အပိုင်း(၁၄) မုတ်ဆိတ်ပျားစွဲ
ခန်းမရှိလူများထံမှတန်ဖိုးရှိပစ္စည်းများကိုတစ်ခဏအတွင်းသိမ်းဆည်းလိုက်ပြီးနောက်အကြံတစ်ခုကိုရလိုက်သည်။
ဖန်ရှင်းကသူသိမ်းယူထားသောရွှေသားများကို..သိုလှောင်လက်စွပ်ကိုပိုင်ဆိုင်သည့်မြွေကိုးကောင်ဓားပိုင်ရှင်သူဌေး၏အိတ်ထဲသို့ထည့်လိုက်သည်။ထို့နောက်အခြားသူတစ်ဦးထံမှအဆင့်နိမ့်ဓားပျံတစ်ခုကိုယူလိုက်ပြီးနှုတ်ခမ်းမွေး၏အိတ်ထဲသို့ထည့်ထားလိုက်သည်။
မိနစ်ပိုင်းခဏလေးမှာပင်ဖန်ရှင်းသည်ကျန်ရှိနေသောသူများကိုလည်းထိုကဲ့သို့ပင်ပစ္စည်းတွေကို..ဟိုပြောင်းရွှေ့ဒီပြောင်းရွှေ့လုပ်လိုက်သည်။ဖန်ရှင်းကဝိဉာဥ်ကျောက်တုံးကိုသာအဓိကသိမ်းဆည်းခဲ့သည်။
ပါးနပ်မှုကိုအဓိကလက်နက်အဖြစ်အသုံးချခဲ့သောဖန်ရှင်းသည်နှုတ်ခမ်းမွေးဆီသို့လျောက်လာပြီးနှုတ်ခမ်းမွေး၏လဗြွတ်ကိုအငြိုးဖြင့်ဆောင့်နင်းချလိုက်သည်။
နှုတ်ခမ်းမွေးအပေါ်နှိပ်စက်မှုကိုအဆုံးသတ်လိုက်ပြီးမှောင်ခိုစျေးမှအမြတ်ထုတ်နိုင်ခဲ့သည်ကိုကျေနပ်အားရနေမိတော့သည်။
“ဒါက..မင်း..ငါ့ကိုလက်နက်တိုက်မှာ..လှည့်စားဖို့ကြိုးစားခဲ့တဲ့အတွက်ပဲ..ငါ..မင်းကို..ဘယ်လိုသင်ခန်းစာပေးမလည်းဆိုတာ..ကြည့်နေ”
ဖန်ရှင်းသည်နှုတ်ခမ်းမွေးကိုအားရအောင်ကန်ထည့်လိုက်ရာနှုတ်ခမ်းမွေး၏လဗြွတ်ကရောင်ရမ်းလာပြီးဖောင်းလာခဲ့သည်။ဖန်ရှင်းသည်ဘောင်းဘီကြိုးကိုဖြည်လိုက်ပြီးမေ့မျောနေသောနှုတ်ခမ်းမွေး၏မျက်နှာပေါ်သို့သေးပန်းချလိုက်သည်။နောက်ဆုံးတွင်
ညအခါတွင်လရောင်ကလွှမ်းခြုံထားပြီးအပ်ကျသံပင်မကြားရအောင်ခန်းမတစ်ခုလုံးကတိတ်ဆိတ်နေခဲ့သည်။
သူခန်းမထဲမှထွက်လာမည့်အချိန်တွင်ခန်းမသို့ကြည့်လိုက်ရာအကုန်လုံးမေ့မျောနေသည်ကိုတွေ့လိုက်ရသည်။သူကဝိဉာဥ်အဆင့်သုံးဖြစ်၍မေ့ဆေးကိုခံနိုင်ရည်ပိုရှိကာအစောဆုံးနိုးလာခြင်းဖြစ်သည်။
နှုတ်ခမ်းမွေးသည်နှစ်နာရီခန့်အကြာတွင်သတိရလာခဲ့ပြီးသတိမလစ်ခင်ကအခြေအနေကိုတွေးမိလိုက်သောအခါသူ၏ပိုင်ဆိုင်မှုကိုစစ်ဆေးလိုက်သည်။သူပိုင်ဆိုင်သည့်ရွှေသားများမရှိတော့ကြောင်းသိလိုက်ရပြီး
စိတ်ကတုန်လှုပ်စွာဖြင့်အကျယ်ကြီးအော်ဟစ်လိုက်သည်။သူ၏အသံကပူဆွေးမှုတို့ဖြင့်ပြည့်နှက်နေသည်။
ရွှေသားများပျောက်ဆုံသွားသော်လည်းအဆင့်နိမ့်ဝိဉာဥ်ဓားပျံတစ်စင်းကသူ့အိတ်ထဲသို့ရောက်နေခဲ့သည်။ဓားပျံသည်သူပျောက်ဆုံးသွားသောရွှေသားများထက်များစွာတန်ဖိုးရှိကြောင်းခန့်မှန်းလိုက်သည်။ထိုဓားပျံ၏ပိုင်ရှင်အစစ်ကိုရှာဖွေပြီးပြန်ပေးလိုက်မည်ဟုစိတ်မကူးတော့ပဲဓားပျံကိုဘတ်ထားလိုက်သည်။
နှုတ်ခမ်းမွေး သည်လည်းဖန်ရှင်းကဲ့သို့ပင်တခြားသူများထံမှအဖိုးတန်ပစ္စည်းများကိုခိုးယူကာကမန်းကတန်းခန်းမအပြင်သို့ထွက်ပြေးတော့သည်။
ခန်းမထဲရှိလူများနိုးလာသောအချိန်တွင်သူတို့ကိုယ်စီပိုင်ဆိုင်သောပစ္စည်းနေရာတွင်တခြားပစ္စည်းတစ်ခုဖြင့်အစားထိုးထားသည်ကိုတွေ့လိုက်ရသည်။အစပိုင်းတွင်သူတို့ပိုင်ဆိုင်သောပစ္စည်းကိုရှာဖွေချင်သော်လည်း..လက်ရှိရထားသည့်ပစ္စည်းကိုပြန်ပေးလိုက်ရမည်ဟူသောအသိဖြင့်..ထိုအတွေးကိုမောင်းထုတ်လိုက်သည်။
မူလပိုင်ဆိုင်သောပစ္စည်းကိုပြန်မရဖို့ကသာ၍များသည့်အတွက်..ရှိသည့်ဟာလေးမပါသွားအောင်..နှုတ်ပိတ်နေလိုက်သည်။
ခန်းမထဲရှိလူအားလုံးကိုယ်စီထိုသို့တွေးခဲ့ကြပြီးအချင်းချင်းတိုင်ပင်ထားသည့်အလားစကားတစ်ခွန်းမှမပြောဘဲခန်းမထဲမှတိတ်တဆိတ်ထွက်သွားကြသည်။
နှုတ်ခမ်းမွေး သည်ပင်မေ့မျောနေသောသူများထံမှပစ္စည်းများခိုးယူကာအမြတ်ထုတ်နိုင်ခဲ့သည်။
“ဒါဘယ်သူ့အကြံအစည်လည်း..
ငါ..လျိုရှီ..ဘယ်တော့မှခွင့်မလွှတ်ဘူး”
မြွေကိုးကောင်ဓားနဲ့သိုလှောင်လက်စွပ်ကိုပိုင်ဆိုင်သောသူဌေးသည်ခန်းမရှိလူအုပ်ကိုကြည့်ကာအကြီးအကျယ်အော်ငိုတော့သည်။
အထက်ပါဖြစ်ရပ်များ၏တရားခံဖန်ရှင်းသည်အိမ်သို့ပြန်ရောက်နေပြီဖြစ်ကာ.ဓားပြတိုက်လာသောပစ္စည်းများကိုစစ်ဆေးနေသည်။
ဝိဉာဥ်ကျောက်တုံးများကိုရေတွက်လိုက်ရာအတုံးသုံးဆယ်ပင်ကျော်နေသည်။ထိုရေတွက်သည့်ထဲတွင်မြွေကိုးကောင်ဓားပင်မပါသေးချေ။သိုလှောင်လက်စွပ်များတွင်အခြားသူများဖွင့်မရအောင်ချီဖြင့်ချိတ်ပိတ်ထားတတ်သော်လည်းမြွေများကတွင်းအောင်းနေသည်နှင့်ပင်တူနေပြီးရန်သူကိုတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေသလိုမျိုးခံစားမှုကိုရစေသည်။အထင်ကြီးစရာကောင်းသည့်ဓား၏အသွင်အပြင်နှင့်ပြည့်စုံသထိုရေတွက်သည့်ထဲတွင်မြွေကိုးကောင်ဓားပင်မပါသေးချေ။လုံးကိုးလုံးဖြင့်စည်းခတ်ထားသည်ကိုတွေ့လိုက်သည်။ထိုဓားပြုလုပ်ရာတွင်ပါ
မြွေကိုးကောင်ထားသည်အနီရောင်ရှိပြီးလက်ကိုင်ပတ်ပတ်လည်တွင်မြွေကိုးကောင်ရုပ်ပုံကိုထွင်းထုထားသည်။
ထိုရေတွက်သည့်ထဲတွင်မြွေကိုးကောင်ဓားပင်မပါသေးချေ။သိုလှောင်လက်စွပ်များတွင်အခြားသူများဖွင့်မရအောင်ချီဖြင့်ချိတ်ပိတ်ထားတတ်သော်လည်းမြွေများကတွင်းအောင်းနေသည်နှင့်ပင်တူနေပြီးရန်သူကိုတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေသလိုမျိုးခံစားမှုကိုရစေသည်။အထင်ကြီးစရာကောင်းသည့်ဓား၏အသွင်အပြင်နှင့်ပြည့်စုံသထိုရေတွက်သည့်ထဲတွင်မြွေကိုးကောင်ဓားပင်မပါသေးချေ။လုံးကိုးလုံးဖြင့်စည်းခတ်ထားသည်ကိုတွေ့လိုက်သည်။ထိုဓားပြုလုပ်ရာတွင်ပါဝင်သောပစ္စည်းများသည်တန်ဖိုးကြီးမားလှသဖြင့်ရွှေသားတစ်သောင်းဖြင့်ဝယ်ယူခဲ့သည်ဆိုခြင်းမှာအထူးအဆန်းမဟုတ်တော့ပေ။
ဖန်ရှင်းကချီကိုဓားထဲသို့သွင်းပြီးလှုံ့ဆော်ဖို့ကြိုးစားလိုက်သည်။ထိုအခါမှဓားသည်လက်ရှိအစွမ်းဖြင့်ထိန်းချုပ်၍မရသေးမှန်းသိလိုက်ပြီးလျိုရှီက..ဝိဉာဥ်ကျောက်တုံးများဖြင့်အဘယ်ကြောင့်လဲလှယ်ဖို့ကြိုးစားမှန်း..သိလိုက်ရသည်။ထိုဓားကိုအဆင်ပြေစွာအသုံးပြုလိုလျှင်ဖန်ရှင်းသည်ဝိဉာဥ်အဆင့်နှစ်..သို့မဟုတ်..အဆင့်သုံးသို့ရောက်နေမှဖြစ်မည်။
“ဘာပဲဖြစ်ဖြစ်..အဆင်ပြေတယ်.”
ဖန်ရှင်းကထိုသို့တွေးလိုက်ပြီးဓားကိုသိုလှောင်လက်စွပ်ထဲသို့ပြန်ထည့်လိုက်သည်။
“သူ၏တစ်ခုတည်းသောဝိဉာဥ်ကျောက်တုံးသည်ရ
ဖန်ရှင်းကပျော်ရွှင်စွာဆုတောင်းလိုက်ပြီး..မသိလျှင်သူ့ကိုကြည်ဖြူစွာလှူဒါန်းသွားသည့်အလားပြုမူလိုက်သည်။နောက်တစ်ခါထပ်တွေ့ရင်ထပ်အလှူခံဖို့ပင်တွေးနေသေးသည်။
လာမယ့်နှစ်တွေအတွင်းကျင့်ကြံခြင်းလမ်းစဥ်တွင်လိုအပ်သောဝိဉာဥ်ကျောက်တုံးအရေအတွက်ကိုဖန်ရှင်းကစုဆောင်းနိုင်ခဲ့ပြီဖြစ်၍သူ၏ကျင့်ကြံခြင်းက..ရပ်တန့်နေပြီမဟုတ်တော့ချေ။အဆင့်တက်အောင်လုပ်နိုင်ကြသည်။ယုစန်းလျန်ကဲ့သို့အရင်းအမြစ်ချို့တဲ့သူကအဆင့်မတက်သည်မှာအံ့သြစရာမဟုတ်ပေ။အဆင့်ကအောက်သို့ထပ်မကျသွားတာကိုကပင်
သူ၏တစ်ခုတည်းသောဝိဉာဥ်ကျောက်တုံးသည်ရက်ပေါင်းနှစ်ဆယ်အတွင်းချီများကုန်စင်သွားခဲ့သည်။သို့သော်မှောင်ခိုစျေးမှပြန်လာပြီးသည့်နောက်တွင်အနည်းဆုံးတစ်နှစ်လောက်ဝိဉာဥ်ကျောက်တုံးအတွက်စိုးရိမ်စရာမလိုတော့ချေ။ကျင့်ကြံခြင်းအဆင့်ရပ်တန့်မနေရန်..အရင်းအမြစ်များစွာလိုအပ်သည်။
အဆင့်အတန်းမြင့်မားသောကျင့်ကြံသူများသည်..အရင်းအမြစ်များစွာကိုလွှမ်းမိုးချုပ်ကိုင်နိုင်ပြီး..အဆင့်ရပ်တန့်မနေရန်လုပ်ဆောင်နိုင်ကြသည်။တချို့ကျင့်ကြံသူများဆိုလျှင်ပတ်ဝန်းကျင်မှချီကိုတိုက်ရိုက်စုပ်ယူနိုင်ပြီးအရင်းအမြစ်ပင်မလိုအပ်ဘဲ….ကံကောင်းသည်ဟုပင်ဆိုရမည်။
မှောင်ခိုစျေးတွင်ပွဲကြမ်းခဲ့ပြီး..ရက်အနည်း ငယ်အကြာတွင်တရားခံကိုလျို့ဝှက်စုံစမ်းမှုများပြုလုပ်ကြသည်။ မှောင်ခိုစျေးသည်ဂိုဏ်းစည်းမျဥ်းနှင့်ဆန့်ကျင်နေသောကြောင့်
ပေါ်ပေါ်ထင်ထင်စုံစမ်း၍မရပါ။သူတို့ရှာဖွေနေသောသူသည်အသက်နှစ်ဆယ်ခန့်ရှိပြီးအသံစူးရှသောလူငယ်တစ်ဦးဖြစ်သည်။ဖန်ရှင်းလိုကလေးတစ်ယောက်နှင့်သက်ဆိုင်လိမ့်မည်ဟုဘယ်သူမှထင်မိမည်မဟုတ်ပေ။
ထိုသတင်းကိုကြားပြီးနောက်ဖန်ရှင်းသည်ဝမ်လူမျက်နှာဖုံးကိုရွေးချယ်လိုက်သည့်..မိမိ၏ အမျှော်အမြင်ကြီးမားမှုကိုသဘောကျနေခဲ့သည်။ယုစန်းလျန်ပင်လျှင်နာမည်ကြီးနေသောမှောင်ခိုစျေးဓားပြမှာသူဖြစ်ကြောင်းမသိရှိခဲ့ပေ။
ဖန်ရှင်းသည်သူ၏ အချိန်များကိုယုစန်းလျန်နဲ့အချိန်ဖြုန်းခြင်း.. အိပ်ခြင်းများ..ပြုလုပ်ခဲ့ပြီး ညရောက်သောအချိန်မှပင် ဝိဉာဥ်ကျောက်တုံးကိုထုတ်၍ချီကိုစုပ်ယူကာကျင့်ကြံခဲ့သည်။တဖြည်းဖြည်းနှင့်ဖန်ရှင်း၏ချီပမာဏကများလာပြီးချီများကအလျင်အမြန်တိုးတက်လာခဲ့သည်။
ဝိဉာဥ်ကျောက်တုံးကိုအရင်ကခြွေတာပြီးအသုံးပြုသဖြင့် ရက်နှစ်ဆယ်ခံသော်လည်း ယခုအခါဆယ်ရက်သာခံတော့သည်။
တစ်ညတွင်သူ၏ချီစုဆောင်းရာချီပင်လယ်မှတစ်ဆင့်ချီများစီးဆင်းလာပြီးတစ်ကိုယ်လုံးကလန်းဆန်းမှုကိုခံစားလာရသည်။အရိုးများကပို၍ပျော့လာပြီး..အားကောင်းလာခဲ့သည့်အပြင်မိမိကိုယ်ကိုကုသနိုင်သည့်သက်စောင့်ဓာတ်များလည်းတိုးပွားလာခဲ့သည်။သေမျိုးများတွင်ဖြစ်တတ်သောရောဂါများကိုပိတ်ဆို့နိုင်ခဲ့ပြီးသူ၏ချီကိုထိန်းချုပ်ရာတွင်ပိုမိုအားကောင်းလာခဲ့သည်။ထိုသို့အပြောင်းအလဲများကြောင့်ဖန်ရှင်းကဟွာကျင်းကြောင့်ရရှိခဲ့သည်ဒဏ်ရာများကို..အသက်ဓာတ်များဖြင့်ကိုယ်တိုင်ကုသလိုက်ရာ..ဖြည်းဖြည်းချင်းပြန်ကောင်းလာခဲ့သည်။
အဆင့်တစ်သမားသည်တစ်လလျှင်ဝိဉာဥ်ကျောက်တုံးနှစ်တုံးသာသုံးခွင့်ရသော်လည်းဖန်ရှင်းကတော့သုံးတုံးကိုမျက်တောင်ပင်မခတ်ဘဲသုံးခဲ့သည်။တကယ်တမ်းအဆင့်တစ်သမားများထဲတွင်..နောက်ခံကောင်းသောသူအချို့သည်ဝိဉာဥ်ကျောက်တုံးများကိုအိမ်မှယူလာပြီးကျင့်ကြံသည့်အတွက်အဆင့်နှစ်သို့ပင်ရောက်နေသောသူလည်းရှိသည်။
ကျင့်ကြံသူများသည်မရပ်မနားကျင့်ကြံရန်အရင်းအမြစ်များစွာလိုအပ်သည့်အဖြစ်မှာမလွဲမရှောင်သာပင်ဖြစ်သည်။
End… Chapter 14