Switch Mode

Chapter – 1

ချင်းယွင်ဂိုဏ်း

အပိုင်း(၁) ချင်းယွင်ဂိုဏ်း

“ချစ်လှစွာသောဆရာ.. ကျေးဇူးပြုပြီး ငါ့ကိုလက်ခံပေးပါ.. ငါတို့မိသားစုက အရင်က ကြွယ်ဝခဲ့ပေမယ့် ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆွေမျိုးသုံးရာကျော် အသက်ဆုံးခဲ့ရတယ်..
ငါ့ညီမလေး နဲ့ငါသာ ခက်ခဲစွာ လွတ်မြောက်ခဲ့ရတယ်.. ငါတို့မှာ အကူအညီ အရမ်းမဲ့နေပြီ.. အခုချင်းယွင်ဂိုဏ်းရဲ့ အံ့မခန်း ကျော်ကြားမှုအရ ငါတို့ကို ကူညီနိုင်မယ် ထင်လို့ပါ.. ဂိုဏ်းကသာ ငါ့ကို လက်ခံပေးမယ်ဆိုရင် ငါရဲ့တန်ဖိုးကို သက်သေပြနိုင်မှာပါ ”

တောင်ပိုင်း ကျန်းပူတိုက်ကြီး၏ တန်ခိုးထွားသော ချူဖန်းနိုင်ငံတော်၏ အဓိက အသက်သွေးကြော ကိုးခုအနက် တစ်ခုအဖြစ် ရပ်တည်နေသည်မှာ ချင်းယွင်ဂိုဏ်းဖြစ်သည်။

ယခုအချိန်တွင် ချင်းယန်ဂိုဏ်းတွင် ရာနှင့်ချီသော လူငယ်များ တန်းစီ စောင့်ဆိုင်းနေကြပြီး မေးခွန်းများဖြေဆိုရန် စိတ်အားထက်သန် နေကြသည်။

စည်းတားထားသော အရှေ့ဘက်တွင် ဆယ်နှစ်အရွယ် လူငယ်လေးတစ်ဦးသည် ဖုန်များနှင့် ရွံ့များ ပေလူးနေပြီး ကြောင်ချီးကုတ်ရုပ်နှင့် ရှိနေခဲ့သော်လည်း ထိုလူငယ်၏ ရွံ့ပေနေသော မျက်လုံးများက မျက်ရည်များကြားမှပင်
တောက်ပနေလေသည်။

“မင်းမှာ.. ဘယ်သူ့ရဲ့ထောက်ခံစာပါလဲ”

ဝဖိုင့်နေသည့် ကြီးကြပ်ရေးမှူးက မေးလိုက်သည်။

“မပါဘူးလေ ”

လူငယ်လေးက ရှက်ရွံ့စွာ ပြန်ဖြေလိုက်သည်။

“ရတနာတွေကော ပါခဲ့လား”

“မပါဘူးလေ ”

“ဘာထူးခြားတဲ့ စွမ်းရည်နဲ့ အရည်အချင်းရှိလဲ”

“မရှိဘူးလေ”

“ဟေ့ကောင် မင်းလာနောက်နေတာလား.. ဒီနေရာကို မင်းအမေ ပိုင်တဲ့နေရာ ထင်နေလား ထောက်ခံစာလည်းမရှိ.. ရတနာလည်းမရှိ.. ပင်ကိုယ် အရည်အချင်းမရှိဘဲ ဂိုဏ်းထဲ ဝင်ချင်လို့ရမလား.. မင်းဝင်ချင်တိုင်း ဝင်ခွင့်ပေးရအောင် ဒီနေရာကို ဖာတန်းများ ထင်နေလား”

စိတ်ဆိုးဒေါသထွက်နေသော ဝဖိုင့်နေသည့်
တာအိုဆရာကြီးက လူငယ်လေးကို ကန်ထုတ်
လိုက်ရာ လှေကားဆီသို့ ဒလိမ့်ခေါက်ကွေး ကျသွားသည်။

ကောင်လေး၏ နောက်ကွယ်တွင်ရှိသော လူငယ်များထံမှ ဟားတိုက်သံများ တသောသော ထွက်ပေါ်လာသည်။

“ဒီလို တောသား အစုတ်အပြတ်ကလည်း ချင်းယွင်ဂိုဏ်းကို ဝင်ချင်တယ်တဲ့လား..ဟာသပဲ”

လွန်လေပြီးသောနှစ်ပေါင်း သုံးထောင်လောက် ကတည်းက တည်ရှိခဲ့သော ချင်းယွင်ဂိုဏ်း မှာ ကြွယ်ဝသော အရင်းအမြစ်များ ပိုင်ဆိုင်ပြီး ချူဖန်း နိုင်ငံတော်၏ အစားထိုးမရသော
အဆင့်အတန်းတွင် ရှိနေသည့်အပြင် ဂိုဏ်း၏အတွင်းစည်း တပည့်တစ်ယောက်သည် ကိုယ်ခံပညာ ဆရာတစ်ယောက်ကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်သည်အထိ အစွမ်းရှိသည်။

ဥပမာဆိုရလျှင် ချူဖန်းနိုင်ငံတော်၏ အနောက်မြောက်ပိုင်းတွင် ဓားပြအုပ်စု ကြီးစိုးခဲ့သည်။

အလွန်ရက်စက်သော ဒေသခံ အရာရှိများပင် မကိုင်တွယ်နိုင်သော ထိုအုပ်စုကို ချင်းယွင်ဂိုဏ်း၏ တပည့်ကြီး ရှောင်ကျန်းမင်က တစ်ကိုယ်တော် တိုက်ခိုက်ခဲ့ပြီး ဌာနချုပ်ကို ဝင်စီးခဲ့သည့်အပြင် ဓားပြခေါင်းဆောင် ကိုးယောက်ကို သတ်ဖြတ်ခဲ့သည်။

သို့ရာတွင် ဆယ်ယောက်မြောက် ခေါင်းဆောင်မှာ ကျဉ်းထဲကျပ်ထဲမှပင် လွတ်မြောက်သွားခဲ့သည်။

ထိုသို့ လွတ်မြောက်သွားသော်လည်း ထိုသတင်းမှာ ရွာသားများနှင့် ဒေသခံ အရာရှိများအတွက် အလွန်နားဝင်ချိုသော သတင်း ဖြစ်ခဲ့ပြီး ရှောင်ကျန်းမင်မှာလည်း နေ့ချင်းညချင်း ချူဖန်းနိုင်ငံ၏ သူရဲကောင်း ဖြစ်လာခဲ့သည်။

၎င်းအဖြစ်များကြောင့် ချင်းယွင်ဂိုဏ်းမှာ ကျော်ကြားသထက် ထင်ရှားလာပြီး နိုင်ငံ၏ ဒေါက်တိုင် ဖြစ်လာခဲ့သည်။

တိုက်ဆိုင်စွာပင် ယခုနှစ်တွင် ဆယ်နှစ်တစ်ကြိမ် ကျင်းပသော ဂိုဏ်းသားသစ် စုဆောင်းခြင်း အခမ်းအနားကိုလည်း ကျင်းပခဲ့သည်။

ချမ်းသာကြွယ်ဝသူများသည် ချင်းယွင်ဂိုဏ်းကို ငွေကြေးများစွာ လာဘ်ပေးပြီး ချီစုဆောင်းခြင်းနှင့် ဝိဉာဉ်လှုံ့ဆော်ခြင်း အတတ်များကို သင်ယူရန် သူတို့၏ကလေးများကို ပို့ဆောင်ကြသည်။

တစ်နေ့နေ့တွင် သူတို့၏ ကလေးများကိုလည်း ရှောင်ကျန်းမင်ကဲ့သို့ သူရဲကောင်း ဖြစ်လာစေရန် မျှော်မှန်းထားကြသည်။

“ဒီကောင်လေးက အဝတ်အစား အစုတ်အပဲ့ကိုသာ ဝတ်ဆင်နေရပြီး သူဌေးသားတွေနဲ့ တန်းတူ ဂိုဏ်းထဲ ဝင်ချင်လို့ရမလား.. စဉ်းစားလေ..”

တာအိုဆရာ ကြီးကြပ်ရေးမှူး၏အကန်ကို ခံရပြီးနောက် ကောင်လေးက အလျင်အမြန် ကုန်းထကာ ပေ ၁၀၀ အကွာသို့ ပြေးထွက်သွားခဲ့ပြီး အာပြဲနေသော အသံဖြင့်

” မင်းက ငါ့ကို ဘာလို့ ခြေထောက်နဲ့ကန်တာလဲ.. မင်းရဲ့ဗိုက်က အဆီရွှဲနေပြီး ငါ့ကိုလိုက်ဖမ်းလည်း လိပ်ခေါင်းက ဖင်မှာတေ့နေတော့ မိမှာမဟုတ်ဘူး.. မိုက်မဲတဲ့ ချီးဦးနှောက်နဲ့ ရုပ်ကိုက နွားရုပ်.. ငါက တန်ဖိုးမရှိဘူးလို့ မင်းကို ဘယ်သူကပြောလဲ.. ဟမ့်.. မင်းရဲ့ဂိုဏ်းထဲ ဝင်တာတောင် မင်းက ကျေးဇူးတင်ပြီး ငါ့ရဲ့ ခြေသလုံးကို လာဖက်ရမှာ.. ငါ့လို ကျော်ကြားလာမယ့် မဟာပုဂ္ဂိုလ်မျိုးကို အသိအမှတ် မပြုမှတော့ မင်းရဲ့ဂိုဏ်းကို မီးရှို့လိုက်ပါတော့လား”

“ခွေးသားလေး.. ငါ့ကိုလှောင်ပြောင်ရဲတယ်..”

ဒေါသထွက်နေသော ကြီးကြပ်ရေးမှူးဝတုတ်က နှစ်ခါပြန် မစဉ်းစာတော့ဘဲ ဓားထုတ်ကာ လူငယ်လေးကို လိုက်ဖမ်းတော့သည်။

သို့ရာတွင် လူငယ်အုပ်စုများကြားတွင် ပြေးလိုက်ပုန်းလိုက် လုပ်နေသော လူငယ်လေးကို သူက တစ်ချက်ကလေးတောင် မထိနိုင်ခဲ့ပေ။

ခဏကြာ လိုက်ဖမ်းပြီးနောက် အရှုံးပေးလိုက်ပြီး လူငယ်လေးကို ကျိန်ဆဲလိုက်သည်။

ချင်းယွင်ဂိုဏ်း ၏အခမ်းအနား မတိုင်မီ ကြောင်နှင့်ကြွက်လို လိုက်တမ်းပြေးတမ်း ကစားနေသော သူတို့နှစ်ယောက်ကို ကြည့်ပြီး
လှောင်ရယ်နေသောအသံများ ပြည့်နှက်နေသည်။

” ငါက မင်းရဲ့ဂိုဏ်းထဲ ဝင်ချင်နေတာ မင်းသိတာပဲ.. မင်း ငါ့ကို ဝင်ခွင့်ရအောင် လုပ်ပေးရမယ်.. ငါတခြားဂိုဏ်းကို ဝင်သွားမှ အော်ငိုမနေနဲ့”

ကောင်လေးက ကြီးကြပ်ရေးမှူးဝတုတ်ထံ အော်ပြောလိုက်သည်။

“မင်းရဲ့ဘောင်းဘီမှာ သေးစိုပြီး မေမေလို့ အော်ငိုတဲ့အထိ နင့်ဖင်ကြီးကို ငရဲရောက်အောင် ရိုက်ပေးရမယ်”

တာအိုဆရာဝတုတ်သည် အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်ပြီး သူ၏အစီအစဉ်ကို ပြောင်းလိုက်သည်။

“ဘယ်သူမဆို ဒီခွေးသူတောင်းစားလေးကို ဖမ်းပေးနိုင်ရင် ဂိုဏ်းထဲ ချက်ချင်း ဝင်ခွင့်ပေးမယ်”

ထိုစကားကို ကြားလိုက်သောအခါ လူငယ်လေးက စိုးရိမ်လာပြီး ချက်ချင်း ထွက်ပြေးဖို့ ပြင်ဆင်လိုက်သည်။

သို့ရာတွင် တန်းစီနေသော လူငယ်များက လူငယ်ကို ထွက်သွားခွင့် မပေးတော့ပေ။

ထောင်နှင့်ချီသော လူတန်းကြီးသည် အချိန်ကြာမြင့်စွာ တန်းစီနေရမည့် အစား တာအိုဆရာဝတုတ်၏ ကမ်းလှမ်းချက်ကို စိတ်ဝင်စားလာကြသည်။

တာအိုဆရာ ခိုင်းသည့်အတိုင်း လုပ်ဆောင်လျှင် ချင်းယွင် ဂိုဏ်းဝင်များ ဖြစ်လာနိုင်မည့်အပြင် သူတို့ကို စောင့်ရှောက်မည့် ဂိုဏ်းတူအကိုနှင့် ရင်းနှီးမည့် အခွင့်အလမ်းပါ တစ်ခါတည်း ရရှိမည် ဖြစ်သည်။

လူငယ်လေးသည် သူ့ထက် နှစ်ဆမျှ အရွယ် ကြီးမားသည့် လူများ၏လက်မှ လွတ်မြောက်ခဲ့သော်လည်း ဖြူဖတ်ဖြူရော်နှင့် ရောဂါသည် လက္ခဏာရှိဟန်တူသော ကောင်လေး၏ လက်ထဲမှ မလွတ်မြောက်နိုင်ခဲ့ပေ။

သူသည် အလွန်သန်မာသော်လည်း ထိုလူငယ်လေးက အသာအယာပင် ကော်လာကို ဆုပ်ကိုင်လိုက်ပြီး

“ဟဟ.. မင်းက ကိုယ်ခံပညာလေး မတက်တခေါက်နဲ့ ဖုန်ထချင်တာလား”

လူငယ်လေးက ရုန်းထွက်ဖို့ တတ်နိုင်သမျှ ကြိုးစားခဲ့သော်လည်း ထိုဖြူဖတ်ဖြူရော် ရောဂါသည်လက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

” ကျေးဇူးတင်ပါတယ် ညီတော်.. နာမည်က ဘယ်လိုခေါ်လဲ”

ဝတုတ်တာအိုဆရာက အပြေးအလွှား ရောက်လာပြီး မေးလိုက်သည်။

” ကျနော့်နာမည် ဟူချင်းပါ”

ထိုလူငယ်က အစောပိုင်းက ဒေါသထွက်နေသော ဝတုတ်တာအိုဆရာကို ယဉ်ကျေးစွာ ဖြေလိုက်သည်။

“ကျေးဇူးလို့ ခေါ်စရာမလိုပါဘူးဗျာ.. ကျနော်က ဂိုဏ်းတူအကိုကို မျောက်လောင်းဖမ်းတဲ့ နေရာမှာ စေတနာနဲ့ ကူညီတာပါ”

ဝတုတ် တာအိုဆရာကပြုံးလိုက်ပြီး

“ဒီမျောက်လောင်းကို သင်ခန်းစာပေးပြီးရင်
မင်းကို ဂိုဏ်းမှာ စာရင်းသွင်းပေးမယ်”

ဝတုတ်တာအိုဆရာက

“ငါ့လို ချင်းယွင်ဂိုဏ်းရဲ့ အပြင်စည်း တပည့်ကိုတောင် ကျိန်ဆဲရဲတဲ့ မျောက်လောင်း.. ဒင်းကို အသေ မသတ်ရင်တောင် မှတ်လောက်အောင် ဆုံးမရမယ်”

သူကဲ့သို့ နာမည်ကြီးဂိုဏ်းမှ တပည့်တစ်ယောက်သည် လူပုံအလယ်တွင် သတ်ဖြတ်ရန် မသင့်တော်သော်လည်း အနည်းငယ် နပန်ကျင်းခြင်းလောက်နှင့်တော့ သရုပ်ပျက်မည်ဟု မထင်ပေ။

ထိုအချိန်တွင် ကောင်မလေးတစ်ယောက်ရုတ်တရက် ခုန်ထွက်လာပြီး လူငယ်လေး၏ ရှေ့တွင် သူမ၏လက်ကလေး နှစ်ဖက်ဖြင့် ကာထားလိုက်သည်။

“ကျေးဇူးပြုပြီး ကျမသခင်လေးကို မထိပါနဲ့”

ထိုမိန်းကလေးသည် လူငယ်လေးကဲ့သို့ပင် ညစ်ပေနေပြီး သူမ၏ရှေ့မှ ဝတုတ်တာအိုဆရာနှင့် ယှဉ်လိုက်လျှင် အလွန်တရာ ပိန်လှီနေသည်။

အသက်က ယခုမှ ၆နှစ် .. ၇နှစ်ခန့်သာ ရှိပုံရပြီး ညစ်ပေနေသော်လည်း လှပသော သူမ၏
မျက်နှာသွင်ပြင်ကိုတော့ မဖုံးထားနိုင်ခဲ့ပေ။

သူမ၏နားရွက်များက မြေခွေးများကဲ့သို့ချွန်၍ အပေါ်သို့ ထောင်နေသည်။

ထိုကဲ့သို့ မျိုးနွယ်စုကို မန်မျိုးနွယ်စုဟု ခေါ်ကြသည်။

“ဒါက ဘာလုပ်နေတာလဲ.. မိုက်မဲတဲ့ရှောင်မန်လေး.. မင်းကို ဝင်မပါရဘူးလို့ ငါမမှာထားဘူးလား”

လူငယ်လေးက ကောင်မလေးကို ကြိမ်းလိုက်သည်။

“ဒါပေမယ့် သခင်လေး.. ငါသူတို့ကို.. မတားဆီးဘူးဆိုရင်.. သူတို့ နင့်ကို သေအောင် ရိုက်လိမ့်မယ်”

မိန်းမငယ်လေးက သူမ၏ အားနည်းသော လက်ကလေးများကို ဆန့်ကားလိုက်ပြီး ခေါင်းမာစွာ ပြောလိုက်သည်။

“မင်းရဲ့ သခင်လေးက မင်းထင်ထားတာထက်
စွမ်းအားကြီးတယ်.. ဖယ်စမ်း.. ငါ့ရှေ့ကနေ”

လူငယ်လေးက မန်မျိုးနွယ် ကောင်မလေးကို အော်ဟစ်ပြီး ပြသနာထဲမှ ကြားမညှပ်အောင် ပြောလိုက်သည်။

“မင်းလို ခွေးသူတောင်းစားမှာလည်း ကျွန်ရှိတယ်လား”

ဝတုတ်တာအိုဆရာက ထိုစကားကို ပြောပြီးနောက် ကောင်မလေးကို စူးစိုက်ကြည့်နေသည်။

မန်မျိုးနွယ်စုသည် လူသားနှင့်သားရဲတို့ ပေါင်းစပ်ပြီး မွေးဖွားလာသော မျိုးနွယ်စုမှ ဆင်းသက်လာသည့် နိမ့်ကျသော မျိုးနွယ်စုတစ်ခု ဖြစ်သည်။

သားရဲများကလည်း လူသားနှင့်မျိုးစပ်ပြီး မွေးလာသည့် အားနည်းသော သွေးကြောများသာ ရှိသော မန်တို့ကို နှိမ်ထားကြပြီး လူသားများကလည်း အသွင်အပြင် မတူသော သူတို့ လူသားများအတွက် ရှက်စရာ မျိုးစိတ်တစ်ခု အဖြစ် ရွံရှာကြသည်။

အချိန်ကြာလာသည်နှင့်အမျှ မန်လူမျိုးများသည် လူသားများ၏ အိမ်မွေးတိရစ္ဆာန်များ.. အစေခံများ.. ဖျော်ဖြေရေး လိင်ကျွန်များ အဖြစ်သို့ပင် ရောက်လာခဲ့သည်။

သူတို့တွင် နိမ့်ကျသော အဆင့်အတန်း ရှိသော်လည်း စွမ်းအားကြီးမားသော သူများသာ ကျွန်အဖြစ် ခိုင်းစေရန် တတ်နိုင်ကြသည်။

လူငယ်လေးလို အာဏာမရှိ ငွေမရှိသောသူ အတွက်တော့ ထိုကဲ့သို့သောကျွန်ကို ပိုင်ဆိုင်နေသည်မှာ အများအတွက် အံ့သြစရာ ဖြစ်နေသည်။

” နိမ့်ကျတဲ့သတ္တဝါ.. သေစမ်း..”

ဖြူဖတ်ဖြူရော် ကောင်လေးက မိန်းမငယ်လေးကို အနောက်ကနေ ကန်ထည့်လိုက်ပြီး လေထဲသို့ လွင့်ထွက်သွားစေခဲ့သည်။

“ဟေ့ကောင်.. မင်းလူသတ်ချင်နေတာလား.. ငါ့ရှောင်မန်လေးကို ထိရဲတယ်လား”

လူငယ်လေးက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး

” မင်းကိုတော့ ငါသတ်မိတော့မယ်”

ဟု ကြုံးဝါးလိုက်သည်။

ရောဂါသည် သောက်ခွက်နှင့်ကောင်လေး၏ ကန်ချက်သည် မန်မိန်းမငယ်လေးကို ပေ၁၀၀ အကွာက သစ်ပင်ဆီသို့ လွင့်ထွက်သွားစေခဲ့သည်။

ဖြူဖတ်ဖြူရော် ကောင်လေးသည် သူမကို သတ်ရန် မကြိုးစားသော်လည်း သူ၏ကန်ချက်ကတော့ သူမကို သတိလစ်စေခဲ့ပြီး သွေးအန်ကာ ဖြူဖျော့စေခဲ့သည်။

ကွင်းပြင်တစ်ခုလုံးက အသံတိတ်ဆိတ်သွားသည်။

နောက်ဆုံးတွင် မိန်းမငယ်လေးမှာ အရေးမပါသော မန်မျိုးနွယ်စုမှ ဖြစ်ပြီး ကျွန်တစ်ယောက်သာ ဖြစ်သည်။

သူတို့ရှေ့တွင် ထိုရောဂါသည်လူငယ် ရှင်းရှင်းလင်းလင်း လူသတ်လျှင်ပင် ဝင်ဆွဲမည့်ပုံ တစ်စက်မှ မရှိကြချေ။

ဖြူဖတ်ဖြူရော် ကောင်လေးက ကောက်ကျစ်စွာ ပြုံးလိုက်ပြီး

“ငါ့ကန်ချက် နည်းနည်း အားပါသွားတယ်.. ငါက မန်တွေဆို သိပ်မုန်းတာလေ”

ဟု ဝတုတ်တာအိုဆရာကို တောင်းပန်လိုက်သည်။

ဒေါသထွက်နေသော ဝတုတ်တာအိုဆရာကြီးပင် ထိုလူငယ်၏ ရက်စက်ကြမ်းကြုတ်မှုကို ထိတ်လန့်စွာ ခံစားလိုက်ရသည်။

လူငယ်လေးက မန်မိန်းကလေးအတွက် စိုးရိမ်စိတ်ဖြင့် ယောက်ယက်ခတ်နေသော်လည်း လူအများ၏ အာရုံက မန်မိန်းကလေးပေါ်တွင် ကျရောက်နေသောကြောင့် သူ့ကို ဂရုမပြုမိပေ။

“သူမရဲ့ သွေးကို ကြည့်လိုက်ပါဦးလား”

မန်မိန်းကလေး သွေးအန်ထားသော နေရာများမှ ခြောက်သွေ့သော အပင်ငယ်လေးများသည် ပြန်လည် ရှင်သန်လာခဲ့သည်။

ပေါင်းပင်လေးများက အလျင်အမြန် ကြီးထွားလာပြီး
မျက်စိဖြင့် မမြင်ချင်မှ အဆုံးထိ ကြီးထွားလာခဲ့သည်။

“သစ်သားဒြပ်စင်လား”

“ဒီမိန်းကလေးမှာ ရှာပါးတဲ့ သစ်သားဒြပ်စင် ခန္ဓာကိုယ်ရှိတယ်”

လူအုပ်များထဲမှ တစ်ယောက်က အော်ဟစ်လိုက်ရာ အများစု၏ အာရုံက မိန်းမငယ်လေးထံ စုပြုံကျလာသည်။

တချို့က သူမ၏ ကံကောင်းမှုနှင့် ပါရမီကို မနာလိုပင် ဖြစ်လာကြသည်။

မွေးရာပါ ပင်ကိုယ်စွမ်းအားများအနက် သစ်သားဓာတ်သည် အရှားပါးဆုံးဖြစ်ပြီး အသက်ဓာတ်ကို ပေးစွမ်းနိုင်သည်။

ထိုသို့သော သစ်သားဓာတ် ပိုင်ဆိုင်သောသူကို ဂိုဏ်းကြီးများက လိုက်လံရှာဖွေ၍ စုဆောင်းကြသည်။

ယခုအခါ လူငယ်လေးနှင့် မိန်းမငယ်လေး၏ ကွာခြားချက်က သိသာလာခဲ့သည်။

အဆက်အသွယ်နှင့် ရတနာ မရှိလျှင်ပင် ပင်ကိုယ်စွမ်းရည် ရှိသောသူကို ဂိုဏ်းမှ အရင်းအမြစ်များ အကုန်အကျခံကာ ပျိုးထောင်ကြသည်။

လူငယ်လေးတွင် ထိုစံသတ်မှတ်ချက်နှင့် တစ်ခုမှ မကိုက်ညီပေ။

သို့သော် သူ၏ကျေးကျွန် မန်မိန်းကလေးတွင်မူ အလွန်ရှားပါးသော သစ်သားဓာတ် ရှိသည့်အတွက် ဂိုဏ်း၏ တပည့်ဖြစ်ရန် ချက်ချင်း အရည်အချင်း မီခဲ့သည်။

သိပ်မကြာခင်မှာပဲ ထိုသတင်းက ဂိုဏ်း၏ အရေးကြီး ပုဂ္ဂိုလ်ထံ ပျံ့နှံ့ သွားသည်။

တစ်နာရီခန့် အကြာတွင် အေးစက်စက် မျက်နှာထားရှိသော အမျိုးသမီးနှင့် သူ၏အစေခံ နှစ်ယောက်သည် ချင်းယွင်ဂိုဏ်း၏ ဂိတ်တံခါးဆီသို့ ဦးတည် ပျံသန်းလာခဲ့သည်။

အေးစက်စက် မျက်နှာထားနှင့်မိန်းကလေးက မန်မိန်းကလေးထံသို့ ကြော့ရှင်းသောဟန်ပန်ဖြင့် ပျံသန်းသွားသည်။

အမျိုးသမီးကို မြင်ပြီးနောက် ဝတုတ်တာအိုဆရာက အလျင်အမြန် ဒူးထောက်ချလိုက်သည်။

“ဂိုဏ်းတူအမတော် လင်းယွင်…ကျနော်က အပြင်စည်းတပည့် ယုစန်းလျန်ပါ.. အမတော်ရဲ့.. တာဝန်အတွက် ဂုဏ်ယူပါတယ်”

သူမကို မည်သူမှန်း မသိကြသော်လည်း ဝတုတ်
တာအိုဆရာနှင့် ဆက်ဆံပုံကို မြင်ပြီး ကျန်လူများကပါ ဒူးထောက်လိုက်သည်။

အမျိုးသမီးလင်းယွင်က အားလုံးကို လျစ်လျူရှုလိုက်ပြီး သစ်ပင်နားတွင် သတိလစ်နေသော မိန်းကလေးထံ လျောက်သွားလိုက်သည်။

ထို့နောက် မန်မိန်းကလေး ပါးစပ်နားတွင် ကပ်နေသော သွေးစအချို့ကို လက်ဖြင့် တို့လိုက်ပြီး စစ်ဆေးကြည့်လိုက်ရာ သူမ၏ မျက်နှာက ပြုံးရွှင်သွားပြီး

“ဒီမိန်းကလေးကို ဂိုဏ်းသားသစ် စာရင်းထဲ သွင်းလိုက်”

ဟု အမိန့်ပေးလိုက်သည်။

” ဟုတ်ကဲ့ အမတော် လင်းယွင်”

မန်မိန်းကလေးမှာ နိမ့်ကျစွာ မွေးဖွားလာခဲ့သော်လည်း ယခု သူမသည်
ချင်းယန်ဂိုဏ်း၏ တပည့် ဖြစ်လာသည့်အတွက် အရင်လိုဆက်ဆံ၍ မရတော့ချေ။

ဝတုတ်တာအိုဆရာက အလိုက်တသိပင်
အလျင်အမြန် စာရင်းသွင်းလိုက်သည်။

နိမ့်ကျသော ကျွန်ဘဝမှ မိနစ်အနည်းငယ်အတွင်း
လုံးဝပြောင်းပြန်ဖြစ်သွားသည်။

မနာလိုငြူစူခြင်းများကို လူတိုင်း၏မျက်နှာပေါ်တွင် တွေ့မြင်နေရသည်။

“ဒီလိုမှန်းသိရင် ငါလည်း အကန်ခံပါတယ်ကွာ.. ဟေ့ကောင်..သေချင်လို့လား..ဟိုက သစ်သားဓာတ်ရှိလို့ အရွေးခံရတာလေ.. မင်းက ဘာများ အရည်အချင်း ရှိလို့တုန်း”

မန်မိန်းကလေး၏ သခင်လေးပင်လျှင် မျက်စိလည်သွားသည်။

“အရွေးလာခံတာက ငါပါဟ.. အခုဘာတွေ ဖြစ်နေတာလဲ”

မန်မိန်းကလေး၏လက်ကို လင်းယွင်က ဆုပ်ကိုင်လိုက်သောအခါ မာန်မိန်းကလေး၏ ပါးစပ်မှနေ၍

“ကျေးဇူးပြုပြီး ငါ့သခင်လေးကို မရိုက်ပါနဲ့…သခင်လေးဖန်ရှင်း..”

ဟုရေရွတ်လိုက်သည်။

လင်းယွင်၏နဖူးက မျက်မှောင်ကြုတ်သွားပြီး

“ဖန်ရှင်းက ဘယ်သူလဲ”

ဟုမေးလိုက်သည်။

လူငယ်လေးက သူ့ကိုခေါ်နေမှန်း သိသည်နှင့် လက်ကို ကပျာကယာ မြောက်ပြလိုက်သည်။

“ကျနော်ပါခင်ဗျာ”

ဖန်ရှင်းက ယဥ်ကျေးစွာ ပြန်ဖြေလိုက်သည်။

“ဒီနေ့ကစပြီး သူမက နင့်ရဲ့ကျွန် မဟုတ်တော့ဘူး”

စကားဆုံးသည်နှင့် သူမက ဖန်ရှင်းထံ ခရမ်းရောင် ကျောက်စိမ်းပန်းအိုး သေးသေးလေး တစ်လုံးကို ပစ်ပေးလိုက်ပြီး အေးစက်စွာ ကြည့်လိုက်သည်။

ဝတုတ်တာအိုဆရာက ထိုအိုးငယ်လေးထဲမှ ဆေးလုံးအချို့ကို မြင်လျှင်

“ခရမ်းရောင် ရှန်းထန်ဆေးလုံးပါလား”

ဟု အလန့်တကြား ရေရွတ်လိုက်သည်။

ဆေးလုံး၏အမည်ကို ကြားသောအခါ လူတိုင်းက လူငယ်လေးကို အားကျသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။

ရှန်းထန်းဆေးလုံးသည် ချီစုဆောင်းရာတွင် ပိုမိုလွယ်ကူစေပြီး ဝိဉာဉ်ကိုပင် အားဖြစ်စေသည်ဟု အဆိုရှိသည်။

လူအများစုက လူငယ်လေးဆီက ပန်းအိုးကို လုယူရန် အစီအစဉ်ပင် ဆွဲနေကြသည်။

လူငယ်လေးဖန်ရှင်းသည် ထိုဆေးလုံး မည်မျှတန်ဖိုးကြီးကြောင်းကို ရိပ်မိသော်လည်း သူ့ဆီက မန်မိန်းကလေးနှင့် လဲလှယ်ရမည် ဆိုသော အသိက ပြန်ဝင်လာသည်။

“မင်းထွက်သွားလို့ မရသေးဘူး.. ဒီနံဆော်တဲ့ ဆေးလုံးကို ယူမယ်လို့ ငါကပြောခဲ့လို့လား.. သူမကို ငါ့ဆီပြန်ပေးပါ”

ထိုစကားကိုကြားလျှင် လင်းယွင်၏မျက်နှာက အေးစက်သွားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာရာ ဖန်ရှင်း၏ ခန္ဓာကိုယ်လေးပင် တုန်ခါသွားသည်။

“ငါ…ငါဆိုလိုတာက အဲ့လိုမဟုတ်ဘူးလေ.. ဆေးလုံးနဲ့ အလဲလှယ် မလုပ်ချင်ဘူးလို့ ပြောတာပါ.. ငါ့ကို မင်းရဲ့တပည့်အဖြစ် လက်ခံပေးပါ”

နောက်ဆုံးတော့ လူငယ်လေးရဲ့ ခေါင်းထဲမှာ စဉ်းစားနေတာကို လင်းယွင်က ရိပ်မိလိုက်သည်။

သူမက ပြုံးလိုက်ပြီး

“ကောင်းပြီလေ ..သူရဲ့အရည်အချင်းက သာမန်မဟုတ်မှတော့ ဆေးစိုက်ခင်းမှာ နေရာချပေးလိုက်ပါ”

ဟု ဝတုတ်တာအိုဆရာကို အမိန့်ပေးလိုက်သည်။

ဝတုတ်တာအိုဆရာက လင်းယွင်၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားပြီး

” ဟုတ်ကဲ့…နားလည်ပါပြီ အမတော်လင်းယွင်”

ဟု ပြန်ဖြေလိုက်သည်။

အပိုင်း(၁)ပြီး၏

Comment

Leave a Reply

Options

not work with dark mode
Reset