အပိုင်း(၁၃) ဗြောင်းဆန်အောင် မွှေနှောက်ခြင်း
မြွေကိုးကောင်ဓား အလှည့်ပြီးသည့် နောက်ပိုင်းတွင် လူတစ်ချို့က သူတို့တွင်ရှိသော ပစ္စည်းများကို လဲလှယ်ကြပြန်သည်။
လူတိုင်းသည် စည်းကမ်းရှိရှိနှင့် သတိကြီးစွာ ကုန်သွယ်မှုလုပ်ခဲ့ပြီးနောက် မှောင်ခိုဈေးကလည်း ပိတ်ခါနီးအချိန်သို့ ရောက်လာခဲ့သည်။
ဈေးနှုန်းမြင့်မားသည့် ဝိဉာဉ်ပစ္စည်းများစွာကို ထိုအချိန်တွင် တစ်စုတစ်စည်း တွေ့မြင်ရသည်။
အားလုံးက ဈေးပိတ်ခါနီးပြန်ရန် ပြင်လိုက်သောအချိန်တွင် ဖန်ရှင်းသည် လူအုပ်ထဲသို့ ရောက်လာခဲ့သည်။
“ငါ့မှာရောင်းစရာတစ်ခုရှိတယ် ဝိဉာဉ်ကျောက်တုံး ၁၅၀နဲ့ ရောင်းမယ်.. အမှန်အတိုင်းပြောရရင် ဝိဉာဉ်ကျောက်တုံးငါးရာနဲ့ ရောင်းတာတောင် ကျနော့်အတွက် ရှုံးနေသေးတယ် ငါ့အတွက်အဖေက ရွှေသားပေါင်းသုံးသောင်းကျော် အကုန်ခံပြီး ဝယ်ပေးထားတဲ့ ပစ္စည်းပဲ”
ဈေးနှုန်းကို ကြေငြာလိုက်သော ခဏအတွင်းမှာပင် ပြန်ဖို့စီစဉ်နေသောသူများသည်ပင်.. စိတ်ဝင်စားလာကြသည်။
ခုနကမြွေကိုးကောင်ဓားကို မှောင်ခိုဈေး၏ တန်ဖိုးအမြင့်ဆုံး ပစ္စည်းအဖြစ် သူတို့သတ်မှတ်ခဲ့သော်လည်း ယခုတော့ ထိုထက်တန်ဖိုးကြီးသောပစ္စည်းကို ဖန်ရှင်းက မိတ်ဆက်လိုက်သည်။
ဝိဉာဏ်ကျောက်တုံးငါးရာနဲ့ ရောင်းတာတောင် အရှုံးပေါ်နေဆဲဟု ပြောလိုက်ကတည်းက လူတိုင်းရဲ့စိတ်ဝင်စားမှုကို အပြည့်အဝ ယူနိုင်ခဲ့သည်။အထူးသဖြင့်နှုတ်ခမ်းမွေး၏ စိတ်ဝင်စားမှုကို ပို၍ရရှိခဲ့သည်။
“ရွှေသားသုံးသောင်းကျော်တောင် တန်တာလား.. ငါ့ကိုတစ်ချက်ပြကြည့်စမ်းပါ”
ဖန်ရှင်းက နှုတ်ခမ်းမွေးဆီသို့ လျောက်လာရင်း
“အကိုတော်.. ခင်ဗျားကဝိဉာဉ်ပစ္စည်းတွေ အကြာင်းကို အတော်နှံ့စပ်တဲ့ပုံပဲ ကောင်းပြီ ကျနော့်ရဲ့ပစ္စည်းကို စစ်ဆေးကြည့်ပါ..မဟုတ်ရင်
ကျနော်က..မမှန်မကန်ရောင်းတယ် ထင်နေဦးမယ်”
ဖန်ရှင်းက စကားဆုံးသည်နှင့် ပုလင်းငယ်လေး တစ်လုံးကို ထုတ်လိုက်ပြီး လရောင်ဆမ်းသောညတွင် နှုတ်ခမ်းမွေးကို ပြလိုက်သည်။
“ဟမ့်”
နှုတ်ခမ်းမွေးက တစ်ချက်ကြည့်လိုက်သည်နှင့်
တန်ဖိုးမရှိမှန်း သိလိုက်သည်။
သို့သော်ထိုလူငယ်က ယုံကြည်မှုရှိစွာ အသေအချာပြောနေခြင်းဖြစ်၍ သူကသေချာ စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
နှုတ်ခမ်းမွေးတစ်ယောက်တည်းတင် မဟုတ်ဘဲ ခန်းမထဲရှိ လူအားလုံးက..ဖန်ရှင်း၏ စကားကို မယုံသင်္ကာ ဖြစ်နေကြသည်။
“ဒါကပစ္စည်းကောင်းတစ်ခုပဲ ဒါပေမယ့် ရွှေသားသုံးသောင်းတော့ လုံးဝမတန်ဘူး မင်းအဖေကို ကုန်သည်က လိမ်လိုက်တာဖြစ်ရမယ်”
“ငါတို့ကို ဒီလိုဂျင်းထည့်လို့ရမယ် ထင်နေလား
မင်းကရည်ရွယ်ချက်ရှိရှိ ငါတို့ကို လှည့်စားဖို့ စဉ်းစားနေတယ် မဟုတ်လား”
“ငါတို့မသိတဲ့ ထူးခြားမှုတွေ ဒီပစ္စည်းမှာ ရှိနေတာလည်း ဖြစ်နိုင်တာပဲ.. ငါတို့ကို သေချာပြောပြလို့ရမလား”
လူတိုင်းက ထိုပုလင်းငယ်နှင့် ပတ်သက်ပြီး ငြင်းခုံနေကြစဉ်တွင် ခန်းမထဲရှိ လူတစ်ယောက်က သေချာရှင်းပြရန် တောင်းဆိုလိုက်သည်။
“ကောင်းပြီလေ ဒီပုလင်းလေး ဘယ်လောက် တန်ဖိုးကြီးလည်းပြမယ် အမှန်ဆို ကျနော့်ပစ္စည်းကို တန်ဖိုးမရှိဘူးလို့ ပြောတဲ့သူတွေကို မပြချင်ဘူး.. ဒီနေ့တော့ ခင်ဗျားတို့ရဲ့မျက်လုံးတွေ ပွင့်အောင်လုပ်ပေးမယ် တကယ့်ဝိဉာဉ်ပစ္စည်းဆိုတာ ဘာဆိုလည်း ပြရသေးတာပေါ့”
ဖန်ရှင်းက ပုလင်းငယ်လေးကို သူ၏လက်ဖဝါးပေါ်တင်လိုက်ပြီးနောက်
“အခုပြတော့မယ် မယုံရင်အနီးကပ် လာကြည့်ကြ”
ဖန်ရှင်း၏အသံကြောင့် အထူးအဆန်းကို ခုံမင်သည့် လူတို့၏သဘာဝအတိုင်း ဖန်ရှင်းအနားသို့ ဝိုင်းကပ်လာကြပြီး ပုလင်းလေးကို ဝိုင်းကြည့်လိုက်ကြသည်။
“ဥုံ သင်ဇာဝင့်ကျော်နဲ့အိချောပို ဖြူဖြူထွေးနဲ့ခြူးလေး နင်တို့likeဘယ် လောက်ရလည်း ပြလိုက်စမ်း”
ဖန်ရှင်းက ဟန်ပါပါဖြင့် ဂါထာရွတ်လိုက်ပြီး.. ပုလင်းအဖုံးကို ဖွင့်လိုက်ရာ စိမ်းပြာရောင်အငွေ့များသည် ပုလင်းထဲမှထွက်လာပြီး ခန်းမရှိလူအားလုံး၏ နှာခေါင်းထဲသို့ ဝင်သွားသည်။
ဝိဉာဉ်အဆင့်တစ်တွင် ရောက်နေသောသူများသည် အငွေ့ကိုရှုမိသည်နှင့် တန်းခနဲအိပ်ပျော်သွားသည်။
ဝိဉာဉ်အဆင့်နှစ်သို့ ရောက်သောသူများမှာ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်လာပြီး ခေါင်းများမူးဝေလာကာ ခြေထောက်များ ပျော့ခွေသွားပြီး ခွေခွေလေးလဲကျသွားသည်။
နှုတ်ခမ်းမွေးတစ်ယောက်သာ ဝိဉာဉ်အဆင့်သုံးကို ရောက်နေသည်။
သူကအငွေ့များကိုချီဖြင့် ခဏထိန်းကာ ခန်းမအပေါက်ဝသို့ ထွက်ပြေးတော့သည်။
ဒါပေမယ့်သူသည် ဖန်ရှင်းနှင့်အနီးကပ်ဆုံးတွင် ရှိနေပြီး အငွေ့ပမာဏ အများဆုံးရှုမိသူလည်း ဖြစ်သည့်အတွက် ခန္ဓာကိုယ်က နုံးချိနေပြီဖြစ်သည်။
“ဘာလို့လည်း ဒီပမာဏလောက် ရှုမိတာနဲ့ ဒီလောက်ထိဖြစ်သွားတာလား”
ထိုအချိန်တွင် ဖန်ရှင်းက နှုတ်ခမ်းမွေးနားသို့ ရောက်လာပြီး လက်သီးဖြင့်ကျွေးလိုက်ကာ ကြမ်းပေါ်သို့ လှဲသိပ်လိုက်သည်။
နှုတ်ခမ်းမွေးသည် သတိအရမ်းကြီးသောသူ ဖြစ်သော်လည်း ဂိုဏ်းသားအသစ်က ထိုမျှလောက် အကြံအစည်ကြီးမားကာ လုပ်ရဲမည်ဟု အိပ်မက်ထဲတွင်ပင် မမက်ခဲ့ပေ။
သူကဂိုဏ်းသားအသစ်များထက် အဟောင်းများကိုသာ ပို၍သတိထားခဲ့သည်။
“အား..မင်းက ငါ့ကိုဘယ်ကတည်းက မကျေနပ်နေတာလည်းဟ”
ဖန်ရှင်းသည် နှုတ်ခမ်းမွေးအား ပြင်းထန်စွာကန်လိုက်ကာ စိတ်ဓာတ်ကျအောင် လုပ်လိုက်သည်။
ဖန်ရှင်းသည် ဝိဉာဉ်အဆင့်ပိုမြင့်လေ ခံနိုင်ရည်ပိုရှိမှန်းသိသော်လည်း နှုတ်ခမ်းမွေး အတွက် လုံလောက်မှန်းတော့ သိခဲ့သည်။
ဖန်ရှင်း၏စတုတ္ထဦးလေးသည် ရှောင်ကျန်းမင်နှင့် တိုက်ခိုက်ရာတွင် ထိုအငွေ့ကို အသုံးချခဲ့သော်လည်း သေဆုံးခြင်းသာ အဖတ်တင်ခဲ့သည်။
ဖန်ရှင်းသည် မှောင်ခိုဈေးကိုမလာခင်ထဲက ထိုပုလင်းမှအငွေ့ကို နေ့ရောညပါလေ့လာပြီး ဖြေဆေးကိုဖော်စပ်ကာ ကြိုတင်သောက်ထားခဲ့သည်။
ဖန်ရှင်းက အပေါက်ဝသို့ လျောက်လာခဲ့ရာ
“အကိုတော် အဆင်ပြေခဲ့ရဲ့လား”
ခန်းမအစောင့်နှစ်ယောက်ထဲက တစ်ယောက်က ဖန်ရှင်းကိုအော်၍ နှုတ်ဆက်လိုက်သည်။
ဖန်ရှင်းက ခန်းမထဲတွင်ဖြစ်ပျက်သမျှကို အစောင့်များ မသိသေးကြောင်း ရိပ်မိလိုက်ပြီး
“အကိုတော်နှစ်ယောက် ကျနော်မေ့တော့မလို့”
ဖန်ရှင်းက အစောင့်များကို မဲ့ပြုံးပြုံးကာ
“အဆင်မပြေဘူးဗျ အထဲမှာ ကျနော်လဲချင်တာ ဘာမှမတွေ့ဘူး ကျနော်သွားတော့မယ်”
အစောင့်နှစ်ယောက်က အချင်းချင်း မျက်စပစ်လိုက်ကြသည်။
မှောင်ခိုဈေးမပြီးမချင်း မည်သူမှ အပြင်ထွက်၍မရပေ။
အစောင့်နှစ်ယောက်က တိုင်ပင်ရုံသာ ရှိသေးသော်လည်း ဖန်ရှင်းက သူတို့အနားသို့ ရောက်လာကာ လေပေါ်သို့ခုန်လိုက်ပြီး ပုလင်းအဖုံးကို ဖွင့်လိုက်သည်။
စိမ်းပြာရောင်အငွေ့များ နောက်တစ်ကြိမ် ထွက်လာပြီး အစောင့်တစ်ယောက်၏ နှာခေါင်းထဲသို့ ဝင်သွားလေတော့သည်။
“မင်း..ဘယ်သူလဲ”
အစောင့်က သူ၏စကားကိုပင် ဆုံးအောင် မပြောနိုင်တော့ပဲ မြေပေါ်သို့ လဲကျသွားသည်။
“မင်း..ဘာကိုလိုချင်လို့လဲ”
အခြားအစောင့်တစ်ဦးက အနည်းငယ် အံ့သြတုန်လှုပ်သွားပြီး မေးလိုက်သည်။
သူကအငွေ့ကို အနည်းငယ်မျှသာ ရှုလိုက်ရသည်။
“ငါ..လိုချင်တာဒါပဲ”
ဖန်ရှင်းက သူ၏ဓားမြောင်ကို ဆွဲထုတ်လိုက်ပြီး အစောင့်ဆီသို့ လှမ်းထိုးလိုက်သည်။
အစောင့်ကထိုဓားချက်ကို ရှောင်နိုင်လိုက်သော်
လည်း.. နောက်ဆက်တွဲရိုက်ချက်ကိုတော့ မရှောင်နိုင်ခဲ့ပေ။
အစောင့်သည် အခိုးငွေ့ကြောင့် လှုပ်ရှားမှုနှေးကွေးနေ၍ ဖန်ရှင်း၏ရိုက်ချက်ကို ခံလိုက်ရခြင်းဖြစ်သည်။
အစောင့်က မိမိခေါင်းရီဝေနေတာကို ချီဖြင့်ခဏထိန်းကာ သူ၏ဓားပျံကို ထုတ်လိုက်သည်။တစ်ချိန်တည်းမှာပင် ဖန်ရှင်းက တောက်ပသော အရာတစ်ခုကို ထုတ်ယူလိုက်သည်။
ထန်း…ထန်း…ထန်း
ငွေအပ်များက ဘူးကလေးထဲကနေ အစီအရီထွက်လာပြီး သေမန်းတမန်အသံများက ထွက်ပေါ်လာသည်။
“မင်းသိထားဖို့က ငါမင်းတို့ကို သတ်ချင်ရင် အလွယ်လေးဆိုတာပဲ..
မသေချင်သေးဘူးလို့ ဆုံးဖြတ်ထားရင် ငြိမ်ငြိမ်လေးနေ”
ဖန်ရှင်းက ငွေအပ်လက်နက်ဘူးငယ်လေးကို လက်မှာကိုင်ထားပြီး အစောင့်ကို ခြိမ်းခြောက်လိုက်သည်။
အစောင့်က သူ၏အနောက်သို့ လှမ်းကြည့်လိုက်သောအခါ ငွေအပ်ကလေးများက မြေကြီးနှင့်သစ်ပင်များပေါ်တွင် မိမိရရစိုက်နေကြသည်။
သူသာထိမိလိုက်ရင် ဖြူးကောင်ကဲ့သို့ တစ်ကိုယ်လုံးဆူးများဖြင့် ပြည့်နှက်နေမည်ကို တွေးကာ ကျောချမ်းသွားသည်။
“မင်းသေမှာတော့ ကြောက်တယ်မဟုတ်လား”
ဖန်ရှင်းက ငွေအပ်ဘူးလေးကို မြှောက်ပြလိုက်သည်။
“ငါ..ငါ.. မင်းကို မတားပါဘူးကွာ”
အစောင့်က အလကားနေရင်းတော့ မသေချင်သေးပေ။
“ကောင်းပြီလေ”
ဖန်ရှင်းက အစောင့်အနီးသို့ ရောက်လာပြီး တစ်ချက်ကန်ထည့်လိုက်သည်။
“ဟုတ်ပြီ ဒီလောက်က စိတ်ချလို့မရသေးဘူး”
အစောင့်က ဖန်ရှင်းဘာဖြစ်ချင်မှန်း စဉ်းစား၍မရပေ။
သူက တောင်းပန်ပြီးပြီ ဖြစ်သည်။
ဖန်ရှင်းက အစောင့်အခုထိ မမေ့သေးသည်ကို တွေ့ရသောအခါ အနည်းငယ် အံ့သြသွားသော်လည်း သူ၏လက်စွဲတော် မေ့ဆေးပုလင်းဖြင့် အမှန်တကယ် မေ့သွားအောင် လုပ်ပေးလိုက်သည်။
ဖန်ရှင်းကကိစ္စတွေကို ရှင်းပြီးသည့်နောက် ကျယ်လောင်စွာ ရယ်လိုက်သည်။
တကယ်ကို တန်ဖိုးရှိတဲ့နေ့လေးဟု ဖန်ရှင်းက သတ်မှတ်လိုက်သည်။
အစောင့်နှစ်ဦးနှင့် ခန်းမထဲရှိ လူအများဆီမှ ဝိဉာဉ်ကျောက်တုံးများစွာနှင့် တန်ဖိုးရှိသော အရာများစွာကို ရှာတွေ့ခဲ့ပြီး
သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်လေတော့သည်။
End.. Chapter 13