Switch Mode

Chapter – 118

မင်းတို့နှစ်ယောက်လုံး တက်လာခဲ့ပါ

*****

စာစဉ် (၈)
အခန်း (၁၁၈)
မင်းတို့ နှစ်ယောက်လုံး တက်လာခဲ့ပါ

“ရဲချန်ဖန် မင်း တိုက်ခိုက်တာ အရမ်း အစွမ်းထက်ပေမဲ့ ငါ့ ခုခံကာကွယ်မှုကလည်း မညံ့ဘူး။ မင်း ငါ့ကို နိုင်ချင်ရင် တကယ် အရည်အချင်း ရှိမှရမယ်”

လူ့တစ်ရပ် အမြင့်လောက် ရှိသော တုတ်အဆင့်မြင့် ဝိညာဉ် လက်နက်ကို ဆွဲကိုင်ထားပြီး အလွန်အေးဆေး တည်ငြိမ်ပြီး တိုက်ခိုက်စိတ် ပြည့်ဝနေသော အကြည့်ဖြင့် ရဲချန်ဖန်ကို ကြည့်ပြီး အလွန်လေးနက်စွာ ပြောလိုက် လေသည်။

“ဒါဆိုလည်း မင်း ဘယ်လို ခုခံကာကွယ် ရမလဲဆိုတာ သင်ပေးရမှာပေါ့”

ရဲချန်ဖန်က ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်ပြီး သူ့မျက်နှာတွင် အပြုံးများ မရှိတော့ချေ။ အကုန်လုံးက ရဲချန်ဖန်သည် အလွန် မောက်မာသော လူဟု ထင်သွားလေသည်။

“ရဲချန်ဖန်၊ မင်းက ငါ့ကို စော်ကားရဲတယ်ပေါ့”

လင်းတုံ မျက်နှာက အလွန် မည်းမှောင်သွားပြီး ဒေါသများ ထွက်လာလေသည်။ ထို့နောက် လေအက တုတ်ဝင်္ကပါဖြင့် စတင် တိုက်ခိုက် လိုက်သည်။ လေအက တုတ်ဝင်္ကပါသည် ခုခံမှု အရာတွင် အလွန် နာမည်ကြီးလှပြီး တိုက်ခိုက်ရန်အတွက် သိပ်မသင့်တော် သော်လည်း ခုခံရာမှု အလွန် အသုံးတဲ့သဖြင့် ခုခံမှုကို အာရုံစိုက်သော တန်ခိုးရှင်များ လေ့လာကြရသည့် ပညာရပ် ဖြစ်လေသည်။ လင်းတုံမှာ သူလည်း အလွန်အစွမ်းထက်သူ ဖြစ်ကြောင်း ပြသလို နေသည်။ အကုန်လုံးက ရဲချန်ဖန်သည် ဒီတစ်ကြိမ် အပြောကြီး၍ အရှက်ကွဲကာ ဒုက္ခနှင့် တွေ့ပြီဟု တွေးလိုက် ကြလေသည်။

သို့သော် ရဲချန်ဖန်၏လက် လှုပ်ရှားသွားရာ ချိုးဖောက်၍ မရနိုင်ဟု ထင်ရလောက်သော ဝင်္ကပါမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။ လေအက တုတ်ဝင်္ကပါသည် ရဲချန်ဖန် တိုက်ခိုက်မှုကို လုံးဝ မခုခံနိုင်ဘဲ ဝင်္ကပါ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက် သွားလေသည်။

“အား”

လင်းတုံ ပါးစပ်မှ သွေးအများအပြား စီးကျလာပြီး သူ့ကိုယ်မှာ ကြိုးပြတ်သည့် လေတံခွန် အလား လွင့်စဉ်ကာ စင်မြင့်ထက်မှ ပြုတ်ကျသွားပြီး ရှုံးနိမ့် သွားလေသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက ဘာလို့ အဲလောက် အစွမ်းထက် နေရတာလဲ”

ရဲချန်ဖန်က ခုခံမှု အရာတွင် နာမည်ကျော်လှသည့် လေအက တုတ်ဝင်္ကပါကို လက်တစ်ချက်တည်းဖြင့် ချေဖျက် အနိုင်ယူလိုက်ရာ လူအုပ်ကြီးက အလွန် အံ့အားသင့် တုန်လှုပ်ကာ မယုံနိုင် ဖြစ်နေကြလေသည်။ သူတို့ မြင်လိုက်ရသည့် မြင်ကွင်းသည် သူတို့ ယုံကြည် လက်ခံနိုင်မှုကို ကျော်လွန် နေလေသည်။

“ဂိုဏ်းခေါင်းဆောင်၊ ဒီရဲချန်ဖန်က အဲလောက်တောင် အစွမ်းထက် နေတာလား”

ဒုတိယ ခေါင်းဆောင်က အလွန်ထူးဆန်းသော အမူအရာ ဖြစ်ပေါ် နေလေသည်။

“အံ့ဩစရာတော့ သိပ်မရှိပါဘူး။ သူက လက်ညှိုး စွမ်းအားကို သူ့ ခန္ဓာကိုယ် စွမ်းအား ထည့်သွင်း ပေါင်းစပ်ထားတော့ သူ့တိုက်ခိုက်မှုက အလွန် အစွမ်းထက်လာတာပဲ။ ဒါကြောင့် လေအက တုတ်ဝင်္ကပါကို တစ်ချက်တည်းနဲ့ ဖျက်ဆီး ပစ်လိုက်နိုင်တာပဲ”

ချင်တောင်ပိုင်က အလွန် အတွေ့အကြုံ များသူဖြစ်ရာ သူ့မျက်လုံးထဲတွင် ရဲချန်ဖန် မည့်သို့ လုပ်သွားသည်က မည်သို့မျှ မလွတ်သွားနိုင်ပေ။

“ပေါင်တစ်သိန်းကျော် စွမ်းအား အနည်းဆုံး ရှိရမယ်။ မဟုတ်ရင် လေအက တုတ်ဝင်္ကပါကို ဖြိုခွဲဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ချင်တောင်ပိုင်က ပြောလိုက်လေသည်။

“ပေါင်တစ်သိန်းကျော် စွမ်းအားလား။ ရဲချန်ဖန်ဆီမှာ နတ်ဘုရား သားရဲဝိညာဉ် သွေးမျိုးဆက် ရှိနေတာလား”

တခြားလူများ အတွေးတွင် ထိုကြောက်လန့် တုန်လှုပ်ဖွယ် အတွေးက ဝင်ရောက် လာလေသည်။ သာမန် မြေကမ္ဘာ သားရဲစစ်သူကြီး တတိယအဆင့် တန်ခိုးရှင် အနေဖြင့် ပေါင်လေးသောင်းကျော် စွမ်းအား ပိုင်ဆိုင်ပါက အလွန်ကြောက်မက်ဖွယ် ကောင်းနေပြီဟု ဆိုနိုင်သည်။ ယခုမူ ရဲချန်ဖန်၏ ခန္ဓာကိုယ် စွမ်းအားသည် သာမန် မြေကမ္ဘာ သားရဲစစ်သူကြီး တတိယအဆင့်ထက် နှစ်ဆ ကျော် များနေလေသည်။

“တော်ပြီ။ ရဲချန်ဖန် လျှို့ဝှက်ချက်က ဘာလဲဆိုတာ ခန့်မှန်း မနေကြနဲ့။ ပြိုင်ပွဲကို ဆက်ကြည့်။ ဘယ်လောက်ပဲ ရဲချန်ဖန် အနာဂါတ်မှာ အစွမ်းထက်လာလာ သူက ငါတို့ ကောင်းကင် မီးဂိုဏ်းဝင်ပဲ”

ချင်တောင်ပိုင်က ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလိုက်လေသည်။ ရဲချန်ဖန်က လင်းတုံကို တစ်ကွက်တည်းဖြင့် အနိုင်ယူလိုက်ချိန်တွင် ရှန်းဂွန်းကလန်မှ ရှန်းဂွန်းယုတုံကလည်း သူ့ပြိုင်ဘက်ကို အနိုင်ယူကာ နောက်တစ်ဆင့်ကို တက်ရောက် လာလေသည်။ နောက်တစ်ကြိမ် ယှဉ်ပြိုင်ရန် မဲနှိုက်လိုက်ချိန်တွင် ရဲချန်ဖန် ကံကောင်းပြီး ရှန်းဂွန်းယုတုံနှင့် ရှန်းတုရဲတို့နှင့် ပတ်လည် တိုက်ခိုက် တွေ့ဆုံရတော့မည် ဖြစ်သည်။

မဲရလဒ်ကို ကြည့်ပြီး ရှန်းတုကောင်းနှင့် ရှန်းဂွန်းယုံတုံတို့ မျက်နှာ အလွန်ပျက်သွား ကြလေသည်။ သူတို့ကို ကျော်ဖြတ် အနိုင်ယူပြီး ရဲချန်ဖန် တစ်ယောက် လျှို့ဝှက် ဝိညာဉ်ဘုံထဲ ဝင်ခွင့်ရသွားမည်ကို မခံစားနိုင်ကြပေ။ တစ်နာရီကျော် အနားယူချိန်ပြီးနောက် နောက်အဆင့် ပြိုင်ပွဲများ စတင်လေသည်။

“ရှန်းဂွန်းယုတုံနဲ့ ရှန်းတုကောင်းတို့ ယှဉ်ပြိုင် ကြမယ်”

အကြီးအကဲက ခေါ်လိုက်သည်နှင့် ရှန်းဂွန်းယုတုံနဲ့ ရှန်းတုကောင်းတို့ စင်ပေါ် တက်လာ ကြလေည်။

“ကျွန်တော် အရှုံး ပေးပါတယ်”

ရှန်းဂွန်းယုတုံက အသက်ဝအောင် ရှူကာ ခက်ခဲသည့်ဟန်ဖြင့် ပြောလိုက်လေသည်။ သူသည် လူရှေ့ သူရှေ့တွင် အရှုံးပေးလိုက် ရသဖြင့် ရှက်ရွံ့ကာ မျက်နှာမှာ မည်းမှောင် နေလေသည်။

“ကျေးဇူးတင်ပါတယ် ယုတုံ။ ငါ မဟာကောင်းကင် မီးဂိုဏ်းဝင်ခွင့်ရရင် မင်းလည်း ဝင်ခွင့်ရအောင် ငါ သေချာပေါက် ကြိုးစားမယ်ဆိုတာ ကတိ ပေးပါတယ်”

ရှန်းတုကောင်းက မျက်နှာ မည်းမှောင်နေသော ရှန်းဂွန်းယုတုံကို ကြည့်ကာ ကတိ ပေးလိုက်သည်။

“ငါ မင်း ကတိကို မင်း စောင့်ထိန်းမယ်လို့ မျှော်လင့်ပါတယ်”

ရှန်းဂွန်းယုတုံက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

“ကောက်ကျစ်လိုက်တာ။ သူတို့က ကြိုတင် ပူးပေါင်း ကြံစည်တာပဲ”

လင်းခီဆုက မခံမရပ်နိုင် ဖြစ်ကာ အော်ဟစ် ပြောဆို လိုက်လေသည်။ ဒုတိယအကြိမ် တိုက်ခိုက်မှုမှာ ရဲချန်ဖန်က ရှန်းဂွန်းယုတုံနှင့် တွေ့ဆုံမည် ဖြစ်သည်။ ရဲချန်ဖန် ယှဉ်ပြိုင်ရန် စင်ပေါ် တက်လာချိန်တွင် ရှန်းတုကောင်းက သူ့ကို အေးစက်စွာ တစ်ချက် ကြည့်ပြီး စင်ပေါ်မှ ဆင်းရန် လုပ်လိုက်လေသည်။

“ရှန်းတုကောင်း၊ မင်း ဘယ်သွားမလို့လဲ”

ရဲချန်ဖန်က ရုတ်တရက် အော်ဟစ် ပြောဆိုလိုက် လေသည်။

“ဘာလဲ။ မင်းက သူတို့နှစ်ယောက်ကို တစ်ပြိုင်နက်တည်း စိန်ခေါ် တိုက်ခိုက်ချင်တာလား။ ငါ ပြောမယ်။ မင်းမှာ အခွင့်အရေး တစ်ခါပဲ ရှိမယ်။ မင်း သူတို့ကို ရှုံးတာနဲ့ မင်းက လျှို့ဝှက် ဝိညာဉ်ဘုံကို ဝင်ခွင့်ရှိတော့မှာ မဟုတ်ဘူး”

အကြီးအကဲလင်းဖန်က ရဲချန်ဖန် စိတ်အလိုလိုက်၍ မိုက်မိုက်မဲမဲ လုပ်မိမည်စိုးကာ ကြင်နာစွာ သတိပေးလိုက်သည်။

“ဟုတ်ကဲ့။ ကျွန်တော် စဉ်းစားပြီးပါပြီ။ ကျွန်တော် သူတို့ နှစ်ယောက်လုံးကို တစ်ပြိုင်နက် စိန်ခေါ်မှ ရမယ်”

ရဲချန်ဖန်က ပြန်ဖြေလိုက်သည်။

“အင်း၊ မင်း ဆုံးဖြတ်ထားပြီးပြီ ဆိုမှတော့ ဒီအဆင့်မှာ ရဲချန်ဖန်က ရှန်းတုကောင်းနဲ့ ရှန်းဂွန်းယုတုံတို့ နှစ်ယောက် တစ်ဖွဲနဲ့ တိုက်ခိုက်မယ်”

အကြီးအကဲလင်းဖန်က ကြေညာလိုက်သည်။

“ရဲချန်ဖန် မင်းသေတွင်း မင်းတူးတာပဲ”

ရှန်းတုကောင်း မျက်နှာတွင် ကောက်ကျစ် ယုတ်မာသော အပြုံးက ထွက်ပေါ်လာပြီး သူ့စိတ်ထဲတွင် ကြုံးဝါး လိုက်လေသည်။ ရဲချန်ဖန်၏ ကြောက်မက်ဖွယ် အစွမ်းကို မြင်ပြီး ရဲချန်ဖန်ကို အနိုင်ယူရန် ရှန်းတုကောင်းတွင် ယုံကြည်ချက် သိပ်မရှိပေ။ သို့သော် ရဲချန်ဖန်က သူနှင့် ရှန်းဂွန်းယုတုံတို့ကို တစ်ပြိုင်နက် တိုက်ခိုက်ရန် စိန်ခေါ် လာချိန်တွင် ရှန်းတုကောင်းတွင် အနိုင်ရရန် မျှော်လင့်ချက် ရှိလာလေသည်။

ရဲချန်ဖန်က ကောင်းကင် တန်ခိုးရှင် အဆင့်သုံးနှင့် လေးကို တစ်ပြိုင်နက် တိုက်ခိုက်မည်ဟု စိန်ခေါ်ခြင်းဖြစ်ရာ မြေကမ္ဘာ သားရဲစစ်သူကြီး တတိယအဆင့် သူတို့ နှစ်ယောက် ပူးပေါင်း တိုက်ခိုက် ပါက အနိုင်ရရန် အခွင့်အလမ်းများမည်ဟု ရှန်းတုကောင်းက တွေးလိုက်လေသည်။

“တကယ် စိတ်ဝင်စားဖို့ ကောင်းတဲ့ကောင်ပဲ”

တခြား တစ်ဖက်တွင် ရှိနေသော လျိုရွှယ်ရှင်းက ရဲချန်ဖန်ကို ကြည့်ပြီး တိုက်ခိုက်လိုစိတ်များ ပြည့်နှက် နေလေသည်။

“စတော့”

အကြီးအကဲ လင်းဖန်က စတင်ရန် အချက်ပြ လိုက်သည်နှင့် အလွန်ပြင်းထန်လှသော အော်ရာများက ထွက်ပေါ်လာရာ မိုးကောင်းကင် ထိအောင်ပင် ရောက်ရှိ သွားသလိုပင်။
အခန်း (၁၁၈) ပြီး၏။ (၁၁၉) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset