အပိုင်း(၁၅) ရာထူးအဆင့် လေးမျိူး
သေမျိုးတို့၏ဘုံတွင်ရှိသောဒဏ္ဍာရီများတွင် လွတ်လပ်ပြီး.. အကန့်အသတ်မဲ့သော ကျင့်ကြံသူများအကြောင်းရှင်းပြထားသည်။သို့သော်ဒဏ္ဍာရီတွေကလည်းအမြဲတမ်းမှန်ကန်မည်ဟုတော့မဆိုလိုပါ။ကျင့်ကြံသူနှစ်မျိုးနှစ်စားရှိကြသည်။
တစ်မျိုးမှာကျင့်ကြံခြင်းအရင်းအမြစ်များပေါကြွယ်ဝပြီး..အားကောင်းသော နောက်ခံရှိသည်။သူတို့က..အရင်းအမြစ်များမလုံလောက်မည်ကိုစိတ်ပူစရာမလိုဘဲ..သူငယ်ချင်းများနှင့်စကားဖောင်ဖွဲ့ခြင်း..အရက်သောက်ခြင်း..လက်ဖက်ပင်များစိုက်ပျိုးခြင်းနှင့်နေထွက်နေဝင်ချိန်များကိုပင်အေးအေးလူလူခံစားနိုင်ပြီး..သောကအားလုံးကိုမေ့ထားလို့ရနိုင်သည်။
..ရတနာများကိုလှိုဏ်ဂူထဲမှရှာဖွေရန်နှင့်.ကျွမ်းကျင်သောဆရာသမားများထံတပည့်ခံရန်သာစိတ်ဝင်စားကြသည်။
ထိုကဲ့သို့ဆရာများတွင်တပည့်ခံလိုက်ရင်ကျင့်ကြံခြင်းအဆင့်ခုန်တက်လာနိုင်ပြီးအသက်ပိုရှည်ရှည်နေနိုင်မည်ဟုမျှော်လင့်ကြသည်။
နောက်တစ်မျိုးမှာမသေမျိုးလမ်းစဥ်ကိုစွန့်လွှတ်ခဲ့သူများဖြစ်သည်။သူတို့အတွက်အရင်းအမြစ်များရှားပါးလာပြီးနောက်တစ်ဆင့်သို့တက်ရန်လမ်းစမမြင်မိသောကြောင့်ဖြစ်သည်။သူတို့သည်အိပ်စက်ခြင်းနှင့်တောလိုက်ခြင်းဖြင့်အချိန်ကိုဖြုန်းတီးလေ့ရှိပြီးထိုပုဂ္ဂိုလ်နှစ်မျိုးမှလွဲ၍ဂိုဏ်းတွင်ရှိသောသူများသည်အလုပ်ကိုပြင်းထန်စွာလုပ်ရသည်။
အရင်းအမြစ်များသည်ကျင့်ကြံခြင်း၏အစခရီးတွင် နတ်ဘုရားကဲ့သို့အသုံးဝင်သည်။
ထိုပစ္စည်းများနှင့်ကျင့်ကြံပြီးအကန့်အသတ်များကိုချိုးဖောက်နိုင်သည်။အရင်းအမြစ်များချို့တဲ့လျှင်ကျင့်ကြံသူကိုအတားအဆီးများကပိတ်ဆို့နေမည်ဖြစ်သည်။
ယုစန်းလျန်ပင်လျှင်သူ၏မျှော်လင့်ချက်ကိုလုံးဝမစွန့်လွှတ်ခဲ့ပါ။သူသည်ဂိုဏ်းမှအလုပ်များကိုကုန်းရုန်းလုပ်ပြီးဝိဉာဥ်ကျောက်တုံးများကိုရှာဖွေခဲ့သည်။ထိုသို့ရှာဖွေခဲ့သည့်အချိန်အတွက်ကျင့်ကြံမည့်အချိန်များကိုဆုံးရှုံးခဲ့ရသည်။ထိုသည်မှာယုစန်းလျန်၏ဘဝပင်ဖြစ်သည်။သို့သော်ယုစန်းလျန်သည် မျှော်လင့်ချက်အပြည့်ဖြင့်ဂိုဏ်းတွင်ဆက်ပြီးနေထိုင်ခဲ့သည်။
ဖန်ရှင်းက..အချိန်ကြာလာလေယုစန်းလျန်အကြောင်းနားလည်လာလေဖြစ်သည်။
ယုစန်းလျန်၏ရည်မှန်းချက်ကဘာကြီးပဲဖြစ်ပါစေ..တစ်နေ့တွင်မအောင်မြင်နိုင်ဘူးဟုဘယ်သူမှအတိအကျမပြောနိုင်ပါ။ဖန်ရှင်းနှင့်မိတ်ဆွေဖြစ်လာပြီးနောက်ယုစန်းလျန်သည်ပို၍နွေးထွေးလာခဲ့ပြီးဖန်ရှင်းအပေါ်ညီငယ်တစ်ယောက်လိုဂရုစိုက်ခဲ့သည်။
သူကဖန်ရှင်းအတွက်လစဥ်အစားအသောက်ဖိုးကိုမငြိုငြင်ပဲစိုက်ပေးခဲ့သည်။ဖန်ရှင်းကိုအချိန်မဖြုန်းရန်နှင့်သူကဲ့သို့တာဝန်များထမ်းဆောင်ရန်အမြဲလိုဆွယ်ခဲ့သည်။
“ငွေကြေးကဒီမှာ..အသုံးဝင်တယ်..မင်းရဲ့စားစရိတ်ကိုငါတွင်းထဲကနှိုက်လာတယ်ထင်နေလား..ညီလေးဖန် ငါတို့ကသုံးလမှတစ်တုံးထဲရတာဖြစ်တဲ့အတွက်ဘာမှလုံလောက်မှုမရှိဘူး..ညီလေးဖန်..မင်းအခုထိအလုပ်မလုပ်သေးဘူးလား..ဘာလို့မင်းရဲ့နားကိုပိတ်ထားရတာလဲ”
ယုစန်းလျန်သည်အရက်သောက်နေစဥ်ဖန်ရှင်းကိုအထွေထွေဌာနတွင်အလုပ်လုပ်ရန်ဂိတ်ဆုံးထိဆွယ်ခဲ့သည်။သူ၏စိတ်ထဲတွင်ဖန်ရှင်းသည်ဝိဉာဥ်ကျောက်တုံးကုန်သွားပြီဖြစ်၍အထွေထူးကျင့်ကြံစရာမလိုဘဲအချိန်ဖြုန်းနေသည်ဟုထင်ခဲ့သည်။
“နောက်တစ်ခါထပ်ပွားရင်..မင်းကိုမကန်ဘူးလို့အာမ မခံဘူး”
ဖန်ရှင်းကယုစန်းလျန်ကိုကြိမ်းလိုက်ပြီးသူ၏အတွေးများတွင်
“ငါ့မှာဝိဉာဥ်ကျောက်တုံးသုံးဆယ်ကျော်တောင်ရှိတယ်..ဘာကြောင့်..ငါက..တာဝန်တွေထမ်းဆောင်ရမှာလည်း..ငါ့ရဲ့ကျင့်ကြံဖို့အချိန်တွေလျော့နည်းကုန်မှာပေါ့..ဟုတ်တယ်..ဒါကိုဘယ်သူမှအသိပေးလို့မဖြစ်ဘူး”
“အာ့ဆို..ငါမပြောတော့ဘူးကွာ..အဲဒါဆိုမင်းရဲ့အရင်းအမြစ်တွေကိုဘယ်လိုရှာမှာလည်း”
ယုစန်းလျန်က စိုးရိမ်သောလေသံဖြင့် မေးလိုက်သည်။
ဖန်းရှင်းကယုစန်းလျန်ကိုတစ်ချက်ကြည့်လိုက်ပြီး
“ဂိုဏ်းကငါတို့ကို..သုံးလတစ်ခါဝိဉာဥ်ကျောက်တုံးပေးတဲ့ ရက်နီးလာပြီမဟုလား”
“သုံးလတစ်ကြိမ်မှ..ဝိဉာဥ်ကျောက်တုံးတစ်တုံးရတာ..ကျင့်ကြံဖို့အတွက်ဘယ်လိုလောက်မှာလည်း..ဘယ်သူ့လက်ကစပြီးဘယ်မှာဆုံးမလည်းမသိနိုင်ဘူး”
“သုံးလကိုဝိဉာဥ်ကျောက်တုံးနှစ်တုံးရမှကျင့်ကြံဖို့အတွက်လုံလောက်မှာမဟုတ်လား”
ယုစန်းလျန်သည်ဖန်ရှင်းကိုညိုးငယ်စွာကြည်ပြီးသူ့ကိုယ်သူတွေးမိလိုက်သည်။ယုစန်းလျန်ကနောက်ထပ်ပြောရန်ကြံလိုက်သောအခါ
“တော်ပါပြီ..ငါမင်းရဲ့အထွေထွေဌာနမှာတော့မလုပ်ချင်ဘူး..နောက်ဆုံးအကြိမ်ကသူတို့မင်းကိုအရက်နဲ့ပက်တာကိုသတိမရတာ့ဘူးလား.
သူတို့တွေကမြင့်မြတ်ချင်ယောင်ဆောင်နေကြတာ..ဘယ်သူမှကျင့်ကြံခြင်းအဆင့်ကမမြင့်ကြဘူး..မင်းလိုပဲ..သူတို့ကိုမျက်နှာချိုသွေးပြီးနေရမှာလား..ငါသာအဲဒီကိုသွားဖြစ်ခဲ့ရင်အကြောင်းပြချက်ကအဲ့ဌာနကို..အစိတ်စိတ် အမွှာမွှာလုပ်ဖို့ပဲဖြစ်မယ်”
ဖန်ရှင်း သည်ကလေးအရွယ်ဖြစ်သော်လည်းဒေါသကြီးသောသူဖြစ်သည်။သူ့ကိုနားမချနိုင်သည့်အတွက်ယုစန်းလျန်ကစိတ်ညစ်သွားသော်လည်းလက်မလျော့နိုင်သေးပါ။
သူကဖန်ရှင်းကို
“မင်း..တစ်နည်းနည်းနဲ့..ဝင်ငွေရအောင်လုပ်ဖို့တော့လိုနေတုန်းပဲ”
ဟုပြောလိုက်သည်။
“တစ်နေ့ကျရင်အကိုတော်ကို..ကျနော်ဝိဉာဥ်ကျောက်တုံးတွေ..ဘယ်လိုရရှိခဲ့လည်းပြောပြမှာပါ”
ဖန်ရှင်းကတစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်သည်။
နောက်ဆုံးတွင်တပည့်များအားလုံးစောင့်စားနေသည့်ရက်ကရောက်ရှိလာသည်။ထိုနေ့သည်ဝိဉာဥ်ကျောက်တုံးများပေးဝေသောနေ့ပင်ဖြစ်သည်။နောက်ဆုံးတွင်သုံးလစောင့်ရကျိုးနပ်ခဲ့ပြီဖြစ်ပြီးအထူးသဖြင့်အဆင့်လေးသမားများအတွက်ပင်ဖြစ်သည်။
အဆင့်သုံးသမားများသည်နှစ်လတစ်ကြိမ်ဝိဉာဥ်ကျောက်တုံးတစ်တုံးရရှိသည်။အဆင့်နှစ်သမားများသည်တစ်လတစ်ကြိမ်ဝိဉာဥ်ကျောက်တုံးတစ်တုံးရရှိပြီးအဆင့်တစ်သမားများကတစ်လကိုနှစ်တုံးရရှိသည်။
လတစ်လ၏၁၅ရက်နေ့တွင်ပေးဝေလေ့ရှိပြီးအရည်အချင်းအလိုက်..လက်ခံကြရသည်။
“ညီလေးဖန်..နိုးနေပြီလား”
ဖန်ရှင်းကအိပ်မောကျနေတုန်းရှိသေးသည်။ညကချီကျင့်စဥ်ကိုလုပ်ဆောင်ပြီးနောက်စိတ်စွမ်းအားကပင်ပန်းထား၍ကိုယ်လက်ကိုက်ခဲနေသည်။
“အာ..မနက်အစောကြီး..ဘာတွေဆူညံတာလဲ”
“ညီလေးဖန်ရှင်း..မြန်မြန်ထ..ငါတို့စောစောစီးစီးသွားနိုင်လေ..ကောင်းလေပဲ”
ယုစန်းလျန်ကဖန်ရှင်း၏ဝတ်စုံကိုခေါင်းပေါ်
ရွက်လိုက်ပြီး လက်တစ်ဖက်ကိုအတင်းဆွဲကာ အပြင်သို့ခေါ်ထုတ်လာခဲ့သည်။
လစဥ်ဝိဉာဏ်ကျောက်တုံးများဖြန့်ဝေမှုကိုဒီနေရာနှင့်သုံးမိုင်ခန့်ကွာဝေးသောချင်းမူခန်းမထဲတွင်ပြုလုပ်သည်။နေပင်မထွက်သေးသော်လည်းချင်းမူခန်းမသို့ဦးတည်နေသောလူစုများကပြည့်ကျပ်နေသည်။
တစ်ထောင်ကျော်တွင်အဆင့်တစ်သမားများကဆယ့်နှစ်ယောက်ခန့်သာရှိသည်။ထိုသူများသည်အခွင့်ထူးခံများဖြစ်ပြီးတန်းစီစရာမလိုအပ်သည့်အတွက်စောစောစီးစီးရောက်မလာခဲ့ကြပါ။
ခန်းမငယ်တစ်ခုထဲတွင်.ငွေရောင်ဆံပင်ရှိသောသက်ကြီးရွယ်အို.အမျိုးသားတစ်ယောက်သည်..အဆင့်တစ်ရာထူးသမားနှင့်စကားပြောရင်းသူ၏ချီများကိုလှည့်ပတ်နေခဲ့သည်။
ရှည်လျားသောလူတန်းရှည်ကြီးကိုဒီနေ့အချိန်တွင်ချင်းမူခန်းမ၌တွေ့မြင်နိုင်သည်။မျဥ်းကြောင်းလေးကြောင်းဆွဲထားပြီးဘယ်ဘက်အစွန်ဆုံးမှမျဥ်းကြောင်းသည်အဆင့်တစ်ရာထူးသမားများအတွက်ဖြစ်သည်။
အပြင်စည်းဂိုဏ်းသားပေါင်းဘယ်ဘက်မှဒုတိယမြောက်မျဥ်းသည် အဆင့်နှစ်သမားများအတွက်ဖြစ်သည်။
ထိုလူစုသည်လက်တစ်ဆုပ်စာသာလူဦးရေရှိပြီး.စိတ်ဓာတ်တက်ကြွနေသည်။အဆင့်တစ်သမားများနှင့်နှိုင်းယှဥ်ပါကအနည်းငယ်နိမ့်ကျသလိုရှိသော်လည်းအဆင့်သုံးနှင့်အဆင့်လေးသမားများနှင့်ယှဥ်လိုက်လျှင်ထူးခြားသောစွမ်းရည်ကိုပိုင်ဆိုင်ကြသည်။
ဘယ်ဘက်မှရေတွက်လျှင်တတိယမြောက်မျဥ်းသည်အဆင့်သုံးသမားများအတွက်ဖြစ်ပြီးဒါဇင်ပေါင်းများစွာသည်တန်းစီစောင့်နေကြသည်။သူတို့အားလုံးသည်အဆင့်နှစ်သမားများထက်မာနထောင်လွှားမှုနည်းပါးသော်လည်းညာဘက်အစွန်ဆုံးအတန်းကိုကြည့်သောအကြည့်တွင်..မထီမဲ့မြင်ပြုခြင်းနှင့်လှောင်ပြောင်ခြင်းတို့ပါဝင်နေသည်။
အဆင့်လေးသမားသည်အပြင်စည်းဂိုဏ်းသားများထဲတွင်ရာထူးအနိမ့်ဆုံးဖြစ်သည်။သူတို့၏လူတန်းကြီးကအရှည်ဆုံးဖြစ်ပြီးလှေကားထစ်များအထိတန်းစီစေကာနေရာချထားသည်။
လူတစ်ဦးချင်းစီသည်..ဝိဉာဥ်ကျောက်တုံး ဝေပေးမည်ကိုစိတ်လှုပ်ရှားနေပုံရသည်။သူတို့အားလုံးသည်အဆင့်သုံးသမားများ၏နှိမ့်ချသောအကြည့်များကိုမနှစ်သက်ကြပါ။အဆင့်သုံးသမားများသည်အဆင့်လေးသမားများကိုမိမိတို့၏ဝိဉာဥ်ကျောက်တုံးခွဲတမ်းကိုလျော့နည်းအောင်လုပ်သည့်လူစုဟူ၍မကျေနပ်ကြပါ။အဆင့်လေးသမားများကိုဝိဉာဥ်ကျောက်တုံးဝေပေးခြင်းသည်ဖြုန်းတီးခြင်းဟုသူတို့ကမှတ်ယူထားသည်။
အမှန်စစ်စစ်လောကနိယာမအတိုင်း..အပေါ်ကလူက..အောက်ကလူကို
..ဖိခြင်းပင်ဖြစ်သည်။အဆင့်တစ်သမားများကကျန်သောသူအားလုံးကို
အထင်အမြင်သေးကြသည်။
အဆင့်နှစ်သမားကအဆင့်သုံးနှင့်လေးသမားကိုအထင်သေးကြသည်။အဆင့်သုံးက..အဆင့်လေးကိုအထင်သေးကြသည်။အဆင့်လေးသမားအတွက်ကတော့အထင်သေးစရာအုပ်စုမရှိတော့ပေ။သူတို့ကိုယ်သူတို့အထင်သေးမှပင်ရတော့မည်။သူတို့သည်အနိမ့်ဆုံးရာထူးဖြစ်သည်မဟုတ်ပါလား။
ကမ္ဘာပေါ်ရှိအရာအားလုံးသည်ခြွင်းချက်ရှိကြသည်။ချမ်းသာသောနောက်ခံရှိသောဂိုဏ်းသားများသည်ကိုယ်ပိုင်ဝိဉာဥ်ကျောက်တုံးကိုဝယ်နိုင်ပြီးအဆင့်တစ်သမားထက်ပင်ကျင့်ကြံရာတွင်ပို၍အဆင်ပြေနိုင်သည်။အဆင့်လေးသမားများအတွက်တော့ကမ္ဘာကြီးကပြောင်းလဲမှုမရှိသေးပါ။သုံးလကိုကျောက်တုံးတစ်တုံးကပုံမှန်ဖြစ်ပြီးမည်သည့်အခါမှပြောင်းလဲမည်မဟုတ်ပါ။
အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်နေသောဖန်ရှင်းသည်အဆင့်သုံးသမားတစ်ယောက်၏ လှောင်ပြောင်သောကြည့်ခြင်းကိုခံလိုက်ရပြီးအဆင့်လေးသမားများတန်းစီထားသည့်အတန်းမှနေ၍ထိုလူကိုစိုက်ကြည့်လိုက်သည်။
“မင်း..ဘာတွေကြည့်နေတာလဲ..မျက်လုံးအဖောက်ခံချင်လို့လား”
ဖန်ရှင်းကမေးလိုက်သည်။
ရန်စသောဂိုဏ်းသားသည်အားနည်းသောပုံစံရှိပြီးကျင့်ကြံသူထက်..ပညာရှိများကဲ့သို့ခန္ဓာကိုယ်ကပျော့ပြောင်းနေသည်။
ဖန်ရှင်းသည်အရပ်ရှည်သောလူများကြားတွင်ညှပ်နေသည်မှာရယ်စရာမြင်ကွင်းဖြစ်ပြီးဘယ်သူမှသူ့အားမကူညီချင်ကြပေ။
ဒီကလေးအရွယ်ကောင်ဆိုးကလေးကဒီလောက်ပြသနာရှာတတ်မယ်လို့.ဘယ်သူမှမထင်မိပေ။တစ်ချီထဲဖြင့်တစ်ဖက်လူဆွံ့အသွားအောင်စော်ကားပြောဆိုခဲ့သည်။
အဆင့်သုံးသမားသည်အားနည်းသောပုံစံရှိသော်လည်းအဆင့်လေးသမားများကိုအမြဲတမ်းအထင်သေးနေခဲ့သည်။
အခြားသူတစ်ဦးမှထိုစကားလာပြောပါကလျော်ပေးနိုင်သော်လည်းအခုစော်ကားသည့်လူကအနိမ့်ဆုံးရာထူးအဆင့်မှဖြစ်သည်။
သူကအလွှတ်မပေးချင်တော့ပေ။
“ဟမ့်..အဆင့်လေးတပည့်လေး..မင်းရဲ့ အပြုအမူတွေကရိုင်းလှချည်လား”
“ဟေ့..မိန်းမလျာလေး..မင်းငါ့ကိုဘာပြောချင်တာလည်း”
ဖန်ရှင်းကအသံကျယ်ကျယ်ဖြင့်အော်ပြောလိုက်ပြီးလူတိုင်း၏အာရုံကိုဖမ်းစားလိုက်သည်။
“မင်းဘယ်သူ့ကို..မိန်းမလျာလို့ခေါ်တာလည်း”
အားနည်းသောယောကျာ်းလေးကဒေါသတကြီးမေးလိုက်သည်။
“မိန်းမလျာကဘယ်သူလည်းဆိုတာ..မင်းအခုထိမသိသေးဘူးလား”
“မင်းလည်းဂိုဏ်းကတပည့်ပါ..ဘာလို့ဒီလိုညစ်ညမ်းတဲ့စကားလုံးတွေသုံးရတာလည်း..”
အားနည်းသောတပည့်ကစိတ်မရှည်တော့ပဲပြန်၍မေးခွန်းထုတ်လိုက်သည်။
“မင်းအမေလိုပဲအောက်တန်းကျတဲ့..မိန်းမ လျာ”
အားနည်းသောတပည့်သည်သူ၏ခြေကိုတစ်ချက်ဆောင့်ချလိုက်ပြီးစိတ်ဆိုးနေပြီဖြစ်ကြောင်းပြလိုက်သည်။
သူကဖန်ရှင်းကိုလက်ညှိုးထိုးလိုက်ပြီး
“မလောက်လေး..မလောက်စားလေး”
ဖန်ရှင်း၏ကျိန်ဆဲခြင်းနှင့်စကားပြောစွမ်းရည်သည်..ပြိုင်ဘက်ကင်းအဆင့်တွင်ဖြစ်သည်။ကွေးရန်တောင်တွင်ရှိစဥ်တုန်းကသူ၏ဦးလေးများကိုမခံချင်အောင်ပြောဆိုပြီးသစ်ပင်ပေါ်သို့တက်ပုန်းခဲ့သည်။သူ၏ဦးလေးတွေကဖန်ရှင်းကိုသစ်ပင်ပေါ်မှပြုတ်ကျရန်သစ်ပင်ကိုဖြတ်တောက်ခဲ့ရသည်။
ဆိုးရွားသောစရိုက်ရှိသည့်လူတစ်ယောက်ကိုအရှက်မရှိဆဲဆိုရန်မှာ..ဖန်ဖန်အတွက်..ရေတစ်ခွက်သောက်တာထက်ပင်ပို၍လွယ်ကူသောအလုပ်ပင်ဖြစ်သည်။
End… Chapter 15