလား”

ဒီစကားက.အဆင့်လေးသမားများကိုအလွန်ခံရခက်စေသည်။အားနည်းသောအဆင့်သုံးတပည့်သည်..ထိုစကားကိုတကယ်ပြောသည်မှာမသေချာသော်လည်း.အဆင့်သုံးရာထူးမှလူတွေက..သူတို့ထက်အဆင့်နိမ့်သောမိမိတို့ကိုအမြဲလှောင်ပြောင်.အထင်သေး.စော်ကားသောအကြည့်များဖြင့်သာကြည့်ခဲ့ကြသည်။

ဖန်ရှင်း၏ပြောဆိုမှုကိုမခံနိုင်၍အဆင့်လေးသမားများထံလမ်းလျောက်လာသောအမဲသားမျက်နှာသည်..အဆင့်လေးသမားများ၏ဒေါသကိုစတင်ခံစားလိုက်ရသည်။

“ဟမ့်..မင်းတို့ကဘာလို့အဆင့်နှစ်သမားတွေကိုရန်သွားမစတာလည်း..မင်းတို့အဆင့်သုံးသမားတွေကအရမ်းတော်နေတယ်မဟုတ်လား”

“ငါတို့အဆင့်လေးသမားလည်းဂိုဏ်းဝင်တွေပဲလေ..ဘာလို့ငါတို့ကို..ပြသနာလုပ်ချင်ရတာလည်း”

“ဆယ်နှစ်တစ်ကြိမ်ကျင်းပတဲ့အတွင်းစည်းဂိုဏ်းသားရွေးပွဲမှာ.မင်းတို့အဆင့်သုံးသမားတွေကဘာလို့အရေအတွက်နည်းနေတာလည်း”

အဆင့်လေး..သမားများသည်ဖန်ရှင်း၏ သွေးထိုးမှုကြောင့်ဆူညံစွာဗြောင်းသတ်နေကြပြီးအဆင့်သုံးသမားများဘက်သို့ရန်စောင်နေကြသည်။

ဖန်ရှင်းတို့လူတန်းရှည်၏တုံ့ပြန်မှုများကြေင့်အမဲသားမျက်နှာသည်သွေးများခြောက်သွေ့သလိုခံစားလိုက်ရပြီး..ဖန်ရှင်းဆီသို့မလာရဲတော့ဘဲ..လမ်းတွင်ရပ်သွားသည်။

အဆင့်လေး..သမားလူစုအားကိုးရှိလာပြီဖြစ်၍ဖန်ရှင်းက

“ဟေ့..အရေထူတဲ့နွား..ငါတို့ကိုဒီလိုလွယ်လွယ်အနိုင်ကျင့်လို့ရရိုးလား”

အုပ်စုဖွဲ့ရန်ပွဲများဖြစ်လာခါနီးတွင်ဖန်ရှင်းကိုယုစန်းလျန်ကထိန်းသိမ်းနိုင်ခဲ့သည်။ယုစန်းလျန်သည်..အဖြစ်အပျက်များကို.အံ့အားသင့်နေပြီး..ဖန်ရှင်းကိုလူစုလူဝေးသို့..အတင်းခေါ်ခဲ့သည်မှာ..သူ့အမှားဟုပင်စဥ်းစားနေမိသည်။ဒီကောင်ဆိုးလေးက..ရောက်လေရာအရပ်မှာဖုန်ထချင်တာများဖြစ်နေမလား”

အဆင့်လေးသမားများသည်သူတို့၏ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်နေခဲ့သည်။

ဂိုဏ်းတွင်သံမဏိစည်းမျဥ်းအချို့ရှိနေသော်လည်းအဆင့်သုံးသမားများကသူတို့ကိုစော်ကားသည်ဟုခံစားရလျှင်ပြန်၍တိုက်ခိုက်ရန်နှစ်ခါစဥ်းစားမည်မဟုတ်ပါ။

ထို့ပြင်သူတို့အဆင့်လေးသမားအရေအတွက်ကတခြားရာထူးတွေထက်လူဦးရေပိုများသည်။

တကယ်တမ်းရန်ပွဲဖြစ်ခဲ့လျှင်သူတို့ကအသာရမည်မှာအသေအချာဖြစ်သည်။

အဆင့်သုံးသမားများသည်ခြိမ်းခြောက်ခံရသောကြောင့်သူတို့၏မျက်နှာများကတုန်လှုပ်နေကြသည်။အနာဂတ်တွင်သူတို့ကကျင့်ကြံခြင်းအဆင့်အမြင့်ဆုံးသို့ရောက်မည်ဟုယုံကြည်ကြသည်။သို့သော်ထိုအတွေးများသည်အနာဂတ်အတွက်သာဖြစ်သည်။

လက်ရှိသူတို့နှင့်အဆင့်လေးသမားများကတော့.ကျင့်ကြံမှုအဆင့်ကွာဟမှုသိပ်မရှိပါ။ အရေအတွက်ဖြင့်သူတို့ကိုဖိအားပေးခဲ့ပါကအဗျင်းခံရဖို့ကဗေဒင်မေးစရာမလိုပေ။

အမဲသားမျက်နှာသည်ကြောက်လန့်ပြီးသူ၏အဆင့်သုံးလူစုထံသို့ပြန်ပြေးလေတော့သည်။

အုပ်စုနှစ်ခု၏အငြင်းပွားမှုသည်အထွတ်အထိပ်သို့ရောက်လာသောအချိန်တွင်

ရှေ့ဆုံးမှအကြီးအကဲတစ်ဦးက

“ပါးစပ်ပိတ်ထားကြစမ်း..မင်းတို့အားလုံးဝိဉာဥ်ကျောက်တုံးမလိုချင်တော့ဘူးလား..”

ဟုအေးစက်စွာကြိမ်းမောင်းလိုက်သည်။သူ၏အသံကိုကြားလိုက်ရပြီးနောက်..တပည့်များအားလုံးခြေဖျားလက်ဖျားပင်အေးစက် သွားကြသည်။ဖန်ရှင်းသည်ချက်ချင်းပင်အမူအရာကိုပြင်လိုက်ပြီးဘာအပြစ်မှမလုပ်ထားသလိုဟန်ဆောင်နေခဲ့သည်။

အကြီးအကဲသည်တရားခံကိုမရှာဖွေသည်ကပင်ဖန်ရှင်းအတွက်သက်သာရာရသွားသည်။

ခန်းမတစ်ခုလုံးပုံမှန်အခြေအနေသို့ပြန်ရောက်ရှိလာသည်နှင့်အကြီးအကဲက..ဝိဉာဥ်ကျောက်တုံးခွဲတမ်းကို..ပေးဝေခဲ့သည်။

အကြီးအကဲများသည်သူတို့၏သက်တမ်းတစ်လျောက်..ဖန်ရှင်းကဲ့သို့အငြင်းပွားမှုများကိုအကြိမ်များစွာမြင်တွေ့ခဲ့ပြီး..သွေးထွက်သံယိုမဖြစ်သ၍အသာပင်စောင့်ကြည့်ခဲ့သည်။

နောက်ဆုံးအခြေအနေသို့ရောက်မှအကြီးအကဲများကတားဆီးကြသည်။

ငယ်ရွယ်သောအချိန်တွင်ရန်ဖြစ်ခြင်းသည်တစ်ခါတရံ.မကောင်းသောအရာလည်းမဟုတ်ပေ။ကျင့်ကြံခြင်းလမ်းစဥ်သည်အတိုက်အခိုက်များဖြင့်ပြည့်နှက်နေပြီးသမားရိုးကျသွားသူကနောက်ကျကျန်ခဲ့မည်ဖြစ်သည်။လူအများအပေါ်လွှမ်းမိုးလိုစိတ်ဖြစ်လာမှသာ..သူတို့ကကျင့်ကြံရာတွင်ကြိုးစားလာမည်ဖြစ်သည်။

အမှန်တကယ်..တပည့်တစ်ဦး၏အရည်ဖန်ရှင်းသည်ရန်ဖြစ်ရမည်ဆိုလျှင်နှစ်ခါပြန်မစဥ်းစားတော့ပါ။ အချင်းနှင့်ရာထူးသည်..အရေးသိပ်မပါပေ။သူတို့ကအခြားသူများထက်အောင်မြင်မှုရလာလျှင်ထိပ်ဆုံးသို့အလိုအလျောက်ရောက်လာမည်ဖြစ်သည်။

ယုစန်းလျန်သည်သူ၏နောက်တွင်တန်းစီနေသောဖန်ရှင်း၏ရန်စောင်နေမှုကိုသတိပြုမိသွားသည်။

သူကဖန်ရှင်းကိုသူ့နေရာနှင့်လဲလိုက်ပြီး..ဖုန်မထစေရန်သေချာစောင့်ကြည့်တော့သည်။ဖန်ရှင်းကိုကျင့်ကြံခြင်းကိုသာအာရုံစိုက်ပြီးပြသနာမရှာမိစေရန်..အကြီးအကဲကသူ့ကိုဂရုမပြုမိသည်ကိုတွေ့သည်နှင့်ဖန်ရှင်းသည်ခြေလှမ်းအနည်းငယ်လှမ်းကာအားနည်းသောတပည့်လေးကိုဒေါသတကြီးကြည့်လိုက်သည်။အားနည်းသောတပည့်လေးသည်ဖန်ရှင်းကိုကြောက်ရွံ့နေပြီဖြစ်သည်။သူကမျက်နှာကိုလွှဲလိုက်ကာမသိချင်ဟန်ဆောင်နေခဲ့သည်။စတင်ပွားတော့သည်။

အားနည်းသောတပည့်သည်ဝိဉာဥ်ကျောက်တုံးကိုလက်ခံရရှိပြီးနောက်ထွက်ခွာတော့မည့်အချိန်တွင်ဖန်ရှင်းကိုစူးရှစွာကြည့်လိုက်သည်။

“မိန်းမလျာလေး..”

အမဲသားမျက်နှာနှင့်လူက..အားနည်းသောတပည့်ကိုဆွဲခေါ်သွားပြီး

“သူက..ဘယ်သူတွေကိုအပြစ်လုပ်မိလည်းဆိုတာ..သိပ်မကြာခင်နောင်တရတော့မှာပါ”

အမဲသားမျက်နှာကထိုစကားကိုပြောလိုက်ပြီးကောက်ကျစ်စွာ

ပြုံးလိုက်သည်။

ဝိဉာဥ်ကျောက်တုံးကိုလက်ခံရန်ဖန်ရှင်းအလှည့်ကိုရောက်သောအခါအကြီးအကဲက..အဓိပ္ပါယ် ပြည့်ဝသော စကားဖြင့် ဖန်ရှင်းအား ဆုံးမလိုက်သည်။

“ကောင်ကလေး..တခြားသူတွေကိုဖုန်လိုက်တိုက်နေမယ့်အစား..ချီကိုကြိုးစားကျင့်တာကပိုမကောင်းဘူးလား..တကယ်လို့အတွင်းစည်းဂိုဏ်းသားဖြစ်လာရင်..မင်းရဲ့အစွမ်းကပိုပြီးတိုးတက်လာမယ်လေ..အဲဒါကပိုမကောင်းဘူးလား”

အဖြစ်အပျက်များကိုအကြီးအကဲကကောင်းစွာသိရှိနေကြောင်းဖန်ရှင်းကသိလိုက်သည်။

ဖန်ရှင်းကစိတ်ရင်းမှန်ဖြင့်ပြုံးပြလိုက်ပြီး

“ကျနော်..အပြင်းအထန်ကြိုးစားပြီး..ချင်းယွင်ဂိုဏ်းတစ်ခုလုံးဂုဏ်ယူရအောင်လုပ်မှာပါ”

“မင်းက..ဒီလိုလည်းပြေပြေပြစ်ပြစ်ပြောတတ်သားပဲ”

ဟုအကြီးအကဲကဝိဉာဥ်ကျောက်တုံးကိုဖန်ရှင်းဆီသို့မပေးခင်ပြုံး၍ပြောလိုက်သည်။

သူတို့နှစ်ယောက်လုံးဝိဉာဥ်ကျောက်တုံးကိုရပြီးတာနဲ့ယုစန်းလျန်ကဖန်ရှင်းကိုသတိပေးခဲ့သည်။အခုကျောက်တုံးတွေကိုရပြီးပြီဆိုတော့ငါတို့အိမ်ကိုအမြန်ပြန်ဖို့လိုတယ်။ဘယ်သူ့ကိုမှမကြည့်ပါနဲ့..အကယ်၍လမ်းမှာတစ်ယောက် ယောက်ကပြသနာရှာခဲ့ရင်လည်းမသိချင်ယောင်ဆောင်လိုက်ပါ။

ဖန်ရှင်းကယုစန်းလျန်၏သတိပေးချက်များကိုဂရုမစိုက်ဟန်ဖြင့်

“မင်းဘာကို..ဆိုလိုချင်တာလည်း”

“ငါပြောတဲ့အတိုင်းသာ..လုပ်ပါ.ညီလေးရာ”

ဖန်ရှင်းကယုစန်းလျန်၏ဆိုလိုရင်းကိုရိပ်မိပြီးနောက်သူ၏ခွဲတမ်းဖြစ်သောဝိဉာဥ်ကျောက်တုံးကိုအိတ်ထဲတွင်သိမ်းလိုက်သည်။သူ့တွင်ဓားပြတိုက်လာသောဝိဉာဥ်ကျောက်တုံးနှစ်ဆယ်လည်းရှိသေးသည်။

တပည့်များသည်အုပ်စုငယ်လေးများဖြင့်မိမိတို့အိမ်ရှိရာသို့အလျိုလျိုပြန်ကုန်ကြသည်။

တချို့ကစကားလေးတပြောပြောဖြင့်သွားနေပြီးတချို့ကအလျင်အမြန်အိမ်သို့ပြန်ကြသည်။

လူတစ်ယောက်သည်ဓားပျံကိုစီးကာလူအုပ်ကြီးကိုကျော်တက်သွားသည်။ဓားပျံစီးသောလူမှာမာနကြီးပုံရပြီး..တမင်ဟန်ရေးပြနေပုံရသည်။

ဖန်ရှင်းသည်လေထဲတွင်ဓားပျံစီးကာဟန်ရေးပြနေသောသူကိုလှောင်လိုက်သည်။

ဓားပျံစီးရန်ကျင့်ကြံသူ၏ချီကိုထည့်သွင်းရသည်။အမှန်စစ်စစ်ဓားပျံစီးခြင်းသည်ချီကိုဖြုန်းတီးခြင်းလည်းဖြစ်သည်။

အပြင်စည်းဂိုဏ်းသားများသာဓားပျံစီးပါကချီမလုံလောက် ၍ပေသုံးဆယ်ထက်ပင်ပိုရွေ့မည်မဟုတ်ပါ။ရှောင်ကျန်းမင်နှင့်အမတော်လင်းယွင်ကဲ့သို့အဆင့်မြင့်တပည့်များပင်သွားလာရာ၌သံမဏိသိမ်းဌက်နှင့်ကြိုးကြာဖြူကိုသာအသုံးပြုကြသည်။

ဖန်ရှင်းသည်လည်းကိုယ်ပိုင်ဓားပျံရှိသည်။

သူ၏ဓားပျံကသေးငယ်သည့်အတွက်စီးနင်းလိုက်ပါက.ဘယ်လိုမှကြည့်၍ကောင်းမည်မဟုတ်ပေ။

စိတ်လှုပ်ရှားစရာအချက်မှာလမ်းရဲ့တစ်ဖက်တစ်ချက်ဆီတွင်..လမ်းသွားလမ်းလာတွေကိုအေးစက်စက်စောင့်ကြည့်နေတဲ့အုပ်စုတစ်စုရှိနေသည်။ သူတို့၏ပုံစံမှာလေးစားဖွယ်ကောင်းသောဂိုဏ်းဝင်များနှင့်မတူဘဲ..လမ်း သရဲအုပ်စုတစ်စုနှင့်ပင်တူနေသည်။

ယုစန်းလျန်သည်အသံကိုနှိမ့်ချလိုက်ပြီးထိုလူစုကိုမကြည့်မိစေရန်ဖန်ရှင်းကိုသတိပေးလိုက်သည်။

“ဒီအယုတ်တမာတွေက..ဘာကိုစိုက်ကြည့်နေကြတာလည်း”

ဖန်ရှင်းကသူ၏အိမ်သို့အပြန်ခရီး၌ထိုသို့စိုက်ကြည့်နေသည့်လူများကိုတွေးမိကာရှူးရှူးရှဲရှဲဖြစ်နေသည်။

ယုစန်းလျန်ကဖန်ရှင်းကိုကြည့်ကာ

“ငါ့ရဲ့ ညီလေးဖန်ရှင်း..မင်းကတော်ရုံသည်းမခံတတ်ဘူးဆိုတာငါသိတယ်..အခုမင်းရဲ့ဒေါသတွေကိုပြရမယ့်အချိန်မဟုတ်ဘူး..ဒီဂိုဏ်းမှာမင်းရဲ့နေရာကိုသိဖို့လိုအပ်တယ်..ငါတို့လက်ရှိအဆင့်နဲ့ပြသနာရှာလို့မရဘူး..မင်းရဲ့ဒေါသကိုမထိမ်းနိုင်ဘူးဆိုရင်..ငါတို့ရဲ့ဝိဉာဥ်ကျောက်တုံးတွေလုယက်ခံရလိမ့်မယ်..အဲ့လိုဖြစ်လာရင်. ဘယ်လိုလုပ်မလည်း”

“ဂိုဏ်းကသူတို့ကိုဘာမှအရေးမယူဘူးလား”

ဖန်ရှင်းကအသံတုန်ယင်စွာဖြင့်ယုစန်းလျန်အားမေးလိုက်သည်။

End… Chapter 16

Comment

Leave a Reply

Options

not work with dark mode
Reset