Switch Mode

Chapter – 192

စတင်ခြင်း (၁)

အပိုင်း ၁၉၂
စတင်ခြင်း (၁)

ဝမ်ရှန်းသည်လည်း သိုက်ဝူကျီး၏ အစီအစဉ်ထဲသို့ ကျရောက်ခဲ့ပေသည်။ ဘက်ပေါင်းစုံမှ လေ့လာပြီးနောက် နောက်ဆုံးတွင် သူသည် သူ ပစ်မည့် နေရာကို ရွေးချယ် လိုက်တော့သည်။

အချိန်ကြာလာသည် နှင့်အမျှ သိုက်ဝူကျီး ပိုပို၍ အံ့သြလာမိခဲ့ရသည်။ သူ ဝမ်ရှန်း၏ တည်နေရာကို ရှာတွေ့လုနီးပါး ဖြစ်ခဲ့သည့် အချိန်များ များစွာရှိခဲ့၏။ သို့သော် ဝမ်ရှန်းသည် သူ သူ့နေရာအား ရှာတွေ့သွားကြောင်း သိသွားသကဲ့သို့ အလျင်အမြန် နေရာပြန်ပြောင်း သွားခဲ့သည်။

ထို့နောက် ဝမ်ရှန်းသည် ပိုမို၍ သတိထား လာခဲ့သည်။ အဝေးကြည့် မှန်ပြောင်းဖြင့် ကြည့်လျှင် မြင်ကွင်းသည် ကျယ်ပြန့်၏၊ သို့သော် စနိုက်ပါ မှန်ပြောင်းလောက်တော့ ဝေးဝေး မမြင်ရပေ။ ထို့ကြောင့် ဝမ်ရှန်းသည် ပိုမိုအရှေ့သို့ စူးစမ်းကြည့်ရန် စနိုက်ပါ မှန်ပြောင်းကို ပြောင်းလဲ အသုံးပြုလိုက်သည်။

ဝမ်ရှန်းသည် သူ ပိုပြီး လေ့လာကြည့်လေ ပို၍ အံ့သြလာခဲ့ရသည်။ သိုက်ဝူကျီး ဖွဲ့စည်းထားသည့် ခုခံကာကွယ်မှုစနစ်မှာ အလွန် တင်းကျပ်ပြီး သူ့အားထိရန် သို့မဟုတ် သူ့အား လုပ်ကြံရန် မဖြစ်နိုင်လောက် သကဲ့သို့သော အနေအထားပင် ဖြစ်၏။

သို့သော်လည်း ဝမ်ရှန်းသည်လည်း စိတ်ရှည်မှု အရာ၌ အလွန် ထူးချွန်သူ ဖြစ်ခဲ့သူပင်။ တစ်ခါက သူသည် သူ၏ကမ္ဘာမြေပေါ်တွင် တာဝန်တစ်ခုကို ပြီးမြောက် အောင်မြင်အောင် လုပ်ရန် ပစ်မှတ်နောက်ကို နှစ်လကြာအောင် လိုက်ခဲ့ဖူးပေသည်။ လတ်တလောတွင်လည်း ဤဝိညာဉ်သခင် သိုက်ဝူကျီးသည် သူ့အား လက်ရှိ ကမ္ဘာမြေပေါ်မှ သတိကြီးကြီး ထားရသည့် တာဝန်တစ်ခုဟု ခံစားနေရစေ၏။

သိုက်ဝူကျီး စိတ်လှုပ်ရှား နေသကဲ့ပင် ဝမ်ရှန်းသည်လည်း ထပ်တူကျစွာ စိတ်လှုပ်ရှား နေပေသည်။ ဤကဲ့သို့ သန်မာသည့် ရန်သူသည် ဝမ်ရှန်းအား ပျော်ရွှင်မှုနှင့် စိန်ခေါ်မှုတို့ ဖြစ်ပေါ်စေခဲ့သည် သာမက သူ၏တိုက်ခိုက် လိုစိတ်ကိုလည်း မြင့်မား လာစေခဲ့သည်။ အခြေအနေများက ပို၍ခက်ခဲလေ သူ ဒီလူကို ပို၍ သတ်ချင်လေပင်ဖြစ်၏။

ဝမ်ရှန်းသည် အကြောင်းပြချက် မရှိဘဲ လူသတ်သည့် လူစားမျိုး မဟုတ်ပေ။ သို့သော် ဤလူသည် သူ့အား လုပ်ကြံရန် လူများ စေလွှတ်ခဲ့သည်။ ဝမ်ရှန်း သူ့အကြွေး ပြန်မဆပ်ဘူးဆိုလျှင် သူသည် လောကဝတ် မသိတတ်ရာ ရောက်သွားမည် မဟုတ်ပါလော။ ထိုသို့သော အကြွေးပေးစရာ ရှိသူအတွက် ဝမ်ရှန်းမှာ တုံ့ဆိုင်းမည့်သူ မဟုတ်ချေ။

ဝမ်ရှန်းသည် အစောင့်များ ကင်းလှည့်သည့် လမ်းကြောင်းကို သုံးရက်ကြာ လေ့လာခဲ့ကာ နောက်ဆုံးတွင် သူ တိတ်တဆိတ် အရှေ့တက်၍ ရသည့်နေရာ သုံးနေရာ တွေ့သွားခဲ့သည်။ သိုက်ဝူကျီး အတွက်မူ သူ၏နေ့စဉ် လုပ်ငန်းဆောင်တာများက ဤကဲ့သို့ ရိုးရှင်းနေလေ သူ့အတွက် အခွင့်အရေးရရန် ပို၍ လွယ်ကူလေဖြစ်၏။

သူသည် သိုက်ဝူကျီး သွားသည့် လမ်းကြောင်း သို့မဟုတ် သူအိပ်သည့် နေရာ၌ ပင့်ကူချထားရန် အခွင့်အလမ်း ရှာနိုင်လျှင် ရပြီဖြစ်၏။ သိုက်ဝူကျီးသည် သူ၏ ဝိညာဉ်အဆင့်ဖြင့်ပင် ဤပင့်ကူ သူ့အား ကိုက်မည်ကို တားနိုင်မည် မဟုတ်ချေ။

သိုက်ဝူကျီးအား တကယ့်ကို ဉာဏ်ကောင်းသည့် လူတစ်ယောက်ဟု ပြော၍ ရပေသည်။ သူသည် လက်နက် ကိရိယာများနှင့် တစ်ခေါက်မှ မလေ့ကျင့် ခဲ့ဖူးသော်လည်း သူနေသည့် နေရာ ဘေးပတ်ပတ်လည် နားတွင် ဝမ်ရှန်း စနိုက်ပါ ပစ်ရန်အတွက် သင့်တော်သည့် နေရာသုံးနေရာ ချပေးနိုင်ခဲ့သည်။ ဤသုံးနေရာသည် ချုံခိုတိုက်ရန် အလွန် သင့်လျော်ကာ အလွယ်တကူ မရှာတွေ့နိုင်သည့် အကောင်းဆုံး နေရာပင်ဖြစ်၏။

သိုက်ဝူကျီး နေနေသည့် နေရာအတွင်းသို့ မဝင်လာချင်ဘူးဆိုလျှင် ဤသုံးနေရာသည် ဝမ်ရှန်းအား သိုက်ဝူကျီးကို အောင်အောင်မြင်မြင် ပစ်ခတ်ခွင့် ပေးပေလိမ့်မည်။

ပြောရမည်ဆိုလျှင် ဝမ်ရှန်း ကိုယ်တိုင်လည်း ထိုကဲ့သို့ တွေးမိပေသည်။ ထိုနေရာ သုံးနေရာသည် စနိုက်ပါဖြင့် ပစ်ရန် အကောင်းဆုံး နေရာများဖြစ်၏၊ ထို့ကြောင့် သူသာ စနိုက်ပါ ရိုင်ဖယ်ကို အသုံးမပြုခဲ့လျှင် နှမြောစရာ ကောင်းပေသည်။

သို့သော် ပြဿနာမှာ ဝမ်ရှန်းသည် သူ့စနိုက်ပါ ရိုင်ဖယ်၏ ပြင်းအားကို အလွန် ထည့်တွက်နေခြင်း ဖြစ်သည်။ ဤအကွာအဝေးတွင် M200 တစ်လက်က သတ္တမအဆင့် ဝိညာဉ်သခင် တစ်ယောက်ကို အသက်အန္တရာယ် ပေးနိုင်သည်အထိ စွမ်းဆောင် နိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးမိပေ။ ထို့ကြောင့် စနိုက်ပါဖြင့် ပစ်ရန်နေရာသည် မည်မျှပင် ပြီးပြည့်စုံနေသော်ငြား လက်လျှော့ လိုက်မည်သာ ဖြစ်သည်။

အားလုံးသည် ဝမ်ရှန်းက တောင်များကို အကာအကွယ်အဖြစ် အသုံးပြုလိမ့်မည်ဟု ထင်ခဲ့ကြ၏။ အစပိုင်း၌ ဝမ်ရှန်းသည်ပင် ထိုကဲ့သို့ တွေးခဲ့သည့် အတွက်ကြောင့် သူတို့အားလုံးလည်း ထိုကဲ့သို့ တွေးမိခဲ့ကြသည်ကို နားလည်၍ ရပေသည်။

ခုနှစ်ရက်၊ ရှစ်ရက်ခန့် စူးစမ်း လေ့လာပြီးနောက် ရေလမ်းကြောင်းကသာ တိုက်ခိုက်ရန် အသင့်တော်ဆုံး လမ်းကြောင်း ဖြစ်သည်ဟု ဝမ်ရှန်း ဆုံးဖြတ်လိုက်သည်။

ရေလမ်းကြောင်းကို ပြောမည် ဆိုလျှင်လည်း သိုက်ဝူကျီးနှင့် အစောင့်များသည် ထိုလမ်းကြောင်းအတွက် မပြင်ဆင်ထားကြခြင်း မဟုတ်ပေ။ နေ့တိုင်း မြစ်ဘက်တွင် အစောင့်လေးယောက် ရှိနေကာ သူတို့သည် ရေပြင်ကို မျက်ခြေမပြတ် စောင့်ကြည့် နေကြပေသည်။

တည်ငြိမ်နေသည့် ရေမျက်နှာပြင်ပေါ်တွင် မည်သည့် ရေဂယက်မှ မထစေဘဲ ရေကူးလာဖို့ ဆိုတာမှာ မည်သို့မျှ မဖြစ်နိုင်ချေ။

ရေထဲမှ လာသည် ဆိုလျှင်လည်း ဘယ်လို တိုက်ခိုက်မည်နည်း…

သိုက်ဝူကျီး ငါးမျှားနေသည့် အချိန်၌ တိုက်ခိုက်မည်လော…

အမှန်အားဖြင့် သိုက်ဝူကျီး အာရုံစူးစိုက်မှု အမြင့်ဆုံး အချိန်သည် သူ ငါးမျှားနေသည့် အချိန်ပင်ဖြစ်၏။ ထိုအချိန်တွင် ဝမ်ရှန်း သူနှင့် ၁၀ ပေ အကွာအဝေး အတွင်း ရောက်လာသည်နှင့် သူ ဝမ်ရှန်းအား ချက်ချင်း သတိထားမိ သွားမည် ဖြစ်သည်။

မြစ်ကမ်းဘေးမှနေ၍ သိုက်ဝူကျီးနေနေသည့် နေရာအား တိုက်ခိုက် မည်ဆိုပါကလည်း ပို၍ပင်မဖြစ်နိုင်ပေ။ မြစ်ကမ်းဘေးသည် ဗြောင်ဖြစ်နေကာ မည်သည့် အကာအကွယ်မှ မရှိပေ၊ ထို့ပြင် သူနေနေသည့် နေရာနှင့်လည်း ဝေးကွာ၏။ အဓိက အချက်မှာ ထိုနေရာနှင့် သိုက်ဝူကျီး နေထိုင်သည့် အိမ်ကြားတွင် ကင်းလှည့်နေသည့် အစောင့်များ အဆက်မပြတ် ရှိနေခြင်းဖြစ်သည်။ ဤကဲ့သို့ ဘာအကာအကွယ်မှ မရှိသည့် ကွင်းပြင် အတွင်းတွင် တိုက်ခိုက်ချင်သည် ဆိုလျှင် ဝမ်ရှန်းသည် ကိုယ်ပျောက်လူသား ဖြစ်နေမှသာ ရပေမည်။

ထိုအချက်များကြောင့် သိုက်ဝူကျီးနှင့် အစောင့်များသည် ရေလမ်းကြောင်းဘက်ကို အလွန်စိတ်ချလက်ချ နေလိုက်ကြကာ တောင်များနှင့် တောအုပ်များကိုသာ အာရုံစိုက်နေကြ၏။

ထိုအချိန်တွင် ဝမ်ရှန်းသည်လည်း ဂရုတစိုက် လေ့လာစစ်ဆေး နေခဲ့ကာ အသင့်တော်ဆုံး အချိန်ကို စိတ်ရှည်လက်ရှည် စောင့်နေခဲ့သည်။ ညသန်းခေါင် မနက်လေးနာရီ အချိန်သည် လူများ အပင်ပန်းဆုံး အချိန်ပင်ဖြစ်၏။ ထိုအချိန်သည် ဝမ်ရှန်းကဲ့သို့ လက်ရွေးစင် လူတစ်ယောက် လှုပ်ရှားရန် အကြိုက်ဆုံး အချိန်လည်းဖြစ်ပေသည်။

ထိုနေ့ညတွင် လအလင်းရောင် ပျောက်ကွယ်နေကာ ကောင်းကင်ကြီးသည်လည်း အနည်းငယ် အုံ့မှိုင်းနေခဲ့၏။ ယခုလို ညသန်းခေါင် လေးနာရီ အချိန်မျိုးတွင် သာမန် လူများသည် သူတို့လက်ချောင်းများကိုပင် သူတို့မြင်ရမည် မဟုတ်ပေ။ ထိုအချိန်မှာပင် ဝမ်ရှန်း ရေထဲသို့ ဆင်းသွားလိုက်သည်။

ဝမ်ရှန်းသည် ကျူပင်၏ အစွန်းတစ်ဖက်ကို ကိုက်ကာ ရေအောက် ငုပ်လိုက်၏။ ထို့နောက် သိုက်ဝူကျီး ငါးမျှားလေ့ရှိသည့် နေရာဘက်သို့ တဖြည်းဖြည်းချင်း ကူးခတ် သွားလိုက်သည်။ ရေမျက်နှာပြင်ပေါ်တွင် ကျူပင် အစွန်းပိုင်း တစ်ဖက်မှလွဲ၍ အခြားအရာဆိုလို့ ပေါလောပေါ်နေသည့် ဝါးကျည်တောက် တစ်ခုသာ ရှိပေသည်။

ဝါးကျည်တောက် အတွင်းတွင် ဝမ်ရှန်း၏ ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် အကြော သေနေသည့် အကောင်သေးသော်လည်း ကြောက်စရာ ကောင်းလှသော ပင့်ကူတစ်ကောင် ရှိနေခဲ့သည်။ သက်ရှိများကို သိုလှောင်လက်စွပ် အတွင်းသို့ ထည့်၍မရပေ၊ ထို့ကြောင့် သူသည် ပင့်ကူကို အသက်ရှူ၍ရသည့် ဝါးကျည်တောက်အတွင်း ထည့်လာခြင်းဖြစ်သည်။

ညအမှောင်ကြောင့် ရေမျက်နှာပြင် ပိန်းပိတ် မည်းနက်နေကာ ရေစီးသံများသည် ရေအောက်ရှိ ဝမ်ရှန်း၏ လှုပ်ရှားနေသည့် အသံများကို ဖုံးကွယ် ပေးထားလေသည်။ ထိုပုံစံဖြင့် ဘာအခက်အခဲမှ မရှိဘဲ ဝမ်ရှန်း တံတားအောက်ခံ တိုင်နားသို့ ရောက်လာခဲ့သည်။

မြစ်ကမ်းဘေးတွင် စောင့်ကြပ်နေသည့် အစောင့်များရှိသော်လည်း မည်သူကမှ သိပ်ပြီး အာရုံမစိုက်နေကြပေ။ အဘယ်ကြောင့်ဆိုသော် ညအချိန်မတော် ဝမ်ရှန်း ရေထဲမှ တက်လာလိမ့်မည်ဟု မည်သူကမှ မတွေးထားမိ ခဲ့ကြသောကြောင့်ပင်ဖြစ်၏။ သို့သော် လာခဲ့မည် ဆိုလျှင်လည်း သူတို့ မကြောက်ပေ။

သိုက်ဝူကျီး ငါးမျှားသည့် ဤနေရာသည် သစ်သားဖြင့် ပြုလုပ်ထားသည့် သာမန် သစ်သား တံတားတစ်ခုဖြစ်သည်။ တံတားအောက်ခံတိုင် တစ်ဝက်သည် ကမ်းပေါ်၌ ရှိနေကာ အခြားတစ်ဝက်သည် ရေအောက် ပေတစ်ဝက်ခန့်၌ နစ်မြှုပ်နေ၏။

ဝမ်ရှန်း၏ ပစ်မှတ်သည် ဤတိုင်များ ဖြစ်သည်။ ကင်းလှည့်နေသည့် အစောင့်တချို့ ဖြတ်သွားပြီး နောက်တွင် ဝမ်ရှန်းသည် မည်သူမှ သတိမထားမိစေဘဲ သေးငယ်သည့် တံတားနားသို့ ကပ်သွားလိုက်သည်။

ထို့နောက် ဝမ်ရှန်းသည် သူ့ထံ၌ ကျန်ရှိနေသည့် တစ်ခုတည်းသော အဝေးထိန်း မိုင်းကို ထုတ်ယူကာ မိုင်းကို တံတားအောက်ခံတိုင်၌ ကပ်လိုက်သည်။ ထိုမိုင်းကို ကပ်၍ရသည့် ပုံစံပြုလုပ် ထားသောကြောင့် ထိုကဲ့သို့ ကပ်ရာ၌ ပြဿနာ တစ်စုံတစ်ရာမှ မရှိခဲ့ပေ။

ထို့နောက် ဝမ်ရှန်းသည် ရေထဲသို့ ပြန်ငုပ်ကာ အလွန် သေးငယ်သည့် သစ်ကိုင်းနှစ်ခုကို အသုံးပြုကာ ဝါးကျည်တောက် အသေးကို ထိုတိုင်နားစီသို့ ပို့လွှတ်လိုက်သည်။ ထိုဝါးကျည်တောက် အသေးကို ကြိုးနှစ်ချောင်းဖြင့် ချိတ်ဆက်ထားကာ ဝမ်ရှန်း ကြိုးအစွန်း နှစ်ဖက်ကို ဆွဲလိုက်သည်နှင့် ဝါးကျည်တောက် ပွင့်သွားခဲ့သည်။ ဝါးကျည်တောက်သည် ပွင့်သွားသည်နှင့် ချက်ချင်း ထောင်မတ် သွားခဲ့သည်။ ထို့နောက် ကျည်တောက်အတွင်းမှ ပင့်ကူသည် ဝါးကျည်တောက်ထဲမှ ထွက်ကာ တံတား အပြင်ဘက်ဆုံးရှိ သစ်သားပြား နှစ်ခုကြားသို့ ဝင်သွားလိုက်သည်ကို ဝမ်ရှန်း တွေ့လိုက်ရတော့သည်။

ထိုပင့်ကူ မြေပြင်ပေါ်သို့ ရောက်သွားကြောင်း မြင်လိုက်ရသည်နှင့် ဝမ်ရှန်းသည် ထိုဝါးကျည်တောက်ကို ညင်သာစွာ ပြန်ဆွဲကာ မည်သည့် ခြေရာလက်ရာမှ မကျန်စေဘဲ ပြန်လည် ထွက်ခွာ သွားလိုက်တော့၏။

ကင်းလှည့်နေသည့် အစောင့်များ ထိုနေရာသို့ ရောက်လာသည့် အချိန်တွင် ဝမ်ရှန်း မရှိနေတော့ပေ။ ညသန်းခေါင်ယံ အချိန်တွင် တံတား၏ သစ်သားပြား နှစ်ခုကြား၌ သေးငယ်သည့် ပင့်ကူတစ်ကောင် ရောက်ရှိလာခြင်းနှင့် တံတားတိုင် အောက်ခြေတွင် အဝေးထိန်း မိုင်းတစ်လုံး ရှိနေကြောင်း မည်သူမှ သတိမထားမိခဲ့ပေ။

နောက်တစ်နေ့ မနက်တွင် သိုက်ဝူကျီးသည် ပျော်ရွှင်စွာ နှိုးထလာကာ မနက်စာ စားပြီးနောက် အစောင့် လေးယောက် နှင့်အတူ ငါးမျှားတံကို ယူကာ အိမ်မှ ထွက်လာခဲ့လိုက်သည်။ ထိုအစောင့်များသည် နေရာအား စစ်ဆေးပြီးနောက် ထိုတံတားပေါ်တွင် သစ်သားထိုင်ခုံပု တစ်လုံးကို သိုက်ဝူကျီး အတွက် အသင့်ပြင် ပေးထား လိုက်ကြတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset