Switch Mode

Chapter – 4

ပထမဆုံး"ချီ"

အပိုင်း(၄) ပထမဆုံး”ချီ”

ဖန်ရှင်းက လတ်ဆတ်သော ဆေးပင်များကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်ကို တွေ့ရသောအခါ တင်းတိပ်မျက်နှာနှင့် သရဲမျက်နှာတို့သည် ထိတ်လန့်စွာ ကြည့်နေခဲ့ကြသည်။

“အကြောင်းပြချက်မရှိဘဲ.. ငါ့ကို မနှောင့်ယှက်ပါနဲ့”

ဖန်ရှင်းက သစ်သားအိမ်လေး အပြင်သို့ ချာတိတ်နှစ်ယောက်ကို နှင်ထုတ်လိုက်ပြီး အထဲမှနေ၍ သော့ခတ်ထားလိုက်သည်။

ကောင်လေးနှစ်ယောက်သည် ဖန်ရှင်း စားလိုက်သော ပမာဏကို ကြည့်ပြီး ဆွံ့အနေကြသည်။

ထိုဆေးပင်များကို “ဟွာကျင်း”ဟု
ခေါ်ပြီး အရွက်တစ်ရွက်၏ အာနိသင်သည် အမျိုးသမီး တစ်ယောက်အား တစ်ညလုံး ဒုက္ခများသွား စေနိုင်သည်။

ယခုတော့ အရွက်တစ်ရွက်ပင် မဟုတ်ဘဲ အပင်လိုက်ကို ဆယ်နှစ်အရွယ်ကလေးက စားလိုက်သည်။

“သူဘာလို့ ငရဲရောက်ချင်နေလည်း မသိဘူး..”

“ဒီလောက်စားလိုက်ရင် သေဖို့ပဲရှိတော့တယ်”

ကြာပန်းပုံ ထိုင်နေသော ဖန်ရှင်းသည် သူ၏ဝမ်းဗိုက်အောက်ပိုင်းမှ လှုပ်ရှားနေသော
တွန်းအားကို ခံစားမိသည်။

ချီဖွဲ့စည်းခြင်း စာအုပ်ထဲမှ ညွှန်ကြားချက်များကို သတိရပြီး ဖန်ရှင်းက သူစားခဲ့သည့် ဆေးပင်မှ ရရှိခဲ့သည့်” ကျင်”ကို ယူပြီး သူ၏သွေးကြောများထံ ပျံ့နှံ့အောင် စီးဆင်းစေလိုက်သည်။

သူက ကျင်ကို စနစ်တကျ ထိန်းချုပ်ပြီး မွေးညင်းပေါက်များမှ တစ်ဆင့် ချီကိုရရှိရန် တွန်းအားပေးလိုက်ပြီး ချီပင်လယ်ဖြစ်သော ဒန်တန်သို့ မပို့မီတွင် ခန္ဓာကိုယ်မှ တွန်းအားများက သူ့ကို အကြိမ်ကြိမ် နှိပ်စက်နေခဲ့သည်။

“ကျင်”ဓာတ်သည် ဖန်ရှင်းအား အလွန်အမင်း နှိပ်စက်နေခဲ့ပြီး မျက်လုံးပေါ်တွင် သွေးကြောများ ဖောင်းထလာသည်အထိ ဖြစ်သည်။

“ငါလုပ်နိုင်တယ်”

ဖန်ရှင်းက ကျင်ကို မှန်ကန်စွာ ထိန်းချုပ်ရင်း သူ၏ခန္ဓာကိုယ်မှာလည်း ငရဲရောက်သကဲ့သို့ ပူလောင်နေခဲ့သည်။

မိနစ်နှစ်ဆယ်ရှိပြီ… ထို့နောက်တစ်နာရီ….

ဖန်ရှင်း၏မျက်နှာက အနီရောင်တစ်လှည့် ခရမ်းရောင်တစ်လှည့် လျင်မြန်စွာ ပြောင်းလဲနေသည်။

ဖန်ရှင်းက ကျင်ကို လမ်းကြောင်းမှန်ပေါ်တွင် ထားနိုင်သောအခါ ခန္ဓာကိုယ်က အားပျက်လာသည်။ သို့ရာတွင် လန်းဆန်းတဲ့ခံစားမှုက သူ့ကို ပြန်လည် တက်ကြွလာစေခဲ့သည်။

ထိုသို့ တိုးတက်လာသည် နှင့်အမျှ အပူနှင့် ခရမ်းရောင် စွမ်းအင်က ကြွက်သားများထဲသို့
တိုးဝင်လာပြီး အပြင်းအထန် မချိမဆန့် နာကျင်စေခဲ့သည်။

ထိုသို့ ဖြစ်ပျက်ပြီးသည့် နောက်ပိုင်းတွင် သူမျှော်မှန်းခဲ့သလို နောက်ဆုံး ကျန်ရှိနေသည့်
ကျင်အပိုင်းအစများကို လမ်းကြောင်းမှန်ပေါ်သို့ ပြောင်းလဲပေးနိုင်ခဲ့သည်။

သူက သံသယတော့ ဖြစ်ခဲ့ဖူးသည်။

ဒါကအလုပ်ဖြစ်ပါ့မလားလို့ စိုးရိမ်ခဲ့ပေမယ့် တကယ်တမ်း စမ်းသပ်ပြီးတဲ့နောက်တော့ သူ့ကို စိတ်လှုပ်ရှားစေခဲ့သည်။

တင်းတိပ်နှင့်ကောင်လေးက ဟွာကျင်း ဆေးပင်ကို ယူလာသောအခါ အသိအမြင်ကျမ်းတွင် ဖော်ပြထားသော ချီဖွဲ့စည်းခြင်းစနစ် ဖြတ်လမ်းကို သတိရသွားခြင်း ဖြစ်သည်။

ချင်းယွင်ဂိုဏ်း၏ ချီဖွဲ့စည်းခြင်းတွင် အသေးစိတ် ဖော်ပြထားသည့် အတိုင်း သူ၏ချီများကို လှည့်ပတ်လိုက်ပြီး ကျင့်ကြံခြင်း၏ ပထမခြေလှမ်းကို ခြေချလိုက်သည်။

အလွန်အမင်း မြင့်မားသော ပါရမီနှင့် မွေးဖွားလာသော ကံကောင်းသူများသာ လှုပ်ရှားမှုတိုင်းတွင် ချီကိုထည့်သွင်း အသုံးပြုနိုင်သည်။

ဝမ်ဇီကဲ့သို့သောလူပင် ၇နှစ်လောက် ကြိုးစားသော်လည်း ချီက တိုးတက်သင့်သလောက် အခြေအနေကို မရောက်ရှိခဲ့ပေ။

အများစုသည် အကျိုးထူး မလာဘဲ သာမန်လူအဖြစ်သာ နေသွားရဖို့ ရာနှုန်းများသည်။

သာမန်လူများအတွက်က ပြင်ပမှ ချီစွမ်းအင်ကို ခန္ဓာကိုယ်အတွင်း ထည့်သွင်း အသုံးပြုရန်သာ တတ်နိုင်သည်။

ထိုအခြေအနေသည် ယာယီသာဖြစ်ပြီး ထိုသို့ပြုလုပ်လျှင် ဝိဉာဉ်စွမ်းအား လျော့ကျသွားပြီး အောက်ဆုံးအဆင့်မှ မတက်နိုင်တော့ပေ။

“ကျင်”သည် သက်ရှိသတ္တဝါများကို ဖန်တီးနိုင်ပြီး ကိုယ်ထဲတွင် ငြိမ်းချမ်းစွာ တည်ရှိနေနိုင်သော အနှစ်သာရတစ်ခု ဖြစ်သည်။

လူအများစုက ကျင်၏တည်နေရာကို မခံစားနိုင်သည့်အတွက် နှစ်ပေါင်းများစွာ စုဆောင်းရသည်။

ဖန်ရှင်းက စွန့်စားပြီး ကံစမ်းလိုက်သည့်အတွက် ကျင်ကို ချီအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။အမှန်တကယ်တွင် သူက ကံဆိုးသူတစ်ယောက် ဖြစ်သည်။

ဟွာကျင်း အနည်းငယ် စားရုံဖြင့် ချီအဖြစ်သို့ ပြောင်းလဲလို့ ရနေသည်ကို တစ်ပင်လုံး စားဖြုတ်လိုက်သည့် အတွက် ထိုမျှနာကျင်မှုကို ခံစားနေရခြင်းဖြစ်သည်။

ဒီအဖြစ်အပျက်တွင် ချီသည် ဖြစ်ရိုးဖြစ်စဉ်မှ ရရှိခြင်း မဟုတ်သော်လည်း ခံနိုင်ရည်မရှိပါက ကိုယ်တွင်းအင်္ဂါများနှင့် စိတ်ဓာတ်များကိုပါ ပျက်စီးစေနိုင်သည်။

ဖန်ရှင်းကမူ ငယ်ရွယ်စဉ်ကပင် သူတပါးကို ခြိမ်းခြောက်၍ ဓားပြလုပ်စားလာသောသူ ဖြစ်သည့် အတွက် စိတ်ဓာတ်က ရက်စက်မှု ရှိသည်။

ထိုသို့သောသူမျိုးမှသာ အောင်မြင်မှု ရနိုင်မည် ဖြစ်သည်။

“ဂွီ..ဂွီ”

လွန်ခဲ့တဲ့ သုံးရက်လုံး အစာမစားရသေးသဖြင့်
သူ၏အစာအိမ်မှ အချက်ပေးသံ ထွက်လာခဲ့သည်။

ချီအဖြစ် ပြောင်းလဲသော လုပ်ငန်းစဉ်တွင် ခန္ဓာကိုယ်မှ အားပျက်ခြင်း.. မူးဝေအော့အန်ခြင်းများနှင့် ဆာလောင်ခြင်းတို့ ဖြစ်ပေါ်လာသည်။

“အာ.. ငါမြန်မြန်စားဖို့ လိုနေပြီ”

ဖန်ရှင်းက မူးဝေလာပြီး လက်ကို ထောက်လိုက်သောအခါ သူ၏လက်သည် အသိအမြင်ကျမ်းပေါ်သို့ ရောက်ရှိသွားသည်။

လက်နှင့်စာအုပ် ထိတွေ့မိသော အခိုက်မှာပင် စာအုပ်က သူ့မျက်စိရှေ့မှာပင် ပျောက်သွားသည်။စာအုပ်ပျောက်သွားသည်နှင့် တစ်ပြိုင်နက် သူ၏သွေးကြောများသည် အနည်းငယ် တုန်ခါသွားသည်။

“စာအုပ်က ဘယ်ကို ရောက်သွားတာလဲ”

ဖန်ရှင်းက ပတ်ဝန်းကျင်တွင် စာအုပ်ကို ရှာကြည့်လိုက်သည်။

စာအုပ်က လေထဲတွင် တမဟုတ်ချင်း ပျောက်ကွယ်သွားသည်ကို မယုံနိုင်လောက်အောင် ဖြစ်နေသည်။

လွန်ခဲ့သော စက္ကန့်ပိုင်းကပင် သူ၏မျက်စိရှေ့တွင် ရှိသေးသည်လေ။

“ချင်းယွင်ဂိုဏ်း၏ ချီဖွဲ့စည်းခြင်း… ဝိဉာဉ်ကို ကျင့်ကြံသူများအတွက် သင့်တော်ပြီး အစပျိုးကျင့်မည့်သူများအတွက် နည်းပြစာအုပ် ”

ချီဖွဲ့စည်းခြင်းစာအုပ်ကို အသိအမြင်
စာအုပ်၏အောက်တွင် ထားတုန်းကလို ရင်းနှီးသော စာသားများက သူ၏ဦးနှောက်ထဲသို့ ရုတ်တရက် ဝင်လာသည်။

“အာ.. ဘာတွေဖြစ်နေတာလည်းဟ”

အသိအမြင်ကျမ်းက သူ၏ခေါင်းထဲ ဘယ်သို့ဘယ်ပုံ ရောက်သွားသည်ကို စဉ်းစားရင်း အချိန်အတန်ကြာ ငိုင်နေခဲ့သည်။

“ငါ့လိုကလေးကို စာအုပ်တစ်အုပ်လုံး ခေါင်းထဲထည့်ရလား.. ဒင်းက ငါ့ခေါင်းထဲ ဘယ်လိုဝင်သွားလည်း မသိဘူး.. စာအုပ်က ကျပ်သိပ်ပြီး ဦးနှောက်က မခံနိုင်ဘဲ ပေါက်ထွက်သွားရင် ဒုက္ခ”

ထိုသို့တွေးပြီးသည်နှင့် သူ၏ဗိုက်ကို ပွတ်သပ်လိုက်ပြီး နောက်ဆုံးတွင် သစ်သားအိမ်လေးထဲမှ အပြင်သို့ လမ်းလျောက်ထွက်လာခဲ့သည်။

ညရောက်သော အချိန်တွင် လုပ်ကွက်သုံးမှ အလုပ်သမားများသည် အရက်နှင့်အသားများကို ပြင်ဆင်နေစဉ် သစ်သားအိမ်လေးထဲသို့ လှမ်းလှမ်းကြည့်နေကြသည်။

ဖန်ရှင်းက ဟွာကျင်းဆေးပင်ကို နင်းကန်စားလိုက်သည့် အတွက် စိတ်ရူးပေါက်ပြီး သူတို့ကို ထသတ်မည်ကို ကြောက်နေကြသည်။

“သူက ဟွာကျင်းကို တကယ်ကြီး အဲ့လောက်
စားလိုက်တာလား”

ဝမ်ဇီက အရက်သောက်ရင်း မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။

သူက ထိုမေးခွန်းကိုမေးသည်မှာ သုံးခါရှိပြီ ဖြစ်သော်လည်း ယခုထိ မယုံနိုင်သေးပေ။

တင်းတိပ်နှင့်ကောင်လေးသည် အရက်ပင် မသောက်နိုင်ဘဲ ယခုထိ ထိတ်လန့် တုန်လှုပ်နေခဲ့သည်။

သူက သစ်သားတံခါးဆီသို့ ငေးကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“အိုးဆရာ.. တစ်ရွက်ထဲတောင် ဒုက္ခပေးနိုင်တဲ့ အပင်ကို တစ်ပင်လုံး စားလိုက်တယ် ဆိုတော့..သူ.. သူဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ”

ဝမ်ဇီက

“သူသာ အများကြီးစားထားလို့ ဟိုဟာ ဖြစ်လာခဲ့ရင်”

ထို့နောက် သူက သေချာစဉ်းစားလိုက်ပြီး ဘေးနားတွင်ရှိသော သရဲမျက်နှာကို ကြည့်လိုက်ကာ

“မင်းက ဆက်ပြီး တာဝန်ယူရမယ်.. ငါတို့အားလုံး မင်းကို အားကိုးတယ်”

သရဲမျက်နှာက ကိုက်လက်စ ဝက်ခြေထောက်ကို လွှင့်ပစ်လိုက်ပြီး

“ငါမလုပ်ဘူး..”

သူ၏စိတ်ဓာတ်က အကြီးအကျယ်ကျနေပြီ ဖြစ်သည်။

“ဒါဆို ဘယ်လိုလုပ်မလဲ”

“တင်းတိပ်မျက်နှာမင်းရော”

“အာ.. ငါလည်းမလုပ်ဘူး”

တင်းတိတ်မျက်နှာက အကြောက်အကန်
ငြင်းဆိုလိုက်သည်။

“မင်းက ငါတို့အားလုံးထဲမှာ အသားအရေ အလှဆုံးပဲလေ.. ပြီးတော့မင်းက ကလေးပဲ ရှိသေးတော့ အဆင်ပြေမှာပါ.. မင်းက.. အကောင်းဆုံး ပြည့်တန်ဆာပဲ.. မင်းထက် သင့်တော်တဲ့သူ မရှိဘူး”

“ပြည့်တန်ဆာဆိုတာ ဘာကိုပြောတာလဲ”

အသံတစ်သံက သူတို့အနားမှ ထွက်ပေါ်လာခဲ့သည်။

အချေအတင် ပြောနေကြ၍ ဖန်ရှင်းက အခန်းအောင်းနေရာမှ သူတို့နားသို့ လျောက်လာသည်ကိုပင် သတိမထားမိခဲ့ကြချေ။အလုပ်သမားငါးယောက်လုံး ဖန်ရှင်းကိုကြည့်၍ ထိတ်လန့်သွားသည်။

ဖန်ရှင်းက ထိုင်ခုံတွင် ထိုင်ချလိုက်ပြီး ဝက်သားကို ဖဲ့လိုက်ကာ အရက်နဲ့မျှောလိုက်သည်။

ထို့နောက် ဘေးနားက လူတွေကို မမြင်သကဲ့သို့ အစားအသောက်ကိုသာ စားနေသည်။

သို့သော် မီးပုံ၏အလင်းရောင်ကြောင့် သူ၏မျက်နှာက ဖြူဖျော့ပြီး အားနည်းနေကြောင်း သိရှိနိုင်ပေသည်။

ဖန်ရှင်းက အစားကိုသာ နင်းကန်စားသောက်နေပြီး တွင်းနက်ကြီးထဲ ပျောက်သွားသကဲ့သို့ အစားအစာများကို မျိုချလိုက်သည်။

အတန်ကြာစားသောက်ပြီးနောက် သူက
ဝက်သားကို အရက်နှင့် မော့လိုက်ပြီး လက်စသပ်လိုက်သည်။

သူက ဆာလောင်နေသေးသော်လည်း တစ်ခါထဲ ဗိုက်တင်းအောင်စားဖို့ အစာအိမ်က မဖြစ်နိုင်မှန်း သိသည်။

“ဒီနေ့ကစပြီး ဟွာကျင်း ဆေးပင်တစ်ပင်… မဟုတ်သေးဘူး.. သုံးပင် ငါ့ဆီ ယူလာပေးပါ.. ဘယ်နည်းလမ်းနဲ့ပဲရရ ကိစ္စမရှိဘူး.. ငါ့ဆီယူလာနိုင်တဲ့သူက တစ်ရက်လုံး နားခွင့်ရမယ်.. မင်းတို့ကို အသားနည်းနည်း ပိုတိုးပေးမယ်.. မလုံလောက်ဘူး ထင်ရင် နှစ်ဆတိုးပေးမယ်.. အသားပမဏသုံးဆ ဆိုရင်တော့ အဆင်ပြေတယ် မဟုတ်လား”

လူတိုင်းကဖန်ရှင်းကို တအံ့တသြ ငေးကြည့်နေကြသည်။

လုပ်သက်အရင့်ဆုံး ဝမ်ဇီက အရင်ဆုံး သတိဝင်လာပြီး

“အခုဝက်သားငါးပေါင်ဆိုတော့ သူ့ရဲ့သုံးဆနော်”

“ဟုတ်တယ်.. အခုလုပ်ငန်းစလို့ရပြီ…

မလုံလောက်သေးဘူး ဆိုလည်း ဝက်သား ထပ်ဖြည့်ပေးမယ်”

“ဒါပေမယ့် ငါတို့မှာ ငွေအလုံအလောက် မရှိဘူးလေ”

“ကိုယ့်ဟာကိုယ် ရောင်းစားလိုက်ပေါ့… ဟား… မင်းတို့အားလုံး အကောင်းဆုံး ပြည့်တန်ဆာဆိုတာ ဘယ်သူလည်း ငြင်းနေကြတာ မဟုတ်လား”

ဖန်ရှင်းက ဝမ်ဇီတို့လူစုကို လှောင်ပြောင်လိုက်သည်။

မှတ်ချက်။ ချီဖွဲ့စည်းခြင်း ပထမအလွှာကို

           ဝိဉာဉ်အဆင့်တစ်..ဟုလည်း

           ခေါ်သည်။

အပိုင်း(၄)ပြီး၏

Comment

Leave a Reply

Options

not work with dark mode
Reset