အပိုင်း(၁၂)မှောင်ခိုဈေး
တစ်လပြည့်မြောက်သည့်နေ့တွင် ဖန်ရှင်းသည်
ဝိဉာဉ်ကျောက်တုံးထဲမှ စုပ်ယူခဲ့သောချီများကို
သွေးကြောများထဲသို့ အကုန်အစင် ဖြန့်ကျက်နိုင်ခဲ့သည်။
ယုစန်းလျန်က မှောင်ခိုဈေးဖွင့်မည့် နေ့ရက်နှင့်အချိန်ကို သူ့အား သတင်းလာပေးခဲ့သည်။
ဖန်ရှင်းက ယုစန်းလျန်ကို ကျေးဇူးတင်သောအားဖြင့် အစားအသောက်များဖြင့် ပြန်၍ဧည့်ခံခဲ့သည်။
ထိုအစားအစာအားလုံးသည် ယုစန်းလျန်၏ ပိုက်ဆံဖြင့် ဝယ်ယူထားခြင်း ဖြစ်သည်။
မှောင်ခိုဈေးဖွင့်သောနေ့ရက်တွင် ဖန်ရှင်းက ဝမ်လူမျက်နှာဖုံးနှင့်
ပစ္စည်းအချို့ကို သူနှင့်အတူ ယူဆောင်လာခဲ့ပြီး သေချာပြင်ဆင်ခဲ့သည်။
ချီကိုမျက်နှာဖုံးထဲသို့ ထည့်သွင်းလိုက်ပြီး သူ၏မျက်နှာပေါ်တွင် တပ်လိုက်သည်နှင့် သူ၏ကိုယ်ခန္ဓာ အရွယ်အစားက ပြောင်းလဲသွားသည်။
အရပ်ကလက်မအနည်းငယ် ရှည်ထွက်လာပြီး အရိုးများကအက်ကွဲလာကာ ရင့်ကျက်သော အသက်နှစ်ဆယ်အရွယ်အဖြစ် ပြောင်းလဲသွားသော်လည်း ခန္ဓာကိုယ်ကတော့ အရင်လိုပိန်ပိန်လေးပင် ရှိသေးသည်။
အသံအိုးက ပြောင်းလဲသွားပြီး သူ၏အသံက စူးရှရှအသံကဲ့သို့ ပြောင်းလဲသွားသည်။မှောင်ခိုဈေးသို့မသွားမီ အပြင်စည်းဂိုဏ်းသား ဝတ်စုံကို လဲဝတ်ခဲ့သည်။
သူ့လို သာမန်အပြင်စည်းတပည့်ကို ဘယ်သူမှ ဂရုပြုမိလိမ့်မည် မဟုတ်ပေ။
မှောင်ခိုဈေးသည် အပြင်စည်းဂိုဏ်းဌာနနှင့် မိုင်အနည်းငယ် လှမ်းသည့် နေရာတွင်ရှိပြီး ဖန်ရှင်းရောက်ရှိလာသောအချိန်တွင် ကောင်းကင် ၌ပင်လသာနေပြီ ဖြစ်သည်။
မှောင်ခိုဈေး၏ ဝင်ပေါက်တွင် မျက်နှာဖုံးစွပ်ထားသူနှစ်ဦးက ဖန်ရှင်းကို ဟန့်တားလိုက်ပြီး
“နေပါဦးအကိုတော်.. အကိုတော်မှာ လဲလှယ်ဖို့ ဘာပစ္စည်းတွေပါလဲ”
ဖန်ရှင်းက အနည်းငယ်အံ့သြဟန်ဖြင့်
“ငါကဘာမှမပါဘဲ ဒီကိုလာမယ် ထင်နေလား..
ပစ္စည်းမပါဘဲ ငါကဒီနေရာကို ဘာလာလုပ်ရမှာလဲ.. မင်းတို့ကို ဂိုဏ်းနဲ့တိုင်လိုက်ရမလား”
ဖန်ရှင်းက ခြိမ်းခြောက်လိုက်သည်။
“ဂိုဏ်းကိုဒီအကြောင်း မပြောလိုက်ပါနဲ့ အကိုတော်”
“ဂိုဏ်းကဘာမှမသိဘူးလို့ မင်းတို့ထင်နေတုန်းပဲလား
..သူတို့ခွင့်မပြုထားရင် မင်းတို့ဒီလိုလုပ်စားလို့ ရမယ်လို့ထင်လား.. ဂိုဏ်းကမသိဟန်ဆောင်နေတာပဲ ရှိတယ်”
ဖန်ရှင်းက ရယ်လိုက်ပြီး အစောင့်များကို ပြောလိုက်သည်။
ဖန်ရှင်းက ယုစန်းလျန်ပြောပြသော အချက်အလက်ပေါ်မူတည်၍ အစောင့်များကို ခြောက်လိုက်ခြင်း ဖြစ်သည်။
အမှန်တကယ်လည်း ဂိုဏ်းမှမှောင်ခိုဈေးနှင့်ပတ်သက်၍ သိရှိထားသည်။
အပြင်စည်းဂိုဏ်းသား အချင်းချင်း ပြသနာမတတ်သ၍ အရေးယူမည့်ဟန်မရှိဘဲ လွှတ်ထားပေးကြသည်။
ပြသနာတက်ခဲ့လျှင် ဂိုဏ်းမှအကြီးအကဲကို စေလွှတ်ပြီး တားဆီးမည် ဖြစ်သည်။
လွန်ခဲ့သော သုံး..လေးလခန့်က ပါဝင်ခဲ့သော တပည့်သစ်များအတွက်
ယနေ့ပြုလုပ်သော မှောင်ခိုဈေးကွက်သည် များစွာ အရေးပါလေသည်။
သူတို့အားလုံး၏ ကျင့်ကြံမှုအဆင့်သည် ဝိဉာဉ်အဆင့်တစ်နှင့် အဆင့်နှစ်ကြားတွင် ရောက်နေကြပြီ ဖြစ်သည်။
သူတို့အားလုံးသည် မည်သူ့ကိုမှ စိတ်မဝင်စားကြပေ။
မှောင်ခိုဈေး၏ စည်းကမ်းကြောင့် မည်သူမည်ဝါဖြစ်ကြောင်း မေးမြန်း၍မရပေ။
ဖန်ရှင်းကို သာမန်လူတစ်ယောက်ထက်ပို၍ မည်သူမျှ စိတ်မဝင်စားကြ၍ မျက်နှာဖုံးတပ်လာသည်မှာ ချွေးထုတ်သလို ဖြစ်နေသည်။
ယခင်က ယုစန်းလျန်၏ သတင်းပေးချက်အရ အပြင်စည်းဂိုဏ်းသားဆယ့်နှစ်ယောက်သာ မှောင်ခိုဈေးသို့ လာမည်ဆိုသော်လည်း တကယ်တမ်းတွင်မူ အယောက်နှစ်ဆယ်ဝန်းကျင်လောက် ရောက်လာခဲ့သည်။
ထိုသူအားလုံးက မျက်နှာဖုံးတပ်ထား၍ မည်သူမည်ဝါမှန်း အချင်းချင်း မသိရှိကြပေ။
သူတို့အတွက် သတ်မှတ်ထားသော နေရာတွင် နေရာယူလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်နေကြသည်။
အနက်ရောင်မျက်နှာဖုံး ဝတ်ဆင်ထားသူတစ်ဦးက စိတ်မရှည်တော့ဟန်ဖြင့် အော်ပြောလိုက်သည်
“မင်းတို့အခုထိ မစသေးဘူးလား.. ငါတို့က အားနေတာမဟုတ်ဘူး.. စမယ်ဆိုလည်း စလို့ရပြီ”
“အကိုတော်ပြောတာမှန်တယ်.. ငါ့ကိုစတင်ပြီး လုပ်ခွင့်ပြုပါ”
ပြောပြောဆိုဆိုဖြင့် မျက်နှာဖုံးတပ်ထားသော လူတစ်ယောက်က မှောင်ခိုဈေး ကျင်းပရာစင်မြင့်ဆီသို့ ခုန်တက်သွားသည်။
သူကအနီရောင် တောက်ပနေသော ဝိဉာဉ်ကျောက်တုံး၆ တုံးကို ထုတ်ပြလိုက်ပြီး
“ငါတို့အားလုံးက ဂိုဏ်းသားသစ်တွေ ဖြစ်ကြတဲ့အတွက် ဝိဉာဉ်ကျောက်တုံးကိုတော့ လိုအပ်မှာပဲ ဂိုဏ်းအားလုံးရဲ့ သတ်မှတ်ပေးမှုအရ ဝိဉာဉ်ကျောက်တုံးတစ်တုံးကို ရွှေသားတစ်ရာနဲ့ သတ်မှတ်ထားပေမယ့် အခုငါကတစ်တုံးကို ရှစ်ဆယ်နဲ့ရောင်းမယ်”
ထိုလူက ဝိဉာဉ်ကျောက်တုံးတစ်တုံးကို ရွှေသား
နှစ်ဆယ် ဈေးလျော့ပေးထား၍ ဆွဲဆောင်လိုက်သည်။
“လူအုပ်ထဲမှ တစ်ယောက်က ငါစစ်ဆေးလို့ရမလား”
“ငါကဘာလို့အတုတွေကို ရောင်းရမှာလဲ”
ပစ္စည်းပိုင်ရှင်က ခနဲ့လိုက်ပြီး စစ်ဆေးရန် ပေးလိုက်သည်။
ပစ္စည်းပိုင်ရှင်အမျိုးသား၏ အသံကို ကြားလိုက်သောအခါ ဖန်ရှင်းက ရင်းနှီးနေသလို ခံစားနေရသည်။အသိအမြင်ကျမ်းဖြင့် ကြည့်လိုက်ရာ ဖန်ရှင်း၏မျက်နှာက ပြုံးသွားသည်။
ထိုသူသည် လက်နက်တိုက်မှ အစောင့်ခေါင်းဆောင် နှုတ်ခမ်းမွေးပင် ဖြစ်သည်။
နှုတ်ခမ်းမွေးမှလွဲ၍ ဘယ်သူက ထိုသို့ချမ်းသာမှာလည်းဟု တွေးကာ တိုးတိုးလေး ရယ်မောလိုက်သည်။
ဖန်ရှင်းသည် သူ၏အသိအမြင်ကျမ်းစာအုပ်ဖြင့် မှောင်ခိုဈေးသို့ လာရောက်သော သူများ၏ ကျင့်ကြံခြင်းအဆင့်ကို ကြည့်လိုက်သည်။
လူအများစုသည် ဝိဉာဉ်အဆင့်တစ်ဖြစ်ပြီး ဝိဉာဉ်အဆင့်နှစ်သို့ ရောက်နေသောသူ အနည်းငယ်သာ ရှိသည်။
နှုတ်ခမ်းမွေးတစ်ယောက်သာ ဝိဉာဉ်အဆင့်သုံး ဖြစ်သည်။
“ဒါက ဝိဉာဉ်ကျောက်တုံး မဟုတ်လား.. ငါ့ကိုနှစ်တုံးပေး”
ဝဝကစ်ကစ် ကောင်လေးသည် စိတ်လှုပ်ရှားစွာဖြင့် သူ၏သေးငယ်သော လွယ်အိတ်လေးမှ ရွှေများကို ထုတ်ပေးလိုက်သည်။
“အကိုတော် ပစ္စည်းကို သေချာစစ်ဆေးကြည့်ပါဦး”
“မလိုတော့ပါဘူး မင်းကိုငါယုံတယ်”
နှုတ်ခမ်းမွေးနှင့်လူသည် ဝကစ်ကစ် ကောင်လေးပေးသော ငွေအိတ်ကိုလက်ဖြင့် ဆကြည့်ပြီး ပြုံးလိုက်သည်။
ယခုတော့ ဝိဉာဉ်ကျောက်တုံးလေးတုံးသာ ကျန်ရှိတော့သည်။
“ငါ့အတွက် သုံးတုံးပေး”
“ငါ့အတွက်လည်း နှစ်တုံးချန်ထားဦး”
ခဏအကြာမှာပင် ဝိဉာဉ်ကျောက်တုံး ခြောက်တုံး ရောင်းကုန်သွားပြီ ဖြစ်သည်။
မှောင်ခိုဈေးတွင် မည်သည့်ပြသနာမှ မရှိဘဲ
ရောင်းဝယ်လို့ အဆင်ပြေသည်ကို တွေ့ရသောအခါ အချို့သည် သူတို့ပိုင်ဆိုင်သော ဝိဉာဉ်ကျောက်တုံးများကို ရောင်းချကြသည်။
“ကဲ မင်းတို့ရောင်းလို့ပြီးပြီဆိုရင် အခုကငါ့အလှည့်ပဲ.. ငါ့မှာဝိဉာဉ်ကျောက်တုံးနဲ့ လဲလှယ်ချင်တဲ့ ပစ္စည်းတစ်ခုရှိတယ် ဒါပေမယ့် ငါအမှန်အတိုင်းပြောရရင် ဘယ်သူမှ အဲ့ပစ္စည်းကို ဝယ်နိုင်မှာမဟုတ်ဘူး..”
နောက်ထပ် မျက်နှာဖုံးစွပ်ထားသည့် လူတစ်ဦးက စင်ပေါ်သို့တက်လာပြီး သူ၏လက်ကို
တစ်ချက်ဝှေ့ယမ်းလိုက်ရာ အနီရောင်ဓားတစ်လက် ထွက်ပေါ်လာသည်။
အနီရောင်တောက်ပနေသည့်အပြင် တစ်ချက်တစ်ချက် ရွှေရောင်များကပါတောက်ပနေသော်လည်း
အမှန်တကယ် ဆွဲဆောင်နိုင်ခဲ့သည်မှာဓားမဟုတ်ဘဲဓားကထိုသူ၏လက်ထဲသို့ရုတ်တရက်ရောက်လာသောအခိုက်အတန့်တွင်ထိုလူ၏ လက်ထဲတွင်လက်စွပ်တစ်ကွင်းကိုစွပ်ထား သည်ကိုတွေ့ရသည်။
“အဲဒါ..သိုလှောင်လက်စွပ် မဟုတ်ဘူးလား..သိုလှောင်လက်စွပ်ကိုတောင်ပိုင်ဆိုင်တဲ့အပြင်စည်းဂိုဏ်းသားအသစ်လေး”
“လက်စွပ်တင်မဟုတ်ဘူးကွ..သူကိုင်ထားတဲ့ဓားကလည်းဝိဉာဉ်အလယ်အလတ်အဆင့်လက်နက်ဖြစ်လိမ့်မယ်”
လူစုလူဝေးကြီးကအချင်းချင်းတီးတိုးပြောလိုက်ကြပြီးထိုလူငယ်၏ချမ်းသာမှုကိုအံ့သြနေခဲ့ကြသည်။
“ငါ..ချင်းယွင်ဂိုဏ်း ကိုမဝင်ခင်ကရှိသမျှ ရွှေသားတွေနဲ့.. အခုငါကိုင်ထားတဲ့ဝိဉာဉ်အလယ်အလတ်အဆင့်လက်နက်ဖြစ်တဲ့..မြွေကိုးကောင်ဓားကိုဝယ်လိုက်တယ်..ဒါပေမယ့် ငါ့ရဲ့ကျင့်ကြံမှု အဆင့်ကနိမ့်နေလို့ဒီဓားကိုချီဖြည့်ပြီးအသုံးမချနိုင်သေးဘူး..အခုလောလောဆယ် ငါ့အတွက်ဝိဉာဉ်ကျောက်တုံးတွေလိုအပ်နေတယ်..ဒါပေမယ့် ငါ့ရဲ့အိမ်ကနေဒီကိုဝိဉာဉ်ကျောက်တုံးတွေလှမ်းပို့ခိုင်းဖို့ကလည်း..ဝေးလွန်းတာကြောင့်..နှစ်လလောက်တော့ရောက်လာဦးမှာမဟုတ်ဘူး..ဒါကြောင့်ဒီဓားကိုရောင်းဖို့ဆုံးဖြတ်လိုက်တယ်”
ထင်ထားကြသည့်အတိုင်းပင်ထိုလူငယ်၏ လက်နက်သည် ဝိဉာဉ်အလယ်အဆင့်ပစ္စည်းဖြစ်ပြီး..ဈေးနှုန်းက သေးမည်မဟုတ်သောကြောင့်လူအများက…စိတ်ဝင်စားနေကြပြီး..ကွင်းပြင်တစ်ခုလုံးတိတ်ဆိတ်သွားသည်။
လူအုပ်ကြီး၏ငြိမ်သက်နေသည်ကိုတွေ့လိုက်ရသောအခါထိုလူငယ်က
“ငါဒီဓားကိုဝယ်တုန်းကရွှေသားတစ်သောင်းအသုံးပြုခဲ့ရတယ်..အကယ်၍ဝိဉာဉ်ကျောက်တုံးနဲ့တွက်ကြည့်လိုက်ရင်အတုံးတစ်ရာလောက်တော့တန်ဖိုးရှိမယ်..ဒီမှာလူတွေအများကြီးရှိတာတောင်..မဝယ်နိုင်ကြဘူးမလား..ဒီအကြောင်းကို..ဂိုဏ်းထဲကအကိုတော်တွေကိုလည်းပြောပြပေးပါ”
ဓားပိုင်ရှင်လူငယ်သည်သူ၏ဓားကိုဝယ်နိုင်မည့်သူမရှိလောက်ဟုကြိုတင်တွက်ဆထားပုံရသည်။သူသည်တစ်ခါတည်းဓားကိုရောင်းမည့်ပုံမပေါ်ဘဲ.နောက်တစ်ခေါက်ထပ်လာကာရောင်းချဦးမည်ဟုကြေငြာလိုက်သေးသည်။
ဒီဓားကအဖိုးတန်တဲ့အတွက်..ဝိဉာဉ်အဆင့်သုံးကလူတင်မကဘူး.. အဆင့်လေးသမားတွေပါ သဘောကျမည့်လက်နက်ဆိုတာ.. ကြည့်တာနဲ့သိနိုင်သည်။
“လူငယ်လေး..မင်းရောင်းချဖို့အတွက်..စိတ်ပူစရာမလိုပါဘူး..မှောင်ခိုဈေးမှာဒီလောက်ကောင်းတဲ့ ပစ္စည်းရောင်းချမယ်လို့မထင်ခဲ့မိဘူး။ဒီဓားကို..ငါအရမ်းသဘောကျတယ်.. နောက်တစ်ခေါက်ကျရင်ဒီဓားကိုငါဝယ်မယ်”
နှုတ်ခမ်းမွေး၏မျက်လုံးများကလင်းလက်နေသည်။သူသည်ဝိဉာဉ်လက်နက်တိုက်တွင်အလုပ်လုပ်လာခဲ့သူဖြစ်၍ဝိဉာဉ်လက်နက်နှင့်ပတ်သက်၍ကောင်းစွာအကဲဖြတ်နိုင်သူဖြစ်သည်။
End.. Chapter 12