Switch Mode

Chapter – 23

ဓားက ကျွန်မ မုန်းတီးတဲ့အရာ၊ ဓားမော့က ကျွန်မ လိုချင်တဲ့အရာပဲ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၃။ ဓားက ကျွန်မ မုန်းတီးတဲ့အရာ၊ ဓားမော့က ကျွန်မ လိုချင်တဲ့အရာပဲ။

Zero to Hero in the Martial Arts Library
Author: Flammable Wood
မိစ္ဆာ၀ိညာဥ်က ငြိမ်းချမ်းစွာ ဖြတ်သန်းသွား၏။
သူ၏ အရိုင်းဆန်သော အိမ်မက်ထဲတွင်တောင် အရုပ်တစ်ရုပ်နှင့်မခြားသည့် အသက်နှစ်ဆယ်အရွယ် လူငယ်လေးက ဓားတစ်ချက်တည်းဖြင့် သူ့အား ထက်ပိုင်းဖြတ်နိုင်လိမ့်မည်ဟု မတွေးမိခဲ့ချေ။
ထိုဓားချက်ထဲရှိ ခမ်းနားမှုက ကြွေကျလာသော ကြယ်တံခွန်ထက်တောင် ပိုတောက်ပနေ၏။ ယင်းက ယုံကြည်နိုင်စွမ်းထက် ကျော်လွန်နေပေသည်။
သိုင်းကွက်တစ်ကွက်တည်းဖြင့် သူ၏ ဆယ်စုနှစ်များစွာ ကျင့်ကြံမှုကို ဖျက်ဆီးသွားခဲ့၏။
” ငါ သူ့ကို ဘာကြောင့် ရန်စမိခဲ့တာလဲ”
မိစ္ဆာ၀ိညာဥ်က သူ၏ သတိတရားတို့ မပျောက်ကွယ်သွားခင် နောက်ဆုံးတွေးမိသည့် အတွေးများ ဖြစ်သည်။ မိစ္ဆာ၀ိညာဥ်က ၀ိညာဥ်ခန္ဓာဖြစ်နေသောကြောင့် တစ်လမ်းလုံးတွင် သတ်ိပြုမိသူ မရှိပေ။ သာမန်လူများက ယင်းကို မမြင်နိုင်။ သူတို့၏ ၀ိညာဥ်ကျင့်စဥ်က သေချာသော အဆင့်တစ်ခုကို မရောက်လျှင် မြင်နိုင်ခြင်း ရှိမှာ မဟုတ်ချေ။
မိစ္ဆာ၀ိညာဥ်၏ ကိုက်စားခြင်း ခံခဲ့ရသော ၀ိညာဥ်က ဒူးထောက်ပြီး ယဲ့ရှောင်ကို ကန်တော့လေ၏။
သူ့နောက်ရှိ ရွှေရောင်နွားသိုး၏ ၀မ်းဗိုက်၌ လက်ချောင်းနှစ်ချောင်းစာ အရွယ်အစားရှိသော အပေါက်တစ်ပေါက် ရှိနေသည်။
ယဲ့ရှောင် စာကြည့်တိုက်သို့ ရောက်သောအခါ သူ၏ လုပ်ဖော်ကိုင်ဖက်များက တစ်စုံတစ်စုံကို ဆွေးနွေးနေကြ၏။
” မင်း ကြားပြီးပြီလား။ လတ်တလောမှာ ဟန်နိုင်ငံကနေ ဓားသိုင်းပါရမီရှင်တစ်ယောက်က စီရင်စု ကိုးခုက ဓားသိုင်းပညာရှင် လူငယ်မျိုးဆက်တွေကို စိန်ခေါ်ချင်နေတယ်”
” ဘယ်သူက မသိလို့လဲ။ ဖိုရမ်မှာ အါ့ဒါတွေနဲ့ ပေါက်ကွဲနေပြီ။ အဲဒီကောင်လေးက ဖျောင်ကျန့်ရှန်လို့ ခေါ်တယ်။ သူက ဟန်နိုင်ငံရဲ့ ဓားပညာရှင် လျိုချန်စွင်းရဲ့ နောက်ဆုံးတပည့်ပဲ”
” ဘုရားရေ။ လျို့ချန်စွင်း။ သူက လွန်ခဲ့တဲ့ နှစ်ရာချီတွေက ဟန်နိုင်ငံရဲ့ နံပါတ်တစ် ဓားသမားလို့ ငါ ကြားထားတယ်။ သူ့ရဲ့ ဓားသိုင်းကျွမ်းကျင်မှုက လောကကြီးထဲမှာ ထိပ်တန်းဆယ်ယောက်စာရင်း၀င်တယ်လို့ ကြားထားတယ်”
” သူ့ရဲ့ အလုံးစုံ တိုက်ပွဲ၀င်ခွန်အားက ကမ္ဘာကြီးရဲ့ နဂါးစာရင်းပေါ်မှာ အဆင့် ၄၉လည်း ဟုတ်တယ်”
” သူ့ရဲ့ တပည့်က အံ့သြဖို့ ကောင်းလိုက်တာ။ ကျင်း စီရင်စုက ပါရမီရှင်တွေအားလုံး ရှင်းထုတ်ခံလိုက်ရပြီလို့ ငါ ကြားတယ်။ ငါတို့ ကျိုး စီရင်စုက သူ စီရင်စု ကိုးခုကို စိန်ခေါ်ရာမှာ ဒုတိယမြောက် ရပ်နားရာ နေရာပဲ။ ကျန်းဟိုင်မြို့က ကျင်း စီရင်စုဆီ သွားတဲ့ ဂိတ်ပဲလေ။ သူ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာမှာ စိုးရိမ်မိတယ်”
ယဲ့ရှောင်က ထိုစကားကို ကြားသည့်အခါ သူ၏ အမူအရာက အနည်းငယ် မှင်တက်သွား၏။
ကျင်း စီရင်စုထဲရှိ လူငယ်မျိုးဆက် ပါရမီရှင်များကို အနိုင်ယူနိုင်ခဲ့သောကြောင့် ဖျောင်ကျန့်ရှန်က အမှန်တကယ် တော်ပုံပေါ်သည်။ ထိုအကြောင်းကို ဂရုတစိုက်တွေးကြည့်သောအခါ အဓိပ္ပာယ်ရှိကြောင်း တွေ့လိုက်ရ၏။ သူ၏ ဆရာ လျို့ချန်စွင်းက ဓားသိုင်းအရာတွင် ထိပ်တန်း သိုင်းပညာရှင် ဆယ်ဦးထဲမှ တစ်ဦးဖြစ်သည်။ အလုံးစုံ တိုက်ပွဲ၀င် ခွန်အားကလည်း နဂါးစာရင်းတွင် စာရင်း၀င်ပေသည်။ ထိုအဆင့်ရှိ တပည့်တစ်ဥိီးကို သင်ပြပေးနိုင်တာ အံ့သြစရာ မရှိပေ။
ယဲ့ရှောင်က စာအုပ်များ မကြာခဏ ဖတ်ရှုတတ်သည်။ ထို့ကြောင့် လောကအတွင်းရှိ အဆင့်အချို့ကို နားလည်သဘောပေါက်ထား၏။
ဤလောက၌ နဂါး စာရင်း နှင့် ကျား စာရင်း ဟူ၍ ရှိပြီး ကမ္ဘာကြီး၏ ထိပ်တန်းအယောက်တစ်ရာ ပါ၀င်ကာ ရှေ့တန်းသို့ မထွက်သည့် သိုင်းပညာရှင်များ စာရင်းဖြစ်သည်။ ပထမဆုံး အယောက် ငါးဆယ်စာရင်းက နဂါး စာရင်းဟု သိကြပြီး နောက်ဆုံးအဆင့်များကမူ ကျား စာရင်း၏ အစိတ်အပိုင်းအဖြစ် သိကြပေသည်။
ထို့ထက် ပိုလွန်သည့် ဖီးနစ်စာရင်း ရှိပုံပေါ်ကာ ယင်းက အမျိုးသမီးများ၏ ကျင့်ကြံဆင့်အလိုက် သတ်မှတ်ထားတာပဲ ဖြစ်သည်။ တိုတိုပြောရလျှင် အဆင့်သတ်မှတ်ချက်ထဲ ၀င်နိုင်သူများက သာမန်လူများ မဟုတ်ကြချေ။
ဆိုရလျှင် ဤလောကထဲရှိ ဘီလီယံချီသော လူများထဲမှ ထွက်ရပ်နိုင်ခြင်းမှာ အင်မတန်အစွမ်းထက်သော ခွန်အားကို အတည်ပြုရာရောက်ပေသည်။ သို့သော် ယင်းက သူနှင့် မည်သို့ သက်ဆိုင်သနည်း။
သူသည် ကြီးကြပ်ရေးမှုးလေး တစ်ယောက်မျှသာ ဖြစ်၏။ အလုပ်လုပ်ချိန်တွင် အလုပ်လုပ်ကာ ညအချိန်တွင် အိပ်စက်ပေမည်။ ထိုအတိုင်းသာ ဖြစ်၏။
အပေါ်ထပ်သို့ တက်သွားပြီး ယဲ့ရှောင်က စာများ ဖတ်ရှုတော့၏။
ဓားမော့ကျင့်စဥ်၊ ဓားသိုင်းကျင့်စဥ်၊ စိတ်စွမ်းအား ကျင့်စဥ်တို့ကို ထိပ်တန်းအလွှာကျင့်စဥ်များထဲတွင် ပေါင်းစည်းထားပြီး အံ့ဖွယ်၀ိညာဥ်၏ ရွှေရောင်စာအုပ်က သူ့ဘာသာသူ ကျင့်ကြံနေ၏။
ပြီးနောက် သူသည် ပညာရပ်အချို့ကို ကျင့်ကြံဖို့ တွေးတောနေပြီး စိတ်ခွန်အားကို တိုးတက်အောင် ပြုလုပ်သင့်သည်။ အရာအားလုံးကို သင်ယူထားရပေမည်။ သို့မှသာ ကျင့်စဥ်အချို့ ပေါင်းစည်းရာ၌ အောင်မြင်မှာပဲ ဖြစ်သည်။
နံနက်ခင်းတွင် ယဲ့ရှောင်က စာဖတ်နေလေ၏။ မကြာခင်တွင် သူ၏ နှာခေါင်း၀တွင် ဇီဇ၀ါပန်းရနံ့တို့ ရရှိလိုက်သည်။ ယဲ့ရှောင်က ခေါင်းမော့လိုက်ရာ ချင်ယွိယန်၏ အကြည့်နှင့် ဆုံမိလိုက်၏။
” ရှင့်ကို နှောင့်ယှက်မိတာ တောင်းပန်ပါတယ်။ ကျွန်မ စာအုပ်တွေ ပြန်လာပေးတာပါ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်ပြီး စာအုပ်ကို ယူစစ်ကြည့်လိုက်၏။
” အဆင်ပြေတယ်။ ပြီးမှ ထားလိုက်မယ်”
” ပြီးတော့ ကျွန်မ တစ်ခုလောက် အကူအညီတောင်းချင်လို့။ ဒီနှစ်ရက်အတွင်း ကျွန်မ လုပ်စရာ ကိစ္စရှိသေးတာကြောင့် လာနိုင်မှာ မဟုတ်ဘူး။ စာကြည့်တိုက်ထဲမှာ ဓားမော့ကျင့်စဥ်အသစ် ရှိလာရင် တစ်ချက်ကြည့်ထားပေးဖို့ ရှင့်ကို ဒုက္ခပေးရတော့မှာပဲ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ ချင်ယွိယန် လုပ်မည့်အရာကို သူ ချက်ချင်း သိလိုက်သည်။ သူမ၏ အဘိုးက ကျန်းဟိုင်မြို့တွင် အကျော်ကြားဆုံးသော ဓားသိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ သူမကလည်း လူငယ်မျိုးဆက်ထဲတွင် ဓားသိုင်းအရာ၌ အောင်မြင်မှု အရထားဆုံး လူတစ်ယောက်ဖြစ်သည်။
ဖျောင်ကျန့်ရှန်က အထိုက်တန်ဆုံးသော ဓားသိုင်းပညာရှင်ကို စိန်ခေါ်ရန် လာသည်ဖြစ်သောကြောင့် သူမသည် သူ့အတွက် အထိုက်တန်ဆုံးသော ပြိုင်ဘက်ဖြစ်မှာ သေချာသည်။
သို့သော် သူမက သူ့ကို ရင်ဆိုင်လျင် သူမ ရှုံးမည်မှာ ရှစ်ဆယ်မှ ကိုးဆယ် ရာခိုင်နှုန်း ရှိပေသည်။
ယဲ့ရှောင်က ဖျောင်ကျန့်ရှန်ကို ယခင်က တစ်ခါမှ မမြင်ဖူးသည့်တိုင် သူ၏ ဓားသိုင်း ကျွမ်းကျင်မှုက သာမန် မဟုတ်တာ သေချာမှန်း သိနေပေ၏။ မဟုတ်လျှင် သူ့အဖို့ ကျင်း စီရင်စု တစ်ခုလုံးရှိ ဓားသိုင်းပညာရှင်များအားလုံးကို အနိုင်ယူနိုင်ဖို့ ဖြစ်နိုင်မှာ မဟုတ်ပေ။
ချင်ယွိယန်၏ ဓားသိုင်း ကျွမ်းကျင်မှုက ကျန်းဟိုင်မြို့တွင် အထင်ကြီးဖွယ်ကောင်းသော်ငြား ကျင်း စီရင်စုတွင်မူ ထိုမျှ အထင်ကြီးဖွယ်မကောင်းသည်မှာ သိသာနေပေ၏။
ထို့အပြင် သူမသည် ဤအချိန်အတွင်း ဓားမော့ကျင့်စဥ်ကိုသာ တိတ်တဆိတ် သင်ယူနေလေသည်။ သူမ၏ ဓားရေး ကျွမ်းကျင်မှုက မတိုးတက်လာပဲ ထိုအစား ယုတ်လျော့သွားခဲ့လျှင် ဖျောင်ကျန့်ရှန်အား အနိုင်ယူနိုင်မည်က ဆန့်ကျင်မှုတစ်ရပ်သာ ဖြစ်နေပေမည်။ သို့သော် ယဲ့ရှောင်က သူမသည် ဓားမော့ ဆန္ဒကို အမှန်တကယ် သဘောပေါက်ထားမှန်း မသိထားပေ။ သူ ချန်ထားရစ်ခဲ့သော ဓားရာမှ သင်ယူထားတာ ဖြစ်နိုင်သည်။ ထိုမိန်းကလေးသည် ဓားမော့ကျင့်စဥ်နှင့် ပတ်သက်လာလျှင် အတော်ခေါင်းမာပေ၏။
ကံဆိုးသည်မှာ သူမ ယှဥ်ပြိုင်ရမည်က ဓားသိုင်း ဖြစ်ပြီး ဓားမော့သိုင်း မဟုတ်ချေ။
ချင်ယွိယန်က သူမ၏ ဓားမော့သိုင်းကို အကောင်းဆုံး ရောက်အောင် ကျင့်ကြံနိုင်ခဲ့ပင်လျင် အသုံးပြု၍ ရမည် မဟုတ်ပေ။ ဓားမော့ ကျင့်ကြံနေသည့်အကြောင်းအား သူမ အဘိုးကို ပြောပင် မပြောရဲချေ။ သူမသည် အများရှေ့၌ မည်ကဲ့သို့ ပြသရဲမည်နည်း။
” ဒါက ရှင့်ရဲ့ ကြောင်လား”
ချင်ယွိယန်က ကြောင်အသွင် သဏ္ဍာန် ဟွမ်လျိုလီအား သတိပြုမိသွားကာ ချက်ချင်းပင် မြေကြီးပေါ်ကနေ သူမကို ပွေ့ချီလိုက်၏။
” သိပ်ချစ်ဖို့ကောင်းတယ်။ နူးညံ့လိုက်တာ”
သူမက ဟွမ်လျိုလီ၏ အမွေးများကို ပွတ်သပ်လိုက်သည်။ ဟွမ်လျိုလီကလည်း သူမ၏ ဖြူသွယ်သော လက်များကြောင့် အလွန်စိတ်ကျေနပ်လေသည်။ သူမက မခုခံရုံသာမက လက်မောင်းထဲတွင် လှဲပြီး နှစ်ခြိုက်နေလေသည်။ သူမ လဲနေသည့်နေရာက သိပ်ကို သက်သောင့်သက်သာ ရှိလွန်းပြီး ဆိုဖာတစ်ခုထက်ပင် ဇိမ်ကျပေ၏။
နွေးထွေးပြီး နူးညံ့သည်။ သူမ အိပ်စက်သည့်အချိန်၌ ဤနေရာတွင် လဲနေနိုင်လျှင် ကောင်းမှာပဲ ဖြစ်သည်။ ယဲ့ရှောင်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ထူးမခြားနား ခေါင်းညိတ်လိုက်၏။
ချင်ယွိယန်၏ မျက်နှာက ဟွမ်လျိုလီ၏ အမွေးများကို ပွတ်သပ်လိုက်တော့သည်။ သူမ၏ မျက်လုံးထဲ၌ နွေးထွေးမှုနှင့် အားကျသည့် အရိပ်အယောင် ပေါ်လာလေ၏။
” ငါ နင့်ကို တကယ် အားကျတယ်။ နင် လုပ်ချင်တာ ဘာမဆို လုပ်လို့ ရတယ်”
” မင်းလည်း ရတာပဲ”
ချင်ယွိယန်၏ မျက်နှာထက်တွင် မနှစ်မြို့သည့်အပြုံးပေါ်လာပြီးနောက် ကြောင်ကို ဆက်လက် ပွတ်သပ်လိုက်၏။
” တကယ်တော့ ကျွန်မတို့ ချင်မိသားစုက ဓားသိုင်းပညာနဲ့ ပတ်သတ်လာရင် မဟာဆန်တဲ့ မိသားစုတစ်စုပဲ။ ချင် မိသားစုရဲ့ ဓားသိုင်းက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့တာ။ နှစ်နှစ်ရာကျော်တောင် လက်ဆင့်ကမ်းလာတာ။ ကျွန်မတို့ မျိုးဆက်မှာ ကျွန်မဆီကို ရောက်လာခဲ့တယ်။ ဒါကြောင့်လည်း ကျွန်မရဲ့ အဘိုးက ကျွန်မကို ဓားသိုင်းကိုပဲ ကျင့်ကြံခွင့် ပေးခဲ့တာ”
ယဲ့ရှောင်က ပြန်မပြောပဲ နားထောင်လေ၏။ ချင်ယွိယန်က သူမ ဘာသာ ပြောနေသည့်ပမာ ဆက်ပြောတော့သည်။
” ရှင် သိမလားတော့ မသိဘူး။ ဟန်နိုင်ငံက ဖျောင်ကျန့်ရှန်က ကျွန်မကို စိန်ခေါ်နေပြီ။ ဒီတစ်ခေါက် ဖျောင်ကျန့်ရှန်ကို တိုက်ခိုက်ဖို့အတွက် ဓားသိုင်းပဲ သုံးရမယ်ဆိုရင် ကျွန်မ ရှုံးမှာ သေချာတယ်။ တကယ်တော့ နှစ်ကွက်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး”
” ဒါပေမဲ့ တိုက်ခိုက်ဖို့ ဓားမော့ကျင့်စဥ်ကို သုံးရမယ်ဆိုရင် “
ထိုသို့ ပြောပြီး ချင်ယွိယန်၏ မျက်လုံးထဲ၌ သန်မာသည့် တိုက်ခိုက်လိုစိတ်တို့ ပေါ်လာလေ၏။ သို့သော် တွေဝေခြင်း တစ်စွန်းတစ်စလည်း ပေါ်ထွက်နေသည်။
သူမက ဖျောင်ကျန့်ရှန်ကို ရင်ဆိုင်တိုက်ခိုက်ရန် ဓားမော့ကျင့်စဥ်ကို သုံးချင်နေတာ သိသာနေသည်။ သူမ၏ ဓားမော့ကျင့်စဥ် မည်မျှ အစွမ်းထက်ကြောင်း သိချင်နေ၏။ သို့သော် သူမ အဘိုးကိုလည်း ကြောက်ရွံ့ပေသည်။ ဓားမော့ကျင့်စဥ် သုံးပြီးနောက် သူမ အဘိုးကို ရင်ဆိုင်ရန် ခက်ခဲသွားမည်ကို စိုးရိမ်နေမိသည်။
ယဲ့ရှောင်က ထူးမခြားနား ပြောလိုက်လေ၏။
” ဓားသိုင်းပဲ ဖြစ်ဖြစ်၊ ဓာမော့သိုင်းပဲ ဖြစ်ဖြစ်၊ လိုချင်တာကို ရဖို့ဆိုရင် အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဆန္ဒတစ်ခု လိုအပ်တယ်။ မင်းလိုမျိုး ရှက်ကြောက်ပြီး အဘိုးလုပ်သူရဲ့ ခံစားချက်ကို ဂရုစိုက်လွန်းနေရင် မင်း ရင်ထဲမှာလည်း ဓားမော့သိုင်း လေ့ကျင့်နေချင်ရင်လည်း ပြန်သွားပြီး ဓားသိုင်းကျင့်ကြံနေတာပဲ ကောင်းမယ်”
” မင်း ဒါကို သဘောမကျပေမဲ့ မင်း ထင်ထားသလောက် မဆိုးတာလည်း ဖြစ်နိုင်ပါတယ်”
အပိုင်း ၂၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset