အပိုင်း(၁၀) လူမွဲလေး ဖန်ရှင်း
မျက်နှာဖုံးနာမည်ကို အမှန်တကယ်တော့ မှတ်တမ်း မတင်ထားခဲ့ပေ။
အစောင့်သုံးယောက်အနက် မည်သူကမှ မျက်နှာဖုံး၏ နာမည်အမှန်ကို မသိရှိကြပါ။
ဒီပစ္စည်းအားလုံးကို အမြဲတမ်းအားဖြင့် သဘာဝအတိုင်းပင် မှတ်တမ်းတင်ထားသည်။ နှုတ်ခမ်းမွေးနှင့်ယောကျာ်းသည် မှတ်တမ်းကို စာလိပ်ပေါ်တွင် မှတ်တမ်းတင်ထားပြီးပြီဖြစ်၍ ဖန်ရှင်းပြန်လဲမှာကို စိတ်ပူစရာမလိုတော့ပေ။
“ကောင်းပြီ.. အခုတော့ကိစ္စက ပြီးပြတ်သွားပြီ.. မင်းရဲ့ဝိဉာဉ်ပစ္စည်းအသစ်အတွက် ဂုဏ်ယူပါတယ်.. အခုတော့ မင်းသွားလို့ရပြီ”
ဖန်ရှင်းက နောင်တအနည်းငယ်ရနေဟန်ဖြင့် မေးခွန်းထုတ်လိုက်သည်။
“ဒီပစ္စည်းကို သေချာပေါက် ပစ္စည်းကောင်းလို့ အကိုတော်တို့ ကျနော့်ကို ညွှန်းပေးခဲ့တယ်နော်.. အကယ်၍ ပြန်လဲချင်တယ်ဆိုရင်ကော”
“စောက်ရူး ဒီပစ္စည်းကို မင်းရွေးပြီးပြီ.. မှတ်တမ်းလည်းတင်ပြီးသွားပြီ.. ငါတို့ပြန်လဲမပေးနိုင်တော့ဘူး”
“ဒါပေမယ့် ငါဒီပစ္စည်းကို မကြိုက်လို့ ပြန်လဲချင်တယ်ဆိုရင် တခြားတစ်ခုနဲ့ပြန်ပြီး အစားထိုးပေးမယ်ဆို ”
ဖန်ရှင်းက မျက်နှာပေါ်တွင် ထိတ်လန့်ဟန်ဆောင်၍ အစောင့်သုံးယောက်အား စိတ်ထဲမှနေ၍ လှောင်ပြောင်နေသည်။
နှုတ်ခမ်းမွေး နှင့်လူကရယ်လိုက်ပြီး
“လဲလှယ်ဖို့တဲ့လား.. ဟား..ဟား.. ဒါကတော့မဖြစ်နိုင်ဘူးလေ.. မင်းဒီကိုပြန်လာတဲ့အခါ.. မင်းရဲ့အပြုအမူတွေပေါ်မှာပဲ မူတည်တယ်”
ထိုကဲ့သို့ ဂိုဏ်းသားသစ်များကို အနိုင်ကျင့်သော ဖြစ်ရပ်များသည်.. ယခုမှရှိခဲ့သည်မဟုတ်ပါ။
ဝိဉာဉ်ကျောက်တုံးကို မပေးသည့် ဂိုဏ်းသားအသစ်များသည် မိမိတို့ရွေးချယ်ထားသော ပစ္စည်းကို မကောင်းမှန်းသိသည်နှင့် တခြားပစ္စည်းနှင့် ပြန်လာလဲကြသည်။
ထိုအခါ ဝိဉာဉ်ကျောက်တုံးကို တစ်တုံးထက်ပို၍ တောင်းဆိုတတ်ပြီး.. အတင်းအကျပ် ပေးဆောင်ကြရသည်။
ကျောက်စိမ်းစာလိပ်တွင်.. အဆင့်နိမ့်ဝိဉာဉ်ပစ္စည်းဟုသာ မှတ်တမ်းတင်ထားသဖြင့် ဖန်ရှင်းမျက်နှာဖုံး ရွေးချယ်လိုက်သည်ကို ဂိုဏ်းခွဲမှအတိအကျ သိနိုင်တော့မည်မဟုတ်ပါ။
မျက်နှာဖုံး၏အမည် ဒါမှမဟုတ် တခြားပစ္စည်းတစ်ခုခုအမည်ကို ကျောက်စိမ်းစာလိပ်ထဲတွင် တိတိကျကျ မှတ်တမ်းတင်ထားပါက.. ပစ္စည်းလဲလှယ်ရန် ခက်သွားမည်ဖြစ်သည်။
ထို့ကြောင့် စာလိပ်ထဲတွင် အဆင့်နိမ့် ဝိဉာဉ်ပစ္စည်းဟုသာ ရေးထားခြင်းဖြစ် သည်။
“ကောင်းပြီလေ.. ငါမှန်းပြီးရွေးထားတာ.. မမှားဘူးလို့တော့ထင်တာပဲ”
နောက်ဆုံးတွင် မိမိဆုံးဖြတ်ချက်ကို ယုံကြည်သောဟန်ပန်ဖြင့် မျက်နှာဖုံးကို သူ့လက်ထဲသို့ ထည့်လိုက်ပြီး အပြင်ဘက်ကို လမ်းလျောက်လာခဲ့သည်။
ဖန်ရှင်းလက်နက်တိုက်မှ ထွက်ခွာလာပြီးနောက်.. နှုတ်ခမ်းမွေးခေါင်းဆောင်သော အုပ်စုဆီက ရယ်မောသံများ ထွက်ပေါ်လာသည်။
“သူက.. တကယ်ပဲမျက်နှာဖုံးအစုတ်ကို ရွေးချယ်သွားခဲ့တယ်.. ပြီးတော့.. အဲဒီမျက်နှာဖုံးကို တန်ဖိုးရှိတယ်လို့ထင်နေတယ်.. ဟားဟား.. ငါတို့ကိုအပြစ်ပြုမိတာ သူ့ရဲ့အမှားပဲ.. ဒါပေမယ့် သူကတကယ်ပဲ.. ပစ္စည်းကောင်းကို လိုချင်နေတဲ့ပုံပဲ.. အိပ်မက်သာ မက်နေလိုက်တော့”
“ဟား..ဟား.. သူပြန်လာပြီး ပစ္စည်းချင်းလာလဲတာနဲ့ သူ့ဆီက ပိုက်ဆံတွေအားလုံးကို ငါတို့ညှစ်ရမယ်”
ယုစန်းလျန်က လက်နက်တိုက်ထဲမှ ဖန်ရှင်းထွက်လာသည်ကို တွေ့လိုက်ရသည်။သူကဖန်ရှင်းနားသို့ အလျင်အမြန်သွားလိုက်ပြီး စိုးရိမ်ပူပန်ဟန်ဖြင့် ဖန်ရှင်းရွေးချယ်လိုက်သော ပစ္စည်းကို မေးလိုက်သည်။
ဖန်ရှင်းက မျက်နှာဖုံးကို ယုစန်းလျန်အား ကမ်းပေးလိုက်သောအခါ
ယုစန်းလျန်သည် မျက်နှာဖုံးအား သေချာစွာ လှည့်ပတ်ကြည့်ရှုနေလေသည်။
“ဒါကဘာပစ္စည်းလဲ…”
သူကစိတ်ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သော်လည်း သူ၏စိတ်ထဲတွင်တော့ မျက်နှာဖုံးသည် ဟောင်းနွမ်းပြီး အသုံးဝင်မည်ဟု မထင်ခဲ့ပါ။
“မင်း ဒါကဘာပစ္စည်းလည်း ဆိုတာတကယ်ပဲ.. မသိဘူးလား.. ဒါကသေချာပေါက် အရမ်းကောင်းတဲ့ ပစ္စည်းတစ်ခုပဲ”
ဖန်ရှင်းက ယုစန်းလျန်၏ အမေးကိုဖြေရင်း ယုစန်းလျန်လက်ထဲမှ မျက်နှာဖုံးကို ပြန်ယူလိုက်သည်။
“အခုသွားရအောင်.. ငါနေတဲ့နေရာကို မင်းကိုလိုက်ပြမယ်”
ဖန်ရှင်းက သူကိုယ်တိုင် ရွေးချယ်လိုက်သည့် မျက်နှာဖုံးနှင့်ပတ်သက်ပြီး ယုံကြည်မှုရှိနေသည်ကို တွေ့ရသဖြင့် ယုစန်းလျန်က ထပ်မပြောတော့ပါ။
သူတို့နှစ်ယောက်က စကားတပြောပြောဖြင့် ယုစန်းလျန်ခေါ်ဆောင်ရာသို့ ဖန်ရှင်းက လိုက်လာခဲ့သည်။
အထွေထွေဌာနတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်နေသော ယုစန်းလျန်သည် အခြားဌာနများနှင့် အလုပ်လုပ်ခဲ့ဖူးပြီး.. လူပေါင်းဆန့်သဖြင့် ဂိုဏ်းအတွင်း ကျော်ကြားမှုရှိသောသူ မဟုတ်သော်လည်း.. ချင်းယွင်ဂိုဏ်း၏ အချက်အလက်များနှင့် နောက်ဆုံးပေါ် အတင်းအဖျင်းများစွာကို သိရှိထားသည်။
လမ်းတစ်လျောက်တွင် ထူးခြားဆန်းပြားသော အဆောက်အဦးအချို့ကို တွေ့ခဲ့ရသည်။
“ဒီဘက်က အဆောက်အဦးတွေဘက်ကို ကြည့်လိုက် အဲဒီနေရာကို စိတ်ငြိမ်ချိုင့်ဝှမ်းလို့ ခေါ်တယ် အမျိုးသမီးတပည့်တွေသာ သီးသန့်နေတဲ့နေရာပေါ့.. အဲ့ဒီမှာ သလင်းကျောက်တွေနဲ့ စီခြယ်ထားတဲ့ ရေကန်ရှိတယ် အမျိုးသမီးတပည့်တွေက အဲဒီမှာ ရေချိုးလေ့ရှိကြတယ်.. အမျိုးသားတပည့်တွေကို အဲဒီရေကန်နား မသွားအောင် အကြီးအကဲတွေက ပြင်းပြင်းထန်ထန် အမိန့်ထုတ်ထားတယ်။
အဲ့ဒီနေရာကို အခြားသူတွေမမြင်ရအောင်.. မီးခိုးမြူတွေကိုလွှတ်ထားတယ်.. ဒါပေမယ့် အကိုတော်တစ်ယောက်က.. အမျိုးသမီးဂိုဏ်းသားတွေ ရေချိုးနေတာကို တွေ့လိုက်ရတယ်.. သူကလပေါင်းများစွာ ဒီအဖြစ်အပျက်ကို ကြွားဝါခဲ့တယ်”
“ဒီဘက်က ချိုင့်ဝှမ်းကို ကြည့်လိုက်ရင်တော့ အကိုတော်စွန်းကူးက သူရဲ့အတန်းသားတွေကို သင်ကြားနေတာကို တွေ့ရမယ်။
သူကစွမ်းအားမြင့်မားပြီး ဗဟုသုတကြွယ်ဝတယ် ဂိုဏ်းရဲ့ဂန္ဓဝင်သူရဲကောင်းတွေထဲက တစ်ယောက်ပေါ့ သူကဖော်ရွှေမှုရှိပြီး အေးဆေးနေတတ်တဲ့ အကြီးအကဲလည်း ဖြစ်တယ်.. ငါတို့လို စွမ်းအားနိမ့်ကျတဲ့သူက သူ့ကိုမေးခွန်းတစ်ခုခု မေးရင်တောင် ပြန်ပြုံးပြပြီး စိတ်ရှည်ရှည်နဲ့ဖြေပေးတယ်။
အကိုတော် စွန်းရန်ကလည်း ဒီနေရာကို ကိုးလမြောက်လရဲ့ ကိုးရက်နေ့တိုင်းမှာ လာရောက်ပြီး ကျင့်ကြံရန်နည်းလမ်းတွေနဲ့ မှော်စာလုံးအသုံးပြုပုံ.. ကျင့်ကြံရာတွင် ပိတ်ဆို့နေသော အတားအဆီးများကို ဖြေရှင်းဖို့နည်းလမ်းများကို အကြံလာပေးတတ်တယ်.. သူရဲ့သင်ပြမှုကိုခံယူဖို့ အဓိကဂိုဏ်းသားတစ်ချို့တောင် လာရောက်တတ်ကြပြီး အဲဒီအချိန်မှာ ဒီချိုင့်ဝှမ်းလေးက စည်ကားနေတတ်တယ်”
“ဒီဘက်မှာရှိတဲ့နေရာကိုတော့ ငါတို့ဂိုဏ်းရဲ့ အတွင်းစည်းဌာန လေးခုထဲကတစ်ခုဖြစ်တဲ့ ဒန်ရှားချိုင့်ဝှမ်းလို့ခေါ်တယ်။
အဲဒီနေရာမှာ နေထိုင်တဲ့ဂိုဏ်းသားတွေက မှော်ဆေးလုံးဖော်စပ်တဲ့လမ်းကြောင်းကို လေ့လာလိုက်စားကြတယ်.. သူတို့ထဲမှာ အများစုက မာနထောင်လွှားကြတယ်။
ဒါပေမယ့် လူတိုင်းက မှော်ဆေးလုံးတွေကို အမြဲလိုအပ်လေ့ရှိတာကြောင့် သူတို့နဲ့ပတ်သက်ပြီး အပြစ်မလုပ်မိအောင် ရှောင်ကျဉ်ရတယ်..
ဂိုဏ်းထဲမှာ အမျိုးသမီး တပည့်အရေအတွက် အများဆုံး ပိုင်ဆိုင်တဲ့ဌာနလည်း ဖြစ်တယ်။သူတို့အားလုံးက အရမ်းကိုနှစ်လိုဖွယ် ကောင်းပြီး မျက်စိပသာဒ ဖြစ်စေတယ်။
မင်းလည်း အရွယ်ရောက်ရင် သူတို့ထဲက တစ်ယောက်ကို လက်ထပ်နိုင်ဖို့ကြိုးစားပေါ့ အဲဒါဆိုရင် မင်းရဲ့ကျင့်ကြံခြင်းက သူတို့ရဲ့ မှော်ဆေးလုံး အကူအညီကိုယူပြီး မြန်ဆန်လာလိမ့်မယ်”
တိမ်ကွယ်တောင်ထိပ်သည် အပြင်စည်းဂိုဏ်းသားအချို့ နေထိုင်သည့်နေရာ ဖြစ်သည်။
နောက်ဆုံးတွင် သူတို့နှစ်ယောက်သည် တိမ်ကွယ်တောင်ထိပ်သို့ ရောက်လာကြပြီး ယုစန်းလျန်သည် တောင်ထိပ်သို့မရောက်မီ လေးနာရီလုံး စကားကို မရပ်မနားပဲ ပြောခဲ့သည်။
အခြားဂိုဏ်းသားများအတွက် ယုစန်းလျန်သည် အရှုပ်ထုပ်ဖြစ်သော်လည်း ဖန်ရှင်းအတွက်တော့ ချင်းယွင်ဂိုဏ်း၏ အတွင်းရေးများနှင့် အချက်အလက်တစ်ချို့ကို သိရှိခဲ့ရသည်။
ယုစန်းလျန်အတွက်တော့.. ဂိုဏ်း၏အတွင်းရေးများနှင့် ပတ်သက်ပြီး သူမည်မျှထိ သိရှိကြောင်း ဖန်ရှင်းကိုပြသရန် အခွင့်အရေး ရလိုက်သလိုပင်။
“အဲဒီနားမှာတော့ အတွင်းစည်းဂိုဏ်းသားတွေ နေထိုင်ကြတယ်.. အကြောင်းပြချက် မယ်မယ်ရရမရှိဘဲနဲ့တော့ အဲဒီနားကို မသွားလေနဲ့”
“ဒီနေရာကတော့ ဂိုဏ်းရဲ့စည်းကမ်းကို ချိုးဖောက်တဲ့သူတွေ နေတဲ့နေရာပဲ”
“ဒါကတော့ အချက်အပြုတ်ဌာနပဲ.. အပြင်စည်းဂိုဏ်းသားတွေက အဲဒီမှာစားချင်ရင် တစ်လကို ငွေသားတစ်ရာ ပေးရတယ်”
“ဒါကတော့ ဉာဏ်အလင်းရခန်းမပဲ.. အဲ့ဒီထဲမှာ အရေးကြီးတဲ့.. မှော်စာလုံးကျင့်စဉ်တွေနဲ့ စာအုပ်များစွာကို သိမ်းထားတယ် ဒါပေမယ့် အတွင်းစည်းဂိုဏ်းသားတွေပဲ.. အဲဒီထဲကို ဝင်ခွင့်ရှိတယ်”
“မင်းနေရမယ့်နေရာက.. သတ္တုတွင်းတွေနဲ့ နီးတဲ့နေရာမှာပဲ.. ဒါကြောင့် မင်းဘာပဲလိုအပ်လိုအပ် ငါ့ကိုပြောလို့ရတယ်”
ယုစန်းလျန် ပြသောနေရာတွင် အိမ်ရာအနည်းငယ်သာ ကျိုးတိုးကျဲတဲဖြင့် ရှိနေပြီး ပုံမှန်မဟုတ်သော မြူများက ထိုနေရာကို ဖုံးလွှမ်းထားသည်။
ချိုင့်ဝှမ်း၏ အကျယ်အဝန်းက ကြီးမားပြီး အိမ်ကအနည်းငယ်သာ ရှိသဖြင့်
စည်ကားသော ခံစားမှုကိုတော့ ရရှိနိုင်မည် မဟုတ်သော်လည်း ပတ်ဝန်းကျင်ကတော့ အတော်ပင် သာယာသည်။
တောင်ထိပ်ရေတံခွန်ငယ်လေးမှ ရေများကျဆင်းလာပြီး
လေပြင်းများ တိုက်ခတ်သောကြောင့် ဝါးပင်လေးများပင် လှုပ်ရမ်းနေလေသည်။
ယခုနှစ်သည် ချူဖန်းနိုင်ငံ၏ ဆောင်းဦးရာသီ နှောင်းပိုင်းတွင်ပင် ရှိသေးသော်လည်း ချင်းယွင်ဂိုဏ်း ဌာနခွဲများတွင်တော့ ဝိဉာဉ်သွေးကြောများ နိုးထလာသူများသည် နွေဦးပန်းပွင့်များနှင့်အတူ စီးဆင်းလျက်ရှိသည်။
တိမ်ကွယ်တောင်ထိပ်သည် ယုစန်းလျန်၏ အပြောအရဆိုလျှင် အပြင်စည်းဂိုဏ်းသားများ အတွက် နေရာချပေးထားသော ဌာနဆယ်ခုအနက်မှ တစ်ခုသာဖြစ်ပြီး ယုစန်းလျန်သည်
တိမ်ကွယ်တောင်ထိပ်နှင့် အနီးဆုံးချိုင့်ဝှမ်းတွင် နေထိုင်သည်။
အပြင်စည်းဂိုဏ်းသားများသည် အိမ်ငယ်လေးများဖြင့် ထိုနေရာတွင် နေထိုင်ကြပြီး ဝိဉာဉ်အဆင့်လေးသို့ ရောက်လာရင်ပို၍ ကောင်းမွန်သောနေရာသို့ ပြောင်းရွှေ့ခွင့်ရသည်။
အကယ်၍ ဝိဉာဉ်အဆင့်ခုနစ်ကိုသာ ရောက်ရှိနိုင်ခဲ့ပါက အကြီးအကဲပင် ဖြစ်လာနိုင်ပြီး ကျင့်ကြံခြင်းအရင်းမြစ်များ ထောက်ပံ့ခံရနိုင်ကာ တောင်ထွပ်များကိုပါ ချီးမြှင့်ခြင်းခံရနိုင်သည်။
သူတို့နှစ်ယောက် ရောက်ရှိလာသည်နှင့် တစ်ပြိုင်ထဲမှာပင် အမျိုးသားတစ်ယောက်က သူတို့အနားသို့ ရောက်လာခဲ့သည်။
ထိုသူသည် ဝိဉာဉ်အဆင့်နှစ်တွင်ပင် ရှိသေးသော်လည်း ဒီနေရာ၏တာဝန်ခံ ဖြစ်သည်။ ဖန်ရှင်း၏ရာထူးကို စစ်ဆေးပြီးနောက် စမ်းချောင်းဘေးအိမ်နေရာတွင် နေရာချပေးလိုက်ပြီး အချက်ပြုတ်ဌာနမှ အစာမှာစားမည်လားဟု မေးလိုက်သည်။
“မင်း အဲဒီက မှာစားရင် တစ်လကို ငွေတစ်ရာပေးရမှာနော်”
ယုစန်းလျန်က သတိပေးလိုက်သည်။
ဖန်ရှင်းက ပြုံးပြလိုက်ပြီး
“ငါ့မှာပိုက်ဆံမှမရှိတာ မင်းငါ့ကို ငွေသားတစ်ရာ ချေးထားလိုက်.. နောက်ကျရင်.. ငါပြန်ပေးမယ်”
ဖန်ရှင်းက ယုစန်းလျန်ကို ကြည့်ပြီး ခပ်တိုးတိုးရယ်လိုက်ကာ
“မင်းမှာ..ဒီငွေလောက်တောင်မရှိဘူးလား”
ဖန်ရှင်းက သူ၏ချမ်းသာမှုကို ယုစန်းလျန်မသိအောင် ဖုံးကွယ်ထားသည်။သူ့တွင် ငွေစုလက်မှတ်များ ရှိသည်မဟုတ်ပါလား။
ကံဆိုးစွာဖြင့် ယုစန်းလျန်သည် ငွေအလုံအလောက်မပါခဲ့ပါ။
သူတို့ကတာဝန်ခံကို နောက်နေ့မှပေးမည်ဟု ဈေးဆစ်လိုက်ပြီး တာဝန်ခံက သဘောတူလိုက်သည်။
သို့သော် တာဝန်ခံ၏အကြည့်တွင် ဖန်ရှင်းကို အထင်သေးနေသည်ကို အထင်အရှား တွေ့လိုက်ရသည်။
ကျင့်ကြံခြင်းလောကတွင် ထူးခြားသော စွမ်းရည်မရှိပါက ရှင်သန်ရန် အကောင်းဆုံးနည်းလမ်းမှာငွေ ဖြစ်သည်။သို့သော် ငွေရှိတိုင်းလည်း
ကျင့်ကြံခြင်းအဆင့်ကို ခုန်ပေါက်အောင် တိုးတက်သွားမည်ဟု မဆိုလိုပေ။ဒီလူငယ်လေးက ငွေတစ်ရာပင် မတတ်နိုင်ပေ။သူတာဝန်ခံသည့် ငွေတစ်ရာပြန်ရပါ့မလားဟုပင် တွေးနေမိသည်။
ဖန်ရှင်းသည် သူ၏စမ်းချောင်းဘေးက အိမ်ကလေးထဲသို့ ပြန်သွားခဲ့သည်။
သူသည် အမှန်တကယ် ဆင်းရဲသားမဟုတ်ကြောင်း မရှင်းပြတော့ပါ။
သူသည် ခြင်များကိုမောင်းထုတ်ရန် ထင်းရှူးပင်ကို မီးရှို့လိုက်ပြီး အိပ်ရာ.. စားပွဲ.. ထိုင်ခုံများကို ရွှေ့လိုက်သည်။
ယုစန်းလျန်သည် တာဝန်ခံကို ဖန်ရှင်းအတွက် အချက်အပြုတ်ဌာနမှ တစ်လစာကို ရှင်းပေးလိုက်သည်။ဖန်ရှင်းအတွက် ပိုက်ဆံစိုက်ပေးရန် အနည်းငယ်ပင် နှမြောခြင်း.. တွန့်ဆုတ်ခြင်း မရှိခဲ့ပါ။
သူကဖန်ရှင်းအတွက် လိုလိုချင်ချင်ပင် ရှင်းပေးလိုက်သည်။
End..Chapter 10