အခန်း (၁၁၀)
ကပ်ဆိုး
“ကျွန်တော်တို့ ရောက်တော့မယ်။ ရှေ့မှာမြင်နေရတာက တော်ဝင်မြို့တော်ပဲ။ ကောင်းကင်မီး ဂိုဏ်းက မြို့နဲ့ မနီးမဝေး ခရမ်းရောင် တောင်တန်းပေါ်မှာ ရှိတယ်”
ရေခဲနတ်သမီးလေးက ရဲချန်ဖန်ကို သယ်ဆောင်လျက် ကောင်းကင်ပေါ်တွင် ပျံသန်းနေသည်။ သူတို့ ပျံသန်းနေသည်မှာ တစ်ရက်နီးပါး ရှိနေပြီဖြစ်သည်။ ညနေခင်း အလင်းရောင် အောက်တွင် အပြောကျယ်လှသည့် ကောင်းကင်ကြီး အောက်တွင် တော်ဝင်မြို့တော်ကြီးကို လှမ်းမြင်နေရပြီ ဖြစ်သည်။
“ဟမ်… ဘာလို့ တော်ဝင်မြို့တော်မှာ ဒီလောက် ပြင်းထန်လှတဲ့ သွေးအော်ရာတွေ ဖုံးလွှမ်း နေရတာလဲ”
“မဟာကောင်းကင် မီးဂိုဏ်းက တန်ခိုးရှင် ရှိနေတာလား”
ရဲချန်ဖန် မျက်ခုံးက တွန့်သွားပြီး သူ့မျက်နှာက ဒေါသကြောင့် မည်းမှောင်သွားသည်။
“ချန်ဖန် အဲဒီ ကောင်းကင် သားရဲဘုရင် စတုတ္ထအဆင့် တန်ခိုးရှင်က မင်းရန်သူနဲ့ တူတယ်”
ရေခဲ နတ်သမီးလေးက ပြောလိုက်သည်။
“ဟုတ်တယ်။ အဲဒီလူက မဟာ ကောင်းကင်မီးဂိုဏ်း ယင်ယန်ခန်းမက တန်ခိုးရှင်တစ်ယောက် ဖြစ်လိမ့်မယ်။ ကျွန်တော်နဲ့ ဆရာမကြီးကိုမြင်ရင် သူ ဘာအမူအရာ ဖြစ်သွားမလဲ သိချင်မိတယ်”
ရဲချန်ဖန် မျက်လုံးမှ ရက်စက်မည့် အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။
“လာစမ်း။ ငါတို့ အဲဒီနေရာ အရင်သွားကြည့်ရအောင်။ မင်းမမျှော်လင့်တာတွေ အဲဒီမှာ တွေ့ချင်လည်း တွေ့ရမှာပေါ့”
ရေခဲနတ်သမီးလေးက အကြံပေးလိုက်သည်။
“ကောင်းသားပဲ”
ရဲချန်ဖန်က သဘောတူမိသည်။ သူတို့က အစတွင် ကောင်းကင်မီးဂိုဏ်းကို သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။ ယခု ဂျန်ကလန် ရဲတိုက်ဆီ ဦးတည်လိုက်သည်။
“အဘိုးတို့ ပြန်လာပြီ…”
ဂျန်ကလန် ရဲတိုက်ထဲတွင် အရက်သောက်ကာ စောင့်နေသည့် ဂျန်ရိဂျွန်က သူ့အဘိုး ပြန်လာသည်ကို မြင်လိုက်သောအခါ ဆီးကြိုလိုက်သည်။ သူသည် မျက်နှာလေးများ ဖြူရော်နေပြီး ပါးစပ်ပိတ် ခံထားကြရသည့် ဂျီချင်ရွှယ်နှင့် ပိုင်ရှီအာတို့ကို တွေ့လိုက်သောအခါ မျက်လုံး လင်းလက် သွားသည်။ တစ်ချိန်တည်းမှာပင် သူ့ဘေးတွင် လူတစ်ဦး ရပ်နေလေသည်။ သူက တခြားလူမဟုတ်ပေ။ ရဲချင်ဟွမ်း၏ ဒုတိယသား ရဲချန်ဖန်ကို ကလန်မှ မောင်းထုတ်ခဲ့သည့် ရဲထန်မင် ဖြစ်သည်။
“ဒီနေ့ကစပြီး တော်ဝင်မြို့တော်မှာ ရဲကလန် မရှိတော့ဘူး။ အေး… အဲဒါကို ဂျီကလန်က နားမလည်ဘူး ဆိုရင် သူတို့လည်း ဒီမြို့မှာ ဆက်ရှိစရာ အကြောင်းမရှိဘူး”
သူ၏ ပြိုင်ဘက်ဟောင်း မျက်နှာပေါ် ဖိနပ်ဖြင့် နင်းလိုက်ရသည့် မြင်ကွင်းကို ပြန်တွေးပြီး ဂျန်ကျုံရှင်းက အလွန်စိတ်ချမ်းသာ ပျော်ရွှင်နေသည်။
“ဂုဏ်ယူပါတယ် ကလန်အကြီးအကဲ။ ခုဆို ကလန်အကြီးအကဲက ဇီကျင်နိုင်ငံရဲ့ နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်လာပါပြီ”
ရဲထန်မင်က မြှောက်ပင့်သည့် စကားလုံးများနှင့် ဂုဏ်ပြုလိုက်သည်။ သူက သူတို့ ရဲကလန်ကို သတ်ဖြတ်ရန် လုပ်နေသည့်လူကို ဂုဏ်ပြုစကား ပြောဆိုနေလေသည်။ သူ့ကိုယ်သူ ရဲကလန်က လူမှန်း မေ့နေရော့သလား။
ဂျန်ရိဂျွန် မျက်လုံးများက ဆွဲဆောင်မှုရှိသော ဂျီချင်ရွှယ်နှင့်ပိုင်ရှီအာ ကိုယ်လုံးများပေါ် ရောက်သွားသည်။ သူတို့ကို ကြိုးများနှင့် ချည်နှောင်ထားသည်ကို တွေ့လိုက်သောအခါ သူ့မျက်လုံး ထဲတွင် ရမ္မက်မီးလျှံများ ထွက်လာသည်။
“ရိဂျွန် ငါ သူတို့နှစ်ယောက်ကို သခင်လေးယုံ အတွက် ပြင်ထားတာ။ မင်း သူတို့ကို ထိလို့ မရဘူး”
ဂျန်ရိဂျွန် အကြည့်ကိုမြင်ပြီး ဂျန်ကျုံရှင်းက အေးစက်စွာ သတိပေးလိုက်လေသည်။
“ကျွန်တော် မလုပ်ရဲပါဘူး”
ယုံရှန်ရှင်း၏ ရက်စက်သည့် စရိုက်ကို တွေးမိပြီး ဂျန်ရိဂျွန်ကိုယ်က အနည်းငယ် တုန်ခါသွားပြီး သူ့အကြည့်ကို လွှဲလိုက်လေသည်။
“သား သူတို့နှစ်ယောက်ကို သခင်လေးယုံဆီ သွားပို့လိုက်။ သူကြိုက်သလို လုပ်ပါစေ”
ဂျန်ကလန် အကြီးအကဲက အမိန့်ပေးလိုက်သည်။
“ဟုတ် အဖေ…”
ဂျန်ရှိယုက စစ်သားနှစ်ယောက်ကို စိတ်အား အလွန်ငယ်နေသည့် မိန်းမချောလေး နှစ်ယောက်ကို သယ်ရန် အမိန့်ပေး လိုက်ပြီးနောက် ရဲတိုက်ထဲရှိ တိတ်ဆိတ်သော ခြံဝင်းလေးဆီ ဦးတည်လိုက်လေသည်။
“သခင်လေးယုံ ကျွန်တော့်အဖေက သခင်လေးအတွက် ပြိုင်ဘက်ကင်း အလှပဂေး နှစ်ယောက် စီစဉ်ပေးထားပါတယ် ခင်ဗျာ။ သခင်လေး စိတ်ကြိုက် ပျော်ပါးလို့ ရပါတယ်ခင်ဗျာ”
ဂျန်ရှိယုက ခြံဝင်းအပြင်တွင် အလွန်ရိုကျိုးသော အမူအရာနှင့် ရပ်နေလေသည်။
“သူတို့နှစ်ယောက်ကို ငါ့အခန်းထဲ ထည့်ထားလိုက်”
အေးစက်မာကျောသော အသံက ထွက်ပေါ်လာလေသည်။
“ဟုတ်ကဲ့ သခင်လေး…”
ဂျန်ရှိယုက ရှီအာတို့နှစ်ယောက်ကို ခေါ်ဆောင်ကာ ခြံဝင်းထဲဝင်လိုက်ရာ ဂျီချင်ရွှယ်နှင့် ပိုင်ရှီအာတို့၏ မျက်နှာနုနုလေးသည် ကြောက်လန့်မှုကြောင့် သွေးပင် မရှိတော့ပေ။
“ဒီလို လူသားတိုင်းပြည်လေးမှာ ဒီလိုအလှလေးတွေ ရှိမယ် မထင်ထားမိဘူး”
အနီရောင်ဝတ်စုံ ဝတ်ထားပြီး ယုတ်မာ ကောက်ကျစ်ပုံပေါ်သော လူလတ်ပိုင်း အမျိုးသားက လရောင်အောက်တွင် ရပ်နေကြသည့် ချောမောလှသည့် ဂျီချင်ရွှယ်နှင့် ပိုင်ရှီအာတို့ကို တပ်မက်မှု အပြည့်နှင့် ကြည့်လိုက်လေသည်။
သခင်လေးယုံကား ကောင်းကင်မီး ဂိုဏ်းတွင် ရဲချန်ဖန်နှင့် ပြဿနာ ဖြစ်ပွားကာ ရဲချန်ဖန်ကို သတ်ရန် ကြိုးစားခဲ့သည့် ယုံရှန်ရှင်းပင် ဖြစ်သည်။
“အင်း… သူတို့ကိုထားပြီး မင်းတို့ ပြန်လို့ရပြီ”
လှပသော အရှိုက်အမို့ ကောက်ကြောင်းများ၊ နုဖပ်လှပသော မျက်နှာ လှလှလေးများ၊ ကျက်သရေနှင့် ပြည့်စုံသော နတ်မိမယ်လေးများကို ကြည့်ပြီး ယုံရှန်ရှင်းမှာ အချစ်တိုက်ပွဲ ဆင်နွှဲရန် မစောင့်နိုင်တော့ပေ။
“ဟုတ် သခင်လေးယုံ…”
ဂျန်ရှိယုက ပိုင်ရှီအာတို့ နှစ်ယောက်ကို အခန်းအတွင်းသို့ တွန်းပို့လိုက်ပြီး တံခါးကို အသာအယာ ပိတ်ကာ ပြန်ထွက်သွားသည်။
“အင်း… တကယ်မိုက်တယ်။ မဟာ ကောင်းကင်မီး ဂိုဏ်းမှာတောင် ဒီလိုအလှပဂေးတွေ ရှာဖို့ မဖြစ်နိုင်သလောက်ပဲ”
ယုံရှန်ရှင်းက မိန်းကလေး နှစ်ယောက်ကို ကြည့်လေ ပိုနှစ်သက်လာသည်။ ယုံရှန်ရှင်းဆီမှ ဝိညာဉ်စွမ်းအင် အမျှင်တန်းလေး နှစ်ခု ထွက်ပေါ်လာကာ ပိုင်ရှီအာတို့ ကိုယ်ပေါ်က တုပ်နှောင် လထားသော ကြိုးများကို ဖြတ်ပစ်လိုက်သည်။
သူတို့ကို တပ်မက်မောသည့် အကြည့်ရိုင်းနှင့် ကြည့်နေသော ယုံရှန်ရှင်းကြောင့် ဂျီချင်ရွှယ်မှာ ကြောက်လန့်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်လာနေသည်။ သူတို့အနာဂါတ် ဘာဆက်ဖြစ်မလဲ မတွေးရဲကြပေ။ ပူနွေးသော မျက်ရည်စီးကြောင်းများက ထိန်းမရအောင် သူတို့၏ လှပသော မျက်နှာနုနုလေးပေါ်တွင် အဆက်မပြတ် ကျဆင်းနေလေသည်။
“အချစ်လေးတို့ မငိုပါနဲ့ကွာ။ ငါ မင်းတို့ကို မကြာခင် ချစ်ပေးတော့မှာပါကွာ”
ပိုင်ရှီအာတို့ အလွန်စိတ်အားငယ် ငိုကြွေးနေသော လှပသော မျက်နှာလေးများကို ကြည့်ပြီး ယုံရှန်ရှင်း ရမ္မက်မီးများက ပိုမိုတောက်လောင် လာသည်။
“ကျွန်မတို့က ကောင်းကင်မီး ဂိုဏ်းခေါင်ဆောင်ကြီး ချင်တောင်ပိုင်ရဲ့ နောက်ဆုံးတပည့်တွေပဲ။ ကျွန်မတို့ကို ထိခိုက်အောင် လုပ်ရင် ဆရာက ရှင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး”
ဂျီချင်ရွှယ်က အားမပါသော လေသံဖြင့် မဖြစ်နိုင်သော်လည်း ချင်တောင်ပိုင် နာမည်ကိုသုံး၍ ထပ်မံ ခြိမ်းခြောက်လိုက်သည်။ သူမက ချင်တောင်ပိုင် မျက်နှာထောက်၍ သူမတို့ကို လွှတ်ပေးလို လွှတ်ပေးငြား မျှော်လင့်မိသည်။
“ချင်တောင်ပိုင် ဟုတ်လား။ သူက ဘာကောင်မို့လို့လဲ။ သူ့လို မြေကမ္ဘာ သားရဲစစ်သူကြီး ဆဋ္ဌမ အဆင့်လောက်နဲ့ ငါ့ကိစ္စ ဝင်စွက်ဖက်ရဲမယ် ထင်နေလား”
ယုံရှန်ရှင်းက အလွန် အထင်သေးသည့်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“လာစမ်းပါကွာ ကိုကို့ရဲ့ အချစ်တုံးလေး နှစ်ယောက်။ ပထမဆုံးအချစ်က ရွှေငွေ သိန်းသန်းမက တန်တယ်။ ဒီည ဒီကိုကိုက မင်းလေးတို့ ကျေနပ်အောင် ချစ်ပေးပါ့မယ် ဟုတ်ပြီလား”
ယုံရှန်ရှင်းက ပြောရင်း သူ့လက်ထဲမှ အစွမ်းထက်လှသော ဆွဲယူအား ထုတ်လိုက်ရာ ပိုင်ရှီအာတို့ နှစ်ယောက်က သူ့ဘေးရောက်လာလေသည်။
“ငါသေရင်တောင်မှ နင်သိမ်းပိုက်တာ မခံနိုင်ဘူး”
ရမ္မက်မီး လောင်ကျွမ်းနေသည့် ယုံရှန်ရှင်း မျက်နှာကိုကြည့်ပြီး ဂျီချင်ရွှယ် မျက်နှာလှလှတွင် စိတ်ပိုင်းဖြတ် ထားပုံပေါ်လာပြီး သူမလျှာကို ကိုက်ကာ သတ်သေရန် ကြိုးစားလိုက်သည်။ သူမ၏ သန့်စင်သော ခန္ဓာကိုယ်ကို သူမချစ်သော သူတစ်ယောက်ကိုသာ ပိုင်ဆိုင်စေလိုသည်။ သူမက အစွန်းအထင်း မခံနိုင်ပေ။
“သတ်သေမယ် ဟုတ်လား။ မင်းတို့က ငါ့ရှေ့မှာ အဲဒီလို အခွင့်အရေး ရှိမယ်ထင်လား”
အေးစက်သော အပြုံးက ယုံရှန်ရှင်း မျက်နှာတွင် ထွက်ပေါ်လာပြီး အစွမ်းထက်သော ဝိညာဉ်စွမ်းအင် ထွက်ပေါ်လာပြီး မိန်းကလေး နှစ်ယောက်၏ ကိုယ်ထဲဝင်သွားကာ သူမတို့ လှုပ်ရှားလို့ မရစေရန် ထိန်းချုပ်လိုက်သည်။
မိန်းမချောလေး နှစ်ယောက်က လှုပ်ရှား၍မရပဲ စိတ်ဓာတ် ကျနေပုံကိုမြင်လေ သူပို၍ စိတ်လှုပ်ရှား လာသည်။ ယုံရှန်ရှင်းက ပိုင်ရှီအာတို့ ကိုယ်လုံးလေးများကို ခုတင်ပေါ် ပစ်တင်လိုက်ပြီး သူမတို့ထံ တစ်လှမ်းချင်း တိုးကပ်လာနေသည်။