Switch Mode

Chapter – 206

တာအိုဘုန်းတော်ကြီး လင်ရှူး (၁)

အပိုင်း ၂၀၆
တာအိုဘုန်းတော်ကြီး လင်ရှူး (၁)

အဘိုးကြီးလု၏ အလုပ်သင်သည် ဝမ်ရှန်းအား တန်းပြီး ကျောက်ပန်းပု မထုခိုင်းပေ။ အခြေခံအကျဆုံး ဖြစ်သည့် ရွှံ့ဖြင့် ပုံဖော်ခြင်းပင် မလုပ်နိုင်ပါက ပန်းပုထုသည့် ဆောက်ကို အသုံးပြုကာ လိုချင်သည့်ပုံစံကို ထုလုပ်ခြင်းက အိပ်မက် မက်နေခြင်းပင်။

ဝမ်ရှန်းသည်လည်း ဤအခြေခံ အကျဆုံး အပိုင်းကို အားစိုက်ထည့်ကာ လေ့ကျင့်ပေသည်။ စတုန်းရန်းများ၊ စက်ဝိုင်းများနှင့် တြိဂံများ အစရှိသဖြင့် အရိုးရှင်းဆုံး ပုံများဖြင့် အရင်စတင် လိုက်သည်။ ထို့နောက်မှာမှ တဖြည်းဖြည်းချင်း ပိုမိုရှုပ်ထွေးသည့် ပုံစံများဖြင့် သွားလိုက်၏။

မနက်ခင်းပိုင်းတွင် ဝမ်ရှန်းသည် အဘိုးကြီးလု၏ အလုပ်သင် ကောင်လေးခိုင်းသည့် အတိုင်း ဝမ်ရှန်းသည် ရွှံ့စေးဖြင့် ပုံဖော်သည်။ နေ့လယ်ပိုင်းတွင် ဝမ်ရှန်းသည် ထိုကောင်လေး နှင့်အတူ ရွာထဲရှိ တာအိုဘုန်းတော်ကြီး တစ်ပါးထံ၌ လက်ရေးလှ သင်ယူကြ၏။ သို့သော် ဝမ်ရှန်းသည် လက်ရေးလှ ရေးရာ၌ အခြေခံ နည်းနည်းမျှ မရှိခဲ့သဖြင့် စုတ်ချက်များ ဆွဲခြင်းဖြင့်သာ စတင်ရပေသည်။

ယခုအချိန်တွင် သူ့အတွက် စုတ်တံကိုင်ရခြင်း၌ အခက်အခဲ ရှိနေ၏။

စုတ်တံ အမွှေးများက သူ၏ကမ္ဘာ၌ အသုံးပြုသည့် စုတ်တံ အမွှေးများနှင့် အနည်းငယ် ကွာခြားနေသည်မှ လွဲ၍ စုတ်တံတွင် တခြား ဘာကွာခြားမှုမှ မရှိနေပေ။ သို့သော် ပြဿနာမှာ လက်ရှိတွင် ဝမ်ရှန်းသည် အလွန် အားကြီးနေခြင်း ဖြစ်၏။

သံပိုက်ဖြင့် ပြုလုပ်ထားသည့် စုတ်တံသည် ဝမ်ရှန်း အားနည်းနည်းလေး ထည့်လိုက်ရုံဖြင့် ကောက်ကွေး သွားခဲ့၏။ ဝါးဖြင့် ပြုလုပ်ထားသည့် စုတ်တံ ဆိုလျှင်တော့ ပြောစရာပင် မရှိတော့ချေ။ စုတ်တံကို ဒီတိုင်း ကိုင်ထားခြင်းကတော့ ကိစ္စမရှိပေ၊ သို့သော် စိတ်လိုလက်ရ လှုပ်ရှား၍ မရခြင်းကတော့ ကိစ္စရှိပေသည်။

စုတ်တံကိုင်သည့် အချိန်တွင် ဝမ်ရှန်းသည် သူ သူ့လက်ထဲ၌ နူးညံ့ပြီး ကျိုးလွယ်သည့် တုတ်တစ်ချောင်းကို ကိုင်ထားသည်ဟု ခံစားနေရသည်။ သူသည် စုတ်တံအား အာရုံစိုက်မည် ဆိုလျှင် စာရေးရမရ၊ ထိုကဲ့သို့ မဟုတ်ဘဲ စာရေးသည်ကို အာရုံစိုက်မည်ဆိုလျှင် စုတ်တံအား ဆုပ်ကိုင်သည့်အားကို ထိန်း၍မရဖြင့် တိုင်ပတ် နေခဲ့တော့၏။ တစ်ခါတစ်ရံတွင် စာလုံးတစ်ဝက် ရေးပြီးသည်နှင့် စုတ်တံက အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့တော့သည်။

စုတ်တံနှစ်ချောင်းကို ဖျက်ဆီး ပြီးသွားနောက် တာအိုအဘိုးအိုသည် ဝမ်ရှန်းအား စုတ်တံဖြင့် မလေ့ကျင့် ခိုင်းတော့ပေ။ သဲဗန်းတစ်ခု လုပ်ကာ ထိုသဲဗန်းပေါ်၌ တုတ်ချောင်းဖြင့်သာ လေ့ကျင့်ခိုင်းလိုက်၏။ ထိုကဲ့သို့ဆိုလျှင် အားလည်း ထိန်းချုပ်ရာ ရောက်သွား ပေလိမ့်မည်။

တာအိုအဘိုးအိုက ကိစ္စကို ပိုမိုရှုပ်ထွေးအောင် လုပ်နေသည်ဟု ဝမ်ရှန်း မထင်ပေ။ ထို့ကြောင့် သူသည် စောဒက မတက်နေတော့ပဲ တာအိုအဘိုးအို ပြောသည့်အတိုင်း သဲဗန်းထဲ၌သာ တုတ်ချောင်းများဖြင့် လေ့ကျင့်လိုက်သည်။

စကားလုံး အနည်းငယ်ကို အာရုံစိုက် ရေးနိုင်ခဲ့ပြီး နောက်တွင် ဝမ်ရှန်းသည် သူ သူ၏ခွန်အားကို ပိုမိုထိန်းချုပ် လာနိုင်ပြီဟု ခံစားလိုက်ရ၏။

ဝမ်ရှန်းသည် သူ၏ကြီးမားသော ခွန်အားကို ထိန်းချုပ် နိုင်လာသော်လည်း ဤကဲ့သို့ နှေးကွေး လေးလံစွာ လှုပ်ဆောင်ရခြင်းကို စိတ်မရှည်လုနီးပါး ဖြစ်စေသည်။ သို့သော် ကံကောင်းသည်မှာ ဝမ်ရှန်းသည် လုံလောက်အောင် စိတ်အား ထက်သန်ခြင်း ဖြစ်၏။ သူ ထိုကဲ့သို့ နှေးကွေးစွာ လေ့ကျင့်သည့် အချိန်တိုင်း အကြည့်ခံရသည့် အခြားသူများ၏ ထူးဆန်းသည့် အကြည့်များနှင့် မျက်နှာထားများကို သူ ဂရုမစိုက်ပေ။ သူ့ဘာသာသူ ဖြည်းဖြည်း မှန်မှန်သာ လေ့ကျင့် နေလိုက်၏။ မည်သို့ဆိုစေ သူသည် အမှိုက်ကောင်ဟု အပြောခံရသည့် အချိန်၌ပင် တုန်လှုပ်ခဲ့သည့်လူ မဟုတ်ချေ။

ဘယ်အလုပ်ကိုပဲ လုပ်ပါစေ၊ ဖြတ်လမ်းဆိုတာ မရှိပါ… ထိုစကားများသည် ဝမ်ရှန်းကိုယ်တိုင် ပြောခဲ့သည့် စကားများ၏၊ ထို့ကြောင့် ထိုစကားများ၏ အဓိပ္ပာယ်ကို သူ ပိုပြီး နားလည်ပေသည်။

အမှန်အတိုင်း ပြောရမည်ဆိုလျှင် တာအိုဘုန်းတော်ကြီးသည် လက်ရေးလှ သင်ကြားပေးရန် မဖြစ်မနေ တာဝန်ရှိသည် မဟုတ်ပါ… အလုပ်သင်ကောင်လေး ပြောသည့် စကားအရ တာအိုဘုန်းတော်ကြီးသည် ပါမောက္ခအဆင့်ရှိ ဆရာတစ်ယောက် ဖြစ်သည်။ သို့သော် သူသည် တာအိုဘုန်းတော်ကြီးကျောင်းမှ တာအိုဘုန်းတော်ကြီး များနှင့်အတူ မနေထိုင်ချင်သောကြောင့် သူဘာသာသူ ဤသေးငယ်သည့် တောင်ပေါ် ရွာလေး၌ လာရောက် နေထိုင်ခြင်းဖြစ်၏။

ဤရွာသည် တောတောင် မြစ်ချောင်းများဖြင့် ဝန်းရံနေကာ ရှုခင်းများသည် အင်မတန် လှပသည့်အပြင် ရွာသူရွာသားများသည်လည်း ရိုးအေးကြပေသည်။

ကြားရက်များတွင် တာအိုဘုန်းတော်ကြီး လေ့ကျင့်သည်ကို ဝမ်ရှန်း မမြင်ဖူးပေ။ တစ်ခါတစ်ရံတွင် သူသည် ရွာမှလူများအား ဆေးကုပေးတတ်ကာ တစ်ခါတစ်ရံတွင် သူတို့လိုအပ်သည့် အကူအညီများ ကူညီပေးလေ့ရှိ၏။ ဝမ်ရှန်းသည်လည်း သူနှင့်အတူ လိုက်သွားတတ်သောကြောင့် သိပ်မကြာမီမှာပင် သူလည်း ရွာသားများနှင့် ရင်းနှီး သွားခဲ့တော့သည်။

တာအိုဘုန်းတော်ကြီးသည် ရွာအတွင်းရှိ ကလေးများကိုလည်း လက်ရေးလှများ၊ စာပေများ သင်ကြားပေးလေ့ ရှိကာ ဝမ်ရှန်းသည်လည်း ထိုကလေးများ နှင့်အတူတူ လိုက်လံ လုပ်ဆောင်ခြင်းဖြစ်၏။

ဝမ်ရှန်းသည် လူ့ကျင့်ဝတ်များကို သိပေသည်။ အခြားသူများကို သူ့အား သင်ကြား ပေးခိုင်းရာ၌ သူ လက်ဗလာဖြင့် လာမည် မဟုတ်ပေ။ သူ ရွာသို့ရောက်ပြီး ရက်အနည်းငယ် အကြာမှာပင် တာအိုဘုန်းတော်ကြီးနှင့် လက်ထောက် ကောင်လေးအတွက် အစားအသောက်များနှင့် အဝတ်အစားများ ရောက်ရှိလာခဲ့သည်။ ထိုနေရာ၌ ၁၀ ရက်ကျော်ခန့် နေပြီးနောက်တွင် ဝမ်ရှန်းသည် သူတို့နှင့် မိသားစုဝင်များကဲ့သို့ ရင်းနှီးလာပြီဖြစ်၏။

တာအိုဘုန်းတော်ကြီးသည် အသားငါးစားခြင်းအား မရှောင်သလို သေရည်အရက်လည်း သောက်လေ့ ရှိပေသည်။

အရင်ဆုံး ဝမ်ရှန်းသည် အခြားအရာများထက် လက်ရေးလှ လေ့ကျင့်ခြင်း၌သာ သူ့ကိုယ်သူ နစ်မြှုပ် ထားလိုက်၏။ ထို့နောက် နောက်ပိုင်းတွင် အားလုံး အချင်းချင်း ရင်းနှီးကျွမ်းဝင် သွားကာ အကုန်လုံး ဖွင့်ဟပြောဆို၍ ရသည့် အနေအထားမျိုး ရောက်မှသာ ဝမ်ရှန်းသည် တာအိုဘုန်းတော်ကြီးကို တာအိုဘုန်းတော်ကြီး ကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော် အကြောင်း မေးမြန်းလိုက်သည်။

ဤနေရာ၌ ရှိနေသည့် တာအိုဘုန်းတော်ကြီး ကျောင်းသည် အလွန် ရိုးရှင်းဟန်ရှိ၏။ ထိုနေရာတွင် ဗုဒ္ဓရုပ်ပွားတော် တစ်ခုသာ ရှိပေသည်။ ဝမ်ရှန်း သူ၏ကမ္ဘာမြေပေါ်၌ မြင်ခဲ့ဖူးသည့် တာအိုဘုန်းတော်ကြီး ကျောင်းကဲ့သို့ ဗုဒ္ဓရုပ်ပွားတော် သုံးဆူ ရှိနေခြင်း မဟုတ်ပေ။

“ဒါပေါ့၊ အဲ့ဒါက ငါတို့ရဲ့ အမွေအနှစ်ပဲ”

တာအိုဘုန်းတော်ကြီးနှင့် ဝမ်ရှန်းတို့၏ ဆက်ဆံရေးသည် အလွန် ကောင်းမွန်လှ၏၊ အထူးသဖြင့် အတူတူ သောက်ကြရာ၌ ဖြစ်သည်။ ထို့ကြောင့် သူသည် ဝမ်ရှန်းအား အရင် စနောက်လိုက် ပြီးမှ အတည်တကျ ပြန်ရှင်းပြ လိုက်၏။

ဝမ်ရှန်းမှ မေးလာခဲ့သည့် အတွက်ကြောင့် သူသည်လည်း ဝမ်ရှန်း ပိုမိုသိရှိစေရန် သူသိမျှ ပြောပြလိုက်သည်။

ဤကမ္ဘာပေါ်မှ တာအိုလမ်းစဉ်သည် ဝမ်ရှန်း၏ မူလကမ္ဘာပေါ်မှ တာအိုလမ်းစဉ်နှင့် အလွန် ဆင်တူပေသည်။ သို့သော် ဤနေရာမှ ဘာသာရေး စာပေများသည် ဝမ်ရှန်း၏ ကမ္ဘာပေါ်မှ ဘာသာရေး စာပေများနှင့် မတူပေ။ အဓိက ကျောရိုးခြင်းသာ တူ၏။ တာအိုသည် ရှုပ်ထွေးမှုမရှိဘဲ ရိုးရှင်းတည်ငြိမ်သည့် အရာဖြစ်သည် – ဟူသည့် သဘောတရားခြင်းတော့ အတူတူပင်ဖြစ်သည်။

“ရိုးရှင်းပြီး တည်ငြိမ်တယ် ဟုတ်လား…”

တာအိုဘုန်းတော်ကြီးမှ ထိုစကားအား နှာခေါင်းရှုံ့ကာ ပြောလိုက်သည် “တာအိုဘုန်းတော်ကြီး ကျောင်းက အဲ့လူတွေက တကယ်ရော အဲ့အတိုင်းပဲ နေကြလို့လား။ ငါ အဲ့စကားတွေကို အမြင်ကပ်နေတာ တော်တော်ကြာနေပြီ။ ချီးကို ရိုးရှင်း… ချီးကိုတည်ငြိမ်…”

တာအိုအဘိုးအိုသည် ဝမ်ရှန်း ယူလာသည့် ဝိုင်အား သောက်ကာ သူတို့ကိုယ် သူတို့ မွန်မြတ်လှပါချည်ရဲ့ဟု ထင်နေသည့် လူများအား အော်ဟစ်ကြိမ်းမောင်း လိုက်၏။ ထို့နောက် စကားလမ်းကြောင်းသည် ဝမ်ရှန်းဘက်သို့ ရောက်လာခဲ့တော့သည်။

“မင်းမှာ ခွန်အားတွေ လုံလုံလောက်လောက် ရှိတာပဲ”

တာအိုအဘိုးအိုမှ စကားဆက် လိုက်၏။

“မြို့တော်ထဲမှာ မင်းနဲ့အားချင်း ယှဉ်နိုင်တဲ့လူ တော်တော် ရှားတယ်။ မင်းက အလေးပစ္စည်းတွေကို ပေါ့ပေါ့ပါးပါးပဲ မ,နိုင်တယ်။ ပြီးတော့ မင်းရဲ့ဝိညာဉ် အဆင့်ကလည်း မဆိုးဘူးလို့ ပြောလို့ရပါတယ်။ မင်း လက်ရေးလှကိုပဲ ရအောင်ကျင့်။ အားကို လိုသလို ထုတ်သုံး နိုင်တာက အကောင်းဆုံးပဲ”

ကျင့်ဝတ်သီလများ မလိုက်နာသည့် ဖြစ်ကတတ်ဆန်း ဖြစ်နေသော တာအိုအဘိုးအိုအား ဝမ်ရှန်း အံ့သြချီးကျူးစွာ ကြည့်လိုက်သည်။ ဝမ်ရှန်းသည် သူ လေ့ကျင့်စဉ်၌ အားများစွာ မထုတ်သုံးခဲ့ပေ။ သို့သော် သူ လက်ရေးလှ လေ့ကျင်စဉ်၌ ဖြစ်ပျက်နေသည့် သူ၏ပုံစံသည် အခြားသူများကို သူ့အပေါ် လေးစားအားကျ စေပေသည်။

သု့ိသော် စာရေးသည့်စုတ်တံကို ကိုင်ရသည်ဖြစ်စေ၊ တုတ်ချောင်းတစ်ချောင်းကို ကိုင်ရသည်ဖြစ်စေ၊ ဝမ်ရှန်းအတွက် တကယ်ကို ခက်ခဲလှပေသည်။ သူ မလုပ်နိုင်သေးပေ။

ဝမ်ရှန်းက လေ့ကျင့်ရာ၌ အဆင်မပြေ ဖြစ်နေသည်ကို တာအိုအဘိုးအို သိပေသည်။ ထိုအချိန်တွင် တာအိုအဘိုးအိုသည် တူတစ်ချောင်းကို ကောက်ကိုင်ကာ အကြိမ်အနည်းငယ် လှည့်လိုက်၏။ ထိုအချိန်မှာပင် လေထဲ၌ လေတိုးသံများ ထွက်ပေါ် လာခဲ့သည်။ တာအိုအဘိုးအိုသည် တူတစ်ချောင်းကို လှည့်နေသည်နှင့် မတူဘဲ ကြီးမားသည် သစ်ပင်ကြီး တစ်ပင်ကို လွှဲယမ်းနေသည့်အလား ဖြစ်၏။

ထို့နောက် တာအိုအဘိုးအိုသည် ထိုတူဖြင့် ဝမ်ရှန်းအား ထိုးစိုက်ဟန် ပြုကာ သူ၏မျက်လုံးနှစ်ခု ကြား၌ လက်ကို ရပ်လိုက်သည်။ လေတိုးသံသည် ပြင်းထန်သည့် အရှိန်နှင့် ပေါင်းစပ် သွားကာ ဝမ်ရှန်းသည် မီးရထား စက်ခေါင်းတစ်ခု သူ့အား ဝင်တိုက်တော့မည်ဟု ခံစားလိုက်ရလေ၏။
***

Comment

Leave a Reply

Options

not work with dark mode
Reset