Switch Mode

Chapter – 61 & 75

အပိုင်း(၆၁) အစ်ကိုကြီး၏ မူလရည်ရွယ်ချက်

“ကြောင်တစ်ကောင်မှာ ဒီလို ပြင်းထန်တဲ့ ဖိနှိပ်မှု ဘယ်လိုရှိနိုင်မှာလဲ”

ကျန်းလျှိုယင်းက ယခုအခါတွင် လုံးဝ ချုပ်နှောင်ခံထားရသည်။

သူမ၏ အံ့အားသင့်ပြီး ဖြူဖျော့သော အမူအရာက ကြောက်ရွံ့မှုကို သက်သေပြနေသည်။

သူမ ခန္ဓာကိုယ်ကဲ့သို့ပင် သူမ၏ လျှာသည်လည်း ထုံကျင်လာပြီး စကားမပြောနိုင်တော့ပေ။

ဤအခြေအနေမျိုးတွင် သူမက ငရဲကျောက်တုံး၏ တည်နေရာ ရွှေ့ပြောင်းခြင်း အစွမ်းကိုပင် အသုံးမပြုနိုင်တော့ချေ။

ယင်းအခိုက်အတန့်တွင် ကျန်းလျှိုယင်းက အစ်မဖြစ်သူ၏ စကားများကို ပြန်သတိရမိသော်လည်း နောင်တရရန် အချိန်နှောင်းသွားပြီ ဖြစ်၏။

သူမ အစောပိုင်း ကတည်းက ပြန်ဆုတ်သင့်သည် မဟုတ်လော။

တကယ်တမ်းတွင် ဝမ်လင်းက ကျန်းလျှိုယင်းကို ဖိနှိပ်ရန် သူ၏ အရှိန်အဝါနှင့် ဖိနှိပ်မှု စွမ်းအားကို မထုတ်ဖော်ခဲ့ပေ။

မိန်းကလေးက တစ်စုံတစ်ရာ နားလည်မှု လွဲသွားပုံရသည်ဟု ဝမ်လင်း ခံစားလိုက်ရသည်။

အကြောင်းပြချက်မှာ အလွန်ရိုးရှင်းသည်။

ဖိနှိပ်မှုစွမ်းအားကို ထုတ်လွှတ်ခြင်းသည် မဟာတာအို ၃၀၀၀ ထဲမှ စွမ်းရည်တစ်မျိုး ဖြစ်၏။

အကယ်၍ သူသာ ဖိနှိပ်မှု စွမ်းရည်ကို ဤအခြေအနေတွင် ပေါ့ပေါ့ဆဆ ထုတ်သုံးခဲ့လျှင် ဤမိန်းကလေး၏ အသားက ပျော့အိအိ အဖြစ်သို့ တွဲကျသွားလိမ့်မည် မဟုတ်လော။

ထို့အပြင် သူ၏ မိုက်မဲသော အကိုကြီး နှင့် ကြောင်အုပ်စုသည်လည်း ပြာဖြစ်သွားလိမ့်မည်။

အမှန်တကယ်တွင် ဝမ်လင်း၏ သူ့အလိုလို တုံ့ပြန်နိုင်သောခန္ဓာကိုယ်ကြောင့်သာ ကျန်းလျှိုယင်းက သူမ၏ စွမ်းအားကို ထိန်းချုပ်မရခဲ့ခြင်း ဖြစ်၏။

သူ့ခန္ဓာကိုယ်က ဖိနှိပ်လာသော အင်အားထက် နှစ်ဆများသော အင်အားဖြင့် တန်ပြန် သက်ရောက်နိုင်စွမ်း ရှိသည်။

၎င်းက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို တန်ပြန်သည့် ထိုက်ကျိ သဘောတရားနှင့်လည်း တူညီသည်။

ဥပမာပြရလျှင် အရိပ်လုပ်ကြံသူ အဖွဲ့အစည်းမှ ရှယင်းကို ပြရမည် ဖြစ်သည်။

ထိုအချိန်က ရှယင်းမှာ ဝမ်လင်း၏ ခန္ဓာကိုယ် တုံ့ပြန်မှုကြောင့် အသေဆိုးဖြင့် သေခဲ့ရသည်။

ဝမ်မင်အတွက်မူ ပြန်လည် ခုခံနိုင်စွမ်း မရှိသော ဤမိန်းကလေးမှာ အနည်းငယ် ရယ်စရာ ကောင်းနေပုံရသည်။

ထိုအချိန်တွင် ဝမ်မင်က သူ၏ ကိုယ်ပိုင်ဝိသေသ လက္ခဏာကို ရိပ်စားမိလောက်ပြီဟု ဝမ်လင်းက သိလိုက်သည်။

သဘောကျသည်ဖြစ်စေ.. သဘောမကျသည်ဖြစ်စေ.. သူတို့ နှစ်ယောက်က ဆက်ဆံရေးကောင်းများ မရှိကြသော်လည်း ထူးခြားသည့် အခြေအနေများတွင် အတူတကွ ကောင်းမွန်စွာ ညှိနှိုင်းတတ်ကြသည်။

နံရံကို ဖောက်ခွဲ၍ ဖွင့်လိုက်သည့် အချိန်ကတည်းက ဝမ်လင်းဖြစ်ရမည်ဟု ဝမ်မင်က သိထားပြီးသား ဖြစ်၏။

သူက လက်ပတ်နာရီကို ကြည့်လိုက်သည်။

တာအိုအဆောင် သက်တမ်း ကုန်ဆုံးရန် ဆယ်မိနစ်ပင် မလိုတော့ချေ။

သူက တာအို အဆောင်ကို ထုတ်ယူကာ ဝမ်လင်း၏ လက်မောင်းတွင် သတိကြီးစွာ ရစ်ပတ်ပေးလိုက်သည်။

အဆုံးသတ်တွင် တာအိုအဆောင် စည်းတံဆိပ်ကို ဝမ်လင်း၏ ကိုယ်ပေါ်တွင် တပ်ဆင်နိုင်ခဲ့၏။

ဝမ်လင်းက သူ့ခြေထောက်တွေကို စစ်ဆေးလိုက်သည်။

သူ မျှော်လင့်ထားသလိုပင် တာအိုအဆောင် အသစ်က အဟောင်းထက် များစွာ ပိုအားကောင်းနေသည်။

သူ၏ ခွန်အားကို ပြင်းပြင်းထန်ထန် ထိန်းချုပ်ထားသည်အား ရှင်းရှင်းလင်းလင်း သိနိုင်၏။

တာအိုအဆောင်က သုံးလအကြာတွင် စွမ်းအားများ လျော့ကျ သွားလေ့ ရှိသည်။

ထို့ကြောင့် နောက်သုံးလ အတွင်း ဝမ်လင်းက သူ၏ ရုန့်ရင်းသော စွမ်းအားနှင့် ပတ်သက်ပြီး စိတ်ပူစရာမလိုတော့ပေ။

ရေဒီယို ကျွမ်းဘား အားကစားတွင်လည်း ထိန်းချုပ် ထားစရာမလိုဘဲ ခုန်ပေါက်နိုင်တော့မည် ဖြစ်၏။

ယင်းက သတင်းကောင်း တစ်ခုလည်း ဖြစ်သည်။

ခေါက်ဆွဲကြွပ်ကြော်မုန့် စားရတာထက်ပင် သူ့ကို ပိုပျော်စေသည်။

“ဒီတစ်ခေါက် တာအို အဆောင်ကို ဖန်တီးဖို့ အတွက် လွန်ခဲ့တဲ့ သုံးနှစ်လောက်က ပစ္စည်းတွေကို သန့်စင်ပြီး ပစ္စည်း အသစ်အဆန်းတွေနဲ့ ပေါင်းစည်းထားတယ်.. ဒီတာအိုအဆောင်က ငါးနှစ်လောက်တော့ ခံမယ်လို့ ငါမှန်းထားတယ်.. ဒါက မင်းအတွက် လုံလောက်တဲ့အချိန် ဖြစ်မှာပါ”

ဝမ်လင်းက စိတ်ဖတ်စွမ်းရည်ဖြင့် ရှင်းလင်းစွာ ကြားနိုင်သည်ကို သိသောကြောင့် ဝမ်မင်က ကျယ်လောင်စွာ ပြောမည့်အစား စိတ်ထဲကနေ တဆင့် ဆက်သွယ်၍ ပြောလိုက်သည်။

ပတ်ဝန်းကျင်တွင် ပြင်ပလူတွေ ရှိနေ၍ တာအိုအဆောင်၏ လျှို့ဝှက်ချက်ကို သူတို့ ပေါက်ကြား၍ မဖြစ်ပေ။

တစ်နည်းအားဖြင့် ဝမ်လင်း၏ ထိန်းချုပ်၍ မရနိုင်သော ခွန်အား တိုးတက်မှုများမှာ ဟွာရှို့နိုင်ငံ၏ အစွမ်းထက်ဆုံးသော ဦးနှောက်ဖြစ်သည့် သူ့ကို ကာကွယ်ရန်ထက်ပင် ပို၍ အရေးကြီးသော နိုင်ငံတော် လျှို့ဝှက်ချက် ဖြစ်သည်ဟု ဝမ်မင် ခံစားခဲ့ရသည်။

ဤကိစ္စကို သူက လျှို့ဝှက်ချက်လို သဘောထားသည်။

သူက ဤအကြောင်းများကို အပြင်လူ ပေးမသိဟု ဝမ်လင်း၏ မိဘတွေကို ကတိပေးခဲ့သည်။

သူ့မိဘတွေပင် မသိခဲ့ချေ။

သူသာ ဖော်ထုတ်ခဲ့မည် ဆိုလျှင် နောက်ဆက်တွဲအနေဖြင့် အဆုံးမဲ့စစ်ပွဲများ ဖြစ်လာနိုင်ချေ ရှိသည်။

ဝမ်လင်းက စစ်ယန္တရား အဖြစ် နိုင်ငံတော်၏ သိမ်းယူခြင်းကို ခံရပေလိမ့်မည်။

ထို့ကြောင့် ဝမ်မင်က ဝမ်လင်း၏ ကိစ္စရပ်များကို အလွန် အလေးအနက် ထားပြီး အာရုံစိုက်ခဲ့သည်။

ဝမ်လင်း အတွက် ယခုထက်ပိုပြီး အစွမ်းထက်သည့် တာအိုအဆောင်ကို ဖန်တီးရန် တစ်ချိန်လုံး သုတေသန လုပ်နေရုံတင် မကဘဲ ဤလျှို့ဝှက်ချက်နှင့် ပတ်သက်ပြီး သူ့နှုတ်ခမ်းတွေကို တင်းတင်းကြပ်ကြပ် စေ့ထားခဲ့သည်။

ဝမ်လင်းအနေဖြင့်လည်း အနည်းဆုံးတော့ သူနှင့် ဝမ်မင်က ဤကိစ္စအပေါ် စိတ်သဘောထားချင်း တူညီသည်ဟု တွေးမိခဲ့သည်။

သူ့ဆန္ဒက ကမ္ဘာကြီး ငြိမ်းချမ်းဖို့ ဖြစ်၏။

ယင်းမှာ ဝမ်မင်၏ ဆန္ဒနှင့် အတူတူပင်။

မလှုပ်မယှက်ဖြစ်နေသော ကျန်းလျှိုယင်းကို ကြည့်ရင်း ဝမ်မင်က ခေါင်းလှည့်၍ ဝမ်လင်းကို မေးလိုက်သည်။

“ဒီအလှလေးကို ငါတို့ ဘာလုပ်သင့်လဲ”

ဝမ်လင်းက မျက်ခုံးပင့်လိုက်သည်။

တခြား ဘာလုပ်နိုင်မည်နည်း။

သူမကို နိုင်ငံတော် လက်ထဲသို့ အပ်လိုက်သည်ကသာ အကောင်းမွန်ဆုံး ဆုံးဖြတ်ချက် ဖြစ်သည် မဟုတ်လော။

သူ့အနေဖြင့် အစကတည်းက သူမကို သတ်ပစ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် နိမ့်ကျသည့် လုပ်ကြံရေးသမား တစ်ယောက်က သူ့အတွက် တန်ဖိုးမရှိ၍ ဖြစ်၏။

အကယ်၍သာ သူမကို ကျင့်ကြံခြင်း ရဲများထံ အပ်လိုက်လျှင်အရိပ်အဖွဲ့အစည်းကို စုံစမ်းစစ်ဆေးမှုက သိသိသာသာ အရှိန်မြင့်သွားလိမ့်မည် မဟုတ်ပါလား။

လူသတ်သမား တစ်ယောက်ကို ချေမှုန်းလိုက်လျှင်ပင် ထောင်သောင်းချီသည့် တခြားသူတွေက ရှိနေတုန်းပင်။

ထို့ကြောင့် နိုင်ငံတကာက အလိုရှိနေသည့် ​အဖွဲ့အစည်း တစ်ခုကို အရင်းအမြစ်မှ ဖယ်ရှားနိုင်စေရန် ကျင့်ကြံခြင်းရဲများကို ကူညီပေးသင့်သည် မဟုတ်လော။

ယင်းမှာ ကျင့်ကြံခြင်း၏ အဓိက တန်ဖိုးများကို လက်ကိုင်ထားသော စံပြနိုင်ငံသား တစ်ဦး၏ အခြေခံအရည်အသွေးလည်း ဖြစ်သည်။

ဝမ်လင်းက ဤလုပ်ရပ် အတွက် အရိပ်အဖွဲ့ကို အကြွေးတောင်းရန် အစီအစဉ် မရှိပေ။

အဆုံးသတ်တွင် သူက ဤအရှုပ်အထွေးကို ဖြေရှင်းရန် ဟွာရှို့နိုင်ငံ၏ စွမ်းအားအရှိဆုံး ဦးနှောက်ကိုသာ လိုအပ်မည် ဖြစ်သည်။

ဝမ်မင်က အရိပ်အဖွဲ့ ခိုးယူသွားသော ငရဲကျောက်တုံးကို ပြန်လည်ရယူရန် ကျန်းလျှိုယင်း၏ အိတ်ကပ် အားလုံးကို ရှာဖွေလိုက်သည်။

သူမ၏ မလှုပ်မယှက် ပုံစံက နေကြာပန်း အပ်စိုက် စွမ်းရည်ကြောင့် အကြောဆိုင်းနေသည်နှင့် တူနေသည်။

ဝမ်မင်က သူမကို လက်ညှိုးထိုးပြပြီး စိတ်ထဲကနေ သက်ပြင်းချကာ ပြောလိုက်သည်။

“သူ့ကို ကြိုးတုပ်ထားလိုက်”

ဝမ်လင်းက ခဏလောက် စဉ်းစားပြီးနောက် ဝမ်မင် ပြောသည့်အတိုင်း လုပ်ဆောင်ရန် ကျန့်ထန်တို့ကို အမိန့်ပေးလိုက်သည်။

ဝမ်လင်းက သူ့အစ်ကိုနှင့် တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ဖြစ်နေသည်ဟု ပထမဆုံး အကြိမ် ခံစားခဲ့ရသည်။

……………….

ကြောင်တပ်မဟာက တပ်ဆုတ်သွားပြီး ကျန့်ထန်၊တာပေါင်း၊ဘုန်းကြီးနှင့် အခြား ကြောင်တချို့သာ အားကစားရုံ တံခါးနားတွင် ကျန်ရစ်ခဲ့သည်။

ကျန်းလျှိုယင်းကမူ ကောက်ညှင်းထုပ်လို ချည်နှောင် ခံထားရသည်။

ကျန့်ထန်က ဝမ်လင်း၏ အဖြူရောင် လက်သည်းလေးကို ဆုပ်ကိုင်လိုက်ပြီး မျက်ဝန်းထဲတွင် မျက်ရည်စများ ရစ်ဝဲလာသည်။

“ဒီတစ်ခေါက် အင်မော်တယ်ကြောင်နဲ့ တွဲပြီး စစ်ဆင်ရေး လုပ်ရတာ အံ့သြစရာ အတွေ့အကြုံပဲ.. စိတ်မပူပါနဲ့ အင်မော်တယ်ကြောင်.. ကျနော့်ရဲ့ အင်ဂျင်နီယာ အဖွဲ့က ဒီအပေါက်ကို ပြုပြင်ဖို့ အမြန်ဆုံး လုပ်ဆောင်လိုက်ပါ့မယ်”

ဝမ်လင်း “……………”

ကျန့်ထန်၏ အခြေစိုက်စခန်းတွင် တွေ့ခဲ့ရတဲ့ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ကြောင်သုတေသန ပညာရှင်တွေကို ပြန်အမှတ်ရသွားသည်။

ဤသုတေသန အဖွဲ့က နှစ်နှစ်သုံးနှစ် အတွင်း ရီတာလီအမြောက်ကို ဖန်တီးနိုင်ခဲ့လျှင်ပင် သူ အံ့သြမိမည် မဟုတ်ချေ။

ဝမ်လင်းက ဘာမှပြန်မပြောဘဲ ကျန့်ထန်နှင့် အခြားကြောင်များကို လက်ပြ နှုတ်ဆက်လိုက်ပြီး သူ၏ အံ့အားသင့်မှုများကို နှလုံးသားထဲတွင်သာ ဖုံးကွယ်ထားလိုက်သည်။

လေလွင့်ကြောင်များက အင်မော်တယ်ကြောင်နှင့် ခွဲခွာရတော့မည် ဖြစ်၍ ကြေကွဲနေကြသည်။

၎င်းတို့က ဝမ်လင်း ပျောက်ကွယ်သွားသည် အထိ မျက်စိတဆုံး လိုက်ကြည့်နေကြပြီး ၎င်းတို့၏ ခြေထောက်များကို ဝှေ့ယမ်း၍ နှုတ်ဆက်လိုက်ကြသည်။

အင်မော်တယ်ကြောင်နှင့် အတူ တိုက်ပွဲဝင်ခွင့်ရသည်က ကြောင်သမိုင်းတွင် မှတ်တမ်းတင် ခံရထိုက်သည်ဟု တွေးကာ ကျန့်ထန်က ဂုဏ်ယူနေမိသည်။

ဤတစ်ခေါက် ကျန့်ထန်၏ အကူအညီသာ မရခဲ့လျှင် မည်သို့​သော အကျိုးဆက်များ ဖြစ်လာနိုင်သည်ကို မည်သူမှ မသိနိုင်ပေ။

ဝမ်လင်းက ရုတ်တရက် သူတို့ အနားသို့ ချဥ်းကပ်လာသည့် အရှိန်အဝါကို သတိပြုမိလိုက်သည်။

ယင်းက ဆရာဝမ်၏ အရှိန်အဝါ ဖြစ်သည်။

ဝမ်လင်းက သူ၏ ဝိညာဉ်အာရုံများကို ဖြန့်ကျက်လိုက်ရာ ဤနေရာနှင့် သိပ်မဝေးသော နေရာတွင် ဆရာဝမ်နှင့် ဒါရိုက်တာရှဲ့တို့ လက်ချင်းချိတ်ကာ လမ်းလျှောက်ရင်း နီးကပ်လာသည်ကို သဘောပေါက်လိုက်သည်။

ဝမ်မင်က ရုတ်တရက် ဆရာဝမ်တို့ကို မြင်လိုက်သောကြောင့်အံ့အားသင့်သွားသော်လည်း လျင်မြန်စွာ ပြုံးကာ သူတို့ထံသို့ လျှောက်လာခဲ့သည်။

“မင်္ဂလာပါ ဆရာတို့”

ဤအချိန်က သူ၏ သရုပ်ဆောင် စွမ်းရည်ကို ပြသရမည့် အချိန် မဟုတ်လော။

ဒါရိုက်တာရှဲ့ “ကျောင်းသား မိသားစုဝင် တစ်ယောက်က ဒီအချိန်ကြီး ဘာလို့ ဒီမှာ ရှိနေရတာလဲ..”

ထူးဆန်းသည်မှာ မနက်ဖြန်တွင် ကျင်းပမည့် ဝိညာဥ်ဓားဖလှယ်ပွဲ ချောမွေ့စွာ ပြီးဆုံးစေရန် အတွက် ပြဿနာရှိသောရေပြင်တွင် ငါးဖမ်း သလို အုပ်ထိန်းသူများ အဖြစ် အသွင်ယူထားနိုင်သည့် ရာဇ၀တ်ကောင်များကို တားဆီးရန် အတန်းချိန်ပြီးသည်နှင့် ကျောင်းသားများကို စာသင်ခန်းထဲတွင် ထားရန် ခွင့်မပြုကြောင်း တာဝန်ခံ ဆရာ၊ ဆရာမ အားလုံးကို အကြောင်းကြားခဲ့သည်။

(ပြဿနာရှိသော ရေတွင် ငါးဖမ်းခြင်း= ကိုယ်ကျိုးစီးပွားအတွက် သူတပါး အကျပ်အတည်းကို အခွင့်ကောင်းယူသည်ဟု ဆိုလို)

ထို့ကြောင့် ဆရာဝမ်နှင့် ဒါရိုက်တာရှဲ့ တို့က ဝမ်မင်ကို ချက်ချင်း သတိထားမိခဲ့ကြသည်။

ဤအရာက အထူးဆန်းဆုံး အရာ မဟုတ်သေးပေ။

အထူးဆန်းဆုံးမှာ ထိုလူငယ် ဘေးတွင် သတိလစ်နေသော မိန်းကလေး တစ်ယောက်ကို ကောက်ညင်းထုပ်လို ချည်နှောင်ထားသည်အား တွေ့လိုက်ရခြင်းပင်။

ဒါက Cosplay သို့မဟုတ် ကျွန်ပြု ကစားခြင်းလော။

(Cosplay= ကာတွန်း ၊ ဗီဒီယိုဂိမ်း၊ ရုပ်ရှင်များမှ ဇာတ်ကောင်များအတိုင်း ဝတ်ဆင်၍ ဖျော်ဖြေရသည့် အနုပညာတစ်ခု)

“မင်းက ဘယ်သူလဲ”

“ကျွန်တော်က ဝမ်လင်းရဲ့ အစ်ကို ဝမ်ရှောင်အာပါ.. ဝမ်လင်းကို ရှာဖို့ ဒီကိုရောက်နေတာပါ”

ဝမ်မင်က သူ၏ ID ကတ်ကို ထုတ်ပြလိုက်သည်။

“အိုး.. ဝမ်လင်းရဲ့ အစ်ကိုကြီးလား”

ဆရာဝမ်က ID ကတ်ကို စစ်ဆေးပြီး ဝမ်မင်၏ အထောက်အထားကို အတည်ပြုပြီးနောက် ဒါရိုက်တာရှဲ့ဘက်သို့ လှည့်၍ ရှင်းပြလိုက်သည်။

“သူက ကျောင်းသားဝမ်လင်းရဲ့ အကိုပါ.. ဝိညာဥ်ဓား ဖလှယ်ပွဲအတွက် ဒီကို ရောက်လာတာလေ”

“အိုး.. ကျမ သဘောပေါက်ပြီ”

ဆရာဝမ်၏ ရှင်းပြချက်ကို ကြားလျှင် ဒါရိုက်တာရှဲ့က သူမ၏ မသင်္ကာစိတ်ကို လျော့ချလိုက်သည်။

“ဒါနဲ့ ဒီအချိန်ကြီး ဒီမှာ ဘာလုပ်နေတာလဲ”

“ပထမ ငါ့ရဲ့ ရည်ရွယ်ချက်က ဝမ်လင်းကို ရှာဖို့ပဲ.. ဒါပေမဲ့ သူ့ကို ရှာမတွေ့ခင်မှာ အရိပ်အဖွဲ့က ရွှေရောင် ဖဲပြားအဆင့် လုပ်ကြံသတ်ဖြတ်သူနဲ့ ထိပ်တိုက် ဆုံခဲ့တယ်.. သူမကို ဆုံးမရင်း ငါ့ရဲ့ အချိန်တချို့ကို ဖြုန်းတီးခဲ့ရတယ်”

ဝမ်မင်က မြေပြင်ပေါ်ရှိ “ကောက်ညင်းထုပ် လက်သစ်”ကို လက်ညှိုးထိုးပြလိုက်သည်။

“အရိပ်အဖွဲ့က ရွှေရောင် ဖဲပြားအဆင့် လုပ်ကြံသတ်ဖြတ်သူ…”

ဒါရိုက်တာရှဲ့က အံသြသွားသည်။

လုပ်ကြံသတ်ဖြတ်သူ တစ်ဦးက မည်သူမှ သတိမပြုမိဘဲ ကျောင်းထဲသို့ ဝင်သွားခဲ့သည်။

ယင်းက လေးနက်သည့် ကိစ္စတစ်ခု ဖြစ်သည်။

“ဒီမိန်းကလေးက အရိပ်အဖွဲ့ရဲ့ လုပ်ကြံသူ ဆိုတာ သက်သေရှိလား”

ဒါရိုက်တာရှဲ့က သံသယရှိနေဆဲ ဖြစ်သလို ဆရာဝမ်တွင်လည်း သံသယအချို့ ရှိနေသည်။

သူစိမ်းတစ်ယောက်၏ စကားကို လုံးလုံး ယုံကြည်နေစရာ အကြောင်း မရှိချေ။

“ဆရာနှစ်ယောက်က ငါ့စကားကို မယုံရင် ဒီမိန်းကလေးရဲ့ လက်မောင်းနားက ဖဲကြိုးကို ကြည့်ပြီး အမှန်တရားကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးကြည့်လိုက်ပါ”

ကျန့်ထန်က ကျန်းလျှိုယင်းကို ကြိုးနှင့် ချည်တုန်းက ဝမ်မင်က သူမ၏ လက်မောင်းကို သတိပြုမိခဲ့သည်။

အရိပ်အဖွဲ့၏ ဖဲပြားက အထူးပစ္စည်း တစ်ခုဖြင့် ပြုလုပ်ထား၏။

ကျန်းလျှိုယင်း လက်မောင်းရှိ ရွှေရောင်ဖဲပြားက လူသတ်သမား၏ အထောက်အထား အစစ်အမှန်ကို တိုက်ရိုက် သက်သေပြနေသည်။

ကောင်မလေး၏ လက်မောင်းပေါ်မှ ဖဲပြားကို စစ်ဆေးကြည့်ရင်း ဆရာဝမ်၏ စိတ်ထဲတွင် အလွန် တုန်လှုပ်သွားသည်။

ရွှေရောင်ဖဲပြား အဆင့် လူသတ်သမား အစစ်ပါလား…

သူက လုပ်ကြံရေး လောကနှင့် ပတ်သက်သည့် အရာများကို ထူးထူးခြားခြား အာရုံခံစားတတ်သူ ဖြစ်သည်။

ထို့အပြင် ကောက်ညင်းထုပ်လို ချည်ထားခံရသော်လည်း ဖုံးကွယ်၍ မရနိုင်လောက်အောင် ကြီးမားနေသော ရင်-သားများ ပိုင်ဆိုင်ထားသည့် မိန်းကလေးကို ကြည့်ရင်း ဆရာဝမ်က တွေးမိသည်။

ဤလုပ်ကြံသူ မိန်းကလေးက ဒဏ္ဍာရီလာ အရိပ်အဖွဲ့အစည်း၏ အမှုဆောင်တစ်ဦး ဖြစ်နိုင်ပါမည်လော။

အပိုင်း(၆၁) ပြီး၏

အပိုင်း(၆၂) ကျနော်၏ မိုက်မဲသော အကိုကြီး

ဖြစ်နိုင်ခြေ အားလုံးကို စဥ်းစားကြည့်လျှင် သူမက ရင်သား ၃၆ဆိုဒ် ရှိသည့် ဒဏ္ဍာရီလာ အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ ခေါင်းဆောင်ပင် ဖြစ်နေလောက်သည်။

သူမကို စစ်ဆေး မေးမြန်းရန် အတွက် ဖမ်းဆီးသွားပြီး ဝမ်မင်က သက်သေအဖြစ် လိုက်သွားရမည် ဖြစ်သည်။

ကျန်းလျှိုရင်းက ဝမ်မင် ကိုယ်တိုင် ဖမ်းလာသော တရားခံဖြစ်၍ ရဲစခန်းတွင် အဖြစ်အပျက်များကို ရှင်းပြပေးရန် လိုအပ်သည် မဟုတ်ပါလား။

ဆရာဝမ်နှင့် ဒါရိုက်တာရှဲ့က ဝမ်မင်ဆီသို့ ရောက်လာသည်။

ဒါရိုက်တာရှဲ့က ဆရာဝမ်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

“လူဆိုးလူမိုက်တွေရဲ့ အစီအစဥ်တွေ လွဲချော်ကုန်တာ ဆရာလေးဝမ်ရဲ့ ကျေးဇူးကြောင့်ပဲ.. မဟုတ်ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်မလည်း ဆိုတာ ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး”

“ဒါရိုက်တာရှဲ့.. မင်းက ငါ့ကို မြှောက်နေပြန်ပါပြီ..ငါက လုပ်သင့်တာကို လုပ်လိုက်တာပါ.. တရားမျှတမှုကို လက်ကိုင်ထားရမှာက ကျင့်ကြံသူတွေရဲ့ ကိုယ်ကျင့်တရားပဲ မဟုတ်လား”

“ဒါပေမယ့် ငါ အရမ်းသိချင်နေတယ်.. ဆရာလေးဝမ်ရဲ့ ဝိညာဉ်စွမ်းအင်ကို ဘာလို့ အရိပ်အမြွက်တောင် ခံစားလို့မရတာလဲ.. ဆရာလေးဝမ်.. နင့်မှာ အရှိန်အဝါကို ဖုံးကွယ်တဲ့ မှော်ရတနာ တစ်ခုခုများ ရှိနေလို့လား”

“မှော်ရတနာ တစ်ခုခု ဟုတ်လား.. ငါ့ရဲ့ အဆင့်က မှော်ရတနာ တစ်ခုခု လိုအပ်လို့လား”

ဝမ်မင်က လျှို့ဝှက်နက်နဲစွာ ပြုံးလိုက်ပြီး ခေါင်းကို ခါယမ်းလိုက်သည်။

ဝမ်မင်၏ စကားက ဒါရိုက်တာရှဲ့နှင့် ဆရာဝမ်တို့ကို ချက်ချင်းဆိုသလို လန့်ဖြန့်စေခဲ့သည်။

အကယ်၍ ဤလူငယ်သာ ‌အရှိန်အဝါကို မှော်ရတနာဖြင့် ဖုံးကွယ်မထားလျှင် သူတို့ထက် အလွန်မြင့်မားသည့် နယ်ပယ်တွင် ရှိနေသည်ဟု ကောက်ချက်ချရန်သာ ကျန်တော့သည် မဟုတ်ပါလော။

ဆရာဝမ်က သက်ပြင်းကိုပင် မချနိုင်တော့ပေ။

“ဆရာလေးဝမ်က ငယ်ငယ်ရွယ်ရွယ်နဲ့ လျှို့ဝှက်နက်နဲတဲ့ စွမ်းအားတွေ ရှိလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ.. ငါ မင်းကို တကယ်ပဲ လေးစားမိတယ်”

ဝမ်လင်း “………….”

ဝမ်လင်း “မင်း သူတို့ကို လှည့်စားရတာ ပျော်နေတယ် မဟုတ်လား”

“ဒါ ဆရာလေးဝမ်ရဲ့ ကြောင်လား.. ဆရာလေးဝမ် နောက်ကို တကောက်ကောက် လိုက်နေတယ်နော်”

သူတို့ စကားပြောနေစဥ် ဒါရိုက်တာရှဲ့က ဝမ်လင်းကို သတိထားမိလိုက်သည်။

ဝမ်လင်းက လုပ်ကြံသူ လမ်းတစ်ဝက်တွင် သတိရလာမည်ကို စိုးရိမ်၍ ဝမ်မင်နောက်သို့ လိုက်လာခဲ့ခြင်း ဖြစ်သည်။

ပိုပြီး သေချာအောင် သူမကို ကောက်ညင်းထုပ်လို ထပ်စည်းရမလားဟုပင် အစောပိုင်းက တွေးနေခဲ့သေးသည်။

ဝမ်မင်က လုပ်ကြံသူကို ရဲလက်ထဲ အပ်ပြီးမှသာ သူသက်ပြင်းချနိုင်မည် ဖြစ်၏။

ဝမ်မင်က ဝမ်လင်းထံ မသွားခင် ခွင့်နှစ်ရက် တောင်းခံခဲ့သည်။

သို့သော် ခွင့်ပြုချက်မရ၍ သုတေသနဌာနမှ ခိုးထွက်လာခဲ့၏။

ထို့ကြောင့် ဟွာရှို့အစိုးရက ဝမ်မင်ကို ကာကွယ်ရန် သက်တော်စောင့် မထည့်ပေးလိုက်ရချေ။

ဤနေရာ၌ အစွမ်းအထက်ဆုံး ဦးနှောက်သာ တစ်ခုခုဖြစ်ခဲ့လျှင် ဟွာရှို့အစိုးရ အနေဖြင့် မည်မျှ အထိတ်တလန့် ဖြစ်မည်ကို ဝမ်လင်း စိတ်ပင် မကူးရဲချေ။

ထိုသို့ဖြစ်လာလျှင် အမှတ်၅၉ အထက်တန်းကျောင်းနှင့် အမှတ်၆၀ အထက်တန်းကျောင်း တို့က စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးခံရမည်မှာ မလွှဲဧကန် ဖြစ်သည်။

ဝမ်မင်၏ လျှို့ဝှက် အထောက်အထား အတွက် ဘယ်အရာကမှ အတားအဆီး ဖြစ်နိုင်မည် မဟုတ်ချေ။

ဝန်ခံလိုစိတ် မရှိသော်လည်း ဝမ်လင်းက ယခုအခါတွင် သူ၏ မိုက်မဲသော အကိုဖြစ်သူနှင့် တစ်လှေတည်းစီးဟု ဆိုရမည်။

ဝမ်လင်းက ဝမ်မင်၏ လုံခြုံရေးကို သေချာစေရန် ရဲများ ရောက်ရှိလာချိန် အထိ သူ့နောက်သို့ လိုက်ပါ စောင့်ရှောက်ပေးရန် ဆုံးဖြတ်ခဲ့၏။

ဤကဲ့သို့ အချိန်တွင် ဒါရိုက်တာရှဲ့က သူ့ကို ရုတ်တရက် သတိထားမိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

တစ်ချို့သော လူများ၏ “မိုက်မဲမှု”က သူတို့၏ ဉာဏ်ရည်နှင့် စိတ်ခံစားချက် ပေါ်တွင် ထင်ဟပ်နေသော်လည်း ဝမ်မင်၏ “မိုက်မဲမှု”ကမူ အမျိုးသမီးများ အထင်ကြီးအောင် လုပ်ဆောင်ခြင်း၊ ကျင့်ကြံသူအဖြစ် ဟန်ဆောင်ခြင်းများ အပြင် နေ့စဉ်ဘ၀၏ အသေးစိတ် အချက်အလက်များ အပေါ်၌ ထင်ဟပ် နေသည်။

သို့သော် ၎င်းတို့နှင့် မတူညီသော အချက်မှာ ဝမ်မင်က အရေးပေါ် အခြေအနေများတွင် လျင်မြန်စွာ တုံ့ပြန်နိုင်စွမ်း ရှိသည်။

“ဒါရိုက်တာရှဲ့က ဒီကြောင်ကို ပြောတာလား… ဒီကြောင် ငါ့နောက်ကို တကောက်ကောက် လိုက်နေတာ ငါ့မှာ ဆွဲဆောင်မှုတစ်ခုခု ရှိလို့ နေမှာပေါ့”

ဝမ်လင်း”…………..”

ဝမ်လင်း “မင်းရဲ့ဖင်ပဲ ဆွဲဆောင်မှုရှိ…”

ဒါရိုက်တာရှဲ့က ဝမ်လင်းကို ရည်ရွယ်၍ ပြောတာကို ကြားလျှင် ဝမ်မင်က အနည်းငယ် ကောက်ကျစ်စွာ ပြုံးလိုက်သည်။

ထို့နောက် သူက ခါးကို ကိုင်း၍ ဝမ်လင်းကို ကောက်ယူလိုက်သည်။

“ဆွေမရှိ မျိုးမရှိ အိမ်ရာမဲ့ ကြောင်လေး.. မင်းရဲ့ မိုက်မဲတဲ့ ခေါင်းကို မော့ထားစမ်း”

ဝမ်လင်း “…………..”

ဝမ်လင်းက ငမိုက်သား ဝမ်မင် သူ့ကို ကိုယ်ထိလက်ရောက် နှိပ်စက်ခွင့် ရသည်မှာ ဤတစ်ခေါက်က ပထမဆုံး အကြိမ်ဟု သဘောပေါက်သွားသည်။

“နင့်-မေ-သောက်-ဖုတ်..”

“မင်းစောင့်နေလိုက်”

…………………….

ကျန်းလျှိုယင်းကို ကျင့်ကြံခြင်း ရဲကား နောက်ဘက်ရှိ ထောင်လှောင်အိမ်တွင် လုံခြုံအောင်ထားပြီး ရဲမေ နှစ်ဦးက စောင့်ကြပ်ထားသည်။

ဝမ်မင်က နောက်ခန်းတွင် တည်ငြိမ်စွာဖြင့် လိုက်ပါလာသည်။

သူ၏ တစ်ဖက်တစ်ချက်စီတွင် ရဲတစ်ဦးစီ ထိုင်နေကြ၏။

ဝမ်မင်၏ ကိုယ်ရည်ကိုယ်သွေး အရ ဤဂုဏ်ကျက်သရေကို မတောင်းဆိုမည်မှာ သေချာသည်။

အဘယ်ကြောင့်ဆိုသော် သူက ဝမ်မင် မဟုတ်ဘဲ ဝမ်ရှောင်အာ ဝိသေသ လက္ခဏာကို အသုံးပြုထားသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူက ဤကိစ္စတွင် တစ်စုံတစ်ရာ ပြီးမြောက် အောင်မြင်သည်ဟု မခံစားရပေ။

ဤတစ်ခေါက် လုပ်ငန်းစဥ်တွင် ဝမ်မင်ကို စိတ်ကျေနပ်စေသည့် တစ်ခုတည်းသော အရာမှာ ဆရာဝမ်နှင့် ဒါရိုက်တာရှဲ့တို့ကို ကျင့်ကြံသူ အဖြစ် အမှန်အကန် လှည့်စားနိုင်ခဲ့ခြင်းပင် ဖြစ်၏။

ဝမ်မင်က ဤတစ်ကြိမ်တွင် ဝမ်လင်းကို စိန်ခေါ်ရန် အခွင့်အရေး မရခဲ့သော်လည်း ဝမ်လင်း အတွက် အကြိမ်၁၀၀မြောက် အခက်အခဲကို ဖန်တီးခဲ့သည်။

ဤခရီးစဥ်က အကျိုးမရှိဟု သူခံစားခဲ့ရသည်။

လမ်းတွင် ဝမ်မင်က အလုပ်ဆင်းခါနီး ရဲနှစ်ယောက်၏ မှုန်ကုပ်ကုပ် မျက်နှာကို အကဲခတ်သလို ကြည့်လိုက်သည်။

ဤတစ်ကြိမ် ငါးကြီးကြီး တစ်ကောင်ကို ဖမ်းမိသောကြောင့် ရဲနှစ်ဦးက အချိန်ပို ဆင်းရတော့မည်မှာ သေချာနေသည်။

ထို့ကြောင့် သူတို့၏ စိတ်ခံစားချက်များက အလွန် ဆိုးရွားနေခဲ့သည်။

ရဲနှစ်ယောက်က ဝမ်မင်ကို စိတ်မရှည်သလို ကြည့်လိုက်သည်။

ဤလူကြောင့်သာ မဟုတ်လျှင် သူတို့က အိမ်ပြန်၍ အေးအေးဆေးဆေး နားနေလောက်ပြီ မဟုတ်လော။

“ဆရာလေးဝမ်.. ကျေးဇူးပြုပြီး မင်းရဲ့ ID ကတ်ကို ပြပေးလို့ရမလား.. အချိန်ကုန် သက်သာဖို့ အတွက် အခုထဲက မှတ်ချက်ရေးထားလိုက်ပါ့မယ်”

ဝမ်မင်က နာခံစွာဖြင့် သူ၏ ID ကဒ်ကို ထုတ်ပြလိုက်သည်။

ကတ်ပေါ်မှ နာမည်နှင့် မွေးရပ်မြေကို မြင်လိုက်ရလျှင် ရဲနှစ်ဦး ထိတ်လန့်သွားသည်။

ယွင်တင်း ကောင်းကင်ဘုံနန်းတော်ရှိ ရှန့်ရှရွှေကဲ၊ ထျန်းပမြို့၊ ဟွာရှို့နိုင်ငံ…

“ထျန်းပမြို့မှာ တည်ရှိတဲ့ ယွင်တင်း ကောင်းကင်ဘုံ နန်းတော်က ဘယ်လိုနေရာမျိုးလဲ…”

ရဲနှစ်ယောက်က ကတ်ပေါ်မှ မွေးရပ်မြေနေရာကို ကြည့်ကာ ခဏမျှ မှင်တက်သွားပြီးနောက် ဝမ်မင်ကို ဗိုက်နာနေသလိုမျိုး ရှုံ့မဲ့သည့် အမူအရာဖြင့် ကြည့်လိုက်သည်။

“ဆရာလေးဝမ်.. အခုက နောက်နေရမဲ့ အချိန်မဟုတ်ဘူးနော်”

“ရဲဘော်.. ID ကတ်ကို ကြည့်ရုံနဲ့ အတုလို့ မင်း တကယ် ပြောနိုင်လို့လား”

“ဆရာလေးဝမ်.. ID ကတ် အတုသုံးရင် လက်ဖက်ရည် ၂ ခွက် ယူလာရမယ်ဆိုတာ သိတယ်မလား”

“အိုး… ဖူအန်း လက်ဖက်ရည်လား ဒါမှမဟုတ် လုံကျင်း လက်ဖက်ရည်လား.. နှစ်ခွက်ထက်ပိုရင် ပိုတောင် ကောင်းသေးတယ်”

“…………….”

ယနေ့အချိန်ပို အလုပ်ဆင်းနေရသောကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးမှာ စိတ်မကြည်နေကြပေ။

ယခု ဝမ်မင်က သူတို့ကို IDကတ်အတုဖြင့် ဆော့ကစားနေသည်ဟု ထင်ကာ ရဲနှစ်ယောက်ထဲမှ တစ်ယောက်က ဝမ်မင်ကို စိုက်ကြည့်၍ ပြောလိုက်သည်။

“ဒါဆို စမ်းကြည့်ရအောင်.. မင်းရဲ့ ID ကတ်က အတုဖြစ်နေရင် ငါ မင်းရဲ့ ကတ်အစစ်ကို ရှာပြီး ဆယ့်ငါးရက် ပိတ်ပစ်မယ်”

“မင်းဆန္ဒရှိတဲ့အတိုင်း ကြိုက်သလိုလုပ်”

ဝမ်မင်က ကြောက်ရွံ့မနေဘဲ ပခုံးတွန့်ပြလိုက်သည်။

ထို့နောက် နှစ်မိနစ်ခန့် အကြာတွင် ကားပေါ်ရှိ ရဲတပ်ဖွဲ့ဝင် နှစ်ဦးမှာ စကင်ဖတ်သည့် စက်မှ ထုတ်ပေးသော အတည်ပြုစာရင်းကို ရရှိခဲသည်။

ဝမ်မင်၏ ထူးထူးဆန်းဆန်း စရိုက် လဏ္ခာဏာနှင့် ကိုယ်ရေးအကျဥ်းကို ဆန်းစစ်ပြီးနောက် ရဲနှစ်ဦးက

“အထက်ပါ အချက်အလက်များကို ဟွာရှို့နိုင်ငံ၏ အမျိုးသား ကျင့်ကြံခြင်း ရဲဌာနမှ အတည်ပြု စစ်ဆေးပြီး” ဟူသော စာကြောင်းကို စိုက်ကြည့်ကာ အတွေးပင်လယ် ထဲတွင် နစ်မြုပ်သွားတော့သည်။

………………..

ဝမ်မင်ကို ရဲစခန်းသို့ ခေါ်ဆောင်သွားပြီးနောက် နာရီဝက်ခန့် အကြာတွင် ကမ္ဘာပေါ်၌ အကန့်အသတ် ထုတ်ထားသော အနက်ရောင် တိုက်ခိုက်ရေး ယာဥ်တစ်စင်းက ကျင့်ကြံခြင်း ရဲဌာန၏ ပင်မဝင်ပေါက် အပြင်ဘက်တွင် ရပ်တန့်သွားခဲ့သည်။

အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားသည့် သိပ္ပံသုတေသီ နှစ်ဦးက ကားပေါ်မှ အလျင်အမြန် ဆင်းကာ ရဲစခန်း ထဲသို့ ပြေးဝင်သွားခဲ့သည်။

ငါးမိနစ်ခန့် အကြာတွင် သူတို့က ဝမ်မင်နှင့်အတူ ရဲစခန်းထဲမှ ပြန်ထွက်လာခဲ့ကြသည်။

ဝမ်မင်၏ ထွက်ဆိုချက်ကို ရယူရန် IDကတ် စစ်ဆေးခဲ့သည့် တာဝန်ရှိ ရဲနှစ်ဦးက ဝမ်မင်ကို တံခါးဝထိ လိုက်ပို့ပေးခဲ့သည်။

သူတို့၏ ရဲချုပ်က ဝမ်မင်ကို တောင်းပန်ပြီး ပြုံးရွှင်စွာ နှုတ်ဆက်နေသည်ကို မြင်လျှင် ထိုရဲနှစ်ဦး အံ့သြသွားခဲ့သည်။

ရဲချုပ်က ဤလူငယ်ကို အမှန်တကယ် ကိုယ်တိုင်ကိုယ်ကျ လာရောက် တွေ့ဆုံနေ၏။

ရဲတပ်ဖွဲ့ဝင် နှစ်ဦး အံသြသွားခဲ့သည်။

“ဒီလူငယ်က ဘယ်သူလဲ.. IDကတ်ထဲကလိုပဲ ယွင်တင်းကောင်းကင်ဘုံ နန်းတော်ဆိုတဲ့ နေရာကလား”

အနက်ရောင် တိုက်ခိုက်ရေးယာဉ် မောင်းထွက်သွားပြီးနောက်တွင် ရဲချုပ်က သက်ပြင်းချကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဘက်သို့ လှည့်ကာ ပြောလိုက်သည်

“မင်းတို့နှစ်ကောင် လုပ်ပေါက်က ငါ့ကို ဒုက္ခပေးလုနီးပါးပဲ”

(Pu-erh tea= တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ အချဥ်ဖောက်ထားသော ရိုးရာ လက်ဖက်ရည်)

(long jing tea= ချင်မင်းဆက်တွင် အသုံးပြုသော တော်ဝင်လက်ဖက်ရည်၊ တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး စာရင်းဝင်လက်ဖက်စိမ်း အရည်)

အပိုင်း(၆၂) ပြီး၏

အပိုင်း(၆၃) သွေးသောက်ရဲဘော်ကျိုးက အံ့သြစရာပဲ

အရိပ်လုပ်ကြံသူ အဖွဲ့အစည်း၏ ခေါင်းဆောင်ဟု သံသယရှိသော မိန်းကလေးတစ်ဦးကို ဖမ်းဆီးခြင်းသည် လူတိုင်းကို အကြီးအကျယ် တုန်လှုပ်သွားစေသည်။

ဤဖြစ်ရပ် မတိုင်မီက အရိပ်အဖွဲ့ စေလွှတ်ခဲ့သည့် ဖဲကြိုးနီ လုပ်ကြံသူများမှာလည်း အမှတ်၆၀ အထက်တန်းကျောင်း၏ ဆုံးမခြင်းကို လုံးဝ ခံခဲ့ရသည်။

ဤတစ်ခေါက်တွင် အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများမှာ အမှတ် ၅၉ အထက်တန်းကျောင်းသို့ ချိန်းတွေ့ရန် လာရောက်ခဲ့ကြသည်။

အဆုံးသတ်တွင် ဝိညာဥ်ဓားဖလှယ်ပွဲကို အခွင့်ကောင်းယူ၍ ပြဿနာ ရှာရန် စီစဥ်ထားသော ရွှေရောင် ဖဲကြိုးအဆင့် လုပ်ကြံသူကို ၎င်းတို့၏ အစီအစဥ် မစတင်မီတွင် ဖမ်းမိခဲ့သည်။

ထိုသို့သာဖမ်းမမိခဲ့လျှင် အရိပ် အဖွဲ့အစည်းက ၎င်းတို့ချမှတ်ထားသော အစီအစဥ်၏ ပထမဆုံး​ ခြေလှမ်းကို အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။

အရေးကြီးဆုံး အချက်မှာ လုပ်ကြံသူ မိန်းကလေးကို ဖမ်းမိသော အမျိုးသားမှာ အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦး၏ အစ်ကို ဖြစ်နေခြင်းပင်။

ယင်းအတွက်ကြောင့် အမှတ်၆၀ အထက်တန်းကျောင်းက အရိပ်အဖွဲ့ကို ထပ်ပြီး နှိပ်ကွပ်လိုက်သည်ဟု ဆို၍ရပေသည်။

အရိပ်အဖွဲ့နှင့် ပတ်သက်သည့် အဖြစ်အပျက်များတွင် အမျိုးသား ကျင့်ကြံခြင်း ရဲဌာနက ကုဒ်အနီရောင်(အန္တရာယ်အဆင့်) အဆင့်ဖြင့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း နှစ်အတော်ကြာသည် အထိ တိုးတက်မှု မရှိခဲ့ကြောင်း လူအများက သိထားကြသည်။

အဆုံးသတ်တွင် ကျောင်းဖွင့်ပြီး တစ်လ မပြည့်မီ၌ပင် သာမန်အထက်တန်း ကျောင်းငယ်လေး တစ်ကျောင်းကို ဗဟိုပြုပြီး နောက်ထပ် အောင်မြင်မှု တစ်ခုကို ရရှိခဲ့သည်။

ဤ အထက်တန်း ကျောင်းငယ်လေးက အမှန်တကယ် အဆိပ်ပြင်းနေပါသလော။

ယင်းအဖြစ်အပျက်ကြောင့် လူအများက မေးခွန်းတွေ ထုတ်လာကြသည်။

ရင်သား၃၆ဆိုဒ် ရှိသည့် ချောမောလှပသော မိန်းမပျိုလေးက အကြင်နာကင်းမဲ့၍ သွေးဆာသော လူသတ်သမား မည်ကဲ့သို့ ဖြစ်လာသနည်း။

သူမကိုဖမ်းမည့် အစီအစဥ်က မလုပ်ဆောင်မီကပင် ကြိုတင် ကြံစည်ထားခြင်းလော။

ဤအရာအားလုံး၏ နောက်ကွယ်တွင် အကျင့်စာရိတ္တ ပျက်ယွင်းခြင်း သို့မဟုတ် လူသားဆန်မှု ကင်းမဲ့နေခြင်းများ ရှိနေပါသလော။

အလင်းနှင့် အမှောင်ကြားက ကစားပွဲ တစ်ခုလော သို့မဟုတ် ဉာဏ်ပညာနှင့် လိမ္မာပါးနပ်မှုကြားက ပြိုင်ဆိုင်မှုလော။

မည်သို့ပင်ဖြစ်စေ ဤအဖြစ်အပျက်ကြောင့် ထွက်ပေါ်လာသည့် မေးခွန်းတွေက လူအများကို ပဟေဠိတွေ ဖြစ်စေခဲ့သည်။

အမျိုးသမီး လုပ်ကြံသူက ယခုအချိန်အထိ သတိပြန်မရသေးပေ။

အရိပ် အဖွဲ့အစည်း၏ ဆိုးယုတ်သော အစီအစဥ်ကို ပျက်စီးစေခဲ့သော ဝမ်ရှောင်အာမှာ ရဲစခန်းသို့ ရောက်ပြီး နာရီဝက် မပြည့်မီမှာပင် သုတေသန ဌာနမှ အဖွဲ့ဝင်များ၏ ပြင်ပသို့ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။

ဆိုရလျှင် သုတေသန ဌာနက ဝမ်မင်၏ အထောက်အထား အစစ်အမှန်ကို ဖုံးကွယ်ရန် ထောက်စေ့အောင် ကြိုတင်ပြင်ဆင်ထားခဲ့သည်။

အဆုံးသတ်တွင် ဟွာရှို့နိုင်ငံ၏ သိပ္ပံ သုတေသန အကယ်ဒမီက ဦးတည်ချက် မဲ့နေသော ရဲများကို ပြတ်သားသော ဦးတည်ချက် တစ်ခု ညွှန်ပြခဲ့သည်။

အရိပ်အဖွဲ့ကို နှိမ်နင်းခဲ့သည့် အစီအစဉ်မှာ စုန်ဟိုက်မြို့ရှိ ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေးရုံးက စီစဉ်ခဲ့သည်ဟု ဖန်တီးလိုက်သည်။

ထို့ကြောင့် အတွင်းရေးမှူး စွန်းတာခန်းက ကျောင်းပေါင်း၁၀၀ အထွေထွေ အုပ်ချုပ်ရေး ဒုညွှန်ချုပ် ကျိုးရီဆီ ဖုန်းခေါ်ဆိုလိုက်၏။

ရုံးတွင် ထုံးစံအတိုင်း နာရီအတော်ကြာ တောက်တိုမယ်ရ အလုပ်များ လုပ်ဆောင်ပြီးနောက် အိမ်သို့ ပြန်ရောက်လာသော ကျိုးရီ၏ အိမ်တွင် ဖုန်းခေါ်သံများ ထွက်ပေါ်လာခဲ့သည်။

ကျိုးရီက ဖုန်းနံပါတ်တွေကိို တစ်ချက် ကြည့်လိုက်သည်။

ပုံမှန်ဆိုလျှင် သူ့ဆီသို့ မရေမတွက်နိုင်သော ဖုန်းခေါ်ဆိုမှုများ ရှိတတ်သည် မဟုတ်လော။

ယခုတစ်ခေါက်တွင်မူ အတွင်းရေးမှူး စွန်းတာခန်းကိုယ်တိုင် ဖုန်းခေါ်ဆိုခြင်း ဖြစ်နေသည်။

သူက အတွင်းရေးမှူး စွန်းတာခန်းလို ပုဂ္ဂိုလ်ကြီးနှင့် တစ်နေကုန် စကားစမြည် ပြောဆိုခဲ့၍ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း သူ့တွင် ရွေးချယ်စရာမရှိမှန်း သူသိသည်။

သူ့အနေဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း လက်ထောက် ညွှန်ကြားရေးမှူး ရာထူးတွင် များစွာ သင်ယူခဲ့ရသည်။

အစိုးရဌာန တစ်ခုတွင် လက်တွေ့ရှင်သန်မှု အတွက် သူ၏ အတွေ့အကြုံများကို အခြေခံ၍ စည်းမျဉ်းလေးခု သူ့ဘာသာသူ သတ်မှတ်ခဲ့သည်။

ပထမစည်းမျဥ်း “အကျိုးမဲ့သောစကားကို မပြောဆိုရ”

ဒုတိယစည်းမျဥ်း “ကြက်ထက်စောစောထပြီး ခွေးထက်နောက်ကျမှအိပ်”

တတိယစည်းမျဥ်း “ဝက်ထက် လျှော့စားပြီး မြည်းထက်ပိုပြီးလုပ်”

စတုတ္ထနှင့် အရေးကြီးဆုံး စည်းမျဥ်း “အထက်လူကြီး ထံမှ ဖုန်းခေါ်ဆိုမှု လက်ခံရရှိလျှင် မကိုင်ဘဲ လုံးဝမနေရ.. ချက်ချင်းကိုင်ပြီး ဆက်သွယ်ရမည်”

သူက အတွင်းရေးမှူး စွန်းတာခန်းနှင့် နေ့ခင်းဘက်ကပင် စကားစမြည် ပြောဆိုပြီးခဲ့သည်။

အတွင်းရေးမှူးစွန်း မည်သည့် အကြောင်းကိစ္စဖြင့် အချိန်မတော် ထူးထူးခြားခြား ဖုန်းဆက်မှန်း မသိသော်လည်း သူ၏ ကိုယ်ပိုင် စည်းမျဥ်းအရ ကြိုးဖုန်းကို ချက်ချင်း ကောက်ကိုင်လိုက်မိသည်။

ယနေ့ခေတ်တွင် ကြိုးဖုန်းများသည် လေထဲတွင် လွင့်မျောနေသော ပုံရိပ်များကို ဖန်တီးသည့် နည်းပညာကို အသုံးပြုထားကြသည်။

ကျိုးရီက ဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်သည်နှင့် အတွင်းရေးမှူး တာခန်း၏ မျက်နှာက လေထဲတွင် ရုပ်လုံးပေါ်လာသည်။

ကျိုးရီက သူ့အတွက် အစိုးရ ဌာနမှ စီစဉ်ပေးထားသည့် ဝန်ထမ်း တိုက်ခန်းတွင်သာ နေထိုင်ခဲ့သည်။

လက်ရှိအစိုးရက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး မူဝါဒကို ထောက်ခံထားသောကြောင့် ဝန်ထမ်းတိုက်ခန်း အားလုံးကို နယ်မြေချဲ့ထွင်ခြင်း စွမ်းရည်ဖြင့် တိုးချဲ့ခြင်း မပြုလုပ်ထားခဲ့ပေ။

အကြောင်းရင်းမှာ ၎င်းတို့၏ ဝန်ထမ်းများအနေဖြင့် အခက်အခဲများကို ကြံ့ကြံ့ခံပြီး ပြည်သူအပေါ် စိတ်နှလုံးအကြွင်းမဲ့ တာဝန် ထမ်းဆောင်ခဲ့ပုံကို နားလည်စေရန် အတွက် ဖြစ်သည်။

သို့သော် ယင်းမှာ တိုက်ရိုက် ပြဿနာတစ်ခု ဖြစ်စေခဲ့သည်။

နေရာလွတ်က အတော်လေး ကျဉ်းမြောင်းနေသဖြင့် လေထဲလွင့်မျောနေသည့် ပုံရိပ်အတွက် အလွန်ကြီးမားသော ပုံသဏ္ဍန်ကို ဖြစ်ပေါ်စေသည်။

ကျိုးရီက ဖုန်းကို ကောက်ကိုင်လိုက်ပြီးနောက် မရယ်ပင် မနေနိုင်လောက်အောင် ဖြစ်သွားရသည်။

အတွင်းရေးမှုး တာခန်း၏ လေထဲ လွင့်မြောနေသည့် ပုံသဏ္ဍာန်တွင် နှာခေါင်းက ခေါင်းထက်ပင် ပိုကြီးနေသည်။

“မင်္ဂလာပါ ကျိုးရီလေး”

ဖုန်းခေါ်ဆိုမှု၏ အခြားတစ်ဖက်ရှိ အတွင်းရေးမှူး တာခန်း၏ အသံက ကျိုးရီကို ထိတ်လန့်စေခဲ့သည်။

“ကျိုးရီလေးတဲ့လား”

ဤကဲ့သို့ အမည်ပြောင်က ဆွေမျိုးသားချင်းလို ရင်းနှီးမှသာ ခေါ်လေ့ ရှိကြသည်။

ရိုးသားစွာ ပြောရလျှင် ကျိုးရီက အနည်းငယ် အံ့သြသွားခဲ့သည်။

သူက လေထဲမှ ပုံသဏ္ဍာန်ကို မော့ကြည့်လိုက်သည်။

“အချိန်တောင် အရမ်းနောက်ကျနေပြီ အတွင်းရေးမှူး တာခန်း .. ကျနော့်ကို တစ်ခုခု ညွှန်ကြားစရာရှိလို့လား..”

“ကျိုးရီလေး.. ငါတကယ် လက်ဖျားခါတယ်.. မင်း ဟန်ဆောင်တာ အရမ်းကောင်းတာပဲ.. ငါ ဒီ တစ်နေ့လည်လုံး ရုံးမှာ မင်းနဲ့ အတူတူ ရှိနေတာတောင် မင်းက တော်တော်လေး တည်ငြိမ်နိုင်တယ်နော်.. မင်းက လျှို့ဝှက် အစီအစဥ်တွေ ချပြီး အစွမ်းပြလိုက်တာပေါ့လေ.. ဟားဟား.. မင်း ငါ့ကို တမင်တကာ အံ့သြသွားအောင် လုပ်လိုက်တာ မဟုတ်လား”

ကျိုးရီ “…???…”

“အိုး.. ငြင်းဖို့မကြိုးစားနဲ့.. ငါ့ကို ပြောပြစမ်းပါဦး.. အရိပ်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်လို့ သံသယရှိတဲ့ မိန်းကလေးကို မင်းဘယ်လိုတောင် စီစဥ်ပြီး ဖမ်းလိုက်တာလဲ”

ကျိုးရီ “…???…”

“ဒီတစ်ခါတော့ မင်းကို ဒီအတွက် ငါ အပြစ်တင်ရမယ်… ဘာပဲဖြစ်ဖြစ် သူက ရွှေရောင် ဖဲကြိုးအဆင့် လူသတ်သမားလေ.. သူ့ရဲ့ခြေလှမ်းကို ကြိုသိခဲ့ရင် အနည်းဆုံးတော့ ကျောင်းကို ကြိုတင် သတင်းပို့ထားသင့်တယ်.. ကျောင်းဆင်းတဲ့အချိန် ဆိုပေမဲ့လည်း အနီးပတ်ဝန်းကျင်မှာ ကျောင်းသားတွေ ရှိတတ်တော့ အန္တရာယ်များတယ်လေ”

ထိုစကားကို​ကြားမှ အတွင်းရေးမှူး စွန်းတာခန်း ဘာကို ရည်ရွယ်၍ ပြောနေမှန်း ကျိုးရီ သဘောပေါက်သွားသည်။

သူ အိမ်အပြန်လမ်းတွင် အထွေထွေဌာန ထံမှ ပေးပို့သည့် မက်ဆေ့ တစ်စောင်ကို လက်ခံရရှိခဲ့သည်။

ထိုစာထဲတွင် ဖေးယန် ခရိုင် ကျင့်ကြံခြင်း ရဲဌာနမှ အမှတ် ၅၉ အထက်တန်းကျောင်း၌ အရိပ် အဖွဲ့အစည်း၏ ခေါင်းဆောင်ဟု သံသယရှိသည့် ရွှေရောင်ဖဲပြား အဆင့် လူသတ်သမားကို ဖမ်းမိခဲ့​သည့် အ​ကြောင်း တင်ပြထားသည်။

ဝန်ထမ်း တိုက်ခန်းသို့ ပြန်ရောက်ပြီး အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းပြီးမှ အတွင်းရေးမှူး စွန်းတာခန်းကို သတင်းပို့ရန် သူက ရည်ရွယ်ထားခဲ့သော်လည်း အတွင်းရေးမှူး စွန်းက သူ့ကို ဦးစွာ ဖုန်းခေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အတွင်းရေးမှူးစွန်း၏ စကားကို ကြားလိုက်သော အခါတွင် ကျိုးရီ၏ ရင်ထဲတွင် တစ်မျိုးတစ်မည် ခံစားလိုက်ရသည်။

ဤအခြေအနေက လွန်ခဲ့သည့် ခြောက်နှစ်ခန့်က ဖြစ်ပျက်ခဲ့သည့် ကိစ္စကဲ့သို့ပင်။

အောင်မြင်မှု အားလုံးက လွန်ခဲ့သည့် ခြောက်နှစ်ကကဲ့သို့ ဘာမဆိုင်ညာမဆိုင် သူ့ဆီသို့ ထူးထူးခြားခြား ဦးတည်နေသည်။

“အတွင်းရေးမှူး တာခန်း.. ကျနော်….”

“အဆင်ပြေပါတယ်.. မင်းရှင်းပြဖို့ မလိုပါဘူး.. မင်းက ရန်သူကို သတိပေးမိမှာ စိုးလို့ အကွက်ကျကျ စီစဥ်ခဲ့တာ ငါသိပါတယ်ကွာ.. မင်းက သူတို့ကို ဖမ်းဖို့ အဆင့်မြင့်ကျင့်ကြံသူ တစ်ယောက်ကို အမှတ်၅၉ အထက်တန်းကျောင်းဆီ ခိုးဝင်စေပြီး သူတို့ကို ဖမ်းရလွယ်တဲ့ ပစ်မှတ်တစ်ခုကို ငါးစာ ချပေးလိုက်တာ မဟုတ်လား”

“…………”

“ငါမင်းကိုပြောပြမယ်.. ဒီတစ်ခါတော့ မင်းဂုဏ်ယူလို့ရပြီ.. ပဏာမ စစ်ဆေး မေးမြန်းပြီးတဲ့ အခါမှာ အဖမ်းခံရတဲ့ မိန်းကလေးက အရိပ်အဖွဲ့အစည်း ခေါင်းဆောင်ရဲ့ ညီမ ဖြစ်နိုင်တယ်လို့ သိရတယ်.. ဒါ အံ့သြစရာ မကောင်းဘူးလား.. ငါ့အတွက်တော့ လုံးဝ စိတ်လှုပ်ရှားကောင်းတဲ့ တကယ့် အံသြဘနန်း ကိစ္စပဲ..”

“………….”

“အရိပ်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ကို ငါတို့ အခုထိ မသိရသေးဘူး.. ဒါပေမဲ့ လက်ရှိ တိုးတက်မှု အခြေအနေအရ ဆိုရင် ဟွာရှို့နိုင်ငံရဲ့ ကျင့်ကြံခြင်း ရဲဌာနက အရိပ်အဖွဲ့အစည်းရဲ့ ရာဇ၀တ်မှု ဆိုင်ရာ လုပ်ဆောင်ချက်တွေကို သိပ်မကြာခင် ဖျက်ဆီးနိုင်တော့မယ်လို့ ငါယုံကြည်တယ်.. သွေးသော်ရဲဘော် ကျိုးရီ.. မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို ဉာဏ်ရည်ဉာဏ်သွေး.. ဒီလိုမျိုး အုပ်ချုပ်မှု စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်.. ငါဒီသွေးသောက် ရဲဘော်ကြီး မင်းကို တကယ် လေးစားမိတယ်”

“ဒါနဲ့ အတွင်းရေးမှူး တာခန်းကို မေးလို့ရမလား.. ဒီသတင်းကို ဘယ်ကနေ ကြားလာတာလဲ”

“ဟွာရှို့နိုင်ငံ ကျင့်ကြံခြင်း သိပ္ပံ သုတေသန ဌာနရဲ့ ဥက္ကဌ ချီက ဒီကိစ္စကို ရှင်းပြဖို့ ငါ့ဆီ ကိုယ်တိုင် ဖုန်းဆက်လာတယ်လေ.. ကျိုးရီလေး မင်းက သိုသိုဝှက်ဝှက် နေတတ်မှန်း ငါသိပါတယ်.. ဒါပေမဲ့ အကျိုးပြုမှု တစ်ခုခု လုပ်ပြီးသွားရင် ဖုံးကွယ်နေစရာ မလိုပါဘူးကွာ”

“…………..”

ကျိုးရီ အသက်ရှူကြပ်လာသလို ခံစားလာရသည်။

“ကျိုးရီလေး.. မင်းမှာ ဒီလောက် ကောင်းတဲ့ အဆက်အသွယ်ရှိမယ်လို့ ငါမထင်ခဲ့မိဘူး”

သိပ္ပံ သုတေသနဌာနလို နာမည်ကျော် အဖွဲ့အစည်းက သူပင် မသိလိုက်ဘဲ သူနှင့် ချိတ်ဆက်မိသွားသည်လော။

ဖုန်းခေါ်ဆိုမှု၏ အခြားတစ်ဖက်တွင် စွန်းတာခန်းက ပြုံးလိုက်သည်။

“အထက်လူကြီးတွေက မင်းကို ရာထူးတိုးပေးမလို့ တွေးနေခဲ့တာ ကြာပြီ… အပင်မြင့်လေ.. လေတိုက်ခံရလေ ဆိုတော့ မင်း အတွက် တာဝန်ကြီးတွေကို ကိုင်တွယ်ဖို့ ငယ်ရွယ်လွန်းနေမှာကို စိုးရိမ်ခဲ့ကြတယ်.. ဒါပေမယ့် ငါတို့ အခုလေးတင် လူထု စစ်တမ်း ကောက်ယူလိုက်တာ စုန်ဟိုက်မြို့မှာရှိတဲ့ အစိုးရ အရာရှိတွေ အားလုံးကို ကျော်ပြီး မင်းရဲ့ နာမည်က ထိပ်ဆုံး ရောက်နေတာကို တွေ့လိုက်ရတယ်.. အေးအေးဆေးဆေးသာ အနားယူလိုက်ပါ.. ဒီနေ့ အဖြစ်အပျက်ကြောင့် မင်းရာထူးတိုးကို စောင့်ဖို့ပဲ လိုတော့တယ်”

ကျိုးရီ “……………”

“ဒါနဲ့ မင်းရဲ့ အစီအစဉ်ကို ကောင်းကောင်း ပြင်ဆင်ဖို့ မမေ့လိုက်နဲ့ဦး.. မနက်ဖြန် ဝိညာဥ်ဓား ဖလှယ်ပွဲနေ့မှာ မင်းရဲ့ ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းကို တွေ့ရဖို့ ငါမျှော်လင့်တယ်”

“…………..”

အပိုင်း(၆၃) ပြီး၏

အပိုင်း(၆၄) ဝိညာဉ်ဓား ဖလှယ်ပွဲ

ကျောင်းသား အချင်းချင်းနှီးနှော ဖလှယ်ပွဲကြီးက လေးရက်တာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဤလေးရက်အတွင်း ဝိညာဉ်ချီ စုစည်းမှု အစီအရင်များ ပျက်စီးခြင်း၊ ပန်စီဂိုဏ်းခွဲ ပြိုကွဲခြင်း၊ အထွေထွေ ညီညွတ်ရေး စီမံခြင်းအဖွဲ့ ထူထောင်ခြင်း၊ ဆိုးသွမ်းသူများ ပြန်လည် လိမ်မာလာခြင်း၊ ကမ္ဘာပျက်လုနီးပါး ဖြစ်စဥ်နှင့် ယမန်နေ့ညက ရွှေရောင်ဖဲပြား အဆင့် လူသတ်သမားကို ဖမ်းဆီးလိုက်ခြင်း စသည့် အဖြစ်အပျက်များ ဖြစ်ပျက်သွားခဲ့သည်။

အဆုံးသတ်တွင် ဤကြောက်စရာကောင်းသည့် အဖြစ်အပျက်များက ဝမ်လင်းကြောင့် ဖြစ်ပျက်ခဲ့မှန်း မည်သူမှ စိတ်ကူးပင် ယဥ်မိမည် မဟုတ်ပေ။

ဝမ်မင်က ထွက်ခွာသွားစဉ် ဆရာဝမ်နှင့် ဒါရိုက်တာရှဲ့ကို သူ၏ အထောက်အထားအား လျှို့ဝှက်ထားပေးရန် တောင်းဆိုခဲ့သည်။

တကယ်တမ်းတွင် ယင်းသို့ တောင်းဆိုခြင်းက ဝမ်လင်း အပေါ် အာရုံစူးစိုက်မှု အလွန်အကျွံ မဖြစ်စေရန် အကာအကွယ်ပေးဖို့ ဖြစ်သည်။

ဤအဖြစ်အပျက်က တုန်လှုပ် ချောက်ချားစရာ ဖြစ်စေခဲ့သည်မှာ သေချာသည်။

သို့သော် တရားခံကို လက်ရ ဖမ်းဆီးပေးခဲ့သည့် ဝမ်ရှောင်အာက အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦး၏ အစ်ကို ဖြစ်ကြောင်း ရဲများမှလွဲ၍ အပြင်လူများက မသိကြချေ။

သူတို့သိထားသည့် တစ်ခုတည်းသော အချက်မှာ ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေးဌာနရှိ လက်ထောက်ညွှန်ချုပ် ကျိုးရီ၏ ထူးချွန်ပြောင်မြောက်သော ဦးဆောင်မှုဖြင့် အရိပ် အဖွဲ့အစည်း၏ ကျူးကျော်မှုကို ရပ်တန့်နိုင်ခဲ့ပြီး အမိမြေ၏ အဖိုးတန် ပန်းပွင့်များ ဖြစ်သည့် ကျောင်းသားများကို တစ်ဖန် ပြန်လည် ကယ်တင်ထားနိုင်ခြင်း ဖြစ်သည်။

သို့သော် ယင်းအဖြစ်အပျက် ဖြစ်ပြီး နောက်ပိုင်းတွင် ဝမ်လင်းက သူ့ကိုယ်သူ ပတ်ဝန်းကျင်ကို အဆိပ်သင့်စေသော သူလား ဟုပင် စတင် တွေးတောမိလာသည်။

ဤအထက်တန်းကျောင်းသို့ ရောက်ကတည်းက သူ့တွင် ငြိမ်သက် အေးချမ်းမှု မရှိခဲ့ပေ။

နေ့တိုင်း သူက စိတ်နှင့်လူနှင့် မကပ်သော ကျောင်းသား တစ်ယောက်လို ဖြစ်နေသည်။

သူသွားသည့် နေရာတိုင်းတွင် လူသေများ သို့မဟုတ် ကံဆိုးသည့်သူများ ရှိလာလိမ့်မည်ဟုလည်း ခံစားနေရသည်။

သူ့အတွက် ဖေဖေဝမ်နှင့် မေမေဝမ်တို့၏ ဆန္ဒမှာ အထက်တန်းကျောင်း ဒီပလိုမာကို အထစ်အငေါ့ မရှိ ရယူပြီး ကောလိပ်ကို ချောချောမွေ့မွေ့ တက်ရောက်ခွင့် ရရန် ဖြစ်သည်။

သို့ရာတွင် လက်ရှိ အခြေအနေအရ ဤခရီးလမ်းမှာ ဝမ်လင်း မျှော်မှန်းထားသည်ထက် အများကြီး ပိုမို ကြမ်းတမ်းနေ၏။

မည်သို့ပင်ဖြစ်စေ သူ့ ဘဝက ဆက်လက် လျှောက်လှမ်းရမည်သာ။

ညအချိန်အခါတွင် အမှတ်၅၉ အထက်တန်းကျောင်း၏ ကျောင်းအိပ်ဆောင်၌ အားလုံး ငြိမ်သက် တိတ်ဆိတ်နေသည်။

ချန်းချောင်နှင့် ကော်ဟောက်တို့ ငဆိုးနှစ်ကောင်က ခပ်ဖားဖားဝတ်စုံများ၊ လည်ဆွဲများ၊ လက်ပတ်နာရီများ၊ သားရေဖိနပ် တောက်တောက်ပြောင်ပြောင် များကို ဝတ်ဆင်ခဲ့ကြသည်။

၎င်းတို့က အွန်လိုင်းဂိမ်းကိုဆော့ရင်း ၅ယွမ်ထက် ပိုပေးရသည့် အချိုရည်တွေကို သောက်နေခဲ့သည်။

ဆရာဝမ်က သူတို့ကို ဂိမ်းပိတ်ခိုင်းပြီး အိပ်ရာဝင်ခိုင်းသည်မှာ မကြာသေးချေ။

စွန်းရုံနှင့် လင်းရှောင်ယုတို့က သူမတို့၏ အသားအရေ ကျန်းမာ လှပစေရန် အတွက် စောစောစီးစီး အိပ်ရာဝင်ကြသည်။

ဆရာဝမ်က တံခါးနားမှ ခေါက်ကုလားထိုင်တွင် ထိုင်နေသည်။

အရိပ်အဖွဲ့အစည်းက ကျောင်းဆင်းသည့် အချိန်ကို အခွင့်ကောင်းယူခဲ့သောကြောင့် သူက နောက်တစ်ကြိမ် အခွင့်အရေး မပေးရဲချေ။

ကျောင်းသားတွေ၏ ဘေးကင်းရေးက သူ့အတွက် အဓိကဖြစ်သည် မဟုတ်လော။

သူက မနက်ဖြန်တွင် ကျင်းပမည့် ဝိညာဉ်ဓား ဖလှယ်ပွဲကို ချောချောမွေ့မွေ့ ဖြစ်ရန် လိုလားသည်။

ထိုထက်ပို၍ ဆိုရလျှင် သူ၏ ကျောင်းသားများကို အမှတ် ၆၀ အထက်တန်းကျောင်းသို့ မပြန်မီ ထိခိုက်မှု မရှိစေရန် လိုလားခဲ့သည်။

ဆရာဝမ် အပြင် မအိပ်သေးဘဲ နိုးနေသည့် နောက်တစ်ယောက်မှာ ဝမ်လင်း ဖြစ်သည်။

သူက သူ့ဘေးမှာ ချထားသည့် သစ်သားဓားလေးကို ထိကိုင်ရင်း စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဝင်ရောက်လာသည်။

ကျင့်ခယ်၏ စွမ်းဆောင်ရည်က မနက်ဖြန်တွင် ပုံမှန်ဖြစ်လိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။

ကျေးဇူးပြုပြီး.. ကျေးဇူးပြုပြီး အတိုင်းအတာထက် ကျော်မသွားပါစေနဲ့…

…………….

ကျောင်းစတက်ပြီး တတိယ အပတ်၏ သောကြာနေ့ ဖြစ်သည်။

အားလုံးလိုလို စောင့်မျှော်နေကြသည့် ဝိညာဉ်ဓား ဖလှယ်ပွဲ တွေ့ဆုံမှုက နောက်ဆုံးတွင် စတင်တော့မည် ဖြစ်၏။

ဒရမ်တီးခတ်သံတွေက လေထဲတွင် ပြည့်နှက်နေသည်။

မီးရှူးမီးပန်းများက ကျယ်လောင်စွာ ပေါက်ကွဲနေပြီး အနီရောင် အလံများက ကောင်းကင်ယံ၌ လွင့်ပျံနေ၏။

ရွှေပွဲလာ ပရိသတ်က များပြားလွန်းသောကြောင့် လူပင်လယ်ကြီးလို ဖြစ်နေခဲ့သည်။

ဝိညာဉ်ဓား ဖလှယ်ပွဲ၏ အစဥ်အလာမှာ ဗိုလ်ချုပ်ရီကနေ စတင်ခဲ့ခြင်း ဖြစ်၏။

ဗိုလ်ချုပ်ရီက ရှီမင်တိုက်ပွဲတွင် ဝန်ကြီးရှီနှင့် အတွင်းရေးမှူး စွန်းတို့နှင့် အတူ တိုက်ပွဲဝင်ခဲ့သည့် နိုင်ငံ တည်ထောင်သူ ဖခင်ကြီး ဆယ်ဦး အနက်မှ တစ်ဦး ဖြစ်ပြီး “ဓားသခင်”ဟု နာမည်ပြောင် ရထားသည်။

ရှီမင်တိုက်ပွဲ ပြီးဆုံးပြီးနောက် ဗိုလ်ချုပ်ရီက ကျောက်တုံးဂိတ်တံခါး၏ ကျောက်စာတိုင် ပေါ်တွင် ထင်ရှားသော စကားတစ်ခွန်းကို ချန်ထားခဲ့သည်။

“မင်းရဲ့ဓားဟာ ငါ့ရဲ့ဓားပဲ”

ဤစာသားက လက်ရှိသမိုင်းဝင် ဖတ်စာအုပ်များ အားလုံးတွင် ပါရှိသည်။

ဆရာဝမ် အနေဖြင့် ကျောင်းသားများကို နှစ်စဉ်နှစ်တိုင်း အလေးအနက်ထား သင်ကြားရမည့် မသင်မနေရ ဗဟုသုတလည်း ဖြစ်၏။

ယနေ့က ကျောင်းနှစ်ကျောင်းကြား ဓားဖလှယ်ပွဲ နှစ်ငါးရာပြည့်မြောက်သည့် နှစ်ပတ်လည်နေ့လည်း ဖြစ်သည့် အတွက် ဤတစ်ကြိမ် ဖလှယ်ပွဲက အရင်နှစ်တွေကထက် ပို၍ မြိုင်ဆိုင်နေခဲ့သည်။

ရန်သူများ ဖြစ်ကြသည့် အမှတ်၅၉ အထက်တန်းကျောင်းနှင့် အမှတ်၆၀ အထက်တန်းကျောင်းတို့က နှစ်ပတ်လည် အထိမ်းအမှတ်ပွဲများတွင် ထိပ်တိုက်တွေ့ဆုံရန် အတွက် ဤဝိညာဥ်ဓား ဖလှယ်ပွဲကို အသုံးပြုရန် တူညီသော အကြံအစည်များ ရှိခဲ့ကြသည်။

ထျန်ကျင်းဇီ နှင့် အဖွဲ့က ဤလေးရက်အတွင်း ပြဿနာများစွာကို ကြုံခဲ့ရ၏။

နောက်ဆုံးနေ့တွင်မူ ထျန်ကျင်းဇီက ၎င်းတို့၏ ရပ်တည်ချက်ကို လုံးလုံးလျားလျား စွန့်လွှတ်ခဲ့သည်။

ဤသည်က ၎င်းတို့၏ ဗျူဟာ သို့မဟုတ် ဝိညာဥ်ဓား ဖလှယ်ပွဲတွင် အနိုင်ရရှိမည် ဟူသည့် ယုံကြည်မှုကို မည်သို့မျှ ထိခိုက်စေမည်တော့ မဟုတ်ပေ။

ထျန်ကျင်းဇီက ပုံမှန် မဟုတ်သော နည်းလမ်းများကို အသုံးပြုရာတွင် မအောင်မြင်ခဲ့သောကြောင့် တရားမျှတသော တိုက်ပွဲ၌ ယှဉ်ပြိုင်ရလျှင် အခြေအနေ မဆိုးလောက်ဟု ခံစားခဲ့ရသည်။

သို့သော် အတွေးများကို ကြားနိုင်သော ဝမ်လင်းအနေဖြင့် ထိုကဲ့သို့ ယုံကြည်မှုကို ထျန်ကျင်းဇီ ဘယ်ကနေ ရသွားမှန်း မသိခဲ့ပေ။

……………………

အမှတ်၅၉ အထက်တန်းကျောင်း၏ ကျယ်ဝန်းပြီး အသစ်မွမ်းမံထားသော အားကစားကွင်းတွင် ကျောင်းသားများက မတူညီသော နယ်ပယ်ကို လိုက်၍ အတန်းနှင့် အခန်းအလိုက်အပြေးလမ်း ပတ်ပတ်လည်တွင် ကုလားထိုင်များကို စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းဖွဲ့၍ ခင်းကျင်းလိုက်ကြသည်။

ဤဝိညာဥ်ဓား ဖလှယ်ပွဲတွင် စာသင်ကျောင်းနှစ်ခုမှ ကိုယ်စားလှယ် ကျောင်းသားများ အတွက် အလယ်၌ နေရာလွတ်ကို ချန်ထားခဲ့သည်။

ဝမ်လင်းက လူတစ်ထောင်ကျော်၏ ရှေ့တွင် သူ၏စွမ်းအားကို အမှန်တကယ် မပြသလိုခဲ့ချေ။

သူက ဤမျှလောက် များပြားသော လူများရှေ့တွင် မည်သည့် အရည်အချင်းမျိုးမှ မပြသဖူးပေ။

စင်မြင့်ပေါ်၌ ကျောင်းနှစ်ကျောင်းမှ ခေါင်းဆောင်များ ရောက်ရှိလာကြပြီ ဖြစ်သည်။

အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ချန်းနှင့် ဒါရိုက်တာရှီး၊ အမှတ်၅၉ အထက်တန်းကျောင်းမှ ကျောက်အုပ်ဆရာကြီး ကျင်းနှင့် ဒါရိုက်တာရှဲ့၊ ဖေးယန် ခရိုင်၏ ဌာန ခေါင်းဆောင်များ နှင့် အတွင်းရေးမှုး စွန်းတာခန်းတို့က စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော အမူအရာများဖြင့် စင်မြင့်ပေါ်တွင် ရှိနေကြသည်။

ကျိုးရီတစ်ယောက်သာ သနားစရာပုံ ပေါက်နေသည်။

ရိုးသားစွာပြောရလျှင် ပွဲကို တက်ရောက်လာသည့် ခေါင်းဆောင်များမှာ အတွင်းရေးမှူး တာခန်း ရောက်လာမည်ဟု မမျှော်လင့်ထားသောကြောင့် အလွန် အဆင်မပြေ ဖြစ်ခဲ့ရသည်။

ကျောင်းသားများကမူ စင်မြင့်ပေါ်မှ လူကို အတွင်းရေးမှူး စွန်းမှန်း မသိကြသည်မှာ သေချာသည်။

ထို့အပြင် ဤလူက အနည်းငယ် ရူးသွပ်နေသည်ဟုပင် ၎င်းတို့က ခံစားနေရသည်။

စင်မြင့်ပေါ်မှ ဆိုင်ကယ်ဦးထုပ် ဆောင်းထားသည့် ခေါင်းဆောင် တစ်ဦးကို ကျောင်းသားများက အကဲခတ်လိုက်သော်လည်း ထိုလူကို ၎င်းတို့က တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

သို့သော် ဆိုင်ကယ် ဦးထုပ် ဆောင်းသူ၏ အထောက်အထားက သာမန် မဟုတ်ကြောင်းကိုမူ ကျောင်းသားများက ခန့်မှန်းနိုင်ခဲ့၏။

ဤလူက VIP ဖြစ်ဖို့များသည်။

ယင်းအပြင် ဝမ်လင်းပင် ကြိုမတွေးထားမိသည့် VIP တစ်ယောက်လည်း ဖြစ်၏။

တက်ရောက်လာသော ကျောင်းသားအားလုံးတွင် ဤခေါင်းဆောင်က မည်သူမည်ဝါ ဖြစ်သည်ကို ဝမ်လင်းတစ်ယောက်သာ ရှင်းရှင်းလင်းလင်း သိထားသည်။

ရိုးသားစွာ ပြောရလျှင် သူ့လှုပ်ရှားမှုကနေ ဤအတွင်းရေးမှူးက တစ်ခုခု ရိပ်မိသွားမှာကို အလွန်အမင်း စိုးရိမ်ခဲ့ရသည်။

သူက အတွင်းရေးမှူးစွန်းကို မျက်လုံးဖြင့် တိုက်ရိုက်မကြည့်ဝံ့ဘဲ စိတ်ထဲကနေ လေးလေးနက်နက် သက်ပြင်းချမိသည်။

သူက ဝိညာဥ်ဓားဖလှယ်မှု အတွင်း အတတ်နိုင်ဆုံး မက်ဂဲလ်(မှော်အစွမ်းမရှိသော သာမန်လူ) တစ်ယောက်လို ပြုမူ နေထိုင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

အကယ်၍ သူသာ ဤအဘိုးကြီး၏ အာရုံကို မတော်တဆ ဆွဲဆောင်မိလျှင် ခက်ပေရော့မည်။

အတွင်းရေးမှူးစွန်းက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီးနောက် ထူးဆန်းသော အမူအရာဖြင့် ကျောင်းနှစ်ကျောင်းမှ ခေါင်းဆောင်များကို ကြည့်လိုက်သည်။

“ဘာလို့မစသေးတာလဲ”

ကျောင်းအုပ်ကြီးချန်းနှင့် ကျောင်းအုပ်ကြီးကျင်း တို့၏ မျက်နှာထက်တွင် ကူကယ်ရာမဲ့သော အမူအရာများ ဖြစ်ပေါ်လာသည်။

“ကျောင်းအုပ်ကြီးကျင်း.. မင်းက ဒီမှာ စီနီယာခေါင်းဆောင်လေ.. အိမ်ရှင်ဖြစ်တဲ့ မင်းက စကား မပြောသရွေ့ ဘယ်သူက ပွဲကို စတင်ဝံ့မှာလဲ”

အတွင်းရေးမှုး တာခန်း၏ စကားကိုကြားလျှင် ကျောင်းအုပ်ကြီး ကျင်းက ပြုံးလိုက်ပြီး ဝိညာဉ်ဓားဖလှယ်ပွဲ၏ သဘာပတိအဖြစ် စတင် စကား ပြောဆိုလိုက်သည်။

သူ့အသံက လေထဲကနေ ပျံ့လွင့်လာပြီး လူတစ်ဦးစီ၏ နားထဲသို့ ရောက်ရှိလာသည်။

“ပထမဦးစွာ အမှတ်၅၉ အထက်တန်းကျောင်းနဲ့ အမှတ်၆၀ အထက်တန်းကျောင်းက ကျောင်းခေါင်းဆောင်တွေ ကိုယ်စား ဝိညာဥ်ဓား ဖလှယ်ပွဲမှာ ပါဝင်ကြမဲ့ လက်ရွေးစင် ကျောင်းသား ဆယ်ယောက်ကို ကျေးဇူးတင်စကား ပြောချင်ပါတယ်.. မင်းတို့လေးတွေရဲ့ ထူးချွန်မှုကြောင့် ငါတို့ရဲ့ ကျင့်ကြံခြင်း ပညာရေးက အနာဂတ်မှာ ပိုပြီး တောက်ပလာမှာ အသေအချာပါပဲ”

အတွင်းရေးမှူး စွန်း၏ ဦးဆောင်မှုနောက်တွင် ပရိသတ်အားလုံးထံမှ မိုးပြိုလုမတတ် ကျယ်လောက်သည့် လက်ခုပ်သံများ ထွက်ပေါ်လာသည်။

အတွင်းရေးမှူးစွန်း ကိုယ်တိုင် အားပါးတရ လက်ခုပ်တီးနေသည်ကို မြင်လျှင် အနီးအနားရှိ ခေါင်းဆောင် အချို့က အတွင်းရေးမှူးစွန်း အမြင်စောင်းမည်ကို စိုးရိမ်၍ ပို၍ ကျယ်လောင်စွာ လက်ခုပ်တီးလိုက်ကြသည်။

သူတို့၏ အတွင်းရေးမှူးစွန်းက စိတ်အားထက်သန်သူ တစ်ဦး ဖြစ်ပြီး ရုပ်ဖျက်၍ လှည့်လည်သွားလာခြင်းကို အမှန်တကယ် နှစ်သက်သူ တစ်ဦးဖြစ်ကြောင်း သူတို့အားလုံး သိထားကြသည်။

သူက ကျောင်းပေါင်း တစ်ရာကျော်၏ တွေ့ဆုံပွဲများကို လျှို့ဝှက်စွာ တက်ရောက်ခဲ့ဖူးသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ အတွင်းရေးမှူးစွန်းက ဖိတ်ကြားစရာ မလိုအပ်ဘဲ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့သည်။

ယင်းအတွက် ခေါင်းဆောင်များက အလွန်ဂုဏ်ယူမိသော်လည်း တစ်ဖက်ကလည်း စိုးရိမ်စိတ် အနည်းငယ် ရှိနေသည်။

လက်ခုပ်သံများ တိတ်ဆိတ်သွားပြီးနောက် မြင်ကွင်းက ခဏမျှ တိတ်ဆိတ်သွားသည်။

ထို့နောက်တွင် ပြိုင်ပွဲကျင်းပရေး တာဝန်ခံ အမျိုးသမီး ဆရာမက မိုက်ခရိုဖုန်းကို ကောက်ကိုင်ကာ ပြိုင်ပွဲ စည်းကမ်းများကို စတင် ရွတ်ပြလိုက်တော့သည်။

“ဒီဝိညာဥ်ဓားဖလှယ်ပွဲမှာ တစ်ဦးချင်း အစွမ်းပြတာတွေ ရှိမှာမဟုတ်ဘူး.. အဲဒီအစား ကျောင်းသားတွေက စမ်းသပ်မှု ပတ်ဝန်းကျင်နဲ့ နာကျင်မှု ခံစားချက် အစစ်အမှန်တွေကို ပြီးပြည့်စုံစွာ ဖော်ပြနိုင်တဲ့ ဟိုလိုဂရပ်ဖစ် ရုပ်ပုံတွေနဲ့ ကျင့်ကြံခြင်း အစီအရင်တို့ကို ပေါင်းစပ်ထားတဲ့ မှော်အခင်းအကျင်း တစ်ခုမှာ အသင်းလိုက်ပြိုင်ပွဲ တစ်ခု ယှဥ်ပြိုင်ရမယ်.. ပြိုင်ပွဲအတွင်း အသင်းသားတွေ ရရှိတဲ့အမှတ် အရေအတွက် အပေါ် မူတည်ပြီး အနိုင်ရတဲ့ အဖွဲ့ကို အဆုံးအဖြတ် ပေးမယ်.. ဝိညာဉ်ဓား တိုက်ပွဲအတွင်းမှာ ပြိုင်ဘက်ရဲ့ အရေးကြီးတဲ့ အမှတ်တွေကို ထိမှန်ခြင်းကနေ ရရှိတဲ့ ရည်ညွှန်း အမှတ်တွေ အပြင် ပြိုင်ပွဲဝင် အသင်းနှစ်သင်းလုံးက မှော်လက်နက်နဲ့ ပစ္စည်းတွေကို ဝယ်ယူဖို့အတွက် ဂိမ်းဒင်္ဂါးတွေကို ရရှိမှာဖြစ်တယ်.. အဲဒါက ပြိုင်ပွဲကို ပိုမို စိတ်ဝင်စားဖို့ ကောင်းစေပြီး အရှိန်မြင့်လာစေမှာ ဖြစ်တယ်”

အိမ်ရှင် အဖြစ် ကျင်းပနေသည့် အမှတ်၅၉ အထက်တန်းကျောင်းမှ တာဝန်ခံ ဆရာမက ပြုံးလိုက်သည်။

“ဒါတွေက ပြိုင်ပွဲရဲ့ စည်းမျဥ်းတွေပါ.. စည်းမျဥ်းတွေကိုနားလည်ပြီ ဆိုရင်တော့ ဝိညာဥ်ဓား ဖလှယ်ပွဲမှာ ပါဝင်တဲ့ ကျောင်းသားဆယ်ဦးက မှော်အခင်းအကျင်းထဲကို ဝင်လို့ရပါပြီ”

အပိုင်း(၆၄) ပြီး၏။

အပိုင်း(၆၅) ကျင့်ကြံသူ ပြိုကွဲခြင်း မှ ကြိုဆိုပါတယ်

“ဒီပြိုင်ပွဲက အရင် တွေ့ဆုံပွဲတွေနဲ့ တော်တော်ကွာခြားပုံရတယ်”

ပြိုင်ပွဲ၏ စည်းမျဉ်း စည်းကမ်းများကို နားထောင်ရင်း အတွင်းရေးမှူး စွန်း၏ မျက်လုံးများက တောက်ပလာသည်။

ယခင်က ဝိညာဥ်ဓား ဖလှယ်ပွဲ တွေ့ဆုံမှုများတွင် အခြေခံအားဖြင့် ကျောင်းသားများက ၎င်းတို့၏ စံနှုန်း ပုံစံအတိုင်း လှုပ်ရှားကြပြီး ဓားရေး ကျွမ်းကျင်မှုကို ပြသခဲ့ကြသည်။

၎င်းတို့၏ အသွင်အပြင်နှင့် ကျွမ်းကျင်မှု အပေါ် အခြေခံ၍ တစ်ဦးချင်း စွမ်းရည်များကို ဒိုင်များက အကဲဖြတ်ခဲ့ကြ၏။

ယင်းမှာ အလွန်ငြီးငွေ့စရာ ကောင်းသည်ဟု ယူဆနိုင်သည်။

သို့သော် ယခုတစ်ကြိမ် ပြိုင်ပွဲတွင်မူ အသင်းလိုက် ယှဥ်ပြိုင်ရမည် ဖြစ်ပြီး အကဲဖြတ်ဒိုင်များ အစား ပြီးပြည့်စုံသော အကဲဖြတ်စနစ်ဖြင့် အစားထိုးထားသည်။

ထို့ကြောင့် ရမှတ်များက ပိုမိုမျှတပြီး ဘက်လိုက်မှု နည်းမည်ဖြစ်၏။

ကျောင်းအုပ်ကြီး ကျင်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ဒီတစ်ကြိမ် ပြိုင်ပွဲပုံစံကို ကော်မတီ အမြဲတမ်း အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးရီ ကိုယ်တိုင် အဆိုပြုခဲ့ပြီး ငါတို့ ကျောင်းနှစ်ကျောင်းကို အကောင်အထည် ဖော်ဖို့ တာဝန်ပေးခဲ့တယ်”

“ခုနက ပြိုင်ပွဲစည်းမျဥ်းနဲ့ ပတ်သက်ပြီး တာဝန်ခံ ဆရာမ ပြောတာက နည်းနည်း ရှုပ်ထွေးတယ်.. တစ်ယောက်ယောက်က ပြိုင်ပွဲစည်းမျဉ်းကို နားလည်လွယ်အောင် ရှင်းပြပေးလို့ရမလား”

“အင်း.. နားလည်လွယ်အောင် ပြောရရင်တော့ ဒီပြိုင်ပွဲက တစ်ဖက်ငါးယောက်စီ ဆော့ရတဲ့ MOBA (multiplayer online battle arena) ဂိမ်းနဲ့ ဆင်တူတယ်.. ဂိမ်းမြေပုံမှာ လမ်း၃ သွယ်ရှိပြီး လမ်းတစ်ခုစီမှာ အပြင်ခံတပ်၊ အတွင်းခံတပ်နဲ့ မြင့်မားတဲ့ ခံတပ်တစ်ခုစီ အသီးသီးရှိကြတယ်.. ကျောင်းသားတွေက ကိုယ်သွားမဲ့လမ်းကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိတယ်.. အဆုံးသတ်ကျရင် ရန်သူရဲ့ အခြေစိုက်စခန်းမှာ ရှိတဲ့ သလင်းကျောက်ကို ဖျက်ဆီးဖို့ ကြိုးပမ်းရမယ်.. အဲဒီအခါ တစ်ဖက်ကလည်း သက်ဆိုင်ရာ ခံတပ်ကို ခုခံကာကွယ်ရမယ်.. ဂိမ်းထဲကို ဝင်ပြီးတာနဲ့ ကျောင်းသားတွေက အသုံးပြုမဲ့စွမ်းရည်တွေကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်တယ်.. ရွေးချယ်နိုင်မဲ့ စွမ်းရည်တွေက တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်၊ မီးလောင်ကျွမ်းခြင်း စွမ်းရည်၊ ကုသခြင်း စွမ်းရည်၊ လျှပ်တပြက်စွမ်းရည် အစရှိတဲ့ စွမ်းရည်တွေပဲ.. ခြုံငုံပြီး ကြည့်လိုက်ရင် နှစ်ဖက် ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်လို့ အရင်က ပြိုင်ပွဲတွေထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်”

ကျောင်းအုပ်ကြီး ကျန်းက ပြောလိုက်သည်။

“ပုံရိပ်ယောင် နယ်မြေထဲကို စတင် ဝင်ရောက်လိုက်တာနဲ့ ကျောင်းသားတွေရဲ့ ဝိညာဉ်ဓားတွေ အပါအဝင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဒစ်ဂျစ်တယ်ဒေတာအဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီး သူတို့ရဲ့ အင်အားကို ကိန်းဂဏန်းတွေ အဖြစ် တွက်ချက်သွားမှာ ဖြစ်တယ်.. စနစ်ကနေ သတ်မှတ်လိုက်တဲ့ မှော်ပစ္စည်းတွေရဲ့ တန်ဖိုးတွေက လက်တွေ့ကမ္ဘာက တန်ဖိုးအပေါ်မှာ အခြေခံတယ်”

“ကျောင်းသားတွေ လုပ်ရမယ့် အလုပ် နှစ်ခုရှိတယ်.. ပထမတစ်ခုက လက်ပါးစေတွေ ဒါမှမဟုတ် မွန်းစတားတွေကို အနိုင်ယူပြီး သူတို့ရဲ့ အဆင့်ကို တဖြည်းဖြည်း မြှင့်တင်ဖို့ပဲ.. ဒေတာကူးပြောင်းပြီး နောက်မှာ ကျောင်းသားတွေရဲ့ အလုံးစုံ တိုက်ခိုက်နိုင်စွမ်းကို အဆင့်နှစ်ဆယ် အဖြစ် ပိုင်းခြားထားတယ်.. အဆင့်တစ်ခုစီမှာ ကျောင်းသားတွေရဲ့ မူလခွန်အား ငါးရာခိုင်နှုန်းကို ထည့်သွင်းထားတယ်.. ပြောရရင် အဆင့်၂၀လုံး ပြီးမြောက်မှ သူတို့ရဲ့ မူလခွန်အားကို ပြန်လည်ရရှိမှာ ဖြစ်တယ်.. ဒုတိယအနေနဲ့ သူတို့တွေက အချိန်တိုလေး အတွင်းမှာ သူတို့ရဲ့ ဝိညာဉ်ဓားတွေကို တည်ဆောက်ဖို့ အတွက် ဂိမ်းဒင်္ဂါးတွေကို တတ်နိုင်သမျှ စုဆောင်းပြီး လဲလှယ်ဖို့ လိုတယ်”

“ပြိုင်ပွဲရဲ့စည်းမျဥ်းက မှတ်သားစရာပဲ”

အတွင်းရေးမှူးစွန်းက ခေါင်းညိတ်လိုက်သည်။

“ကျောင်သားတွေ အတွက် အဆင့်၂၀ထိ မြှင့်ဖို့က အတော်ခက်ခဲမှာပဲ.. နောက်ပြီး ဝိညာဥ်ဓားတွေကို တည်ဆောက်တာက ကျောင်းသားတွေနဲ့ ဝိညာဥ်ဓားတွေရဲ့ ဆက်ဆံရေးကို တိုးတက်စေနိုင်တယ် ဆိုပေမဲ့ ဝိညာဥ်ဓားတွေရဲ့ တန်ဖိုးကို ဘယ်လိုတိုင်းတာမှာလဲ”

“မှန်ပါတယ်.. တရားမျှတမှု ရှိဖို့ အတွက် ဝိညာဥ်ဓားက အားကောင်းလေ ပိုတန်ဖိုးကြီးလေ သတ်မှတ်ထားပါတယ်..ဥပမာပြရရင် ကျောင်းသူစွန်းရုံရဲ့ ဆန်းကြယ်ပင်လယ်ဓားက ဓားဝိညာဥ်ကို မွေးမြူထားပြီ ဖြစ်တဲ့ အတွက် တည်ဆောက်ဖို့ ဒင်္ဂါးတွေ အများအပြား လိုအပ်လိမ့်မယ်.. ဒီဓားရဲ့ တန်ဖိုးကို ခန့်မှန်းရင် ဂိမ်းဒင်္ဂါး 5000 လောက်တော့ ရှိလိမ့်မယ်”

ဒါရိုက်တာရှဲ့က ဖြေကြားလိုက်သည်။

……………..

စင်မြင့်ပေါ်၌ ခေါင်းဆောင်အချို့က အချင်းချင်း တီးတိုးပြောနေချိန်တွင် တာဝန်ခံဆရာမက

“အစီအရင် ခင်းကျင်းမှုကို ဖွင့်လိုက်ပြီလို့ ကြေညာအပ်ပါတယ်.. ပြိုင်ပွဲက တရားဝင် စတင်ပါပြီ”

လက်ရှိ ခင်းကျင်းထားသည့် အစီအရင် များသည် အလွန်အဆင့်မြင့်ပြီး အားလုံးကို အသံဖြင့် ထိန်းချုပ်ထားသည်။

အစီအရင် အခင်းအကျင်းကို မထုတ်ဖော်မီ တာဝန်ခံဆရာမ၏ အသံကို စနစ်ထဲသို့ ထည့်သွင်းထားပြီး ဖြစ်၏။

ထို့ကြောင့် သူမ၏ ကြေငြာသံ ထွက်ပေါ်လာပြီး နောက်တွင် ကြီးမားသော အားကစားကွင်းကြီး၏ မြေပြင်ပေါ်၌ ဆူညံသော အသံများ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်ထားပုံရသော အစိမ်းရောင် အလင်းတန်း တစ်ခုက လူအားလုံး ရှေ့တွင် ပေါ်လာသည်။

အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများမှာ အစိမ်းရောင် အလင်းတန်းထဲသို့ ပထမဆုံး လှမ်းဝင်ခဲ့ကြသည်။

သာမန်မျက်စိဖြင့် ကြည့်နေစဥ်မှာပင် ၎င်းတို့က အစိမ်းရောင် အလင်းတန်းကြီး ထဲတွင် အမှုန်အမွှားလေးများ အဖြစ်သို့ ပြောင်းလဲကာ တဖြည်းဖြည်း ကွဲထွက်သွားပုံရသည်။

“ငါတို့လည်း သွားရအောင်”

ထျန်ကျင်းဇီက သွားများကို အံကြိတ်၍ ရေရွတ်လိုက်ပြီး ဖန်ဟွာချင်း၊ လျန့်ဝေ၊ လျန့်ကျန်း၊ လျန့်ဖေး တို့နှင့်အတူ အလင်းတန်းထဲ ဝင်ရောက်၍ ပျောက်ကွယ်သွားခဲ့သည်။

ကျောင်းနှစ်ကျောင်းမှ ကျောင်းသားများမှာ ပုံရိပ်ယောင်နယ်မြေထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်ခဲ့ကြသည်။

နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သမျှကို အားကစားကွင်းကြီးတွင် ထုတ်လွှင့်သည့် ဖန်သားပြင်၌သာ တိုက်ရိုက် ရှုစားရတော့မည်ဖြစ်၏။

MOBAဂိမ်း၏ တိုက်ပွဲဒီဇိုင်းကို အတော်လေး ကိုးကား၍ ပုံရိပ်ယောင် နယ်မြေ၏ မြေပုံကို ဖန်တီးထားသည်။

အနီရောင် အခြေစိုက်စခန်းနှင့် အပြာရောင် အခြေစိုက် စခန်း နှစ်ခု၏ ဘေးတွင် “ကျင့်ကြံသူ ပြိုကွဲခြင်း” ဟူသော စကားလုံးကို အရှက်မရှိ ရေးထိုးထားသည့် ကျောက်စာတိုင် တစ်ခုစီ ထောင်ထားသည်။

ထို့ပြင် သလင်းကျောက် မျှော်စင်များ၊ မြင့်မားသော ခံတပ်များ၊ အခြေစိုက်စခန်းများနှင့် တောတွင်းရှိ မွန်းစတားများပင် MOBAဂိမ်းကို ပြီးပြည့်စုံစွာ ပြန်လည် အတုယူ တည်ဆောက်ထားခဲ့သည်။

စက္ကန့်သုံးဆယ်တိုင်းတွင် အခြေစိုက်စခန်းများမှ လက်ပါးစေနှစ်ကောင် စေလွှတ်မည် ဖြစ်သည်။

ထိုလက်ပါးစေများကို သတ်ပြီး မြေပုံပေါ်ရှိ အဆက်မပြတ် ပြန်လည် ရှင်သန်နေသော မွန်းစတားများကို သတ်ခြင်းဖြင့် တစ်ဦးချင်းစီ၏ မှော်လက်နက်များကို တည်ဆောက်ရန်အတွက် သက်ဆိုင်ရာ ဂိမ်းဒင်္ဂါး အရေအတွက်ကို ရယူနိုင်၏။

သို့သော် အောင်ပွဲရရှိရန် အဆုံးစွန်သော နည်းလမ်းမှာ ရန်သူ၏ အခြေစိုက်စခန်းကို လုံးဝ ဖျက်ဆီးပစ်ရမည် ဖြစ်၏။

ဝမ်လင်းက ဂိမ်းကစားလေ့ မရှိသော်လည်း ဤဂိမ်းအမျိုးအစား၏ အခြေခံစည်းမျဉ်း အချို့ကို နားလည်နိုင်ပါသေးသည်။

တိုက်ပွဲဝင်မည့် အသင်းများ အနေဖြင့် မည်သို့မည်ပုံ ဆက်လက် ကစားသင့်သည်ကို ပိုမို အာရုံစိုက်ရမည် ဖြစ်သည်။

ကစားပွဲ၏ အဓိက သော့ချက်မှာ ကြောက်မက်ဖွယ် အကောင်းဆုံး မှော်လက်နက်ကို တတ်နိုင်သမျှ စောစီးစွာ တည်ဆောက်ရန် ဖြစ်၏။

သို့သော် ၎င်းမှာ ဝိညာဉ်ဓား ဖလှယ်ပွဲ တစ်ခုသာ ဖြစ်သောကြောင့် ၎င်းတို့ သယ်ဆောင်လာသော ဝိညာဉ်ဓား တစ်ချောင်းမှ လွဲ၍ ဂိမ်းစတိုးဆိုင်တွင် အခြားတိုက်ခိုက်နိုင်သော အစွမ်းထက် မှော်လက်နက်များ မရှိသလောက်ပင် ဖြစ်သည်။

ထို့အပြင် ဂိမ်းစတိုးဆိုင်တွင် လူတိုင်း၏ ဝိညာဉ်ဓားများ ပေါ်လာသော်လည်း ဓားတစ်ချောင်းစီက သက်ဆိုင်ရာ ပိုင်ရှင်နှင့် ချည်နှောင်ထားပြီးသား ဖြစ်၏။

ကိုယ်ပိုင် ဝိညာဥ်ဓား မဟုတ်လျှင် အခြားသူတစ်ဦးက ဝယ်ယူ၍မရပေ။

ထို့အပြင် ကျန်မှော်လက်နက်များမှာ အများသုံး လုပ်ဆောင်ချက် သို့မဟုတ် ခုခံမှု အမျိုးအစားများသာ ဖြစ်သည်။

ဤအရာအားလုံးကို ဗိုလ်ချုပ်ရီ ကိုယ်တိုင် ဒီဇိုင်း ထုတ်ထားသောကြောင့် တွေ့ဆုံပွဲ မစတင်မီတွင် မှော်ပစ္စည်း တစ်ခုစီ၏ စွမ်းရည်များက မည်သို့မည်ပုံ ဖြစ်လာမည်ကို မည်သူမျှ ကြိုမသိခဲ့ကြပေ။

ရွေးချယ်မှု မှားယွင်းလျှင် ကျောင်းသားများမှာ လုံးလုံးလျားလျား ပြဿနာ ကြုံရလိမ့်မည် ဖြစ်သည်။

“ချီး.. မှော်ပစ္စည်းတွေရဲ့ အသုံးဝင်မှု ဖော်ပြချက်တွေက အများကြီးပဲဟ.. အဲဒါတွေကို လိုက်ဖတ်နေရင် မနက်ဖြန်အထိ ပြီးမှာ မဟုတ်ဘူး”

“ဒါက ဘာအထာလည်းဟ.. ငါ့ရဲ့ နဂါးတောင်တက်ဓားက ဘာကြောင့် ဒီလောက် စျေးသက်သာနေရတာလဲ.. ဂိမ်းဒင်္ဂါး 998ပဲ ကျတာလား.. ဒီစနစ်ရဲ့ ဒေတာ ခွဲခြမ်းစိတ်ဖြာမှုမှာ တစ်စုံတစ်ရာ မှားယွင်းနေတာ ဖြစ်ရမယ်”

အမှတ်၅၉ အထက်တန်းကျောင်းမှ ထျန်ကျင်းဇီ ခေါင်းဆောင်သော လူတစ်စုက ပုံရိပ်ယောင်နယ်မြေထဲ ဝင်ရောက်ပြီးနောက် ၎င်းတို့ တစ်ဦးချင်းစီ၏ သွားလမ်းများကို ရွေးချယ်ရန် ငါးမိနစ်ခန့် အချိန်ယူပြီး ဆွေးနွေးခဲ့သည်။

ထို့နောက် စတိုးဆိုင်၏ ရတနာများကို တစ်ခုပြီးတစ်ခု စေ့စေ့စပ်စပ် ရှာဖွေရန် နောက်ထပ် ဆယ်မိနစ်ခန့် အချိန်ယူလိုက်သည်။

ဆန့်ကျင်ဘက်တွင်မူ အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများက ၎င်းတို့ထက် ပို၍ ညီညွတ်စွာ လက်တွဲလုပ်ဆောင်ခဲ့ကြသည်။

တစ်ခါတစ်ရံတွင် ဆုံးဖြတ်ချက် အလုံးစုံကို လူတစ်ယောက်ထဲက ချမှတ်ခြင်းသည် အချိန်အများကြီးကို သက်သာစေနိုင်သည်။

“ဒါဆို ငါတို့ ဒီလိုလုပ်ရအောင်.. ငါက အပေါ်လမ်းကို သွားမယ်.. အတန်းဖော် စွန်းရုံက အလယ်လမ်းကနေသွား.. ရှောင်ယုကတော့ တောလမ်းကနေသွား.. အတန်းဖော် ကော်ဟောက်နဲ့ ဝမ်လင်းကတော့ အောက်လမ်းကနေ သွားရမယ်..”

ဂိမ်းစတင်သည်နှင့် လူတစ်ဦးချင်းစီ အတွက် ဂိမ်းဒင်္ဂါး၅၀၀ ပေးထားသည်။

ဂိမ်းအထူး ကျွမ်းကျင်သူ ဖြစ်သည့် ဝါရင့်ဂိမ်းသမား ချန်းချောင်က အသုံးအများဆုံး ဖြစ်သည့် “ဗလာဓား”နှင့် “မီးလောင်ကျွမ်းခြင်း”စွမ်းရည်ကို မရွေးချယ်မီ လူတိုင်းသွားရမည့်လမ်းများကို ရွေးချယ်ပေး၍ ဂိမ်း စတိုးဆိုင်မှ ထွက်လာခဲ့သည်။

[အမည်= ဗလာဓား]

[အမျိုးအစား= လက်နက်]

[အရည်အသွေး= သာမန်]

[တိုက်ခိုက်နှုန်း= 10]

[တန်ဖိုး= ရွှေဒင်္ဂါးပြား 350]

[ဖော်ပြချက်= ဘုံအသုံးဝင်သည့် ဓားလက်နက်၊ အိမ်သုံး သို့မဟုတ် ခရီးသွားရန် အထူးသင့်လျော်သည်]

စွန်းရုံက ဆိုင်ထဲတွင် သူမ၏ ကိုယ်ပိုင်ဓား ဆန်းကြယ်ပင်လယ်ကို တွေ့ရှိခဲ့သည်။

၎င်း၏ စျေးနှုန်းမှာ ဂိမ်းဒင်္ဂါး 5800 အထိ မြင့်မားနေသည်ကို တွေ့ရလျှင် သူမ ထိတ်လန့်သွားခဲ့သည်။

ထို့နောက် သူမက ချန်းချောင်ကဲ့သို့ လိုအပ်သည့်​ အရာများကို အလျင်အမြန် ရွေးချယ်ကာ ဂိမ်းဒင်္ဂါးရှာရန် စတင် ထွက်ခွာလာခဲ့သည်။

ဝိညာဉ်ဓား တစ်ခုစီက အချောထည် ပစ္စည်း 5ခု လိုအပ်သဖြင့် တည်ဆောက်ရန် အချိန်အတော် လိုအပ်မည် ဖြစ်၏။

သို့သော် သူမ၏ ဆန်းကြယ်ပင်လယ်ဓားကို တည်ဆောက်ပြီးသည်နှင့် ထိုဓားက သူမ တို့၏ အောင်ပွဲအတွက် သော့ချက်ဖြစ်လာမည်ဟု ခံစားခဲ့ရသည်။

တောလမ်းကို ရွေးချယ်ခဲ့သော လင်းရှောင်ယုက ဂိမ်းဒင်္ဂါးငါးရာဖြင့် ရောင်းချသော သာမန် အမဲလိုက်ဓားကို ရွေးချယ်ခဲ့သည်။

အမဲလိုက်ဓားငယ်က ဗလာဓားထက် တိုက်ခိုက်နှုန်း မြင့်မားပြီး အသက်စွမ်းအားကို ပြန်လည် မြှင့်တင်ပေးနိုင်သည့် အကျိုး သက်ရောက်မှု အချို့ ရှိသည်။

ဂိမ်းတစ်ခုလုံးတွင် ဝိညာဉ်ဓားများမှ လွဲ၍ ၎င်းက တိုက်ခိုက်နှုန်း မြင့်မားသည့် တစ်ခုတည်းသော ပစ္စည်း ဖြစ်သည်။

ထိုသို့ မဟုတ်ဘဲ ဗလာဓားကိုသာ အသုံးပြုနေမည် ဆိုလျှင် တောလမ်းရှိ မကောင်းဆိုးဝါး ဝံပုလွေကို သတ်ရန် အချိန်အတော်ကြာမည် ဖြစ်သည်။

“အားလုံးပဲ ကံကောင်းကြပါစေ.. ငါတို့ကျောင်းကို အရှက်မကွဲစေနဲ့”

လင်းရှောင်ယုက ပစ္စည်း ရွေးချယ်ပြီးနောက် အခြေစိုက်စခန်းမှ ထွက်ကာ စွန်းရုံ၏ နောက်သို့ လိုက်လာခဲ့သည်။

[အမည်= အမဲလိုက်ဓား]

[အမျိုးအစား= လက်နက်]

[အရည်အသွေး= အထွေထွေသုံး]

[တိုက်ခိုက်နှုန်း= 30]

[တန်ဖိုး= ရွှေဒင်္ဂါး500]

[ဖော်ပြချက်= ဤဓား၏ မွန်းစတားဆန်သော စွမ်းရည်က ဖျက်ဆီးနှုန်း 10% အပိုဆု နှင့် အသက်စွမ်းအား 10% ကို ရရှိစေသည်။ ယင်းက “တောတွင်းသုံးဓားမြှောင်”ကို တည်ဆောက်ရန်အတွက် အရေးကြီးသော မှော်လက်နက် တစ်ခုဖြစ်သည်။]

“တောတွင်းသုံး ဓားမြှောင်”ကိုသာ အောင်မြင်စွာ တည်ဆောက်ပြီးလျှင် ထိုဓားက မွန်းစတားများကို ချက်ချင်း အပြစ်ပေးကာ အမဲသား အဖြစ်သို့ ပြောင်းလဲပေးနိုင်မည် ဖြစ်သည်။

ထိုမှ ရရှိသည့် ရလာဒ်ကို အသင်းဖော်များနှင့် မျှဝေနိုင်သောကြောင့် ၎င်းတို့ တစ်ဖွဲ့လုံးက အသက်စွမ်းအင် အကျိုးသက်ရောက်မှုကို ခံစားရမည် ဖြစ်၏။

ယခုအခါတွင် လက်နက် မရွေးရသေးသည့်သူ ဟူ၍ ဝမ်လင်းနှင့် ကော်ဟောက်သာ ကျန်တော့သည်။

အောက်လမ်းကြောင်းက အထင်ရှားဆုံး အခန်းကဏ္ဍ တစ်ခု မဟုတ်၍ ဝမ်လင်းက ချန်းချောင်၏ ရွေးချယ်ပေးမှုကို လက်မခံခင် စဥ်းစားစရာပင် မလိုအပ်ခဲ့ချေ။

ကုန်ပစ္စည်းများ ပြည့်နှက်နေသော စတိုးဆိုင်တွင် ကော်ဟောက်၏ သရဲစွယ်ဓားက ဂိမ်းဒင်္ဂါး 2800 တန်ဖိုး ရှိကြောင်း ဝမ်လင်းက မြင်လိုက်ရသည်။

ဒေတာအရ ဆိုလျှင် သရဲစွယ်ဓားက အတော်လေး စျေးမြင့်သည်ဟု ဆိုရမည်။

ကော်ဟောက်က ဗလာဓား တစ်ချောင်းကို ရွေးပြီး အပြင်ကို ထွက်လာခဲ့သည်။

“ဝမ်လင်း မြန်မြန်လုပ်.. ငါတစ်ယောက်တည်း ထိန်းနိုင်မှာမဟုတ်ဘူး”

ဝမ်လင်း ယခုထိ ဆိုင်ထဲကနေ မထွက်ရသေးသည့် အကြောင်းရင်းမှာ ဆိုင်ထဲတွင် ကျင့်ခယ်ကို ရှာနေခြင်းကြောင့် ဖြစ်သည်။

သူ့အနေဖြင့် ကျင့်ခယ်က လမ်းတစ်ဝက်တွင် သောင်းကျန်းမည်ကို စိုးရိမ်သောကြောင့် လူရှေ့သူရှေ့တွင် ထုတ်ဖော်ပြသရန် ကြောက်ရွံ့ခဲ့ရသည်။

သို့သော် ယခုတစ်ကြိမ် ပြိုင်ပွဲတွင်မူ ၎င်းက ဂိမ်းဒေတာ အဖြစ် ပြောင်းလဲသွားသောကြောင့် ဝမ်လင်းအနေဖြင့် ကျင့်ခယ် မည်မျှ တန်ဖိုးရှိမည်ကို အမှန်တကယ် သိချင်နေခဲ့သည်။

ဆိုင်ရှိ မှော်လက်နက်များကြားတွင် ဓားတစ်ထောင်ကျော်ရှိ၏။

နောက်ဆုံးတွင် ဝမ်လင်းက ကုန်ပစ္စည်းစာရင်း၏ အောက်ဆုံးနေရာတွင် အလွန်သေးငယ်ပြီး ထင်ထင်ရှားရှား မရှိသည့် ကျင့်ခယ်ကို တွေ့လိုက်ရသည်။

[အမည်= ကျင့်ခယ် မက်မွန်သစ်သားဓား]

[အမျိုးအစား= လက်နက်]

[အရည်အသွေး= သာမန်]

[တိုက်ခိုက်နှုန်း= မသိရ ]

[တန်ဖိုး= ရွှေဒင်္ဂါး1]

[ဖော်ပြချက်- မက်မွန်သစ်သားဓား တစ်ချောင်းသည် နတ်ဆိုးများကို ကာကွယ်ရန် လည်ပင်းတွင် အဆောင်အဖြစ် ချိတ်ဆွဲထားနိုင်သည်]

ဝမ်လင်း “……………”

အပိုင်း(၆၅) ပြီး၏

အပိုင်း(၆၆) တပါးသူ ထင်ပေါ်လာဖို့အတွက် ပံ့ပိုးကူညီရေး လမ်းကြောင်း

ဤအတောအတွင်း ဖန်သားပြင်ပေါ်မှ အလင်းရောင်များက အားကစားကွင်းတွင် တဖျပ်ဖျပ် လင်းလက်နေသည်။

ဖန်သားပြင်များက အားကစားကွင်း၏ နေရာတိုင်းကို မျက်နှာမူ၍ လေးလေးနက်နက် နေရာယူထားသည်။

ကျောင်းသား တစ်ထောင်ကျော်က အားကစား ကွင်းတွင် စုဝေးကာ ကျောင်းနှစ်ကျောင်းကြား ပွဲစဉ်များကို ကြည့်ရှုခဲ့ကြသည်။

အချို့က တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေကြပြီး အချို့က ခေါင်းငုံ့ကာ စဥ်းစားခန်း ဝင်နေကြသည်။

တစ်ချို့ကမူ အချင်းချင်း တစ်ယောက်ကို တစ်ယောက် တီးတိုး ပြောဆိုနေကြ၏။

သာမာန် အခြေအနေများတွင် ထိုသို့ အသင်းလိုက် ဂိမ်းပြိုင်ပွဲများ အတွက် ပရော်ဖက်ရှင်နယ် မှတ်ချက်ပေးသူများ ရှိသော်လည်း ဤ “ကျင့်ကြံသူ ပြိုကွဲခြင်း” ဂိမ်းသည် လူသိရှင်ကြား မရရှိနိုင်သေးသည့် စမ်းသပ်ဗားရှင်း ဖြစ်နေသည်။

ထို့ကြောင့် ဂိမ်းအခြေအနေနှင့် ပတ်သက်ပြီး ဆက်စပ် သုံးသပ်ချက်ပေးရန် အတွက် တာဝန်ခံ အမျိုးသမီး ဆရာမက ဆောင်ရွက်ပေးခဲ့သည်။

ပြိုင်ပွဲက လက်ရှိတွင် အစောပိုင်း ဂိမ်းလမ်းကြောင်းတွင်သာ ရှိနေသေးသောကြောင့် အခြေခံအားဖြင့် မည်သည့် အသင်းတိုက်ပွဲမျှ မဖြစ်ပေါ်သေးပေ။

ထို့ကြောင့် တာဝန်ခံ အမျိုးသမီးက ထုတ်လွှင့်မှုကို ကြည့်ရင်း အနည်းငယ် ငြီးငွေ့လာသည်။

“ဒီဂိမ်းစတိုးဆိုင်မှာ ပစ္စည်းတွေ အများကြီး ရှိတယ်.. ရွေးချယ်ဖို့ကလည်း အရမ်းများလွန်းတယ်.. ကင်မရာက မီးကို ဖျတ်ခနဲ ထိုးလိုက်တာနဲ့ ဘာမှ ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူး”

“စီနီယာ ထျန်ကျင်းဇီ နဲ့ တခြားသူတွေတောင် ဒီနေရာမှာ အချိန်အတော်ယူခဲ့ရတယ်.. ဒီအခြေခံကနေ ရုန်းထွက်ဖို့ဆိုရင် တစ်နာရီလောက် အချိန်ပေးရမယ် ထင်တယ်.. ကနဦး ပေးထားတဲ့ ဂိမ်းဒင်္ဂါး ပမာဏက အရမ်းနည်းလွန်းတယ်လေ.. အဲဒါတွေကို ဘယ်လိုသုံးရမလဲ ဒါမှမဟုတ် ဘာဝယ်ရမှန်းမသိ ဖြစ်နေတာနဲ့ပဲ အချိန်တွေအလဟဿ ဖြစ်သွားနိုင်တယ်”

စင်မြင့်အောက်ရှိ ကျောင်းသားများက ကစားပွဲနှင့် ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးနေကြသည်။

စင်မြင့်ပေါ်ရှိ အတွင်းရေးမှူး စွန်းတာခန်းပင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“စတိုးဆိုင်မှာ ကုန်ပစ္စည်း အများအပြား ထားတာက တကယ်ကို ခေါင်းကိုက်စရာပဲ.. တစ်ခုခု ရွေးရခက်တဲ့ ကျောင်းသားက ဆိုင်မှာ အချိန်အများကြီး ကုန်သွားနိုင်တယ်”

“ကျနော်တို့ အသုံးပြုနေတဲ့ ဂိမ်းက စမ်းသပ်ဗားရှင်းမို့ပါ… အနာဂတ်မှာ ပုံမှန်ထုတ်ကုန် ဖြစ်လာရင်တော့ လက်ရှိ စတိုးဆိုင်မှာ တင်ထားတဲ့ မှော်လက်နက် အရေအတွက်ထက် ခြောက်ဆယ်ရာခိုင်နှုန်း ဒါမှမဟုတ် ခုနစ်ဆယ် ရာခိုင်နှုန်းခန့်ထိ လျော့ချမယ်လို့ ခန့်မှန်းထားပါတယ်”

“ဒါပေမယ့် ဒါကလည်း ကောင်းပါတယ်လေ.. စတိုးဆိုင်မှာ ကုန်ပစ္စည်းတွေ ပိုများလာရင် အသုံးဝင်ပြီး ကိုယ်နဲ့ သင့်တော်မဲ့ မှော်လက်နက်ကို ရွေးချယ်ဖို့ လိုအပ်လာပြီလေ.. အဲဒီကနေ အသုံးပြုသူတွေရဲ့ လိုက်လျောညီထွေ လုပ်နိုင်စွမ်းကို စမ်းသပ်လို့ရတာပေါ့”

“ဒါနဲ့ ဒီဂိမ်းမှာ ဘောနပ်စ်ပေးတဲ့ စနစ်တွေရော ရှိလား”

“အင်း.. ဆုတွေရှိတယ်.. မျှော်စင်ကို ဖျက်ဆီးနိုင်တဲ့ ပထမဆုံးအဖွဲ့က ဂိမ်းဒင်္ဂါး ငါးရာကို ဆုချီးမြှင့်ခံရမယ်.. ရန်သူကို သတ်နိုင်တဲ့ ပထမဆုံးလူကို ဂိမ်းဒင်္ဂါး ငါးရာ ချီးမြှင့်မယ်.. အကယ်၍ အခြားသူတစ်ဦးဦးကို သတ်တဲ့အခါ ပံ့ပိုးကူညီသူ ရှိတယ် ဆိုရင်တော့ ဆုကြေးကို အညီအမျှ ခွဲဝေပေးမှာ ဖြစ်တယ်.. နောက်တစ်ခုလည်း ရှိသေးတယ်… ဝိညာဥ်ဓား အချောထည် တစ်ခုလုံးကို တစ်ယောက်ယောက်က ပထမဆုံး တည်ဆောက်နိုင်ခဲ့ရင် ဒါမှမဟုတ် အတိုချုပ် ပြောရရင် “ပထမဆုံးပစ္စည်းဆု” ကို ရယူနိုင်ခဲ့ရင် ဆုလာဘ်အနေနဲ့ အဖွဲ့ဝင် တစ်ဦးချင်းစီကို ဂိမ်းဒင်္ဂါး ငါးရာ ဆုချလိမ့်မယ်”

“ဒီဆုတွေ အားလုံးကို ပြတ်ပြတ်သားသား ရယူပြီး ဦးဆောင်နိုင်ရင် အသင်းရဲ့ အားသာချက်က အများကြီး တိုးလာမှာပဲ”

သူ စကားမဆုံးခင် ဖန်သားပြင်မှ အီလက်ထရွန်းနစ် အသံတစ်သံ ထွက်ပေါ်လာသည်။

ပထမဆုံးပစ္စည်း ဆုလာဘ်..

ထို့နောက် စနစ်ကြေငြာချက်တွင် ဝမ်လင်း၏ နာမည်ပေါ်လာသည်။

ဝမ်လင်း= ပထမဆုံး အချောထည်ပစ္စည်း တည်ဆောက်မှုအောင်မြင်၊ အဖွဲ့ဝင် တစ်ဦးချင်းစီ အတွက် ဂိမ်းဒင်္ဂါး 500 ဆုလာဘ်။

တာဝန်ခံ အမျိုးသမီးက ချက်ချင်းပင် ကြေငြာလိုက်သည်။

“အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကျောင်းသား ဝမ်လင်းက ဝိညာဥ်ဓားကို ပထမဆုံး တည်ဆောက်နိုင်တဲ့သူ ဖြစ်တဲ့အတွက် အမှတ်၆၀ အထက်တန်းကျောင်းက အဖွဲ့ဝင် တစ်ဦးချင်းစီက ဆုလာဘ် အဖြစ် ဂိမ်းဒင်္ဂါး 500ကို ရရှိပါတယ်”

ပရိသတ်အားလုံး အံ့အားသင့်သွားသည်။

အသံလွှင့် ဖန်သားပြင်ပေါ်ရှိ ပုံက ဂိမ်းစတိုးဆိုင်၏ ကုန်ပစ္စည်းစာရင်းကို ပြသလိုက်သောအခါ အားကစားကွင်း တစ်ခုလုံး မရပ်မနား ဆဲဆိုသံများဖြင့် ချက်ချင်းပင် ဆူညံသွားတော့သည်။

“သောက်-ချီး.. ဂိမ်းဒင်္ဂါး တစ်ခုပဲ ကုန်ကျတဲ့ အချောထည် ပစ္စည်းတစ်ခုက ဘယ်ငရဲကနေ ရောက်လာတာလည်းဟ”

“လခွမ်း.. ဒီကောင်က အရင်းတောင်မှ မထိရသေးဘဲနဲ့ ဆုလာဘ်ကို တကယ်ကြီး ရခဲ့တာလား.. သေချာတာကတော့ ဒီဂိမ်းမှာ ချို့ယွင်းချက် ရှိနေပြီ”

“ချီးပဲ..”

တစ်ချိန်တည်းမှာပင် အနီရောင်ဘက်ရှိ ထျန်းကျင်းဇီတို့ ငါးဦးက ဂိမ်း၏ ကြေညာချက်ကို မြင်လျှင် တညီတညွတ်တည်း အော်ဟစ်ခဲ့ကြသည်။

သူတို့အဖွဲ့တွင် ဈေးအသက်သာဆုံး ပစ္စည်းမှာ လျန့်ဖေး၏ နဂါးတောင်တက်ဓား ဖြစ်သည်။

သူတို့က ပထမဆုံး အချောထည်ပစ္စည်း အတွက် ဂိမ်းဒင်္ဂါးများ စုဆောင်းနိုင်ရန် နောက်ထပ် အစေအပါး နှစ်ကောင်ကို သတ်နိုင်ရန်သာ လိုတော့သည်။

အခြေစိုက်စခန်းကနေတောင် မထွက်ရသေးသည့်​ ငတိက ဆုလာဘ်ကို ယူငင်သွားမည်ဟု မည်သူက ကြိုသိနိုင်မည်နည်း။

“အယူခံဝင်သင့်လား.. ကန့်ကွက်သင့်လား.. ဂိမ်းကို ပြန်စလိုက်သင့်လား”

“ဂိမ်းစနစ်မှာ တစ်ခုခု မှားယွင်းနေသလား မသိဘူး.. အဲဒါကို စစ်ဆေးဖို့ ပြိုင်ပွဲကို ခေတ္တ ရပ်ထားလိုက်သင့်လား”

ထိုမြင်ကွင်းကို မြင်ပြီးနောက် ကျောင်းအုပ်ကြီးကျင်းက မေးလိုက်သည်။

“ဒါက ဂိမ်းစနစ်ရဲ့ ပြဿနာ မဟုတ်ပါဘူး.. ကျောင်းသားဝမ်လင်းရဲ့ ဝိညာဥ်ဓားက အလွန် စျေးသက်သာတဲ့ အပေါစား သစ်သားဓားပါ”

အမှတ်၆၀ ကျောင်း၏ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဆရာဝမ်က သက်ပြင်းချ၍ ပြောလိုက်သည်။

“ကျောင်းသား ဝမ်လင်းက ​​ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာတာပါ.. သူက ဒီတစ်ကြိမ် ပြိုင်ပွဲ အတွက် မက်မွန်သစ်သားဓား တစ်ချောင်းပဲ ယူလာခဲ့ပါတယ်”

ထိုစကားကိုကြားလျှင် ကျောင်းအုပ်ကြီးကျင်းက ကူကယ်ရာမဲ့စွာဖြင့် နှုတ်ခမ်းတွေ ရွဲ့မလိုတောင် ဖြစ်သွားရသည်။

“ဒါက ဒီဂိမ်းမှာ အသာရဖို့ ချမှတ်ထားတဲ့ နည်းဗျူဟာလား”

“အဲဒါတော့ မဟုတ်ဘူး.. ကျောင်းသားဝမ်လင်းမှာ သူ့ကိုယ်ပိုင် အကြောင်းပြချက် ရှိကောင်းရှိပါလိမ့်မယ်”

ဆရာဝမ်က ခေါင်းခါယမ်း၍ ဖြေလိုက်သည်။

သူတို့ စကားပြောနေစဉ် အသံလွှင့် ဖန်သားပြင်မှ မြင်ကွင်းက ကုန်စည်စာရင်း ကော်လံသို့ ပြောင်းသွားပြီး ဝမ်လင်း၏ သစ်သားဓားငယ် ပေါ်တွင် ပုံရိပ်က ရပ်တန့်သွားသည်။

သစ်သားဓား၏ စျေးနှုန်းကို ကြည့်လိုက်လျှင် လူတိုင်းက ထိတ်လန့်သွားကြသည်။

ဂိမ်းဒင်္ဂါး တစ်ခုလောက်သာ ကုန်ကျသည့် ဤမက်မွန်သစ်သားဓားက တကယ်ပဲ တည်ဆောက် ပြီးစီးသွားသည့် အချောထည် ပစ္စည်း တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဤတန်ဖိုးဖြင့် “ပထမဆုံးပစ္စည်း” ဆုလာဘ်ကို မရခဲ့ရင်သာ တစ်ခုခုမှားသွားနေပြီဟု ဆိုနိုင်သည် မဟုတ်ပါလား။

………………….

ဝမ်လင်းက ကျင့်ခယ်၏ တန်ဖိုးကို ဂိမ်းဒင်္ဂါး တစ်ခုသာ ကျသင့်မည်ဟု မထင်ထားခဲ့ပေ။

မူလတွင် သူက စူးစမ်းချင်စိတ်ကြောင့် ဝယ်ခဲ့သော်လည်း ဂိမ်းစနစ်၏ မထင်မှတ်ထားသည့် အချက်အလက်ကြောင့် အချောထည် ပစ္စည်းကို ပထမဆုံး တည်ဆောက်သူ အဖြစ် ဆုလာဘ်ကို ရရှိသွားခဲ့သည်။

ယခု သူက အသံလွှင့် ဖန်သားပြင်ပေါ်တွင် သူ့နောက်ကို လိုက်ကြည့်နေသည့် ထောင်ပေါင်းများစွာသော မျက်လုံးများကို ခံစားနေရသည်။

ယင်းက သူ့ကို သဘောမကျသော ခံစားချက်များ ဖြစ်စေ၏။

ဒါက တကယ်ကို အာရုံစိုက်ခံရလွန်းသည်။

လူတိုင်း၏ အကြည့်များကို အခြားတစ်နေရာသို့ ဦးတည်ချက် ပြောင်းရန် အတွက် သူက လှည့်စားမှုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

သူက အဖွဲ့ထဲမှ အခြားသူများ၏ ကောင်းမွန်သော အတွေ့အကြုံနှင့် တိုးတက်မှု စွမ်းရည်များ ထင်ပေါ်စေရန် အတွက် အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးမည် ဖြစ်၏။

ဤသည်မှာ အသင်းသားများကို အထောက်အပံ့ ပေးသည့် မှန်ကန်သော နည်းလမ်းလည်း ဖြစ်သည်။

ထို့ကြောင့် ယခုအချိန်ကစပြီး ဝမ်လင်းက နောက်ထပ် ဘာမှ ထပ်မလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ယခု သူ့တွင် ဆုလာဒ်အဖြစ် ဂိမ်းဒင်္ဂါး500 ရရှိထားသည်။

သူက ပစ္စည်းတစ်ခုခုကို ဝယ်ယူကာ ဖြည်းဖြည်းမှန်မှန် ဖွံ့ဖြိုးတိုးတက်လာပြီး အတွေ့အကြုံကို ရယူသင့်သည်ဟု ဆုံးဖြတ်လိုက်၏။

ဆိုင်တွင် ပစ္စည်းများစွာ ရှိသည်။

သူ့တွင် ဂိမ်းဒင်္ဂါး 999ခု ကျန်ရှိနေသေးသော်လည်း အာရုံစိုက်မှု မခံရစေရန် စျေးအသက်သာဆုံး ပစ္စည်းတစ်ခုကို ရွေးချယ်ပြီးနောက် ဆိုင်မှ ထွက်လာခဲ့သည်။

[အမည်= လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် မျက်မှန်]

[အမျိုးအစား= လက်တွေ့အသုံးဝင်သော မှော်လက်နက်]

[အရည်အသွေး= သာမန်]

[တန်ဖိုး= ရွှေဒင်္ဂါး 300]

[ဖော်ပြချက်= အချိန်သည် ငွေဖြစ်ပြီး ငွေသည် အချိန်ဖြစ်သည်။ မော့ မိသားစုမှ ပြုလုပ်သော လျှို့ဝှက်ဆန်းကြယ် အနက်ရောင် မျက်မှန်တစ်စုံ၊ ဝတ်ဆင်လိုက်သည်နှင့် +2 ဂိမ်းဒင်္ဂါးပြား /1s…. 2 ]

ဝမ်လင်းက မျက်မှန်တပ်ထား၍ ထွက်ခွာသွားပြီး အောက်လမ်းကြောင်းသို့ ပြန်သွားခဲ့သည်။

ကော်ဟောက်က အဆင့်3ဆင့် အထိ တကယ်ကြီး အဆင့်တက်နေသည်ကို မြင်လျှင် သူ အံ့အားသင့်သွားသည်။

“ငါ အခြေစိုက်စခန်းမှာ အချိန်တွေ အများကြီး ဖြုန်းခဲ့မိတာပဲ”

ဝမ်လင်း စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

သူက ပုံမှန် ယောက်ျားလေးတွေနှင့် ယှဉ်လျှင် ဂိမ်းဆော့ဖို့ အခွင့်အရေးက အဆပေါင်းများစွာ နည်းပါး၏။

သူ၏ ရုန့်ရင်းသော စွမ်းအားများကို မထိန်းချုပ်နိုင်တော့ဘဲ ဂိမ်းစက်ကို ဖျက်ဆီးပစ်မိမည်ကို အမြဲစိုးရိမ်နေခဲ့ရသည်။

ထို့ကြောင့် သူက ချန်းချောင်နှင့် ကော်ဟောက်တို့လောက် ဂိမ်းကစားရာတွင် ကျွမ်းကျင်မှု မရှိခဲ့ပေ။

ယခုမူ တာအိုအဆောင်က ဗားရှင်းအသစ်သို့ ပြောင်းသွားသောကြောင့် နောက်သုံးလလောက် အထိ စိတ်ချသွားရပြီ ဖြစ်သည်။

သုံးလအတွင်း ဇွန်းနှင့် ပန်းကန်များ ဖျက်ဆီးမိမည်ကို စိတ်ပူစရာ မလိုတော့ပေ။

သူ၏ ယိုစိမ့်နေသည့် အရှိန်အဝါတွေက ပြည်သူပိုင် အဆောက်အဦးတွေအား ပျက်စီးစေမည်ကိုလည်း စိုးရိမ်စရာ မလိုတော့ချေ။

သို့သော် သုံးလကြာပြီးနောက်တွင် တာအိုအဆောင် စည်းတံဆိပ်၏ စွမ်းအားက တဖြည်းဖြည်း အားနည်းပြီး သူ၏ ကြောက်ရွံ့မှု နေ့ရက်များက တစ်ပတ် ပြန်လည်လာမည် ဖြစ်၏။

တာအိုအဆောင် ဖန်တီးရာတွင် အသုံးပြုသည့် ပစ္စည်းများက အလွန် ထူးခြားသောကြောင့် ဝမ်မင်က တီထွင်ရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

သာမာန်အားဖြင့် ဝမ်လင်းက အချိန်ကို အတင်းအကြပ် အရှိန်မြှင့်နိုင်သည်။

သို့သော် ဤကိစ္စနှင့် ပတ်သက်လာသော အခါတွင် သူက များစွာ အကူအညီ မပေးနိုင်ခဲ့ပေ။

သူက ပစ္စည်းများနှင့် နီးသည်နှင့် တပြိုင်နက် တာအိုမန္တန်ကို အသုံးပြုရန် နေနေသာသာ သူ၏ ခွန်အားကိုပင် လုံးဝ အသုံးမချနိုင်တော့ချေ။

သူ့စိတ်ထဲတွင် ဤကိစ္စကို တွေးတောနေချိန်၌ စွန်းရုံ၏ အသံက အလယ်လမ်းမှ ထွက်ပေါ်လာသည်။

“အတန်းဖော် ဝမ်လင်း သတိထား.. ရန်သူရဲ့ အလယ်လမ်းက လူတွေက အောက်လမ်းကို ဖမ်းဖို့ ထွက်လာကြတယ်”

အဖွဲ့တစ်ခုစီ၏ အဖွဲ့ဝင်များက တစ်ဦးနှင့် တစ်ဦး ချိတ်ဆက်ထားပြီး အသံမက်ဆေ့ချ် များကို အဝေးကနေ ပေးပို့နိုင်သည်။

အောက်လမ်းက ကျူပင်များ ဖုံးလွှမ်းနေသော နေရာ ဖြစ်၏။

ထိုနေရာက လူအများကို ချုံခိုတိုက်ခိုက်ရန်နှင့် ဖမ်းဆီးရန် အတွက် အလွန် ဗျူဟာမြောက်သော နေရာ ဖြစ်သည်။

အနက်ရောင် မျက်မှန်တပ်ထားသော ဝမ်လင်းက အခြေအနေကို လျှို့ဝှက်စွာ စောင့်ကြည့်ရန် ခံတပ်အနီးရှိ ကျူတောထဲတွင် ပုန်းနေခဲ့သည်။

အနက်ရောင် မျက်မှန်ကို ချက်ချင်း အသုံးချလိုက်ရသဖြင့် အချိန်တိုလေး အတွင်း အနက်ရောင် မျက်မှန်အတွက် ကုန်ကျထားသည့် တန်ဖိုးကို ပြန်ရခဲ့သည်ဟု ဆိုရမည်။

“အတန်းဖော် ဝမ်လင်း အဲဒီမှာ ဖင်ကုန်းပြီး ဘာလုပ်နေတာလဲ.. မြန်မြန်ပြန်ဆုတ်လာခဲ့.. အန္တရာယ်ကင်းကင်း ကစားကြစို့.. သူတို့မှာ သုံးယောက်တောင် ရှိတယ်.. ငါတို့တွေ အနိုင်ရမှာ မဟုတ်ဘူး”

ကော်ဟောက်က ရန်သူ၏ အောက်လမ်းတွင် ရှိနေသော လူများ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သတိပြုမိခဲ့သည်။

ဆိုလိုသည်မှာ ရန်သူ၏ အောက်လမ်းကြောင်းမှ ရန်သူများက အလယ်လမ်းမှ လာသော အဖွဲ့နှင့် ပူးပေါင်း၍ သူတို့၏ အောက်လမ်းကြောင်းကို ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ရန် ဆောင်ရွက်တော့မည်ဟု ဆိုလိုသည်။

“ဘာလို့ ပြန်ဆုတ်ရမှာလဲ.. ငါတို့က သူတို့ကို တကယ်ပဲ အနိုင်မယူနိုင်လို့လား”

ဝမ်လင်းက ခေါင်းငုံ့ပြီး စဉ်းစားနေမိသည်။

အပိုင်း(၆၆) ပြီး၏

အပိုင်း(၆၇) တကယ့်စွမ်းရည်အစစ်က လှုပ်ရှားစရာသိပ်မလိုဘူး

စနစ်က လူတိုင်း၏ အင်အားကို ဒစ်ဂျစ်တယ် ဒေတာ အဖြစ်သို့ ပြောင်းလဲပြီး အဆင့်နှစ်ဆယ်ဖြင့် ပိုင်းခြားထားသည်။

အဆင့်တစ်ခုစီကို အဆင့်မြှင့်တင်ခြင်းဖြင့် လူတစ်ဦးစီ၏ စွမ်းအားက ငါးရာခိုင်နှုန်းစီ တဖြည်းဖြည်း တိုးမြင့်လာမည် ဖြစ်၏။

သို့သော် ဤဒေတာ ကူးပြောင်းမှုက အခြေခံ တည်ဆောက်ခြင်းအဆင့် မဟုတ်သည့် သူ့အတွက် အလုပ်မဖြစ်သည်ကို ဝမ်လင်း သတိထားမိခဲ့သည်။

ယခုအချိန်ထိ နှစ်ကျောင်းလုံးက သူ၏ နယ်ပယ်အဆင့်ကို မသိခဲ့ကြချေ။

ပြိုင်ပွဲဝင်များက အခြေခံ တည်ဆောက်ခြင်း အဆင့်ကျောင်းသားများ ဖြစ်သောကြောင့် “ကျင့်ကြံသူ ပြိုကွဲခြင်း” ဂိမ်း၏ စမ်းသပ်ဗားရှင်း စနစ်က ဒေတာကူး​ပြောင်းမှုကို သဘာဝအတိုင်း အခြေခံ တည်ဆောက်ခြင်း အဆင့် အတွက်သာ သတ်မှတ်ပေးမည် ဖြစ်သည်။

တစ်နည်းဆိုရလျှင် ဝမ်လင်းက ဒေတာကူးပြောင်းသွားသော အခြားသူများနှင့် မတူညီပေ။

သူ့နယ်ပယ်ကို အပိုင်းနှစ်ဆယ် ခွဲထားပြီး အဆင့်တက်ဖို့အတွက် အတွေ့အကြုံသစ်တွေ စုဆောင်းရမည် ဖြစ်သော်လည်း ဤကဲ့သို့ အဆင့်မြှင့်တင်မှုမျိုးက သူ့အတွက် အဓိပ္ပါယ်မရှိချေ။

ထို့ကြောင့် သူက လောလောဆယ် အဆင့်1တွင်သာ ရှိသေးသော်လည်း ဤမြေပုံပေါ်တွင် သူ၏ တည်ရှိမှုက နတ်ဘုရားတစ်ပါးလို ဖြစ်နေသည်။

အောက်လမ်းကို ဖမ်းဖို့ ရောက်လာသည့် လူသုံးယောက်လောက်ကို မဆိုထားနှင့်… ယင်းက စစ်တပ်တစ်ခုလုံး ဖြစ်နေခဲ့လျှင်ပင် ဓားတစ်ချက်တည်းဖြင့် အားလုံးကို သတ်ပစ်နိုင်သည်ဟု သူခံစားရသည်။

သို့သော် အရည်အချင်း ပြည့်မီသော ပံ့ပိုးကူညီသူ တစ်ယောက် အနေဖြင့် အခြားသူများထက် ထင်ပေါ်လာမည်ကို သူ မလိုလားချေ။

သူက သူ့ကိုယ်သူ စတေးပြီး အောက်လမ်း၏ ဝင်ငွေနှင့် ဦးဆောင်မှုကို အခြားသူတစ်ဦးထံ လွှဲပြောင်းသင့်သည်ဟု တွေးလိုက်သည်။

ခံတပ်ထဲသို့ ဆုတ်သွားချိန်တွင် တုန်လှုပ်နေသော ကော်ဟောက်ကို တစ်ချက်ကြည့်ရင်း ဝမ်လင်းက ကျူတောထဲမှ ခြေလှမ်း တစ်လှမ်းချင်း လှမ်းကာ အပြင်သို့ ထွက်လာခဲ့သည်။

ရန်သူကို အပြင်ထွက်ပြီး သွေးဆောင်ရန် သူ့ခန္ဓာကိုယ်ကို စတေးဖို့ ဆုံးဖြတ်ခဲ့သည်။

အခွင့်အရေးကို တခြားလူတွေဆီ လက်ဆင့်ကမ်းပေးသည်က သူ့ဆီကနေ အာရုံစူးစိုက်မှုကို ဆွဲထုတ်ပစ်နိုင်မည့် အကောင်းဆုံးသော နည်းလမ်း ဖြစ်သည် မဟုတ်လော။

သူက လူအများ၏ အာရုံကို ဆွဲဆောင်မိမည်ကို စိုးရိမ်၍ ထျန်ကျင်းဇီ တို့ကို မသတ်နိုင်လျှင်ပင် အနည်းဆုံးတော့ လှည့်ဖြားမှု အချို့ကို အသုံးပြုနိုင်ပါသေးသည်။

………

ထျန်ကျင်းဇီ၊ လျန့်ကျန်း နှင့် လျန့်ဖေး တို့က အနီရောင်ဘက်ခြမ်းရှိ ကျူတောထဲတွင် ပုန်းနေခဲ့ကြသည်။

ပုံရိပ်ယောင်နယ်မြေတွင် လူတိုင်းက ဒေတာ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးနောက် ၎င်းတို့၏ ဝိညာဉ်ရေးအာရုံများနှင့် အတူ ၎င်းတို့၏ အရှိန်အဝါ များကိုပါ စနစ်မှ ပိတ်ထားသည်။

ထို့ကြောင့် ရန်သူ့ဘက်က ၎င်းတို့၏ အရှိန်အဝါအား ထောက်လှမ်းမိမည်ကို ကြောက်ရွံ့ခြင်းမရှိပေ။

“ဟိုမှာကြည့်စမ်း.. ဒီရုပ်ချောချောနဲ့ကောင်က မကြောက်မရွံ့ ထွက်လာရဲတယ်”

“ဒီကောင်က အဆင့် 1ပဲ ရှိသေးတယ်ဟ.. ဘယ်ကနေ သတ္တိတွေ ရလာတာလဲ”

“သူ့ရဲ့ အူတူတူ အသွင်အပြင်ကို ကြည့်ရင် ဂိမ်းဆော့လေ့ ဆော့ထ မရှိတာ သေချာပါတယ်.. ဒါမှမဟုတ် ဒီကောင်က ငါတို့ အမြင်မှားအောင် လုပ်နေတာလည်း ဖြစ်နိုင်တယ်.. ပြောရရင် အဲဒါက ထောင်ချောက်ပဲ”

“ဒါဆို ငါတို့သွားသင့်လား”

ထျန်ကျင်းဇီ၏ မျက်နှာကို နောက်ဆုံး စိုက်မကြည့်မီ သူတို့က မြက်ခင်းပြင်တွင် ထိုင်ကာ ထိုကိစ္စကို ဆွေးနွေးကြသည်။

“ဥက္ကဌ ကျေးဇူးပြုပြီး တစ်ခုခုပြောပါဦး”

ရိုးရိုးသားသား ပြောရလျှင် ထျန်ကျင်းဇီက ပထမတွင် သွားဖို့ ငြင်းဆိုချင်ခဲ့သည်။

ဝမ်လင်းနှင့် နှစ်ရက်ကြာ ရင်ဆိုင်ပြီးနောက် အရာအားလုံးကို လေးလေးနက်နက် တွေးတော ဖြစ်ခဲ့၏။

ခေါင်းတုံးဆံတောက်ကေနှင့် ဤခပ်ချောချော ကောင်လေးက မည်မျှ အဆိပ်ပြင်းသည်ကို သူလေးနက်စွာ သဘောပေါက်နေပြီ ဖြစ်သည်။

“သွားရမလား ဒါမှမဟုတ် မသွားရဘူးလား”

ဤ MOBA ဂိမ်းအမျိုးအစားတွင် တစ်စုံတစ်ဦးကို ဝိုင်းဝန်းတိုက်ခိုက်သည်က သာမာန်နည်းဗျူဟာသာ ဖြစ်သည်။

လောလောဆယ် သူတို့က လူပိုများပြီး အဆင့်လည်း ပိုမြင့်သည်။

ဟိုငတိက ယခုမှ အဆင့်1သာ ရှိသေးသည် မဟုတ်လော။

ထျန်ကျင်းဇီ၏ မျက်လုံးထဲတွင် အဆင့် 1 သာ ရှိသေးသော ဝမ်လင်းမှာ ပဲငံပြာရည်အပြင် တန်ဖိုးကြီး ငါးကြီး၏ အဆီများဖြင့် ရွှဲနေအောင် ချက်ထားသော ဝက်သားပြားကဲ့သို့ လတ်ဆတ်နေ၏။

ထိုအသား၏ ရနံ့က မိုင်ပေါင်းများစွာ ဝေးသော နေရာကပင် အနံ့ခံနိုင်သည်အထိ သူတို့လူစုကို ဆွဲဆောင်နေသည်။

နောက်ဆုံးတွင် ထျန်ကျင်းဇီက သွားများကို အံကြိတ်၍ ပြောလိုက်သည်။

“သွားစို့”

“ငါတို့မှာ ဒီကောင်ထက် လူတွေ ပိုရှိတာပဲ.. ဘာကိုကြောက်နေရမှာလဲ”

တစ်ဖက်တွင်လည်း ကျူတောထဲ ပုန်းနေသော ကော်ဟောက်က လှုပ်လှုပ်ရွရွ ဖြစ်နေသော အရာတစ်ခုကို အဝေးမှ လှမ်းမြင်လိုက်ရသည်။

ထို့နောက် ဗလာဓားကို ကိုယ်စီ ကိုင်ထားသော လူသုံးဦးက ဝမ်လင်းဆီသို့ ဦးတည်လာသည်ကို တွေ့လိုက်သည်။

“အတန်းဖော် ဝမ်လင်း.. ကြည့်စမ်း”

ဒေတာကူးပြောင်းပြီးနောက် ဝိညာဉ်စွမ်းအင်ကို အပြာရောင်ဘားများဖြင့် ကိုယ်စားပြုသည်။

ဗလာဓား ကိုင်လာသော လူသုံးဦးက ဝမ်လင်းကို သတ်ရန် အရေအတွက်ကို အားကိုး၍ ဝိုင်းဝန်း တိုက်ခိုက်သည့် ဗျူဟာကို ရွေးချယ်ခဲ့သည်။

” မြင်းနတ်ဘုရား ဥက္ကာပျံဓား”

“အလှတရားကို ဆုပ်ကိုင်၍ သတ်ဖြတ်ခြင်း”

“ကြယ်ပေါက်ကွဲခြင်းစီးကြောင်း”

ဤဓားစွမ်းရည်များက သာမန် တိုက်ခိုက်မှုသာ ဖြစ်သော်လည်း လုံလောက်စွာ အားကောင်းနေစေရန် နာမည်ကို ကျယ်လောင်စွာ အော်ဟစ်ခဲ့ကြသည်။

အဆုံးသတ်တွင် “ဓားစွမ်းရည်က ၎င်းတို့ အော်ဟစ်သံများ၏ အစွမ်းသတ္တိပေါ်တွင် မူတည်သည်” ဟူသော စကားမှာ ထာဝရအမှန်တရား တစ်ခု ဖြစ်သည်။

ဗလာဓား ကိုင်ဆောင်ထားသည့် လူသုံးယောက်က မြင်းသတ်သမားများက မြင်းကို ဝိုင်းဖမ်း သကဲ့သို့ ဝမ်လင်းကို ဝိုင်းရံ၍ ကြီးမားသော အင်အားဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။

ဝမ်လင်းက ဘာမှမလုပ်ဘဲ ထိုနေရာတွင်သာ ငြိမ်သက်စွာ ရပ်နေခဲ့သည်။

လူသုံးယောက်က သူ့ကို သတ်လိုက်ရင် မည်သည့်အရာများ ဖြစ်ပျက်လာမည်ကို သူအတိအကျ သိသည်။

၎င်းတို့က လောလောဆယ်တွင် ဂိမ်းတစ်ခုထဲတွင်သာ ရှိသော်လည်း သူ၏ အင်မော်တယ် ခန္ဓာကိုယ်က တုံ့ပြန်မှု ရှိနေပါသေးသည်။

ဤလူသုံးယောက်သာ သူ့ကို ဓားဖြင့် ခုတ်ခဲ့လျှင် အစအနပင် မကျန်အောင် ပျက်စီး ပျောက်ကွယ် သွားရလိမ့်မည် မဟုတ်လော။

ယင်းက သူမြင်ချင်သည့်အရာ လုံးဝမဟုတ်ပေ။

တစ်ဖက်တွင်လည်း ဤတိုက်ခိုက်မှုကို ကျော်ဖြတ်နိုင်လျှင် ရရှိမည့် ဝင်ငွေ အခွင့်အရေးက တကယ်ကို ဖမ်းစားနိုင်လွန်းသည်။

ထို့ကြောင့် ဤအချိန်က သူ၏ ခန္ဓာကိုယ် လှုပ်ရှားမှုကို စမ်းသပ်ဖို့ အချိန်ဟု ဆုံးဖြတ်လိုက်သည်။

ဝမ်လင်းတွင် အရည်အချင်း အများအပြား ရှိသော်လည်း ကြီးပြင်းလာသော အချိန်အထိ သူ၏ သေစေလောက်သော စွမ်းရည်များကို အပြည့်အဝ အသုံးချရန် အခွင့်အရေး မရှိခဲ့ချေ။

အားလပ်ချိန်တွင် လေ့ကျင့်နိုင်သည့် တစ်ခုတည်းသော စွမ်းရည်မှာ ခန္ဓာကိုယ် လှုပ်ရှားမှု ဖြစ်သည်။

ကျင့်ကြံခြင်း လောကတွင် ခန္ဓာကိုယ်လှုပ်ရှားမှု စွမ်းရည် အများစုသည် ဝင်ရောက်လာသော တိုက်ခိုက်မှုကို တိုင်းတာပြီး စနစ်တကျ ရှောင်တိမ်းနိုင်စေရန် ခိုင်မာသော အခြေခံအုတ်မြစ်ကို အထောက်အပံ့ ပေးထားသည်။

သို့သော် ဝမ်လင်း၏ ခန္ဓာကိုယ် လှုပ်ရှားမှု စွမ်းရည်က အလွန်အဆင့်မြင့်ပြီး ပရိသတ်အားလုံး၏ အာရုံကို ဖမ်းစားနိုင်သောကြောင့် ထိုစွမ်းရည်ကို ထုတ်ဖော်၍ မဖြစ်ချေ။

ထို့ကြောင့် သာမန် အခြေအနေများတွင် ထုတ်သုံးရန် အတွက် အသင့်တော်ဆုံး ဖြစ်သည့် ခန္ဓာကိုယ်လှုပ်ရှားမှု စွမ်းရည်ကို အချိန်အတော်ကြာ လေ့ကျင်လာသည့် အတွေ့အကြုံများကို အခြေခံ၍ တီထွင်ထားခဲ့သည်။

အဆုံးသတ်တွင် သူရလာခဲ့သည့် နိဂုံးချုပ် သဘောတရားမှာ အကောင်းဆုံး ရှောင်တိမ်းသည့် နည်းစနစ်က တကယ့် ပြိုင်ဘက်ကင်း နည်းစနစ် မဟုတ်ဘဲ ကောင်းကင်ကို ဖီဆန်နိုင်လောက်အောင် အစွမ်းထက်သည့် တကယ့် စွမ်းရည်အစစ်မှာ လှုပ်ရှားစရာ အများကြီး မလိုအပ် ဟူ၍ ဖြစ်သည်။

“ဒီချုံခိုတိုက်ခိုက်မှုက အောင်မြင်သွားမဲ့ပုံပဲ.. ပထမဆုံး သွေးတွေက အောက်လမ်းမှာ စွန်းထင်းကုန်တော့မယ်”

ကျောင်းအုပ်ဆရာကြီး ကျင်းက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

တာဝန်ခံ အမျိုးသမီးက

“အမှတ်၅၉ အထက်တန်းကျောင်းက ကျောင်းသား ထျန်ကျင်းဇီ၊ လျန့်ကျန်းနဲ့ လျန့်ဖေး တို့က ဆင်းရဲနွမ်းပါးပြီး အားကိုးရာမဲ့နေတဲ့ ကျောင်းသားလေး ဝမ်လင်းကို လုပ်ကြံဖို့ အစပြုလိုက်ပါပြီ.. ရလဒ်က ဘယ်လိုတွေ ဖြစ်လာမလည်း ဆိုတာ စိတ်ဝင်စားစရာပါပဲ”

ထျန်ကျင်းဇီ နှင့် အခြားနှစ်ယောက်တို့က ဓားဗလာဖြင့် ရုတ်တရက် လျင်မြန်စွာ ထိုးနှက်လာကြသည်ကို ကြည့်ရင်း လူတိုင်း အသက်ရှူကြပ်သွားကြသည်။

လေထုတုန်ခါမှုက ဝမ်လင်း၏ ဆံပင်တိုတိုကိုပင် လှုပ်ခတ်သွားစေသည်။

သာမာန်အားဖြင့် ထျန်ကျင်းဇီတို့က သူတို့ပစ်မှတ်ကို ထိသင့်သည်။

သို့သော် မည်သူမှ စိတ်ကူးပင် မယဉ်နိုင်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း မူလက တစ်နေရာတည်းတွင် ရပ်နေသော ဝမ်လင်းမှာ ရုတ်တရက် အနည်းငယ် လှုပ်ရှားသွားသည်။

ဤဓားသုံးချောင်းနှင့် သူ၏ခန္ဓာကိုယ်ကြား ပျမ်းမျှ အကွာအဝေးမှာ 0.01 စင်တီမီတာသာ ရှိသည်။

သို့သော် ဝမ်လင်းက လှုပ်ရှားလိုက်သောကြောင့် သူတို့၏ ဓားထိပ်ဖျားများက ဝမ်လင်း၏ အရေပြားနှင့် အလွန် နီးကပ်နေသော်လည်း မထင်မှတ်ပဲ လေကိုသာ ခုတ်ဖြတ်မိသွားသည်။

“သောက်ချီး… ဒါက ဘယ်လို ခန္ဓာကိုယ် လှုပ်ရှားမှုမျိုးလဲဟ”

တာဝန်ခံဆရာမ၊ ကျောင်းအုပ် ဆရာကြီး ကျင်းနှင့် နောက်လိုက်များ အားလုံး အံ့အားသင့်သွားကြသည်။

“ကျမတို့ အမှတ် ၆၀ အထက်တန်းကျောင်းက ခန္ဓာကိုယ်လှုပ်ရှားမှု နည်းလမ်းတွေ မသင်ပေးသေးပါဘူး.. ကျောင်းသား ဝမ်လင်း ရှောင်တိမ်းနိုင်တာက ကံတရားကြောင့်သာ ဖြစ်ပါလိမ့်မယ်”

“ဒီကောင်လေးက သူ့ကိုယ်သူ နားလည်သွားတာ ဖြစ်မယ်.. မဟုတ်ရင် ဓားသုံးချောင်းကို ကပ်သီလေး ရှောင်တိမ်းဖို့ ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ကျောင်းအုပ်ဆရာကြီးကျင်း.. စိတ်မလှုပ်ရှားပါနဲ့.. အတွင်းရေးမှူးစွန်းလည်း ဒီမှာထိုင်နေတာပဲ.. ​​သူ့ထင်မြင်ချက်က ဘယ်လိုလည်း ဆိုတာ မေးကြည့်ရအောင်”

စင်မြင့်ပေါ်ရှိ ခေါင်းဆောင်များအားလုံးက အစောပိုင်းကဖြစ်ရပ် ပြန်လည်ပြသနေမှုကို ဖန်သားပြင်ကနေ ကြည့်ရှုခဲ့ကြသည်။

ပြန်လည်ပြသမှုကို စိုက်ကြည့်ပြီးနောက် အတွင်းရေးမှူးစွန်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

“ဒီကျောင်းသားက ဘယ်လို လှုပ်ရှားမှု နည်းလမ်းကို သုံးနေတယ်ဆိုတာ ငါလည်း မပြောနိုင်ပါဘူး… ငါ့အမြင်တော့ ဒါက သာမန် ရှောင်တိမ်းလိုက်တဲ့ ခြေလှမ်းလေး တစ်လှမ်းပါပဲ”

“…………….”

အတွင်းရေးမှုးစွမ်း၏ သုံးသပ်ချက်ကိုကြားလျှင် ကျောင်းအုပ်ကြီးကျင်းက ချက်ချင်းပင် ဆွံ့အသွားရသည်။

အတွင်းရေးမှူး စွန်း၏ ခွန်အားက သူနားမလည်နိုင်လောက်သည့် နယ်ပယ်တွင် ရှိသည်။

ထို့ကြောင့် ပုံမှန်အားဖြင့် သူ၏ မှတ်ချက် မှားယွင်းနေမည်ကို သံသယရှိစရာ မလိုပေ။

တာဝန်ခံ အမျိုးသမီးက မြေပုံပေါ်ရှိ ကျောင်းနှစ်ကျောင်း၏ ဝင်ငွေကွာဟမှုကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းကို မချဘဲ မနေနိုင်တော့ချေ။

“အမှတ် ၅၉ အထက်တန်းကျောင်းက ကျောင်းသားတွေက ဒီတကြိမ် အောက်လမ်းမှာ ရန်သူကို ဖမ်းဖို့ ပျက်ကွက်ခဲ့ပြီး ၀င်ငွေ ဆုံးရှုံးသွားတဲ့ အတွက် အမှတ် ၆၀ အထက်တန်းကျောင်းက ကျောင်းသားတွေက ရွှေဒင်္ဂါးနှစ်ထောင်နဲ့ ဦးဆောင်နေကြပါတယ်.. အမှတ် ၅၉ အထက်တန်းကျောင်းက ကျောင်းသားတွေအနေနဲ့ စိတ်ဓာတ်မကျဘဲ ဆက်လက် တိုက်ပွဲဝင်ကြမယ်လို့ မျှော်လင့်ပါတယ်”

တာဝန်ခံ အမျိုးသမီး၏ စကားကိုကြားလျှင် ကျောင်းအုပ်ကြီး ချန်းက ကျေနပ်စွာ ပြုံးလိုက်သည်။

“ဒီလိုမျိုး အသင်းလိုက် ကစားနည်း အတွက် ငါ အကြံပေးချင်တာကတော့ အစောပိုင်း အဆင့်တွေမှာ အမှား ကြီးကြီးမားမား မလုပ်မိဖို့ပဲ.. တည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုး တိုးတက်လာတာက ဒီကစားနည်းရဲ့ အဓိကသော့ချက်ပဲ”

“ကျောင်းအုပ်ကြီးချန်း.. မင်း ကိုယ့်ကိုကိုယ် သိပ်ကျေနပ်မနေပါနဲ့.. ငါ့ရဲ့ ကျောင်းသားတွေက သေချာပေါက် နောက်ကနေ မင်းတို့ကို အမီ လိုက်လာမယ်”

ကျောင်းအုပ်ကြီးကျင်းက ကျောင်းအုပ်ကြီး ချန်းအား စိုက်ကြည့်ပြီး ဝိညာဥ်ရေးအာရုံဖြင့် ဆက်သွယ်​ ပြောဆိုလိုက်သည်။

စင်မြင့်ပေါ်၌ ခေါင်းဆောင်များက အကြိတ်အနယ် ဆွေးနွေးနေကြသော အချိန်တွင် ကျိုးရီ တစ်ယောက်တည်းသာ ရုပ်တုကဲ့သို့ ဝမ်လင်းကို တိတ်တဆိတ် စိုက်ကြည့်နေသည်။

အကြောင်းမှာ ဤလူငယ်က သူ အမှန်တကယ် နားမလည်နိုင်လောက်သော လူတစ်ဦး ဖြစ်နေသောကြောင့်ပင်။

လွန်ခဲ့သည့် ခြောက်နှစ်က မကောင်းဆိုးဝါး ဘုရင်ကို တစ်ချက်တည်းနှင့် သတ်ပစ်ခဲ့သည့် ကြောက်မက်ဖွယ် စွမ်းအားမျိုး…

ထိုကဲ့သို့ စွမ်းအားမျိုးကို အတွင်းရေးမှူးစွန်းပင် သေချာပေါက်လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

သူ့ကို အံ့အားသင့်စေသည်မှာ သူက အသေအလဲ ရှာဖွေနေသည်ကို ထိုလူငယ်က သတိထားမိပုံရပြီး သူ့ကို ရှောင်တိမ်းဖို့ နည်းအမျိုးမျိုးကို အသုံးပြုခဲ့ခြင်းပင်။

သူတို့နှစ်ဦး အမှန်တကယ် ပြန်လည် ဆုံတွေ့ကြသောအခါ နောက်ထပ်၆နှစ်အကြာတွင် ကျင်းပသော ဝိညာဥ်ဓားဖလှယ်ပွဲတွင် ဖြစ်နေသည်။

အနည်းငယ် ရင့်ကျက်လာပုံရသည့် ဝမ်လင်း၏ ငယ်ရွယ်နုပျိုသော မျက်နှာလေးကို ကြည့်ပြီး တစ်ချိန်တည်းမှာပင် လွန်ခဲ့သည့် ခြောက်နှစ်လောက်က နုပျိုသည့် မျက်နှာသေးသေးလေးကို ပြန်သတိရမိသွားသည်။

ဤအခိုက်အတန့်တွင် ကျိုးရီက ဘဝတစ်သက်တာလုံး ဖြတ်သန်းခဲ့ပြီးသလို မောပန်းနွမ်းလျမှုကို ခံစားလိုက်ရသည်။

အပိုင်း(၆၇) ပြီး၏

အပိုင်း(၆၈) အဖွဲ့လိုက်တိုက်ပွဲက ရှုံးသွားနိုင်ပေမယ့် ဝမ်လင်းကတော့ သေရမယ်

ကောင်းကင်ဘုံကို အံတုနိုင်သော ခန္ဓာကိုယ် လှုပ်ရှားမှု၏ သဘောတရားမှာ “လှုပ်ရှားစရာ သိပ်မလိုအပ်” ဟူသည့် သဘောတရား ဖြစ်သည်။

ဤကမ္ဘာတွင် ရှောင်တိမ်း၍ မရသော တိုက်ခိုက်ခြင်းမျိုး မရှိပေ။

ရှိခဲ့ရင်လည်း ဝမ်လင်းက နောက်တဖန် ရှောင်သွားလိမ့်မည်သာ။

နှစ်အတော်ကြာ သူ၏ ကြိုးစားအားထုတ်မှုက အလဟဿ မဖြစ်ခဲ့ဟု သူခံစားခဲ့ရသည်။

အတွင်းရေးမှုးစွန်းပင် မည်သို့သော ခန္ဓာကိုယ်လှုပ်ရှားမှု စွမ်းရည် ဖြစ်သည်ကို မပြောနိုင်ခဲ့ဘဲ သာမန် ရှောင်တိမ်းလိုက်သည့် ခြေလှမ်းလေး တစ်လှမ်းဟုသာ မှတ်ချက်ချခဲ့သည်။

စင်စစ် ဝမ်လင်းက သူ၏ အကောင်းဆုံး ခန္ဓာကိုယ် လှုပ်ရှားမှုစွမ်းရည်ကို အရိုးရှင်းဆုံး နည်းစနစ်များ အသုံးပြုကာ သူ့ကိုယ်ပိုင် စိတ်ကူးများဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။

“နတ်ဆိုး ခြေလှမ်း” “မကောင်းဆိုးဝါးနှင့် အရိုင်းအစိုင်းတစ္ဆေ” “လီပေါင်း ကိုးသိန်း ရွေ့လျားခြင်း” စသည့် ခန္ဓာကိုယ် လှုပ်ရှားမှု နည်းစနစ်များ၏ အသေးစိတ် လုပ်ဆောင်ချက်များကို ချေဖျက်ပြီးနောက် တော်ရုံ တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်သည့် သာမန် ခြေလှမ်းတစ်လှမ်းကို ရရှိလာခြင်း ဖြစ်သည်။

အကြီးမြတ်ဆုံး အမှန်တရားများသည် ဝမ်လင်း၏ ပုံစံအတိုင်း အရိုးရှင်းဆုံး ဖြစ်သည်။

စျေးကွက်ထဲတွင် ဝယ်ယူ၍ ရသည့် ခန္ဓာကိုယ် လှုပ်ရှားမှု နည်းစနစ်များကို ကြည့်ရင်း ခန္ဓာကိုယ် လှုပ်ရှားမှု နည်းစနစ် အများစုက မကောင်းဆိုးဝါး ဆန်သွားပြီဟု သူခံစားမိသည်။

လှုပ်ရှားမှု နည်းစနစ်က ပိုပြီး ရှုပ်ထွေးလေလေ ဈေးကြီးလေလေ ဖြစ်သည်။

“ဘယ်ညာခုန်” “မိုးကြိုးသုံးထောင်” “မြွေအရေခွံ တစ္ဆေ” စသည့် ကိုယ်ခန္ဓာလှုပ်ရှားမှု နည်းစနစ်များကို ဝမ်လင်းက သာမန်ခြေလှမ်းလေး လှမ်းရုံဖြင့် လှပစွာ လှည့်ပတ် ရှောင်တိမ်းနိုင်ခဲ့သည်။

ထျန်ကျင်းဇီတို့ အသုံးပြုနေသည့် ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်က စူပါမန်း၏ အပြင်မှာ ထုတ်၀တ်ထားသော အတွင်းခံလို ကြည့်၍ ကောင်းသော်လည်း လက်တွေ့တွင် အသုံးမဝင်ပေ။

၎င်းက ကျင့်ကြံသူ တစ်ယောက်ကို ပိုပြီး သန်မာအောင် မပြုလုပ်ပေးနိုင်ချေ။

“အတန်းဖော် ဝမ်လင်း.. မင်းက အရမ်းမိုက်တယ်.. လခွမ်း.. မင်းဘယ်လိုလုပ်ပြီး ခြေတစ်လှမ်းထဲနဲ့ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်မှု သုံးခုကို ဘယ်လိုတောင် ရှောင်တိမ်းခဲ့တာလဲ”

ကော်ဟောက်က ဝမ်လင်း၏ လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားပြီး သူ၏ ဦးနှောက် လုပ်ငန်းစဉ်များ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ ဉာဏ်ရည်ဉာဏ်သွေးက အသုံးမဝင်ဟု ခံစားခဲ့ရသည်။

ဝမ်လင်းက ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်မှုကို တစ်ကြိမ်တည်းဖြင့် မည်သို့ ရှောင်တိမ်းခဲ့သည်ကို လုံးလုံးလျားလျား နားမလည်နိုင်ခဲ့ပေ။

ထို့ကြောင့် ဤခြေလှမ်းက ဗျူဟာမြောက်လွန်းသည် ဟုသာ မှတ်ချက်ချလိုက်ရတော့သည်။

ဝမ်လင်းက သင့်လျော်သည့် အခြေအနေတွင် ကံကြမ္မာကောင်းနှင့် လိုက်လျောညီထွေစွာ ဆုံစည်းခဲ့ရပုံပင်။

ဝမ်လင်း၏ လှုပ်ရှားမှုကို မည်သူမျှ သံသယမဝင်ခဲ့ပေ။

ဤခြေလှမ်းက သူတီထွင်ထားသည့် ခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ် တစ်မျိုး ဖြစ်သည်ဟု ဝမ်လင်းကိုယ်တိုင်လည်း ဝန်မခံခဲ့ချေ။

အသေအချာ ပြန်စဥ်းစားကြည့်လျှင် သူအမှန်အတိုင်း ပြောရင်တောင် မည်သူမှ ယုံကြည်မည် မဟုတ်ဟု ခံစားခဲ့ရသည်။

ထို့ကြောင့် အားလုံးက ဝမ်လင်းကို ကံကောင်းလွန်းသည်ဟု သတ်မှတ်ခဲ့သည် မဟုတ်ပါလား။

ဝမ်လင်း၏ ဖြစ်တည်မှုက ထုံးစံအတိုင်း အလွန်အားနည်းသည်။

ထို့အပြင် ဆင်းရဲနွမ်းပါးသော မိသားစုမှ ဖြစ်သောကြောင့် ဤအဖြေကို အမှတ်၆၀ အထက်တန်းကျောင်းမှ သူငယ်ချင်းများ က လက်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

နောက်ထပ် အရေးကြီးဆုံး အချက်မှာ ဝမ်လင်းက အမှတ်၆၀ အထက်တန်းကျောင်း၏ ကံကောင်းခြင်း လာဘ်ကောင် ဖြစ်နေခြင်းပင်။

ဝင်ခွင့်စာမေးပွဲတွင် မျက်စောင်းတစ်ချက် တည်းဖြင့် SSS အဆင့်ကို တန်းရခဲ့သည်က အထင်ရှားဆုံး သက်သေပင် မဟုတ်ပါလား။

စနစ်တွင် ချို့ယွင်းချက်သာ ရှိမနေခဲ့လျှင် ဤကဲ့သို့သော အဆင့်ကို မည်ကဲ့သို့ ရနိုင်မည်နည်း။

SSS အဆင့်က ဤမျှလောက်ထိ လွယ်ကူနေပါသလော။

ထို့ကြောင့် အပေါ်လမ်းနှင့် အလယ်လမ်းရှိ သူငယ်ချင်းများသာမက တောလမ်းရှိ သူငယ်ချင်းကပါ သူ့ကို ဂုဏ်ပြုစာများ ပေးပို့ခဲ့ကြသည်။

လင်းရှောင်ယု “အတန်းဖော်ဝမ်လင်း လုပ်သွားတာ အရမ်းကောင်းတယ်.. နင်က အလွန်အားကောင်းတဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့တာပဲ”

ချန်းချောင် “666ကို နှစ်ချက်နှိပ်ကြ.. သူငယ်ချင်းတို့အားလုံး လုပ်တာကောင်းတယ်”

(666= နတ်ဆိုးအတွက် အသိအမှတ်ပြုထားသော သင်္ကေတ)

စွန်းရုံ “ခစ်ခစ်.. အတန်းဖော်ဝမ်လင်း.. ငါတို့ အမှတ်၆၀ အထက်တန်းကျောင်းရဲ့ လာဘ်ကောင်က မျှော်လင့်ထားသလို ပါပဲလား”

ဝမ်လင်း “…………”

…………………

ပြိုင်ပွဲဝင်ပြီး နှစ်ဆယ့်နှစ်မိနစ် အကြာတွင် ဝင်ငွေ ကွာဟချက်က ရွှေဒင်္ဂါး သုံးထောင်နီးပါး ကွာဟသွားသည်။

အမှတ်၅၉ အထက်တန်းကျောင်းက ဆိုးရွားသော အနေအထားတွင် ရှိနေဆဲဖြစ်ပြီး အခြေအနေက ထိုနေရာကနေ ဆက်လက် ကျဆင်းနေသည်။

ထိုသို့ ဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ ထျန်ကျင်းဇီတို့သုံး​ယောက်က အောက်လမ်းကြောင်းတွင် ဝမ်လင်းကို ဖမ်းယူရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထို့အပြင် သူတို့အဖွဲ့က ယခုအချိန်အထိ အခြေအနေကိုပြောင်းပြန်လှန်နိုင်မည့် အခွင့်အရေးကောင်းကို မတွေ့ရှိသေးပေ။

“ဥက္ကဌ.. ငါတို့ ဒီအတိုင်း ဆက်သွားနေလို့ မရတော့ဘူး.. အောက်လမ်းကြောင်းကို တိုက်ခိုက်ဖို့ နောက်ထပ် အခွင့်အရေး ရှာလိုက်ရင် ကောင်းမလား”

အောက်လမ်းကြောင်းကို တာဝန်ယူကြသည့် လျန့်ကျန်းနှင့် လျန့်ဖေးတို့က အသံမက်ဆေ့ခ်ျများ ပေးပို့လိုက်ကြသည်။

“နောက်ဆုံး ကျရှုံးပြီးနောက်မှာ တစ်ဖက်က လူနှစ်ယောက်က ငါတို့ မျှော်စင်ကို နှိပ်ကွပ်လိုက်တယ်.. အခု မျှော်စင်ရဲ့ အသက်က တစ်ဝက်လောက် ကျသွားခဲ့ပြီ… ဆက်ကျသွားရင် ဘာမှတောင် ကျန်တော့မှာ မဟုတ်ဘူး”

“………….”

ထျန်ကျင်းဇီက အားနည်းချက် ရှိနေသည့် သူ့ပစ္စည်း စာရင်းကို ကြည့်လိုက်သည်။

ဆန့်ကျင်ဘက်ဖြစ်သည့် စွန်းရုံ၏ ပစ္စည်းစာရင်းတွင်မူ တတိယ ဗလာဓား တစ်ချောင်း ရရှိနေပြီ ဖြစ်သည်။

သူမက စတုတ္ထ ဗလာဓား တစ်ခု ရလာသည်နဲ့ အမျှ ဝိညာဥ်ဓားကြီးကို တည်ဆောက်နိုင်တော့မည် ဖြစ်၏။

တစ်ဖက်တွင်မူ သူက ဒုတိယမြောက် ဗလာဓားကို တည်ဆောက်ရုံသာ ရှိသေးသည်။

ဤမိန်းမက တကယ်ကို သန်မာလွန်းနေသည်။

၀င်ငွေ အားနည်းချက်မှာ ထျန်ကျင်းဇီ အတွက် ကြီးမားသော နာကျင်ခြင်းကို ဖြစ်ပေါ်စေသည်။

ဤအတိုင်းသာ ဆက်လက် ဖိအားပေးခံရလျှင် စွန်းရုံက ဂိမ်းဒင်္ဂါး 5800 ကုန်ကျမည့် သူမ၏ ဝိညာဥ်ဓား ဆန်းကြယ်ပင်လယ်ကို တည်ဆောက်ပြီးသည်နှင့် သူတို့အတွက် အချိန်နှောင်းသွားလိမ့်မည်ဟု သူခံစားမိသည်။

ထိုဓားက ဒစ်ဂျစ်တယ် အသွင်ပြောင်းပြီးနောက် တိုက်စစ်နှုန်း 900 ကျော်ရှိကာ 200% ပြင်းထန်သော အကျိုးသက်ရောက်မှု ရှိနေခဲ့၏။

ဆိုရလျှင် ထိုဓားက သူတို့၏ ခံတပ်ကို ထိုးနှက်ချက် အနည်းငယ်ဖြင့်ပင် ထိုးဖောက်နိုင်မည် ဖြစ်သည်။

“မင်းတို့ရဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်ကို အသုံးမပြုရသေးဘူး မဟုတ်လား”

ထျန်ကျင်းဇီက ပြောလိုက်သည်။

“အင်း မသုံးရသေးဘူး”

“အောက်လမ်းကြောင်းက တည်နေရာအမှတ် ၃ ဆီကို အတူတူ တည်နေရာရွှေ့လိုက်ရအောင်”

ထျန်ကျင်းဇီက အယူအဆတစ်ခုကို အသေဆွဲကိုင် ထားတတ်သူမျိုး မဟုတ်ချေ။

မထင်မှတ်ဘဲ စက်ဘီးက မော်တော်ဆိုင်ကယ် ဖြစ်သွားနိုင်သည် မဟုတ်လော။

“ငါတို့ပြုတ်ကျတဲ့နေရာက ငါတို့ပြန်တက်ရမယ့်နေရာပဲ”

သူတို့က အပြောနဲ့တင် မဟုတ်ဘဲ အလုပ်နှင့် သက်သေပြရန် ဆုံးဖြတ်လိုက်သည်။

အမှတ်၅၉ အထက်တန်းကျောင်းမှ ထျန်ကျင်းဇီတို့က ဆက်လက်လုပ်ဆောင်ရန် ညှိနှိုင်းပြီး နောက်တွင် ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

အောက်လမ်းကြောင်းရှိ ကျူတော တစ်ဖက်တစ်ချက်စီတွင် အနီရောင် အလင်းတန်း နှစ်စင်းက မြေပြင်ကနေ ပေါက်ကွဲ၍ ထွက်ပေါ်လာသည်။

တာဝန်ခံ အမျိုးသမီးက စိတ်လှုပ်ရှားစွာ ကြေငြာလိုက်သည်။

“အခု အမှတ်၅၉ အထက်တန်းကျောင်းက ကျောင်းသားတွေက တည်နေရာ ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ပြီး အောက်လမ်းကြောင်းကို နှိပ်ကွပ်ဖို့ ဆုံးဖြတ်လိုက်ကြပါပြီ”

အမှတ်၅၉ အထက်တန်းကျောင်းမှ ကျောင်းသားအားလုံး၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားသည့် ကျောင်းသား သမဂ္ဂ ဥက္ကဌကြီး ထျန်ကျင်းဇီ အနေဖြင့် ဤတိုက်ပွဲက အသင်းအတွက် မည်မျှ အရေးပါသည်ကို ကောင်းစွာ သဘောပေါက်သည်။

အန္တရာယ်နဲ့ ထပ်မံကြုံခဲ့ရင် ပြုံးနိုင်ဦးမလား……

………………

တည်နေရာရွှေ့ပြောင်းခြင်း အလင်းတန်းနှစ်ခု ရုတ်ချည်းပေါ်ထွက်လာခြင်းက ဝမ်လင်းကို ထိတ်လန့်သွားစေသည်။

“သတိထားကြ.. သူတို့တွေ ထပ်လာတော့မယ်”

စွန်းရုံက ဝမ်လင်း တို့ကို သတိပေးလိုက်သည်။

“စိတ်မပူပါနဲ့.. ငါတို့ လမ်းပေါ်ရောက်နေပါပြီ”

ချန်းချောင်က ပြောသည်။

“ချီး.. မင်းတို့နှစ်ယောက်လုံး တည်နေရာ ရွှေ့ပြောင်းတဲ့ စွမ်းရည် မယူလာဘဲနဲ့ ဘယ်လိုလုပ် ဒီကို မြန်မြန်ရောက်မှာလဲ”

ကော်ဟောက်က ငိုတော့မည့် အသံဖြင့် ပြောလိုက်သည်။

ထျန်ကျင်းဇီတို့ အဖွဲ့ကို အားသာချက် ရစေရန် စွန်းရုံနှင့် ချန်းချောင်တို့က “တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်” အစား “မီးလောင်ကျွမ်းခြင်း စွမ်းရည်” ကို ရွေးချယ်ခဲ့သည်။

လင်းရှောင်ယုကမူ “လျှပ်တပြက်စွမ်းရည်” ကို ရွေးချယ်ခဲ့၏။

ကော်ဟောက်က သူနှင့် ဝမ်လင်း ရွေးချယ်ခဲ့သည့်” ကုသခြင်းစွမ်းရည်” ကို ကြည့်ပြီး မျက်ရည်ကျနေသည်။

ဤစွမ်းရည်တွေက သူတို့ကို ကူညီရန် လုံးဝ အသုံးမဝင်ပေ။

တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်က အလွန်ပင်မြန်ဆန်သည်။

ထျန်ကျင်းဇီ၊ ဖန်ဟွာချင်းနှင့် လျန့်ညီအကို သုံးဦးက အောက်လမ်းကြောင်းတွင် ချက်ချင်းနီးပါး ပေါ်လာသည်။

သူတို့၏ အကြံအစည်မှာ ဝမ်လင်းနှင့် ကော်ဟောက်ကို လျင်မြန်စွာ သတ်ဖြတ်ရန် ဖြစ်၏။

“အစ်ကိုကြီးတို့.. အေးအေးဆေးဆေး နေရအောင်လေ.. ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားလို့ မရဘူးလား”

ဤအခြေအနေတွင် ကော်ဟောက် တွေးနိုင်သည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့ကို အချိန်ဆွဲထားရန် ဖြစ်သည်။

“တောင်းပန်ပါတယ် ညီလေး.. တစ်စုံတစ်ရာကို လုပ်တော့မယ်ဆိုရင် ညီးညူနေတာကို ရပ်ပြီး အစွမ်းကုန် လုပ်ရမယ် ဆိုတာ ငါတို့ရဲ့ စည်းမျဉ်းပဲ”

ဤအခွင့်အရေးကို ထျန်ကျင်းဇီက မည်ကဲ့သို့ စွန့်လွတ်နိုင်မည်နည်း။

သူက သူ့ဗလာဓားဖြင့် ဝမ်လင်းကို ချိန်ရွယ်လိုက်သည်။

သူ၏ အနိုင်ရလိုသော အာသီသကို မထိန်းချုပ်နိုင်တော့ချေ။

“ဒီကောင်လေးကို အရင်သတ်လိုက်.. ပြီးရင် စကားများတဲ့ ငှက်လူသားကိုပါ သတ်လိုက်”

ဝမ်လင်း “………”

ထိုစကားကို ကြားလျှင် ကော်ဟောက်က ဒေါသထွက်သွားသည်။

“လခွမ်း.. ငါ့မှာ ကြက်တူရွေး တစ်ကောင် ရှိလို့ ငါ့ကို ငှက်လူသားလို့ နာမည်ပြောင် ပေးခဲ့တာလား”

ယင်းအချိန်တွင် ထျန်ကျင်းဇီတို့ ငါးဦးက ဗလာဓားများကိုကိုင်ဆောင်၍ ရင်ဘတ်ထဲရှိ နာကြည်းမှုအားလုံးကို လွှတ်ပေးရန် အဆင်သင့် ဖြစ်နေကြသည်။

အမှတ် ၅၉ အထက်တန်းကျောင်း၏ တိုက်ပွဲဝင် စိတ်ဓာတ်ကို မြှင့်တင်ရန် ထျန်ကျင်းဇီ တို့က လျှပ်တပြက် လှုပ်ရှားမှုများဖြင့် ချီတက်ခဲ့ကြ၏။

ဂိမ်းထဲတွင် လူတိုင်းက ဒစ်ဂျစ်တယ် ဗားရှင်းများ အဖြစ်သို့ ပြောင်းလဲနေသောကြောင့် အမှန်တကယ် လူသတ်မိမည်ကို လုံး၀ စိတ်ပူစရာ မလိုပေ။

ဂိမ်းထဲတွင် တစ်စုံတစ်ဦးကို သတ်လိုက်လျှင်ပင် နာကျင်မှုရှိမည် မဟုတ်ပေ။

သူတို့၏ အသက်ဘားတမ်းမှ အသက်စွမ်းအင်များ ကုန်ခမ်းသွားလျှင်ပင် သူတို့က အခြေစိုက်စခန်းတွင် ပြန်လည်မွေးဖွားလာနိုင်မည် ဖြစ်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း ထျန်ကျင်းဇီက ဆိုးရွားစွာ ဖိနှိပ်ခံခဲ့ရသည်ဟု ဆိုနိုင်သည်။

ဂိမ်းထဲတွင် ဤအခွင့်အရေးကို ခက်ခက်ခဲခဲ ဆုပ်ကိုင်ခွင့် ရရှိပြီးနောက် ကတုံးဆံတောက်ကေနှင့် ဝမ်လင်းကို သူ့အနေဖြင့် လွယ်လွယ်ကူကူ လက်လွှတ်မခံတော့မည်မှာ သေချာသည်။

အဖွဲ့လိုက် တိုက်ပွဲက ရှုံးချင်ရှုံးနိုင်သော်လည်း ဝမ်လင်းကတော့ သေချာပေါက် သေဆုံးရပေမည်။

“…………”

ထျန်ကျင်းဇီထံမှ မကျေနပ်ချက်ကို ခံစားလိုက်ရလျှင် ဝမ်လင်းက သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

အဘယ်ကြောင့် သူ့ကိုမှ ပစ်မှတ်ထားနေကြသနည်း။

သူက ဤအဖွဲ့တွင် အပြစ်ကင်းစင်သော ပံ့ပိုးကူညီသူ တစ်ဦးသာ မဟုတ်လော။

လူငါးယောက်၏ ပူးပေါင်း ထိုးစစ်ကို ရင်ဆိုင်ရသည့်အခါ ဝမ်လင်းလို သွေးအေးသော စရိုက် လုံးဝမရှိသည့် ကော်ဟောက်က ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

“ချီးပဲ.. ကယ်ကြပါဦး ညီအစ်ကိုတို့.. ဘယ်မှာ သွားသေနေကြတာလဲ.. ကူညီကြပါဟ”

ကော်ဟောက်၏ အကူအညီတောင်းသည့် အော်ဟစ်သံက ထျန်ကျင်းဇီကို ပို၍ အားရစေခဲ့သည်။

လက်တွေ့ဘဝတွင် တစ်စုံတစ်ဦးကို ဓားဖြင့် ထိုးသတ်ခြင်းမှာ ရာဇ၀တ်မှုတစ်ခု ဖြစ်သောကြောင့် ဂိမ်းထဲတွင်သာ ယခုလို ခံစားရနိုင်၏။

ဂိမ်းထဲတွင် ဖြစ်နေသည့်တိုင် ထျန်ကျင်းဇီတို့ ငါးဦး၏ လူသတ်ရန် ရည်ရွယ်ချက်က ပြင်းထန်နေဆဲ ဖြစ်သည်။

ဤတစ်ခေါက် တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်ကို အသုံးပြုရသည့် ရည်ရွယ်ချက်မှာ ကော်ဟောက် သို့မဟုတ် ဝမ်လင်း ဖြစ်စေ၊ နှစ်ဦးစလုံး ဖြစ်စေ အသေသတ်ရန် ဖြစ်၏။

ထိုအချိန်မှာပင် လူသုံးယောက်က အနောက်ဘက်ရှိ ကျူတောထဲမှ ထွက်လာခဲ့သည်။

မူလက အပေါ်လမ်းနှင့် အလယ်လမ်းများတွင် ရှိခဲ့သော စွန်းရုံ နှင့် ချန်းချောင်တို့က တောလမ်းထဲမှ လင်းရှောင်ယုနှင့် အတူ ရောက်ရှိလာပြီ ဖြစ်သည်။

အပိုင်း(၆၈) ပြီး၏

အပိုင်း(၆၉) တစ်ချိန်က ဝူချင်းတောင်နှင့် မာလန်တောင် ပေါ်တွင်….

ထျန်ကျင်းဇီက အမှတ်၆၀ အထက်တန်းကျောင်းမှ မည်သူမှတည်နေရာ ရွှေ့ပြောင်းခြင်း အစွမ်းကို မရွေးချယ်ခဲ့ကြောင်း သိထားသည်။

ပုံမှန်အားဖြင့် အပေါ်လမ်းနှင့် အလယ်လမ်းကနေ အောက်လမ်းကြောင်းကို ရောက်ရန် အမြန်ဆုံးနှုန်းမှာ အနည်းဆုံး နှစ်မိနစ်ခန့် ကြာမည် ဖြစ်သည်။

သို့သော် စွန်းရုံတို့ ရောက်လာသည့် အမြန်နှုန်းက သြချရလောက်အောင် မြန်လွန်းနေသည်။

မြက်ခင်းပြင်ပေါ်မှ ရုတ်တရက် ထွက်ပေါ်လာသည့် လူသုံးယောက်ကို မြင်လိုက်ရလျှင် စင်မြင့်ပေါ်ရှိ ခေါင်းဆောင်အားလုံးက အံ့သြသွားကြသည်။

ဤပံ့ပိုးမှုမြန်နှုန်းက တကယ်ကို ကြောက်စရာကောင်းလွန်းနေသည် မဟုတ်လော။

“သူတို့ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ”

ခံတပ်၏ တိုက်ခိုက်ရေး အကွာအဝေး အစွန်းတွင် ရပ်နေသည့်ဖန်ဟွာချင်းက သူ၏ဗလာဓားကို လက်ထဲတွင် တုန်တုန်ယင်ယင်ဖြင့် ဆုပ်ကိုင်ရင်း တအံ့တသြ ရေရွတ်လိုက်သည်။

“သူတို့တွေ ဖိနပ်ဝယ်လိုက်တာလား”

“ဖိနပ်လား.. သူတို့ ဘယ်လောက်ပဲ ခပ်မြန်မြန် လှုပ်ရှားနေပါစေ.. အမြန်နှုန်းက ဒီအတိုင်းအတာ အထိတော့ မဖြစ်သင့်ဘူး မဟုတ်လား”

ထျန်ကျင်းဇီက ပစ္စည်းစာရင်းကို အမြန်ဖွင့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် အရာက သူ့ကို ဒူးထောက်ကျလု နီးပါး ဖြစ်သွားစေခဲ့သည်။

[အမည်= သတင်းထောက်ဖိနပ်]

[အမျိုးအစား= လက်တွေ့အသုံးဝင်သော မှော်ပစ္စည်း]

[အရည်အသွေး= အထူးကောင်းမွန်]

[တန်ဖိုး= ဂိမ်းဒင်္ဂါး 600]

[ဖော်ပြချက်= သတင်းထောက် ရဲဘော်များကို ဂုဏ်ပြုရန် မော့မိသားစုမှ ကိုယ်တိုင် စိတ်ကြိုက်ဒီဇိုင်း ဖန်တီးထားသော အပြေးဖိနပ်တစ်ရံ။ ဤဖိနပ်တစ်ရံကို ဝတ်ဆင်လိုက်လျှင် သင်သည် လူသားတို့၏ ကန့်သတ်ချက်များကို ချိုးဖျက်နိုင်ပြီး ပံ့ပိုးမှုလိုအပ်နေသော အသင်းဖော်များထံ အလျင်အမြန် ပြေးနိုင်မည် ဖြစ်သည်။ ဤဖိနပ်တစ်ရံသည် ဤနှစ်များ တစ်လျောက် ခေါင်းကြီးပိုင်း သတင်းများကို ရှာဖွေရန် နေရာအနှံ့ ခြေဆန့်၍ သွားလာခဲ့သည့် သတင်းထောက်များ အပေါ် ကျွန်ုပ်တို့၏ လေးစားမှုကို အကောင်းဆုံး ဖော်ပြသည်]

………………….

ပရိသတ်တွေက ထုတ်လွှင့်နေသည့် ပုံရိပ်ကို ကြည့်ရင်း ကူကယ်ရာမဲ့စွာဖြင့် အတွေးထဲတွင် ခဏမျှ နစ်မြောသွားသည်။

“ကျင့်ကြံသူ ပြိုကွဲခြင်း” ဂိမ်းထဲမှာရှိသည့် ကျူပင်တွေကို လေညင်းတွေက ဖြတ်သန်းနေပြီး နှလုံးသားကို အေးမြစေသည်…..

စွန်းရုံ၊ ချန်းချောင်၊ လင်းရှောင်ယုတို့က မျှော်စင် နောက်ကွယ်မှ တစ်ဦးပြီး တစ်ဦး ထွက်လာကြကာ ထျန်ကျင်းဇီ၏ လက်ထဲမှ ဗလာဓားကို ချိုးဖျက်ရန် ရည်ရွယ်ချက်ဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းရံ တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။

“…………..”

“ဘယ်လိုငရဲလည်းဟ.. သူတို့က အခုဘာလုပ်မှာလဲ”

အခြေအနေတွေ ပြောင်းလဲသွားသည်ကို မြင်လျှင် အစောပိုင်းက ခံတပ်ထဲတွင် ပုန်းနေသည့် ကော်ဟောက်က ထျန်ကျင်းဇီကို နှုတ်လှံထိုးရန် အပြေးလေး ထွက်လာခဲ့သည်။

“အိုး အကိုကြီး.. ငါတို့ပြန်ဆုံကြပြီ.. ဒီလို အလှည့်အပြောင်းမျိုး ဖြစ်လာမယ်လို ဘယ်သူက ကြိုသိနိုင်မှာလဲ… အဲဒါက ကံကြမ္မာ ရဟတ် တစ်ပတ် ပြန်လှည့်လာသလိုပဲ”

ခံတပ်မှ ထွက်လာသည့် ကော်ဟောက်က သူ၏ စူနေသော ဗိုက်ကို ကော့ပြလိုက်သည်။

“သတ္တိရှိရင် ထိုးလိုက်စမ်းပါ”

ထျန်ကျင်းဇီ “…………”

“ဟီးဟီး.. မင်းလက်ညှိုးတောင် ထိုးလို့မရဲဘူးလား”

ကော်ဟောက်က မထိတရိ ခနဲ့ပြီး ခံတပ်ဆီသို့ ခုန်ဝင်သွားခဲ့သည်။

ထို့နောက် ခုန်ထွက်လာပြန်သည်။

“သတ္တိရှိရင် ကျိန်ဆဲစမ်း”

“……………”

ထျန်ကျင်းဇီက သွားတွေကို အတင်းအကျပ် အံကြိတ်ထားရသည်။

“မင်းပါးစပ်ကိုဖွင့်လို့မရဘူးလား”

“……………”

အမှတ်၆၀ အထက်တန်းကျောင်းမှ လူတိုင်းက ကော်ဟောက်၏ နှုတ်လှံထိုးစွမ်းရည်ကို ရိုးအီနေပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဤလူငယ်က ယခုမှ ပါးစပ်ပုပ်ဖြင့် ပြောတတ်သူ မဟုတ်ပေ။

ကော်ဟောက်၏ စိတ်တိုစရာ အကောင်းဆုံး အချိန်မှာ သူ ပါးစပ်ပုပ်ကြီးဖြင့် ပေါက်ကရပြောသည့် အချိန် ဖြစ်သည်။

ယင်းအချိန်တွင် သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းမရှိချေ။

“ညီအကိုတို့.. အေးအေးဆေးဆေး နေရအောင်လေ.. ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားလို့ မရဘူးလား”

ထျန်ကျင်းဇီက ဤနေရာတွင် ရှုံးနိမ့်ခဲ့လျှင် ဝမ်လင်းတို့ကို ပြန်လည် အနိုင်ယူပြီး အောင်ပွဲရယူရန် အခွင့်အရေး နည်းပါးသွားမည်ကို သိရှိခဲ့သည်။

“စိတ်မကောင်းပါဘူး ညီနောင်တို့.. တစ်စုံတစ်ရာကို လုပ်တော့မယ်ဆိုရင် ညီးညူနေတာကို ရပ်တန့်ပြီး အစွမ်းကုန် လုပ်ရမယ် ဆိုတာ ငါတို့ရဲ့ စည်းမျဉ်းပဲ”

ကော်ဟောက်က ယခင်က ထျန်ကျင်းဇီ ပြောခဲ့သည့် စကားအတိုင်း တစ်ထပ်တည်း ပြန်ပြောလိုက်သည်။

ချန်းချောင်ကလည်း အခွင့်အရေးရတုန်း အထက်စီးကနေ အော်ငေါက်လိုက်၏။

“သွားစမ်း.. မင်းတို့ အမှတ် ၅၉ အထက်တန်းကျောင်းက ဘဝင်ရူး ငါးကောင်ကို ဖင်ဆောင့်ကန်ပြီး ခံတပ်ကနေ ခပ်ဝေးဝေး ကန်မထုတ်မီ မြန်မြန် ထွက်သွားကြစမ်း”

ထျန်ကျင်းဇီက သူ့ဖင်ကို ယောင်ယမ်း၍ ပွတ်လိုက်ပြီး ဒေါသကြောင့် မျက်နှာက တုန်ယင်နေသည်။

“ချီးပဲ.. ဒီပါးစပ်ပုတ် ဌက်လူသားက စကော်ပီရိုပဲ ဖြစ်ရမယ်.. ဌက်လူသားက အာဃာတတရားကို လက်ကိုင်ထားပုံပဲ”

(scorpios= ဆယ့်နှစ်ရာသီခွင်ထဲမှ ဂြိုဟ်ခွင်တစ်ခု၊ 23octကနေ 21Novထိကို စကော်ပီရိုဟု သတ်မှတ်၊ စကော်ပီရိုများသည် မိမိတို့၏ ရည်မှန်းချက်များကို လိုက်စားရာတွင် စိတ်ထား တသမတ်တည်း ရှိပြီး ရက်စက်ခြင်းနှင့် ပတ်သက်၍ ထင်ရှားသည်)

ကိုင်း…ပွဲပြတ်ပြီ.. ဘာမှ မရှိတော့ဘူး…

လက်ရှိ အနေအထားအရ ပစ္စည်းများ ကွာဟမှု နှင့် ခံတပ် တိုက်ခိုက်ရေး အကွာအဝေးကြောင့် အမှတ် ၅၉ အထက်တန်းကျောင်းမှ လူများက ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး လုံးဝ မရှိခဲ့ပေ။

“First kill”

“Double kill”

“Triple kill”

“Quadra kill”

“Penta kill”

“……………”

အချိန်တိုအတွင်း စနစ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

ကြီးမားသော အသံလွှင့်ဖန်သားပြင်၏ အလယ်တွင် “ACE” စာလုံးကြီးကို ပြသခဲ့သည်။

(ACE= လုပ်ဆောင်မှုအလွန်ကောင်းမွန်သည်ဟုဆိုလို)

တာဝန်ခံ အမျိုးသမီးက စိတ်လှုပ်ရှားစွာဖြင့် ကြေငြာခဲ့သည်။

“ဝိုး ACEပါလား.. ကျောင်းသား ချန်းချောင်ရဲ့ အရွေ့တွေကအလုပ်ဖြစ်ခဲ့ပုံပဲ.. ကျောင်းသားကော်နဲ့ ကျောင်းသားဝမ်လင်းတို့ရဲ့ ထောင်ချောက်ကလည်း အရမ်း အောင်မြင်ခဲ့တယ်.. ကျောင်းသူစွန်းရုံကတော့ Penta kill ကို ရရှိသွားပါတယ်.. အိုး တင်ဆက်နေတဲ့ အချိန်မှာပဲ ကျောင်းသူစွန်းရုံက ဝိညာဥ်စွမ်းအင်တွေ လွှမ်းမိုးနေတဲ့ သူမရဲ့ ဓားကို ခပ်မြင့်မြင့်ထိ မြှောက်တင်လိုက်ပါပြီ.. သူမက ယခုအချိန်မှာ အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကောင်းမွန်တဲ့ အစဥ်အလာတွေကို ကိုယ်စားပြုနေပါတယ်… ဒါပေမဲ့ သူမက တစ်ယောက်တည်း တိုက်ခိုက်နေတာ မဟုတ်ပါဘူး.. သူမက တစ်ယောက်တည်း မဟုတ်ပါဘူး”

“…………….”

အမှတ်၅၉ အထက်တန်းကျောင်းမှ ကျောင်းသားများက မျက်နှာဖြတ်ရိုက်ခံရသလို ခံစားနေရ၏။

“လခွမ်း.. ဒါက ငါတို့ရဲ့ အိမ်ကွင်းမှာ ယှဥ်ပြိုင်ရတဲ့ တိုက်ပွဲပါ.. အရှက်ကွဲလှချည်လားဟ”

ဒါရိုက်တာရှဲ့ သက်ပြင်းချလိုက်သည်။

“ငါတို့ ကျောင်သားတွေရဲ့ စွမ်းဆောင်ရည်တွေက မဆိုးပါဘူး.. ဒါပေမယ့် အမှတ်၆၀ အထက်တန်းကျောင်းက ကျောင်းသားတွေက မှော်လက်နက်တွေကို အသုံးပြုရာမှာ ပိုပြီး လိုက်လျောညီထွေ ရှိတယ်ဆိုတာ ရှင်းခနဲ မြင်နေရတယ်.. ကျမ ပြောချင်တာက အမှတ်၆၀ အထက်တန်းကျောင်းက ကျောင်းသားတွေက တကယ်ပဲ အရည်အချင်း ပြည့်ဝတဲ့ ကျောင်းသားတွေ ဆိုတာပဲ.. ဒါ့အပြင် အရေးကြီးဆုံး အချက်က ဒီကလေးတွေဟာ အဆင့်မြင့် စစ်ဆင်ရေး နည်းဗျူဟာတွေကို ဘယ်လို အသုံးပြုရမယ်ဆိုတာကို မမျှော်လင့်ဘဲ သိနေကြတာပဲ”

ကျေင်းအုပ်ကြီးချန်း “ဒါရိုက်တာရှဲ့.. မင်း တကယ်ပဲ ငါတို့အဖွဲ့ရဲ့ နည်းဗျူဟာကို လေ့လာ သုံးသပ်ခဲ့တာလား”

“ကျောင်းအုပ်ကြီးရှင့်.. သူတို့က မဟာဆရာသခင် ယဲ့ရှန်းရဲ့ ဗျူဟာတွေကို လက်တွေ့ အသုံးချနေတာပါ ”

ဒါရိုက်တာရှဲ့က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ဆရာဝမ်ကို မြတ်နိုးစွာ ကြည့်လိုက်သည်။

“ကျမထက်စာရင် ဆရာဝမ်ကမှ တကယ် ကျွမ်းကျင်နှံ့စပ်သူပါ”

ဆရာဝမ်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။

“အချစ်လေး.. မင်းကိုယ့်ကို မြှောက်ပင့်မနေပါနဲ့.. ကိုယ်က အပျော်တမ်းလောက်ပါပဲ”

ကျောင်းအုပ်ကြီး ချန်း၊ ကျောင်းအုပ်ကြီး ကျင်း နှင့် ဒါရိုက်တာ ရှီး”……………”

“မင်းတို့ စုံတွဲရိုတာ ဒီလောက်ဆို လုံလောက်ပြီ”

………………..

ပြိုင်ပွဲဝင်ပြီး သုံးဆယ့်ရှစ်မိနစ် အတွင်း ဝင်ငွေကွာဟမှုက တစ်သောင်းနီးပါး ရှိသွားသည်။

အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်သား တစ်ဦးလျှင် ပစ္စည်းလေးမျိုးမှ ငါးမျိုးအထိ ပိုင်ဆိုင်ထားကြပြီး ဝင်ငွေအနည်းငယ် ထပ်ရရုံဖြင့် ဝိညာဥ်ဓားများကို တည်ဆောက်နိုင်တော့မည် ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ ကျောင်းနှစ်ကျောင်းလုံး၏ ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားကာ အမှတ်၅၉ အထက်တန်းကျောင်း အနေဖြင့် ဆိုးဆိုးရွားရွား ကျရှုံးခြင်း မရှိစေရန် အတွက် စွန်းရုံ၊ ကော်ဟောက် နှင့် ချန်းချောင် တို့က မိတ်ဖြစ်ဆွေဖြစ် အမှတ်များကို ချကျွေးခဲ့ကြသည်။

ယင်းသို့ လုပ်ဆောင်ပေးသည့်တိုင် ဟီးရိုးများကို သတ်ဖြတ်နိုင်သည့် အရေအတွက် ကွာဟချက်ကို မကျဥ်းမြောင်းနိုင်ခဲ့ပေ။

ဆယ့်နှစ်ကောင်မှ သုံးကောင်အထိ……

ဤတိုက်ပွဲတွင် အောင်နိုင်သူနှင့် ရှုံးနိမ့်သူကို ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ထားပြီ ဖြစ်သည်။

စင်ပေါ်ရှိ ကျောင်းအုပ်ကြီးကျင်း၏ အမူအရာက အလွန်အမင်း ခက်ထန်နေသည်။

ဤသည်မှာ ကျောင်းနှစ်ကျောင်း၏ လက်ရွေးစင်အဖွဲ့ နှစ်ဖွဲ့ကြား ပြိုင်ဆိုင်မှု ဖြစ်သည်။

ဝင်ငွေကွာဟချက်ကြောင့် ယခုလို အသင်းလိုက် တိုက်ပွဲမျိုးတွင် အံ့ဖွယ်သရဲ ဖြစ်ရပ်များမှ လွဲ၍ အသာစီးရဖို့ အလှည့်အပြောင်း မဖြစ်နိုင်တော့ချေ။

ကျောင်းအုပ်ကြီးကျင်းက သက်ပြင်းတစ်ချက် ချလိုက်သည်။

“အင်း.. ငါတို့ရှုံးသွားပြီ”

ကျောင်းအုပ်ကြီးကျင်း နှင့် ကျောင်းအုပ်ကြီးချန်း တို့၏ ဆက်ဆံရေးက ဒါရိုက်တာရှဲ့နှင့် ဒါရိုက်တာရှီးတို့၏ ဆက်ဆံရေးကဲ့သို့ပင်။

သူတို့နှစ်ဦးက နှစ်ပေါင်းများစွာ ရန်သူတွေ ဖြစ်ခဲ့ကြသည်။

ကြယ်ခုနှစ်ပွင့် တက္ကသိုလ်မှ ဘွဲ့ရခဲ့သော ဤလူနှစ်ယောက်၏ အတိတ်မှ ဖြစ်ရပ်များကို ကျိုးရီက ကောင်းကောင်းကြီး သိထားခဲ့၏။

ကျောင်းအုပ်ကြီး ကျင်း သက်ပြင်းချသည်ကို မြင်လိုက်ရလျှင် တက္ကသိုလ်တွင် စီနီယာ ဖြစ်ခဲ့ဖူးသော ကျောင်းအုပ်ကြီးချန်းက ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း မရှိသော ရှုပ်ထွေးသည့် ခံစားချက်ကို ခံစားခဲ့ရသည်။

သူက ချက်ခြင်းပင် ဝိညာဥ်ရေးအာရုံဖြင့် ဆက်သွယ်ကာ နှစ်သိမ့်ပေးခဲ့သည်။

“ဂျူနီယာညီလေး.. ရှုံးသွားလို့လည်း ကိစ္စမရှိပါဘူး.. အရေးကြီးဆုံးက ကျောင်းနှစ်ကျောင်းရဲ့ စည်းလုံးမှုပါ.. ခင်မင်ရင်းနှီးမှုက ပထမ.. ပြိုင်ပွဲက ဒုတိယ မဟုတ်လား”

“စီနီယာအကို.. ဝူချင်းတောင်နဲ့ မာလန်တောင်တို့မှာ မင်းနဲ့ ငါ ဓားရေးယှဥ်ခဲ့တာကို မှတ်မိသေးလား.. အဲဒီတုန်းက မင်းကိုငါရှုံးခဲ့တယ်.. ဒီတစ်ခေါက် ငါတို့ ကျောင်းသားတွေ ကြားက တိုက်ပွဲမှာလည်း ငါမင်းကို ထပ်ရှုံးရမယ်လို့ ဘယ်သူ ကြိုသိနိုင်မှာလဲ.. အဲဒါက ငါ့ရဲ့ ကံကြမ္မာပါပဲ”

“ဒါက ဂိမ်းလေး တစ်ခုပဲ…အသင်းလိုက် တိုက်ပွဲတစ်ခုမှာ အမြဲတမ်း ခန့်မှန်းလို့ မရတဲ့ အချက်တွေ ရှိတတ်တယ်.. အမှတ်၅၉ အထက်တန်းကျောင်းရဲ့ ကလေးတွေကလည်း အဆုံးအထိ လက်မလျှော့ခဲ့ဘဲ အစွမ်းကုန် ကြိုးစားခဲ့တာပဲ.. အရှုံးကို လက်မခံဘဲ ခေါင်းမာတာက မင်းနဲ့တောင် ခပ်ဆင်ဆင်တူသေးတယ်”

“အမှတ် ၆၀ အထက်တန်းကျောင်းက ကျောင်းသားတွေကလည်း မဆိုးပါဘူး.. ကလေးတွေက အပေးအယူမျှပြီး စည်းလုံးကြတယ်.. သူတို့ရဲ့ လိမ္မာပါးနပ်မှုကလည်း စီနီယာအကိုနဲ့ အတူတူပါပဲ”

“ဟားဟား.. ဂျူနီယာညီလေး.. မင်း ငါ့ကို မြှောက်ပင့်နေတာလား”

“စီနီယာအကို.. ငါမင်းနဲ့ တစ်ခုခု ဆွေးနွေးလို့ရမလား”

“ပြောပါ”

“မင်းတို့ကျောင်းသားတွေ ငါတို့ကို အမှတ်ထပ်ပေးလို့မရဘူးလား”

“အဲဒါက စိတ်ကူးယဥ်နေတာပဲ ကောင်းတယ် ညီလေးရေ.. မင်းက ဝိညာဥ်ဓား သင်ကြားရေးကို ငါတို့ရဲ့ အမျိုးသားဘောလုံးအသင်းလို အောင်မြင်မှု မရစေချင်လို့လား”

“…………..”

“ဒါဆို စီနီယာအကို.. ငါမေးစရာတစ်ခု ရှိသေးတယ်”

“ပြောပါ”

“ဘာကြောင့်လဲ.. ဝိညာဥ်ဓားဖလှယ်ပွဲမှာ ဘာလို့ ဝိညာဥ်ဓားကိုအသုံးမပြုရတာလဲ”

“……………”

(Double kill= ရန်သူ နှစ်ယောက်ကို အချိန်တိုအတွင်း သတ်နိုင်လျှင် ခေါ်ဝေါ်သောစကား၊ Triple kill= ရန်သူ သုံးယောက်ကို အချိန်တိုအတွင်း သတ်နိုင်လျှင် ခေါ်ဝေါ်သောစကား၊ Quadra kill= ရန်သူလေးယောက်ကို အချိန်တိုအတွင်း သတ်နိုင်လျှင် ခေါ်ဝေါ်သောစကား၊ Penta kill= ရန်သူ ငါးယောက်ကို အချိန်တိုအတွင်း သတ်နိုင်လျှင် ခေါ်ဝေါ်သောစကား)

အပိုင်း(၆၉) ပြီး၏

အပိုင်း(၇၀) ဝိညာဉ်ဓားသည် ၎င်း၏ သခင်နှင့် တူသည်

ဤတစ်ကြိမ် ဝိညာဉ်ဓား ဖလှယ်ပွဲ တွေ့ဆုံမှုတွင် “ကျင့်ကြံသူပြိုကွဲခြင်း”ဂိမ်း၏ စမ်းသပ်ဗားရှင်းကို အသုံးပြု၍ ဂိမ်း၏ ချို့ယွင်းချက် များကို ပြန်လည် သုံးသပ်ခဲ့သည်။

ယင်းမှာ ချန်းထျန်းရှန်း နှင့် ကျင်းမူယန်တို့ ကလေးကလား ဆန်သော ညီအကို နှစ်ယောက်၏ ပူးပေါင်း လုပ်ဆောင်မှု ရလဒ်လည်း ဖြစ်သည်။

ဆရာတွေ အားလုံးက စမ်းသပ်ဗားရှင်းကို အသုံးပြုမည်ဟု ကြိုမသိထားကြဘဲ ဝိညာဉ်ဓား ဖဲလှယ်ပွဲ မကျင်းပခင် နှစ်နာရီ အလိုမှ အကြောင်းကြားစာ ရရှိခဲ့သည်။

ကျောင်းအုပ်ဆရာကြီး နှစ်ဦးက ဝိညာဥ်ဓားကို သန့်စင်သောစမ်းသပ်ဗားရှင်း ယခုလောက် အောင်မြင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

ကစားပွဲတွင် အမျိုးမျိုး အဖုံဖုံ လုပ်ဆောင်နိုင်သော မှော်အတတ်များ အဆက်မပြတ် ထွက်ပေါ်လာခြင်းက ဝိညာဉ်ဓား ဖလှယ်ပွဲကို ပိုမို စိတ်ဝင်စားဖွယ် ကောင်းစေသည်။

ပရိသတ်ဖြစ်သည့် ကျောင်းသားအားလုံးမှာ အသံလွှင့်ဖန်သားပြင်ကနေ မျက်လုံး မခွာနိုင်ဖြစ်နေပြီး မျက်တောင်တစ်ချက်ပင် မခတ်ရဲခဲ့ပေ။

ယခင်နှစ်များက ဆိုလျှင် တွေ့ဆုံပွဲ တစ်ဝက်သို့ ရောက်သည်နှင့် ကျောင်းသားများက ငိုက်မြည်းလာ၍ ခေါင်းငိုက်စိုက်ကျ မသွားအောင် ခေါင်းကို လက်ဖြင့် ထောက်ထားရသည်။

ယခုနှစ်တွင် ကျင်းပသည့် ဝိညာဥ်ဓား ဖလှယ်ပွဲက စိတ်လှုပ်ရှားဖို့ ကောင်းသော်လည်း မမျှော်လင့်ထားသည့် အရာတချို့ ဖြစ်ပျက်ခဲ့သည်။

အဆုံးသတ်တွင် ဝိညာဉ်ဓား သန့်စင်ခြင်း လုပ်ငန်းစဉ်က စမ်းသပ်ဗားရှင်း အဖြစ်သာ ရှိနေသေးသည်။

တိုက်ပွဲတွင် မညီမျှမှု များစွာ ရှိခဲ့သည်။

တစ်ဖက်က အသာစီးရသွားသည်နှင့် ကျန်တစ်ဖက်က လုံးဝ အကာအကွယ်မဲ့ ကျန်ရစ်ဖို့ အလားအလာ အရမ်းများ၏။

ယင်းက ထူးခြားသော အဖြစ်အပျက် တစ်ခုကို ဖြစ်ပေါ်စေသည်။

ဝိညာဉ်ဓားကို ကျကျနန မတည်ဆောက်နိုင်မီ ပြိုင်ပွဲကို အဆုံးသတ်လိုလျှင် ဗလာဓားနှင့် မှော်ဓားကြီးကို အသုံးပြုရန် ဖြစ်နိုင်ချေ ရှိနေပြီ ဖြစ်သည်။

……………………..

ယင်းအချက်ကို ယခုမှ သဘောပေါက်သည် ကလေးကလားဆန်သော ညီအကို နှစ်ယောက်မှာ မည်မျှ ရှက်ဖို့ကောင်းသည်ကို ချက်ခြင်း သဘောပေါက်သွား၏။

ကျောင်းသားအားလုံးက ဝိညာဉ်ဓားရှည်များ ကိုင်ဆောင်၍ ဝိညာဥ်ဓားဖလှယ်ပွဲကို ယှဥ်ပြိုင်ကြသော်လည်း သူတို့၏ ဝိညာဥ်ဓားကို ထုတ်ဖော်ပြသရန် အခွင့်အရေးပင် မရခဲ့ချေ။

မည်သို့ပင်ဖြစ်စေ ပြိုင်ပွဲက ပြီးဆုံးသွားလေပြီ။

ဝမ်လင်းက အခြား သူများနှင့် အတူ ပုံရိပ်ယောင် နယ်မြေမှ ထွက်လာသောအခါ စင်မြင့်ပေါ်ရှိ ကျောင်းအုပ်ဆရာကြီး နှစ်ယောက်က ဝိညာဥ်ရေးအာရုံကို အသုံးပြု၍ အပြန်ပြန် အလှန်လှန် အဆက်မပြတ် ပြောဆို ဆက်သွယ် နေကြသည်ကို ကြားလိုက်ရသည်။

“အကိုကြီး… မင်း တစ်ခုခုကို အမြန်စဉ်းစားသင့်တယ်”

“…………..”

ကျောင်းအုပ်ကြီးကျင်းက သူ့မျက်နှာကို လက်ဖြင့် ဖုံးအုပ်၍ စဥ်းစားဟန် ပြုလိုက်သည်။

“ဝိညာဉ်ဓား ဖလှယ်ပွဲက ဝိညာဉ်ဓားမပါဘဲ ပြီးသွားခဲ့တယ်.. ဒီစကားသာ ပြန့်သွားခဲ့ရင် ကျနော် အသက်မရှင်ချင်တော့ဘူး”

“ဂျူနီယာညီလေး စိတ်အေးအေးထားပါ”

ချန်းထျန်းရှန်းက ဖျောင်းဖြလိုက်သည်။

သူ၏ ဂျူနီယာ ညီလေးက အလွန် တုန်လှုပ်နေပြီး ခန္ဓာကိုယ်ထဲတွင် အချိန်အတော်ကြာ ချိတ်ပိတ်ထားသည့် နုနယ်သော နှလုံးသားလေးက အဆက်မပြတ် လှုပ်ရှားလာခဲ့ကြောင်း သူသိလိုက်သည်။

ကြယ်ခုနစ်ပွင့် တက္ကသိုလ်၏ နာမည် ဂုဏ်သတင်းကြောင့်ကျောင်းနှစ်ကျောင်းမှ ဆရာများနှင့် ကျောင်းသားများ၏ မျက်လုံးများက သူတို့အပေါ်တွင် ရှိနေကြောင်းကို ချန်းထျန်းရှန်းက တွေးတောမိပြီး သူ၏ ဦးနှောက်ကို အလုပ်ပေးလိုက်သည်။

သိပ်မကြာခင်မှာပင် ကျောင်းအုပ်ကြီးချန်းက

“ဂျူနီယာညီလေး.. လက်ထောက် ညွှန်ကြားရေးမှူးချုပ် ကျိုးရီရဲ့ ဝိညာဥ်ဓားအစွမ်းပြမှု အပိုင်း ကျန်ပါသေးတယ်.. သူအသုံးပြုမဲ့ ခြေလှမ်းတစ်ရာ ဓားပျံ စွမ်းရည် အတွက် ငါတို့က ကျောင်းသားတွေရဲ့ ဝိညာဥ်ဓား တစ်ချောင်းကို ရွေးခိုင်းလိုက်ရင်ရော ဘယ်လိုသဘောရလဲ”

ထိုစကားကို ကြားလျှင် ကျောင်းအုပ်ကြီးကျင်း၏ မျက်နှာက ချက်ချင်းပင် ပုံမှန် ပြန်ဖြစ်သွားသည်။

“စီနီယာအကိုရဲ့ အကြံဉာဏ်က အထာကျတယ်”

ကျောင်းအုပ်ကြီးချန်း “…………..”

ဝမ်လင်း၏ နှုတ်ခမ်းက ကူကယ်ရာမဲ့စွာဖြင့် ရွဲ့သွားသည်။

“……………..”

……………………..

စင်မြင့်ပေါ်ရှိ ကျိုးရီက စားပွဲပေါ်တွင် တင်ထားသော ဝိညာဉ်ဓားဆယ်ချောင်းကို ငေးကြည့်ရင်း ချွေးစေးများ ထွက်လာသည်။

ရိုးသားစွာပြောရလျှင် ဤအခြေအနေက သူမျှော်မှန်းထားသည်ထက် အများကြီး ပိုကောင်းသည့် ရလဒ်တစ်ခု ဖြစ်သည်။

ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းကို သူ မသိသော်လည်း ခြေလှမ်းတစ်ရာ ဓားပျံသိုင်းကိုမူ သူကောင်းစွာ ကျွမ်းကျင်၏။

ဖျော်ဖြေပွဲ ချောချောမွေ့မွေ့ ပြီးဆုံးဖို့က ကျိုးရီနှင့် သူအသုံးပြုမည့် ဝိညာဥ်ဓားတို့ကြားရှိ နားလည်မှုပေါ်တွင် မူတည်နေသည်။

ဤဝိညာဥ်ဓားတွေ အားလုံးက ပိုင်ရှင်တွေ ရှိပြီးသားမို့ သူစိမ်းတစ်ယောက်ကို လုံးလုံးလျားလျား နာခံဖို့မှာ ကျိုးရီ၏ ဓားပညာနှင့် စိတ်စွမ်းအားတို့ အတွက် စမ်းသပ်မှုကြီး တစ်ခုလို ဖြစ်နေ၏။

သူ့လို ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး တစ်ယောက်က ဤအပိုင်းတွင် အမှားလုပ်မိလျှင် အမှန်တကယ် ရှက်ဖို့ ကောင်းပေလိမ့်မည်။

“ပြိုင်ပွဲစည်းကမ်းတွေကို ဘယ်သူက ပြောင်းမယ်လို့ ထင်မှာလဲ… ငါက ငါ့ရဲ့ ဝမ်မန် နဲ့ ဝမ်ကျီ ကို ပြသခွင့်ရချင်ခဲ့တာ”

စင်အောက်တွင် ထိုင်နေသည့် လင်းရှောင်ယုက သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

“ရှောင်ယုရဲ့ ဓားရေးစွမ်းရည်က သိသိသာသာ တိုးတက်လာပုံပဲ”

စွန်းရုံက ပြုံးရွှင်စွာ ပြောလိုက်သည်။

“ဟုတ်တယ်.. ဆရာဝမ်က မိစ္ဆာ တည်ထောင်သူ စာအုပ်ကို ပြပြီးတဲ့နောက်မှာ အမြွှာဓားတွေရဲ့ အဓိပ္ပါယ် အစစ်အမှန်ကို သိလိုက်ရတယ်လေ”

“အဓိပ္ပါယ်အစစ်အမှန်က ဘယ်လိုလဲ”

ကော်ဟောက်က မျက်ခုံးပင့်၍ မေးလိုက်သည်။

“ဉာဏ်များတဲ့ မိန်းမနှစ်​ယောက်ကို အတူတကွ ထားရင် ကမ္ဘာတစ်ဝှမ်းလုံးမှာ မယုံကြည်နိုင်စရာတွေ ဖန်တီးနိုင်တယ်”

“……………”

“ငါသိချင်တယ်.. စီနီယာကျိုးက ဘယ်သူ့ဝိညာဉ်ဓားကို ရွေးချယ်မှာလဲ”

…………………..

ကျိုးရီက ဝိဉာဉ်ဓား ဆယ်ချောင်းကို အသေအချာ အကဲခတ်နေသည်။

စွန်းရုံ၏ ဝိညာဥ်ဓား ဆန်းကြယ်ပင်လယ်က ဓားဝိညာဉ်ကိုမွေးထုတ်ပေးခဲ့ပြီ ဖြစ်သည်။

ဓားဝိညာဉ် ရှိနေသည့် ဓားတစ်ချောင်းကို အချိန်တိုအတွင်း ထိန်းချုပ်ရန်မှာ မဖြစ်နိုင်ပေ။

လင်းရှောင်ယု၏ အမြွှာဓားနှင့် ပတ်သက်၍မူ သူ မထိချင်ပေ။

အကြောင်းမသိသေးသည့် အမြွှာဓား တစ်စုံကို ကိုင်တွယ်ဖို့က အလွန်ပင် ခက်ခဲသည် မဟုတ်လော။

အခန့်မသင့်လျှင် ဤဓားက သူ့ကို ဆွဲချသွားနိုင်သည်။

ကျန်ဝိညာဥ်ဓားများမှာ ချန်းချောင်၏ စူပါခွန်အား၊ ကော်ဟောင်၏ သရဲစွယ်ဓား၊ ထျန်ကျင်းဇီ၏ အပြာရောင်သွေး၊ ဖန်ဟွာချင်း၏ ကျန်းဖို၊ လျန့်ညီနောင် သုံး​ဖော်၏ နဂါးတောင်တက်ဓားများ….

ဝမ်လင်းက ကျိုးရီ၏ အကြည့်နောက်သို့ လိုက်ကြည့်ခဲ့သည်။

“ဒါက ကျင့်ခယ်ကို ရွေးချယ်ဖို့ ဆယ်ပုံတစ်ပုံပဲ အခွင့်အရေးရှိတာလေ.. ဟုတ်တယ်မလား”

ကျိုးရီက စင်ပေါ်ရှိ တစ်ခုတည်းသော သစ်သားဓားငယ်လေးကို ကောက်ကိုင်လိုက်သည်။

“မင်းကိုရွေးလိုက်ပြီ”

ဝမ်လင်း “…………..”

ကျိုးရီထံတွင် ကျင့်ခယ်ကို ရွေးချယ်ရန် အတွက် ကိုယ်ပိုင် အကြောင်းပြချက် ရှိနေသည်။

ပထမအချက်မှာ ဤဓားက ဝိညာဥ်ဓား အားလုံးထဲတွင် အန္တရာယ် အကင်းဆုံးဟု ထင်ရပြီး သူ့အပေါ် မည်သို့သော ခြိမ်းခြောက်မှုမျှ ပြုလုပ်နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် ထိန်းချုပ်စရာပင် မလိုဘဲ ကိုင်တွယ်ရ အတော်လေး လွယ်ကူသွားမည် ဖြစ်သည်။

ဒုတိယအချက်မှာ ဤဓား၏ သခင်က ဝမ်လင်း ဖြစ်နေသောကြောင့် ဖြစ်၏။

ကျိုးရီက ဤအရာကို အခွင့်အရေး တစ်ခုဟု ခံစားရသည်။

ကျင့်ခယ်ကို ကိုင်ထားပြီး အကောင်းဆုံး စွမ်းဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားသည်။

ဆရာသခင်၏ ဝိညာဉ်ဓားကို ကောင်းကောင်း အသုံးချနိုင်ရင် ဆရာသခင်ကို ကျေနပ်စေမည် မဟုတ်ပါလား။

“……………”

“လခွမ်း မင်းအမကိုပဲ ဆရာတင်လိုက်.. ဘယ်သူက မင်းရဲ့ ဆရာလုပ်မယ် ပြောလို့လဲ.. ငါ့ကို မင်းရဲ့ ဆရာအဖြစ် အတင်းအကျပ် လာမတင်နဲ့”

ဝမ်လင်းက ခေါင်းနောက်လာသဖြင့် မျက်ကြောကို လက်ဖြင့်နှိပ်လိုက်သည်။

ယခုအခါတွင် ကျင့်ခယ်က သူစိမ်းတစ်ယောက်၏ လက်ထဲတွင် သူ၏ ခွန်အားကို ထိန်းချုပ် ထားနိုင်လိမ့်မည်ဟုသာ သူမျှော်လင့်နိုင်တော့သည်။

ကျင့်ခယ်က မည်သို့သော အခြေအနေမျိုးမှာမှ အရိုင်းစိတ်ဖောက်သွား၍ မဖြစ်ချေ။

သို့မဟုတ်လျှင် ဓားလှိုင်း တစ်လှိုင်းကပင် ဤနေရာတွင် ရှိသည့် လူအားလုံးကို တခြားမြို့သို့ ပြောင်းရွှေ့ပေးလိမ့်မည် ဖြစ်၏။

ဤအရာက ချဲ့ကားသည်ဟု ထင်ရသော်လည်း ၎င်းမှာ အမှန်တကယ် ငြင်းဆန်၍ မရသော အချက် ဖြစ်သည်။

ကျင့်ခယ်က သစ်သားဓားတစ်လက်သာ ဖြစ်သော်လည်း ၎င်း၏ သေစေနိုင်မှုက ငြင်းမရပေ။

ဝမ်လင်းက အဘိုးကြီးလီကို ကယ်တင်ရန် ကမ္ဘာခြားဂိတ်ကို ဝင်သွားသောအခါ ကျင့်ခယ်ကို နတ်ဆိုးနတ်ဘုရား၏ ဦးခေါင်းကို ဖြတ်တောက်ရာတွင် အသုံးပြုခဲ့သည်။

ဤသို့ဖြင့် နတ်ဆိုးနတ်ဘုရား၏ သွေးက ကျင့်ခယ်တွင် မတော်တဆ စွန်းပေသွားပြီး မကြုံစဖူး အစွမ်းထက်သော သန့်စင်မှုကို ခံခဲ့ရသည်။

ထိုအချိန်မှစ၍ ကျင့်ခယ်က ၎င်း၏ ဓားကိုယ်ထည်ထဲရှိ စွမ်းအားများကို ဝမ်လင်းကဲ့သို့ မထိန်းချုပ်နိုင်တော့ပေ။

ဝိညာဥ်ဓားက ၎င်း၏သခင်နှင့် တူသည်ဟု ဆိုသော စကားမှာ ယုတ္တိမရှိသော စကား မဟုတ်ချေ။

“အခု ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေး ဌာနရဲ့ လက်ထောက် ညွှန်ကြားရေးမှူးချုပ် ဆရာကျိုးရီကို ခြေလှမ်းတစ်ရာ ဓားပျံသိုင်းရဲ့ အံ့သြဖွယ် စွမ်းဆောင်ရည် ပြသပေးဖို့အတွက် ဖိတ်ခေါ်ပါရစေ”

ဝိညာဉ်ဓားတစ်ချောင်းကို ကျိုးရီ ရွေးချယ်လိုက်သည်ကို မြင်လျှင် တာဝန်ခံ အမျိုးသမီးက ကျယ်လောင်စွာ ကြေငြာလိုက်သည်။

ကျိုးရီက ကျင့်ခယ်ကို ကိုင်ဆွဲ၍ မိုးပြိုလုမတတ် လက်ခုပ်သံများ ကြားတွင် အားကစားကွင်း အလယ်သို့ ဖြည်းညှင်းစွာလျှောက်သွားခဲ့သည်။

စင်မြင့်ပေါ်ရှိ စွန်းတာခန်းက မျက်မှောင်ကြုတ်လိုက်သည်။

“ဒီဓားပိုင်ရှင်က ကျောင်းသား ဝမ်လင်း မဟုတ်လား”

သူ့အနားတွင် ရှိနေသည့် ကျောင်းအုပ်ကြီးချန်းက အတွင်းရေးမှူးစွန်း အဘယ်ကြောင့် ဤမေးခွန်းကို ရုတ်တရက် မေးလာမှန်း မသိသော်လည်း တလေးတစား အဖြေပေးလိုက်သည်။

“ဟုတ်ပါတယ်.. အဲဒါ ဝမ်လင်းပါ.. ကျောင်းသားလေး ဝမ်လင်းက အတော်လေး ဆင်းရဲတဲ့ မိသားစုမှာ မွေးဖွားလာတာပါ.. ကျောင်းကို ပြန်ရောက်တာနဲ့ သူ့ကို ထောက်ပံ့ကူညီဖို့ ကျနော်တို့ စီစဥ်ထားပါတယ်”

အတွင်းရေးမှူးစွန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ်.. ငါတို့က ဆင်းရဲပေမဲ့ ပညာရေးမှာ ထူးချွန်တဲ့ ကျောင်းသားတွေကို အလေးထားရမယ်.. ကျောင်းသားတစ်ဦးစီတိုင်းက ကျောင်းနဲ့ လူ့အဖွဲ့အစည်းထံကနေ ဂရုစိုက်မှုတွေရမှသာ စိတ်ဓာတ်တွေ သန်မာလာလိမ့်မယ်”

အတွင်းရေးမှူးစွန်း နံဘေးရှိ ကျောင်းနှစ်ကျောင်း၏ ကျောင်းအုပ်ဆရာကြီး၊ ဒါရိုက်တာများနှင့် ကျောင်းသားအဖွဲ့ကို ဦးဆောင်သည့် ဆရာ.. ဆရာမများက ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလိုက်ကြသည်။

“အတွင်းရေးမှူးစွန်း ပြောတာမှန်တယ်”

“ကောင်းပြီ ရဲဘော်တို့.. မင်းတို့အတွက် ခက်ခဲနိုင်ပေမဲ့ ချို့တဲ့တဲ့ ကျောင်းသားတွေကို ပိုဂရုစိုက်ပြတာက လူတိုင်း လိုက်နာသင့်တဲ့ အလေ့အကျင့် ဖြစ်သင့်တယ်”

ထိုစကားကို ပြောနေချိန်တွင် အတွင်းရေးမှူးစွန်းက ကျိုးရီ၏ လက်ထဲမှ မက်မွန်သစ်သားဓား ထံသို့ အကြည့်ရောက်သွားသည်။

“သူ အမှားလုပ်လိုက်တာလား”

တစ်စုံတစ်ရာသော အကြောင်းကြောင့် ဤဓားက အနည်းငယ်ပုံမှန်မဟုတ်ဟု သူခံစားလိုက်ရသည်။

အပိုင်း(၇၀) ပြီး၏

အပိုင်း(၇၁) အင်ပါယာချင်ကို လုပ်ကြံသူ ကျင့်ခယ်

အတွင်းရေးမှူးစွန်းသည် လက်ရှိတွင် အသက်အကြီးဆုံးနှင့် နားမလည်နိုင်သော ကျင့်ကြံခြင်း နယ်ပယ်တွင် ရှိပြီး အမှန်တကယ်ပင် ဂုဏ်သတင်းနှင့် ထိုက်တန်နေသည်။

သူက သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများနှင့် လျှို့ဝှက်ဆန်းကြယ်သော နယ်ပယ် အဆင့်ဖြင့် ဤသစ်သားဓားငယ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထူးခြားနေကြောင်း ဖျတ်ခနဲ ခံစား သိရှိနိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေ ဝမ်လင်းက ဤအတွင်းရေးမှူး တစ်စုံတစ်ရာ သတိပြုမိမည်ကို စိုးရိမ်နေစရာ မလိုအပ်တော့ပေ။

သူက အစောပိုင်းတွင် ကျိုးရီ၏ မှတ်ဉာဏ်ကနေ တဆင့် အတွင်းရေးမှူး စွန်း၏ အတိတ်အကြောင်းကို စစ်ဆေးကြည့်ခဲ့သည်။

အတွင်းရေးမှူးစွန်းက ရှေ့မီနောက်မီ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပြီး ဟွာရှို့နိုင်ငံကို တည်ထောင်သူ အများအပြားနှင့် အတူ နတ်ဆိုးနတ်ဘုရားကို သတ်ပစ်ခဲ့ဖူးသည်။

ထို့ကြောင့် သူက နတ်ဆိုးနတ်ဘုရားများ၏ သွေးကို ထူးထူးခြားခြား အာရုံခံစားနိုင်ခဲ့ခြင်း ဖြစ်၏။

ဝမ်လင်းက တင်ဆက်မှုမစခင် ကျင့်ခယ်ကို မထင်မရှား အသွင်အပြင်ဖြင့် ပုံဖျက်ထားသည်။

သစ်သားဓားငယ်၏ အရှိန်အဝါက အလွန် သဘာဝ မကျသောပုံ ပေါက်နေသောကြောင့် သစ်သားဓားငယ်ရှိ နတ်ဆိုးနတ်ဘုရား အရှိန်အဝါကို ပိတ်ဆို့ခဲ့၏။

ကျင့်ခယ်ကို တစ်စိတ်တစ်ပိုင်း ကာကွယ်မှုသည် အတွင်းရေးမှူး စွန်းအား မှားယွင်းသော ခံစားချက်ကို ရရှိစေမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် ကျင့်ခယ်၏ သဘောသဘာဝအမှန်ကို ဖုံးကွယ်ရန် ကူညီပေးရမည် မဟုတ်လော။

……………………

ကျိုးရီက လက်ထောက် ညွှန်ချုပ်အဖြစ် ရာထူး တိုးပြီး နောက်ပိုင်း သူ၏ အရည်အချင်းတွေကို လူကြားထဲတွင် ထုတ်မပြခဲ့တာ အတော်ကြာခဲ့ပြီဟု ခံစားမိသည်။

ယင်းမှာ “နှိမ့်ချတတ်သော ကိုယ်ရည်ကိုယ်သွေးကို ထိန်းသိမ်းလိုခြင်း”ဟု အဓိပ္ပါယ်ရ​သည့် သူ၏ ပါးနပ်သော ပင်ကိုယ်စရိုက်ဟု သာမန်ပြည်သူလူထုက အမြဲလက်ခံထားခဲ့သည်။

အချိန်တွေ ကြာလာသည်နှင့်​ အမျှ သူ၏ ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းက ဒဏ္ဍာရီဆန်ဆန် ပျောက်ကွယ်သွားခဲ့တယ်။

တကယ်တမ်းတွင် ထိုဓားသိုင်းကို သူ့အနေဖြင့် မသိခဲ့ပေ။

ထို့ကြောင့် ကျောင်းနှစ်ကျောင်းကို ဗဟိုပြု၍ ကျင်းပသော ဝိညာဥ်ဓား ဖလှယ်ပွဲကို တက်ရောက်ရန် ဖိတ်ကြားခံရသောအခါ ကျိုးရီ၏ ခံစားချက်များက ရှုပ်ထွေးသွားခဲ့သည်။

သူက သူ့ကိုယ်သူ ပါရမီရှင် တစ်ယောက်ဟု မထင်ပေ။

သူက Grade2 ကတည်းကပင် အမြူတေ အဆင့်သို့ ရောက်ရှိခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုနှစ်တွင် ကျင့်ကြံရေး သင်တန်းရှိတွင်းတစ်ခုထဲသို့ ပြုတ်ကျသွားပြီး ဝိညာဥ်သစ်သီးကို ဘုမသိဘမသိ စားမိခဲ့ခြင်းကြောင့် ဖြစ်၏။

ထို့ကြောင့် ကျိုးရီ၏ ဘဝကလည်း ထူးထူးခြားခြား အဖြစ်အပျက်များဖြင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်သည်။

ဥပမာပြရလျှင် လွန်ခဲ့သည့် ခြောက်နှစ်က လျှို့ဝှက်ဆန်းကြယ်သော မကောင်းဆိုးဝါး သောင်းကျန်းခဲ့သည်။

နောက်ထပ် ဥပမာအနေဖြင့် မနေ့က အဖမ်းခံရသည့် လုပ်ကြံသူ မိန်းမပျိုလေး…

ဤအဖြစ်အပျက်တွေ အားလုံး၏ အကျိုးကျေးဇူးတွေက သူ့အပေါ်သို့ ကျရောက်လာမည်မှန်း မည်သူက သိနိုင်မည်နည်း။

ကျိုးရီက အမှတ်၆၀ အထက်တန်းကျောင်းကို ပြန်ရောက်ကတည်းက ထူးထူးခြားခြား ခံစားခဲ့ရသည်။

သူ့ဘဝက အောင်မြင်မှု မရသေးလျှင်ပင် အနည်းဆုံးတော့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဟု ဆိုနိုင်သည်။

အမှတ် ၆၀ အထက်တန်းကျောင်းက မှော်ဆန်သောနေရာ ဖြစ်သည်။ တောက်ပ၍ အသက်ရှည်သော ရွာ…

ကျိုးရီက အားကစားကွင်း၏ အလယ်တွင် ရပ်နေသည်။

စီနီယာ ကျောင်းသားဟောင်း ကျိုးရီ စင်ပေါ်တက်သွားသည့်အချိန်တွင် မြင်ကွင်းက လုံးဝ တိတ်ဆိတ်သွားသည်။

ကျိုးရီအနေဖြင့် သူ့ အရည်အချင်းတွေကို လူအများရှေ့တွင် ထုတ်ဖော် မပြခဲ့သည်မှာ တကယ်ကို ကြာခဲ့ပြီ ဖြစ်သည်။

ရုတ်တရက် ကျိုးရီက သူ့နှလုံးခုန်နှုန်း မြန်လာသလို ခံစားလိုက်ရပြီး အနည်းငယ် တုန်လှုပ်သွားသည်။

ဝိညာဥ်ဓားကို ထိန်းချုပ်ရန် စတင်လိုက်သည်နှင့် ကျိုးရီ၏ အခွင့်အရေးက ပန်းခြံတစ်ခုရှိ ဒရော့တာဝါ ကဲ့သို့ ကျဆင်းနေသည်။

(drop tower= အဆမတန် မြင့်မားသော မျှော်စင်ပေါ်ကနေ အောက်ကို အရှိန်ဖြင့် ထိုးဆင်းရသည့် အပန်းဖြေစီးနင်းမှု အမျိုးအစား)

ရင်းနှီးမှုမရှိသော ဝိညာဉ်ဓားနှင့် အချိန်တိုအတွင်း ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသည့် အချက်ကို ခံစားသိရှိရန် လိုအပ်သည်။

ဆိုရလျှင် ခြေလှမ်းတစ်ရာ ဓားပျံသိုင်းက ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းထက် အများကြီး ပိုလွယ်ကူသည်။

သို့သော် အဆင့်မြင့် ဝိညာဉ်ဓား သင်တန်းကို မတက်ရသေးသည့် အထက်တန်း ကျောင်းသားများ အတွက်မူ မျက်စိဖြင့် ကြည့်ရုံသာ တတ်နိုင်သည့် အဆင့်မြင့် ဓားစွမ်းရည် တစ်ခု ဖြစ်၏။

ယင်းက အဆင့်အတန်းမြင့်သော ဓားသိုင်းတစ်ခု ဖြစ်၍ ကျရှုံးနိုင်သည့် အလားအလာတွေက ရှိနေဆဲပင်။

ကျိုးရီက ထောင်ပေါင်းများစွာသော မျက်လုံးများအောက်တွင် ကျင့်ခယ်ကို မြှောက်လိုက်ပြီး နောက်ဂျွန်း၂၃ကြိမ်နှင့် ရှေ့ဂျွန်းသုံးကြိမ်ကို လေထဲတွင် တစ်ဆက်တည်း ပြုလုပ်ခဲ့သည်။

လူတိုင်းက လေထဲတွင် လှုပ်ရှားနေသော သူ၏ ရုပ်သွင်ကို စိုက်ကြည့်နေကြသည်။

ကျိုးရီ၏ လက်ထဲရှိ ကျင့်ခယ်က လေထဲတွင် လျင်မြန်စွာ လှုပ်ရှားနေ၏။

မြင်ကွင်းတစ်ခုလုံးကို ထူးထူးခြားခြား လှပစေသည့် ဝိညာဉ်အလင်းရောင်က ကျင့်ခယ်ထံမှ ထွက်ပေါ်လာသည်။

“ဘယ်လိုတောင် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ တင်ဆက်မှုလဲ”

“ထျန်ကျင်းဇီ နှင့် အခြားသူများက အံ့သြစွာ ကြည့်နေကြသည်။

အားကစားကွင်း တစ်ဝိုက်တွင် လက်ခုပ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

စင်မြင့်ပေါ်ရှိ ဆရာဝမ်ပင် ဂုဏ်ပြု ချီးကျူးလိုက်သည်။

“ဒါက မွန်းစတားအိုကြီး ဟန်ကနေ ဆင်းသက်လာတဲ့ မျက်တောင် မခတ်စတမ်း ဓားအနုပညာပဲ.. ဒီဓားစွမ်းရည်ကို လူတော်တော်များများ သိကြပေမယ့် လူအနည်းငယ်လောက်ပဲ သဘာဝကျကျ ချောမွေ့အောင် လေ့ကျင့်နိုင်ကြတယ်”

“မှန်တယ်”

အတွင်းရေးမှူးစွန်းက ထောက်ခံလိုက်သည်။

သူ၏အသံတွင် ကျေနပ်အားရသော အရိပ်အယောင်များထင်ရှားနေသည်။

“ဒီဓားသိုင်းက အရမ်းကြီး အစွမ်းထက်တာ မဟုတ်ပေမယ့် ဖျော်ဖြေမှုပေးတဲ့ နေရာမှာတော့ သဘောကျစရာ အကောင်းဆုံးပဲ.. ဒါက ငါမြင်ဖူးတဲ့ ထိပ်တန်းဖျော်ဖြေပွဲ ဆယ်ခုထဲက တစ်ခုလို့ ပြောရင်တောင် ချဲ့ကားတယ်လို့ ပြောမရဘူး.. ကျိုးရီလေးက ဒီနှစ်တွေ တစ်လျှောက်လုံး အလုပ်များနေခဲ့တာတောင် အားလပ်ချိန်တွေမှာ အသေအချာ လေ့ကျင့်ခဲ့ပုံပဲ”

“ကျိုးရီလေးလား…”

အတွင်းရေးမှူးစွန်း၏ အသုံးအနှုန်းကို ကြားလျှင် စင်မြင့်ပေါ်ရှိ ကျောင်းခေါင်းဆောင် အားလုံး၏ မျက်နှာ၌ အံ့သြစရာကောင်းသည့် အမူအရာများ ပေါ်ပေါက်လာသည်။

ထိုစကားကြောင့် ကျောင်းအုပ်ကြီးချန်းနှင့် ကျောင်းအုပ်ကြီးကျင်းတို့က အတွေးနယ်မချဲ့ဘဲ မနေနိုင်တော့ချေ။

အတွင်းရေးမှူး စွန်း၏ ရင်းနှီးသော အခေါ်အဝေါ်က ကျိုးရီနှင့် အတွင်းရေးမှူး စွန်းတို့၏ ဆက်ဆံရေး အတိမ်အနက်ကို ဖော်ပြနေသည်။

“စီနီယာကျိုးက အရမ်း တော်တယ်နော်.. ဒါနဲ့ စကားမစပ် ဘာကြောင့် မျက်တောင် မခတ်စတမ်း ဓားအနုပညာလို့ ခေါ်တာလဲ”

လင်းရှောင်ယုက နားမလည်သော အမူအရာဖြင့် မေးလိုက်သည်။

ကော်ဟောက်က မတူမတန်သလို အမူအရာဖြင့် ဆရာကြီးပုံ ဖမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။

“တင်ဆက်ပွဲ တစ်လျောက်လုံးမှာ စီနီယာကျိုး မျက်တောင် မခတ်တာကို မင်းသတိမထားမိဘူးလား… မျက်တောင် မခတ်စတမ်း ဓားအနုပညာက နာမည်နဲ့ စွမ်းရည် အံဝင်ခွင်ကျ ဖြစ်လို့ ကျော်ကြားခဲ့တာလေ.. ဓားသိုင်းကို ကျွမ်းကျင်လေလေ မျက်တောင် ခတ်နှုန်း လျော့လာလေပဲ.. ဒီဓားသိုင်းကို ရှီမန် တိုက်ပွဲမှာတုန်းက ဓားသမားတွေ အသုံးပြုကြတယ်.. သူတို့က တိုက်ခိုက်ရေး ဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ရန်သူရဲ့ အမြင်အာရုံကို အနှောင့်အယှက် ဖြစ်စေဖို့ အတွက် အသုံးပြုခဲ့ကြတယ်”

“အော် အဲဒီလိုကိုး”

ကော်ဟောက်၏ ရှင်းပြမှုကြောင့် ကျောင်းသားများက ဉာဏ်အလင်း ရသွားကြသည်။

ကျိုးရီက ကျင့်ခယ်နှင့် အတူ ရိုးရှင်းစွာ သရုပ်ပြပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။

လက်ခုပ်သံများ၏ ခွန်အားကို အကဲဖြတ်ကြည့်ရာ သူ၏ အဖွင့်တင်ဆက်မှုက အောင်မြင်သွားပုံ ပေါ်သည်။

အဆုံးသတ်တွင် သူက မျက်တောင် မခတ်စတမ်း ဓားအနုပညာကို နေ့စဥ်လေ့ကျင့်သည့် ရေဒီယို ကျွမ်းဘား အားကစားနှင့် မျက်လုံးလေ့ကျင့်ခန်း ထက်ပင် ပိုမိုရင်းနှီးခဲ့သည်။

ပြီးခဲ့သော နှစ်အနည်းငယ် အတွင်း သူက အလုပ် အရမ်းများ၍ ဝိညာဉ်ဓားကို မထိနိုင်သည့်တိုင် မျက်တောင် မခတ်စတမ်း ဓားအနုပညာကို လေ့ကျင့်ရန် အချိန်ယူခဲ့သည်။

အဖွင့်တင်ဆက်မှုက ဘာပြဿနာမှ မဖြစ်ခဲ့ပေ။

တကယ့် တင်ဆက်မှုက ယခုမှစမည် ဖြစ်သည်။

ကျိုးရီက အသက် ခပ်ပြင်းပြင်းရှူရင်း ခြေလှမ်းတစ်ရာ ဓားပျံသိုင်းကို တင်ဆက်ရန် အသင့်ပြင်လိုက်သည်။

အားကစားကွင်းမှ မီတာနှစ်ရာ အကွာတွင် ပန်းကန်လုံး အရွယ် ပစ်မှတ်တစ်ခုကို ပြင်ဆင်ထားခဲ့သည်။

ယင်းက အခြေခံတည်ဆောက်ခြင်း အဆင့် ကျောင်းသားများအတွက် မျက်စိဖြင့် မြင်နိုင်သည့် အကွာအဝေးထက် ဝေးလွန်းနေသည်။

ကျောင်းသားများက သူတို့၏ ဝိညာဉ်ရေးအာရုံကို အသုံးပြုခဲ့သော်လည်း အကြမ်းဖျင်းလောက်သာ မြင်နိုင်ကြသည်။

“ဒီပစ်မှတ်က သေးလွန်းတယ်.. ထိအောင်လုပ်ဖို့က အရမ်းခက်လိမ့်မယ်”

စင်မြင့်ပေါ်မှ ဒါရိုက်တာရှဲ့က ပြောလိုက်သည်။

ကျောင်းအုပ်ကြီးကျင်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ဒဏ္ဍာရီအရဆိုရင် ဗိုလ်ချုပ်ရီရဲ့ ခြေလှမ်းတစ်ရာ ဓားပျံသိုင်းက စပါးစေ့တစ်စေ့ကို မီတာတစ်ထောင် အကွာကနေတောင် ထိုးဖောက်နိုင်တယ်လို့ အဆိုရှိတယ်”

စင်မြင့်ပေါ်ရှိ ခေါင်းဆောင်များနှင့် ဆရာ..ဆရာမများ၏ နှလုံးသားထဲတွင် တူညီသော ခံစားချက်များ ဖြစ်ပေါ်လာသည်။

“သောက်ချီး… ဒါက သိပ်ကြောက်ဖို့ကောင်းတယ် မဟုတ်ဘူးလား”

သမိုင်းဝင် ကျမ်းစာများအရ ဤသည်မှာ ရှေးခေတ်အာဏာရှင်ကို သတ်ရန် ဓားသခင် အချို့အသုံးပြုခဲ့သော နတ်ဘုရားစွမ်းရည် တစ်ခု ဖြစ်သည်။

ဗိုလ်ချုပ်ရီက ထိုဓားပျံသိုင်း၏ အယူအဆကို ပြီးပြည့်စုံစေပြီး အခြေခံ သီအိုရီကို ပိုမို အားကောင်းအောင် အထောက်အပံ့ ပေးခဲ့သူ ဖြစ်ကြောင်း သမိုင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

အဆုံးသတ်တွင် ဤဒဏ္ဍာရီလာ နတ်ဘုရားစွမ်းရည်သည် လူသားတို့ စိတ်ကူးထားသလောက် မရှုပ်ထွေးပေ။

ခက်ခဲမှု အတိုင်းအတာကို ကြယ်တစ်ပွင့်မှ ဆယ်ပွင့် အထိ သတ်မှတ်ထားရာ ခြေလှမ်းတစ်ရာ ဓားပျံသိုင်းက ကြယ်ခြောက်ပွင့် အဆင့်သာ ဖြစ်သောကြောင့် ထိုဓားသိုင်းမှာ အကောင်းဆုံး ဟူသည့် မျဥ်းကို ကျော်ရုံသာ ဖြစ်သည်။

ကျိုးရီက တက္ကသိုလ်မှာထဲက ခြေလှမ်းတစ်ရာ ဓားပျံသိုင်း၏ သီအိုရီကို နားလည်ခဲ့သည်။

သို့သော် ၎င်းကို လက်တွေ့ အကောင်အထည် ဖော်သောအခါတွင် အောင်မြင်မှုနှုန်း ခြောက်ဆယ် ရာခိုင်နှုန်းကျော်သာ ရှိကြောင်း သတိရမိလိုက်သည်။

၎င်းက လူတစ်ဦး၏ နည်းစနစ်၊ အချိန်အဆ နှင့် ပေါက်ကွဲစွမ်းအားကို အမှန်တကယ် စမ်းသပ်သည့် ဓားသိုင်း တစ်ခုဖြစ်သည်။

“ကျိုးရီ.. မင်း ဘာပဲလုပ်​လုပ်​ ဒီနေရာမှာတော့ တလွဲ လုပ်လို့မဖြစ်ဘူး”

ကျိုးရီက စိတ်ထဲကနေ သူ့ကိုယ်သူ အားပေးခဲ့သည်။

ထို့နောက် သူက မီတာနှစ်ရာ အကွာအဝေးရှိ ပန်းကန်လုံးကို ဓားဖြင့် မချိန်ရွယ်မီ ကျင့်ခယ်ကို ကိုင်မထားသည့် လက်မှ လက်ခလယ်ကို ရှေ့သို့ ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။

ကျင့်ခယ်၏ အညိုရောင် ဖျော့ဖျော့ ခန္ဓာကိုယ် တစ်ဝိုက်တွင် အပြာရောင် ဝိညာဉ်စွမ်းအင် ကြိုးတစ်ချောင်းက သူ့အလိုလို ဒဏ်ရာရသွားသည်။

ယင်းအခြေအနေကို ဝမ်လင်းက ထင်ရှားစွာ မြင်နေရသည်။

ကျင့်ခယ်က ပရမ်းပတာ တုန်ခါနေသောလက် ကဲ့သို့ ပြင်းထန်စွာ တုန်ရီနေသည်။

မကောင်းတော့ဘူး….

ကျင့်ခယ်က ဝိညာဉ်စွမ်းအင်ကို ပြင်းပြင်းထန်ထန် ဆိုးရွားစွာ ပစ်လွှတ်တော့မည် ဖြစ်ကြောင်း ဖန်ရှင်းက ရိပ်စားမိခဲ့သည်။

ကျင့်ခယ်က ပဲ့ထိန်းဒုံးကျည်လို ပစ်လွှတ်နိုင်သည့် အခြေအနေ နှစ်ခု ရှိသည်။

ပထမ အခြေအနေမှာ ပြင်းထန်သော အဖျက်စွမ်းအားကို ထုတ်လွှတ်ပြီး လီတစ်သောင်း ဝန်းကျင်ကို သက်ရောက်စေမည့် အင်အားပြင်း ငလျင်ကို ဖြစ်ပေါ်စေမည် ဖြစ်သည်။

သို့သော် ဤအရာသာ တကယ်တမ်း ဖြစ်လာမည် ဆိုလျှင် ဝမ်လင်း၏ မျက်ခွံက သတိပေး နှိုးဆော်မည် ဖြစ်၏။

ယခု မျက်ခွံမလှုပ်တာ ကြာပြီ ဖြစ်သောကြောင့် ဤအခြေအနေက ဖြစ်နိုင်ချေ အတော်လေး နည်းပါးသည်။

ထို့ကြောင့် ပထမ ဖြစ်နိုင်ခြေကို ဖယ်ရှားလိုက်လျှင် ဒုတိယဖြစ်နိုင်ခြေ တစ်ခုသာ ကျန်တော့သည်။

ဝမ်လင်းက ၎င်းတို့ မျက်စိဖြင့် မကြည့်ဝံ့သည့် မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာတော့မည်ဟု ဆိုးရွားစွာ ခံစားရသောကြောင့် သူ့ မျက်လုံးများကို လက်ဖြင့် ဖုံးကွယ်ထားလိုက်သည်။

…………………..

သစ်သားဓားငယ်က သူ၏ စိတ်ဝိညာဉ် စွမ်းအင်ကို ခါးခါးသီးသီး ငြင်းပယ်လိမ့်မည်ဟု ကျိုးရီ မမျှော်လင့်ခဲ့ပေ။

အများအားဖြင့် ဝိညာဉ်ဓား ငြင်းပယ်ခြင်းကို ကိုင်တွယ်ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းမှာ ဓားကို လေထဲတွင် ဝှေ့ယမ်း၍ ၎င်းတွင် ကိန်းအောင်းနေသည့် ဝိညာဉ်စွမ်းအင်ကို ဖိနှိပ်ခြင်း ဖြစ်သည်။

ကျိုးရီက လေထဲတွင် ဓားကို ဝှေ့ရမ်းလိုက်သည်။

သို့သော် ဤလုပ်ဆောင်ချက်က ကျင့်ခယ်၏ ဒုံးကျည်ကဲ့သို့ အရှိန်နှုန်းကို ရပ်တန့်ရန် မလုံလောက်ခဲ့ပေ။

ကျိုးရီက ဓားကို လွှတ်လိုက်သည့်နှင့်

“ဟူး….”

လေတိုးသံ ​တစ်သံ ထွက်ပေါ်လာသည်။

စင်မြင့်ပေါ်တွင် ထိုင်နေသော အတွင်းရေးမှူးစွန်းကို အစွမ်းထက်သော အင်အားတစ်ခုက သူထိုင်နေသော ကုလားထိုင်မှ ဆွဲငင်သွားပြီး ကျိုးရီ ဆီသို့ လွင့်လာစေသည်။

ထို့နောက်တွင် အတွင်းရေးမှူးစွန်းက ကျိုးရီ၏ ပခုံးကို ခွလျက်သား ဖြစ်နေ၏။

သူ့ဘောင်းဘီတစ်ဝိုက်က ဆန်းကြယ်သော စွမ်းအား၏ တိုက်ရိုက် သက်ရောက်မှုဖြင့် တစ်စစီ စုတ်ပြဲနေသည်။

မည်သည့် တုံ့ပြန်မှုမှ မလုပ်နိုင်ခင်မှာပင် ဤထူးဆန်းသည့် ဆွဲငင်အားလှိုင်းက လျော့ပါးသွားပြီ ဖြစ်သည်။

အမွေးထူထူ ခြေထောက် နှစ်ချောင်းက ကျိုးရီ၏ ပုခုံးပေါ်မှ တွဲလောင်း ကျနေသည်ကို မြင်လျှင် အားလုံး ထိတ်လန့်သွားကြသည်။

အတွင်းရေးမှူးစွန်း၏ ခြေသလုံးမွေး ရှည်ရှည်များက လေအဝှေ့တွင် ထိုးထိုးထောင်ထောင် ဖြစ်နေသည်။

“……………”

ဤမြင်ကွင်းကို ကြည့်ပြီး ဝမ်လင်းက ဆွံ့အနေမိသည်။

“ကျင့်ခယ် ရည်ရွယ်တဲဲ့ ဒုတိယ အခြေအနေက ပခုံးပေါ်မှာ တွဲလောင်းကျနေတဲ့ အမွေးထူထူ ခြေထောက်ဆိုတာ ရာနှုန်းပြည့် သေချာတယ်”

(ကျင့်ခယ်သည် ဘုရင်ကျန့်ကို လုပ်ကြံရန် မအောင်မြင်သော ကြိုးပမ်းမှုကြောင့် လူသိများသော သမိုင်းဝင် တရုတ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ နောက်ပိုင်းတွင် ဘုရင်ကျန့်က တရုတ်ပြည်၏ ပထမဆုံး အင်ပါယာ ဖြစ်လာပြီး အင်ပါယာချင်ဟုသမိုင်းတွင်ခဲ့သည်)

အပိုင်း(၇၁) ပြီး၏

အပိုင်း(၇၂) အမွေးထူထူ ခြေထောက်ကို ကိုင်ထားသည့်ကျိုးရီ

ကျိုးရီက နောက်ထပ်တစ်ကြိမ် ထပ်၍ နာမည်ကြီးခဲ့သည်။

ဤတစ်ကြိမ်တွင် သူက အတွင်းရေးမှုး တာခန်း၏ ပေါင်ကို ကမ္ဘာပေါ်တွင် ပထမဆုံး ကိုင်ဆောင်နိုင်သည့် လူသား ဖြစ်လာခဲ့သည်။

ဤသမိုင်းဝင် မြင်ကွင်းက မျက်မြင်သက်သေတိုင်းကို အမှတ်တရ အဖြစ် ထာဝရ အမှတ်ရနေစေမည် ဖြစ်သည်။

အတွင်းရေးမှူးစွန်း၏ ပေါင်ကို ကိုင်ထားခွင့်ရဖို့က လူတိုင်းနှင့် မထိုက်တန်ပေ။

ဤအချိန်တွင် သူက နတ်ဆိုးနတ်ဘုရားများကို ချောင်းမြောင်းတိုက်ခိုက်ရန် အရေးပါသော စားနပ်ရိက္ခာနှင့် လက်နက်များကို သယ်ဆောင်ထားသလိုပင်။

တိုင်းပြည်အတွက် ထူးချွန်ပြောင်မြောက်စွာ စစ်မှုထမ်းခဲ့ဖူးသော ထင်ရှား ကျော်ကြားသည့် စီနီယာ ပုဂ္ဂိုလ်ကြီးမှာ မမျှော်လင့်ဘဲ သူ့ပေါင်များကို ဂျုနီယာတစ်ယောက်မှ ဆုပ်ကိုင်ခြင်းအား ခံလိုက်ရသည်။

လူအတော်များများက ဤအခြေအနေ၏ သက်ရောက်မှုကို အဖြေရှာဖို့ ကြိုးစားခဲ့ကြသည်။

ဤအချိန်တွင် ကျိုးရီ အသုံးပြုသည့် ခြေလှမ်းတစ်ရာ ဓားပျံသိုင်း၏ စွမ်းဆောင်မှုက အရေးမကြီးတော့ပေ။

အတွင်းရေးမှူးစွန်းကို အင်အားအချို့က ကုလားထိုင်ကနေ ဆွဲငင်သွားသောကြောင့် ကျောင်းခေါင်းဆောင် နှစ်ဦးနှင့် လုံခြုံရေးဝန်ထမ်းများက အကာအကွယ်ပေးရန် ပြေးထွက်လာခဲ့ကြသည်။

ဤမြင်ကွင်းကို ဝမ်လင်းက တစ်သက်လုံး မေ့ပျောက်မည် မဟုတ်တော့ပေ။

အားကစားကွင်းရှိ သောင်းချီသည့် အကြည့်အောက်တွင် အတွင်းရေးမှူး စွန်းက သူ့ကိုယ်ပေါ်က ဖုန်မှုန့်များကို ခါချလိုက်ပြီး ​မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။

ထို့နောက် သူက ကျိုးရီဘက်သို့ ခေါင်းလှည့်ကာ ခပ်တိုးတိုး ပြောလိုက်၏။

“ကျိုးရီလေး.. ပွဲပြီးသွားရင် ငါ့ကိုလာရှာဖို့ မမေ့နဲ့ဦး”

လူတိုင်း အံ့အားသင့်သွားကြသည်။

“တကယ်ပဲ သူစိတ်မဆိုးခဲ့ဘူးလား”

ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့၏ အတွင်းရေးမှူးအဖြစ် သူ၏အမည်ကို လူတိုင်းသိကြသည်။

၎င်းမှာ မဟာမိတ်အဖွဲ့တွင် သြဇာကြီးမားသော ရာထူးတစ်ခုဖြစ်သည်။

ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေး၏ လက်ထောက် ညွှန်ကြားရေးမှူးချုပ် ကျိုးရီ၏ မကြာသေးမီက အောင်မြင်မှုများနှင့် လူထုစစ်တမ်း ရလဒ်များကို ဆက်စပ်ကာ ဤထူးခြားသော မြင်ကွင်းက ကျိုးရီကို အနာဂတ် အတွင်းရေးမှူးအဖြစ် အတွင်းရေးမှူးစွန်းက လျာထားသည်ဟု လူအများက ခံစားခဲ့ကြရသည်။

ယင်းက သူ့နေရာအတွက် သင့်လျော်သော ဆက်ခံသူကို ရှာတွေ့ပြီဟု လူတိုင်းအား အရိပ်အမြွက် ပေးလိုက်သလိုပင်။

သို့ဆိုလျှင် လက်ရှိအခြေအနေမှာ အလွန်ရှင်းလင်းသွားပြီ ဖြစ်သည်။

နောက်ဆက်ခံသူမှာ ကျိုးရီ ဖြစ်လာဖွယ် ရှိနေ၏။

“အတွင်းရေးမှူးစွန်း.. ဒဏ်ရာရသွားသေးလား”

ကျောင်းအုပ်ဆရာကြီးနှစ်ဦးမှာ ဝိညာဥ်ဓား ဖလှယ်ပွဲ ပြီးဆုံးခါနီးတွင် ထိုသို့သော ပြဿနာ တစ်ခု ဖြစ်လာမည်ဟု တစ်ခါမျှ မမျှော်လင့်ထားသဖြင့် ကြောက်လန့်နေကြသည်။

“ဒဏ်ရာလား.. ငါက ဘယ်လိုလုပ် ထိခိုက်မှာလဲ”

အတွင်းရေးမှူးစွန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ကျိုးရီလေးရဲ့ ဓားလှိုင်းက ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ထားမိဘူး.. ငါ့ဘောင်းဘီတွေတောင် စုတ်ပြဲသွားခဲ့တယ်.. မရင်းနှီးတဲ့ ဝိညာဥ်ဓားကို အသုံးပြုတဲ့အခါမှာ ဝိညာဥ်စွမ်းအင်တွေ ထိန်းမနိုင်သိမ်းမရ ဖြစ်လေ့ရှိတာ သဘာဝပါပဲ.. ကံကောင်းထောက်မစွာပဲ ကျိုးရီလေးက ဉာဏ်ရည် ထက်မြက်စွာနဲ့ ဓားလှိုင်းကို နေရာရွှေ့ခဲ့တယ်.. မဟုတ်ရင် ကျောင်းသားတွေက ကြောက်စရာကောင်းတဲ့ အန္တရာယ်ကို ကြုံရလိမ့်မယ်”

ထို့ကြောင့် လက်ရှိ ဖြစ်ပေါ်နေသော အ​ခြေအနေ အားလုံးမှာ အရေးပေါ် အခြေအနေအတွက် ကျိုးရီ၏ တုံ့ပြန်မှု ဖြစ်သည်ဟူသော အသိက လူတိုင်း၏ အတွေးထဲတွင် ပေါက်ဖွားလာခဲ့သည်။

“စိတ်မပူပါနဲ့.. ငါစိတ်မဆိုးပါဘူး.. ဆန့်ကျင်ဘက်အနေနဲ့ ကျိုးရီလေးကို စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်သင့်တယ်လို့တောင် ငါထင်တယ်”

အတွင်းရေးမှူးစွန်းက

“ငါသိသလောက်တော့ ကျိုးရီလေးက ဝိညာဥ်ဓားကို မကိုင်တာ အတော်ကြာခဲ့ပြီ.. ဒါကြောင့် သူ့ကို ဝန်မပိအောင် သူအားသန်တဲ့ ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းကိုပဲ ပေါ့ပေါ့ပါးပါး တင်ဆက်ခိုင်းမလားလို့ စိတ်ကူးခဲ့သေးတယ်.. အဆုံးသတ်မှာတော့ ခြေလှမ်းတစ်ရာ ဓားပျံသိုင်းကိုပဲ တင်ဆက်စေခဲ့တယ်.. အဲဒါတောင် ကြည့်စမ်း.. သူ့ရဲ့ဝိညာဥ်စွမ်းအင်က ထိန်းမနိုင်သိမ်းမရ အားကောင်းလွန်းနေတယ်”

“…………….”

“ငါဒီမှာရှိနေတာ ကောင်းသွားတယ်.. ဒီဓားလှိုင်းက ငါ့အပေါ် သက်ရောက်မှု သိပ်မရှိပေမယ့် ကျောင်းသားတွေဆီ ရောက်သွားရင်တော့ ဘေးအန္တရာယ် ဖြစ်လာလိမ့်မယ်.. ဒီအဖြစ်အပျက်ကနေ သင်ခန်းစာ ယူသင့်တာက လူတွေကို သူတို့ရဲ့ စွမ်းရည်ထက် ကျော်လွန်ပြီး တစ်ခုခုလုပ်ဖို့ အတင်းအကြပ် တွန်းအား မပေးသင့်တဲ့ အချိန်တွေ ရှိတယ်ဆိုတာ နားလည်ရမယ် ဆိုတာပဲ”

“အတွင်းရေးမှူးစွန်း ပြောတာ မှန်ပါတယ်.. အဲဒီစကားကို စိတ်ထဲမှာ စွဲမြဲနေအောင် မှတ်ထားပါ့မယ်”

“ကျိုးရီလေးရဲ့ အချိန်မီ တုံ့ပြန်နိုင်စွမ်းကြောင့် ဆိုးရွားတဲ့ ပျက်စီးမှုတွေကို ရှောင်ရှားနိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

“…………….”

အတွင်းရေးမှုးစွန်း၏ စကားကြောင့် ကျိုးရီက အံ့သြသွားသည်။

သူက ဘာမှမလုပ်ရဘဲ အကျိုးကျေးဇူး ထပ်မံ ရခဲ့ပါသလော။

“…………..”

တစ်ဖက်တွင် ထိုစကားကို ကြားလိုက်ရသော ဝမ်လင်းက သူ့မျက်နှာကို လက်ဖြင့် ဖုံးအုပ်လိုက်သည်။

အတွင်းရေးမှူးစွန်းက ဤကဲ့သို့ ထူးဆန်းသော အဖြစ်အပျက်ကို ကျိုးကြောင်း ဆီလျော်အောင် ဆင်ခြင်နိုင်စွမ်း ရှိလိမ့်မည်ဟု မည်သူမှ စိတ်ကူးပင် ယဉ်မိမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ကျင့်ခယ်က ခြေသလုံးမွေး ထူသော အတွင်းရေးမှူးစွန်းကို တမင်တကာ ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိန်းချုပ်နိုင်စွမ်း မရှိသော ဝိညာဉ်စွမ်းအင်ကို တခြားနေရာသို့ ရွှေ့ပါ။

အချိန်မီတုံ့ပြန်နိုင်စွမ်းက အလှည့်အပြောင်းတစ်ခုပဲ…

……………………

မမျှော်လင့်ထားသော ပြဿနာများကို ကြုံတွေ့ပြီး နောက်ဆုံးတွင် လေးရက်တာ ကျောင်းအချင်းချင်း ဖလှယ်ပွဲက ပြည်ဖုံးကာ ချသွားခဲ့သည်။

သဘောထား ကွဲလွဲမှုမရှိလျှင် မိတ်ဆွေဖြစ်လာမည် မဟုတ် ဟူသော ဆိုရိုးစကား ရှိသည်။

ဤစကားလုံးများက ဇာတ်ဝင်ခန်းနှင့် အမှန်တကယ် လိုက်ဖက်သည်ဟု ထျန်ကျင်းဇီက တွေးထင်ခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဝမ်လင်း အနေဖြင့် မပျော်မရွှင် ဖြစ်ခဲ့ရသော်လည်း ယေဘူယျအားဖြင့် ပြောရလျှင် ၎င်းမှာ မမေ့နိုင်သော အမှတ်တရတစ်ခု ဖြစ်သည်။

ယင်းက ဝမ်လင်း တစ်ခါမှ မကြုံဖူးသည့် အရာတစ်ခုဖြစ်သည်။

ဝမ်လင်းက ငယ်စဥ်ကတည်းက အုပ်စုဖွဲ့၍ နေထိုင်ခဲ့ခြင်း မရှိဘဲ အထီးကျန်စွာ ကြီးပြင်းလာခဲ့ရသည်။

သူက မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းများ၏ နွေရာသီ အားလပ်ရက် အပျော်ခရီးများတွင် မပါဝင်ရန် အကြောင်းပြချက် မျိုးစုံကို ရှာဖွေခဲ့သည်။

သို့သော် ထူးခြားသော အခြေအနေများ၏ ပေါင်းစပ်မှုဖြင့် လေးရက်တာ နှီးနှော ဖလှယ်ပွဲတွင် ပါဝင်ရန် အမှတ်၅၉ အထက်တန်းကျောင်းသို့ ရောက်ရှိလာခဲ့သည်။

ပြသနာများစွာ ရှိခဲ့သော်လည်း အနည်းဆုံးတော့ သူ၏ ကိုင်တွယ်နိုင်စွမ်းထက် မကျော်လွန်ခဲ့သည်ကို တွေးကာ ကျေနပ်နေမိသည်။

အမှတ်၅၉ အထက်တန်းကျောင်းရှေ့ရှိ ဂိတ်ဝတွင် အမှတ်၆၀ အထက်တန်းကျောင်းမှ လူများက အပြန် ဘတ်စ်ကားကို တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။

ဤနေ့က သောကြာနေ့ ဖြစ်ပြီး ကျောင်းဆင်းချိန်လည်း ဖြစ်၏။

ကျောင်းက လုံခြုံရေး အတွက် ထည့်သွင်း စဉ်းစားခဲ့ပြီး ကျောင်းသား အားလုံးကို ဘေးကင်းစွာ အိမ်ပြန်နိုင်ရန် ဘတ်စ်ကားတစ်စီး စီစဉ်ပေးခဲ့သည်။

ဤသယ်ယူပို့ဆောင်ရေးနည်းလမ်းမှာ သူ့ဖင်ကို ကျိန်းစက်စေသည်ဟု ဝမ်လင်းက အမြဲခံစားခဲ့ရသည်။

အကြောင်းရင်းမှာ သူ ပြေးသည်ဖြစ်စေ တွားသွားသည် ဖြစ်စေ… ဘတ်စ်ကားထက် ပို၍ မြန်နေသေးသောကြောင့် ဖြစ်၏။

ထျန်ကျင်းဇီတို့ အဖွဲ့က သူတို့လူစု ထွက်မသွားခင် နှုတ်ဆက်ရန် အချိန်အတော်ကြာ စဉ်းစားခဲ့သည်။

သူတို့က ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း အမှတ်၅၉ အထက်တန်းကျောင်း၏ ကိုယ်စားလှယ် အနေဖြင့် သဘောထားကြီးသည့် အသွင်အပြင်ကို ဆောင်ကြဥ်းသင့်သည်ဟု တွေးလိုက်သည်။

ထို့ကြောင့် ထျန်ကျင်းဇီက လက်ဆွဲနှုတ်ဆက်ရန် သူ၏ လက်ကို စွန်းရုံဆီသို့ ဆန့်ထုတ်လိုက်သည်။

သို့သော် လမ်းတစ်ဝက်တွင် ကော်ဟောက်က ကြားဖြတ်၍ ထျန်ကျင်းဇီ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

“ရင်းနှီးမှု မရှိဘဲ အမျိုးသားနဲ့ အမျိုးသမီးတွေက ရင်းရင်းနှီးနှီး မဆက်ဆံသင့်ဘူး.. အတန်းဖော် စွန်းရုံနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ လက်မှတ်တစ်စောင်တော့ လိုအပ်တယ် ဆိုတာ မသိဘူးလား.. လက်မှတ်တစ်စောင်ကို သုံးသောင်းရှိတယ်.. စျေးနှုန်းက စွန်းရုံရဲ့ ဂုဏ်ကျက်သရေနဲ့ဆို သင့်တင့်ပါတယ်လေ”

ထျန်ကျင်းဇီက သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

“ဒီလောက်တောင် စျေးကြီးတာလား”

“အကယ်၍ မင်းက ငါနဲ့ လက်ဆွဲ နှုတ်ဆက်ချင်တယ် ဆိုရင်လည်း မခြားနားဘူး.. ငါက နိုင်ငံရေးသိပ္ပံ ကိုယ်စားလှယ်လေ.. ကျောင်းနှစ်ကျောင်းလုံးက လူတွေရဲ့ ဆန္ဒတွေကို ကိုယ်စားပြုဖို့ ဒီကို ရောက်လာခဲ့တာပဲ”

ကော်ဟောက်က မတူမတန်သလို ပြောထည့်လိုက်သည်။

ထိုစကားကြောင့် ထျန်ကျင်းဇီတို့ လူစုက ပါးစပ်ရွဲ့မလိုပင် ဖြစ်သွားကြသည်။

သိပ်မကြာခင် ဤဝတုတ်က အရှိန်ရလာပြီး ပတ်ဝန်းကျင်လေထုက ရုန်းရင်းဆန်ခတ် ဖြစ်လာသည်။

ကော်ဟောက်၏ အပြင်းထန်ဆုံးသော စရိုက်လက္ခဏာမှာ သူ၏ ပါးစပ်ပုတ်ကြီးဖြင့် “အတင်းအဖျင်းကို နှစ်သက်သည် ထက်ပင် ပိုမို နှစ်သက်စွာ ပြောလေ့ရှိသော စရိုက်လက္ခဏာ ဖြစ်သည်” ဟု ဝမ်လင်းက အမြဲတွေးခဲ့သည်။

ထျန်ကျင်းဇီက အစောပိုင်းတွင် နှုတ်ဆက်ရန် ရည်ရွယ်ခဲ့သော်လည်း ကော်ဟောက်၏ သဘောထားကြောင့် ရုတ်တရက် စိတ်ဆိုးသွားခဲ့သည်။

ထို့ကြောင့် ကော်ဟောက်၏ လက်ကို ဆုပ်ကိုင်ရင်း အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။

“ငါတို့ကျောင်းရဲ့ စိတ်ဝိညာဉ်ချီ စုစည်းမှု အစီအရင်တွေကို ပြင်ပြီးပြီ…မင်းတို့ ထပ်ပြီး လာလည်ဖို့ ကြိုဆိုပါတယ်”

ကော်ဟောက် “ငါတို့ပဲ အနိုင်ရမှာ”

ထျန်ကျင်းဇီ “ငါတို့ရဲ့ စိတ်ဝိညာဉ်ချီ စုစည်းမှု အစီအရင်တွေကို အဆင့်မြှင့်တင်ထားပြီးပြီ.. အခုဆို အရင်ကထက် ငါးဆပိုမို အားကောင်းသွားခဲ့ပြီ”

ကော်ဟောက် “ငါတို့ပဲအနိုင်ရမှာ”

ထျန်ကျင်းဇီ “ငါတို့ကျောင်းက ကျောင်းအိပ်ဆောင်ကို တိုးချဲ့ဖို့ စီစဉ်နေပြီ.. ဓာတ်လှေခါးတွေလည်း တပ်ဆင်ဦးမှာ”

ကော်ဟောက် “ငါတို့ပဲ အနိုင်ရမှာ”

ထျန်ကျင်းဇီ “ဒီနေ့ ပြိုင်ဆိုင်မှုရဲ့ ရလဒ်တွေကို အသုံးမပြုဘဲ ရပ်တန့်နိုင်မလား.. အဲဒါက ငါတို့ ကျောင်းနှစ်ကျောင်းကြားက ဆက်ဆံရေး အတွက် မကောင်းဘူးလေ”

ကော်ဟောက် “မင်းတို့တွေ ဘယ်မှာ သွားအိပ်ပျော်နေတာလဲ မင်းတို့ရဲ့ ဒါရိုက်တာရှဲ့က ငါတို့ရဲ့ သမိုင်းဆရာကို ချစ်မိသွားခဲ့ပြီ.. ပြောရရင် ငါတို့ကျောင်းနှစ်ကျောင်းက ရွှေလမ်းငွေလမ်း ဖောက်ထားပြီးပြီ”

ထျန်ကျင်းဇီ”…………”

ကော်ဟောက် “မင်းရဲ့ ဆိုးသွမ်းတဲ့ စီနီယာက ငါတို့ အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ပယောဂကြောင့် လိမ်မာသွားတယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူး”

ထျန်ကျင်းဇီ “ဘာလို့ ခေါင်းစဉ် မပြောင်းသေးတာလဲ”

ကော်ဟောက် “ဒီနေ့ စင်မြင့်ပေါ်မှာ ရှိနေတဲ့ ကျောင်းပေါင်း၁၀၀ အထွေထွေဌာနရဲ့ လက်ထောက်ညွှန်ချုပ် ကျိုးရီက ငါတို့အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းပဲ”

ထျန်ကျင်းဇီ “………….”

“မင်း-မေ-သောက်-ဖုတ်”

အပိုင်း(၇၂) ပြီး၏

အပိုင်း(၇၃) ရွှယ်လေး ဒီမှာရှိနေလား

ကျောင်းက အပြန်ခရီးကို ကြိုတင် စီစဉ်ထားပြီးသား ဖြစ်သည်။

၎င်းသည် ကျောင်းသားတိုင်း၏ အိမ်အပြန်လမ်းကြောင်းကို သီးသန့်တာဝန်ယူသည့် ဘတ်စ်ကား ဝန်ဆောင်မှုတစ်ခုဖြစ်သည်။

ဝမ်လင်း၏ အိမ်က အဝေးဆုံးနေရာ ဖြစ်သောကြောင့် သူက နောက်ဆုံးမှသာ အိမ်သို့ ရောက်ရှိခဲ့သည်။

ကျောင်းက ကျောင်းသားတစ်ဦးစီ အိမ်သို့ ဘေးကင်းစွာ ရောက်ရှိနိုင်စေရန် အတွက် ဘတ်စ်ကား ဒရိုင်ဘာအား အထူးအချိန်ပို အခကြေးငွေ ပေးဆောင်ခဲ့သည်။

ခရီးက ရှည်လျားသော်လည်း ကားသမားက အခကြေးငွေ ပိုယူထားသည့် အတွက် သိပ်ပြီး မညည်းညူခဲ့ပေ။

ကားသမားက ဝမ်လင်းကို အိမ်ရှေ့တံခါးဝမှာ ချပေးလိုက်ပြီး လူသူကင်းမဲ့သော ရွာကလေးတွင် ဖွင့်ထားသည့် နိုက်ကလပ် တစ်ခုလို ခြောက်ကပ်နေသော ဝမ်မိသားစု၏ အိမ်ငယ်လေးကို ငေးကြည့်မိလိုက်ရင်း ဝမ်လင်းအတွက် စိတ်မကောင်းဖြစ်ကာ သူ့စိတ်ထဲတွင် သက်ပြင်းပင် မချနိုင်တော့ပေ။

“ဒီ​ကောင်​​လေးက အမှန်တကယ်​ သနားဖို့​ကောင်းလွန်းတယ်”

ယခုအချိန်တွင် မြို့တွင်း၌ အိမ်ယာဈေးများ မမြင့်မားသော်လည်း ဤကောင်လေး၏ မိသားစုက မြို့လယ်တွင် အိမ်တစ်လုံး ဝယ်ဖို့ပင် မတတ်နိုင်သဖြင့် လူသူ ဆိတ်ငြိမ်သော မြို့စွန်တွင် အမှန်တကယ် နေထိုင်ခဲ့ရသည်။

ယင်းက ကျောင်းတက်ဖို့ နေ့တိုင်း အားထုတ်ရသည်ဟုဆိုလိုသည် မဟုတ်လော။

ဒရိုင်ဘာက သူ့စိတ်ထဲတွင် တွက်ချက်မှုအချို့ကို လျင်မြန်စွာ ပြုလုပ်ခဲ့သည်။

အလျင်မြန်ဆုံး စိတ်ဝိညာဉ်ဘတ်စ်ကား စီးလျှင်ပင် အမှတ်၆၀ အထက်တန်းကျောင်းကို ရောက်ဖို့ နှစ်နာရီ ကြာမြင့်သောကြောင့် အသွားအပြန် တွက်ကြည့်လျှင် လေးနာရီ ကြာမြင့်မည် ဖြစ်သည်။

“ဒီက​လေး​ နေ့တိုင်း ကျောင်းတက်မှန်ဖို့ ​အသေအလဲ ကြိုးစားခဲ့ရလို့ အိပ်ရေးပျက်မှာ အသေအချာပဲ”

“သူ့မှာ ဒီလို ပိုကာမျက်နှာမျိုး ရှိနေတာ အံ့သြစရာ မဟုတ်ဘူးပဲ”

(Poker face= စိတ်ခံစားမှုမရှိသော မျက်နှာအမူအရာ၊ မျက်နှာပေါ်တွင် ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ထားခြင်းမျိုး)

ဝမ်လင်းက အနည်းငယ် ပင်ပန်းနေခဲ့သည်။

အဓိက အကြောင်းရင်းမှာ ဘတ်စ်ကားပေါ်တွင် အချိန်အတော်ကြာ ထိုင်နေရခြင်းကြောင့် ဖြစ်သည်။

သို့မဟုတ်လျှင် သူအိမ်ပြန်ရောက်တာ ကြာပြီ ဖြစ်၏။

သူက မောပန်းနွမ်းလျနေသော နှလုံးသားဖြင့် ဘတ်စ်ကားပေါ်မှ ဆင်းရန် ပြင်ဆင်ရင်း သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။

အိမ်ရှေ့တံခါးဝ နားမှာ ရှိနေစဥ် ဒရိုက်ဘာ ဦးလေးကြီးက သူ့ကို လှမ်းခေါ်လိုက်သည်။

“ကျောင်းသား”

ဝမ်လင်းက နားမလည်နိုင်သော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။

“…..???…..”

သက်လတ်ပိုင်းအရွယ် ဒရိုက်ဘာက ကရုဏာသက်သော အမူအရာဖြင့် သူ့အိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်ယူလိုက်သည်။

ထို့နောက် ယွမ်တစ်ရာတန် ငွေစက္ကူများကို ဆွဲထုတ်ကာ ဝမ်လင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ကျောင်းသားလေး.. ငါက သာမန် အလုပ်သမားပါပဲ.. ဒါပေမယ့် အခု အခြေအနေတွေက မင်းအတွက် တကယ် မလွယ်ကူဘူး ဆိုတာ ငါသိတယ်.. ဒီဦးလေးမှာ ပိုက်ဆံ များများစားစား မရှိဘူး ဆိုပေမဲ့ ဒါလေးကိုတော့ ငါ့စေတနာကို အသိအမှတ်ပြုတဲ့ အနေနဲ့ ယူသွားလိုက်ပါ”

“…………..”

ဝမ်လင်းက လမ်းဘေးမှာ ရပ်လိုက်ပြီး ဘတ်စ်ကား မောင်းထွက်သွားသည်ကို အဝေးကနေ လှမ်းကြည့်လိုက်၏။

သူက စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ယွမ်ငါးရာကို လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

……………………

ဝမ်လင်း အိမ်ပြန်ရောက်သောအခါ စင်္ကြန်က မှောင်မဲနေပြီး အလင်းရောင်ဖျော့ဖျော့သာ ရှိနေသည်။

ဧည့်ခန်းထဲရှိ တီဗီထဲမှ တီ​ဗီသံ ခပ်တိုးတိုး ထွက်ပေါ်နေသည်။

ထိုအသံကိုကြားလျှင် ဝမ်လင်းက မေမေဝမ် အကြိုက်ဆုံး တီဗီ စီးရီးတွဲ ဖြစ်သည့် “ဒဏ္ဍာရီထဲက ကျန်းဟွမ်း” မှန်း သိလိုက်သည်။

ထိုစီးရီးမှာ နာမည်ကြီး တီဗီ ဒရမ်မာ စီးရီး ဖြစ်သည့် “ပုလဲမင်းသမီးလေး”၏ နောက်ဆက်တွဲလည်း ဖြစ်၏။

ဤဇာတ်လမ်းတွဲက စိတ်အားတက်ကြွစေသော ဇာတ်လမ်း အမျိုးအစား ဖြစ်သည်။

ဇာတ်လမ်းထဲတွင် ကျန်းဟွမ်းဟု ခေါ်သော မိန်းမပျိုလေး တစ်ဦးက ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှု၊ အနစ်နာခံမှု၊ ရဲရင့်မှုနှင့် ဖြတ်ထိုးဉာဏ် တို့ကို အသုံးချကာ လက်စွပ် ၅ ကွင်းကို စုဆောင်းခဲ့သည်။

ဤသို့ဖြင့် သူမက အခြားပြိုင်ဖက်များကြားတွင် ထင်ရှားလာပြီး နောက်ဆုံးတွင် ကျင့်ကြံခြင်း အိုလံပစ် အားကစားပြိုင်ပွဲ၌ ထိပ်ဆုံးနေရာကို ရရှိခဲ့၏။

မေမေဝမ်က ဤစီးရီးကို ယခင်ကလည်း အကြိမ်ကြိမ် ကြည့်ခဲ့ဖူးပြီ ဖြစ်သည်။

ယခုက နေ့ပိုင်း ပြသသည့် အစီအစဥ်ကို ညဥ့်အချိန်တွင် တစ်ဖန် ပြန်လည် ပြသခြင်း ဖြစ်၏။

မေမေဝမ်တစ်ယောက် ဧည့်ခန်းထဲတွင် အိပ်စက်ခြင်း မပြုဘဲ စောင့်နေရသည့် အကြောင်းရင်းမှာ သူမ၏ အဖိုးတန်သားလေး အိမ်ပြန်ရောက်လာသည် အထိ စောင့်ချင်သောကြောင့် ဖြစ်သည်။

သို့သော် နောက်ဆုံးတွင် မေမေဝမ်က တောင့်မခံနိုင်တော့ဘဲ အိပ်ပျော်သွားခဲ့သည်။

ထိုသို့ ဖြစ်ရခြင်းမှာ မေမေဝမ်က သာမန်လူ တစ်ဦးမျှသာ ဖြစ်ခြင်းကြောင့် ဖြစ်၏။

သူမက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်၏ အခြေခံအုတ်မြစ် အချို့ ရှိသော်လည်း အဆုံးသတ်တွင် ကျင့်ကြံသူနှင့် နှိုင်းယှဥ်၍ မရသည့် သတ်လတ်ပိုင်း အမျိုးသမီးသာ ဖြစ်သည် မဟုတ်လော။

မေမေဝမ်က ဆိုဖာပေါ်တွင် အိပ်မက်ကောင်း မက်နေသကဲ့သို့ နှုတ်ခမ်းထောင့်များက အပေါ်ဘက်သို့ အနည်းငယ် ကွေး၍ ပြုံးပြုံးလေး ဖြစ်နေသည်။

သူမက စောင်အသေးလေးအောက်တွင် လဲလျောင်း၍ အိပ်မောကျနေသည်။

ခြုံစောင်မှာ မေမေဝမ် စောင်လွတ်နေသည်ကို မြင်ပြီး ဖေဖေဝမ်က ခြုံလွှမ်း ပေးထားခြင်း ဖြစ်၏။

ဝမ်လင်းက နာရီကို ကြည့်လိုက်ရာ နံနက် နှစ်နာရီ ထိုးနေပြီကို တွေ့လိုက်ရသည်။

သူက လက်ကို မြှောက်၍ မှော်အစွမ်းကို ထုတ်သုံးလိုက်ရာ မေမေဝမ်က ချက်ချင်းပင် သူမ အခန်းရှိ အိပ်ရာဆီသို့ တိုက်ရိုက် ပြောင်းရွှေ့သွားခဲ့သည်။

ထို့နောက် ဝမ်လင်းက ဒုတိယထပ်သို့ တိတ်တဆိတ် တက်သွားခဲ့သည်။

သူ့နှလုံးသားက လေးရက်ကြာ ဝေးကွာနေရသည့် သူ့အိပ်ခန်းငယ်လေးကို တောင့်တခဲ့သည်။

ဝမ်မောင်နှံ၏ မာစတာအိပ်ခန်းက တတိယထပ်တွင် ရှိနေသည်။

ဒုတိယထပ်တွင် သူ့အိပ်ခန်းအပြင် ဖေဖေဝမ်၏ စာကြည့်ခန်းလည်း ရှိ၏။

စာကြည့်ခန်း၏ အလင်းရောင်က လင်းနေသောကြောင့် ဖေဖေဝမ်က စာရေးနေဆဲ ဖြစ်မှန်း ဝမ်လင်းက သိလိုက်သည်။

ဖေဖေဝမ်က နောက်ထပ် တဖန် စာရေးဖို့ အာရုံ ရနေတာ ဖြစ်နိုင်သည်။

ဝဘ် ဝတ္ထုများက ရိုးရာစာပေနှင့် ကွဲပြားသည်။

ဖေဖေဝမ်က ပညာရေးတွင် မထူးချွန်ပေ။

တစ်စုံတစ်ယောက်က ဝတ္ထုများများဖတ်ကာ အတွေ့အကြုံများစွာကို စုဆောင်းခြင်းဖြင့် တိုးတက် ကောင်းမွန်အောင် အမြဲတစေ လုပ်ဆောင်နိုင်သည် မဟုတ်လော။

ဖေဖေဝမ်က ဝဘ်ဝတ္ထု လောကတွင် ဆယ်နှစ်ကျော်ကြာအောင် ကျင်လည်ခဲ့ပြီးနောက် ဖေဖေဝမ်၏ အရေးအသားပုံစံမှာ အဆိုးကြီး မဟုတ်တော့ပေ။

သို့သော် လက်ရှိတွင် သူ့အနေဖြင့် အရင်ကလို သောင်းနှင့် ချီသည့် စကားလုံးတွေကို မရေးဖြစ်တော့ချေ။

ယခုအချိန်တွင် ဖေဖေဝမ်က သူရေးသားသော ဇာတ်လမ်းများအတွက် ပို၍ စိတ်ဝင်စားဖွယ် ကောင်းသော ဇာတ်ကွက်များ ရရှိရန် နေ့တိုင်းလိုလို ရုန်းကန်နေရသည်။

ဝမ်လင်းက စာရေးဆရာများ၏ အာရုံ ပိတ်ဆို့ခြင်းကို နားမလည်ပေ။

သို့သော် ၎င်းမှာ လိပ်ခေါင်းကဲ့သို့ နေမထိထိုင်မသာ ခံစားရမည်ဟု အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

စာရေးဆရာများက နည်းလမ်းအမျိုးမျိုးဖြင့် အာရုံပိတ်ဆို့ခြင်းကို ဖြေရှင်းနိုင်မည့် လှုံ့ဆော်မှုကို ရှာဖွေတတ်ကြသည်။

ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းသည် အသုံးအများဆုံး နည်းလမ်းများ ဖြစ်သည်။

သို့သော် ဖေဖေဝမ်၏ လှုံ့ဆော်မှုမှာ အများနှင့် မတူဘဲ ထူးခြားသည်။

သူက အာရုံမလာသည့် အခါမျိုးတွင် တိုက်ရိုက် ထုတ်လွှင့်သည့် ဆိုရှယ် ပလက်ဖောင်း အချို့တွင် ပါဝင်ပြီး သူ၏ စာရေးခြင်း အတွက် လှုံ့ဆော်မှုရရှိစေရန် မျှော်လင့်ချက်ဖြင့် အမျိုးသမီး အသံလွှင့် တင်ဆက်သူများ နှင့် ချိတ်ဆက်ဖို့အတွက် စိတ်အားထက်သန်စွာ ကြိုးစားခဲ့သည်။

ဖေဖေဝမ်၏ နာမည် အပြည့်အစုံမှာ ဝမ်ကျောင်း ဖြစ်သည်။

သူက အမျိုးသမီး အသံလွှင့် အစီအစဉ် တင်ဆက်သူများနှင့် ပိုမိုရင်းနှီးလာစေရန် သူစာရေး၍ ရလာသော ဝင်ငွေ တစ်စိတ်တစ်ပိုင်းကို လက်ဆောင်များ ဝယ်ပေးခဲ့သည်။

ထို့အပြင် ဝမ်ကျောင်းက သူ့အတွက် အလွန်ပျော်စရာကောင်းသော ID တစ်ခုကိုလည်း ဖန်တီးခဲ့သည်။

သေချာသည့်အချက်မှာ မေမေဝမ်က ထိုကိစ္စများကို သတိမထားမိသော အချက် ဖြစ်သည်။

သူမသာ သိခဲ့လျှင် ဖေဖေဝမ်က နောက်တစ်နေ့ အရုဏ်တက်ချိန် နေထွက်သည်ကိုပင် မြင်ရတော့​မည် မဟုတ်ပေ။

ထိုကိစ္စနှင့် ပတ်သက်ပြီး ဝမ်လင်း ရေငုံနှုတ်ပိတ် နေစေရန် အတွက် ဖေဖေဝမ်က ဗျူဟာမြောက်သော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်သည့် အနေဖြင့် မုန့်ဖိုးကို တိုးပေးခဲ့သည်။

ကိစ္စများစွာ ကြုံလာရသည့် ဝမ်လင်းက အိပ်ယာပေါ်တွင် တည်ငြိမ်စွာ လှဲလျောင်းရင်း အေးချမ်းသော အခိုက်အတန့်ကို ရရှိခဲ့သည်။

ယင်းက သူအပြင်မှာ လေးရက်တာ အလုပ်ရှုပ်နေတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ရုတ်တရက် သူက ဖေဖေဝမ် ဘာတွေပြောနေလည်း ဆိုတာ သိချင်လာခဲ့သည်။

ဝမ်လင်းက ယခင်က ထိုကဲ့သို့ မစပ်စုဖူးပေ။

ဤအကျင့်က ကော်ဟောက်ဆီမှ ကူးစက်ခံရသည်မှာ သေချာသည်။

သူက မတ်မတ်ထိုင်လိုက်ပြီး စာကြည့်ခန်း ဦးတည်ရာ ဆီသို့ ကြည့်လိုက်၏။

သူ့မျက်လုံးများက ကာလိုင်ဒိုစကုပ် တစ်ခုလို တောက်ပနေသည်။

(Kaleidoscope= ရုပ်စုံမှန်ပြောင်း)

ဝမ်လင်းက သူ့ရှေ့မှ နံရံကို ဖောက်ထွင်းမြင်နေရပြီး ဖေဖေဝမ်၏ ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်ရှုနိုင်ခဲ့သည်။

ဝမ်လင်းက ဖေဖေဝမ် ဝင်ထားသော တိုက်ရိုက် ထုတ်လွှင့်မှု၏ အမည်ကို ကြည့်လိုက်သည်။

“မင်းရဲ့လ.. ငါ့နှလုံးသား” ထိုအမည်ဘေးတွင် အမျိုးသမီး အစီအစဥ် တင်ဆက်သူ၏ အမည်ကို စာလုံးသေးဖြင့် ရေးထိုးထားသည်။

သူမ၏ IDမှာ “ရွှယ်လေး” ဖြစ်သည်။

ဤနာမည်ကို ယခင်က ကြားဖူးသဖြင့် ဝမ်လင်း အံ့သြသွားခဲ့သည်။

သူမက လက်ရှိအွန်လိုင်းတွင် အကျော်ကြားဆုံး အမျိုးသမီး live streamer တွေထဲက တစ်ဦး ဖြစ်သည်။

သူမ၏ နုပျိုလှပသည့် မျက်နှာ၊ ချိုမြိန်သော အသံနဲ့ ညဥ့်အထီးကျန်သူများ၏ အချစ်နဲ့ ပတ်သက်သည့် မေးခွန်းအားလုံးကို လိမ္မာပါးနပ်စွာ တုံ့ပြန်မှုတွေကြောင့် ပရိသတ်များက ချစ်ခင် အားပေးခဲ့ကြခြင်း ဖြစ်၏။

သူမ ပရိသတ်များ၏ အဆင့်သတ်မှတ်ချက် စာရင်းကို ကြည့်လိုက်ရာ ဖေဖေဝမ်က ထိပ်တန်း ဆယ်ယောက်တွင် ရှိနေကြောင်း ဝမ်လင်း မြင်လိုက်ရသည်။

ထို့ပြင် ဖေဖေဝမ်က အုပ်ထိန်းသူ စေတမန် တစ်ဦးလည်း ဖြစ်သည်။

“ပရိသတ်အမှတ်နှစ်သိန်း”

ဝမ်လင်းက ရေရွတ်လိုက်မိသည်။

ယင်းက ဤ အမျိုးသမီး အစီအစဥ် တင်ဆက်မှု အတွက် ဤလထဲတွင် ယွမ်နှစ်သောင်း သုံးစွဲခဲ့သည့် အဓိပ္ပါယ်လည်း ဖြစ်၏။

အကယ်၍ ဝမ်လင်းသာ ဤအဆင့်သတ်မှတ်ချက် စာရင်း၏ စခရင်ပုံ တစ်ပုံကို မေမေဝမ်ထံ ပေးပို့ခဲ့မည် ဆိုလျှင် ဖေဖေဝမ်အဖို့ မေမေဝမ်၏ အရိုက်ခံရ၍ အရိုးပြာများပင် ကျန်တော့မည် မဟုတ်ဟု သူယုံကြည်ခဲ့သည်။

သို့သော် ဝမ်လင်းက မိသားစု ညီညွတ်မှု ဖြစ်ရေး အတွက် ထိုသို့ မလုပ်ဘဲ နေခဲ့သည်။

ဤတိုက်ရိုက် ထုတ်လွှင့်မှုတွင် ဖေဖေဝမ်က အလွန်ကျော်ကြားကြောင်း ထင်ရှားနေသည်။

သူအွန်လိုင်းပေါ် ရောက်သွားသည်နှင့် တပြိုင်နက် ချက်တင်ခန်း၏ စနစ်က သူ၏ ID ကို ဖန်သားပြင်ပေါ်တွင် စာလုံးကြီးများဖြင့် အလိုအလျောက် ပြသခဲ့သည်။

[အသံလွှင့်တင်ဆက်သူ ရွှယ်လေး၏ အုပ်ထိန်းသူ စေတမန် ဝမ်ကျောင်းက ယခု အွန်လိုင်းပေါ်တွင် ရှိနေပြီ ဖြစ်သည်]

လက်ရှိတွင် တိုက်ရိုက်ထုတ်လွှင့်မှု ချက်​တင်ခန်းက ဗလာဖြစ်နေသည်။

အမျိုးသမီး အသံလွှင့် အစီအစဉ် တင်ဆက်သူ ရွှယ်လေးက သန့်စင်ခန်းကို ရောက်သွားပုံရသည်။

တိုက်ရိုက် ထုတ်လွှင့်မှုများတွင် အမျိုးသမီး အသံလွှင့်အစီအစဉ်ရှင်နှင့် တိုက်ရိုက် စကား ပြောဆိုခွင့်ရသည်က အုပ်ထိန်းသူ စေတမန်၏ အထူးအခွင့်အရေး ဖြစ်သည်။

သူမ၏ ချက်တင်ခန်း အလွတ်ကို ငေးကြည့်ရင်း ဖေဖေဝမ်၏ မျက်ခုံးများ တွန့်ကွေးသွားသည်။

သူက ချက်ခြင်းပဲ နားကြပ်တပ်ကာ လည်ချောင်းကို ရှင်းလိုက်သည်။

ယင်းနောက်တွင် ဝမ်လင်း တစ်ခါမှ မကြားဖူးသော နားကလော်စရာ ကောင်းသည့် အသံတစ်ခုက လေထဲ ပြည့်နှက်သွားသည်။

“ရွှယ်လေး ဒီမှာရှိနေလား.. ရွှယ်လေး ဒီမှာရှိနေလား.. အဆင်သင့်ပဲလား အဆင်သင့်ပဲလား.. ငါက ကျောင်းမိန်ပါ”

ဝမ်လင်း”………….”

အပိုင်း(၇၃) ပြီး၏။

အပိုင်း(၇၄) ဖေဖေဝမ်၏ နေ့စဥ်ဘဝ၊ စေ့ဆော်မှုကို ရှာဖွေခြင်း

ဖေဖေဝမ်က စီးကရက်တစ်လိပ်ကို သောက်ပြီးနောက် တုန်လှုပ် ချောက်ချားစရာ နတ်ဆိုးအော်သံဖြင့် အော်ဟစ်လိုက်သည်။

အမျိုးသမီး အသံလွှင့် အစီအစဉ် တင်ဆက်သူ ရွှယ်လေးက အကြောင်းကြားစာကို လက်ခံရရှိပြီး ချက်တင်ခန်း ထဲသို့ အလျင်အမြန် ပြန်ဝင်လာခဲ့သည်။

သူမက ကွန်ပြူတာ ဖန်သားပြင် ရှေ့တွင် သိမ်မွေ့စွာ မထိုင်ခင် အဝတ်အစားကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ဆောင်လိုက်သည်။

သူမက အံ့သြသော အမူအရာဖြင့် ကင်မရာကို ကြည့်ကာ လက်ဝှေ့ရမ်း နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ.. ကျောင်းမိန်လည်း ရှိနေတာကိုး.. ကြိုဆိုပါတယ် ကြိုဆိုပါတယ်”

ဝမ်လင်း၏ အမြင်အရ ရွှယ်လေး၏ ရုပ်ရည်မှာ လက်ဖျားခါလောက်အောင် မလှပသော်လည်း တစ်ဖက်သားကို စွဲလန်းစေသော အသွင်အပြင်မျိုး ရှိသည်။

သူမတွင် အွန်လိုင်း ဆယ်လီ တစ်ဦး၏ စံလက္ခဏာများ ဖြစ်သော ဖြောင့်စင်းသော မျက်ခုံးမွှေးနှင့် ဘဲဥပုံမျက်နှာ ရှိသည်။

သို့သော် ရုပ်ရည်တစ်ခုတည်းကို နှိုင်းယှဉ်ကြည့်လျှင် မိတ်ကပ်မလိမ်းဘဲ လှချင်တိုင်းလှနေသည့် စွန်းရုံက သူမထက် ပို၍ ဆွဲဆောင်မှုရှိနေဆဲ ဖြစ်ကြောင်း ဝမ်လင်း ခံစားမိသည်။

သို့သော် အွန်လိုင်းပေါ်ရှိ ငြီးငွေ့စရာကောင်းသော ရုပ်ရည်ကို ပိုင်ဆိုင်သည့် တခြား အမျိုးသမီး ရုပ်သံ တင်ဆက်သူများနှင့် နှိုင်းယှဉ်လျှင် ရွှယ်လေးက ချစ်စရာကောင်းသော မိန်းကလေး ဖြစ်ကြောင်း ဝန်ခံရပေမည်။

ထို့အပြင် သူမက ဇာဖြင့်လုပ်ထားသည့် အိမ်အကူ ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ သွယ်လျသော ခြေသလုံးတွင် အနက်ရောင် ပိုးသား ခြေအိတ်ရှည်ကို ၀တ်ဆင်ထားသည်။

ယင်းက ပရိသတ်တွေ ရွှယ်လေးကို ချစ်နေရသည့် အကြောင်းရင်းလည်း ဖြစ်နိုင်သည်။

ဝမ်လင်းက မေးစေ့ကို လက်ဖြင့် ပွတ်သပ်၍ တွေးနေသည်။

တစ်ဖက်တွင် ဖေဖေဝမ်က ဆေးလိပ်ကို မီးသတ်လိုက်ပြီး ရွှယ်လေးကို ပျင်းရိလေးတွဲ့စွာ ကြည့်လိုက်သည်။

ဤအမူအရာက ဘာကိုဆိုလိုသည်ကို သူမ ရှင်းရှင်းလင်းလင်း နားလည်သည်။

“ကျမတို့ ကျောင်းမိန်က နောက်တစ်ကြိမ် လှုံ့ဆော်မှု လိုအပ်နေပုံပဲ”

“စာအုပ်ဟောင်းက ပြီးတော့မယ်.. ဒါပေမယ့် စာအုပ်အသစ်အတွက် ငါ့မှာ စိတ်ကူးသစ်တွေ မရှိသေးဘူး.. တစ်ခွန်းတည်းပြောရရင် ငါ သောကရောက်နေတယ်”

ဖေဖေဝမ်က မျက်ခုံးမွှေး အရိုးကြားမှ အရေပြားကို ပွတ်သပ်လိုက်သည်။

“စာအုပ်ဟောင်း နဲ့ စာအုပ်အသစ် ထုတ်ဝေမှု စပ်ကြားမှာ ချောမွေ့တဲ့ အသွင်ကူးပြောင်းမှု တစ်ခု ရှိမှရမယ်.. မဟုတ်ရင် ငါတို့ တစ်မိသားစုလုံး ဗိုက်ကို တင်းတင်းကြပ်ကြပ် စီးထားရလိမ့်မယ်.. ဒီအတိုင်းဆိုရင် ငါတို့ မိသားစုအတွက် ပန်းကန်ခွက်ယောက်တောင် မတတ်နိုင်တော့တဲ့ ဖြစ်နိုင်ခြေတစ်ခု ရှိနေပြီ.. မိသားစုအတွက် လစဉ် ပန်းကန်ခွက်ယောက်တွေ သုံးရတဲ့ ပမာဏက နည်းနည်းလေးမှ မဟုတ်တာလေ”

ဖေဖေဝမ်က ၎င်း၏ ဆင်းရဲနွမ်းပါးမှုကို ညည်းတွားနေစဉ် တိုက်ရိုက် ထုတ်လွှင့်မှု၌ ရွှယ်လေး၏ အခြား ပရိသတ်များက ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။

“ကျောင်းမိန်.. မင်းက ဂုရုကြီးပဲလေ.. မင်းတောင် ဆင်းရဲတယ် ဆိုရင် နေ့တိုင်း အလုပ်သွားလုပ်ရတဲ့ အောက်ခြေ အလုပ်သမားတွေက အသက်ရှင်နေစရာတောင် မလိုတော့ဘူး”

“စကားမစပ်… ငါက ဒီမှာ အသစ်ပဲ.. ဂုရုကြီး ကျောင်းမိန်ရဲ့ ကလောင်နာမည်ကို ပြောပြပေးနိုင်တဲ့သူ ရှိလား.. သူက ဘာစာအုပ်တွေ ရေးထားတာလဲ”

“ဘာငရဲလဲဟ.. ကျောင်းမိန်ကိုတောင် မသိဘူးလား.. ကျောင်းမိန်ရဲ့ ကလောင်နာမည်က ဝမ်စစ်ထူ ပါ”

“သောက်ချီး.. တကယ်ပဲ သူက ဂုရုကြီး ဝမ်စစ်ထူလား”

…………………

ဤသို့ဖြင့် တိုက်ရိုက် ထုတ်လွှင့်မှုတွင် ပရမ်းပတာ ဖြစ်ပွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ကလောင်နာမည် ဝမ်စစ်ထူက အလွန် နာမည်ကြီးနေ၍ ဖြစ်သည်။

တစ်ချိန်က ဝဘ်ဝတ္ထု လောကတွင် လူသစ်တစ်ဦး ဖြစ်ခဲ့ဖူးသော ဖေဖေဝမ်မှာ နှစ်လမပြည့်မီမှာပင် စကားလုံးပေါင်း သုံးသိန်း ရေးသားခဲ့ပြီး ၎င်း၏ ပွဲဦးထွက်ဝတ္ထု ဖြစ်သော “နို့ထိန်းမိခင်ဆီသွားကြစို့” ဟူသောဝတ္ထုမှာ ပရိသတ်များ၏ ရင်ထဲသို့ လုံးလုံးလျားလျား ဝင်ရောက်သွားခဲ့သည်။

သူ၏ ဝတ္ထုအတွက် အခန်းစာရင်းသွင်းမှုများတွင် ဖတ်ရှုသူပေါင်း နှစ်သိန်းကျော် အထိ တိုးမြင့်လာခဲ့ပြီး စံချိန်မှတ်တမ်း အသစ်တစ်ခုကိုပင် ဖန်တီးနိုင်ခဲ့သည်။

ယင်းက ဝဘ်ဝတ္ထုရှည်များကို အချိန်အတော်ကြာအောင် ရေးသားခဲ့သော ထိပ်တန်း စာရေးသူများကိုပင် အနှောင့်အယှက် ဖြစ်စေသည်။

ထိုအချိန်က ဝမ်စစ်ထူမှာ ဝဘ်လောကကို ဖောက်ခွဲ၍ ဝင်ရောက်လာသည်ဟုပင် ဆိုနိုင်သည်။

သူက လက်ငါးချောင်း တောင်အောက်မှ ဖောက်ထွက်လာပြီး ဝါရင့် စာရေးဆရာများစွာကို မြင်းနက်(ဖျက်မြင်း)ကဲ့သို့ အမီလိုက်နိုင်ခဲ့သည်။

(dark horse= မျှော်လင့်မထားဘဲ အနိုင်ရသည်ဟု အများအားဖြင့် ဆိုလို)

ယခင်က ကျင့်ကြံခြင်း နက်ဝေါ့ခ်တွင် အနှစ်နှစ်ဆယ် နီးပါး စာအုပ်များကို ရေးသားခဲ့သော “ကျူးကော” အမည်ရှိ ထိပ်တန်း စာရေးဆရာတစ်ဦးမှာ ဝမ်စစ်ထူ၏ ပွဲဦးထွက် အောင်မြင်မှု အတွက် အလွန် စိတ်ဆိုးသွားရသည်အထိပင်။

ဖေဖေဝမ်က အိမ်တွင် သူ၏ အရေးအသား အကြောင်း တော်ရုံပြောဆိုလေ့ မရှိသော်လည်း ဝမ်လင်းက ဖေဖေဝမ်၏ ကြီးကျယ်ခမ်းနားသော အွန်လိုင်း ဒဏ္ဍာရီများကို ကြားဖူးခဲ့သည်။

နှစ်တွေ ကြာလာသည်နှင့် အမျှ ဖေဖေဝမ်က နာမည်ရလာခဲ့ပြီး လက်ရှိအချိန်တွင် အလွန် နာမည်ကြီးလာခဲ့သည်။

မည်သို့ပင်ဆိုစေ ဝမ်စစ်ထူ ဟူသော အမည်မှာ ကျင့်ကြံခြင်းနက်ဝေါ့ခ်ရှိ အယ်ဒီတာများ အတွက်ပင် လျှို့ဝှက်ဆန်းကြယ်မှု အဖြစ် တည်ရှိနေဆဲ ဖြစ်၏။

ဖေဖေဝမ်က နှစ်စဥ် ဝတ္ထုတို ဆုပေးပွဲ၌ ထိပ်တန်း စာရေးဆရာ အဖြစ် အကြိမ်များစွာ ရွေးချယ်ခံခဲ့ရသည်။

ဝဘ်ဆိုဒ်က သူ့ကို ပွဲတက်ရောက်ရန် နှစ်စဥ် ဖိတ်ကြားစာ တစ်စောင် ပေးပို့ခဲ့သော်လည်း တစ်ကြိမ်မျှ မတက်ရောက်ခဲ့ဖူးပေ။

သူက အွန်လိုင်းနှင့် အော့ဖ်လိုင်း လှုပ်ရှားမှုများ ဆိုင်ရာ သတိပေးချက် အားလုံးကို ပယ်ချခဲ့ပြီး စာပေဖန်တီးမှုတွင်သာ သူ့ကိုယ်သူ စိတ်နှစ်ထားခဲ့သည်။

ကျောင်းမိန်၏ အထောက်အထား အမှန်ကို ထုတ်ဖော်ပြီးနောက် ရွှယ်လေး၏ တိုက်ရိုက် ထုတ်လွှင့်မှုတွင် (.) အမှတ်အသား မက်ဆေ့ချ်များ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

ပရိသတ် အရေအတွက်ကလည်း ကနဦး သုံးသိန်းကနေ ငါးသိန်း အထိတောင် တိုးလာသည်။

ယင်းကို ကြည့်လိုက်လျှင် ဖေဖေဝမ် အနေဖြင့် ​​အွန်လိုင်းပေါ်တွင် မည်မျှအထိ နာမည်ကြီးမှန်း မြင်သာနိုင်သည်။

“ဂုရုကြီး ကျောင်းမိန်က ဂုရုကြီး ဝမ်စစ်ထူလို့ ဘယ်သူထင်မိမှာလဲ.. ဘယ်လိုပဲပြောပြော သူရေးတဲ့ “နို့ထိန်းမိခင်ဆီ သွားကြစို့” ဆိုတဲ့ စာအုပ်က မပြီးသေးဘူး မဟုတ်လား”

“မပြီးသေးဘူးလေ.. ဒါပေမယ့် မကြာခင် ပြီးတော့မှာပါ.. ဘာလို့လည်းဆိုတော့ ငါတို့ ဂုရုကြီး ဝမ်စစ်ထူက စာအုပ်အသစ်အတွက် စိုးရိမ်နေတာကြောင့်လေ”

“နောက်ဆုံးတော့ ပြီးသွားတော့မှာပေါ့”

တစ်ယောက်ယောက်က ငိုနေသည့် အီမိုဂျီကို ပို့လိုက်သည်။

“ဂုရုကြီး ဝမ်စစ်ထူ ရေးတဲ့ စာအုပ်ကို စဖတ်စဥ်က အချိန်ကို မှတ်မိသေးတယ်.. အဲဒီတုန်းကဆို ငါက ချီသန့်စင်ခြင်း မူလတန်းကျောင်းမှာ တက်နေတုန်းပဲ ရှိသေးတာလေ.. အခုတော့ မကြာခင် တက္ကသိုလ်က ဘွဲ့ရတော့မယ်”

(.) မက်ဆေ့ချ်များကို မြင်လျှင် ဖေဖေဝမ်က ချွေးထွက်သည့် အီမိုဂျီကို ပေးပို့လိုက်သည်။

“……….”

“ဒီစာအုပ်က 13နှစ်တောင် ကြာခဲ့ပြီ.. ဒီစာအုပ်က ဝတ္ထုတွေထဲမှာ စကားလုံး အရေအတွက် အများဆုံး နံပါတ်တစ် ဖြစ်မယ်လို့ ထင်တယ်”

“မဟုတ်သေးဘူး.. ပြန်လည် မွေးဖွားလာသော နတ်ဆိုးဘဝလို့ ခေါ်တဲ့ စာအုပ်တစ်အုပ် ရှိသေးတယ်..ငါကြားဖူးသလောက် လူတစ်ယောက်က ဒီစာအုပ်ကို ဖတ်ရင်း ကျင့်ကြံသူ ဆရာသခင် တစ်ယောက် ဖြစ်လာတယ်.. သူက အနှစ်တစ်ရာကျော် ဇာတ်မြုပ်နေခဲ့တယ်.. ဇာတ်မြုပ်ရာက ထွက်လာပြီးနောက်မှာ ဒီစာအုပ်က ဆက်လက် ထွက်နေသေးတာကို တွေ့ရှိခဲ့တယ်.. အဲဒါက သူ့ကို အလွန်ထိတ်လန့်စေခဲ့ပြီး သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်ကို မြှင့်တင်ဖို့ တက်ကြွလာစေခဲ့တယ်.. နောက်ဆက်တွဲ အနေနဲ့ သူက သေဆုံးလုနီးပါး ဖြစ်ခဲ့ရတယ်”

“ဂုရုကြီး ဝမ်စစ်ထူ.. ကျေးဇူးပြုပြီး ဇာတ်မသိမ်းပါနဲ့ဦး.. နံပါတ်တစ်နေရာ အတွက် အဲဒီ စာအုပ်ရဲ့ စကားလုံး အရေအတွက်ကို အနိုင်ယူဖို့ ကြိုးစားပါဦး”

ယင်း မက်ဆေ့ချ်ကို မြင်လိုက်ရလျှင် ဖေဖေဝမ်က မရယ်နိုင် ဖြစ်သွားရသည်။

သူ၏ စာအုပ်ကို ဆက်ရေးနေလျှင်ပင် “ပြန်လည် မွေးဖွားလာသော နတ်ဆိုးဘဝ” စာအုပ်ထဲက စကားလုံး အရေအတွက်ကို ကျော်လွန်နိုင်မည် မဟုတ်ပေ။

အဆုံးသတ်တွင် ထိုစာအုပ်က ဝဘ်ဆိုက် စတင် တည်ထောင်စဉ်ကတည်းက စတင်ခဲ့သော စာအုပ် ဖြစ်၏။

သူရေးသားသော “နို့ထိန်းမိခင်ဆီ သွားကြစို့” ဝတ္ထုမှာ သွေးကြောများ ပျက်စီးနေသော မင်းသား၏ ခန္ဓာကိုယ်ထဲတွင် ပြန်ဝင်စားသော ဝတ္ထု ဖြစ်သည်။

ဝတ္ထုထဲတွင် မင်းသားက နို့ထိန်းမိခင်၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းခဲ့ရသည်။

နောက်ပိုင်းတွင် နို့ထိန်းမိခင်က သံမဏိ အပ်စိုက်ပညာဖြင့်မင်းသား၏ ပိတ်ဆို့နေသော သွေးကြောများကို ပြန်ဖွင့်ပေးခဲ့သည်။

သူက နတ်ဘုရားဆီမှ ရရှိသည့် လက်ဝါး နည်းစနစ်ကို အသုံးပြုပြီး နိုင်ငံအတွင်းရှိ ထိပ်တန်းလူသတ်သမား နတ်ဆိုးဟော့ယွင်ကို အနိုင်ယူကာ ကမ္ဘာ့အဆင့် သခင် တစ်ယောက် ဖြစ်လာခဲ့သည်။

ထိုအချိန်က ဖေဖေဝမ်မှာ အိမ်သာတက်ရင်း သတင်းစာ ဖတ်နေလျှင်ပင် ဤဇာတ်လမ်းအတွက် စေ့ဆော်မှုများကို ရခဲ့သည်။

ဤဝတ္ထုက စီးရီးတွဲ အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် စာဖတ်သူများ ကြားတွင် မမျှော်လင့်ဘဲ ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားလာလိမ့်မည်ဟု မည်သူက တွေးထင်မိမည်နည်း။

သို့သော် နှစ်ပေါင်းများစွာ အခန်းဆက်ဝတ္ထု ရေးသားပြီးနောက်တွင် ဖေဖေဝမ်က ဤဝတ္ထု၌ သူပြောချင်သမျှကို ထည့်သွင်းပြီးပြီဟု ခံစားခဲ့ရသည်။

မလိုအပ်ဘဲ ချဲ့ကားရေးခဲ့လျှင် သမာဓိရှိသော စာရေးသူ မဖြစ်နိုင်တော့ပေ။

ဤဝတ္ထုက ဝတ္ထုကောင်း တစ်ပုဒ် ဖြစ်သည့်အတွက် သူဖန်တီးထားသော ဇာတ်ကောင်များကို ကျေနပ်စရာ အဆုံးသတ် ပေးရုံသာ ကျန်ရှိတော့၏။

သို့သော် ထိုအတွေးက သူ့ကို အနည်းငယ် ဝမ်းနည်းစေခဲ့သည်။

တကယ်တမ်း ဤစာအုပ်ကို သူရေးနေတာ ဆယ်နှစ်ကျော် ကြာမြင့်ခဲ့ပြီး သူ၏ ပွဲဦးထွက် စာအုပ်လည်း ဖြစ်သည်။

အသစ်တစ်ခု စတင်ရန် ရုတ်တရက် ပြီးဆုံးသွားခြင်းသည် သူ့ကို အနည်းငယ် အထီးကျန်မှု ဖြစ်စေမည်မှာ မလွဲမသွေပင် မဟုတ်ပါလား။

ထို့ကြောင့် ဖေဖေဝမ်က ရွှယ်လေးကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ရွှယ်လေးလို နုပျိုလှပသည့် လုံမပျိုလေးက သူ့စိတ်ထဲမှ အထီးကျန်မှုတွေကို အနည်းအကျဥ်း သက်သာရာ ရစေမည်ဟု သူခံစားမိလိုက်၏။

မိန်းကလေးများက ထက်မြက်သော စိတ်ကူးစိတ်သန်းများ ရှိတတ်သောကြောင့် ရွှယ်လေးက သူ့ကို လှုံ့ဆော်မှုနှင့် ပတ်သက်ပြီး အကြံဉာဏ် အချို့ ပေးနိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။

ဖေဖေဝမ် အွန်လိုင်းတက်ပြီး နာရီဝက် မပြည့်သေးပေ။

ရွှယ်လေးက တိုက်ရိုက်ထုတ်လွှင့်မှုမှ လူအရေအတွက်ကို ကြည့်ရှုလိုက်သည်။

ဖေဖေဝမ်၏ အထောက်အထားကို ထုတ်ဖော်ပြီးနောက် အရေအတွက်က ခြောက်သိန်းအထိ တိုးလာနေပြီ ဖြစ်သည်။

ဖေဖေဝမ် တစ်ယောက်တည်းက ပရိသတ်အသစ် သုံးသိန်းကို ဆွဲဆောင်နိုင်ခဲ့သည်။

သူမလို ရုပ်သံထုတ်လွှင့်သူ အတွက် ထိုကဲ့သို့ ကြည့်ရှုသူ များပြားခြင်းမှာ သူမ ရရှိနိုင်သည့် မည်သည့် လက်ဆောင်များထက် မဆို ပို၍ အဖိုးတန်၏။

ထို့ကြောင့် ရွှယ်လေးက တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာကို “ဂုရုကြီး ဝမ်စစ်ထူကို အတွေးအမြစ်သစ်တွေ စေ့ဆော်မှုရအောင် ကူညီကြစို့” ဟု ပြောင်းလိုက်သည်။

သူမက ကွန်ပြူတာဖန်သားပြင်ပေါ်တွင် သူမထက် ဖေဖေဝမ်ကို နေရာပေးလိုက်သည်။

ဤပြောင်းလဲမှုကို ပြုလုပ်ပြီးနောက် ရွှယ်လေးက ဖေဖေဝမ်၏ မေးခွန်းနှင့် ပတ်သက်ပြီး အတွေးရေယာဥ်ကြောထဲတွင် နစ်မြောသွား၏။

ရွှယ်လေးက အချစ်နှင့် ပတ်သက်သော မေးခွန်းများကို ဖြေကြားသည့် အခါတိုင်းတွင် စိတ်တည်ငြိမ်စွာ ဖြေကြားလေ့ရှိသည်။

ပရိသတ်တွေက သူမ၏ ယခုလိုပုံစံကို တစ်ခါမှ မမြင်ဖူးပေ။

(.)မက်ဆေ့ခ်ျများက တိုက်ရိုက်ထုတ်လွှင့်မှုတွင် တစ်ဖန် ပျံ့နှံ့သွားပြန်သည်။

“ရွှယ်လေးက စိတ်ဆိုးနေတာလား.. ဒါပေမယ့် အရမ်းလှနေသေးတယ်နော်”

“ဒါက ရွှယ်လေးရဲ့ ပုံစံ အသစ်လား.. မိုက်တယ်ဟေ့”

ဤ စိတ်လှုပ်ရှားနေသည့် မက်ဆေ့ချ်များကို ကြည့်ရင်း ဖေဖေဝမ်က စိတ်ပေါက်ပေါက်ဖြင့် စီးကရက် တစ်လိပ်ကို ဆွဲထုတ်လိုက်သည်။

ယခုအချိန်တွင် ဝတ္ထုသစ်၏ အကြောင်းအရာများကို တွေးတောရန် ကူညီပေးမည့်သူ ခြောက်သိန်းရှိနေပြီ ဖြစ်သည်။

၎င်းကို မသုံးဖြစ်လျှင်ပင် အနည်းဆုံးတော့ အကြံဥာဏ်ကောင်းတွေ ရနိုင်မည် မဟုတ်လော။

“ဖပ်”

ဖေဖေဝမ်က မီးခြစ်ကို ခြစ်လိုက်သည်နှင့် ကွန်ပျူတာ ဖန်သားပြင်ပေါ်ရှိ ရွှယ်လေး၏ မျက်နှာက ရုတ်တရက် တောက်ပလာခဲ့သည်။

“ဝတ္ထု ဘယ်လိုရေးရမှန်း ကျမ မသိပါဘူး… ဒါပေမယ့် ဒီအကြောင်းအရာကို ကျောင်းမိန် စမ်းကြည့်နိုင်မယ်လို့ ထင်ပါတယ်… တိုက်ရိုက်လွှင့်ရင်ရော ဘယ်လိုလဲ”

“တိုက်ရိုက်လွှင့်ရမှာလား”

ဖေဖေဝမ်က ချက်ချင်း သူ့ခေါင်းကိုသူ ပြန်ရိုက်လိုက်သည်။

“ဟုတ်သားပဲ.. သူ တိုက်ရိုက်လွှင့်တာကို လုပ်နိုင်တယ်လေ.. ဒါကို သူကိုယ်တိုင် ဘာလို့ မတွေးခဲ့မိရတာလဲ”

အပိုင်း(၇၄) ပြီး၏

အပိုင်း(၇၅) အားလပ်ရက်သည် ထုံးစံအတိုင်း စာလေ့လာရန် ဖြစ်သည်

အွန်လိုင်း တိုက်ရိုက် ထုတ်လွှင့်မှုသည် မကြာသေးမီက လူကြိုက်များသည့် အကြောင်းအရာ တစ်ခု ဖြစ်လာခဲ့သည်။

အွန်လိုင်း ရုပ်သံ ထုတ်လွှင့်သူများက သူတို့၏ ရုပ်ရည်နှင့် မလုံ့တလုံ အဝတ်အစားတွေကို ဗန်းပြပြီး ပရိသတ်တွေဆီမှ ငွေရှာသဖြင့် ၎င်းတို့ကို ရှေ့တွင်ရော နောက်ကွယ်တွင်ပါ ဝေဖန်သည့် ကျွမ်းကျင်သူများပင် ရှိသည်။

ထိုဝေဖန်ရေး ကျွမ်းကျင်သူများက ပညာရပ်ဆိုင်ရာ ပို့ချချက်များ ပေးရန် ဖန်သားပြင်ရှေ့တွင် ရပ်မနေနိုင်သည့် သူတို့ကိုယ်သူတို့ မုန်းတီးနေကြစဥ် ရုပ်သံတင်ဆက်သူများက လစဉ် သိန်းပေါင်း ရာချီကို လွယ်လွယ်လေး ရနိုင်ကြသည်။

သို့သော် မည်သူမဆို တိုက်ရိုက် ထုတ်လွှင့်ခြင်းဖြင့် လွယ်လွယ်ကူကူ အသက်မွေးဝမ်းကြောင်း ပြုနိုင်သည်တော့ မဟုတ်ပေ။

ဤခေတ်မှာ အလှတရားကို ဦးစားပေးသောခေတ် ဖြစ်သည်။

ဥပမာအားဖြင့် ယနေ့ခေတ်တွင် လူတစ်ဦး၏ အသွင်အပြင်သည် မျှော်လင့်ချက်များနှင့် မကိုက်ညီသောအခါ ဘလိုင်းဒိတ် ပျက်သွားသည့် မရေမတွက်နိုင်သော ကိစ္စများ ရှိခဲ့သည်။

(blind date= အချစ်ရေး သို့မဟုတ် လိင်မှုကိစ္စ တိုးတက်လာစေရန် ရည်ရွယ်၍ ယခင်က မတွေ့ဆုံဖူးသော လူတစ်ဦးနှင့်ဆက်ဆံ ချိန်းတွေ့ခြင်း တစ်မျိုး)

တစ်စုံတစ်ယောက်သည် အွန်လိုင်း ပလက်ဖောင်းပေါ်တွင် နာမည်တစ်ခု ရလိုလျှင် အနည်းဆုံးတော့ အွန်လိုင်းတွင် ရေပန်းစားသော မျက်နှာ အမျိုးအစား သို့မဟုတ် နှစ်သက်ဖွယ်ကောင်းသော ပုံပန်းသွင်ပြင်မျိုး ရှိရန် လိုအပ်သည်။

သို့သော် သွေးနီရောင် ပုံပန်းသွင်ပြင်၊ လိပ်ပြာဆံပင်နှင့်
“အား~~~ငါး~~~လက်စွပ်” သီချင်းဆိုထားသည့် တတိယသခင်လေးထန်လို ပုံဆိုးပန်းဆိုး မျက်နှာနှင့် တစ်စုံတစ်ယောက်က အကြီးအကျယ် အောင်မြင်လိမ့်မည်ဟု မည်သူသိနိုင်မည်နည်း။

အနည်းဆုံးတော့ ဒါက ပိုပြီး ပွဲတိုးသော မြင်ကွင်းတစ်ခု ဖြစ်လာနိုင်သည်။

ရွှယ်လေးက ဖေဖေဝမ် အတွက် အလွန် စိတ်အား ထက်သန်ခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုမှာ အလွန်စွဲလန်းပြီး ပျော်စရာကောင်းသော စကြဝဠာလုံးဆိုင်ရာ အလုပ်အကိုင် တစ်ခုဟုပင် ယူဆနိုင်သည်။

သို့သော် ယခု သူစဉ်းစားရမည့် အချက်မှာ ဇာတ်ကွက်ကို မည်ကဲ့သို့ ဖန်တီးပြီး ပိုမို စိတ်ဝင်စားဖွယ် ကောင်းအောင် ပြုလုပ်ရမည် ဆိုသော အချက် ဖြစ်သည်။

ရွှယ်လေး၏ အကြံပြုချက်ကို ကြားပြီးနောက် ဖေဖေဝမ်က တိုက်ရိုက်ထုတ်လွှင့်မှုရှိ လူတိုင်းကို ကျေးဇူးတင်ကြောင်း ပြောပြီး ချက်ချင်းပင် အကောင့်မှ ထွက်လာခဲ့သည်။

ကျောင်းမိန်၏ ပရိုဖိုင် အိုင်ကွန်က မီးခိုးရောင် ပြောင်းသွားသည်ကို မြင်လိုက်ရသောအခါ အွန်လိုင်းမှ လူအားလုံး ချက်ချင်း သိလိုက်ကြသည်။

ဝဘ်ဝတ္ထု လောက၏ ဂုဏ်သိက္ခာ ကြီးမားသော ဂုရုကြီးသည် သူ့လှုပ်ရှားမှုကို စတင်တော့မည် ဖြစ်သည်။

ဤတစ်ခေါက်တွင် သူ ဘယ်လိုမျိုး အစုအပြုံလိုက် သတ်ဖြတ်ခြင်း အမျိုးအစားဖြင့် စာဖတ်သူကို နစ်မြောအောင် ပြုလုပ်ဦးမည်နည်း။

ဖေဖေဝမ်က စွမ်းဆောင်ရည် အတော်လေး ပြည့်ဝသူ တစ်ဦးဖြစ်ပြီး သူလုပ်သမျှ အရာတိုင်းတွင် အရာထင်အောင် လုပ်ဆောင်နိုင်သူ ဖြစ်သည်။

ဖေဖေဝမ်က စိတ်အား တက်ကြွလာသောအခါတွင် အိမ်သာခွက်ပေါ်၌ ထိုင်နေရင်းဖြင့် အလုပ်သုံးခုကို တစ်ပြိုင်နက်တည်း ပြီးမြောက်နိုင်သည်။

ဥပမာအားဖြင့် စားသောက်ခြင်း၊ စာဖတ်ခြင်း တို့အပြင် သူပိုင်ဆိုင်သည့် ရာနှင့်ချီသော ID အမျိုးမျိုးကို ကူးပြောင်းခြင်းဖြင့် အွန်လိုင်းစာအုပ် ပြန်လည်သုံးသပ်ခြင်း ကဏ္ဍတွင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသူများနှင့် ငြင်းခုံခြင်းတို့ ဖြစ်သည်။

ထိုနေ့ ညနေခင်းမှာပင် ဖေဖေဝမ်က သန်းခေါင်ယံ အထိ အလုပ်လုပ်ခဲ့ပြီး အခြေခံ ဇာတ်ကွက်အကြမ်းနှင့် အနှစ်ချုပ်တို့ကို ပြီးသွားခဲ့သည့် အပြင် စာအုပ်အသစ်၏ ပထမအခန်းကိုပင် ပြီးသွားခဲ့သည်။

စာအုပ်အသစ်၏ ခေါင်းစဉ်မှာ “အင်မော်တယ် ဘုရင်၏ တိုက်ရိုက် ထုတ်လွှင့်မှုဘဝ” ဖြစ်၏။

အတိုချုံး ရှင်းပြရလျှင် ထိုဝတ္ထုမှာ ခန္ဓာကိုယ် အတွင်းရှိ ရှေးကျသော စွမ်းအားများကို ချိုးနှိမ်နိုင်စွမ်း မရှိသည့် ကျင့်ကြံသူ တစ်ဦး၏ နေ့စဉ်ဘဝ အကြောင်း ဖြစ်သည်။

ကမ္ဘာမြေပေါ်ရှိ အင်မော်တယ်တစ်ဦး၏ နေ့စဉ် ကျင့်ကြံမှု ဘဝကို တိုက်ရိုက်ထုတ်လွှင့်သော ဇာတ်လမ်းအား အွန်လိုင်းပေါ်တွင် ရောင်းချရန် စီစဥ်ခဲ့ခြင်းပင်။

“………….”

ဝမ်လင်းက ဖေဖေဝမ်၏ ကွန်ပြူတာ ဖန်သားပြင်ကို တချိန်လုံး ကြည့်နေခဲ့ပြီး စိတ်လေးသလို ခံစားခဲ့ရသည်။

ဖေဖေဝမ်၏ လက်ရှိ စာရေးခြင်းဆိုင်ရာ ကျွမ်းကျင်မှု အဆင့်အရ အဖွင့်အခန်းကို ရေးရန်မှာ အလွန် မြန်ဆန် လွယ်ကူနေသည်။

စာလုံးပေါင်း အမှားများကို အပေါ်မှ အောက်ခြေ အထိ အထပ်ထပ်အခါခါ စစ်ဆေးပြီးနောက် ဖေဖေဝမ်က ၎င်း၏ မောက်စ်ကို နှိပ်လိုက်ပြီး အယ်ဒီတာချုပ်ထံ စာဖိုင်ကို တိုက်ရိုက် ပေးပို့လိုက်သည်။

ဖေဖေဝမ်၏ အယ်ဒီတာချုပ်ကို “စုန့်ကျီခိုင်”ဟု ခေါ်သည်။

သူ၏ အယ်ဒီတာကုဒ် အမည်မှာ “လဲ့ရှို့” ဖြစ်သည်။

ဝဘ်စ်ဝတ္ထုလောက အတွင်းရှိ လူများက ဤအယ်ဒီတာကြီးအား “လဲ့မုန့်မုန့်” ဟု အမည်ပြောင် ပေးခဲ့ကြသည်။

(meng meng = မိုးဖွဲလေး)

အယ်ဒီတာချုပ်စုန့်က ဖေဖေဝမ်ကို စာမူခပေးရန် အိမ်ကို အလည် မလာခင် ဝမ်လင်းက ဤလူ၏ နာမည်ကတ်ကို စစ်ဆေးရန် သူ၏ သဘာဝလွန် မျက်လုံး စွမ်းရည်ကို အသုံးပြုခဲ့သည်။

အယ်ဒီတာချုပ်စုန့်က လွန်ခဲ့သည့် ဆယ်နှစ်ကျော် ကတည်းက ဝဘ်ဝတ္ထု လောကသို့ ဝင်ရောက်လာခဲ့ပြီး ဖေဖေဝမ်ကို အပြင် လက်တွေ့လောကတွင် တွေ့ဆုံခဲ့ဖူးသည့် တစ်ဦးတည်းသော အယ်ဒီတာ ဖြစ်သည်။

သူက ဝမ်မင်နှင့်တူသည့် အားနည်းသော သာမန် လူတစ်ယောက် ဖြစ်၏။

သူ၏ နဖူးမှ သေသပ်စွာ ဝဲကျနေသော ဆံစက မြင်သူတကာကို သန့်ပြန်သလို ခံစားရစေသည်။

ဖေဖေဝမ်က ကွန်ပျူတာကို ဖွင့်ထားရင်း လက်ဖက်ရည်သောက်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

သိပ်မကြာခင်မှာပဲ အယ်ဒီတာချုပ်စုန့်က အကြောင်းပြန်ခဲ့သည်။

ဤရွှေကြယ်ပွင့် အယ်ဒီတာက ထူးချွန်သော အယ်ဒီတာ တစ်ယောက် ဖြစ်သည်။

စာမူကို စစ်ဆေးရန် ပျမ်းမျှကြာချိန်မှာ စက္ကန့်သုံးဆယ် မျှသာ ဖြစ်၍ ဝမ်လင်း အတွက် အထူးပင် ဆန်းကြယ်သော လုပ်ဆောင်မှု တစ်ခုလို ဖြစ်နေသည်။

ဝမ်လင်းက အီးမေးလ် ပြန်ကြားချက်ကို တစ်ချက် ကြည့်လိုက်ရာ အပြင်အဆင်သည် အလွန်ဆွဲဆောင်မှု ရှိနေသည်။

ဖေဖေဝမ်၏ အရေးအသားကလည်း အတော်လေး ကောင်းမွန်သည်။

သို့သော် ဖေဖေဝမ်၏ အွန်လိုင်း ဂုဏ်သိက္ခာနှင့် ပထမဆုံးစာအုပ်၏ ရင်သပ်ရှုမောဖွယ် စွမ်းဆောင်မှုကြောင့် နောက်ထပ် အခန်း အနည်းငယ် ထပ်မံ ရေးသားသင့်သည်ဟု လဲ့မုန့်မုန့်က ဆုံးဖြတ်ခဲ့သည်။

စကားလုံးပေါင်း နှစ်သောင်းကျော်ကို ပေါင်းထည့်ပြီးနောက်တွင် ရောင်းအား စမ်းသပ်ရန် အတွက် ဝဘ်ဆိုဒ်ပေါ်သို့ တင်မည် ဖြစ်သည်။

ဤဝဘ်ဆိုက် အကြောင်းကို ဝမ်လင်း ယခင်က ကြားဖူးခဲ့သည်။

ထိုဝဘ်ဆိုက်က ၎င်းတို့၏ အဆင့်အမြင့်ဆုံး အသုံးပြုသူများဖြစ်သည့် စာရင်းသွင်းထားသော စာဖတ်သူများ အတွက် ကျင့်ကြံခြင်း စာဖတ်သူ နက်ဝပ်ခ်မှ ခွဲထားသည့် VIP ဝက်ဆိုက်တစ်ခု ဖြစ်၏။

ဤ VIP ဝဘ်ဆိုက်တွင် ထိပ်တန်းအဆင့် စာရေးဆရာများ၏ လက်ရာအသစ် မူကြမ်းများကို ဖတ်ရှုနိုင်ပြီး ၎င်းတို့၏ အတွေးအမြင်များကို ပြောပြရန် သို့မဟုတ် အကြံပြုချက်ပေးရန် အတွက် မက်ဆေ့ချ်များ ချန်ထားခဲ့နိုင်သည်။

ဖေဖေဝမ်က အီးမေးလ် ပြန်ကြားချက်ကို ငေးကြည့်ရင်း ခဏတာ တိတ်ဆိတ်သွားခဲ့သော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်၍ လက်ခံလိုက်သည်။

နှစ်ပေါင်းများစွာ ဝဘ်ဝတ္ထု လောကတွင် ကျင်လည်ပြီးနောက် ဤကလောင်အမည် ဝမ်စစ်ထူက သူ့ကို ပြီးပြည့်စုံသော နတ်ဘုရားတစ်ပါး ဖြစ်စေခဲ့သည်။

သူ၏ ဒုတိယမြောက် စာအုပ်က မည်မျှ ရောင်းအားရှိမည်ကို မသိသောကြောင့် ဖေဖေဝမ်က အလျင်အမြန် မထုတ်ဝံ့ခဲ့ပေ။

ထိုစာအုပ်သာ VIP ကဏ္ဍတွင် စမ်းသပ်မှု မအောင်မြင်ခဲ့ပါက သူ၏ နတ်ဘုရား တစ်ပါးလို တည်ရှိမှုက ပြိုလဲသွားမည်ဖြစ်သည်။

ထိုအတိုင်းသာ ဖြစ်လာလျှင် သူက ဤလုပ်ငန်းနယ်ပယ်တွင် ပြီးပြည့်စုံသော ဟာသ ဖြစ်လာမည်မှာ မလွဲဧကန်ပေ။

ဝမ်လင်းကမူ ဤကိစ္စတွင် ဖေဖေဝမ်၏ စိုးရိမ်နေမှုအတွက် ဆွံ့အနေခဲ့သည်။

“…………..”

ဝမ်စစ်ထူ ဟူသည့် ကလောင်အမည် တစ်ခုက ဝဘ်ဝတ္ထုများနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိသည့် တိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်း တစ်ခုတွင် လူပေါင်း သုံးသိန်းကို ဆွဲဆောင်နိုင်ခဲ့သည်။

အွန်လိုင်းတွင် မည်သူက ဂုရုကြီး ဝမ်စစ်ထူကို ယှဥ်ပြိုင် ကျော်လွှားနိုင်ပါအံ့နည်း။

………………….

နံနက်ခင်းတွင် မေမေဝမ်က ပေါင်မုန့်ချောင်းကြော်၊ ပဲနို့နှင့် သူမ အထူး ပြုလုပ်ထားသော အားသစ်လောင်း ခေါက်ဆွဲတို့ဖြင့် ပြုလုပ်ထားသည့် နံနက်စာကို ပြင်ဆင်ပေးခဲ့သည်။

မေမေဝမ်က သူမ၏ ရှေ့ဖုံး ခါးစည်းကြိုးကို ချွတ်လိုက်ပြီး လှေကားထစ်ကနေ လှမ်းအော်လိုက်သည်။

“ရှင်တို့ သားအဖ နှစ်ယောက် ဆင်းလာပြီး စားလို့ရပြီ”

ဝမ်လင်းက ပန်းကန်များ ပြည့်နေသော ထမင်းစား စားပွဲကို ငေးကြည့်ရင်း မျက်ရည်ကျလု မတတ် ဖြစ်နေသည်။

အမှတ်၅၉ အထက်တန်းကျောင်းတွင် နေထိုင်သော ရက်အနည်းငယ် အတွင်း အမေကျွမ့်၏ အနက်ရောင် ဟင်းလျာများ နှိပ်စက်ခံရပြီးနောက် မေမေဝမ် ကိုယ်တိုင် ချက်ပြုတ်ထားသော ဟင်းလျာများက သူ၏ ဒဏ်ရာရနေသော နှလုံးသားကို ကုသရန် ဖြစ်ကောင်းဖြစ်နိုင်သည်။

သူတို့စားနေစဉ် ဖေဖေဝမ်က သူ၏ အနက်ရောင်မျက်မှန်ကို ပင့်တင်လိုက်ပြီး ဝမ်လင်းကို အနီးကပ်ကြည့်၍ သက်ပြင်းချလိုက်သည်။

“သားလေး.. ဒီနောက်ဆုံးလေးရက်မှာ မင်း အရင်ကထက် ပြည့်ဖြိုးလာသလိုပဲ”

ဝမ်လင်းက သူ့မျက်နှာကို ထိကိုင်ကြည့်လိုက်သည်။

သူ့ပါးပြင်များက အမှန်တကယ်ပင် အသားတိုးလာပုံ ရသည်ဟု ခံစားလိုက်ရသည်။

ယင်းက အမေကျွမ့်၏ ဟင်းကို စားပြီး ဗိုက်ထဲမှာ အချဉ်ပေါက်နေတာကြောင့် ဖြစ်နိုင်သည်။

ကိုယ်အလေးချိန် လျှော့ချဖို့ ဆိုသည်မှာ သူ့အတွက် ဘယ်တုန်းကမှ မခက်ခဲသည့် အတွက် သူ့အနေဖြင့် အစားအသောက်ကို အရေးမစိုက်ခဲ့ပေ။

ဝမ်လင်းက သူ့ပါးပြင်နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်ရာ သူ့မျက်နှာပေါ်ရှိ အဆီများက ပျောက်ကွယ်သွားပြီး မျက်နှာလေးက ချက်ချင်းပင် ချောမွတ်သွားသည်။

“…………”

“လခွမ်း…မင်းဟာက ဒါလည်း အလုပ်ဖြစ်တာပဲလား”

ဖေဖေဝမ်နှင့် မေမေဝမ်က သူ၏ ဤစွမ်းရည်ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

ဖေဖေဝမ်က အားသစ်လောင်း ခေါက်ဆွဲတစ်လုတ်ကို စားလိုက်သည်။

“လွန်ခဲ့တဲ့ လေးရက်လောက်က အုပ်စုလိုက် နေထိုင်ရတာ ဘယ်လိုခံစားရလဲ”

ဝမ်လင်းက အံ့အားသင့်သွားသော်လည်း နောက်ဆုံးတွင် ခေါင်းခါယမ်းလိုက်သည်။

“မင်မင် မင်းဆီ တာအိုအဆောင် ယူလာပေးတုန်းက အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့တယ်လို့ ငါကြားတယ်”

ဝမ်လင်း ခေါင်းညိတ်လိုက်သည်။

ဖေဖေဝမ်က သက်ပြင်းချလိုက်သည်။

“တကယ်တော့ မင်းက အရမ်း စိတ်လှုပ်ရှားနေတယ်လို့ ငါထင်တယ်.. ပိုပြီး သဘာဝကျကျ နေထိုင်ပြုမူရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး.. ရွယ်တူတွေနဲ့ အချိန်ပိုပေးသင့်တယ် နားလည်လား”

ဝမ်လင်းက ဆက်လက် ခေါင်းညိတ်လိုက်သည်။

“တော်ပါတော့.. ကျမတို့ ထမင်းစားပွဲဝိုင်းကို ဘာလို့ အဲဒီကိစ္စတွေ သယ်လာတာလဲ ရှင်ရယ်”

မေမေဝမ်က ဖေဖေဝမ် စကားကို အနှောင့်အယှက် ပေးလိုက်သည်။

“ဒါပေမဲ့ လင်းလင်း .. ဒီနှစ်ရက်အတွင်း ကျောင်းစာတွေ ပြန်နွှေးဖို့ မမေ့နဲ့.. သားကို အရမ်းကြီး တွန်းအား မပေးချင်ပေမဲ့ အတန်းရဲ့ အောက်ဆုံး အဆင့်မှာတော့ မဖြစ်စေချင်ဘူး.. သားလွတ်သွားတဲ့ အတန်းတွေနဲ့ ပတ်သက်ပြီး မေးပြီးပြီ.. အထူးသဖြင့် ပြန်နွှေးရမဲ့ စာတွေကို ယူဖို့ ကျောင်းကို အမေ သွားခဲ့တယ်.. သားအတွက်တော့ ဒါတွေက မိနစ်အနည်းငယ် ကြည့်ရုံနဲ့တင် လုံလောက်ပါတယ်လေ”

“ဟုတ်ကဲ့”

သူက တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။

ဤစကားက သူအိမ်ပြန်ရောက်ပြီးနောက် ပြောသည့် ပထမဆုံး စကား ဖြစ်သည်။

သူ့အတွက် တာအို မှော်ပညာနှင့် မှော်အတတ်ပညာ ကဲ့သို့ သင်တန်းများကို ပြန်လည်နွှေးနေရန် မလိုအပ်ပေ။

သို့သော် သမိုင်းနှင့် နိုင်ငံရေးသိပ္ပံ ကဲ့သို့သော ဘာသာရပ်များအတွက်မူ သင်ခန်းစာများကို ကျက်မှတ်ရန် သူက အချိန်အနည်းငယ် ယူခဲ့ရသည်။

လင်းရှောင်ယုနှင့် စွန်းရုံတို့လို ထိပ်တန်း ကျောင်းသားများအတွက်ပင်လျှင် တစ်ပတ်စာ အသိပညာကို ကြေညက်အောင် အားလပ်ရက်တွင် တစ်နေ့တာလုံး ကျက်မှတ်ရသည်။

ဆန့်ကျင်ဘက်အနေဖြင့် ဝမ်လင်းက သူ၏ အရှိန်အဟုန်ဖြင့် စာဖတ်ခြင်းနှင့် အလွတ်ကျက်မှတ်ခြင်း စွမ်းရည်ကို အသုံးပြုနိုင်သည့် အတွက် သူမတို့ထက် ပိုအဆင်ပြေနေသည်။

ထို့ကြောင့် မေမေဝမ်က သူ၏ စာလေ့လာမှုနှင့် ပတ်သက်ပြီး ဘယ်တော့မှ စိတ်မပူခဲ့ပေ။

သို့သော် အံဩစရာကောင်းသည့် သူ၏ လေ့လာမှုကို စတင်ပြီးနောက် တစ်စုံတစ်ယောက်က သူ့ကို နှောင့်ယှက်မည်ကို ဝမ်လင်း မလိုချင်ခဲ့ချေ။

အထူးသဖြင့် သူ၏ အလွတ်ကျက်မှတ်ခြင်း စွမ်းရည်ကို အသုံးပြုနေချိန်တွင် မည်သူမှ စိတ်အနှောင့်အယှက် ပေး၍မရပေ။

ယင်းအချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို နှောင့်ယှက်လိုက်လျှင် အမှားအယွင်းတွေကို မှတ်မိသွားစေနိုင်မည် ဖြစ်သည်။

ထိုသို့ မဖြစ်အောင် ဝမ်လင်းက သူ၏ စာရေးကိရိယာအိတ်ကို ဖွင့်လိုက်သည်။

သူအရင်က မှော်ပညာဖြင့် ဖန်တီးထားသည့် မွန်းစတား ဘော်ပင် နှင့် မှင်စာခဲဖျက် တို့က သူ့ကို မည်သူမှ အနှောင့်အယှက် မပေးနိုင်အောင် စောင့်ရှောက် ကူညီပေးနိုင်မည် မဟုတ်ပါလား။

အပိုင်း(၇၅) ပြီး၏

Comment

Leave a Reply

Options

not work with dark mode
Reset