Switch Mode

Chapter – 6

ထောင်ချောက်ဆင်ခြင်း

အပိုင်း(၆) ထောင်ချောက်ဆင်ခြင်း

ယုစန်းလျန်၏ အဖော်နှစ်ဦးပင် ထိတ်လန့်သွားသည်။ရှေးယခင် ကတည်းက အပြင်စည်းဂိုဏ်းသားကို အလုပ်ကြမ်းသမားက ဗျင်းသည့် ရာဇဝင်မျိုးကို သူတို့ မကြားဖူးခဲ့ချေ။

ဂိုဏ်းတွင် တင်းကျပ်သော စည်းမျဉ်းများ ရှိရုံမက အပြင်စည်းဂိုဏ်းသားများသည် ချီကိုသုံးနိုင်ကြပြီး
အလုပ်ကြမ်းသမား တစ်ယောက်ကို လေပေါ်
ပျံဝဲနေအောင် ကန်နိုင်စွမ်း ရှိကြသည်။

အဖော်နှစ်ယောက်သည် သူတို့မြင်ခဲ့ရသည့် မြင်ကွင်းကို အလွန်ခြောက်ခြားသွားပြီး ကြောင်ငေးကာ စက္ကန့်အနည်းငယ်ကြာမှ သတိပြန်ဝင်လာခဲ့သည်။

“အကိုယုကို.. လွှတ်ပေးလိုက်ပါ”

“သေချင်နေတာလား”

ဖန်ရှင်းသည် မတ်တပ်ရပ်နေရင်းနဲ့မှ သူ၏ချီအတွင်းအားကို ထပ်အားဖြည့်လိုက်ပြီး ယုစန်းလျန်နှင့်ပါလာသော အပြင်စည်းဂိုဏ်းသားနှစ်ဦးကို ဖိအားပေးလိုက်သည်။

သူတို့နှစ်ယောက်ထဲမှ တစ်ယောက်မှာ ဖန်ရှင်းကို မထိန်းချုပ်နိုင်လောက်အောင် ကြောက်ရွံ့သွားသည်။

“ဝမ်ဇီ.. သရဲမျက်နှာ.. တင်းတိပ်မျက်နှာ.. မင်းတို့သုံးယောက်လုံး.. ဒီနှစ်ကောင်ကို ကြိုးနဲ့တုပ်ထားလိုက်”

ဖန်ရှင်းက ဆေးစိုက်ခင်းမှ ဆေးပင်များကို ခူးရန် အမိန့်ပေးလိုက်ပြီး အပြင်စည်းဂိုဏ်းသား နှစ်ယောက်၏ အကျီထဲသို့ အတင်းထိုးထည့် ထားလိုက်သည်။

“ကြွက်ငယ်နဲ့နွားလေး.. မင်းတို့နှစ်ကောင်က ဆေးပင်ဌာနကို သွားပြီး စိုက်ခင်းမှာ လာခိုးတဲ့ သူခိုးသုံးကောင်ကို မိထားတယ်လို့ အကြောင်းကြားလိုက်”

“သူဌေး.. တကယ်လုပ်ရမှာလား”

“မင်းဘာတွေကို ကြောက်နေတာလဲ.. ဒီသုံးကောင်စလုံးက ဆေးပင်ဌာနက လွှတ်လိုက်တဲ့သူ မဟုတ်ဘဲ.. ဒီလိုစိုက်ခင်းမှာ လာပြီး ခြိမ်းခြောက်ရဲတာ ဘယ်လောက်တောင် ကြီးလေးတဲ့ ပစ်မှုလဲ”

ဆေးပင်ဌာနက အခြားဌာနများ ဝင်ရောက် စွက်ဖက်ခြင်းကို ကြိုက်နှစ်သက်သော ဌာန မဟုတ်ပေ။

“ကြွက်ငယ်.. မင်းဘာကို ကြောက်နေတာလဲ.. သူတို့သုံးယောက်က ငါတို့ဆီလာပြီး ဆေးပင်တွေပေးဖို့ အကျပ်ကိုင်တယ်လို့ ပြောရုံပဲဟာ”

“ငါအဆင်ပြေပါတယ် သူဌေး”

နောက်ဆုံးတွင် ကြွက်ငယ်သည် ဖန်ရှင်း၏
သဘောကိုရိပ်မိသွားပြီး ခေါင်းညိတ်လိုက်သည်။

ဝမ်ဇီတို့ အုပ်စုကလည်း အပြင်စည်းဂိုဏ်းသားများကို ချည်နှောင်ပြီးပြီ ဖြစ်သည်။

ကြွက်ငယ်တို့ ထွက်သွားခါနီးတွင် ယုစန်းလျန်၏အသံ ထွက်လာခဲ့သည်။

“ခဏလေး.. စောင့်ပါဦး”

တကယ်တမ်း ဖန်ရှင်း၏ ချောက်ထဲတွန်းချမည့် အစီအစဉ်ကို ကြားလိုက်သောအခါ ယုစန်းလျန်၏ခေါင်းက နှစ်ဆလောက် ကြီးသွားသည်။

သူက အမှန်တကယ်တွင် ဆေးပင်ဌာနမှ မဟုတ်သကဲ့သို့ ဤနေရာတွင် ရှိနေရန် အကြောင်းပြချက် မရှိချေ။

သူနှင့်အဖော်နှစ်ယောက်ကို သူခိုးအဖြစ် ထောင်ချောက်ဆင် စွပ်စွဲသည်ကို အံ့သြမိသော်လည်း

“နောက်နေ့တွင် ဂိုဏ်းတစ်ခုလုံးကို ချက်ချင်းသိမ်းပိုက်မည်”

ဟု မဖြစ်နိုင်သည့် အတွေးရှိနေသော ပေါကြောင်ကြောင် လူမိုက်တစ်ယောက်တော့ မဟုတ်ပေ။

သူက ဂိုဏ်းထဲတွင် ရှိနေတာ အတော်ကြာပြီ ဖြစ်သောကြောင့် ဂိုဏ်းသားများ၏ အထာကို နပ်နေပြီဖြစ်သည်။

ချင်းယွင်ဂိုဏ်း၏ စည်းမျဉ်းများတွင်
လိုက်နာရမည့် သံမဏိ စည်းမျဉ်းများလည်း ရှိသည်။

ဂိုဏ်းထဲတွင် အဆင့်မြင့်သူများသည်
အဆင့်မြင့် တာဝန်များကို ထမ်းဆောင်သောအခါ
သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ကို ရယူရသည်။

ထိုသို့ စည်းမျဉ်း မထုတ်ထားလျှင် ရာထူးကြီးသောသူက သက်ဆိုင်ရာ ဌာနများကို ဝင်ရောက်စွက်ဖက်နိုင်ပြီး အုပ်ချုပ်ရေးကို ကမောက်ကမ ဖြစ်စေနိုင်ပေသည်။

ယုစန်းလျန်က အမှန်အတိုင်း ပြောပြရင်ရော ဘယ်သူက ယုံကြည်မှာလဲ..

ဆယ်နှစ်အရွယ် ကောင်လေးက.. ခြိမ်းခြောက်နေပါတယ်လို့ သွားတိုင်ရင်.. သူ့အရှက်ကွဲဖို့ပဲ ရှိသည့်အပြင် အထိုးခံရသည်ဟု သွားတိုင်ရင်လည်း ဝိုင်းရယ်ခံရနိုင်သည်။

ထို့ပြင် သူ၏လုပ်ဖော်ကိုင်ဖက်များ သိသွားပါက သူ့ပင် လှောင်စရာ ဖြစ်လာနိုင်ပြီး အထွေထွေဌာနမှ သိသွားပါက သူ့ကို အမြင်စောင်းသွားနိုင်သည်။

“ဖန်ရှင်း.. ဒီပြသနာကို ကြီးမားအောင် မလုပ်လို့ မရဘူးလား”

ယုစန်းလျန်က ဖန်ရှင်းတို့စိုက်ခင်းကို ဝင်ရောက်လာသည်မှာ သူ့ကိုရန်ပြုရန် မဝံ့ရဲဟု ထင်မြင်၍ဖြစ်သည်။

ပို၍သေချာစေရန် သူ၏ အဖော်နှစ်ယောက်ကို ခေါ်လာသော်လည်း အဆုံးသတ်၌ သူတို့သာ ဒုက္ခရောက်ခဲ့ရသည်။

ဖန်ရှင်းသည် စိတ်ကူးပင် မယဉ်မိသော အဖြစ်အပျက်ကို သူတို့အား နဖူးတွေ့ဒူးတွေ့ ကြုံစေခဲ့သည်။

သူတို့ကို နှိပ်စက်သည့်အပြင် အဖိုးတန် မှော်ဆေးပင်များကိုပါ ဆွဲနှုတ်ခဲ့ပြီး ထောင်ချောက်ဆင်ခဲ့သည်။

ထိုမျောက်လောင်းက အပင်ကို ဆွဲနှုတ်သည်ဟု သွားပြောရင်လည်း မည်သူမျှ ယုံကြမည်မဟုတ်ပေ။

ယင်းမှာ ကလေးတစ်ယောက်၏ လုပ်နိုင်စွမ်း အကန့်အသတ်ကို သိထားကြသောကြောင့်ဖြစ်သည်။

သို့သော် ထိုထဲတွင် ဖန်ရှင်းမပါဝင်ခဲ့ပေ။
အခန့်မသင့်လျှင် သူပါဂိုဏ်းထဲမှ ထွက်သွားရနိုင်သည်။

ယုစန်းလျန်က လွတ်မြောက်ဖို့ ကြိုးစားလည်း မဖြစ်နိုင်မှန်းကို သိသည်။

သူ၏အပြုအမူများကို အနူးညံ့ဆုံး ဖြစ်သွားအောင် ပြောင်းလဲရန် အချိန်အနည်းငယ်သာ ယူလိုက်ရသည်။

“အားလုံးနားလည်မှု လွဲနေပြီထင်တယ်.. ငါတို့က လမ်းကြုံလို့ စတာပါ.. ဆေးပင်ဌာနက အကိုတွေ အလုပ်များနေလို့ ဝင်ကြည့်ပေးရုံပါပဲ”

ဖန်ရှင်းမှလွဲ၍ ဝမ်ဇီတို့အားလုံးသည် အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ဖန်ရှင်းက ယုစန်းလျန် ထိုသို့ပြောမည်ကို ကြိုသိနေသကဲ့သို့ ပြုံးတုံ့တုံ့လုပ်နေပြီး ရုတ်တရက် ကောက်ကျစ်စွာ ပြုံးလိုက်သည်။

“အိုး.. ဒါ ငါမှားတာပါ.. အချစ်ဆုံးအကိုတော်
ဝက်ရယ်.. စောစောထဲက ဒီလိုပြောရင် အသားမနာတော့ဘူးပေါ့”

“ငါ့နာမည်က ဝက်မဟုတ်ဘူး..ယုကွ”

ဖန်ရှင်းက ကြိုးဖြည်ရန် အမိန့်ပေးလိုက်ပြီးနောက် ယုစန်းလျန်တို့ ရောင်းရင်းသုံးဦး လွတ်မြောက်လာသည်။

ထိုအချိန်တွင် အကိုယု၏ခေါင်းထဲ၌ အတွေးပေါ်လာသည်။

“ခုနက သူငါ့ကို အလစ်တိုက်လိုက်လို့ ခံလိုက်ရတာဖြစ်မယ်.. အခုနေ ဆော်ထည့်လိုက်ရင်.. ဒီကောင်ပြန်ခံရမှာပဲ”

ထိုသို့တွေးမိနေစဉ်မှာပင် သူ၏နားထဲ၌ အရိုးကွဲမတတ် အေးစိမ့်နေသော အသံကို ကြားလိုက်ရသည်။

“မိုက်မဲတဲ့ ဝက်ပုပ်.. ပေါက်ကရလုပ်ဖို့ မစဉ်းစားနဲ့.. နောက်ဆုံးမှာ ဘယ်သူက အနိုင်ရမလည်းဆိုတာ မင်းသိချင်လား”

ယုစန်းလျန်သည် ရုတ်တရက် သူ၏လည်ပင်းကို ချွန်ထက်သောဓားနှင့် ထောက်ခံရသလို  တင်းကျပ်စွာ ခံစားရသည်။

“ဒီမျောက်ကအရူးလိုပဲ”

“ကောင်းပြီလေ.. ဒီတစ်ခါတော့ ငါရှုံးတာ.. ဝန်ခံတယ်.. နောက်တစ်ခါ ထပ်တွေ့မယ်ဆိုရင်…”

“ဟုတ်တယ်.. မင်းငါ့ကို သေချာပေါက်တွေ့ရမယ်.. မကြာခင် ငါအပြင်စည်းဂိုဏ်းသား ဖြစ်လာတော့မယ်”

“မင်းလည်း ချီကိုခံစားမိနေပြီလား.. ချီကို
သွေးကြောတွေထဲကို ဖြန့်ပြီးပြီလား”

သူက ဂရုတစိုက် မေးလိုက်သည်။

ဖန်ရှင်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး

“ဒီလောက်လေးက ဘာမှခက်တဲ့အရာမှ မဟုတ်တာကွာ..”

ဟု ဂရုမစိုက်သည့်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

ထို့နောက်

“ဝိဉာဉ်ဆိုင်ရာအဆင့်တွေ ဘယ်လိုခွဲခြားလည်း မင်းသိလား..”

ဟု ယုစန်းလျန်ကို မေးလိုက်သည်။

ထိုစကားကိုကြားပြီးနောက် ဟောင်ဖွာဟောင် ဖွာလုပ်နေသော ဝတုတ် တာအိုဆရာသည် ရှေ့တွင် ပြသနာရှာမိခဲ့တာကို နောင်တရသွားသည်။

“ငါဒီကို.. ဘယ်လိုလုပ် ရောက်လာရတာလည်းကွာ”

ဟု သူက စိတ်ပျက်စွာ ညည်းလိုက်သည်။

အမှန်ဆိုလျှင် ကျင်ကြံခြင်း လမ်းကြောင်းတွင် ချီကို စတင်ခံစားမိပြီ ဆိုသည်နှင့် ခြေလှမ်းတစ်ဝက် ချမိသည်နှင့် ဆင်တူပြီး သွေးကြောများထိ ဖြန့်ကျက်နိုင်ပါက ပထမခြေလှမ်းသို့ ရောက်ပြီဟု ယေဘုယျ သတ်မှတ်နိုင်သည်။

ကျင့်ကြံခြင်း၏ နှောင်းပိုင်း အဆင့်များသည် အလွန်ခက်ခဲသော်လည်း ပထမခြေလှမ်းချဖို့နှင့် ယှဉ်လျှင်တော့ မခက်ခဲပေ။

တစ်စုံတစ်ဦးက ချီကိုခံစားမိလျှင် သူတို့သည် မကြာမီမှာပင် ပထမအဆင့်သို့ ရောက်နိုင်မည် ဖြစ်သည်။

အရင်က အလုပ်ကြမ်းသမားများသည် ချီကိုသွေးကြောများထဲသို့ ဖြန့်ကျက်မိသည်နှင့် ဂိုဏ်းသို့ အကြောင်းကြားလေ့ ရှိကြပြီး အပြင်စည်းဂိုဏ်းသားများ ဖြစ်လာကြသည်။

သို့သော် ဖန်ရှင်းသည် အပြင်စည်းဂိုဏ်းသား ဖြစ်သော ယုစန်းလျန်နှင့် တိုက်ခိုက်ပြီးမှ သူကိုယ်တိုင် ချီဖွဲ့စည်းခြင်း ပထမအလွှာသို့ အမှန်တကယ် ရောက်ရှိမှန်း သိခဲ့သည်။

သူ၏ အသိအမြင်စာအုပ်သည် သူ၏ ကျင့်ကြံခြင်းအဆင့် ဘယ်အဆင့်တွင် ရောက်နေလည်း ဆိုသည်ကိုတော့ မဖော်ပြခဲ့ပေ။

“ငါ့မျက်နှာကို ဆေးကြောဖို့လိုနေပြီဟ”

ဟုတ်ပါသည်.. ဖန်ရှင်းလက်ချက်ဖြင့် ယုစန်းလျန်၏မျက်နှာက ရစရာမရှိတော့ချေ။

ဖန်ရှင်းက သူ့လက်ချက်ဖြင့် ထိခိုက်ထားတာ မဟုတ်သော ဟန်ပန်ဖြင့် ဝမ်ဇီကို ခြေဖြင့်ကန်လိုက်ပြီး

“မင်းဘာရပ်လုပ်နေတာလဲ.. အကိုဝက်က.. သူ့မျက်နှာရေဆေးဖို့ ယူလာခိုင်းနေတယ် မဟုတ်လား”

“ဟိုကောင် တင်းတိပ်မျက်နှာ.. သွား..အသားတွေ ဒီနေရာကို ယူလာခဲ့.. နောက်ပြီး ဝမ်ဇီရဲ့ အိပ်ရာအောက်မှာ ဖွက်ထားတဲ့ အရက်လေးပုလင်းလောက်မခဲ့.. ဒီည အကိုဝက်ကို ဂုဏ်ပြုပေးရမယ်”

“ငါ့နာမည်က ဝက်မဟုတ်ဘူး.. ယုပါကွာ”

ဝမ်ဇီက

“ငါ့အိပ်ရာအောက်က အရက်ပုလင်းကိုယူရမှာလား”

ဟုမေးလိုက်သည်။

“မင်းမသောက်ချင်လို့ သိမ်းထားတာ မဟုတ်လား

ဟဲဟဲ..”

ဖန်ရှင်း၏ အနိုင်ကျင့်မှုကို အသားကျနေသော ဝမ်ဇီက အရက်ပုလင်းကို ကမန်းကတန်း သွားယူလိုက်သည်။

ဝတုတ်တာအိုဆရာက မျက်နှာကို ရေဆေးပြီးနောက်.. ဤနေရာမှ အမြန်ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် ဖန်ရှင်းတို့က အရက်နှင့် အသားများကို ပြင်ဆင်ထားပြီး အတင်းအကျပ် ခေါ်နေသောအခါ သူက အစားအစာများ၏ သွေးဆောင်မှုကို မလွန်ဆန်နိုင်တော့ပေ။

ဟောင်ဖွာဟောင်ဖွာ လုပ်တတ်သော ဝတုတ်တာအိုဆရာသည် အနိုင်ကျင့်တာ ဝါသနာပါသူ ဖြစ်ကောင်းဖြစ်မည်.. သူသည် မိုက်မဲသောသူတော့ မဟုတ်ပါ။

ဖန်ရှင်းသည် ကလေးအရွယ်ပင် ရှိသေးသော်လည်း ရက်အနည်းငယ်အတွင်း လုပ်ကွက်သုံးတွင် ဗိုလ်ကျနိုင်ခဲ့သည်။

ချီပထမအဆင့်သို့ ရောက်လာသည့်အတွက် အပြင်စည်းဂိုဏ်းသား ဖြစ်လာနိုင်ပြီး သူနှင့်မကြာခဏ တွေ့ရဖို့က များသည်။
ထို့ကြောင့် သူက ရန်စမပျိုးချင်တော့ပေ။

လုပ်ရဲကိုင်ရဲပြီး အကြံအစည် ကြီးမားသည့် ရန်သူတစ်ဦးကို မည်သူမျှ လိုချင်မည် မဟုတ်ပါ။

ဒီလိုမျိုး အတွေးတွေက ဝင်ရောက်လာပြီးနောက် ဖန်ရှင်းနှင့်ချစ်ကြည်ရေးယူပြီး မိတ်ဖွဲ့ရန်သာ ဆုံးဖြတ်ခဲ့သည်။

အရက်သုံးအိုးလောက်ကို သူတို့နှစ်ယောက်ထဲ သောက်ဖြုတ်လိုက်သည်။

သူတို့နှစ်ယောက် အကြောင်းကိုသာ သိမထားလျှင် ငယ်စဉ်ထဲက လည်ပင်းဖက်ပြီး တူတူကြီးပျင်းလာသည်ဟုပင် ထင်ရစေသည်။

ယုစန်းလျောင်ကို ထောင်ချောက်ဆင်ရန် ဆွဲနှုတ်ထားသော ဆေးပင်များကိုလည်း မြေကြီးတွင် ပြန်စိုက်ထားလိုက်သည်။

ဆေးပင်အများကြားတွင် ရောနှောထားထားသဖြင့် မည်သူမှ သိနိုင်မည် မဟုတ်ပေ။

ညသန်းခေါင် အချိန်သို့ ရောက်သောအခါ ဖန်ရှင်းက ဝတုတ် တာအိုဆရာဆီမှ သူသိချင်သည်များကို မေးပြီးပြီ ဖြစ်သည်။

“ဒါဆို အနောက်တောင်ဘက်က ခေါင်းလောင်းမည်တာနဲ့ ငါကအပြင်စည်းဂိုဏ်းသား ဖြစ်လာတော့မှာပေါ့”

သူက ဝမ်းသာအားရ ပြောလိုက်သည်။

“ဟုတ်ပြီညီလေး… မနက်ဖြန်မနက် ခေါင်းလောင်းမည်အောင် မင်း သွားလုပ်ရမယ်.. မင်းအမှန်တကယ် ကျော်ကြားလာမယ်နေ့ကို ငါစောင့်နေမယ်”

အပိုင်း(၆)ပြီး၏

Comment

Leave a Reply

Options

not work with dark mode
Reset