အပိုင်း(၈) ယုတ်ညံ့သောစိတ်ဓာတ်
“မင်းရဲ့တံဆိပ်ကိုပြစမ်း”
စူးရှသော အမိန့်ပေးသံကို ကြားလိုက်ရပြီး အခန်းအပြင်၌ စောင့်နေသော မျက်နှာသေနှင့်လူငယ်ကို တွေ့လိုက်ရသည်။သူကဖန်ရှင်းကို.. အကြီးအကဲဆီသို့ ပို့ဆောင်ပေးလိုက်သည့် လူငယ်ပင်ဖြစ်ပြီး ဖန်ရှင်းလက်ထဲမှ တံဆိပ်ပြားကို ယူကြည့်လိုက်သည်။
“အဆင့်လေးရာထူးပါလား.. နောက်ထပ် အသုံးမကျတဲ့တစ်ကောင် တိုးလာပြန်ပြီ”
“မင်းကို ငါသေချာမှတ်ထားမယ်.. မင်းငါ့ကိုစောင့်နေ”
ဖန်ရှင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး
မုန်းတီးမှုအပြည့်ရှိသော လေသံဖြင့် ကြိမ်းဝါးလိုက်သည်။
ဒီမျက်နှာသေနှင့်လူက ဖန်ရှင်းကို ချင်းမူခန်းမသို့ ပို့ပေးရန် တာဝန်ယူထားရပြီး ယခုအခါ ထိုနေရာသို့ လိုက်ပို့ရန် ငြင်းဆိုနေသည်။
ဖန်ရှင်းအတွက် သတ်မှတ်ထားသောအဆင့်က သူ့အတွက် မှုလောက်စရာမရှိသည့်ပုံ ဖြစ်သည်။ဖန်ရှင်းက ချင်းမူခန်းမကို ကိုယ်တိုင်ထွက်ရှာရန် ဆုံးဖြတ်ခဲ့သည်။
ဖန်ရှင်းသည် မျက်နှာသေနှင့်လူငယ် ညွှန်ပြထားသောနေရာသို့ ဦးတည်၍ လျောက်လာစဉ် မျက်နှာသေအပေါ်တွင် ဆိုးရွားသောကျိန်စာများကို တိုက်လာခဲ့သည်။
“ဒီချင်းမူခန်းမက ဘယ်မှာရှိတာလဲ.. ဒီက
အဆောက်အဦးတွေ အားလုံးက ဆင်တူတွေချည်းပဲ”
“ဒါ..ညီလေးဖန်ရှင်းမဟုတ်လား”
ချစ်ခင်ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာပြီး အဝေးမှနေ၍ အဆီခဲကြီးတစ်ခဲ လိမ့်လာသည်ကို တွေ့လိုက်ရပြီးနောက် သူနှင့်လက်မ အနည်းငယ်အကွာ၌ ရပ်တန့်သွားသည်။
ဝတုတ်တာအိုဆရာ ယုစန်းလျန်က အရက်ကို ညက တစ်ညလုံး သောက်နေခဲ့သည်။
မနက်ကျရင် ဖန်ရှင်းကို မှော်ခေါင်းလောင်း ထိုးသောနေရာတွင် စောင့်နေမည်ဟု ကတိပေးခဲ့ပြီး အိပ်ပျော်သွား၍ မလာနိုင်သောကြောင့် ရှက်ရွံ့နေခဲ့သည်။
အိပ်ရာမှနိုးလာပြီးနောက် ဖန်ရှင်းကျိန်ဆဲတာကို မခံရရန် ခေါင်းလောင်းရှိရာသို့ အလျင်အမြန် ပြေးလာခြင်းဖြစ်သည်။
ဖန်ရှင်းက ယုစန်းလျန်ကို ကြိုဆိုနှုတ်ဆက်လိုက်သည်။
သူက ယုစန်းလျန် အဘယ်ကြောင့် ပြေးလာရသလည်း ဆိုတာကို ရိပ်မိသည်။
“ဒါကအကိုတော်ဝက် မဟုတ်လား.. မင်းဘယ်တွေသွားနေတာလဲ”
ဟုလှောင်ပြောင်လိုက်သည်။
“အာ..ငါ့နာမည်ကယု.. မဟုတ်ဘူး.. ဝက်ပဲထားလိုက်တော့”
ဖန်ရှင်းက အမှန်တကယ်စိတ်မဆိုးသည်ကို မြင်သောအခါ ယုစန်းလျန်က သူရဲ့စိုးရိမ်စိတ်များကို ဖယ်ရှားပြီး ပြုံးပြလိုက်သည်။
“မင်းကိုစောင့်ခိုင်းရတဲ့အတွက် စိတ်မကောင်းပါဘူး ညီလေးဖန်ရှင်း.. ဒါနဲ့မင်းကတစ်ယောက်တည်း ဒီမှာဘာရပ်လုပ်နေတာလဲ.. မင်းကိုလမ်းပြပေးမယ့် အကိုတော်က ဘယ်ရောက်သွားလဲ”
“ငါနဲ့အတူ လိုက်ပါလာတဲ့အကိုတော်က ရုတ်တရက်ဝမ်းသွားချင်လို့ အိမ်သာကို ပြေးသွားတယ်။
ငါသူ့ကိုမစောင့်ချင်လို့ ငါဘာသာ သွားရှာဖို့ ဆုံးဖြတ်လိုက်တယ်”
“ကျင့်ကြံသူတွေကလည်း..အီအီးပန်းတာပဲလား”
“ဘယ်သူက သိနိုင်မှာလည်း.. သူ့ရဲ့အူတွေက ပုပ်သိုးနေတယ်ဆိုတာ..”
ဖန်ရှင်းသည် ယုစန်းလျန်၏ အဆီပြည့်နေသောလည်ပင်းကို ရင်းနှီးစွာ သူ့လက်ကလေးဖြင့် ဖက်လိုက်စဉ်မတိုင်မီ.. နောက်ဆုံးအကြိမ်ဖြင့်
မျက်နှာသေကို ကျိန်ဆဲလိုက်သည်။
ဖန်ရှင်းသည် ပုံမှန်အားဖြင့် ယုစန်းလျန်ထက် လက်မအနည်းငယ်ပုသည်။ဖန်ရှင်းက ယုစန်းလျန်၏ လည်ပင်းကိုဖက်ရန် ခြေဖျားထောက်ခဲ့ရသလို ယုစန်းလျန်ကလည်း ကိုယ်ကိုနှိမ့်ချပေးခဲ့သည်။
“ဘယ်ရာထူးကို မင်းရခဲ့လဲ.. မင်းအဆင့်က ဘယ်လောက်လဲ”
“ကံမကောင်းခဲ့ဘူး..ငါ့ကအနိမ့်ဆုံး အဆင့်လေးရာထူး”
“ဟား..ဟား.. ဒီလိုဆိုရင် ငါတို့ညီနောင်တွေ တူတူပဲပေါ့”
အရွယ်မတူသောဖန်ရှင်းနှင့် ယုစန်းလျန်ကို အဝေးကမြင်ရသည်မှာ အလွန်ကြီးသော အဆီအိုးကြီးနှင့် ပိန်ပါးသော အဆီခဲလေးကဲ့သို့ပင်။သူတို့နှစ်ယောက်က ချင်းမူခန်းမသို့ ပျော်ရွှင်စွာ ချီတက်သွားကြသည်။
ယုစန်းလျန်သည် ဖန်ရှင်းနှင့်တန်းတူဖြစ်နေ၍ မနာလိုခြင်း မဖြစ်ခဲ့ပါ။အပြင်စည်းဂိုဏ်းသားများ၏ တစ်ဝက်ကျော်သည် အဆင့်လေးရထူးတွင်ရှိပြီး.. ရှစ်ဦးသာ အဆင့်နှစ်ရာထူးတွင် ရှိသည်။ကျန်တစ်ဝက်မှာ အဆင့်သုံးရာထူးတွင် ရှိကြသည်။
ထိပ်တန်းအဆင့်တစ် သတ်မှတ်ချက်ကို ရရှိရန် အရည်အချင်းနှင့်စွမ်းရည် ရှိရမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက နောက်ခံကောင်းကောင်း ရှိရမည်ဖြစ်သည်။ထိုသို့သောသူမှာ လက်တစ် ဆုပ်စာသာရှိသည်။
အခြားတစ်ဖက်မှာတော့ ဖန်ရှင်းက စဉ်းစားခန်းဝင်နေသည်။
“အနည်းဆုံးတော့.. ငါဟာအရင်လို အားနည်းတဲ့သူ မဟုတ်တော့ဘူး”
သူတို့နှစ်ဦးက စကားတပြောပြောနှင့် လမ်းလျောက်လာရာ ချင်းမူခန်းမသို့ရောက်ရန် သိပ်တောင် မလိုတော့ပေ။
နောက်ထပ် သစ်သားနဲ့ဆောက်ထားတဲ့ သုံးထပ်အဆောက်အအုံလေးတစ်ခု.. ကြည့်လိုက်သည်နှင့် ပထမတန်းစား ပစ္စည်းများအသုံးပြု၍ ဆောက်ထားခြင်း မဟုတ်ကြောင်း သိနိုင်သည်။သို့သော်အနီးကပ် သေချာစွာကြည့်လျှင် မှော်ဆန်သောလက်ရာများကို ခြယ်သထားပြီး ဖွဲ့စည်းပုံတစ်ခုလုံးက အလွန်ကိုအနုစိတ်လှသည်။
ဒီလိုပုံစံက ရိုးရိုးလေးနဲ့ဆန်းတယ်ဆိုတဲ့ စိတ်ကူးကို ပေါ်ပေါက်လာစေသည်။
ဖန်ရှင်းတို့ လျောက်လာသော လမ်းတစ်လျောက်တွင် ဂိုဏ်းသားတစ်ယောက်က သူတို့ဆီသို့ ဦးတည်လာနေသည်ကို တွေ့လိုက်သည်။
ထိုသူကို အကိုတော်ချောင်ဟု လူသိများပြီး ယုစန်းလျန်၏သူငယ်ချင်း ဖြစ်သည်။ယုစန်းလျန်၏မိတ်ဆက်ပေးမှုဖြင့် ထိုလူက ဖန်ရှင်း၏လက်ကိုဆွဲကာ နှုတ်ဆက်လိုက်သည်။
“မှန်းစမ်း..”
အသိအမြင်ကျမ်း၏ အကူအညီဖြင့် အကိုချောင်မှာ အသက်ကြီးပြီ ဖြစ်သော်လည်း ဝိဉာဉ်အဆင့်လေးတွင်သာ ရှိသေးသည်ကို တွေ့ရသည်။
အကိုချောင်သည် ချင်းမူခန်းမ၏အဖွဲ့ဝင်ဖြစ်ပြီး.. ယုစန်းလျန်မျက်နှာဖြင့် ဖန်ရှင်းကို ထပ်မံ၍ မစစ်ဆေးတော့ဘဲ အပြင်စည်းဂိုဏ်းသားများနေရန် အဆောင်သို့ နေရာချပေးလိုက်ပြီး အပြင်စည်းဂိုဏ်းသားများသာ ဝတ်ခွင့်ရသောဝတ်စုံကို ထုတ်ပေးလိုက်သည်။ချင်းယွင်ဂိုဏ်း၏ ချီဖွဲ့စည်းခြင်း နောက်ဆက်တွဲစာအုပ်နှင့် ကျောက်စရစ်ခဲအရွယ်ရှိ အနီရောင် ကျောက်တုံးတစ်တုံး..(အဆင့်နိမ့်ဝိဉာဉ်ကျောက်တုံး)ကိုပေးခဲ့ပြီး ဖန်ရှင်းကို ဝိဉာဉ်လက်နက်များ ရွေးချယ်ရန် လက်နက်ခန်းမသို့
ပို့ဆောင်လိုက်သည်။
“ဒါကို ကျောက်တုံးလေးတစ်တုံးဆိုပြီး အထင်မသေးလိုက်နဲ့.. မင်းလိုချင်တဲ့ပစ္စည်းနဲ့ လဲလှယ်လို့ရပြီး ကျင့်ကြံခြင်းအတွက်လည်း အသုံးချလို့ရတယ်”
ယုစန်းလျန်က ဖန်ရှင်းနားမလည်သည်များကို သေသေချာချာ ရှင်းပြပေးသည်။
“ဒီလိုဝိညာဉ်ကျောက်တုံးကို သုံးလမှတစ်ကြိမ် ဂိုဏ်းက ထောက်ပံ့တယ်”
“ဒါပေမယ့် ငါတို့နေထိုင်တဲ့ ကမ္ဘာကြီးက ရိုးရိုးဝိဉာဉ်ကျောက်တုံးတစ်တုံးက ရွှေသားတစ်ရာလောက် တန်ဖိုးရှိတယ်”
“သုံးလမှတစ်ကြိမ်ပဲလား.. ဘာလို့ဒီဂိုဏ်းက ဒီလောက်မွဲနေတာလဲ”
“သုံးလတစ်ကြိမ်ကပဲ လုံလောက်နေပါပြီကွာ
ငါတို့က အရည်အချင်းမမီလို့လည်း ဖြစ်မှာပေါ့ကွာ.. ငါတို့အားလုံးက အပြင်စည်းဂိုဏ်းသာချင်း တူပေမယ့် အဆင့်သုံးရာထူးကျတော့ နှစ်လကိုတစ်ကြိမ်ရတယ်.. အဆင့်နှစ်ရာထူးရရင် တစ်လကိုတစ်ကြိမ်ရတယ်.. အဆင့်တစ်ရာထူးသမားကတော့ တစ်လကို ဝိဉာဉ်ကျောက်တုံးနှစ်တုံးတောင် ရတယ်”
“ဟမ့် ပိုက်ဆံထုတ်တွေလို့ ဆိုလိုချင်တာလား.. တစ်နေ့ငါသူတို့ဆီက.. ချေးပြမယ်”
ဖန်ရှင်းက အမှန်စင်စစ် အဆင့်တစ်ရာထူးသမားဆီက ဓားပြတိုက်ရန် ကြိုတင်ကြံစည်နေခြင်း ဖြစ်သည်။
“မင်း..တကယ်လုပ်မလို့လား.. မင်းလုပ်မယ်ဆိုရင်တောင် အဆင့်တစ်ရာထူးသမားတွေကိုရှောင်.. သူတို့ဘာပဲလုပ်လုပ် အကြီးအကဲတွေက သူတို့ကို အပြစ်ပေးမှာမဟုတ်ဘူး.. မင်းဝိညာဉ်ကျောက်တုံးတွေ လိုချင်သေးရင် ငါတခြားဌာနက ဝန်ဆောင်မှုအချို့နဲ့ မင်းကို မိတ်ဆက်ပေးမယ်.. အဲဒါဆိုရင် ဝိဉာဉ်ကျောက်တုံးထပ်ရပြီး မင်းကသုံးလကို ဝိဉာဉ်ကျောက်တုံးနှစ်တုံး ရရှိလာမယ်”
“ဒါကငါ့အတွက် သိပ်မသင့်တော်ဘူး ဆိုပေမယ့်.. ကမ်းလှမ်းချက်ကိုတော့ စိတ်ဝင်စားတယ်”
သူတို့နှစ်ဦးသည် ဝိဉာဉ်လက်နက်ခန်းမသို့ ရောက်သောအခါ ယုစန်းလျန်က တစ်ခုခုကို သတိရသွားသည်။
“မင်း..ခန်းမထဲကိုရောက်ရင်.. စောင့်နေတဲ့အကိုတွေကို.. ဝိဉာဉ်ကျောက်တုံးကိုပေးလိုက်.. သူတို့မင်းအတွက် သင့်တော်တဲ့လက်နက်ကို ရွေးပေးလိမ့်မယ်”
“မင်းငါ့ကိုနောက်နေတာလား.. သုံးလမှတစ်တုံးပဲရတဲ့ဟာကို.. ဒီစောက်ရူးတွေကို ပေးစရာလား”
ဖန်ရှင်းက စိတ်အချဉ်ပေါက်လာခဲ့သည်။
ဖန်ရှင်းပြန်ဖြေတာကို ကြားလိုက်သောအခါ ယုစန်းလျန်က အလျင်အမြန် ရှင်းပြလိုက်သည်။
“ညီလေးဖန်ရှင်း.. ဒါကတကယ်တန်တယ်ဆိုတာ မင်းသိလာလိမ့်မယ်.. လက်နက်တိုက်ထဲက ပစ္စည်းအားလုံးက အရင်အကြီးအကဲတွေ ကိုင်ခဲ့တဲ့လက်နက်ချည်းပဲ.. ဒါပေမယ့် အသုံးမဝင်တဲ့ လက်နက်တွေက တစ်ပုံတစ်ပင်ပဲ.. မင်းက လက်နက်တိုက်က အကိုတော်ကို ဝိဉာဉ်ကျောက်တုံးပေးလိုက်ရင် သူကမင်းကို အကောင်းဆုံးလက်နက် ရွေးပေးလိမ်မ့ယ်”
“ဒီခန်းမထဲကို ငါဝင်တုန်းက ဝိဉာဉ်ကျောက်တုံးကို မပေးခဲ့ဘူး..ငါကဓားကို ရွေးလိုက်တော့ အလွှာလေးမျိုးစွမ်းအင်ကို ထုတ်လွှတ်ပေးနိုင်တယ်လို့ ပြန်ဖြေခဲ့တယ် ဒါပေမယ့် တစ်ခါပဲသုံးလို့ရတယ် ဆိုတာတော့ မပြောပြခဲ့ဘူး အခုလက်ရှိအစောင့်က.. ငါ့တုန်းက ဂျင်းထည့်လိုက်တဲ့အစောင့်ပဲ”
“ဒါဆိုမင်းက ဂျင်းထည့်ခံထိတဲ့ ငတုံးတစ်ယောက်ပေါ့”
ဖန်ရှင်းသည် ယုစန်းလျန်ကို လှောင်ပြောင်နေသော်လည်း အမှန်တကယ်တော့ ကျေးဇူးတင်နေခဲ့သည်။
ဖန်ရှင်းသည် လက်နက်တိုက်သို့ ရောက်သောအခါ ဝင်ပေါက်ထဲသို့ ဝင်သွားခဲ့သည်။
ရုတ်တရက် အခန်းတစ်ခုလုံး ကြားရသည့် ကျယ်လောင်သော အော်သံထွက်ပေါ်လာသည်။
“ဘယ်ကအရိုင်းအစိုင်းလဲ.. ဒါဘယ်နေရာမှတ်နေလဲ.. ဒါကဝိဉာဉ်လက်နက်တိုက်ကွ..မင်းကဘယ်သူလဲ”
ခန်းမအနောက်က လူသုံးယောက် ခုန်ထွက်လာသည်ကို တွေ့ရသည့်အခါ ဖန်ရှင်းက ရုတ်တရက်နောက်ကို ခုန်ဆုတ်လိုက်သည်။
ဦးဆောင်လာသူမှာ အသက်သုံးဆယ်ခန့်ဖြစ်ပြီး နှုတ်ခမ်းမွေးအနည်းငယ်နှင့်ပိန်သောခန္ဓာကိုယ်ရှိသည်။
သူ၏မျက်လုံးများသည် စိုက်ခင်းသုံးမှ ကြွက်ငယ်၏ မျက်လုံးများထက် ပို၍ပြူးသည်။
အသိအမြင်ကျမ်း၏ အကူအညီဖြင့် ဖန်ရှင်းက သူတို့၏ကျင့်ကြံမှုအဆင့်ကို သိနိုင်ခဲ့သည်။ နှုတ်ခမ်းမွေးသည် ဝိဉာဉ်အဆင့်သုံးတွင်ရှိပြီး ကျန်နှစ်ဦးမှာ အဆင့်နှစ်တွင်ရှိသည်။
သူတို့ကို မိတ်ဆက်ဖို့လိုတယ်လို့ ဖန်ရှင်းကသဘောပေါက်ပြီး ယဉ်ကျေးသောအသံဖြင့်
“ကျနော့်နာမည်ဖန်ရှင်းပါ.. အပြင်စည်းတရားရုံးက တပည့်တစ်ယောက်ပါ။
ကျေးဇူးပြုပြီး ကျနော့်ရဲ့တံဆိပ်ပြားကို စစ်ဆေးပေးပါ”
ဖန်ရှင်းက ရိုရိုသေသေပြောပြီး တံဆိပ်ပြားကို
လှမ်းပေးခဲ့သည်။
ဖန်ရှင်း၏အပြုအမူကို ကျေနပ်နေသော နှုတ်ခမ်းမွေးသည် သူ၏နှုတ်ခမ်းမွေးကို လက်နှင့်သပ်လိုက်ပြီး သွားများပေါ်တဲ့အထိ ပြုံးပြလိုက်သည်။
“ငါသိပြီး.. ဒီမနက်က မှော်ခေါင်းလောင်းကိုတီးခဲ့တာ မင်းပဲဖြစ်ရမယ်.. မင်းဒီကစည်းကမ်းတွေကို သိပြီးပြီလား”
သူကဖန်ရှင်းကို ဝိဉာဉ်ကျောက်တုံးနှင့်ပတ်သက်၍ အရိပ်အမြွက် ပြောလိုက်ခြင်းဖြစ်သည်။
“အကိုတော်တို့က.. ဘာကိုပြောချင်တာလဲ”
ဖန်ရှင်းက မသိဟန်ဆောင်၍ မေးလိုက်သည်။သူသည် အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ သူ၏တစ်ခုတည်းသော ဝိဉာဉ်ကျောက်တုံးကို စွန့်လွှတ်ရန် စိတ်ကူးမရှိပေ။
ထို့ပြင်ဝိညာဉ်လက်နက် ကောင်းမကောင်းသိရန် အများစုက အကူအညီ လိုအပ်သော်လည်း သူကတော့ အသိအမြင်ကျမ်း အားကိုးဖြင့်.. အကူအညီ မလိုအပ်ပေ။အသိအမြင်ကျမ်းလောက် ဘယ်သူမှ တိကျစွာ အကဲမဖြတ်နိုင်ပါ။
“မင်းဘာတွေ ရူးချင်ယောင်ဆောင်နေတာလဲ.. ဝိဉာဉ်ကျောက်တုံးကို မြန်မြန်ယူလာခဲ့”
နှုတ်ခမ်းမွေးက စိတ်မရှည်တော့ဟန်ဖြင့် အော်ပြောလိုက်သည်။
ဖန်ရှင်းက ထိုလူ၏လေသံကိုကြားပြီးနောက် သူ၏လေသံကိုပါ ပြောင်းလဲလိုက်တော့သည်။
မူလက ဝိဉာဉ်ကျောက်တုံးကိုပေးဖို့ ဆန္ဒအနည်းငယ်ရှိခဲ့သော်လည်း ယခုတော့ လုံးဝမပေးတော့ရန် ဆုံးဖြတ်လိုက်သည်။
သူက ကျယ်လောင်သောအသံဖြင့်
“သုံးလနေမှ ဝိဉာဉ်ကျောက်တုံး တစ်တုံးရတာ.. ဘာကိစ္စ..မင်းတို့လို အယုတ်တမာကောင်တွေကို ပေးလိုက်ရမှာလဲ”
End.. Chapter 8