Switch Mode

Chapter – 84

ရှင့်ရန်သူကို သနားလိုက်တာ

*****
အခန်း (၈၄)
ရှင့်ရန်သူကို သနားလိုက်တာ …

“ကောင်းကင်သရဲ ကျောင်းတော်၏ လျှို့ဝှက်ရတနာမြေပုံက မြောက်ပင်လယ်ရဲ့ လူမသိသူမသိ ကျွန်းလေးတစ်ခုပေါ်မှာ ဝှက်ထားမယ်လို့ မထင်ထားမိဘူး။ ဘာရတနာမို့ အဲဒီလောက် လျှို့ဝှက်ထားတာလဲ”

ရဲချန်ဖန်သည် နတ်ဦးနှောက် အစွမ်းဖြင့် ကောင်းကင်သရဲ ကျောင်းတော်၏ လျှို့ဝှက်ရတနာ မြေပုံကို မှတ်ထားလိုက်ပြီးနောက် ရတနာမြေပုံ ဦးခေါင်းခွံကို ဖျက်ဆီးလိုက်လေသည်။

သူ သတိထားသည့် အနေဖြင့် လူသတ်သရဲကောင်းကင် ဘုရင်ပစ္စည်းများကို ကိုင်မထားရဲတော့ပေ။ ဝိညာဉ်ကျောက်တုံးများ၊ ဆေးများနှင့် အခြား အဖိုးတန်ပစ္စည်းများမှလွဲ၍ ကျန်ပစ္စည်းများပါသည့် သိုလှောင်အိတ်ကို သူ့အိမ်ထဲတွင် အနက်ဆယ်မီတာကျော် နက်သော ကျွင်းတစ်ကျွင်းတူးကာ မြှုပ်နှံလိုက် လေသည်။

ညအချိန် ရောက်ရှိလာပြီး အရာရာတိုင်းက တိတ်ဆိတ် ငြိမ်သက်နေလေသည်။ လူသတ်သရဲ ကောင်းကင်ဘုရင်၏ အစွမ်းကိုမြင်ပြီးနောက် ရဲချန်ဖန်သည် သူ့အနာဂါတ်ကို မျှော်တွေးမိလိုက်သည်။ သူ့အစွမ်းကို အမြန်ဆုံးမြင့်လာရန် လိုအပ်နေသည်။ ထိုမှသာ သူ့ဆီ ရောက်လာနိုင်သည့် အန္တရာယ်များကို ယုံကြည်မှု အပြည့်ဖြင့် ဖြေရှင်းနိုင်ပေလိမ့်မည်။

သူခဏနားပြီးနောက် ခြံဝင်းထဲရှိ ရှေးဟောင်း သစ်ပင်အိုကြီး အောက်တွင် ထိုင်ကာ စတင် ကျင့်ကြံတော့သည်။ သူက ဒီတစ်ကြိမ်တွင် ဓားအင်အားကို လေ့ကျင့်ရန် စဉ်းစားထားသည်။

သေမင်းသင်္ချိုင်းမှ အတွေ့အကြုံများကြောင့် ရဲချန်ဖန်မှာ ဓားတစ်ဝက် အင်အားကို ပိုမို သဘောပေါက် လာသည်။ သူ့စိတ်ထဲတွင် ဓားအင်အားနဲ့ ပတ်သက်ပြီး စဉ်းစားစရာ အများအပြား ရှိနေသည်။

သူသာ ရရှိလာသော ဉာဏ်အလင်းများကို ဓားတစ်ဝက်အင်အားနဲ့ ပေါင်းစပ်နိုင်ပါက အစစ်အမှန် ဓားအင်အားထိ တက်ရောက်နိုင်ပြီး တိုက်ခိုက်စွမ်းများ တက်လာမည်ဟု ယုံကြည်လျက်ရှိသည်။

ရဲချန်ဖန်သည် ကျောက်ရုပ် တစ်ခုကဲ့သို့ ထိုင်လျက် လေ့ကျင့်နေသည်။ သူ့ဆီမှ မည်သည့်ဝိညာဉ် စွမ်းအင်မှ ဖြာထွက်နေခြင်း မရှိပေ။

ရက်မည်မျှ ကြာသွားသည် မသိဘဲ သစ်ပင်အိုကြီး အောက်တွင် ထိုင်နေသော ရဲချန်ဖန် ခန္ဓာကိုယ်သည် ရုတ်တရက် လှုပ်ရှားသွားပြီး သူ့ကိုယ်ထဲမှ ဓားသံ ထွက်ပေါ်လာလေသည်။ တစ်ချိန်တည်းမှာပင် ရဲချန်ဖန်ကိုယ်မှ ငွေရောင်ကဲ့သို့သော ဓားအလင်းရောင်သည် ကောင်းကင်ပေါ်သို့ ထိုးဖောက် တက်သွား လေသည်။

ခြံဝင်း၏ ဖုံးကွယ် မှော်အစီအရင်သည် ပြင်းထန်လှသော ဓားအင်အားနဲ့ ထိမိသွားပြီး မှော်အစီအရင်က တုန်ခါလာလေသည်။

“ဓားအင်အားပဲ။ နောက်ဆုံးတော့ ငါစစ်မှန်တဲ့ ဓားအင်အားကို နားလည်နိုင်ခဲ့ပြီ”

ရဲချန်ဖန် မျက်လုံးမှ ရုတ်တရက် အရောင်များ ထွက်လာပြီး သူ့မျက်လုံးတစ်စုံမှာ ဓားကဲ့သို့ စူးရှထက်မြက်နေသည်။ ရဲချန်ဖန်က ဓားအင်အားကို နားလည် သဘောပေါက် သွားသော်လည်း ဓားအင်အားသည် အလွန် လျှို့ဝှက်ဆန်းကြယ်သည်။

ဓားအင်အားကို အယူအဆကိုးမျိုးဖြင့် ပိုင်းခြားသတ်မှတ် ထားသည်။ သူနောက်တစ်ဆင့်ကို အောင်မြင် နားလည်သွားတိုင်း သူ့အစွမ်းများမှာ သုံးဆခန့် တိုးလာမည် ဖြစ်သည်။ သူလက်ရှိ ဉာဏ်အလင်း ပွင့်မှုကြောင့်သာ ဓားအင်အား ပထမအဆင့်ကို နားလည်နိုင်စွမ်း ရှိခြင်းဖြစ်သည်။

သို့သော် ဓားအင်အားက သူ့အစွမ်းကို နှစ်ဆကျော်လောက် အလွန် တိုးတက်လာစေသည်။ ထိုအစွမ်းနှင့် ဆိုပါက မြေကမ္ဘာသားရဲ စစ်သူကြီး ပထမအဆင့်ကို သတ်ရန် လုံလောက်နေပြီဖြစ်သည်။

ရဲချန်ဖန်သည် သူ့အစွမ်းများ တိုးလာနေသော်လည်း အန္တရာယ်က သူ့ဆီလာနေပြီဟု ခံစားနေရသည်။ သူဗိုက်ဆာနေပြီ ဖြစ်သောကြောင့် ကျင့်ကြံခြင်းကို ရပ်နားကာ ခြံဝင်းထဲမှ ထွက်ကာ ဝိညာဉ်စား သောက်ခန်းမဆီ အစားစားရန် ထွက်လာခဲ့သည်။

ဝိညာဉ် စားသောက်ခန်းမဆီမှ အကောင်းဆုံးအစား အစာများကို စားသောက်ပြီးနောက် ကောင်းကင်ဝိညာဉ် မှော်အစီအရင်ဆီ ဦးတည်လိုက်သည်။ သူ့အတွက် ဝိညာဉ်ဓားသိုင်း မလိုအပ်ပေ။ သူ၏ ဓားအင်အားသည် ဝိညာဉ်အဆင့် ဝိညာဉ်ဓားသိုင်းထက် များစွာပို၍ အစွမ်းထက်သည်။

ရဲချန်ဖန် အနည်းငယ် စဉ်းစားပြီးနောက် ကောင်းကင်ဝိညာဉ် မှော်အစီအရင်ဆီ ထွက်လာခဲ့သည်။ သူဒုတိယအကြိမ် ဝင်ရောက် လေ့ကျင့်ပြီးနောက် ကောင်းကင်တန်ခိုးရှင် စာရင်းတွင် ထိပ်ဆုံးဆယ်ယောက်၌ ပါဝင်နိုင်ရန် ရည်ရွယ်ထားသည်။ ရဲချန်ဖန် ကောင်းကင်ဝိညာဉ် မှော်အစီအရင်ဆီ အပြင်ဘက် ခန်းမထဲသို့ ဝင်လာစဉ် မမျှော်လင့်ဘဲ ရှန်းတုဟန်နှင့် မာနတခွဲသားဟန်ဖြင့် ရပ်နေသော ရှန်းတုပင်တို့ကို တွေ့လိုက်ရလေသည်။

“သားရဲသခင် ပဉ္စမအဆင့်။ ရဲချန်ဖန် မင်းငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးပဲ။ ငါမင်းကို ပြောထားတာ ခုထိ အကျုံးဝင်တုန်းပဲ။ ငါတို့ ရှန်းတုကလန်က မင်းအတွက် တံခါးဖွင့်ထားတယ်”

ရှန်းတုဟန်က ရဲချန်ဖန်ဝင်လာသည်ကို ကြည့်ပြီး ဟိတ်ဟန်အပြည့်နှင့် ပြောလိုက်လေသည်။

“ငါမင်းညီမကို အထင်မကြီးဘူး။ ဒါကြောင့် သူ့ကိုလက်ထပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မင်းတို့ ရှန်းတုကလန်ထဲ ဝင်ဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်ဘူး”

ရဲချန်ဖန်က ခပ်ရင့်ရင့်ပင် ပြောလိုက်သည်။

သားရဲသခင် ပဉ္စမအဆင့်ကို ရောက်ရှိပြီး ဓားအင်အား ပထမအဆင့် အောင်မြင်သွားပြီ ဖြစ်သောကြောင့် ရှန်းတုဟန်ကို သူမကြောက်ပေ။ ရှန်းတုဟန်သာ ရန်စလာပါက ရှန်းတုဟန် တစ်သက် မေ့မရနိုင်အောင် သင်ခန်းစာ ပေးလိုက်မည်ဖြစ်သည်။

“မင်း …”

ရှန်းတုကလန်၏ သခင်မလေးဖြစ်သော သူမကို လူရှေ့တွင် စော်ကားနေရာ သူမကသာ ရဲချန်ဖန် အစွမ်းကို ဂရုမစိုက်လျှင် သူမ စတင် တိုက်ခိုက်နေလောက်ပြီ ဖြစ်သည်။

“ရဲချန်ဖန် ငါတို့ ရှန်းတုကလန်က မင်းကို မဖျက်ဆီးပစ်ချင်ဘူး။ မင်းက ဘာလို့ အဲလောက် ခေါင်းမာနေတာလဲ”

ရှန်းတုဟန်မျက်နှာက မရွှင်မပျ ဖြစ်သွားလေသည်။

“ငါ့ညီမကို လက်ထပ်ပြီး မင်းအရည်အချင်းကို ငါ့ညီမနဲ့ ပေါင်းလိုက်ရင် ဒီကောင်းကင်မီးဂိုဏ်းမှာ မင်းတို့ကို ယှဉ်နိုင်တဲ့လူ သိပ်ရှိတော့မှာ မဟုတ်ဘူး”

“တတိယအစ်ကို ရူးနေပြီလား။ ဘာလို့ ငါက အဲလိုကောင်စားနဲ့ လက်ထပ်ရမှာလဲ။ ငါသေတောင် သူနဲ့လက်မထပ်ဘူး”

သူမ၏မာနကို လာထိပါးထားရာ သူမက ရဲချန်ဖန်ကိုကြည့်လေ ပိုအမြင်ကတ်လေ ဖြစ်နေသည်။ ထို့ကြောင့် သူမက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

“ရှင် …”

ရှန်းတုပင်သည် ပေါက်ကွဲ ထွက်တော့မလို ခံစားနေရပြီး ရှန်းတုဟန် လက်မောင်းကို ဆွဲခါကာ ပြောလိုက်သည်။

“အစ်ကိုသုံး အဲကောင်ကို သင်ခန်းစာပေးမှ ရမယ်။ အဲဒါမှ ငါတို့ရှန်းတုကလန် ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ သိမှာ”

“ရဲချန်ဖန် မင်းကို ငါသိပ်စိတ်ပျက်သွားပြီ”

ရှန်းတုဟန် မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အစွမ်းထက်သော အော်ရာ ထွက်ပေါ်လာပြီး ရဲချန်ဖန်ကို ဖိနှိပ်လိုက်သည်။

“မင်း အဲဒါအတွက် ပေးဆပ်ရတော့မယ်”

“ချန်ဖန် ငါကူညီဖို့လိုလား”

ရှန်းတုဟန်၏ အော်ရာက ရဲချန်ဖန်ကို ဖိနှိပ်ထားစဉ် သူကြားဖူးသော အသံလေးကို ရဲချန်ဖန် ကြားလိုက်ရသည်။ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံနှင့် အလွန်လှပသော ကောက်ကြောင်းပိုင်ရှင် မိန်းမချောလေး လင်းခီဆု။ သူမ၏ လှပပိန်သွယ်သော ပေါင်တံများကြောင့် မြင်သူအားလုံး၏ အာရုံကို ဖမ်းစားနေသည်။ သူမက သူတို့ထံ တစ်လှမ်းချင်း လျှောက်လာနေသည်။

“ရပါတယ်။ အသေးအမွှားကိစ္စတွေ”

ရဲချန်ဖန်က ရှန်းတုဟန်၏အော်ရာကို ဂရုမစိုက်ဘဲ လင်းခီဆုထံ ပြောလိုက်သည်။

“လင်းခီဆု ဒီကိစ္စက ငါနဲ့ ရဲချန်ဖန်ကြားက ပြဿနာပဲ။ ငါတို့ ရှန်းတုကလန်ကို မျက်နှာထောက်ပြီး တခြားလူကိစ္စ ဝင်မရှုပ်ပါနဲ့”

ရှန်းတုဟန်မျက်နှာက မှောင်မည်းနေလေသည်။

“ငါက နင်တို့ကလန်ကို မျက်နှာမပေးချင်ဘူး ဆိုရင်ရော”

လင်းခီဆုက အထင်အမြင်သေးစွာ ပြောလိုက်ရာ ရှန်းတုဟန် မျက်နှာမှာ ပြာနှမ်းသွားလေသည်။

“ရဲချန်ဖန် မင်းက မိန်းမနောက်မှာ ပုန်းတတ်တဲ့ ကောင်စားမျိုးလား”

ရှန်းတုဟန်က အလွန် ဒေါသထွက် နေသော်လည်း လင်းခီဆုကို ပြဿနာ မရှာရဲပေ။ သူက ရဲချန်ဖန်ကိုသာ ကြည့်ပြီး စိန်ခေါ်လိုက်သည်။

“မင်းဘာဖြစ်ချင်မှန်း ငါတကယ်ကို မသိတော့ဘူး။ ဝိညာဉ်တိုက်ခိုက်ရေး ကွင်းပြင်မှာ ချတာထက် ကောင်းကင်ဝိညာဉ် မှော်အစီအရင်ရဲ့ စွမ်းဆောင်ရည် ဘယ်သူ ပိုကောင်းလဲပြိုင်ရင် ပိုမကောင်းဘူးလား”

ရဲချန်ဖန်က ခပ်မြန်မြန်မေးလိုက်သည်။

“မင်းပြိုင်ရဲလို့လား”

ရဲချန်ဖန်သည် တကယ် ပါရမီရှင်ဖြစ်သည်။ သူသည် ပါရမီရှင် မဟုတ်ပါလော။ သူက ဒီလိုအခွင့် အရေးမျိုးကို စောင့်နေသူဖြစ်သည်။ သူကို ရဲချန်ဖန်က မာနကြီးစွာဖြင့် ရန်စလာသောအခါ သူ့မျက်နှာတွင် ကောက်ကျစ်သောအပြုံးက ပေါ်လာလေသည်။

“ကောင်းပြီ။ ငါမင်းကို ကတိပေးတယ်”

ရဲချန်ဖန် လက်ခံလိုက်သည်။

ဒီတစ်ကြိမ်တွင် ရှန်းတုဟန်နှင့် သူအလောင်းအစား မလုပ်ခြင်းမှာ သူက ရှန်းတုဟန်၏ တာအို နှလုံးသားကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားပြီး ရှန်းတုကလန်ကို သတိပေးရန်ဖြစ်သည်။

“ငါတို့ ကောင်းကင်တန်ခိုးရှင်စာရင်းမှာ အသာရတဲ့လူက အနိုင်ပဲ။ ဘယ်လိုလဲ”

ရဲချန်ဖန်က အပြုံးနှင့်မေးလိုက်သည်။

“ကောင်းတယ်။ အဲဒီအတိုင်းပဲ။ မင်းဆက်ပြီး ရယ်နိုင်ပါစေလို့ ငါမျှော်လင့်တယ်”

ရှန်းတုဟန်က မျက်နှာမှာ မှောင်မည်းနေပြီး ကောင်းကင်ဝိညာဉ် မှော်အစီအရင်ထဲသို့ ဝင်ရောက် သွားသည်။

“ချန်ဖန် ရှင့်ရန်သူကို အရမ်းသနားတာပဲ”

လင်းခီဆုက ရဲချန်ဖန်၏ ခန့်ညားချောမောသော မျက်နှာကိုကြည့်ပြီး ရယ်ချင်ပတ်ကျိပုံဖြင့် ပြောလိုက်လေသည်။

ရဲချန်ဖန်နှင့် ရှန်းတုဟန်တို့၏ ယှဉ်ပြိုင်မှုက လူအများကို စိတ်ဝင်စားသွားစေပြီး ကောင်းကင် ဝိညာဉ် မှော်အစီအရင်နားတွင် လူများစွာ ရောက်ရှိလာလေသည်။

ကောင်းကင်မီးဂိုဏ်းသားများက နာမည်ကြီးနေသော ရဲချန်ဖန်က ပိုစွမ်းသလား ရှန်းတုဟန်ကပဲ အနိုင်ယူသွားမလားကို အလွန်သိချင်နေကြလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset