Switch Mode

Chapter – 2

ဆယ်ယောက်မြောက် ဓားပြ

အပိုင်း(၂) ဆယ်ယောက်မြောက်ဓားပြ

ချင်းယွင်ဂိုဏ်းသည် ချူဖန်းနိုင်ငံ၏ လေးစားဖွယ် အဆင့်အတန်းတွင် ရှိပြီး နှစ်ပေါင်းသုံးထောင်က သမိုင်းဝင် အမွေအနှစ်များ ရှိသည်။

နိုင်ငံတစ်ဝှမ်းလုံးမှာဖြစ်စေ.. တောင်ပိုင်း ကျန်းပူတိုက်ကြီး တစ်ခုလုံးမှာ ဖြစ်စေ.. ချင်းယွင်ဂိုဏ်း၏ အနိမ့်ဆုံးအဆင့် တပည့်ကိုပင် ရိုသေလေးစားကြသည်။

အကျော်ကြားဆုံးဖြစ်ရပ်မှာ ချင်းယွင်ဂိုဏ်း၏ အဓိက တပည့်ဖြစ်သူ ရှောင်ကျန်းမင်သည် လွန်ခဲ့သောသုံးလက နာမည်ဆိုးဖြင့်ကျော်ကြားသော ကွေးရန်တောင်မှ ဓားပြအုပ်စုကို နှိမ်နင်းခဲ့သည့် ဖြစ်ရပ်ပင် ဖြစ်သည်။

သို့သော် လူအများထင်သကဲ့သို့ ဓားပြအုပ်စုကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့သော်လည်း ဆယ်ယောက်မြောက် ခေါင်းဆောင်ကို မဖမ်းနိုင်ခဲ့ပေ။

သူက လွတ်မြောက်သွားသော ဓားပြခေါင်းဆောင်ကို ဖမ်းရန် ကွေးရန်တောင်တန်း တစ်လျောက် အပူတပြင်း ရှာဖွေနေခဲ့သည်။

ဆယ်ယောက်မြောက် ခေါင်းဆောင်သည် အားလုံးထဲတွင် အလျို့ဝှက်ဆုံး ဖြစ်နေပြီး ထိုဓားပြ၏ သတင်းက စုံးစုံးမြုပ်နေခဲ့သည်။

သူမသိသေးသည့် အချက်မှာ ဆယ်ယောက်မြောက် ဓားပြခေါင်းဆောင်သည် သူ၏ ဂိုဏ်းထဲသို့ ရောက်လာပြီး ဝါစဉ်အရ သူ၏ဂိုဏ်းတူညီလေး ဖြစ်လာခြင်းကိုပင်။

အမှန်စင်စစ် ဆေးစိုက်ခင်း၏ လုပ်သားဘဝသည် သာမန်အပြင်စည်း ဂိုဏ်းသားနှင့်ပင် ယှဉ်လို့မရပေ။

ချင်းယွင်ဂိုဏ်းသည် အရည်အချင်းရှိသော ဂိုဏ်းဝင်များကို ဆယ်နှစ်တစ်ကြိမ်မှ စုဆောင်းသော်လည်း ဆေးစိုက်ခင်း လုပ်သားများကိုတော့ တစ်နှစ်ပတ်လုံး လက်ခံကြသည်။

ဆေးစိုက်ခင်းသည် ချင်းယွင်ဂိုဏ်း၏ အစိတ်အပိုင်း ဖြစ်သော်လည်း ဂိုဏ်းမှ ရွေးချယ်ထားသော တပည့်များနှင့် ရရှိမည့် အခွင့်အရေးက ကွာခြားလွန်းလှသည်။

အကြီးအကဲများ၏ တရားဝင် သင်ကြားခြင်းကို မရရှိသည့်အပြင် ဝိဉာဉ်ကျောက်တုံးများနှင့် ထောက်ပံရေး ဆေးလုံးများကိုလည်း မရရှိပေ။

ဂိုဏ်းတွင် ဆေးစိုက်ခင်း အလုပ်သမားပေါင်း ထောင်ကျော်ခန့်ရှိပြီး သန့်ရှင်းရေး.. ချက်ပြုတ်ရေး နှင့် စိုက်ပျိုးရေး ကဲ့သို့သော သာမန် အလုပ်ကြမ်းများကိုသာ လုပ်ကြရပြီး
လတစ်လလျှင် တစ်ရက်သာ နားရက်ရကြသည်။

ထိုကဲ့သို့သော အရာအားလုံးမှာ ချင်းယွင်းဂိုဏ်း၏ “ချီကိုဖွဲ့စည်းခြင်း” အမည်ရှိ စာအုပ်ပါးလှပ်လှပ်လေး အတွက်သာ ဖြစ်သည်။

ချီကို ပြုစုပျိုးထောင် တည်ဆောက်နိုင်ခဲ့ရင် လူအများကြားမှ နဂါးဖြစ်လာရန်
ခြေလှမ်းအစလည်း ဖြစ်သည့်အတွက် အလုပ်ကြမ်းပင် လုပ်ရလုပ်ရ ဂိုဏ်းတွင် ခြစ်ကုတ်ပြီး နေရသည့် အဖွဲ့ဆိုရင်လည်း မမှားပေ။

အမလင်းယွင်နှင့် ရှောင်မန်တို့ကို ခွဲခွာလာပြီးနောက် ဝတုတ်တာအိုဆရာက ဖန်ရှင်းကို သစ်သားအိမ်ကလေး တစ်လုံးဆီသို့ ခေါ်ဆောင်လာခဲ့သည်။

အခန်းထဲတွင် ဆယ်ကျော်သက်အရွယ် လူတစ်ယောက် ရှိနေပြီး ထိုလူ၏မျက်နှာတွင် ကြီးမာသော မှဲ့ကြီးတစ်လုံးရှိသည်။

ဝတုတ်တာအိုဆရာသည် အစိမ်းရောင်ဝတ်စုံကို ဖန်ရှင်းအား လှမ်းပေးလိုက်သည့် အပြင် စာအုပ်ပါးတစ်အုပ်.. သစ်သားတံဆိပ်ပြား တစ်ခုကို ပေးအပ်ခဲ့ပြီး စိတ်ပျက်ဖွယ်ကောင်းအောင် ပြုံးပြလိုက်သည်။

ဝတုတ်တာအိုဆရာ ထွက်သွားသည်နှင့် ဖန်ရှင်းက အခန်းကို လှည့်ပတ်ကြည့်လိုက်ပြီး ကြီးမားသော မှဲ့နှင့်လူကို မင်္ဂလာပါဟု နှုတ်ဆက်လိုက်သည်။

” မင်းက သိပ်အမြင့်ရောက်ချင်တဲ့ကောင် မဟုတ်လား.. မင်းကို အမတော်လင်းယွင်က မလိုချင်လို့ ဒီကို ရောက်လာတာမဟုတ်လား.. ဟားဟား.. အဆက်အသွယ်.. ပိုက်ဆံ.. ပင်ကိုစွမ်းရည် ဘာတစ်ခုမှ မရှိရင် အောက်ခြေဖြစ်တဲ့ ဒီနေရာကနေ စရမှာပဲ… ချင်းယွင်ဂိုဏ်းရဲ့ ချီဖွဲ့စည်းခြင်းကို သေချာလေ့လာ… လူတိုင်းက ဒီလိုအခွင့်အရေး ရနေတာ မဟုတ်ဘူး… ပထမအဆင့်ကို ကျွမ်းကျင်တာနဲ့ အပြင်စည်းတပည့် ဖြစ်လာနိုင်တယ်”

အခန်းထဲတွင် တခြား ယောကျာ်းလေးများလည်း ရှိနေခဲ့သည်။

သူတို့အားလုံးသည် ဖန်ရှင်းထက် အသက် အနည်းငယ်မျှသာ ကြီးသော်လည်း ဆရာကြီးများပမာ ဟန်လုပ်၍ ရှင်းပြနေကြသည်။

“ဒါဆို မင်းက ဘယ်အဆင့် ရောက်ပြီလဲ”

ဖန်ရှင်းက မေးလိုက်သည်။

မှဲ့မျက်နှာနဲ့လူက ဂုဏ်ယူဝင့်ကြွားသော
လေသံဖြင့် လက်မထောင်ပြလိုက်ပြီး

” ငါက ချီကိုခံစားမိတဲ့ အဆင့်ရောက်နေပြီ.. ဒီမှာရှိတဲ့သူ ဘယ်သူမှ အဲ့ဒီအဆင့်ကို မရောက်သေးဘူး”

“မင်းဒီကိုရောက်နေတာ..ဘယ်လောက်ကြာပြီလဲ”

ဖန်ရှင်းက တစ်စုံတစ်ရာကို စဥ်းစားမိပြီး မေးခွန်းထုတ်လိုက်သည်။

“ငါက ဒီမှာရောက်တာ ခြောက်နှစ်ရှိပြီ.. သူတို့က အနည်းဆုံး သုံးနှစ် ရှိပြီ”

အမေးခံရသူက ဂုဏ်ယူဟန်ဖြင့် ပြောသည်။

“အာ.. သွားပါပြီ.. ဒီမိန်းမ အစုတ်ပလုပ် ငါ့ကို လူလည်ကျသွားပြီ”

ဖန်ရှင်းက သက်ပြင်းချလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဘယ်က မိန်းမကို ပြောတာလဲ”

မှဲ့နဲ့လူက စပ်စုပြီး မေးလိုက်သည်။

“သူမက ငါ့ကို ချင်းယွင်ဂိုဏ်းထဲ ဝင်ခွင့်ပေးမယ်လို့ ပြောပြီး အလုပ်ကြမ်းသမား နေရာကို ပို့လိုက်တယ်..
တကယ်တမ်း ငါရလိုက်တာက.. အစုတ်အပဲ့ စာအုပ်တစ်အုပ်ပဲ”

ဖန်ရှင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဆက်ပြောလိုက်သည်..

“မင်းတို့အားလုံး ငတုံးတွေပဲ.. ခြောက်နှစ်.. သုံးနှစ်.. ဒီမှာရှိနေတာ.. မင်းတို့ဘာတွေရခဲ့လဲ.. ဒါလိမ်ညာပြီး ခိုင်းစားတာပဲ”

“မင်းပြောတာ အမတော် လင်းယွင်လား”

ဖန်ရှင်း၏ သွေးထိုးမှုကြောင့် ချင်းယွင်ဂိုဏ်း အပေါ် ဒေါသထွက်လာသော ယောကျာ်းသည် ရုတ်တရက် ဖန်ရှင်း၏ ကော်လာကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

“တိတ်လိုက်စမ်း.. စောက်ရူး.. မင်းပြောနေတာကို တခြားသူတွေကြားရင် ငါတို့တစ်ဖွဲ့လုံး မြွေကိုက်မှာကို သိလား.. မင်းသိထားဖို့က အခုရောက်နေတာ ငါ့ရဲ့ပိုင်နက်.. ငါကအရှေ့ကို လျောက်ခိုင်းရင် မင်းက အနောက်ကို လျောက်လို့မရဘူး.. ငါကခုန်ချလို့ ပြောရင် မင်းက ဘယ်လောက်မြင့်လည်း မေးလို့မရဘူး.. မင်းနားလည်ရဲ့လား”

“ဒါအမှန်တရားပဲ.. ထိုင်ခုံတွေကိုလည်း သန့်ရှင်းရမယ်.. နေ့စဉ်ချိုးတဲ့ရေကိုလည်း ဖြည့်ရမယ်..”

ပုံမှန်အားဖြင့် ထိုကဲ့သို့သော အလုပ်များမှာ ကလေးတစ်ယောက် အတွက် လုံးဝ မသင့်တော်ပေ။

“ဟား..ဟား.. ပြီးရင်အဝတ်လည်း လျော်ရမယ်.. ဒါက အသစ်ရောက်တဲ့သူ လုပ်ရတာ”

ထိုစကားကို ဝင်ပြောသောသူသည် အဝတ်လျော်နေရာတွင် တာဝန်ကျခဲ့သည်မှာ အတော်ကြာခဲ့မည်ဟုထင်ရပြီး အခွင့်ရတုန်း
ဝင်ပြောခြင်း ဖြစ်သည်။

ဖန်ရှင်းက သူတို့အားလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး
တစ်စုံတစ်ရာကို သဘောပေါက်သွားသည်။

“မင်းတို့ငါ့ကို ဝိုင်းအနိုင်ကျင့်နေတာလား”

“ဟုတယ်.. ငါ့စကားကို နားမထောင်ရင်ပေါ့”

မှဲ့မျက်နှာနှင့်လူက ပြောရင်းဆိုရင်း သူ၏ လက်မောင်းကြွက်သားများကို သွေးပြန်ကြောများ ဖုထနေအောင် လုပ်လိုက်ပြီး စားပွဲကို ထုချရန် ပြင်လိုက်ပြီးနောက် ဖန်ရှင်းဘက်လှည့်၍ ပြုံးလိုက်သည်။

“မင်းဘာလုပ်မလို့လဲ…မင်းငါ့အသားကို ထိရင်ရဲ ထိကြည့်စမ်း.. ငါအော်ဟစ်လိုက်မယ်”

သူ့ကိုလက်ချောင်းဖြင့် တို့မိသည်နှင့် အော်လိုက်မည်ဟု ခြိမ်းခြောက်လိုက်သည်။

ဒါကိုမြင်တော့ မှဲ့နဲ့လူက ရီလိုက်ပြီး

“စိတ်မပူပါနဲ့.. ငါမင်းကို အခု မထိသေးဘူး.. ညရောက်မှ မင်းကို ငါတို့အားလုံး ဝိုင်းသမမှာ.. အဲ့အချိန်ကျလို့ရှိရင် မင်းနဲ့ငါတို့ပဲရှိတယ်.. မင်းအဆုပ်ကွဲအောင် အော်လည်း ဘယ်သူမှ ကြားမှာမဟုဘူး”

“ဒါတော့အမှန်ပဲ ဆေးစိုက်ခင်းက အကိုတွေက သုံးလတစ်ကြိမ် ငါတို့ဆီ လာစစ်ဆေးတယ်။ သူတို့ဒီကိုမလာတဲ့ အချိန်ဆို ငါတို့လုပ်ချင်တာ လုပ်လို့ရတယ်.. သူတို့တောင် မင်းကို ကယ်နိုင်မှာမဟုတ်ဘူး.. သူတို့က မင်းကို ဂရုမစိုက်နိုင်အောင် အလုပ်များလွန်းတယ်.. အကယ်၍ မင်းက တာအိုရဲ့ သဘောတရားကို ခံစားလို့ မရရင် ဒီနေရာကနေ နောက်ဆယ်နှစ်လည်း ထွက်သွားလို့ရမှာ မဟုတ်ဘူး”

ထိုလူက ဖန်ရှင်းအား လူသစ်လေးဟူ၍ ဖြဲခြောက်နေခြင်းပင်။

“ချစ်ရတဲ့အကိုတို့ရယ်.. ကျနော်က လူဆိုးမဟုတ်ပါဘူးဗျာ.. လူကောင်းတစ်ယောက်ပါ.. အကိုတို့ခိုင်းတာ ကျနော်လုပ်ပေးမှာပါ”

ဖန်ရှင်းက ရုတ်တရက် နူးညံ့သွားပြီး သူ၏လေသံကို သနားစဖွယ် အသံဖြစ်အောင် လုပ်လိုက်သည်။

မှဲ့မျက်နှာနှင့်လူက ဖန်ရှင်း၏လေသံကြား၍
ရယ်မောလိုက်သည်။

ဒီလိုငကြောက်များကို သူတွေ့ကြုံနေကြ ဖြစ်၏

ဆေးစိုက်ခင်းများသည် အလွန်ဧရိယာ ကျယ်ပြန့်ရုံမက မှော်စွမ်းအင်များလည်း ရှိကြသည်။

ဆောင်းရာသီ၌ပင် ဆေးစိုက်ခင်းတွင် အရောင်စုံသော ဆေးများဖြင့် ပျံ့နှံ့ လျက်ရှိသည်။

ဤသည်ကိုကြည့်၍ ချင်းယွင်ဂိုဏ်း မည်မျှ ချမ်းသာကြောင်း လွယ်လွယ်ကူကူပင် သိရှိနိုင်သည်။

နောက်တစ်နေ့တွင် ဖန်ရှင်းသည် အကြမ်းတမ်းဆုံးနှင့် အညစ်ပတ်ဆုံး အလုပ်များကို စိတ်လိုလက်ရ လုပ်ကိုင်ပေးနေသည်။

စိုက်ခင်းကို နေရာအနှံ့အပြား သွားရောက်ပြီး ဧရိယာတစ်ခုလုံး ခြောက်သွေ့အောင် လုပ်ရသည်။

ပိုးမွှားများကို မည်ကဲ့သို့ ဂရုစိုက်ရမည်.. မည်ကဲ့သို့ ရေလောင်းရမည်.. စိုက်ပျိုးရမည်.. မည်သို့ထိန်းချုပ်ရမည်.. စသည်ဖြင့် တိတိကျကျ သင်ကြားပေးခဲ့သည်။

ချင်းရွေ ကဲ့သို့သော အပင်ကို နေမဝင်ခင် ရေလောင်းရပြီး မိုလင်းဟု ခေါ်သောအပင်ကိုတော့ ဆီးနှင်းမကျခင် အစောဆုံး အာရုဏ် မတက်ခင်လေးတွင် ရေလောင်းခဲ့ရသည်။

ဖန်ရှင်းသည် ခြိမ်းခြောက်ခံရပြီး ကတည်းက
အလွန် ယဉ်ကျေးလာပြီး ခိုင်းသမျှကို မခိုမကပ်ဘဲ ကုန်းရုန်း လုပ်ပေးခဲ့သည်။

ညနေခင်း၌ သူသည် လူတိုင်း၏ ညစ်ပတ်သော အဝတ်အစားများကို လျော်ဖွတ်ပေးပြီး ညစာစားပြီးနောက် အိပ်ရာဝင်ခဲ့သည်။

လူတိုင်းက သူ့ကို သဘောကျနေကြပြီး သူတို့၏ အတွေ့အကြုံများနှင့် စိုက်ပျိုးရေးဆိုင်ရာ နားလည်မှုများကို ဆရာစားမချန် သင်ပေးမည်ဟု ကတိပေးခဲ့ကြသည်။

လူတိုင်းက စားသောက်ပြီးနောက် စကားတပြောပြောနှင့် ဆူညံနေခဲ့ပြီး သန်းခေါင်ယံအချိန်မှာတော့ အဆောင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

ဖန်ရှင်းကတော့ထိုထဲတွင်မပါဝင်ခဲ့ပေ။

အိပ်ရာပေါ်တွင် ထိုင်နေသည့် ဖန်ရှင်းက သူ၏ အဝတ်အိတ်လေးထဲမှ ချွန်ထက်သော ဓားမြှောင်ကို ထုတ်ယူလိုက်သည်။

ဤဓားမြှောင်က သူ၏တတိယဦးလေးထံမှ လက်ဆောင်ဖြစ်သည်။

တတိယဦးလေးက အနီးကပ် တိုက်ပွဲအတွက် ဓားမြှောင်သိုင်းပညာကိုလည်း သင်ပေးခဲ့သည်။

သူ၏ပထမဦးလေးက သူ့ကို ချစ်ဖို့ကောင်းတဲ့ ကျားရုပ်လေး ပေးခဲ့သည်။

ဒုတိယဦးလေးထံမှ ဆေးလုံးအချို့ .. စတုတ္ထဦးလေးထံမှ မီးခိုးမြူများ ထုတ်လွှတ်နိုင်သောပုလင်း..

ပဉ္စမဦးလေးထံမှ ငွေအပ်များ ပစ်လွှတ်နိုင်သော လက်နက်ပုန်းတစ်ခု ဆဌမဦးလေးထံမှ ချွင်းဟွာဘဏ်တိုက်မှ ငွေစုလက်မှတ်.. သတ္တမမြောက်ဦးလေးထံမှ ရှားပါးသောဂျင်ဆင်း အဌမမြောက် ဦးလေးထံမှ အရက်ဘူး နောက်ဆုံးတစ်ခုမှာ အထူးဆန်းဆုံး ဖြစ်သည်။

နဝမမြောက်ဦးလေး၏စာအုပ်တစ်အုပ်..

ဖန်ရှင်းက သူ့ဦးလေးများ၏ နောက်ဆုံး ကျန်ရစ်သော ပစ္စည်းများကို.ဖြည်းညင်းစွာ ငေးစိုက်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် အတွေးများ အားလုံးကို သူ၏ခေါင်းထဲမှ ရှင်းထုတ်လိုက်သည်။

ယင်းနောက် ထိုပစ္စည်းများကို သေချာ ပြန်လည် ထုပ်ပိုးလိုက်ပြီး ဘေးကင်းသော နေရာတွင် သိမ်းထားလိုက်သည်။

သူ၏ဓားမြှောင်ကို လက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး မှဲ့မျက်နှာနှင့်လူ အိပ်ပျော်နေသော အိပ်ရာအနီးသို့ ချဉ်းကပ်သွားသည်။

“အကိုဝမ်…အကိုဝမ်”

သူက နားရွက်နားကနေ တိုးတိုးလေးခေါ်လိုက်သည်။

မှဲ့မျက်နှာနှင့်လူ နိုးလာအောင် ဖန်ရှင်းသည် အတော်လေး အားစိုက်ထုတ်ခဲ့ရသည်။

“စောက်ရူး..ညကြီးမင်းကြီး..ဘာလာနှိုးနေတာလဲ..သေချင်နေပြီလား”

ထိုလူက စိတ်ဆိုးမာန်ဆိုးဖြင့် ငေါက်လိုက်သည်။

“မသေချင်ပါဘူး.. အခုဖုန်ထတော့မှာပါ”

ဝမ်ဇီထံမှ တုံ့ပြန်ဖို့အချိန်ပင် မရလိုက်ဘဲ ဖန်ရှင်းက ဓားမြှောင်ကို လက်ကိုင်အဆုံးထိ ဝမ်ဇီ၏ကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်။

နာကျင်လွန်းသဖြင့် ဝမ်ဇီခင်ဗျာ အော်ဟစ်လိုက်သည်။

ဖန်ရှင်းက ဝမ်ဇီ၏ပါးစပ်ကို မြန်မြန်ဆန်ဆန် ပိတ်လိုက်ပြီး ထပ်မလုပ်ရန်အချက်ပြလိုက်သည်။

ဝမ်ဇီသူ့ကို ခြိမ်းခြောက်ခဲ့သလိုပင် အော်ဟစ်သံကို အနီးနားမှလွဲ၍ မည်သည့်နေရာမှ မကြားလိုက်ချေ။

ဝမ်ဇီက ထွက်ပြေးချင်ပေမယ့် ဒဏ်ရာကြောင့်.မပြေးနိုင်ပေ။

ဝမ်ဇီကို အိပ်ရာပေါ်သို့ ဆွဲတင်လိုက်သည်။ ခဏအကြာတွင် ငြိမ်ငြိမ်နေပါက နာကျင်မှု နည်းလိမ့်မည်ကို ဝမ်ဇီတစ်ယောက် သဘောပေါက်သွားသည်။

ဖန်ရှင်းက အနှောင့်အယှက်နည်းအောင် ဖန်တီးခဲ့သည်။

သို့သော် ကြားစေချင်သည့်သူ ကြားအောင်တော့ သေချာပြင်ဆင်ခဲ့သည်။

အခန်းထဲမှလူများက အဖြစ်အပျက်ကို မရိပ်မိခင်မှာပင် တင်းတိပ်ပေါက်နေသော ကောင်လေးကနိုးလာပြီး အလန့်တကြား အော်ဟစ်လိုက်သည်။

“မင်း..မသေချင်ရင် စောက်ပေါက်ကို ပိတ်ထားစမ်း”

ဖန်ရှင်းက အရွယ်နဲ့မလိုက်အောင် လေးနက်သော အသံဖြင့် သတိပေးလိုက်သည်။

ကောင်လေးက တုန်လှုပ်သွားပြီး သူ၏ခြေထောက်ကြားက ရုတ်တရက် ပူနွေးသွားကာ သေးပေါက်ချလိုက်သည်။

ဖန်ရှင်းက ဓားမြှောင်ကို ဖြည်းဖြည်းချင်း ရုတ်သိမ်းလိုက်သည့်အခါ ဝမ်ဇီမှာနာကျင်လွန်း၍ ပုဇွန်ထုပ်လို ကွေးကောက်နေသည်။

ဖန်ရှင်းသည် အခြားအခန်းထဲသို့ လမ်းလျောက် ဝင်သွားစဉ်တွင် အခြားသူအားလုံး၏ ခန္ဓာကိုယ်သည် တစ်ကိုယ်လုံး အေးစက်သွားသည်ဟု
ခံစားလိုက်ရပြီး ကောင်လေးတစ်ယောက် ဆိုလျှင် ကြောက်လွန်း၍ စောင်ကို ခေါင်းမြီးခြုံ၍ နေနေသည်။

“ငါ့ကိုအနိုင်ကျင့်ဖို့ ကြိုးစားရဲတယ်လား.. လာလေ.. ဒီမှာငါရောက်နေပြီ”

ဖန်ရှင်းက အသည်းတယားယားဖြစ်အောင် ဓားကိုလှုပ်၍ ယိမ်းနေသည်။

“မင်းတို့ကို ငါအနိုင်ကျင့်နိုင်တယ် ဟားဟား..ရှင်းရှင်းပြောရရင် ငါက မင်းတို့ရဲ့ သူဌေးအသစ်ပေါ့.. မင်းတို့အားလုံး ငါ့ပိုင်နက်ထဲ ရောက်နေပြီ.. ငါပြောသမျှ မင်းတို့အားလုံး လိုက်နာရမယ်.. ငါက အရှေ့ကို သွားခိုင်းရင်
အနောက်ကို မသွားရဘူး.. ငါကခုန်ချလို့ ပြောလိုက်ရင် ဘယ်လောက်မြင့်လည်း
ပြန်မမေးရဘူး.. အေး.. ငါခိုင်းတဲ့အတိုင်း မလုပ်ရင် ငါ့ရဲ့ဓားက နေမှာမဟုတ်ဘူး.. ဒီမှာအခု လက်တွေ့ဆိုတာ.. မင်းတို့မှတ်ထားကြ”

“ငါ့ညီမဘယ်သူလည်း သိလား”

ဖန်ရှင်းက ဂုဏ်ယူစွာ ပြုံးလိုက်ပြီး

“သူမက အခုလက်ရှိ အမတော် လင်းယွင်ရဲ့ အနှစ်သက်ဆုံးနော်.. သူမကငါ့ကို ကာကွယ်ပေးထားတယ်… စောက်ရူးတွေရ”

“ဖန်ရှင်း”

“ငါ့ကို.. ဘယ်လိုခေါ်လိုက်တာလဲ..ပြန်ခေါ်စမ်း”

“ငါ..ငါဆိုလိုတာက..သူဌေးဖန်ရှင်း..ငါတို့
သူဌေးဝမ်ဇီကို ကယ်မှဖြစ်မယ် ထင်တယ်.. သူတကယ် သေသွားလိမ့်မယ်”

ဖန်ရှင်းက ပြုံးလိုက်ပြီး အိပ်ရာထောင့်တွင် ထရပ်ရန် ကြိုးစားနေဆဲ ဖြစ်သော ဝမ်ဇီကိုကြည့်လိုက်သည်။

“သူသေမှာမဟုတ်ဘူး..ငါ့ရဲ့တတိယဦးလေး သင်ပေးထားတဲ့ အတိုင်းဆိုရင် ငါ့ရဲ့ဓားမြှောင်က သူရဲ့ကိုယ်တွင်းအဂ်ါ အစိတ်အပိုင်းတွေကို ထိခိုက်စေပေမယ့် အဓိက သွေးကြောကို လက်မ အနည်းငယ်ရှောင်ပြီး ထိုးသွင်းလိုက်တဲ့ အတွက် သူ့ကိုသေလောက်အောင် ထိခိုက်စေမှာမဟုတ်ဘူး။

“သူလုံးဝ မသေနိုင်ဘူး.. ဒါပေမယ့် ငါလက်ချော်သွားရင်တော့ မပြောတတ်ဘူး.. ဟေ့ကောင်..မင်းသူ့ကို ကြိုးတုပ်လိုက်စမ်း”

End Chapter 2

Comment

Leave a Reply

Options

not work with dark mode
Reset