Switch Mode

Chapter – 58

Chapter – 58

မှုန်ဝါးဝါးအလင်းချပ်ဝတ်ကို လေလံတင်ပြီး မိနစ် နှစ်ဆယ်အတွင်းမှာပင် ချပ်ဝတ် ၂၀စလုံး ရောင်းထွက်သွား၏။ မှုန်ဝါးဝါးအလင်းချပ်ဝတ်၏ ကျော်ကြားမှုက မြို့စောင့်တပ်ချပ်ဝတ်ထက်ပင် ပိုပြီး အောင်မြင်နေသေး၏။

ကစားသမားတစ်ချို့ဆိုလျှင် သူတို့၏ ဝယ်ယူခဲ့မှုကို ဖိုရမ်ပေါ်တွင်ပြီး ကြွားနေကြ၏။

မကြာသေးမီက ထိုကစားသမားများသည် နည်းလမ်းမျိုးစုံ အသုံးပြု၍ အဖွဲ့များသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း ယခုတော့ သူတို့ ဝယ်ယူခဲ့သည့် မှုန်ဝါးဝါးအလင်းချပ်ဝတ်ကြောင့် အဖွဲ့များစွာက သူတို့က အလုအယက် ခေါ်ကြတော့မည် ဖြစ်သည်။

မှုန်ဝါးဝါးအလင်းချပ်ဝတ်၏ ကျော်ကြားမှုက ဆက်တိုက် မြင့်တက်လာနေပြီး ချပ်ဝတ်ကို မဝယ်လိုက်ရသည့် ကစားသမားများကတော့ ပိုက်ဆံချေး၍ မရရအောင် မဝယ်လိုက်သည့်အတွက် သူတို့ကိုယ်သူတို့ မုန်းတီးမိကြသည်။

ထိုစဉ်တွင် ရွှေသဲမြို့၏ ပန်းပဲအဖွဲ့အစည်းတွင် လူများဖြင့် စည်ကားလျှက် ရှိသည်။

ကျယ်ပြန့်သည့် ခန်းမတစ်ခုလုံးတွင် ကစားသမားများဖြင့် ပြည့်လျှက်ရှိပြီး ထိုကစားသမားများသည် အစည်းအရုံးများက ပြောရေးဆိုခွင့်ရှိသူများ ဖြစ်ကာ သူတို့၏ ရည်ရွယ်ချက်က ဟမ်းမားထရိတ်ဒင်းကို သူတို့၏ အစည်းအရုံးသို့ ဖိတ်ခေါ်ရန် ဖြစ်သည်။

ထိုကစားသမားများထဲတွင် ကျော်ကြားသည့် အစည်းအရုံးတစ်ချို့မှ ပြောရေးဆိုခွင့်ရှိသူ ကစားသမားများလည်း ရောက်နေသည်။ ခန်းမထဲတွင် တတိယတန်းစား အစည်းအရုံးများမှ ပြောရေးဆိုခွင့် ရှိသူများ မရှားလှပေ။ ထိုပြောရေးဆိုခွင့်ရှိသူများသည် ပုံမှန်အချိန်များ၌ မောက်မာစွာ နေတတ်ကြ၏။ သို့သော်လည်း ဘဝစတိုင်ကစားသမားများနှင့် ဆက်ဆံသည့်အခါတွင်တော့ သူတို့က သူတို့ကိုယ်သူတို့ နှိမ့်ချပြီး နေကြသည်။ ဒါတောင်မှ သူတို့ကို ဘဝစတိုင်ကစားသမားများက လေးစားကြရသည်။

သို့သော်လည်း လက်ရှိအချိန်မှာတော့ အစည်းအရုံးများ၏ လူကြီးများက ထိုပြောရေးဆိုခွင့်ရှိသူများအား ဟမ်းမားထရိတ်ဒင်းကို ရအောင် ဖိတ်ခေါ်ခဲ့ရန် ညွှန်ကြားထား၏။ မဟုတ်လျှင် သူတို့က အစည်းအရုံးများမှ ထွက်သွားရနိုင်သည်။ ထို့ကြောင့်လည်း သူတို့က ရိုရိုကျိုးကျိုးဖြင့် မတ်တပ်ရပ်နေကြကာ ဟမ်းမားထရိတ်ဒင်း၏ ကြေငြာချက်ကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။

ဒုတိယထပ်ရှိ အလယ်အလတ်အဆင့် ပန်းပဲအခန်းထဲတွင်…

“အစ်ကိုဟမ်းမားက တစ်ကယ်ကို အံ့ဩဖို့ကောင်းတယ်… အစ်ကို့ကို အရမ်းလေးစားသွားပြီ… အရင်ကဆိုရင် ဒီတတိယတန်းစား အစည်းအရုံးတွေက ဘယ်လိုပဲဖြစ်ဖြစ် အစ်ကို့ကို ခေါ်မှာ မဟုတ်ဘူး… အခုတော့ သူတို့က အစ်ကို့ကို ပြန်စောင့်နေရပြီ… အစ်ကိုက သူတို့ကို နှင်ထုတ်ရင်တောင် သူတို့က ထွက်သွားကြမယ် မထင်ဘူး… “ ဆွဲဆောင်မှု ရှိသည့် ဘာသာရေးခေါင်းဆောင် အမျိုးသမီးက ဟမ်းမားထရိတ်ဒင်း၏ လက်မောင်းကို ဖက်ထားပြီး ချီးမွှမ်းစကား ဆိုလေသည်။ ထို့အပြင် သူမ၏ ဖွံ့ထွားလှသော ရင်အစုံက ဟမ်းမားထရိတ်ဒင်း၏ လက်မောင်းကို ပွတ်သပ်လျှက် ရှိနေသည်။

ဟမ်းမားထရိတ်ဒင်းက ရိုင်းစိုင်းကြမ်းကြုတ်သည့် သွင်ပြင်ရှိပြီး ထူထဲသည့် မုတ်ဆိတ်မွေးများနှင့် စူးရှသည့် မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထား၏။ သူ၏အသားအရောင်ကလည်း အဝါရောင်ဖယောင်းနှင့် ခပ်ဆင်ဆင် ဖြစ်သည်။ သူ၏ သွင်ပြင်တစ်ခုလုံးကို ကြည့်ပြီး အကဲခတ်ရမည်ဆိုလျှင် သူက အသက် သုံးဆယ်ကျော်ခန့် ရှိမည်ဟု ထင်မိကြပေလိမ့်မည်။ အမှန်တစ်ကယ်တွင် ဟမ်းမားထရိတ်ဒင်းသည် တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်ပြီး အသက် နှစ်ဆယ်ကျော်ရုံလေးသာ ရှိသေး၏။

“ဟား… ဟား… ဟား… ဒါက အသေးအမွှားပါ… ဒါပေမဲ့ ငါ့အတွက် တံခါးဖွင့်ပေးပြီး နာမည်ကိုတောင် ဖုံးကွယ်ထားတဲ့ လူကို တစ်ကယ်ပဲ ကျေးဇူးတင်မိတယ်… ငါ့ရဲ့အရေးပါမှုကို သူက အစည်းအရုံးတွေ သိအောင် လုပ်ပေးခဲ့တာပဲ… “

ဟမ်းမားထရိတ်ဒင်းက အားရပါးရ ရယ်မောလိုက်သည်။ အမည်မသိ ပန်းပဲသမားကို အသုံးချနိုင်ခဲ့သည့် သူ၏ ဉာဏ်ရည်ကို ကျေနပ်မိနေလေသည်။ သူ၏ဉာဏ်ရည်က သူ့ဆီသို့ ကံကောင်းမှုများ ယူလာပေးပြီး သူ့ကို ကစားသမားတိုင်း၏ အိုင်ဒေါတစ်ယောက် ဖြစ်လာစေသည်။

“ပထမတန်းစားအစည်းအရုံးက လူကြီးတွေ ငါ့ဆီလာပြီး ဖိတ်ခေါ်တဲ့ အချိန်အထိ စောင့်ကြတာပေါ့… အခုက ငါ့ရဲ့စွမ်းရည်ကို နည်းနည်းပဲ ထုတ်ပြရသေးတာ… အပြင်က တတိယတန်းစား အစည်းအရုံးတွေကို ဆက်စောင့်ခိုင်းထားလိုက်… သူတို့ကို အသုံးချပြီး ငါ့ရဲ့ တန်ဖိုးကို မြင့်တက်လာအောင် လုပ်ရမယ်… “

“ဘော့စ်… ကျွန်တော်တို့ လက်ခံထားတဲ့ အော်ဒါတွေအတွက် ဘယ်လိုလုပ်မလဲ… “ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က မေးလိုက်သည်။

ဟမ်းမားထရိတ်ဒင်းက လုပ်ကြံသတ်ဖြတ်သူကို ကြည့်ပြီး အထင်သေးသည့် လေသံဖြင့် ပြောလိုက်သည်… “သူတို့ကို ဘယ်သူက ဂရုစိုက်နေမှာလဲ… အိုင်တမ်တစ်ခုချင်းစီတိုင်းအတွက် ငါက ငွေပြား ၂ပြားနီးပါး အကုန်ခံပြီး ရောင်းထားရတာ… သူတို့က ငါ့ကို အလှူလုပ်နေတဲ့သူလို့များ ထင်နေတာလား… အခု ငါ့ရဲ့ ပန်းတိုင်ကို ရောက်နေပြီ… ပထမတန်းစား အစည်းအရုံးက လူတွေ ရောက်လာအောင် စောင့်ဖို့ပဲ လိုတော့တယ်… သူတို့ကို ဂရုစိုက် မနေနဲ့… ငါတို့ အလုပ်ရှုပ်နေလို့ အချိန် မရှိဘူးလို့သာ ပြောလိုက်… “

ရှီဖုန်းကို ခြေနင်းကျောက်တုံးအဖြစ် အသုံးချရန် ဟမ်းမားထရိတ်ဒင်းက သူ့အတန်းဖော်များ၏ ငွေပြားအားလုံးကို အသုံးပြုခဲ့ရသည့်အပြင် ခရက်ဒစ်ဖြင့်လည်း ငွေပြားနှင့် သတ္တုရိုင်း တော်တော်များများကိုလည်း ဝယ်ယူခဲ့ရသည်။ သို့သော်လည်း ထိုပစ္စည်းများအားလုံးမှ အရိုင်းအစိုင်းချပ်ဝတ် ၁၀ခုကျော်ကိုသာ ထုလုပ်နိုင်ခဲ့သည်။

ထို့ကြောင့် သူက အရိုင်းအစိုင်းချပ်ဝတ်တစ်ခုကို ငွေပြား ၄ပြားဖြင့် ရောင်းချခဲ့သည့်အတွက် ကြီးမားသော အရှုံးကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း သူ၏ ဆုံးရှုံးမှုက တန်သည်ဟု ဆိုရပေမည်။ သူ့ကို ပထမတန်းစား အစည်းအရုံးက ဖိတ်ခေါ်လိုက်သည့်နှင့် သူလိုချင်သည့် လစာနှင့် သူ့၏စိတ်ဝင်စားမှုကို လိုချင်သော မိန်းမချောလေးများကို ရရှိနိုင်လိမ့်မည် ဖြစ်သည်။ ဟမ်းမားထရိတ်ဒင်းက ထိုအကြောင်းများကို တွေးပြီး စိတ်ဓာတ်တက်ကြွလာသည်။

ရုတ်တရက်ဆိုသလိုပင် စစ်သည်တော်တစ်ယောက်က ပန်းပဲအခန်းထဲသို့ အထိတ်တလန့် အမူအရာဖြင့် ဝင်လာသည်။

“ဘာဖြစ်လာတာလဲ ဟက်ဒရွန်… မင်းရဲ့ အထိတ်တလန့် အမူအယာကို ကြည့်ရတာ ပထမတန်းစား အစည်းအရုံးတွေရဲ့ လူကြီးတွေ ရောက်လာလို့လား… “ ဟမ်းမားထရိတ်ဒင်းက ကျီစယ်သည့် လေသံဖြင့် မေးလိုက်သည်။

“ပြဿနာ အကြီးအကျယ် တက်ပြီ… လေလံအိမ်မှာ အရည်အသွေးမြင့် အိုင်တမ်တွေ အများကြီး ရုတ်တရက် ပေါ်လာတယ်… တရားဝင်ဖိုရမ်မှာလည်း အဲ့အကြောင်းကိုပဲ ပြောနေကြတယ်… ပို့စ်ကို ဝင်ကြည့်တဲ့သူတွေက ၅သန်းကျော်သွားတဲ့အပြင် အစည်းအရုံးတွေကလည်း သတိထားမိသွားကြပြီ… အဲ့အိုင်တမ်တွေရဲ့ ကြမ်းခင်းဈေးက ငွေပြား ၄ပြားပဲ ရှိတယ်… ပြီးတော့ အဲ့အိုင်တမ်တွေကို အရင် အမည်မသိ ပန်းပဲဆရာကပဲ ရောင်းတာ… အဲ့တာကြောင့် အခု လူတိုင်းက အဲ့ကစားသမားရဲ့ သရုပ်မှန်ကို စိတ်ဝင်စားနေကြပြီးတော့ ဘော့စ်ကို စိတ်မဝင်စားကြတော့ဘူး… “

“ပြီးတော့ ပထမတန်းစား အစည်းအရုံးတစ်ချို့ဆိုရင် အဲ့ပန်းပဲသမားသာ အစည်းအရုံးထဲ ဝင်မယ်ဆိုရင် လစာများများပေးပြီး သူတို့အစည်းအရုံးရဲ့ ပန်းပဲခေါင်းဆောင်အဖြစ် ခန့်မယ်ဆိုတဲ့ တရားဝင်ထုတ်ပြန်ချက်တွေ ကြေငြာထားကြတယ်… အခုဆိုရင် အောက်ခန်းမထဲက အစည်းအရုံးကြီးတွေရဲ့ လူတွေကလည်း လေလံအိမ်ကို သွားနေကြပြီ… “

ဟမ်းမားထရိတ်ဒင်းက ဟက်ဒရွန်၏ စကားကို ကြားလိုက်ရသောအခါ သူ၏အမူအရာက လုံးဝကို ကြက်သေ သေသွားတော့၏။

သူက အခက်အခဲအများကြီးကို ဖြတ်ကျော်ပြီး ပထမတန်းစား အစည်းအရုံးများ၏ အာရုံစိုက်မှုကို ရအောင် လုပ်ခဲ့သော်လည်း ယခုတော့ အမည်မသိ ပန်းပဲသမားက သူ၏အောင်မြင်မှုများကို လုယူသွားလေပြီ။ အကယ်၍ သူသာ ပြန်လည် မတုန့်ပြန်နိုင်ခဲ့လျှင် ထိုပထမတန်းစား အစည်းအရုံးများက သူ့ကို ကျိန်းသေ မေ့သွားကြလိမ့်မည် ဖြစ်သည်။

“သူက ငါ့ရဲ့ အောင်မြင်မှုကို ခိုးယူရဲတယ်ပေါ့… ပြီးတော့မှ ငါ့ကို မယဉ်ကျေးဘူးဆိုပြီး အပြစ်မတင်နဲ့… အရည်အသွေးမြင့် အိုင်တမ်တွေက အောင်မြင်မှုနှုန်းလည်း နည်းပြီး ကုန်ကျစရိတ်ကလည်း မြင့်သေးတယ်… မင်းတောင်မှ ငွေပြား ၄ပြားနဲ့ ရောင်းရဲရင် ငါကလည်း ငွေပြား ၃ပြားနဲ့ ရောင်းပြမယ်… မင်း ဘယ်လောက်တောင် အဆုံးရှုံးခံနိုင်မလဲ ကြည့်ကြသေးတာပေါ့… “

ဟမ်းမားထရိတ်ဒင်းက ရုတ်ချည်း မတ်တပ်ရပ်လိုက်သည်။ သူက ပထမတန်းစား အစည်းအရုံးမှ ပန်းပဲခေါင်းဆောင်ရာထူးနှင့် အနာဂါတ်ပျော်ရွှင်မှုများကို ပျောက်ကွယ်မခံနိုင်ကြောင်း ရှီဖုန်းကို သိစေချင်သည်။

သူက အရည်အသွေး နိမ့်ကျသည့် အရိုင်းအစိုင်းချပ်ဝတ်ကို တစ်ခုကို လုပ်တိုင်း ငွေပြား ၂ပြား ဆုံးရှုံးရသည်။ ရှီဖုန်းက အရည်အသွေးမြင့် ချပ်ဝတ်ကို ငွေပြား ၄ပြားနှင့် ရောင်းသည့်အတွက် အနည်းဆုံး ငွေပြား ၄ပြား သို့မဟုတ် ၅ပြားခန့် ဆုံးရှုံးရနိုင်သည်။ ထို့ကြောင့် ဟမ်းမားထရိတ်ဒင်းက ရှီဖုန်းထက် ပိုပြီး တောင့်ခံနိုင်လိ့မ်မည်ဟု ယုံကြည်နေသည်။

“ဒါပေမဲ့ ဘော့စ်… ကျွန်တော်တို့မှာ ငွေပြားတွေ အများကြီး မကျန်တော့ဘူး… အများဆုံး အရိုင်းအစိုင်းချပ်ဝတ် ၁၀ခုကျော်လောက်ပဲ လုပ်နိုင်တော့မှာ… “ ဟက်ဒရွန်က စိုးရိမ်နေသည့်ဟန်ဖြင့် ပြောလိုက်သည်။

“ဘာကို ကြောက်နေတာလဲ… ငါ့မှာ ရန်ပုံငွေနည်းနည်း ရှိသေးတယ်… အဆိုးဆုံး ဖြစ်လာရင်တောင် ခရက်ဒစ်ကို ပိုသုံးပြီး ငွေပြားနဲ့ သတ္တုရိုင်းတွေ ထပ်ဝယ်ရုံပေါ့… ငါ အဲ့ကောင်ကို ကျိန်းသေး အပြတ်ရှင်းနိုင်လိမ့်မယ်… အဲ့ကောင် ရောင်းသမျှ အိုင်တမ်တစ်ခုတိုင်းအတွက် သူက ငါတို့ထက် ၃ဆ၊၄ဆလောက် ရှုံးနေလိမ့်မယ်… အဲ့တာကို ငါတို့က ကြောက်နေသင့်လား… “ ဟမ်းမားထရိတ်ဒင်းက ယုံကြည်ချက်ရှိသည့် လေသံဖြင့် မေးလိုက်သည်။ ရှီဖုန်းက ပထမတန်းစား အစည်းအရုံးများ၏ စိတ်ဝင်စားမှုကို ရအောင် အိုင်တမ်များကို အရှုံးခံ၍ ရောင်းနေသည်ဟု ဟမ်းမားထရိတ်ဒင်းက ထင်နေလေသည်။

တစ်နာရီခန့် ကြာပြီးနောက်တွင် အဖြူရောင်မြစ်မြို့တော်၏ လေလံအိမ်တွင် အရိုင်းအစိုင်းချပ်ဝတ် အနည်းငယ် ပေါ်ထွက်လာသည်။ ထိုအိုင်တမ်များ၏ ကြမ်းခင်းဈေးက တစ်ခုကို ငွေပြား ၃ပြား ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တရားဝင်ဖိုရမ်ပေါ်၌ ပို့အသစ်တစ်ခု ပေါ်လာသည်။

“အများအကျိုးအတွက် ကျွန်တော်…ဟမ်းမားထရိတ်ဒင်းက အရိုင်းအစိုင်းချပ်ဝတ်တစ်ခုကို ငွေပြား ၃ပြားနဲ့ ရောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်… ကျွန်တော်က နှလုံးသားမရှိတဲ့ ပန်းပဲဆရာကို အဆုံးထိ ဆန့်ကျင်သွားပါ့မယ်… ဝိုင်းဝန်းကူညီပေးဖို့ တောင်းဆိုပါတယ်… အားပေးကြပါလို့လည်း တောင်းဆိုချင်ပါတယ်… “

ရုတ်ချည်းဆိုသလိုပင် များစွာသော ကစားသမားများက ပို့စ်ကို ထောက်ခံပြီး ဖိုရမ်၏ ထိပ်ဆုံးသို့ ရောက်အောင် တင်ပေးလိုက်ကြသည်။ သူတို့အားလုံးက ဟမ်းမားထရိတ်ဒင်း၏ အပြုအမူကို ထောက်ခံနေကြသည်။

ထိုအဖြစ်အပျက်ကြောင့် အဖြူရောင်မြစ်မြို့တစ်ခုလုံးက သက်ဝင်လှုပ်ရှားလာလေတော့သည်။ လူတိုင်းက ဤအဖြစ်အပျက်သည် ကြေးအဆင့် အိုင်တမ်များကို ထုလုပ်နိုင်သည့် ပန်းပဲသမားနှစ်ယောက်၏ တိုက်ပွဲဖြစ်ကြောင်း နားလည်ကြသည်။ ကစားသမားတိုင်းက ထိုတိုက်ပွဲကို စောင့်ကြည့်နေကြ၏။ နောက်ဆုံးတွင် တိုက်ပွဲမှ အကျိုးရှိမည့်သူများမှာ သူတို့ကစားသမားများသာ ဖြစ်၏။ ကြေးအဆင့်လက်နက်များကို ဈေးနည်းနည်းဖြင့် ဝယ်နိုင်ရန် အချိန် သိပ်မလိုတော့ပေ။

များစွာသော အစည်းအရုံးများကလည်း ထိုပြိုင်ပွဲကို ဘေးမှသာ စောင့်ကြည့်နေကြပြီး သူတို့၏ ရည်ရွယ်ချက်ကို မထုတ်ဖော်ကြချေ။ သူတို့က နောက်ဆုံးအောင်နိုင်သူကို စောင့်နေကြပြီး တစ်ချိန်တည်းမှာပင် လက်နက်အားလုံးကို ဝယ်ယူကာ အစည်းအရုံးများ၏ အင်အားကို ကြီးမားအောင် လုပ်ချင်နေကြသည်။

သို့သော်လည်း ရှီဖုန်းကတော့ ထိုအကြောင်းကို မသိချေ။ သူက ကျောက်တုံးများနှင့် ကျောက်တုံးမာများကို ဝယ်ယူပြီးနောက် လေလံအိမ်သို့ ဝင်ကြည့်လိုက်ရာ လေလံအိမ်တွင် ကစားသမား အများအပြား ရောက်နေသည်ကို တွေ့လိုက်ရပြီး အဖြစ်အပျက်ကို သိရှိသွားတော့၏။

“မင်းက တိုက်ခိုက်ချင်တယ်ပေါ့… “ ရှီဖုန်းက မသိမသာ ပြုံးပြီး ဆက်၍ ရေရွတ်လိုက်သည်… “ဒါဆိုလည်း တိုက်ကြတာပေါ့… “

ရှီဖုန်းက လေလံအိမ်၏ မျက်နှာစာကို ခေါ်ယူလိုက်ပြီး သူ၏ မှုန်ဝါးဝါးအလင်းချပ်ဝတ်အားလုံးကို လေလံတင်လိုက်သည်။ နှစ်နာရီတိုင်းတွင် ချပ်ဝတ် နှစ်ဆယ်ကို ရောင်းရန် သတ်မှတ်လိုက်ပြီး ချပ်ဝတ် ၁၂၀ကို လေလံတင်ခဲ့၏။ ထိုပမာဏက ဟမ်းမားထရိတ်ဒင်းကို နှိပ်စက်ရန် လုံလောက်ပေသည်။

ထို့နောက်တွင် ရှီဖုန်းက လေလံအိမ်မှ ရသည့် ပိုက်ဆံများဖြင့် ကျောက်တုံးမာများနှင့် ကဒ်အစုံများကို ဝယ်ယူလိုက်သည်။ ထိုအိုင်တမ်များကို ဝယ်ပြီးနောက်တွင် သူ့ထံ၌ ရွှေပြား ၁ပြားကျော် ကျန်နေသေးကြောင်း တွေ့လိုက်ရ၏။

မကြာခဏဆိုသလိုပင် ရှီဖုန်းဆီသို့ အသိပေးချက်တစ်ခုက ရောက်လာတတ်သည်။ ထိုအသိပေးချက်တွင် မှုန်ဝါးဝါးအလင်းချပ်ဝတ်တစ်ခု ရောင်းပြီးကြောင်းနှင့် ငွေပြား တစ်ချို့ကို သူ့အိတ်ထဲသို့ ထည့်ပေးပြီးကြောင်း ဖော်ပြထား၏။

ရှီဖုန်းက ငွေပြားများကို သုံးလေ သူ့ဆီသို့ ငွေပြားများ ပိုဝင်လာလေဟု ခံစားနေရသည်။ သူက အိုင်တမ်များကို တစ်ခုပြီးတစ်ခု ဝယ်ယူနေသော်လည်း သူ၏ငွေပမာဏက အနည်းငယ်မျှပင် လျော့နည်းသွားခြင်း မရှိချေ။

ရှီဖုန်းက သူ၏ငွေပြားတစ်ချို့ကို ထရိတ်စင်တာတွင် ရောင်းချပြီး အပြင်ကမ္ဘာမှ ငွေတစ်ချို့နှင့် လဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအရာက ဂိမ်းထဲတွင် ငွေပြားများ ကိုင်ထားရခြင်းထက် ပိုမိုကောင်းမွန်ပေသည်။

(ထရိတ်စင်တာဆိုသည်မှာ ဂိမ်းထဲမှ ကုန်သွယ်မှုဧရိယာမဟုတ်ဘဲ ဂိမ်းထဲမှ ငွေကြေးနှင့် အိုင်တမ်များကို အပြင်ကမ္ဘာမှ ငွေကြေးအစစ်ဖြင့် လဲလှယ်နိုင်သည့် အွန်လိုင်းမားကတ်တစ်ခု ဖြစ်သည်)

 

Comment

Leave a Reply

Options

not work with dark mode
Reset