Switch Mode

Chapter – 87

မင်းကန်းနေလား

***
စာစဉ် (၆)
အခန်း (၈၇)
မင်းကန်းနေလား

“ရဲချန်ဖန် အပြင်ထွက်လာပြီ”

နှုတ်ခမ်းထောင့်တွင် သွေးများ ပေကျံနေပြီး မျက်နှာပင် သွေးရောင် မရှိတော့အောင် ဖြူဖျော့နေသော ရဲချန်ဖန် ထွက်လာသည်ကို မြင်လိုက်သည်နှင့် ခန်းမထဲရှိ ကောင်းကင်မီး ဂိုဏ်းသားများက ရဲချန်ဖန်က ဝိုင်းကြည့်နေကြပြီး ထိုအကြည့်များထဲတွင် လေးစားခြင်း၊ အားကျခြင်းများ ပါဝင်နေသည်။

ခွန်အားကြီးသူ၊ အစွမ်းရှိသူကသာ အားလုံး၏ နှလုံးသားကို စိုးမိုးသိမ်းပိုက်နိုင်စွမ်း ရှိကြသည် မဟုတ်ပါလော။

“အဆင့်ရှစ်”

ရဲချန်ဖန်က ကြေးမုံပေါ်ရှိ သူ၏ ကောင်းကင်တန်ခိုးရှင် စာရင်းကို ကြည့်လိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအင် ဖြည့်တင်းရန် ဝိညာဉ်စုပ်သိုင်းကို လှည့်ပတ် လေ့ကျင့်လိုက်သည်။

တစ်နာရီခန့် ကြာပြီးနောက် ကျယ်လောင်သော အသက်ရှူသံ တစ်ခုနှင့်အတူ ရှန်းတုဟန်တစ်ယောက် လဲပြိုကျတော့မည့် ဟန်ဖြင့် ခန်းမထဲကို ဝင်လာလေသည်။ သူက ရဲချန်ဖန်တိုက်ပွဲက သူ့ထက် အရင်ပြီးဆုံးသွားသည်ကို မြင်လိုက်သည်နှင့် သူ့နှုတ်ခမ်းများက ကွေးသွားပြီး နှာခေါင်းရှုံ့ လိုက်လေသည်။

“ရဲချန်ဖန် ကောင်းကင်ဝိညာဉ် မှော်အစီအရင်က အဲလောက် မလွယ်ဘူးကွ။ မင်းရဲ့အဆုံးသတ်က ဒီမှာပဲ”

ကိုယ့်ကိုယ်ကိုယ် အလွန် ကျေနပ်အားရနေသော ရှန်းတုဟန်က ဘေးဘီမကြည့်ဘဲ ကျယ်လောင်စွာ ပြောလိုက်လေသည်။ ရှန်းတုဟန်သည် သူ့အဆင့်မှာ ရဲချန်ဖန်လောက် မကောင်းသည်ကို မသိဘဲ ပြောနေရာ အများအမြင်တွင် အရူးတစ်ယောက်လို ဖြစ်နေသည်။

ရှန်းတုဟန် စကားဆုံးသည်နှင့် ခန်းမထဲရှိ လူအားလုံး မျက်နှာတွင် ထူးဆန်းသော အပြုံးများ ပေါ်လာပြီး ရယ်မော လိုက်ကြလေသည်။

“ရှန်းတုဟန် မင်းမရှက်ဘူးလား”

အားအနည်းငယ် ပြန်ပြည့်လာသော ရဲချန်ဖန်၏ မျက်လုံးများက ပွင့်လာပြီး သူ့ကို လှောင်ပြောင်နေသော ရှန်းတုဟန်ကို ခပ်မာမာ ပြောလိုက်လေသည်။

“အမ် …”

သူ့ကို ထူးဆန်းသည့် အကြည့်ဖြင့် အားလုံးက ဝိုင်းကြည့်နေကြပြီး ရဲချန်ဖန်၏ အေးစက်သော အသံကို ကြားသောအခါ ရှန်းတုဟန်မှာ ကိုယ့်ကိုယ်ကိုယ် သံသယအနည်းငယ် ဝင်လာလေသည်။ ရှန်းတုဟန်သည် ခန္ဓာကိုယ်ကို ငဲ့စောင်းပြီး ကြည့်လိုက်ရာ သူ့အကြည့် ကြေးမုံပေါ် ရောက်သည်နှင့် သူ့တစ်ကိုယ်လုံး မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရလေသည်။

တုန်လှုပ်မှု၊ မယုံနိုင်စရာ ကောင်းသော ခံစားမှုများက ရှန်းတုဟန်၏ ဖြူဖပ်ဖြူရော် မျက်နှာပေါ် တွင် ပေါ်ပေါက်လာလေသည်။

“ဒါ ဒါမဖြစ်နိုင်ဘူး။ မင်းရဲ့အစွမ်းနဲ့ ဘယ်လိုကောင်းကင် တန်ခိုးရှင်စာရင်း အဆင့်ရှစ်နေရာ ရောက်နေရတာလဲ မင်းလိမ်နေတာ ဖြစ်ရမယ်”

အသိစိတ် ပြန်ဝင်လာသော ရှန်းတုဟန်က ကျယ်လောင်စွာ အော်ဟစ်မေးခွန်း ထုတ်လိုက်လေ သည်။

“ရှန်းတုဟန် မင်းက တကယ်ကို အရှုံးကို လက်မခံနိုင်ဘူးပဲ”

ရဲချန်ဖန်က ခေါင်းသာ ယမ်းလိုက်မိသည်။

“အကြီးအကဲတန်၊ အကြီးအကဲလျှူ ဒီရဲချန်ဖန်က သေချာပေါက် လိမ်ထားတာ။ အကြီးအကဲနှစ်ယောက်က အသေအချာ စုံစမ်းစစ်ဆေးပေးပြီး ကျွန်တော်တို့ကို ဖြေရှင်းချက်ပေးဖို့ တောင်းဆိုပါတယ်”

ရှန်းတုဟန်က စိတ်မရှည်ပုံနှင့် မေးမြန်းလိုက်လေသည်။

“လိမ်တယ် ဟုတ်လား။ မဟာကောင်းကင်မီးဂိုဏ်းရဲ့ ကောင်းကင်သားရဲ ဘုရင်အဆင့် ဘိုးဘေးကြီးက ဒီကောင်းကင်ဝိညာဉ် မှော်အစီအရင်ကို အစီအရင်အသေးပေါင်း ထောင်သောင်းချီ ရေးဆွဲပေါင်းစပ်ပြီး ငါတို့အတွက် သေချာဂရုစိုက် ရေးဆွဲပေးထားတဲ့ မှော်အစီအရင်ပဲ။ ဒါကို မင်းက သံသယ ရှိနေတယ်ဆိုတော့ မဟာကောင်းကင်မီးဂိုဏ်းရဲ့ ကောင်းကင်သားရဲ ဘုရင်အဆင့် ဘိုးဘေးကြီးရဲ့ အစွမ်းကို သံသယရှိနေတာ ဖြစ်မယ်”

အကြီးအကဲတန် မျက်နှာမှာ အလွန်မာကျော နေလေသည်။

“ကျွန်တော် …”

အကြီးအကဲတန်၏ သူ့ကို မနှစ်မြို့သော မေးခွန်းကိုကြားပြီး ရှန်းတုဟန် တုံ့ပြန်ရန် စကားရှာမရ ဖြစ်နေလေသည်။

“ရှန်းတုဟန် တကယ်တော့ မင်းဒီလောက် စိတ်လှုပ်ရှားစရာ မလိုဘူး။ မင်းမေ့သွားပြီလား ကောင်းကင်တန်ခိုးရှင် အဆင့်ကို ပြိုင်ပြီးရင် ငါတို့ တိုက်ခိုက်ရေးကွင်းပြင်မှာ ယှဉ်ပြိုင်ကြဖို့။ အဲဒီအခါမှ ငါညာလား မင်းသိမှာပေါ့”

“ဟုတ်တယ်။ ငါ့ဝိညာဉ်စွမ်းအင် ပြန်ပြည့်လာရင် တိုက်ခိုက်ရေး ကွင်းပြင်ကို သွားကြမယ်”

ရှန်းတုဟန်က မရွှင်ပျသောအသံဖြင့် ပြောလိုက်လေသည်။

အဲဒီအချိန်တွင် ရဲချန်ဖန်လို သားရဲသခင် ပဉ္စမအဆင့်က သူ့ထက် ပိုအစွမ်းထက်နေမည်ကို မယုံကြည်ပေ။ ပို၍အရေးပါသော အချက်မှာ သူ့တွင် အနိုင်ရရန် လျှို့ဝှက်ချက် တစ်ခုရှိနေသည်။

အချိန်မှာ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ရှန်းတုဟန်သည် ဝိညာဉ်စွမ်းအင်များ ပြန်ဖြည့်ရန် လေ့ကျင့်နေခိုက် ကောင်းကင်ဝိညာဉ် မှော်အစီအရင်ထဲ ဝင်ရောက်သွားသော လင်းခီဆုလည်း ပြန်ထွက် လာလေသည်။

“အဆင့်ရှစ်လား …”

လင်းခီဆုသည် ရဲချန်ဖန်အဆင့်ကို မြင်လိုက်သောအခါ တုန်လှုပ်သွားပြီး သူမပါးစပ်လေးကို လက်ဖြင့် အုပ်ထားမိလိုက်သည်။

ကောင်းကင်ဝိညာဉ် မှော်အစီအရင် မဝင်မီကပင် ရဲချန်ဖန်ကို သူမ ပိုတွက်ထားမိသော်လည်း တကယ်တမ်းတွင် သူမက ရဲချန်ဖန်ကို လျှော့တွက်မိနေတုန်းပဲဟု နားလည်လိုက်သည်။

“သွားရအောင်။ တိုက်ခိုက်ရေး ကွင်းပြင်ကို သွားမယ်”

ရှန်းတုဟန်က ဖြည်းညင်းစွာ ထရပ်ပြီး လင်းခီဆုနှင့် စကားပြောနေသော ရဲချန်ဖန်ကိုကြည့်ပြီး အေးစက်စွာ ပြောလိုက်လေသည်။ သူက ရဲချန်ဖန်ကို သင်ခန်းစာပေးရန် မစောင့်နိုင်ဖြစ်နေသည်။

“သွားမယ်”

ရဲချန်ဖန်က ပြုံးပြီး တိုက်ခိုက်ရေး ကွင်းပြင်ဆီ လိုက်သွားလိုက်သည်။ ရှန်းတုဟန်နှင့် ရဲချန်ဖန်တို့နောက်ကို ကောင်းကင်မီးဂိုဏ်းသား ရာပေါင်းများစွာ လိုက်ပါလာကြလေသည်။ သူတို့သည် ရဲချန်ဖန်တွင် ရှန်းတုဟန်ကို တကယ် အနိုင်ယူနိုင်သည့် အစွမ်းရှိမရှိကို သိချင်နေကြလေသည်။

“တိုက်ခိုက်ရေး ကွင်းပြင်ရဲ့ စည်းမျဉ်းအရ လူသတ်ခွင့်မရှိဘူး။ စည်းကမ်း ချိုးဖောက်ရင် ကြီးလေးသော ပြစ်ဒဏ်ကို ပေးခံရမယ်”

အကြီးအကဲတန်က သူတို့နှစ်ယောက် စိတ်မထိန်းနိုင်ပဲ သတ်ဖြတ်မိမှာစိုး၍ ပွဲမစခင် သတိပေး လိုက်လေသည်။

“စိတ်မပူပါနဲ့ အကြီးအကဲတန်။ ကျွန်တော် သူ့ကိုမသတ်ပါဘူး”

ရှန်းတုဟန်က တည်ငြိမ်စွာနှင့် သူ့ကိုကြည့်နေသည့် ရဲချန်ဖန်ကို မျက်လုံးမှိတ်ပြကာ တီးတိုးပြော လိုက်လေသည်။

ထို့နောက် ရှန်းတုဟန်က သူ၏ သိုလှောင်အိတ်ထဲမှ အလွန်ပြင်းထန်လှသော အော်ရာများ ထွက်နေသည့် အလယ်အလတ်အဆင့်ရှိ ဝိညာဉ်လက်နက်ကို ထုတ်ယူလိုက်သည်။ သူ၏ ဝိညာဉ်လက်နက် ဓားသွားမှ အပြာရောင် အလင်းတန်းများ ထွက်ပေါ်နေသည်။ လရိပ်က ရေထဲတွင် ပေါ်သကဲ့သို့ ဓားတွင်ပေါ်နေသဖြင့် ရေပြာဓားဟု အမည်တွင်ခြင်း ဖြစ်သည်။

ရေပြာဓားကို လက်မှာ ကိုင်ဆောင်ထားလိုက်ချိန်တွင် ရှန်းတုဟန်၏ ကိုယ်ပိုင်ထက်မြက်မှုက ဖြစ်ပေါ်နေပြီး အပြာရောင်ဖျော့ဖျော့ အလင်းတန်း နှင့်အတူ ရှန်းတုဟန်၏ ဝိညာဉ်သားရဲ ပုတ်သင်ကြီးက ပေါ်ထွက်လာသည်။

“အကြီးအကဲတန် ကျွန်တော်တို့ စတိုက်ခိုက်လို့ရပြီလား”

ရှန်းတုဟန်ဆီမှ အလွန်ပြင်းထန်လှသော အရှိန်အဝါများ ထွက်ပေါ်နေသော်လည်း ရဲချန်ဖန်မှာ မယိမ်းယိုင်ပဲ ကျောက်တောင်ကြီးအလား မားမားရပ်နေကာ မေးမြန်းလိုက်လေသည်။

“ရဲချန်ဖန် မင်းက ဝိညာဉ်လက်နက် မလိုဘူးလား”

ရဲချန်ဖန်က ဘာလက်နက်မှ မကိုင်ထားသဖြင့် ထူးဆန်းသလိုဖြစ်နေ၍ အကြီးအကဲတန်က မေးလိုက်လေသည်။

“ရှန်းတုဟန်လိုလူမျိုးနဲ့ ယှဉ်ပြိုင်ဖို့ လက်နက်မလိုဘူး”

ရဲချန်ဖန်က ရှန်းတုဟန်ကို နှိပ်ကွပ်လိုက်သည်။ ရှန်းတုဟန်၏ မျက်နှာမှာ မည်းမှောင်သွားပြီး နဖူးမှ သွေးကြောများ ပေါက်ထွက်မတတ် ဖောင်းကားအောင် ဒေါသထွက်လာလေသည်။

“ရဲချန်ဖန် ခဏနေလည်း မင်းအဲလို မောက်မာပြနိုင်မလား ကြည့်ရတာပေါ့”

ရှန်းတုဟန်မျက်နှာက ပုပ်သိုးနေပြီး သူဘာမှလုပ်လို့မရချေ။

“စလို့ရပြီ …”

အကြီးအကဲတန်က အချက်ပြလိုက်သည်နှင့် ရဲချန်ဖန်ရော ရှန်းတုဟန်ပါ လှုပ်ရှားလိုက်ကြ လေသည်။

အလွန်ပြင်းထန်သော အော်ရာများ ထွက်နေသည့် ရေပြာဓားမှာ ကြောက်မက်ဖွယ် ဖျက်ဆီးနိုင်စွမ်းရှိပြီး ရဲချန်ဖန်ဆီ တိုးဝင်လာလေသည်။

“ယား …”

ရဲချန်ဖန် ခြေထောက်များက အလင်းလို လှုပ်ရှားနေပြီး ရေပြာဓားသွားကို ပွတ်သီးပွတ်သပ် ရှောင်တိမ်း လိုက်လေသည်။

“ယား …”

ပေါင်ခြောက်သောင်းကျော်သော စွမ်းအားဖြင့် ရေပြာဓားဆီ လက်သီးဖြင့် ထိုးလိုက်ရာ ဓားသွားမှာ အလွန်ပြင်းထန်စွာ တုန်ခါနေပြီး ရှန်းတုဟန် လက်မောင်းများပင် ထုံကျင်သွားလေသည်။

“ဘာလို့ သူ့စွမ်းအားက အဲလောက် ကြီးနေရတာလဲ”

ရှန်းတုဟန်က လက်မောင်းများ ထုံကျင်သွားပြီး မျက်နှာပျက် သွားလေသည်။ သူမသိသည်မှာ ရဲချန်ဖန်၏ သားရဲသခင် ပဉ္စမအဆင့် ခန္ဓာကိုယ်စွမ်းအားက သူ့ခန္ဓာကိုယ် စွမ်းအားထက် ဆယ်ဆနီးပါး ပိုများနေသည်ကိုပင်။

“သွေးမြွေဖမ်းလက် …”

ရှန်းတုဟန်မှာ အံ့အားသင့်နေစဉ် ရဲချန်ဖန်လက်များက ပြောင်းလဲနေပြီး အနီရောင် လက်ညှိုးရိပ်များက ရှန်းတုဟန်၏ ရင်ဘတ်ဆီ တိုးဝင်သွားလေသည်။

“ကျိုးပဲ့စမ်း …”

ရှန်းတုဟန်သည် အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် နောက်သို့ ဆုတ်လိုက်ပြီး ရေပြာဓားဖြင့် လက်ညှိုးရိပ်များကို ခုတ်ဖြတ်လိုက်သည်။ သွေးမြွေဖမ်း လက်အရိပ်များ ပျောက်ကွယ် သွားချိန်တွင် ရဲချန်ဖန်သည် ရှေ့သို့ တစ်လှမ်းတက်ကာ သူ၏ အံ့ဖွယ်အစွမ်းများကို အသုံးပြုကာ ရှန်းတုဟန် ရင်ဘတ်ကို ထိုးချလိုက်လေသည်။

“အခြေအနေမကောင်းဘူး”

ရဲချန်ဖန်၏ လက်သီးမှ အန္တရာယ် အငွေ့အသက်များရနေ၍ ရှန်းတုဟန်က ချက်ချင်းပင် သူ့ရင်ဘတ်ပေါ်သို့ ကာကွယ်လိုက်လေသည်။

“ယား …”

ရဲချန်ဖန်၏ ကြောက်မက်ဖွယ် ခန္ဓာကိုယ် စွမ်းအားကြောင့် ရေပြာဓားသည် နောက်သို့ ပြန်ကန်ပြီး ရှန်းတုဟန်ရင်ဘတ်ကို ထိမှန်သွားရာ ရင်ဘတ်ပေါ်တွင် ဓားရာကြီးတစ်ခု ရရှိသွားလေသည်။ ထို့နောက် သွေးများ ပါးစပ်မှစီးထွက်လာနေပြီး မြေပေါ်သို့ အန်ထုတ်လိုက်ရာ မြေပေါ်တွင် သွေးများ စွန်းထင်းသွားလေသည်

Comment

Leave a Reply

Options

not work with dark mode
Reset