Switch Mode

Chapter – 11

ကျင့်ကြံခြင်း အရင်းအမြစ်များ

အပိုင်း(၁၁) ကျင့်ကြံခြင်း အရင်းအမြစ်များ

“ဒါက..ကြည့်ရတာ..ချင်းယွင်ဂိုဏ်း ရဲ့ချီဖွဲ့စည်းခြင်းစနစ်အသစ်ပဲ။”

ညဉ့်နက်သည့်အချိန်တွင် ဖန်ရှင်းသည် ကောင်းမွန်စွာ အိပ်မပျော်နိုင်ဘဲ အိပ်ရာပေါ်တွင် ခြေချိတ်ထိုင်နေကာ ပါးလွှာသောစာအုပ်လေးကို ဖတ်နေသည်။

သူကအပြင်စည်းဂိုဏ်းသား ဖြစ်လာခဲ့ပြီးနောက် ချီဖွဲ့စည်းခြင်း နောက်ဆက်တွဲစာအုပ်ကို ရရှိခဲ့သည်။နောက်ဆက်တွဲစာအုပ်နှင့် အရင်စာအုပ်သည် အလွန်မကွာခြားသော်လည်း စာအုပ်အသစ်၌မူ ကျင့်ကြံခြင်း နည်းလမ်းများနှင့် ဝိဉာဉ်ကျောက်တုံး အသုံးပြုနည်းတို့ ပါဝင်သည်။ထိုစာအုပ်ထဲတွင် အကြီးအကဲများ၏ မှတ်ချက်များနှင့် ကျင့်ကြံခြင်း နည်းလမ်းများပါဝင်သည်။

ဆေးစိုက်ခင်းရှိ အလုပ်ကြမ်းသမားများကို ပေးထားသောစာအုပ်ထဲတွင် ချီကိုခံစားနိုင်ရန်နှင့် သွေးကြောများထဲ ပျံ့နှံ့အောင်လုပ်ဆောင်နိုင်ရန် အဆင့်ထိသာ ပါဝင်ခဲ့သည်။

ထို့ပြင်ချင်းယွင်ဂိုဏ်းသည် ဂိုဏ်းထဲတွင် လုပ်သက်ဆယ်နှစ်ရှိသော အလုပ်သမားများကို ကျေးရွာများသို့ စေလွှတ်ကာ ချီဖွဲ့စည်းခြင်း အခြေခံကို ဖြန့်ဝေပေးသည်။

ထိုအထဲတွင် အသေးစိတ်အချက်အလက်များနှင့် လျို့ဝှက်နည်းစနစ်များ မပါဝင်သောကြောင့် ချင်းယွင်ဂိုဏ်း၏ မူပိုင်အမွေအနှစ်များ ပြင်ပသို့ရောက်ရှိသွားမည်ကို စိုးရိမ်စရာမလိုပေ။

အပြင်စည်းဂိုဏ်းသား ဘဝသည်လည်း လွယ်ကူသည်မဟုတ်ပါ။

သုံးနှစ်အတွင်း ဝိဉာဉ်အဆင့်နှစ်သို့ မရောက်ရှိပါက ကျေးရွာများသို့ စေလွှတ်ကာ သာမန်လူများထံ ချီအခြေခံစနစ်များကို ဖြန့်ဝေပေးရသည့် တာဝန်ကို ထမ်းဆောင်ရသည်။

အကယ်၍ ဝိဉာဉ်အဆင့်နှစ်ကို သုံးနှစ်အတွင်း ရောက်နိုင်လျင်ပင်.. ဝိဉာဉ်အဆင့်သုံးသို့ နောက်ထပ် သုံးနှစ်အတွင်းရောက်အောင် ထပ်ကြိုးစားရသည်။ဝိဉာဉ်အဆင့်သုံးသို့ ရောက်သောအခါ အဆင့်လေးသို့ရောက်ရှိရန် ငါးနှစ်အတွင်း ကြိုးစားရသည်။

ချင်းယွင်ဂိုဏ်းသည် အချောင်သမားများကို လက်ခံသောဂိုဏ်းတစ်ခု မဟုတ်ပေ။ထိုသို့မသတ်မှတ်ထားလျှင် ကြိုးစားမကျင့်ကြံဘဲ.. မိမိရောက်နေသော ကျင့်ကြံခြင်းအဆင့်မှာပဲ သောင်တင်ကာ ဂိုဏ်း၏ အရင်းအမြစ်များကို အချောင်သဲ့ယူမည်ကို စိုးသောကြောင့်ဖြစ်သည်။

ချင်းယွင်ဂိုဏ်းသည် ဂိုဏ်းအပေါ် အပြစ်ကျူးလွန်သူများကို အရင်းအမြစ်များ ဖြတ်တောက်လေ့ရှိသည်။

ထိုအခါ ကျင့်ကြံရန်အတွက် လိုအပ်သောပစ္စည်းများ ရရှိရန်ဂိုဏ်းမှ သတ်မှတ်ထားသော အန္တရာယ်ရှိသည့် တာဝန်များကို အရင်းအမြစ်များကိ

ဒါမှမဟုတ် ယုစန်းလျန်ကဲ့သို့ ဌာနတစ်ခုခုတွင် အလုပ်တစ်ခုခု ဝင်ရောက် လုပ်ကိုင်ရင်းဖြင့် အရင်းအမြစ်များကို ရရှိနိုင်သည်။

အသက်ကိုရှုသွင်းပါ.. ရှုထုတ်ပါ

ဖန်ရှင်းသည် အခန်းထဲတွင် တပလ္လင်ခွေထိုင်ကာ မျက်လုံးကိုမှိတ်ပြီး စတင်ကျင့်ကြံခဲ့သည်။

သူ၏ဘေးဘက်တွင် ဝိဉာဉ်ကျောက်တုံးသည် လေထဲတွင်မျောလျက် ရှိသည်။

သူ၏အသက်ရှုသံသည် တိုးတိုးလေး ထွက်ပေါ်လာသည်။

ဒါကချီနည်းစနစ်အသစ်ပဲ.. ဝိဉာဉ်ကျောက်တုံး

ကဲ့သို့ အရင်းအမြစ်ကို အသုံးချပြီး ချီကိုတိုးတက်အောင် ပြုလုပ်သောနည်းစနစ် ဖြစ်သည်။

ဖန်ရှင်းသည် အပြင်စည်းဂိုဏ်းသား ဖြစ်လာပြီးကတည်းက.. ဟွာကျင်းဆေးပင်ကို မသုံးဖြစ်တော့ပါ။

ဟွာကျင်းနည်းသည် သူ၏ခန္ဓာကိုယ်ကို ရေရှည်တွင် ထိခိုက်လာနိုင်သည်။

ဟွာကျင်းကိုသာ ဆက်သုံးနေလျှင် နောင်ဆယ်နှစ် သူ၏အသက်နှစ်ဆယ် ရောက်သောအခါ သေဆုံးဖို့က များသည်။

ဟွာကျင်းသည် ကျင့်ကြံခြင်း၏ ဖြတ်လမ်းဖြစ်သကဲ့သို့ ငရဲပြည်သို့သွားရန် ဖြတ်လမ်းလည်း ဖြစ်သည်။

ဟွာကျင်းကို ခဏတာအသုံးပြုသော ဖန်ရှင်းပင်လျှင် ဆယ်နှစ်အရွယ်ဖြင့် မီးခိုးရောင်ဆံပင်များအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။

အလွန်ပါရမီရှိသော သူများအတွက် ချီကိုပြင်ပအကူအညီမပါဘဲ ရိုးရိုးအသက်ရှု လေ့ကျင့်ခန်းဖြင့်ပင် လေ့ကျင့်နိုင်ကြသည်။

ဖန်ရှင်းကတော့ ထိုကဲ့သို့ ပါရမီ မပါလာခဲ့ပေ။ဟွာကျင်းကို အသုံးမပြုဘဲ နောက်ထပ် အမြန်ဆုံးနည်းလမ်းမှာ ဝိဉာဉ်ကျောက်တုံးများနှင့် မှော်ဆေးလုံးများ အသုံးပြုခြင်း ဖြစ်သည်။

သို့သော်မှော်ဆေးလုံးများကို ရရှိရန် အလွန်ခက်ခဲပေသည်။

ထို့ကြောင့်ပင် ကျင့်ကြံသူအချို့သည်

သူတို့၏ကျင့်ကြံခြင်း ပိတ်ဆို့သော အခိုက်အတန့်တွင်သာ မှော်ဆေးလုံးများကို အသုံးပြုကြသည်။

ဝိဉာဉ်ကျောက်တုံးထဲတွင် ချီစွမ်းအားများပါဝင်ပြီး နောက်ဆက်တွဲစာအုပ်တွင် ဖော်ပြထားသော နည်းလမ်းအတိုင်း ဆိုလျှင်ဖန်ရှင်းသည် ထိုကျောက်တုံးထဲမှ ချီစွမ်းအင်ကို မိမိ၏ကိုယ်ထဲသို့ စုပ်ယူရမည်ဖြစ်သည်။

ထိုနည်းလမ်းသည် ဟွာကျင်းကဲ့သို့ ဆိုးကျိုးမရှိဘဲ စိတ်နှင့်ခန္ဓာကိုယ်ကို သန်စွမ်းစေပြီး အသက်ဓာတ်ကိုပို၍ တိုးပွားစေသည်။ ဝိဉာဉ်ကျောက်တုံးမှ ချီစုပ်ယူသော နည်းလမ်းသည် ဟွာကျင်းလောက်တော့ ချီစုဆောင်းရာတွင် မမြန်ဆန်ပေ။

ဝိဉာဉ်ကျောက်တုံးသည် ကျင့်ကြံခြင်းအတွက် အသုံးဝင်ရုံမက ငွေကြေးအဖြစ်လည်း အသုံးဝင်သည်။

ကျင့်ကြံခြင်းအဆင့်မြင့်လေ လိုအပ်သည့် ဝိဉာဉ်ကျောက်တုံး ပိုများလေဖြစ်ပြီး ထိုသို့ကျင့်ကြံနိုင်ရန် မိသားစုတစ်စု

ဒါမှမဟုတ် မျိုးနွယ်စုတစ်စု ဒါမှမဟုတ် ဂိုဏ်းတစ်ဂိုဏ်း၏ ထောက်ပံ့မှုကို တကယ်ကို လိုအပ်သည်။

ဘာလိုပဲဆိုဆို ဟွာကျင်းကိုစားပြီး အသက်နှစ်ဆယ်တွင် သေမယ့်နည်းထက်တော့ ပို၍ ကောင်းသောနည်း ဖြစ်သည်။ဖန်ရှင်းအတွက် ချီစုပ်ယူသောနည်းစနစ်သည် အသစ်အဆန်း ဖြစ်နေပြီး လက်ရှိစုပ်ယူသောနှုန်းဖြင့်ဆိုလျှင် နောက်ထပ်ဆယ်ရက်တွင် ဝိဉာဉ်ကျောက်တုံးထဲမှ ချီစွမ်းအင်များ ကုန်ဆုံးတော့မည် ဖြစ်သည်။နောက်ထပ်နှစ်လအတွင်း ဝိဉာဉ်ကျောက်တုံး ထပ်မရလျှင် သူ၏တိုးတက်မှုက ပြန်၍နှေးကွေးသွားမည် ဖြစ်သည်။

ထိုအဖြစ်မျိုးကို ဥပမာပြောရလျှင် အလုပ်ပင်ပန်းစွာ လုပ်ကိုင်နေတဲ့သူကို အစာရေစာ ဖြတ်တောက်လိုက်ခြင်းနှင့် ဆင်တူသည်။

သူတို့ကို အစာထပ်မကျွေးတော့ပါက အားပျက်ပြီး စွမ်းအင် မထုတ်နိုင်တော့ပါ။

ဆိုးရွားသောအချက်မှာ အရင်ကထက် ကျင့်ကြံခြင်းပို၍ နှေးကွေးသွားနိုင်သည့်အချက် ဖြစ်သည်။

ယုစန်းလျန်သည် အပြင်စည်းဂိုဏ်းသားအဖြစ် ရှိနေသည်မှာ ခုနှစ်နှစ်ရှိပြီဖြစ်သည်။

ထို့အတွက်ကြောင့် ဂိုဏ်စည်းကမ်းအရ သူသည် သုံးနှစ်အတွင်း ဝိဉာဉ်အဆင့်နှစ်သို့ မရောက်ရှိခဲ့သည့်အတွက် ကျေးရွာများသို့ စေလွှတ်ခံခဲ့ရသည်။

သို့သော်ယုစန်းလျန်သည် တာဝန်ခံအကြီးအကဲကို လာဘ်ထိုးလိုက်ပြီး ယခုနေရာသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

သူသည်နှစ်ကြိမ်လုံး လာဘ်ထိုးနိုင်ခဲ့ကာ ပြန်လည်ရောက်ရှိလာပြီး အထွေထွေဌာနတွင် နှိမ့်ချ၍နေခဲ့သည်။အထွေထွေဌာနတွင် ပိုက်ဆံပိုရသော်လည်း ကျင့်ကြံခြင်းအတွက် အချိန်တော့ပို၍ နည်းလာခဲ့သည်။

“မဖြစ်ရဘူး.. ငါတစ်သက်လုံး ဒီအဆင့်မှာ သောင်တင်မခံနိုင်ဘူး အကိုတော်ယုကို အကြံဉာဏ်တောင်းရမယ် ငါတစ်ခုခုတော့

လုပ်မှဖြစ်တော့မယ်”

ဖန်ရှင်းက သူ့ကိုယ်သူ အားပေးလိုက်သည်။

သူ၏အနားတွင် ဝဲပျံနေသော အနီရောင် ဝိဉာဏ်ကျောက်တုံးသည် အရောင်မှိန်ကာ သူ၏ရင်ခွင်အတွင်းသို့ ကျသွားသည်။

ဝိဉာဉ်ကျောက်တုံးကို လက်ဖဝါးတွင် ထားလိုက်ပြီး

“ငါတို့အပြင်စည်းဂိုဏ်းသားတွေ အားလုံးပေါင်း တစ်ထောင်ကျော်ရှိတယ် သူတို့နောက်မှာ ချမ်းသာတဲ့မိသားစုတွေ ရှိတယ် သူတို့က ငါနဲ့အဆင့်တူ အဆင့်လေးရာထူး ဖြစ်ပေမယ့် သူတို့မှာ ဝိဉာဉ်ကျောက်တုံး ကုန်သွားရင် ငွေကြေးနဲ့ထပ်ဝယ်လို့ရတယ်.. ငါကဘာမှမရှိဘူး”

“ဒါမှမဟုတ်ရင်…”

ညဉ့်နက်သို့ ရောက်သောအခါ ချင်းယွင်ဂိုဏ်းကို လရောင်က လွမ်းခြုံထားသည်။တပည့်အများစုသည် ထိုအချိန်တွင် ချီလေ့ကျင့်ခန်းများကို တိတ်တဆိတ် လေ့ကျင့်ကြသည်။

ဆယ်နှစ်အရွယ် ချာတိတ်လေးက သူတို့၏ကံကြမ္မာကို ဆိုးရွားစေမည်ဟု ဘယ်သူမှထင်မည်မဟုတ်ပါ။

“ညီလေးဖန် မင်း အိမ်မှာရှိနေလား”

ဖန်ရှင်းသည် အပြင်စည်းဂိုဏ်းသားဖြစ်လာပြီးနောက် ဝိဉာဉ်ကျောက်တုံးကို အသုံးမပြုနိုင်တော့သည်မှာ နှစ်ပတ်ကြာခဲ့ပြီဖြစ်သည်။

အဝေးကအော်ခေါ်သံနှင့်အတူ ယုစန်းလျန်က ရောက်ရှိလာသည်။ယုစန်းလျန်၏ လက်တွင်အရက်အိုးကို ကိုင်ထားပြီး ကြာပန်းရွက်များဖြင့် ဖုံးထားသောအရာကို ယူလာသည်။

ယုစန်းလျန်သည် စိုက်ခင်းသုံးမှ ဝမ်ဇီတို့အရှေ့တွင် ဆရာတစ်ပါးကဲ့သို့ ပြုမူခဲ့သော်လည်း အပြင်စည်းဂိုဏ်းသားများထဲတွင် သူ့ကိုဘယ်သူမျှ အရေးမထားကြပေ။သူ၏ကျင့်ကြံခြင်းက နိမ့်ပါးသလို ငွေကြေးကလည်း ဆင်းရဲသည်။ဖန်ရှင်းနှင့်ရန်သူအဖြစ်မှ မိတ်ဆွေဖြစ်လာပြီး နောက်ပိုင်းတွင် ဖန်ရှင်းကို စိတ်ရင်းဖြင့်ပေါင်းသင်းခဲ့ပြီး တစ်ပတ်အတွင်း ဖန်ရှင်းဆီသို့ နှစ်ကြိမ်ပင် လာရောက် လည်ပတ်ခဲ့သည်။

တခြားဂိုဏ်းသားတွေက ဆယ်နှစ်အရွယ်ချာတိတ်နှင့် ပေါင်းသင်းသည့်အတွက် သူ့ကိုလှောင်ပြောင်သော်လည်း သူက စိတ်မဝင်စားခဲ့ပေ။

သူနှင့်အတူ သောက်ဖော်သောက်ဖက်အဖြစ် ဖန်ရှင်းရှိလျှင် လုံလောက်ပြီဟု ခံယူထားသည့်အလား ပြုံးပြလိုက်သည်။

“လာစမ်းပါ အကိုတော်ဝက်ရာ..”

ဖန်ရှင်းကယုစန်းလျန်ကို သူ၏အိမ်ကလေးထဲသို့ နွေးထွေးစွာ ဖိတ်ခေါ်ခဲ့သည်။ဖန်ရှင်းက အပျင်းတစ်နေပြီး ပါးစပ်ကသာ လှုပ်ရှားခဲ့သည်။

“ငါ..မင်းကိုပြောပေါင်းလည်းများပြီ.. ငါ့နာမည်ဝက် မဟုတ်ပါဘူးဆို..ယုပဲ.. ဘာလို့မမှတ်ထားတာလဲ”

ယုစန်းလျန်သည်သည် ပြောရင်းဆိုရင်းဖြင့် အရက်နှင့်ကြာပန်းအရွက်များဖြင့် ဖုံးအုပ်ထားသော အထုပ်ကို စားပွဲပေါ် တင်လိုက်သည်။

ကြာပန်းအရွက်ကို ဖယ်လိုက်သောအခါ ကြက်ကင်ကိုတွေ့လိုက်ရပြီး ယုစန်းလျန်သည် အရက်ဖြည့်ကာ ဖန်ရှင်းကိုကမ်းပေးလိုက်ပြီး အသားများကို တစ်ဖဲ့စီ စားသောက်တော့သည်။

“ဒါနဲ့အကိုတော်ဝက်ကို မေးရဦးမယ် ဂိုဏ်းထဲမှာ ပြောနေကြတဲ့ မှောင်ခိုဈေးဆိုတာကို အကိုတော်ဝက် ကြားဖူးလား”

ဖန်ရှင်းက ပလုတ်ပလောင်းစားနေရင်းမှာပင် ယုစန်းလျန်ကို မေးလိုက်သည်။

“ငါ့နာမည်ဝက်မဟုတ်ဘူး.. ယုပါဆို.. ဒီမှာကြည့်စမ်း.. ယု..ယု”

ယုစန်းလျန်က သူ၏ပါးစပ်ကို ငါးပါးစပ်ကဲ့သို့ ဆူလိုက်ပြီး အသံထွက်ကို စာလုံးပေါင်းပြနေသည်။

“မင်းပြောတဲ့ မှောင်ခိုဈေးဆိုတာ အပြင်စည်းဂိုဏ်းသားတွေထဲမှာတော့ ကျော်ကြားတယ်ကွ.. မှောင်ခိုဈေးကို အုပ်စုတစ်စုက ကြီးစိုးထားပြီး တချို့ဂိုဏ်းသားတွေက တရားမဝင်တဲ့ပစ္စည်းတွေကို မှောင်ခိုဈေးမှာလာပြီး လဲလှယ်ကြတယ်။

အဲဒီလိုခဏခဏ ဖြစ်လာပြီးနောက်မှာ မှောင်ခိုဈေးဆိုတဲ့အမည်နဲ့ ကျော်ကြားလာတယ်”

ဂိုဏ်းစည်းကမ်းအရတော့ ဒီလိုအလဲလှယ်ဈေးကွက်ကို တရားဝင် ခွင့်မပြုထားပါဘူး။

“ငါတို့ဆီမှာရှိတဲ့ပစ္စည်းနဲ့ မှောင်ခိုဈေးက ပစ္စည်းကို လဲလှယ်လို့ရတယ် ဒါပေမယ့် ငွေကုန်ကြေးကျတော့ များလိမ့်မယ်.. မှောင်ခိုဈေးထဲကို ရောက်သွားတာနဲ့ လူတိုင်းက မျက်နှာကိုဖုံးထားပြီး.. မင်းကို ဘယ်သူမှန်းတောင် သိနိုင်ကြမှာမဟုတ်ဘူး.. မင်းကဘာပစ္စည်းကို လိုအပ်နေတာလဲ”

“ငါ့အတွက်.. မှောင်ခိုဈေးအကြောင်း စုံစမ်းထားပေးပါ”

ဖန်ရှင်းက ခေါင်းညိတ်ကာ တောင်းဆိုလိုက်သည်။

“ဘာကြောင့်မှောင်ခိုဈေးအကြောင်း.. ဒီလောက်သိချင်နေတာလည်းကွာ.. မင်းမှာသူတို့နဲ့လဲလှယ်ဖို့ ပစ္စည်းကောင်းရှိလို့လား.. မင်းဘယ်လောက်ထိ ဆင်းရဲလည်းဆိုတာ မေ့နေပြီလား.. ပြီးခဲ့တဲ့လက မင်းရဲ့စားစရိတ်ကို.. ငါစိုက်ပေးထားတာ မေ့နေပြီလား..”

ဖန်ရှင်းဆီသို့ ကြက်သားတစ်ဖဲ့ကမ်းပေးလိုက်ပြီး ယုစန်းလျန်က သူ၏အသံကို အနည်းငယ်မြှင့်လိုက်သည်။

“ငါပြောတဲ့အတိုင်းသာ.. သေချာစုံစမ်းပေးပါ..

မင်းသိတဲ့အတိုင်း.. ငါကငွေချေးရတာကို သဘောကျတယ်.. မင်းငါ့ကိုတစ်ရာချေးပေးရင်.. နှစ်ဆပြန်ပေးမယ်”

“တော်စမ်းပါ.. မင်းပြန်မပေးလည်း အရေးမကြီးဘူး.. ငါကိုကမင်းကိုစချေးပေးမိတာ.. အမှားပဲ.. ကဲကဲ.. ဆက်ပြီးသောက်ရအောင်ကွာ”

End..Chapter 11

Comment

Leave a Reply

Options

not work with dark mode
Reset