အခန်း(၉) ဝမ်လူရဲ့မျက်နှာဖုံး
“မင်းဒီလိုလေသံနဲ့ ပြောရဲတယ်ပေါ့.. နာချင်နေပြီးထင်တယ်”
နှုတ်ခမ်းမွေး နှင့်လူသည် ရုတ်တရက် အံ့အားသင့်ခဲ့ရသည်။သူတို့အားလုံးသည် အပြင်စည်းဂိုဏ်းသားချင်း တူသော်လည်း ယုစန်းလျန် အလုပ်လုပ်သော အထွေထွေဌာနထက် ဝိဉာဉ်လက်နက်တိုက်က ပို၍အရေးပါသောဌာန ဖြစ်သည်။
လက်နက်တိုက်အစောင့်လုပ်ပြီး ဂိုဏ်းသားသစ်များထံမှ အေးဓားပြတိုက်လာသော ဝိဉာဉ်ကျောက်တုံးများကို အကြီးအကဲများထံ လာဘ်ထိုးထားသဖြင့် အကြီးအကဲများ၏ ပြန်လည်စောက်ရှောက်မှုအောက်တွင် သူတို့က တခြားအပြင်စည်း ဂိုဏ်းသားများထက်အာဏာရှိနေခြင်းဖြစ်သည်။အတိုတုပ်ဆုံးပြောရလျှင် အားကောင်းသောနောက်ခံအင်အားဖြင့်လူမိုက်လုပ်နေခြင်းဖြစ်သည်။
ကလေးငယ်တစ်ဦးက သူတို့ကိုထိုသို့ရိုင်းစိုင်းစွာ.. ပြောဆိုရဲလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပါ။ နှုတ်ခမ်းမွေးနှင့်ယောကျာ်းက
ဖန်ရှင်းအနားသို့ လျောက်လာကာ ကျယ်လောင်စွာရီမောလိုက်ပြီး ဖန်ရှင်း၏ပါးကို ရိုက်ချလိုက်သည်။
“မင်းကငါ့ဆီက.. ဝိဉာဉ်ကျောက်တုံးကို ဓားပြလာတိုက်တယ်..ငါကမပေးတော့ မင်းကငါ့ကိုရိုက်တယ်.. ဂိုဏ်းရဲ့စည်းမျဉ်းတွေက ဒီနေရာမှာ အကျိုးသက်ရောက်မှု မရှိဘူးလား.. မင်းတို့အကြောင်းကို ငါအကြီးအကဲတွေကို တိုင်ပြောမယ်”
ဝိဉာဉ်ကျောက်တုံးများကို.. မလိမ့်တပတ်ဓားပြ
တိုက်နေခြင်းသည် ချင်းယွင်ဂိုဏ်းလို ဖြောင့်မှန်သောဂိုဏ်းအတွက် ရှက်စရာပင်ဖြစ်ပြီး ဂိုဏ်း၏ စည်းကမ်းနှင့်လည်း မညီပေ။
အဆုံးသတ်တွင် ချင်းယွင်ဂိုဏ်းသည် အမှန်တရားကို မြတ်နိုးသော ဖြောင့်မတ်သောဂိုဏ်းသာ ဖြစ်သည့်အတွက် သူတို့သုံးယောက်ကို
ချမ်းသာပေးမည်ဟု မထင်ပေ။
အကြီးအကဲတစ်ချို့ကို လာဘ်ပေးပြီး စည်းရုံးထားသော်လည်း.. မီးစကကြီးလာလျှင်.. ဘယ်သူကမှ တာဝန်ယူလိမ့်မည်မဟုတ်ပေ။
ဖန်ရှင်းက ငယ်ရွယ်သော လူငယ်လေးသာ ဖြစ်သော်လည်း.. သူ့ထက်အစွမ်းအစရှိသောသူများကိုပင်.. အကြောက်အလန့်မရှိပဲ.. အရှက်မရှိတုံ့ပြန်တတ်သည့် လူစားမျိုးဖြစ်သည်။နှုတ်ခေါင်းမွေးနှင့်လူသည် ရုတ်တရက်ပြုံးလိုက်ပြီး ရယ်လိုက်သည်။
“ငါတို့ဘာလို့ရန်ဖြစ်ကြမှာလဲ.. ငါတို့က
ခဏတာတွေ့ဆုံကြတာ မဟုတ်လား”
သူကဖန်ရှင်းအနီးသို့ ကပ်လိုက်ပြီး.. ဟန်ဆောင်အပြုံးတုတစ်ခုကို မျက်နှာပေါ်တွင်.. ဖန်တီးလိုက်သည်။
“ငါတို့မင်းကိုအနိုင်ကျင့်မိတာကို.. စိတ်ထဲမထားပါနဲ့.. ဟား..ဟား.. ငါမြင်နေရတာက မင်းကစိတ်ဆိုးနေတဲ့ပုံပဲ.. ထားလိုက်ပါ.. အခုမင်း ဒီမှာရှိတဲ့လက်နက်ထဲက မင်းစိတ်ကြိုက်လက်နက်ကို ရွေးပါ.. ဒါပေမယ့် သေချာပြီဆိုရင် ငါတို့ကိုပြကြည့်.. ငါတို့မင်းကိုအကြံပေးမယ်”
“ကျေးဇူးတင်ပါတယ်.. အကိုတော်”
ဖန်ရှင်းက လက်နှစ်ဖက်ကိုဆုပ်၍ ဂါရဝါပြုလိုက်ပြီး ကျေးဇူးတင်ကြောင်းပြလိုက်သည်။
နှုတ်ခမ်းမွေးနှင့်ယောကျာ်းသည် သူ့အပေါ်မကောင်းကြံရန် စဉ်းစားနေကြောင်း သိရှိသော်လည်း သူကတော့ အတွင်းဘက်ထိ လမ်းလျောက်လာပြီး သေချာကြည့်လိုက်သည်။
ဖန်ရှင်းသည် အရွယ်အစားမျိုးစုံရှိသော လက်နက်များကို.. တောင်ပုံရာပုံ တွေ့လိုက်သောကြောင့် အံ့သြသွားသည်။မသိလျှင်.. အရောင်းဆိုင်တစ်ဆိုင်ဟုပင် ထင်ရပြီး.. ဓားပျံများ.. အဆောင်လက်ဖွဲ့များ.. အစရှိသည့် လက်နက်ပေါင်းစုံကို.. စင်များဖြင့်တယုတယ သိမ်းဆည်းထားသကဲ့သို့.. ကျိုးပဲ့နေသော လက်နက်များကိုလည်း စုပုံထားသည့်နေရာများကို တွေ့ရသည်။
မြင်လိုက်သည်နှင့် အထင်ကြီးစရာကောင်းသော လက်နက်အများအပြားကိုတွေ့ရပြီး.. တချို့လက်နက်များ၏ စင်များ၌ အသုံးပြုပုံစာအုပ်ငယ်များ.. မှတ်စုများကိုလည်း တွေ့ရသည်။အချို့သောလက်နက်များမှာ စုပုံထားသဖြင့်.. အသုံးပြုလို့ရသေးလား ဆိုသည်ကိုပင် မသိနိုင်ပါ။
အခန်းထဲကို ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် ဒီနေရာကို ရောက်လာတဲ့ တပည့်သစ်တွေက ဘာလို့ဝိဉာဉ်ကျောက်တုံး ပေးကြသလည်းဆိုသည့် မေးခွန်းကို အဖြေရသွားသည်။
ဒီလောက်များပြားသော ပစ္စည်းများထဲမှ.. အရည်အသွေးကောင်းသော လက်နက်ကို ရွေးဖို့ဆိုသည်မှာ.. မည်သို့မှမဖြစ်နိုင်ပါ။လက်နက်အစုတ်ပလုပ်ကို ရွေးချယ်မိဖို့ အခွင့်အရေးက ပိုများနေသည်။
ဖန်ရှင်း၏ ရွေးရခက်နေသော အပြုအမူကိုတွေ့လိုက်ပြီးနောက် လက်နက်တိုက် အစောင့်သုံးယောက်လုံးက ပြုံးနေသည်။
ဖန်ရှင်းသည် ဝိဉာဉ်ကျောက်တုံးမပေးသည့် ပထမဆုံးလူမဟုတ်သော်လည်း.. သူ့အရှေ့မှလူများသည်
လက်နက်ကောင်းကို မရွေးချယ်နိုင်ခဲ့ပါ။ လက်နက်တိုက်ထဲတွင် လက်နက်ပေါင်း သုံးထောင်ကျော်ရှိပြီး အဆင့်နိမ့်လက်နက်များ
ကိုတပည့်သစ်များအား ရွေးချယ်ခွင့်ပြုသည်။
လက်နက်တိုက်အစောင့်သုံးယောက်က အရည်အသွေးကောင်းသော လက်နက်များကို ဖွက်ထားပြီး ဝိဉာဉ်ကျောက်တုံးမပေးသည့်သူများကို.. ညစ်ပတ်ထားကြသည်။
သူတို့ရဲ့ ရွေးချယ်မှုမပါဘဲ.. ကိုယ့်ဘာသာရွေးချယ်ပါက
ဂျင်းမိဖို့ကသာ များသည်။
“ဟဟ.. သူတို့ကငါ့ကို အရည်အသွေးနိမ့်တဲ့ပစ္စည်း ရှိတဲ့နေရာကို မျှားခေါ်သွားကြတာကိုး.. ငါဘယ်လို ပညာပြန်ပြမလည်း ကြည့်နေလိုက်”
ဖန်ရှင်းက ရယ်လိုက်ပြီး ခန်းမ၏အနောက်ဘက် ပစ္စည်းထားရာနေရာသို့ လျောက်လာခဲ့သည်။လက်နက်တိုက်ထဲတွင် အချိန်အကြာကြီး လျောက်သွားနေ၍ မရပါ။
အမွှေးတိုင်တစ်တိုင်ကို မီးထွန်းထားပြီ ထိုအမွှေးတိုင်ကုန်ပါက ရွေးချယ်ခွင့် မရှိတော့ပါ။နှုတ်ခမ်းမွေးက အချက်ပြလိုက်ရာ သူ့အဖော်တစ်ယောက်က အမွေးတိုင်နားသို့ အသာလေးကပ်သွားပြီး လေနဲ့မှုတ်လိုက်သည်
“ဒီအစောင့်တွေက.. အမွှေးတိုင်ကို မြန်မြန်ကုန်အောင်လုပ်ဖို့ ကြံနေတာကိုး”
ဂိုဏ်းသားသစ်များက သူတို့ကို ဝိဉာဉ်ကျောက်တုံးပေးလျှင် အချိန်ကိုပင် အကန့်သတ်မရှိ ပေးနိုင်သည်။
ဝိဉာဉ်ကျောက်တုံးများများပေးလေ ရွေးချယ်ပေးသည့် လက်နက်၏အရည်အသွေး ပိုပြီးကောင်းလေဖြစ်သည်။
လက်နက်တိုက်ကို စောင့်ရသည့်အတွက် လက်နက်နှင့်ပတ်သက်လျှင် သူတို့ထက် မည်သူမျှ ပိုမသိနိုင်ပါ။
ဖန်ရှင်းက သူ၏အသိအမြင်ကျမ်းကို အသုံးပြုလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လက်နက်များ၏အမည်များ.. အသုံးပြုပုံ အချက်အလက်များကို တွေ့ရသည်။
“အဆင့်နိမ့်ဓားပျံ..မှော်စာလုံးတစ်လုံးပါဝင်သည်..သာမန်သတ္တုဖြင့် ပြုလုပ်ထားသည်”
“သိုလှောင်လက်စွပ်.. တစ်စတုရန်းမိုင်၏ လေးပုံတစ်ပုံ အကျယ်အဝန်းရှိသည်။ရွှေသားဖြင့် ပြုလုပ်ထားသည်”
“ကြေးနီဓားပျံ.. မှော်စာလုံးသုံးလုံး ပါဝင်သည်။
ကျိုးပဲ့နေသည်”
ယုစန်းလျန်ပြောခဲ့သလိုပင် လက်နက်ခန်းတွင် အကျိုးအပဲ့လက်နက်များစွာနှင့်သာ ပြည့်နှက်နေသည်။
ဝိဉာဉ်လက်နက်များသည် အရည်အသွေးမည်မျှ ကောင်းမွန်နေပါစေ.. အတွင်းဘက်တွင် ထည့်ထားသော မှော်စာလုံးပျက်စီးသွားပါက သာမန်သတ္တုလက်နက်များနှင့် မခြားပေ။ ထိုလက်နက်များကို ပြုပြင်သောစရိတ်သည် အသစ်ဝယ်ခြင်းထက်ပင် ပို၍ကုန်ကျနိုင်သည်။
ဖန်ရှင်းကရယ်လိုက်ပြီး မည်သည့်လက်နက်ကို ရွေးချယ်ရမလည်း စဉ်းစားနေသည်။
ဖန်ရှင်းက ဓားပျံများ.. သိုလှောင်လက်စွပ်များထက် သူနှင့်သင့်တော်မည့်ပစ္စည်းကိုသာ ရှာဖွေနေခဲ့သည်။သူ့တွင် ဒုတိယဦးလေး လက်ဆောင်ပေးထားသည့် ဓားမြှောင်လည်းရှိနေသည့်အတွက် တခြားလက်နက်များ မလိုအပ်သေးပါ။
ဖန်ရှင်း အမှန်တကယ် လိုအပ်နေသောအရာမှာ ထောက်ပံ့ရေးတွင် အသုံးဝင်သော ဝိဉာဉ်ပစ္စည်းဖြစ်ပြီး.. တိုက်ခိုက်ရာတွင် အသုံးပြုရသောလက်နက် မဟုတ်ပေ။ သူကြီးပြင်းလာသော ဓားပြအုပ်စုမှာတုန်းကဆိုလျှင် သူသာ အမှန်တကယ်နှစ်သက်ပါက ဓားပျံတစ်လက်.. နှစ်လက်လောက်ကို တစ်စုံတစ်ယောက်ဆီမှ အရှက်မရှိလုယူဖို့ နှစ်ခါပြန်စဉ်းစားနေမည် မဟုတ်ပါ။
ဖန်ရှင်းက သူတို့ဝှက်ထားသည့် အရည်အသွေးကောင်းသော ဓားပျံနေရာတွင် ရပ်တန့်သွားသောအခါ အစောင့်များက စိုးရိမ်သွားကြသည်။
ဖန်ရှင်းက ဓားပျံရှာတွေ့သွားမည်ကို စိုးရိမ်သွားကြသည်။အစောင့်တစ်ယောက်က ဖန်ရှင်းကို အနှောင့်အယှက်ပေးရန် ဆုံးဖြတ်လိုက်ပြီး
“ညီလေး မင်းရဲ့အချိန်က ကုန်တော့မယ်နော်.. ရှာမတွေ့သေးရင် ဒီအလံလေးကိုယူဖို့ မင်းကိုအကြံပေးမယ်.. ဒီအလံထဲကို ချီစွမ်းအင်ထည့်လိုက်တာနဲ့ ဒီအလံလေးက မီးတောက်လောင်လာလိမ့်မယ်.. မင်းရဲ့ရန်သူဆီကို မီးတောက်နဂါး ထုတ်လွှတ်နိုင်လိမ့်မယ်”
အသိအမြင်ကျမ်း၏ အကူအညီဖြင့် ကြည့်လိုက်ရာ အလံတွင်မှော်စာလုံးခုနစ်လုံးပါသည်ကို တွေ့လိုက်သည်။
အကြိမ်အနည်းငယ် အသုံးပြုပြီးပါက အမှိုက်ကဲ့သို့ သုံးစားလို့မရတော့သော လက်နက်ဖြစ်သည်။ဒီအလံက ယုစန်းလျန် ဂျင်းထည့်ခံထိသလို တစ်ခါသုံးလက်နက်အမျိုးအစားပင် ဖြစ်သည်။သူက အလံကိုပစ်ချလိုက်ပြီးနောက် သူ၏မျက်လုံးက
အဖိုးတန်အရာကို တွေ့ရှိလိုက်ရသလို တောက်ပသွားသည်။
အခန်းထောင့်တွင် ဖုန်မှုန့်များကပ်နေသော မျက်နှာဖုံးတစ်ခုကို တွေ့လိုက်ရသည်။မျက်နှာဖုံး၏ ထိပ်ဘက်တွင် အနည်းငယ်ပဲ့နေပြီး ဓားခြစ်ရာများကို တွေ့ရသည်။
“ဝမ်လူ၏မျက်နှာဖုံး.. မှော်စာလုံး ၃၆ လုံးပါဝင်သည်”
အသိအမြင်ကျမ်းဖြင့် သေချာစစ်ဆေးလိုက်သောအခါ ဖန်ရှင်းက ထိုမျက်နှာဖုံးကို ပို၍ပင် လိုချင်လာခဲ့သည်။ဝတ်ဆင်သူ၏ ပုံပန်းသဏ္ဍာန်နှင့်အသံအား ၃၆မျိုး ပြောင်းလဲနိုင်သည်။သူသာ ထိုမျက်နှာဖုံးကို ရွေးချယ်ပါကလူ ၃၆ယောက်အဖြစ် ပြောင်းလဲနိုင်သည်။
“ဒါ..ငါရှာနေတဲ့ပစ္စည်းပဲ”
သူသည် ကွေးရန်တောင်မှ ဆယ်ယောက်မြောက် ခေါင်းဆောင် ဖြစ်သည်။ထိုမျက်နှာဖုံးမျိုးက ဓားပြတို့အကြိုက်.. ပစ္စည်းအမျိုးအစားပင်။
“ညီလေး ရွေးပြီးသွားပြီလား..”
နှုတ်ခမ်းမွေးနှင့်လူက ပျော်ရွှင်နေသော လေသံဖြင့် မေးလိုက်သည်။ဖန်ရှင်းက ထိုမျက်နှာဖုံးသမိုင်းကို မသိသေးဟုထင်နေသည့်အတွက် ရှင်းပြနေလေသည်။
“ဒီမျက်နှာဖုံးကို နတ်ဆိုးရဲ့ မိုးကြိုးလျှပ်စီးမီးမျက်နှာဖုံးလို့ ခေါ်တယ်.. ဒီမျက်နှာဖုံးကိုစွပ်ထားရင် နတ်ဆိုးဆီက စွမ်းအားကိုယူသုံးလို့ရပြီး မင်းရဲ့အလားအလာက အကန့်အသတ် မရှိတော့ဘူး”
နှုတ်ခမ်းမွေးတို့အုပ်စု၏ မျက်လုံးထဲတွင် မျက်နှာဖုံးက ဘာတန်ဖိုးမှမရှိပေ။ဖန်ရှင်းကို မကောင်းသည့်အကြံဖြင့် လမ်းဆုံးသို့ အရောက်ပို့နေခြင်း ဖြစ်သည်။
“ညီလေးအတွက်.. တကယ့်ကို အဆင်ပြေတဲ့မျက်နှာဖုံးပဲ.. ညီလေးသာ မျက်နှာဖုံးကိုတပ်လိုက်ရင် လူတိုင်းကအားကျပြီး ငေးနေကြမှာပဲ”
အစောင့်တွေက ဖန်ရှင်းကို မျက်နှာဖုံးကို ရွေးချယ်ရန် တိုက်တွန်းလိုက်ကြသည်။ဖန်ရှင်းက ဆုံးဖြတ်ချက်မချရသေးဟန်.. ဆောင်လိုက်ပြီး မျက်နှာဖုံးကို ပစ်ထုတ်လိုက်သည်။
“ဘာလို့ပစ်ထုတ်လိုက်တာလဲ.. ဒီမျက်နှာဖုံးက ညီလေးနဲ့အသင့်တော်ဆုံးပဲလေ.. ဒီမျက်နှာဖုံးက မင်းရဲ့ကျင့်ကြံခြင်းကို မြန်စေတယ်.. တစ်နှစ်..နှစ်နှစ်အတွင်း.. စတုတ္ထအလွှာကို ဝင်ရောက်နိုင်စေတယ်.. ဒါဆိုရင် အတွင်းစည်းဂိုဏ်းသားပါ ဖြစ်လာနိုင်တယ်”
“ဟုတ်တယ်. မင်းဒီမျက်နှာဖုံးကိုပဲ ရွေးလိုက်တော့ အချိန်လည်းမရှိတော့ဘူး.. နောက်မှမင်းမကြိုက်ဘူးဆိုရင်.. ငါပြန်လဲပေးမယ်”
အစောင့်တွေက အကြီးအကျယ် ဖန်ရှင်းကို ဂျင်းဝိုင်းထည့်နေကြသည်။
“အကိုတော်တို့က ဒီလောက် တိုက်တွန်းနေတော့လည်း.. ဒါပဲယူလိုက်တော့မယ်”
ဖန်ရှင်းက မျက်နှာဖုံးကိုအောက်က ပြန်ကောက်လိုက်သည်။
“ကဲအခုအားလုံး အဆင်ပြေသွားပြီ.. ကျောက်စိမ်း စာလိပ်ကိုယူခဲ့စမ်း.. မှတ်တမ်းတင်ထားရမယ်”
(၃၇)နှစ်မြောက်.. (၁၁)လ…(၁)ရက်နေ့တွင်
အပြင်စည်းဂိုဏ်းသား ဖန်ရှင်းသည် အဆင့်နိမ့်ဝိဉာဉ်ပစ္စည်းကို လက်နက်တိုက်မှ ရရှိခဲ့သည်။
End. Chapter 9