Switch Mode

Chapter – 3

အသိအမြင် စာအုပ်

အပိုင်း(၃) အသိအမြင်စာအုပ်

“ပူလိုက်တဲ့နေကွာ”

မွန်းတည့်ချိန်နေသည် အမြင့်ဆုံးရောက်သည်နှင့်အမျှ အပူဆုံးအချိန် ဖြစ်သည်။

ဖန်ရှင်း၊ဝမ်ဇီနှင့် တခြားအလုပ်သမာများမှာ ဝါးကုလားထိုင်တွင် အနားယူနေကြသည်။

ပိုးမွှားများကိုဖမ်းရန် သူတို့အုပ်စုက အတော် ကြိုးပမ်းခဲ့ရသည်။

ဒီအချိန်မှသာ ပန်းက အပြည့်အဝ ပွင့်သောကြောင့် နေပူပူထဲမှာသာ အလုပ်ကို ပြုလုပ်နိုင်သည်။

ပန်းများ၏ ပွင့်ချပ်ထဲတွင် ညအခါ၌ ဖျက်ဆီးတတ်သော ပိုးများရှိနေရာ ပိုးသတ်ခြင်း လုပ်ငန်းကို ဂရုတစိုက် လုပ်ရသည်။

ဒါပေမယ့် ဒီအလုပ်တွေ အကုန်လုံးကို လုပ်ရာတွင် ဖန်ရှင်းက တစ်စက်မှ ဝိုင်းမကူခဲ့ပေ။

ဝမ်ဇီအား ဓားနှင့်တီးလိုက်ပြီး ကတည်းက ဤလုပ်ကွက် နေရာတွင် ဖန်ရှင်းက ခေါင်းဆောင်နေရာသို့ အလိုအလျောက် ရောက်သွားခဲ့သည်။

ယခုအချိန်၌ သူ၏ခြေထောက်များကို ဆေးပေးမည့်သူပင် ရှိနေပြီ ဖြစ်သည်။

ဝမ်ဇီက သူ့နေရာကိုလု၍ ဖန်ရှင်းအား ထပ်ပြီး လုပ်ကြံသော်လည်း သူ့ခြေထောက်သာ ဓားထိုးခံလိုက်ရသည်။

ထိုအဖြစ်အပျက်ပြီးသည့် နောက်ပိုင်းတွင် ဖန်ရှင်းကို အကောက်ကြံမည့် အတွေးကို လုံးဝ စွန့်လွှတ်လိုက်တော့သည်။

ဝမ်ဇီသည် အရင်က လုပ်ကွက်နံပါတ်သုံး၏ သူဌေး ဖြစ်ခဲ့ဖူးသော်လည်း လက်နက်ကိုပင် မကိုင်ဖူးသော ရိုးရိုးသာမန်လူသာ ဖြစ်သည်။

ကျန်တဲ့အလုပ်သမားတွေကတော့ ဖန်ရှင်းကိုကြောက်၍ အမိန့်ကို နာခံကြသည်။

အထူးသဖြင့် ဓားစွမ်းပြသည့်ညက ဘောင်းဘီထဲ သေးပေါက်ချသည့် ကောင်လေးပင် ဖြစ်သည်။

ပျင်းပျင်းရှိသည်နှင့် ဖန်ရှင်းက ချင်းယွင်ဂိုဏ်း၏ “ချီဖွဲ့စည်းခြင်း” စာအုပ်ကို လေ့လာလိုက်သည်။

ထိုစာအုပ်ထဲမှ ညွှန်ကြားချက်များကို တွေးတောပြီး ဆင်ခြင်ရန် သုံးသပ်သော်လည်း ထူးခြားချက်ကိုတော့ မခံစားရပေ။

အတန်ကြာ စဉ်းစားပြီးသည့်နောက် ချီဖွဲ့စည်းခြင်း စာအုပ်သည် အလိမ်အညာ စာအုပ် မဖြစ်နိုင်သော်လည်း သိပ်ပြီးထူးခြား လှသည်တော့ မဟုတ်ဟု ကောက်ချက်ချလိုက်သည်။

ဒီအဖြစ်မျိုးက သူတစ်ယောက်ထဲ ကွက်ပြီး ဖြစ်နေသည်တော့ မဟုတ်ပေ။

ဒီနှစ်ပိုင်း အတွင်း ဒီမှာရှိသော လူတိုင်းက ချီပျိုးထောင်ခြင်း ပထမအဆင့်သို့ တစ်ယောက်မှ မရောက်ရှိသေးပေ။

ဝမ်ဇီက သူနှင့်ရင်းနှီးပြီး နောက်ပိုင်းတွင် ချီကိုခံစားမိသည် ဆိုခြင်းမှာ အထင်ကြီးအောင် ဖြီးဖြန်းနေတာ ဖြစ်ကြောင်း ဝန်ခံခဲ့သည်။

ဒါကိုကြားရပေမယ့် ဖန်ရှင်းက အလွယ်တကူ
လက်မလျော့နိုင်သေးပေ။

ချီဖွဲ့စည်းခြင်း ပထမအဆင့်ကိုရောက်ရှိပြီး အပြင်စည်းဂိုဏ်းသား ဖြစ်သွားသော ဒဏ္ဍာရီများကို အလုပ်ကြမ်းသမား စဖြစ်သည့်နေ့ကတည်းက ကြားခဲ့ရသည်။

ဒဏ္ဍာရီက ပုံပြင်သာဖြစ်ပြီး လက်တွေ့တွင် လွယ်ကူသော အလုပ်မဟုတ်ချေ။

ဖန်ရှင်းက အသေအချာ စဉ်းစားလိုက်ရင်း ကောက်ချက်ချလိုက်သည်။

“ငါ..မလုပ်နိုင်တာလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲလေ.. အချို့အရာတွေက ပင်ကိုယ်စွမ်းရည်နဲ့ ဆိုင်တယ် ထင်ပါရဲ့”

သူ့တွင် ပင်ကိုယ် အရည်အချင်း မရှိပါက ဘာလုပ်လုပ် ထူးမခြားနားပင် ဖြစ်ကြောင်း သိလိုက်သည်။

နောက်ဆုံးတွင် ဖန်ရှင်းသည် စိတ်ရှုပ်ထွေးစေမည့် အရာများကို မစဉ်းစားတော့ဘဲ ချီဖွဲ့စည်းခြင်း စာအုပ်ငယ်ကို သူ၏ အဝတ်အိတ်ထဲတွင် ပြန်သိမ်းလိုက်သည်။

ထိုအချိန်တွင်သူ၏ ကိုးယောက်မြောက်ဦးလေး ပေးလိုက်သော စာအုပ်လေးကို သတိရသွားသည်။

ထိုစာအုပ်သည် စာမျက်နှာ အနည်းငယ်သာ ရှိသော်လည်း ကွေးရန်တောင်တွင် နေထိုင်သော အဖွဲ့သား သုံးရာကျော်နှင့် သူ၏ဦးလေး ကိုးယောက်လုံးကို သေဆုံးစေသည့် အဓိက အကြောင်းရင်း ဖြစ်သည်။

ကွေးရန်တောင်၏ တစ်ဦးတည်း အသက်ရှင်သော အဖြစ် သူတစ်ယောက်သာ ကျန်ရှိတော့သည် မဟုတ်ပါလား။

ရှောင်ကျန်းမင်လို နာမည်ကြီး သူရဲကောင်းက ကွေးရန်တောင်ကို လာတိုက်ခိုက်သောအခါ သူ၏ဦးလေးတွေက ထိုစာအုပ်ကို သေချာဂရုစိုက်ရန် ပြောပြီး ထွက်ပြေးစေခဲ့သည်။

ဆယ်ယောက်မြောက် ဓားပြခေါင်းဆောင်မှာ ဆယ်နှစ်အရွယ် ကလေးဖြစ်ကြောင်း ရှောင်ကျန်းမင် မထင်ထားသည့် အတွက်လည်း သူက လွတ်မြောက်လာရခြင်း ဖြစ်သည်။

ထိုစာအုပ်နာမည်ကို ရှေးဟောင်း တရုတ်ပညာရပ် တစ်ခုဖြစ်သည့် ချိတ်ပိတ်ခြင်းနည်းဖြင့် ရေးထားပြီး ဖန်ရှင်းကို သူ၏ဦးလေးကိုးက သင်ကြားပေးခဲ့သည်။

ချိတ်ပေးထားခြင်းကို ဖယ်ရှားလိုက်ပြီးနောက် စာအုပ်နာမည်ကို တွေ့လိုက်ရပြီး “အသိအမြင်ကျမ်း” ဟု ရေးထိုးထားသည်။

သူက စာအုပ်ကို စိတ်ဝင်စားလာပြီး ဘာမှမစဉ်းစားတော့ပဲ ဖွင့်လိုက်သည်။

“ဗလာ..အာ..ဦးလေးနှစ်က ပညာပြနေပြီထင်တယ်”

စာအုပ်တွင် မည်သည့်စာသားမျှ မတွေ့ရချေ။သူ၏ဒုတိယဦးလေးက စာမမြင်ရသည့်နည်းကို သင်ပေးခဲ့သည်။

ထိုသို့သော အသေးအဖွဲလောက်ကတော့ ဖန်ရှင်းကို ပြသနာဖြစ်စေမည် မဟုတ်ပေ။

ချက်ခြင်းပင် နေရောင်အောက်တွင် စာအုပ်ကို ထောင်လိုက်သည်။

“အယ်..ဘာမှလည်းမထူးပါလား”

“အင်း.. ဒီစာအုပ်က လျို့ဝှက်နည်းနဲ့ဖွင့်မှ စာတွေကို မြင်ရမယ်ထင်တယ်”

သူက ထိုစာအုပ်ကို အဝတ်အိတ်ထဲ ပြန်ထည့်လိုက်သောအခါ ထိုစာအုပ်က ချီဖွဲ့စည်းခြင်း စာအုပ်အပေါ်တွင် ရောက်သွားသည်။

ထိုအချိန်တွင် ထူးခြားမှုကို မြင်လိုက်ရသည်။

စာမရှိသော စာအုပ်တွင် စာလုံးများပေါ်ထွက်လာပြီး ချီပျိုးထောင်ခြင်းနှင့် ပတ်သက်သော လျို့ဝှက်နည်းစနစ်များကို ညွှန်ပြထားသည်။

“ချင်းယွင်ဂိုဏ်း၏ ချီဖွဲ့စည်းခြင်းနည်းစနစ်”

ဝိဉာဉ်ကို ကျင့်ကြံသူများအတွက် သင့်လျော်ပြီး အစပျိုးကျင့်ကြံသူတို့ အတွက် နည်းပြစာအုပ်”

“ဘာရီးလည်းဟ”

ဖန်ရှင်းသည်သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး ထိုစာလုံးများကို သေချာဖတ်ကြည့်လိုက်သည်။

စာလုံးများက လိုရင်းကို အဓိကညွှန်ပြသည့် စကားလုံးများဖြစ်ပြီး ချီဖွဲ့စည်းခြင်း နောက်ကွယ်က အခြေခံအချက်များနှင့် စာအုပ်၏အမှားများကို သေချာဖော်ပြထားပြီး မည်သို့ပြင်ဆင်၍ ကျင့်ကြံလို့ရသည့် နည်းများကို ဖော်ပြထားသည်။

အဖြစ်အပျက်များကို ကြောင်ငေးနေသော ဖန်ရှင်းသည် အသိအမြင် စာအုပ်အောက်မှ ချီဖွဲ့စည်းခြင်း စာအုပ်ကို ယူလိုက်ရာ အသိအမြင် စာအုပ်ပေါ်မှ စာလုံးများ ပျောက်ကွယ်သွားသည်။

တဖန် အသိအမြင် စာအုပ်အောက်တွင် ပြန်ထားလိုက်ရာ စာလုံးများက ပြန်ပေါ်လာသည်။

“အံမယ်.. ဒီလိုလည်းရတာပဲလား”

ထို့နောက် အသိအမြင်စာအုပ်ကိုယူ၍ တစ်ဝက်တစ်ပျက်စားလို့ ကုန်ခါနီး ဖရဲသီးပေါ်ကို တင်လိုက်သည်။

“ဘာမှလည်း မပေါ်ပါလား”

“ဒီစာအုပ်က သာမန်စာအုပ်မှ ဟုတ်ရဲ့လား”

ဖန်ရှင်းသည် သူ၏စာအုပ်များကို စစ်ဆေးပြီးသည့်နောက် သူ၏စတုတ္ထဦးလေး ပေးခဲ့သော ဖန်ပုလင်းလေးကို ထုတ်ယူလိုက်ပြီး သူ၏ဦးလေးပြောစကားကိုကြားယောင်လာသည်။

ထိုထဲမှ ထုတ်လွှတ်သည့် မီးခိုးမြုခိုးများသည်
အရွယ်ရောက်နေသော နွားတစ်ကောင်ကိုပင်
ဘဝပျက်စေနိုင်သည်ဟူ၍ပင်။

ထိုပုလင်းကို စမ်းကြည့်လိုက်ရာ စာကြောင်း သုံးကြောင်းသာ စာအုပ်တွင် ပေါ်လာသည်။

အဆင့်နိမ့်ဝိဉာဉ်လက်နက်.. မီးခိုးမြူများ သိမ်းရန်အတွက်သာ အသုံးဝင်သည်.. မသန့်စင်သောအရာ မပါရှိပါ။

“ဒီပုလင်းက ဝိညာဉ်ပစ္စည်းတဲ့လား…ငါ့ဦးလေးက လက်တွေ့ကျတဲ့သူဆိုတာ ငါသိတယ်”

ဖန်ရှင်းက ရီလိုက်ပြီး တခြားပစ္စည်းများကို
အသိပညာစာအုပ်တွင် စမ်းသပ်သော်လည်း
ထူးခြားမှုမရှိခဲ့ပါ။

“သူဌေးဖန်ရှင်း ဒီနေ့ အရမ်းမပူဘူးလား.. ရွှင်ရွှင်လန်းလန်း ဖြစ်သွားအောင် တစ်ခုခုသောက်ကြရင် မကောင်းဘူးလား”

သစ်သားအိမ်လေးထဲကို ပြေးဝင်လာသော ဝမ်ဇီကြောင့် ဖန်ရှင်း၏ အတွေးစများ ပျက်တောက်သွားသည်။

အံ့သြစရာအချက်မှာ ဓားထိုးပြီးသည့် ညမှစပြီး သူတို့နှစ်ယောက်၏ ဆက်ဆံရေးက တိုးတက်လာခဲ့သည်။

ဝမ်ဇီ၏ ပြောနေကျ စကားအရဆိုလျှင်

“ရန်မဖြစ်ဘဲ.. တစ်ယောက်အကြောင်း တစ်ယောက်မသိနိုင်ဘူး” ဟူ၍ပင်ဖြစ်သည်။

ဖန်ရှင်းက စာအုပ်ကို ဘေးမှာ ချထားလိုက်ပြီး

“မင်း..သောက်နေတာလား.. အလုပ်ရောပြီးပြီလား”

“ပြီးတော့မယ်.. ကျန်တဲ့သူတွေက အပြီးသတ်နေတယ်.. ငါအရက်သွားဝယ်မယ်..”

ဝမ်ဇီက ဖဲရီးသီးကို ကိုက်စားလိုက်ပြီး
တစ်ခုခုကို မျှော်လင့်နေသကဲ့သို့ ဖန်ရှင်း၏ အရှေ့တွင် ရပ်နေသည်။

“မင်းက ကပ်စေနည်းတဲ့ကောင်ပဲ.. ဝက်လက်နဲ့ ဝက်ခြေထောက်က ဒီလောက်မကုန်ပါဘူးဟ…”

ဖန်ရှင်းက လှောင်ပြောင်လိုက်ပြီး ငွေစအချို့ကိုထုတ်ပေးကာ

“ဝက်သားကောင်းကောင်းလေး ဝယ်လာခဲ့”

“ကျေးဇူးပဲသူဌေး”

ဝမ်ဇီသည် ငွေစကိုကိုင်ကာ စားလိုက်စ ဖရဲသီးကိုပစ်ချပြီး တောင်ခြေသို့ ပြေးတော့သည်။

တောခြေတွင် ရွာလေးတစ်ရွာရှိပြီး ချင်းယန်ဂိုဏ်းလို သောင်းချီသော ဂိုဏ်းသားများကြောင့် စီးပွားရေး အချက်အခြာကျနေပြီး စည်ကားနေသည်။

ဂိုဏ်းက ကျွေးသော အစားအသောက်ထက် တောင်ခြေရှိ ရွာကလေးမှ အစားစာများကို နှစ်သက်ကြသည်။

ကမ္ဘာပေါ်ရှိ ကြီးမြတ်သော ခေါင်းဆောင်များသည် ရက်စက်ရန် လိုအပ်ရုံသာမက လက်အောက်ငယ်သားများကို ရေမီးအစုံထားနိုင်မှ ခေါင်းဆောင် ပီသမည် ဖြစ်သည်။

အရင်က လုပ်ကွက်ခေါင်းဆောင်များသည် လုပ်အားခများကို ဖြတ်စားလေ့ ရှိသည်။

ဖန်ရှင်းကမူ လုပ်အားခ ဖြတ်သော်လည်း အရက်နဲ့အသားကို ဝလင်အောင် ကျွေးမွေးသည့်အတွက် ဝမ်ဇီထက်ပင် သူ့ကိုပို၍ လေးစားလာကြသည်။

ဝမ်ဇီ ထွက်ခွာသွားပြီးနောက် ဖန်ရှင်းက အသိအမြင်ကျမ်းဆီသို့ အတွေးရောက်သွားသည်။

သူစဉ်းစားမိသည်မှာ စာအုပ်သည် ဝိဉာဉ်ရေးရာ အသုံးအဆောင်များနှင့် ထူးဆန်းသော ပစ္စည်းများပေါ်တွင်သာ အကျိုးသက်ရောက်ပုံ ရလေသည်။

“ဒီစာအုပ်က မှော်ဆန်လည်းဘာဖြစ်လဲ.. ငါ့အတွက် ပိုတောင် ကောင်းသေးတယ်.. ငါဒီစာအုပ်ကို အားကိုးပြီး.. အကဲဖြတ်ဆရာတောင် ဖြစ်လာနိုင်တယ်.. ဟားဟား”

ဖန်ရှင်းက သဘောကျစွာ ရီမောလိုက်သည်။

“ရေး..သူဌေး..သူဌေး.. ငါဆေးပင်အချို့ ရှာတွေ့ခဲ့တယ်.. ဒီထဲကနေ အနည်းငယ်လောက် ငါတို့ယူထားလို့ ရတယ်”

သရဲမျက်နှာပေါက်ရှိသော လူငယ်နှင့်အတူ ဆေးစိုက်ခင်း တစ်ခုထဲတွင် လုပ်ကိုင်နေသော တင်းတိပ်ကောင်လေးသည် ခရမ်းရောင် အမြစ်များနှင့် မြစိမ်းရောင်အပင်၏ အခက်အနည်းငယ်ကို လက်တွင် ဆုပ်ကိုင်လာပြီး စိတ်လှုပ်ရှားစွာဖြင့် မောကြီးပန်းကြီး ပြေးလာခဲ့သည်။

ခရမ်းရောင်အမြစ်နှင့် မြစိမ်းရောင်အခက်တို့သည် ကိုယ်တိုင် စိုက်ပျိုးထားသောအရာ မဟုတ်သော်လည်း တစ်ခါတရံမှသာ ရှာတွေ့နိုင်သည်။

ထိုအပင်များကို သာမန်လူများအား သင့်တင့်သောဈေးဖြင့် ရောင်းချနိုင်ပြီး အာနိသင်မှာ “ကျင်”ကို တိုးပွားစေနိုင်သည်။

အမျိုးသားနှင့် အမျိုးသမီးတို့၏ ဘာညာဘာညာကို တိုးပွားစေနိုင်ပြီး ဆေးလုပ်သားများ၏ အပိုဝင်ငွေရသော အပင်များလည်း ဖြစ်သည်။

“ကျင်”ကိုချီအဖြစ်သို့ ပြောင်းလဲနိုင်ပါတယ်။

အစောပိုင်းက ဖန်ရှင်းသည် ဆေးပင်များကို ဂရုမပြုမိဘဲ ရုတ်တရက် အသိအမြင်ကျမ်းပေါ်မှ ချီဖွဲ့စည်းခြင်း စာအုပ်ထဲတွင်ပါသော
စာကြောင်းကို သတိရလိုက်သည်။

ဖန်ရှင်း၏မျက်လုံးက ရုတ်တရက် တောက်ပသွားပြီး တင်းတိပ်မျက်နှာနှင့်ကောင်လေးကို
စူးစိုက် ကြည့်လိုက်သည်။

“သူဌေး ငါမဟုတ်တာ မလုပ်ထားပါဘူး.. ကျိန်ဆိုလို့ရပါတယ်”

တင်းတိပ်မျက်နှာနှင့်ကောင်လေးက ကြောက်လန့်စွာ ပြောလိုက်သည်။

ဖန်ရှင်း၏အကြည့်က တင်းတိပ်မျက်နှာရော သရဲမျက်နှာကိုပါ အရိုးခိုက်အောင် တုန်လှုပ်စေခဲ့သည်။

“အဲဒီအပင်ကို ငါ့ဆီပေးစမ်း”

တင်းတိပ်မျက်နှာနှင့်ကောင်လေး လက်ထဲမှ ဆေးပင်များကို အတင်းလုယူလိုက်ရာ ကောင်လေးနှစ်ယောက်က ဖန်ရှင်းကို လန့်ဖြန့်သွားပြီး တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။

မှတ်ချက်။ ။”ကျင်”ဆိုသည်မှာဖိုမဆက်ဆံရာ

        တွင်ထွက်လာသောသုပ်ရည်ကို

           ဆိုလိုသည်။

အပိုင်း(၃)ပြီး၏

Comment

Leave a Reply

Options

not work with dark mode
Reset