Switch Mode

Chapter – 227

စစ်ဆေးခြင်း (၂)

အပိုင်း ၂၂၇
စစ်ဆေးခြင်း (၂)

ထိုစကားကြောင့် တာအိုဘုန်းတော်ငယ် ထိတ်လန့် သွားခဲ့သည်။ သူတို့ထံသို့ ဦးတည်လာနေသည့် ကျောက်တုံး တစ်တုံးချင်းစီ၏ အလေးချိန်သည် သူ့အတွက် မ,တင်ဖို့ အလွန် ခက်ခဲ နေသော်လည်း ပျော်ရွှင်စရာ ကောင်းပေသည်။

လွန်ခဲ့သော နှစ်ဝက်ခန့်တွင် တာအိုဘုန်းတော်ကြီးသည် နေရာတစ်နေရာ ရှာကာ သူ သင်ယူခဲ့သည့် ထိုက်ချီ သိုင်းပညာကို ကြေညက်အောင် လေ့ကျင့်နေခဲ့သည်။ ကြေညက် ကျွမ်းကျင် ပိုင်နိုင်လာမှသာ လင်ရှူးသည် ဘုန်းတော်ကြီး ကျောင်းကို သွားကာ အရည်အချင်းရှိ တာအိုဘုန်းတော်ငယ် ဖြစ်သည့် သူ့အား ခေါ်လာခဲ့သည်။

ဝမ်ရှန်း ပစ်လွှတ်နေသည့် ကျောက်တုံးများတွင် အလယ်၌ ထိုက်ချီအားသည် ပျော့ပျောင်းနေ၏။ တစ်တုံးချင်းစီ၌ ပါဝင်နေသည့် ယင်ယန်ခွန်အား ပမာဏသည်လည်း မညီမျှဖြစ်နေသည်။ လေတိုးသံကို နားထောင်ခြင်းအားဖြင့် ကျောက်တုံးများ၏ အလေးချိန်ကို ခန့်မှန်း၍ မရပေ။ ကျောက်တုံးများနှင့် ထိတွေ့သည့် အချိန်မှသာ ထိုကျောက်တုံးက ဘယ်လောက်တောင် လေးလံကြောင်း သိရခြင်းဖြစ်သည်။

ကျောက်တုံးများ စတင် လွှင့်ထွက် လာသည်နှင့် တာအိုဘုန်းတော်ကြီးသည် အခြေအနေကို ချက်ချင်း ခန့်မှန်းမိသွားကာ ဘာနည်းလမ်းကို အသုံးပြုသင့်လဲ ဆုံးဖြတ်လိုက်၏။ သို့မဟုတ်ပါက ကျောက်တုံး မည်မျှပင် မာကျောနေပါစေ ဝမ်ရှန်းနှင့် သူ၏ခွန်အားတွင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပေလိမ့်မည်။

ကံကောင်းစွာပင် ယခုအချိန်အထိ တာအိုဘုန်းတော်ကြီး၏ ခန့်မှန်းမှု မမှားယွင်းခဲ့။ သူသည် ကျောက်တုံးများ အားလုံးကို အန္တရာယ်ကင်းကင်း ဘေးသို့ ချနိုင်ခဲ့သည်။ ထိုအခိုက်အတန့်မှာပင် သူသည် တာအိုဘုန်းတော်ငယ်၏ လှုပ်ရှားမှုများကို သတိထားမိ သွားကာ သူ ပြုံးလိုက်၏။ ဤကောင်လေး ဝမ်ရှန်းနှင့် အားချင်း ယှဉ်ချင်နေသည်လား… ထိုကဲ့သို့ဆိုလျှင် လမ်းပျောက် သွားပေလိမ့်မည်။

ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ဤကဲ့သို့ ကြီးမားလေးလံသည့် ကျောက်တုံးကြီးကို ဒါဇင်နှင့်ချီ အဆက်မပြတ် ပစ်လွှတ်ခိုင်းမည်ဆိုလျှင် လင်ရှူးပင် ပြုလုပ်နိုင်မည် မဟုတ်ပေ။ သူ၏ဝိညာဉ် အဆင့်သည် မယုံနိုင်လောက်အောင် မြင့်မားသော်လည်း ခွန်အား အရာတွင် သူသည် ဝမ်ရှန်းနှင့် မယှဉ်နိုင်ချေ။

ဝမ်ရှန်း မည်မျှ ကြံ့ခိုင်သန်မာလာလဲ ဆိုတာကို လင်ရှူး မသိပေ။ ဝမ်ရှန်း၏ ခွန်အားမှာ မျောက်ဘုရင် သို့မဟုတ် အခြားခွန်အားကြီး သတ္တဝါ တစ်ကောင်ကောင် များလားဟုပင် သူ သံသယ ဝင်လာခဲ့၏။ သူသည် ဘယ်လိုများ ဒီလောက်တောင် သန်မာနေနိုင် ရမည်နည်း…

ဝမ်ရှန်း ကိုယ်တိုင်ကလည်း လက်ရေးလှ ကျင့်ခြင်းနှင့် ပန်းပုထုခြင်းကို အဆက်မပြတ် လေ့ကျင့်နေခဲ့ သော်လည်း လက်ရှိ သူ၏ခွန်အားက ဘယ်လောက်ထိ ကြီးမားနေပြီလဲ ဟူသည့် မေးခွန်းမျိုးကိုတော့ သူ ဘယ်တုန်းကမှ မစဉ်းစားမိပေ။ ထိုအချိန်မှာပင် လင်ရှူးအား သူ၏ပန်းပုထုခြင်း ရလဒ်ကို လာရောက် စစ်ဆေးစေခဲ့သည်။ ထို့ကြောင့် သူသည် စိတ်လှုပ်ရှားစွာဖြင့် သူ၏လေ့ကျင့်မှု ရလဒ်ကို လင်ရှူးအား စစ်ဆေးစေခဲ့၏။

အမှန်အားဖြင့် လင်ရှူးနှင့် တိုက်ခိုက်ခြင်းက မသင့်တော်ပေ။ ထိုကဲ့သို့ တိုက်ခိုက်ခြင်း အတွက်လည်း ဝမ်ရှန်း သေချာပေါက် ပျော်ရွှင်မည် မဟုတ်ပေ။ လင်ရှူးက လက်တစ်ဖက်တည်းဖြင့်သာ တိုက်ခိုက်လျှင်ပင် ဝမ်ရှန်းသည် သူ့ပြိုင်ဘက် ဖြစ်နိုင်မည်မဟုတ်။ ထို့ပြင် လေ့ကျင့်မှုကို စစ်ဆေးရန် အတွက် မဖြစ်မနေ တိုက်ခိုက်ခြင်းမျိုးလည်း မလိုအပ်ပေ။

အစပိုင်းတွင် ဝမ်ရှန်းသည် မိုးသောက်ချိန်၌ ကျောက်ထရံ သုံးခုလုံးကို ဖြိုချကာ ကြီးမားသည့် လောင်ဇီရုပ်ထုကို ဖွင့်လှစ်ပြသရန် စီစဉ်ထားခြင်း ဖြစ်သည်။ သို့သော် ယခု သူ ရုတ်တရက် စိတ်ပြောင်းသွား၏၊ ဤကျောက်ထံရံသည် သူ့အတွက် တစ်မျိုး အသုံးချနိုင်သည် မဟုတ်ပါလား…

တူနှင့်ဆောက်ကို အသုံးပြုကာ အချက်အနည်းငယ် ထွင်းထုလိုက်ရုံဖြင့် ဝမ်ရှန်း ပုံမှန်အရွယ်အစား ကျောက်တုံးတစ်တုံး ထွင်းထု နိုင်လိုက်သည်။ ထို့နောက် သူသည် သူ သင်ယူထားသည့် နည်းလမ်းဖြင့် ထိုကျောက်တုံးများကို လင်ရှူးထံသို့ ပစ်လွှတ်လိုက်သည်။

သုံးတန် နီးပါးလေးသည့် ကျောက်တုံးများကို အကြိမ်ရေ အနည်းငယ် ပစ်လွှတ် ပြီးနောက် သူသည် ဤကဲ့သို့ လေးလံသည့် အလေးချိန်ကို လွယ်လွယ်ကူကူပင် ကိုင်တွယ်နိုင်ကြောင်း သူ့ကိုယ်သူ နားလည်သွားသည်။

လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့် အားချီ၏ လုပ်ကြံခြင်းကို ခံရသည့် အချိန်တွင်လည်း သူသည် ငါးတန်နီးပါး လေးသည့် ကြီးမားသော သစ်တုံးကြီး တစ်တုံးကို လွှဲယမ်း ပစ်နိုင်ခဲ့သည်။ သို့သော် ထိုအချိန်တွင် အနည်းငယ် အားနည်း သွားသည်ကို ခံစားခဲ့ရသေး၏။ သို့သော် ယခု ဆယ်မီတာခန့် ဝေးသည့် မြစ်ထိပ်မှ မြစ်ကမ်းဆီသို့ သုံးတန်လေးသည့် ကျောက်တုံးသုံးတုံးကို ပစ်ပြီးသည့် အချိန်မှာပင် သူ မမောပန်းပေ။

ဝမ်ရှန်းသည် တစ်တန်နီးပါး လေးသည့်တူကို တစ်ရက်ကိုအခေါက် တစ်သောင်းခန့် လွှဲယမ်းခဲ့သည်ကိုတော့ ထည့်ပြောစရာပင် မလိုတော့ပေ။ သူ မသိလိုက်ခင်မှာပင် သူ၏ခံနိုင်ရည်သည် ယခင်ကထက် အဆပေါင်း ရာနှင့်ချီ ထောင်နှင့်ချီ ပိုမိုမြင့်မားသွားပြီ ဖြစ်၏။ လင်ရှူး ဝမ်ရှန်းအား ပေးအပ်ခဲ့သည့် လေ့ကျင့်ရေး နည်းလမ်းများ၏ အကျိုးရလဒ်များသည် လင်ရှူး မဆိုထားနှင့် ဝမ်ရှန်းကိုယ်တိုင် ထင်ထားသည်ထက်ပင် များစွာ ပိုအကျိုး ရှိလှပေသည်။

ထို့အပြင် ဤကျောက်တုံးများ မှတစ်ဆင့် ဝမ်ရှန်း၏ ထိုတိုးတက်မှုများကို ရှင်းရှင်းလင်းလင်း မြင်နေရပေ၏။

အဆက်မပြတ် ပစ်လွှတ် လာနေသည့် ကျောက်တုံးများကြောင့် လင်ရှူး အံ့သြသွားခဲ့သည်။ ဝမ်ရှန်း ကျောက်တုံး ဘယ်နှတုံးတောင် ထွင်းထုနေခြင်းလဲ… ဤကျောက်တုံးများက ဘယ်အချိန် အဆုံးသတ်မည်နည်း…

မြစ်သုံးစင်း ဆုံခြင်းကြောင့် ဖြစ်ပေါ်နေသည့် တြိဂံပုံစံ ကျောက်ထရံ တစ်ခုချင်းစီသည် မီတာတစ်ရာကျော် ရှည်လျားပေသည်။ ခြောက်ပေအရှည်ဖြင့် ပိုင်းဖြတ်မည်ဆိုလျှင် ကျောက်တုံး တစ်သိန်းခန့် ခွဲထုတ်နိုင်၍ ရပေ၏။

မိုးသောက် အရုဏ်ဦးသို့ ရောက်သည့် အချိန်တွင် မြစ်အတွင်းရှိ တြိဂံပုံစံ အကာအရံ ဆယ်မီတာစာ ပမာဏ ကျောက်တိုင် မရှိတော့ပေ။ ထိုအပေါက်မှနေ၍ အတွင်းမှ ရုပ်ထု၏ အရိပ်အမြွက်ကို မြင်နေရလေပြီ။

လင်ရှူးသည် သူ၏လေ့ကျင့်ရေး နည်းလမ်းများကို ဝမ်ရှန်းအတွက် ငါးနှစ်စာဆိုပြီး ပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်အတွင်း လုပ်နိုင်ပြီဆိုလျှင်ကို သူ စိတ်အလွန် ကျေနပ်ပြီဖြစ်၏။ သို့ရာတွင် ယခုကဲ့သို့ ဝမ်ရှန်းက တစ်နှစ်ခွဲအတွင်း လုပ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

ထိုမျှသာမက ထိုသို့ လေ့ကျင့်နေစဉ်မှာပင် လူပေါင်းစုံ သွားလာနေသည့် မြစ်သုံးစင်း အလယ်၌ မီတာ ၃၀၀ မြင့်သည့် ကြီးမားသော လောင်ဇီရုပ်ထုကိုပါ ထွင်းထု နိုင်ခဲ့သေးသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤတစ်နှစ်ခွဲအတွင်း ဝမ်ရှန်း အချိန်ကို မည်သို့ ကုန်ဆုံးခဲ့ကြောင်း မြင်နိုင်ပေသည်။

ထိုရုပ်ထုကို အရိပ်အမြွက် မြင်လိုက်ရသည့်အချိန် တာအိုဘုန်းတော်ငယ်သည် လုံးဝကို ပြောစရာ စကားမဲ့သွားတော့သည်။ ယမန်နေ့ ညနေခင်းက ဤနေရာသို့ လာသည့် အချိန်တွင် “ဒီမြစ်ဆုံမှာရှိတဲ့ ကျောက်ဆောင်ကြီးက ဘာရှိနေလို့လဲဟ” ဟု သူတွေးခဲ့၏။ သို့သော် ယခုအချိန်မှ ဝမ်ရှန်းက အံ့အားသင့်စရာ ကောင်းသည့် အရာတစ်ခု ပြုလုပ်ထားကြောင်း သူ တွေ့လိုက်ရသည်။

ဤကြီးမားလှသည့် မီတာ ၃၀၀ မြင့် လောင်ဇီ ရုပ်ထုကြီးသည် လောင်ဇီတောင်ပေါ်၌ လောင်ဇီရုပ်ထု အခုတစ်သောင်း ထွင်းထုခြင်းထက် များစွာပို၍ ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။ ထိုအခိုက်အတန့်တွင် သူ၏ တာအိုဦးလေးများ အချိန်အတော်ကြာ စီစဉ်နေသည့် အစီအစဉ်ကြီးကို တွေးမိသွားပြီး တာအိုဘုန်းတော်ငယ်သည် သူတို့အတွက် စိတ်မကောင်း ဖြစ်လွန်း၍ ငိုချင်စိတ်ပင် ပေါက်သွားခဲ့တော့၏။

“ဝူချန်း၊ ကြောင်ကြည့်မနေနဲ့။ လောင်ဇီတောင်ကိုပြန်ပြီး မင်းဦးလေးနဲ့ ဆရာတွေကို သွားခေါ်လာခဲ့…”

ရုပ်ထုပုံစံကို မြင်လိုက်ရသည့် အချိန်တွင် လင်ရှူးလည်း အံ့အားသင့် သွားရသည်။ ယခုအချိန်တွင် ကျောက်ထရံ အနောက်၌ ရှိနေသည့် ကြီးမားသော ရုပ်ထုကို အရှင်း မမြင်ရသေးသော်လည်း အရွယ်အစား တစ်ခုတည်းနဲ့တင် ကမ္ဘာပေါ်၌ နံပါတ်တစ် ရပ်တည်ရန် လုံလောက်ပေသည်။

ထိုစကား ကြားသည်နှင့် တာအိုဘုန်းတော်ငယ် ဘာမှပြန်မပြောဘဲ တစ်ဖက်လှည့်ကာ ပြေးထွက်သွား လိုက်သည်။ ယခု ဤအကြောင်းကို သူ့ဆရာများအား ပြောပြရန် သူ မစောင့်နိုင်တော့ပေ။ လူအင်အား၊ ပစ္စည်းအင်အားများစွာ အကုန်ကျခံကာ အချိန် အတော်ကြာအောင် အကြီးအကျယ် ပြင်ဆင်နေသည့် အချိန် ဤကြီးမားသည့် ရုပ်ထုအား မြင်လိုက်ရလျှင် သူတို့ စကားပင် ပြောနိုင်ပါဦးမလား ….

သူ တကယ် သိချင်မိလေပြီ။
***

Comment

Leave a Reply

Options

not work with dark mode
Reset