Switch Mode

Chapter – 5

ဟုတ်တယ် ငါမင်းကိုရိုက်ချင်တယ်

အပိုင်း(၅) ဟုတ်တယ် ငါမင်းကိုရိုက်ချင်တယ်

ချင်းယွင်ဂိုဏ်း၏ ကျယ်ဝန်းသော ဆေးစိုက်ခင်းများတွင် ဖန်ရှင်း၏အမည်သည် အစားကြူးသောသူအဖြစ် ကျော်ကြားလျက်ရှိသည်။

လွန်ခဲ့သောနှစ်လမှစတင်၍ ဖန်ရှင်းသည် တစ်နေ့တွင် အနည်းဆုံး ဆယ်ပေါင်ခန့် စားခဲ့ပြီး ထိုအထဲတွင်ဆန်၊သစ်သီး၊ဟင်းသီးဟင်းရွက်နှင့် အရက်များပင် မပါဝင်ခဲ့ပေ။

သူ၏ အစားအသောက် ပုံစံထဲတွင် ပိုမိုအားဖြစ်စေရန် ဆေးဘက်ဝင် အပင်တချို့နှင့် ဆေးဝါးအချို့ကိုပါ ဝယ်ခဲ့သည်။

သူက လုပ်ကွက်သုံးမှ အလုပ်ကြမ်း သမားငါးယောက်ကို အမှန်တကယ်ပင် ကျေးဇူးတင်မိသည်။

ထိုငါးယောက်သည် ဝက်သားများများ စားရရန်
အစွမ်းကုန်ကြိုးစားပြီး ဖန်ရှင်းလိုအပ်သော
“ဟွာကျင်း”ကိုရှာဖွေကြသည်။

ဒီလောက်စားဖြုတ်တာတောင် ဖန်ရှင်းသည် အရင်ကထက်ပင် ပို၍ပိန်လာသည်။

သူ၏ပုံပန်းသွင်ပြင်မှာ ပါးလွှာလွန်းသော စာရွက်တစ်ရွက်လို ဖြစ်နေပြီး လေထဲတွင် လွင့်ထွက်သွားမလား ထင်ရသည်။

သူ၏ရုပ်ပိုင်းဆိုင်ရာမှာ အမြင်ပိုင်းတွင် အားနည်းသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် သူ၏စိတ်စွမ်းအင်က တိုးတက်လာခဲ့ပြီး မျက်လုံးများက တောက်ပနေသည်။

သူရဲ့မျက်လုံးက မီးပုံပေါ်တွင် နီရဲတောက်ပနေသော ယုန်ကင်ဆီသို့ ရောက်နေသော်လည်း စိတ်ကတော့ အတွေးကမ္ဘာထဲတွင် ချာလည်နေတယ်။

“ငါမျှော်လင့်ထားသည့်အတိုင်း ချင်းယွင်ဂိုဏ်းရဲ့ ချီဖွဲ့စည်းပုံက အရမ်းကို စွမ်းအားကြီးလွန်းတယ်.. ဒါကြောင့်မို့ ငါရဲ့နံပါတ်ကိုး ဦးလေးဖြစ်သူ ကာရှူးက ရှောင်ကျန်းမင်ကိုအနိုင်မရခဲ့တာကိုး”

ဒီနှစ်လအတွင်း စားသောက်စားရိတ်က သူတို့စု
ဆောင်းထားသည့်ငွေကို ကုန်သွားစေခဲ့သည်။

ထို့နောက်တွင်တော့ ဖန်ရှင်းက အလုပ်ကြမ်း သမားအုပ်စုကို အမဲလိုက်ရန် ခိုင်းစေခဲ့သည်။ ဖန်ရှင်းက သူတို့ကို ရောင်းစားပြီး ပြည့်တန်ဆာအိမ်သို့ အမှန်တကယ် မပို့ခဲ့ပေ။

တကယ်တမ်း သွားရောင်းစားလျှင်လည်း သူတို့၏ ပုံပန်းသွင်ပြင်အရ မည်သူမျှ သူတို့နှင့် တစ်ညတာကို ဖြတ်သန်းချင်မှာ မဟုတ်ပေ။

ကံကောင်းတာ တစ်ခုက ချင်းယွင်ဂိုဏ်းသည် တောထဲတွင် အမဲလိုက်ခြင်းကို မတားမြစ်ထားခဲ့ပေ။

လက်ရှိအချိန်တွင် ဖန်ရှင်းသည် ချီ၏
အခြေခံ သဘောတရားများကို သဘောပေါက်လာပြီး သူ၏မျက်လုံးနှင့် နားများက အရင်ကထက် နိုးကြားလာခဲ့သည်။

တောရိုင်းကောင်ကြီးများကို အမဲလိုက်သည်မှာ သူ့အတွက် ပန်းခင်းထဲ လမ်းလျောက်နေရသလို ခံစားရပြီး ခက်ခဲမှု မရှိတော့ပါ။

ဖန်ရှင်းက ဝံပုလွေတစ်ကောင်နဲ့ ပက်ပင်းတိုးခဲ့ပြီး တိုက်ခိုက်ခံခဲ့ရသည်။

ဤသည်မှာ ဝံပုလွေ၏ ကံစမ်းမဲပေါက်ခြင်းပင် ဖြစ်သည်။

ဖန်ရှင်းက ဝံပုလွေ၏ အမြီးမှနေ၍ ကိုင်လိုက်ပြီး အနောက်ကနေ ခုန်အုပ်ကာ သနားစရာဝံပုလွေကို လက်ဗလာနှင့်ပင် ဗျင်းသတ်လိုက်သည်။

ဖန်ရှင်းက ဝံပုလွေကို သစ်သားအိမ်လေးဆီသို့ ယူသွားသောအခါ ဝမ်ဇီတို့ လူစုသည် အလွန် အံ့အားသင့်သွားပြီး လေးစားမှုများ တိုးလာခဲ့သည်။

နောက်ဆုံးတွင် သူတို့၏ စိတ်ရင်းထဲမှနေ၍ ဖန်ရှင်းကို အစစ်အမှန် ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုလိုက်သည်။

ထိုနေ့မှစပြီး “သူဌေးဖန်ရှင်း ” ဟူသော အခေါ်အဝေါ်သည် သူတို့ကို ခြိမ်းခြောက်ထား၍ ခေါ်ခြင်း မဟုတ်တော့ဘဲ ရင်ထဲမှနေ၍ လှိုက်လှိုက်လှဲလှဲ ခေါ်ခြင်း ဖြစ်လာသည်။

“နောက်ဆုံးတော့ ငါက ချီကိုနေရာအနှံ့ ဖြန့်ကျက်လို့ရပြီကွ.. ဒီအဆင့်က ချီဖွဲ့စည်းခြင်းရဲ့ ပထမအဆင့် ရောက်နေပြီလို့တော့ ထင်တာပဲ”

ဖန်ရှင်းက သူ့ကိုယ်သူ သုံးသပ်နေခြင်း ဖြစ်သည်။ချီဖွဲ့စည်းခြင်း ပထမအဆင့်သို့ ရောက်လျှင် အလုပ်ကြမ်းများ လုပ်စရာ မလိုတော့ဘဲ ဂိုဏ်းစည်းကမ်းအရ တရားဝင် အပြင်စည်းတပည့် ဖြစ်လာပြီး စစ်မှန်သော တပည့်တစ်ဦး အနေဖြင့် အရင်းအမြစ် အချို့ကို ခံစားခွင့်ရှိသည်။

ချင်းယွင်ဂိုဏ်း၏ ချီဖွဲ့စည်းခြင်းသည် အဆင့်တစ်ခုစီ၏ ခြားနားမှုများကို မဖော်ပြထားသဖြင့် ဖန်ရှင်းက ယခုသူရောက်ရှိနေသည့် အဆင့်ကို တိတိကျကျ မသိရှိခဲ့ပေ။

“သူဌေး.. ငါတို့ ထင်းခွေပြန်လာပြီ”

တင်းတိပ်မျက်နှာနှင့် ဝမ်ဇီတို့က ထင်းများကိုသယ်လာ၍ ပြုံးပြလိုက်သည်။

ထင်းတစ်စီးစီကို ကျောပေါ်တွင် ပိုးထားသည်။သူတို့အုပ်စုသည် အားနေရင် အမဲလိုက်ခြင်းနှင့်သာ အချိန်ကုန်ဆုံးသော်လည်း ဂိုဏ်းမှပေးသော တာဝန်များကိုတော့ မမေ့လျော့ပေ။

ဒီနေ့အလှည့်ကျတာက ဝမ်ဇီတို့အလှည့် ဖြစ်သည်။သူတို့က အနီးအနားတွင် တွေ့ရသော အပိုင်းအစများကို ဆက်၍ ကောက်နေခဲ့သည်။

ဝမ်ဇီသူဌေးလုပ်တုန်းက အလုပ်သမားများကို
အဆင့်ဆင့် အုပ်ချုပ်သော စနစ်ကို သုံးသည်။

သူက တခြားတစ်ယောက်ကို ဗျင်းသည်။
အဗျင်းခံရတဲ့သူက နောက်တစ်ယောက်ကို ထပ်ဗျင်းသည်။

ယင်းက ကြီးစဉ်ငယ်လိုက် အုပ်ချုပ်သောစနစ် ဖြစ်ပြီး အငယ်ဆုံးလူက အနိုင်ကျင့်အခံရဆုံး
ဖြစ်သည်။

ဖန်ရှင်း သူဌေး ဖြစ်လာပြီးကတည်းက အရာရာက ပိုမိုရိုးရှင်းလာခဲ့ပြီး မည်သူမှ အနိုင်ကျင့်ခွင့် မရှိတော့ပေ။

ဝမ်ဇီက တင်းတိပ်မျက်နှာနှင့် သရဲမျက်နှာ လူငယ်နှစ်ယောက်ကို အနိုင်ကျင့်ဖို့ ကြိုးစားတိုင်း ဖန်ရှင်း၏ အဗျင်းကိုသာ ခံရသည်။

ဝမ်ဇီက နောက်ပိုင်းတွင် ချာတိတ်နှစ်ကောင်အပေါ် အနိုင်မကျင့်တော့ဘဲ ဖန်ရှင်း၏ခြေအိတ်ကိုပင် စိတ်လိုလက်ရ လျော်ဖွပ်ပေးလေသည်။

“မီးတောင်ငြိမ်းတော့မယ်ဟ.. မင်းတို့နှစ်ကောင်က နာချင်နေတာလား.. ငါ့အချိန်တွေကို ဖြုန်းရဲတယ်ပေါ့”

ဖန်ရှင်းက နောက်ပြောင်ပြီး ရယ်လိုက်သည်။

ဝမ်ဇီတို့နှစ်ယောက်က ခပ်ကုပ်ကုပ်ဖြင့် မြန်မြန်ပြေးလာသည်။

ဒီလူတွေနှင့်သူက အချိန်ကြာလာသည်နှင့်အမျှ မိသားစုလိုပင် ဖြစ်လာသည်။

ယုန်သားကင်ကို ကင်တံမှဖြုတ်၍ ပန်းကန်ပေါ်သို့ ထည့်လိုက်စဉ်တွင် လူတစ်ယောက်သည်
အလျင်အမြန် ပြေးလာခဲ့သည်။

“သူဌေး.. အဖွဲ့တစ်ဖွဲ့က မင်းကိုဆေးစိုက်ခင်းမှာ မရှိဘဲ တစ်ချိန်လုံး အမဲလိုက်နေလို့ တိုင်ထားတယ်လို့ ကြားခဲ့ရတယ်”

သူတို့သုံးယောက်လုံးက စိတ်ပူနေသည့် သရဲမျက်နှာကို မတိုင်ပင်ဘဲ ကြည့်မိလိုက်ကြသည်။

“ဒီနေ့က လစဉ် စစ်ဆေးတဲ့ရက်လည်း မဟုတ်ပါဘူး.. သူတို့က ဘာလာလုပ်တာလဲ”

ဖန်ရှင်းက မျက်မှောင်ကုပ်ပြီး မေးလိုက်သည်။

“အဲဒါတော့မသိဘူး.. သူတို့က ငါတို့စိုက်ခင်းကို
ဖြတ်သွားတုန်း ဝင်စစ်ဆေးမယ်လို့တော့ ပြောတာပဲ”

ထိုစကားကို ကြားလိုက်ရသည့်အခါ ဝမ်ဇီနှင့်ဖန်ရှင်းတို့၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားပြီး အလွန်ဆိုးရွားသော စကားများ ထွက်ပေါ်လာသည်။

ပုံမှန်အားဖြင့် သူတို့သည် စိုက်ခင်းများကို သေချာဂရုစိုက်သဖြင့်  ကိုယ်စားလှယ်က လာရောက် စစ်ဆေးပြီး အနှောင့်အယှက်လုပ်ရန် အကြောင်းမရှိပေ။

သုံးလတစ်ကြိမ် ဆေးပင်ဌာနမှ အားလုံး စနစ်တကျရှိမရှိ လာရောက် စစ်ဆေးသည်။

စစ်ဆေးနေစဉ်အတွင်း စိုက်ခင်း၌ အမှားအယွင်း ရှိခဲ့လျှင် လုပ်ခလစာ ဖြတ်တောက်ခံရနိုင်သည့် အပြင် ထိုထက်ကြီးလေးသော အပြစ်ရှိပါက ရုပ်ပိုင်းဆိုင်ရာ ညှင်းဆဲခြင်းများကိုပါ ခံရနိုင်သည်။

ကိုယ်စားလှယ်များသည် စစ်ဆေးရေး ကာလတွင် အမျိုးမျိုးပြသနာရှာကာ ငွေညစ်သည့်အကျင့်က ရှိသေးသည်။

ဒီနေ့က စစ်ဆေးရေးနေ့ မဟုတ်သည့်အတွက်
တောင်ပေါ်သို့ အေးအေးလူလူ အမဲလိုက်မည်ဟု စီစဉ်ပြီးကာမှ စောစောစီးစီး ကျက်သရေတုန်းခြင်း ဖြစ်သည်။

အခန့်မသင့်လျှင် ကြီးမားသော ပြသနာရှာခြင်းမျိုးလည်း ခံရနိုင်သေးသည်။

တင်းတိပ်မျက်နှာနှင့် သရဲမျက်နှာက အလွန်ကြောက်လန့်နေသည်။

ဖန်ရှင်းက ဝါးလက်စ ယုန်သားကို မြက်ခင်းပေါ် ထွေးထုတ်လိုက်ပြီး

“မင်းဘာတွေ ကြောက်နေတာလဲ… ငါသွားကြည့်လိုက်ဦးမယ်”

ဝမ်ဇီကို သူတို့ကင်ထားသည့် ယုန်သားကင်ကို
ဝါးရွက်ဖြင့် သေချာထုပ်ပိုးဖို့ အမိန့်မပေးမီမှာပင် ဒေါသထွက်နေဟန်ဖြင့် ပြောလိုက်သည်။

စိုက်ခင်းသုံး၏ လုပ်ကွက်နေရာတွင် သရဲမျက်နှာ၏နောက်တွင် ပါလာသော အလုပ်ကြမ်းသမားဖြစ်သော ဖန်ရှင်းတို့သုံးယောက်ကို မျက်နှာပြာနှင့် ဂိုဏ်းတူအကိုသုံးယောက်က အေးစက်စက် မျက်နှာထားဖြင့် ဘုကြည့်ကြည့်နေသည်။

“အော်.. လက်စသတ်တော့သူပါလား”

ဖန်ရှင်းက ထိုလူစု၏ ခေါင်းဆောင်ကို မြင်သောအခါ တစ်စုံတစ်ရာကို တွေးမိပြီး ပြုံးမိလိုက်သည်။

မျက်စိမှေးမှေးနှင့်ဂင်တိုတို အမျိုးသားတစ်ယောက်ကို မြင်လိုက်ရပြီးသည့်နောက် သူ၏ခေါင်းကို တိတ်တဆိတ် ခါရမ်းလိုက်သည်။

ထိုလူမှာ ဂိုဏ်းသားသစ် လက်ခံခြင်း အခမ်းအနားတွင် သူနှင့်လိုက်တမ်းပြေးတမ်း ကစားခဲ့သော ဝတုတ်တာအိုဆရာ ယုစန်းလျန်အမည်ရှိ အပြင်စည်း ဂိုဏ်းသားပင် ဖြစ်သည်။

ကျန်နှစ်ဦးမှာ ဝတုတ်တာအိုဆရာက အင်အားပြရန် အဖော်ခေါ်လာခြင်း ဖြစ်သည်။

“ဟား..ဟား.. မျောက်လောင်း.. မင်းကို ဖမ်းမိပြန်ပြီ.. အလုပ်ချိန်အတွင်း မင်းတို့ ဘာတွေ လုပ်နေတာလဲ… ငါဒီသတင်းကို ဆေးပင်ဌာနကို ပို့လိုက်ရင် မင်းတို့ အုပ်စုတစ်ခုလုံး ငရဲရောက်ပြီ”

ယုစန်းလျန်က အဝေးမှနေ၍ ဖန်ရှင်းကို မြင်လိုက်ရသောအခါ သူ၏မျက်နှာပေါ်ရှိ အဆီများ လှုပ်ခတ်သွားအောင်ပင် ပြုံးလိုက်သည်။

“အိုး.. မင်းတို့ကောင်တွေ ဒီမှာရှိနေတာ ဘယ်နှစ်ရက်ရှိနေပြီလဲ.. မင်းတို့ဂိုဏ်းစည်းကမ်းကို ချိုးဖောက်တဲ့အတွက် မကြာခင် ဂိုဏ်းကနေ နှင်ထုတ်ခံရလိမ့်မယ်”

ဟောင်ဖွာဟောင်ဖွာ လုပ်နေသော ယုစန်းလျန်သည် ဆေးပင်ဌာနနှင့် မပတ်သက်သော်လည်း အထွေထွေဌာနနှင့်တော့ ပတ်သက်နေသည်။

ထိုဌာနသည် ချင်းယွင်ဂိုဏ်း၏ စောင့်ကြည့်ရေး အဖွဲ့လည်း ဖြစ်သည်။

ရှင်းရှင်းပြောရလျှင် ထိုဌာနသည်လည်း အခြားဌာနတွေလို အလုပ်များသောဌာန ဖြစ်သည်။

ယုစန်းလျန်သည် သူ၏တာဝန်များကို ဆောင်ရွက်ရန် စိုက်ခင်းများကို ဖြတ်သန်းစဉ် လွန်ခဲ့သည့်သုံးလက ပြဿနာ တက်ထားသော မျောက်ကလေးကို သတိရမိ၍ ဝင်ကြည့်ခြင်းဖြစ်သည်။

သူမျှော်လင့်ထားသည်မှာ စီနီယာ အလုပ်သမားများက မျောက်လေးကို ဆုံးမနေတာကို အရသာခံပြီး ကြည့်ရှုရန် ဖြစ်သည်။

သို့သော် သူမျှော်လင့်ထားသလို မဟုတ်ဘဲ ဖန်ရှင်းက ပြန်ပြီး အနိုင်ကျင့်နေသည်ကိုသာ တွေ့လိုက်ရသည်။

လွန်ခဲ့သောသုံးလက ဖြစ်ရပ်အတွက် လက်စားချေလိုသော်လည်း အရင်က သူ့အတွက် အခွင့်အရေး မရရှိခဲ့ပေ။

“ဟာ.. ဒါက အကိုတော် ဝက်ကြီး မဟုတ်လား.. အကိုတော်ဝက် လာလည်ပတ်တာ အလွန်ရှားတယ်နော်.. ထိုင်ခုံလေး လုပ်ပေးပါဦး”

ဖန်ရှင်းက အခြားသူများကို ထိုင်ခုံကို ယူလာရန် အမိန့်ပေးလိုက်သည်။

“မင်းအမေထဲမှပဲ.. ငါ့နာမည်ကယု”

သူက ကျယ်လောင်စွာ အော်ပြောလိုက်သောအခါ ဖန်ရှင်းက ပြုံးလိုက်သည်။

ရုတ်တရက် ဖန်ရှင်း၏စိတ်ထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။

“ဝိဉာဉ်ပထမအလွှာအဆင့်.. ရုပ်ပိုင်းဆိုင်ရာ
အားနည်းသည်.. သွေးကြောများထဲမှ ချီပမာဏ….”

ထိုစာအုပ်သည် သူ၏စိတ်ထဲမှနေ၍ ယုစန်းလျန်၏ ကျင့်ကြံမှုအဆင့်နှင့် ချီပမာဏ အတိုင်းအဆကို ထောက်ပြထားသည်။

“ဒီစာအုပ်က လူတွေကို အကဲဖြတ်လို့ ရတယ်တဲ့လား”

ဖန်ရှင်းက အလွန်အံ့အားသင့်သွားပြီး သူ၏မျက်နှာမှာ ဝမ်းသာလွန်း၍ ဖော်မပြတတ်အောင် လှုပ်ခတ်နေသည်။

ဖန်ရှင်း၏ မျက်နှာပေါ်မှ အပြုံးကိုမြင်လျှင် ယုစန်းလျန်က သူ့ကို မျက်နှာချိုသွေးသည်ဟု အထင်ရောက်သွားပြီး

“ကြောက်တယ် မဟုတ်လား.. ကြောက်ရင်ငါ့ရှေ့မှာ ဒူးထောက်လိုက်စမ်း.. အဲဒါဆို.. ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်”

ဖန်ရှင်းက သူ့ကိုကြည့်နေသည်ကို မြင်လိုက်ရသောအခါ ယုစန်းလျန်က လန့်နေခဲ့သည်။

ဒီမျောက်လောင်းက ဘာတွေတွေးနေလည်း သူမသိပေ။

ယုစန်းလျန်ဆီမှ အော်ငေါက်သံ ထွက်လာသည်။

“ဘာပြူးကြည့်နေတာလဲ.. မျောက်လောင်းလေး.. မင်းအကြည့်တွေကို မပြင်ရင်.. မင်းဖင်ကြီးကို ပိတ်ကန်ပစ်မယ်”

“မင်းက ဆေးပင်ဌာနကလား”

ဖန်ရှင်းက ရုတ်တရက် ကြားဖြတ်ပြီး မေးလိုက်သည်။

“မဟုတ်ဘူး.. ဒါပေမယ့် ”

“ဒါဆို ဆေးပင်ဌာနက လွှတ်လိုက်တာလား”

“မဟုတ်ဘူး.. ငါလမ်းကြုံလို့ ဝင်စစ်ဆေးတာ”

ယုစန်းလျန်က ပြန်ဖြေလိုက်သည်။

“နင့်အမေလင်မို့လို့ လမ်းကြုံတာလား”

ဆယ်နှစ်သားရှိသော ဖန်ရှင်းသည် ဟောင်ဖွာ ဟောင်ဖွာလုပ်နေသော ယုစန်းလျန်နှင့်ယှဉ်လျှင် မြင့်မားခြင်း မရှိချေ။

ဖန်ရှင်းသည် လျှင်မြန်စွာခုန်ပြီး ယုစန်းလျန်၏ပါးကို ရိုက်ချလိုက်သည်။

ယုစန်းလျန်၏ပါးက နီရဲသွားပြီး နှာခေါင်းမှသွေးပင် ထွက်လာသည်။

“စောက်ကလေး.. ငါ့ကိုရိုက်ရဲတယ်လား”

ယုစန်းလျန်က ဖြစ်ပျက်ခဲ့သမျှကို စက္ကန့်အနည်းငယ်လောက် ကြောင်ငေးနေပြီးမှ ထအော်လိုက်သည်။

“ဟုတ်တယ်.. မင်းကိုငါရိုက်တယ်.. မင်းက ဒီနေရာမှာ စစ်ဆေးဖို့ အာဏာရှိတယ်လို့ ထင်နေတဲ့အတွက် ရိုက်တယ်”

မကြာခင်မှာပဲ ငိုနေတဲ့ယုစန်းလျန်က တစ်ခုခုကို သတိထားမိသွားသလို မျက်လုံးပြူးသွားသည်။

သူသည် ဝိဉာဉ်ပထမအလွှာကို ရောက်နေသူ ဖြစ်သည့်အတွက် ဖန်ရှင်း၏ တိုက်ခိုက်မှုကို ချီဖြင့် ကာကွယ်ခဲ့သည်။

သို့သော် ဖန်ရှင်းက သူ၏ချီကို ချီဖြင့်ပင် တန်ပြန်တိုက်ခိုက်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သေချာသောအချက်မှာ ဖန်ရှင်းသည်လည်း သူကဲ့သို့ပင် ချီဖွဲ့စည်းခြင်း ပထမအလွှာကို
ရှောက်ရှိနေပြီ ဖြစ်သည်။

ဖန်ရှင်းသည် ယုစန်းလျန်ကို အချက်ပေါင်းများစွာ ဆက်လက်ရိုက်နှိပ်ပြီး အားရအောင် နှိပ်စက်နေခဲ့သည်။

အပိုင်း(၅)ပြီး၏

Comment

Leave a Reply

Options

not work with dark mode
Reset