Switch Mode

Chapter – 167

ကံကောင်းခြင်း ဆေးပြားအား လဲလှယ်ခြင်း (၁)

အပိုင်း ၁၆၇
ကံကောင်းခြင်း ဆေးပြားအား လဲလှယ်ခြင်း (၁)

“အခုချက်ချင်း ပေးလိုက်စမ်း”

သခင်လေးလျှိုမှ ဒေါသတကြီး အော်ဟစ်ကာ အရှေ့သို့ ပြေးတက် သွားလိုက်သည်။ သူလှုပ်ရှား လိုက်သည်နှင့် သူ့နောက်မှ အစေခံ နှစ်ယောက်သည်လည်း စကားတစ်ခွန်းမှ မပြောဘဲ ချက်ချင်း လှုပ်ရှားလိုက်တော့၏။

သူတို့ရပ်နေသည့် တံခါးနားနှင့် ဝမ်ရှန်း ရပ်နေသည့် ကြားမှ အကွာအဝေးသည် ခြေလှမ်း လေးလှမ်း ငါးလှမ်းစာထက် မပိုပေ။ သခင်လေးလျှို၏ ဝိညာဉ်အဆင့်ကား သိပ်မမြင့်ပဲ တတိယအဆင့်သာ ရှိသော်လည်း သူ၏အစေခံ နှစ်ယောက်လုံးသည် စတုတ္ထအဆင့် ဝိညာဉ်သခင်များ ဖြစ်ကြသည်။ သူတိုအဆင့်ဖြင့် ဆိုလျှင် ဤအကွာအဝေး အတွင်းတွင် သူတို့သည် တစ်ချက် ခုန်အုပ်ရုံဖြင့် ဝမ်ရှန်းနားသို့ ရောက်နိုင်ပေသည်။

ဝမ်ရှန်းသည်လည်း ထိုကဲ့သို့ ပြောပြီးသည်နှင့် အလျင်အမြန်ပင် နောက်ပြန် ဆုတ်လိုက်၏။ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ ကြိုတင် မျှော်လင့်ထားပြီး ဖြစ်သည်။ သို့သော် သူသည် ထွက်ပြေးမည့်အစား ဆိုင်မှထွက်ကာ ခြံဝန်း အတွင်းသို့သာ ပြန်သွားခဲ့ခြင်းဖြစ်၏။ သူသည် နောက်ပြန်မဆုတ်ဘဲ ဖြစ်ပေါ်လာမည့် ကစားပွဲကိုသာ ကြည့်နေလိုက်သည်။

ဤနေရာသည် ဝူရုံမြို့၏မြို့ အတွင်းပိုင်း ဖြစ်သည်။ ထို့ပြင် ဤနေရာသည် မြို့အရှင်စံအိမ်နှင့်လည်း သိပ်မဝေးပေ။ ဤနေရာတွင် မြို့အရှင်မှလွဲ၍ အခြားမည်သူကမှ ဝူရုံမြို့ မြို့အတွင်းပိုင်း၌ နေထိုင်သည့် လူများကို ဘာမှ လုပ်ပိုင်ခွင့်မရှိပေ။

သခင်လေးလျှိုသည် သူ့ကိုယ်သူ လျှို့ဝှက်မိသားစုမှ ဖြစ်ကာ မြင့်မြတ်သည့် အဆင့်အတန်း ရှိသည်ဟု ထင်ချင် ထင်ပေလိမ့်မည်။ သို့သော် သူသည် ဤနေရာတွင် လှုပ်ရှားလိုက်သည့် အတွက်ကြောင့် ဝူရုံမြို့ရှိ ဝိညာဉ်သခင်များ အားလုံး သဘောတူညီထားသည့် တားမြစ်ချက်ကို ချိုးဖောက်လိုက်ပြီ ဖြစ်၏။

ဘုန်း

အရှေ့သို့ ပြေးတက်သွားတဲ့ အစေခံတစ်ယောက်သည် ရုတ်တရက် သူ့ကိုယ်သူ နံရံတစ်ခုနှင့် ဆောင့်တိုက်မိ သွားသည်ဟု ခံစားလိုက်ရသည်။ ပြီးလျှင် ထိုနံရံ၏ ပြန်ကန်ထွက်မှု အားသည် ပြင်းထန်ကာ သူသည် သူ ပြေးတက်လာခဲ့သည့် ဆိုင်တံခါးဝ နားသို့ ပြန်လည် လွင့်ထွက် သွားခဲ့တော့၏။

ထိုမျှသာမက ပြန်လည် လွင့်ထွက် သွားစဉ်တွင် သူသည် လေထဲ၌ပင် အေးခဲလူသား အဖြစ် ချက်ချင်း ပြောင်းလဲ သွားတော့သည်။ သူ၏ခန္ဓာကိုယ်အနှံ့ ရေခဲများ ဖုံးလွှမ်းသွားကာ သူသည် နည်းနည်းလေးပင် လှုပ်ရှား၍ မရတော့ပေ။ ထို့နောက် သူ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျ သွားခဲ့လေတော့သည်။

ထိုလူ၏ ခန္ဓာကိုယ် တစ်ခုလုံး အတွင်းရှိ သွေးများနှင့် တစ်သျှူး အရည်များ ချက်ချင်း အေးခဲသွားသည်ကို ဝမ်ရှန်း အလွန် ရှင်းရှင်းလင်းလင်းကို မြင်လိုက်ရ၏။ သူ့အား ပြန်ပြီး နွေးထွေးအောင် ပြုလုပ်လျှင်ပင် သူသည် ဘာမှ မစွမ်းဆောင်နိုင်သည့် လူဖြစ်သွားတော့မည် ဖြစ်သည်။ ထို့အပြင် သူတို့သည် စတင် လှုပ်ရှားလိုက်ပြီ ဖြစ်သည့် အတွက်ကြောင့် သူတို့ ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်မည်ဟုပင် ဝမ်ရှန်း မထင်မိပေ။

ထိုအချိန်တွင် ထိုအစေခံ ပြေးတက်လာသည့် ဘက်တွင် ဟန်ဘင်းလီ၏ပုံရိပ် တိတ်တဆိတ် ထွက်ပေါ် လာခဲ့သည်။ ယခုအချိန်တွင် သူ၏မျက်လုံး တစ်စုံသည် ဓားတစ်ချောင်းကဲ့သို့ အလွန် စူးရှနေကာ သူ၏အကြည့် ကြည့်ခံလိုက်ရသည့်လူ မည်သူ့ကိုမဆို ကျောချမ်းသွားအောင် လုပ်နိုင်ပေသည်။

ထိုအချိန်မှာမှ သခင်လေး လျှိုသည် ဟန်ဘင်းလီနှင့် အကြည့်ချင်း ဆုံသွားကာ ထိတ်လန့် ကြက်သေ သေသွားပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်း သွားတော့၏။ သူ သူ၏အစေခံ တစ်ယောက်အား အော်ခေါ်ရန် ပြင်လိုက်သည့် အချိန်မှာပင် ထိုအစေခံက ဘယ်အချိန် ကတည်းကပင် ပျောက်ကွယ်နေပြီ ဖြစ်ကြောင်း သူ သိလိုက်ရသည်။

ပြောရမည်ဆိုလျှင် ဟန်ဘင်းလီက သူ၏အစေခံများထဲမှ တစ်ယောက်ကို အေးခဲအောင် လုပ်ခဲ့ပြီး သူ့ထက် များစွာ အဆင့်မြင့်သည့် အခြားတစ်ယောက်သည်လည်း ဘယ်ပျောက်နေမှန်းမသိ ပျောက်နေကြောင်းကို သခင်လေးလျှို ထိုအချိန်မှာမှ ရုတ်တရက် သိသွားခြင်းဖြစ်သည်။

ဒုတ် ဒုတ် ဒုတ် ဒုတ်…

ထိုအချိန်တွင် သူ့ရှေ့မှနေ၍ သူ့ထံသို့ တစ်ခုခု လိမ့်လာနေသည့်အသံ ထွက်ပေါ် လာခဲ့သည်။ သို့သော် သခင်လေးလျှိုသည် ဟန်ဘင်းလီ၏ အကြည့်ကြောင့် ကြက်သေ သေနေကာ မလှုပ်ရဲမရှားရဲ ဖြစ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ထိုအရာက ဘာလဲဆိုတာကို သူ မကြည့်မိခဲ့ပေ။ သို့သော် သိပ်မကြာခင်မှာပင် သူ့ထံသို့ လိမ့်လာနေသည့် ထိုအရာက သူ၏မြင်ကွင်း အတွင်းသို့ ဝင်ရောက် လာခဲ့တော့သည်။ ထို့နောက် ထိုအရာအား မြင်လိုက်ရသည့် အချိန်တွင် သခင်လေးလျှိုသည် ထခုန်လုမတတ်ပင် ဖြစ်သွားလေ၏။

လိမ့်လာနေသည့် အရာသည် လူခေါင်းတစ်လုံး ဖြစ်သည်။ သူ ရင်းနှီးသည့် မျက်နှာနှင့် ဆံထုံးတို့က ရုတ်တရက် သူသတိမထားမိခင် ပျောက်နေသည့် အစေခံ၏ခေါင်း ဖြစ်ကြောင်း ရည်ညွှန်း ပြနေလေသည်။ သို့သော် သူတို့ စတင် လှုပ်ရှားခဲ့သည်မှာ ဘယ်လောက်ပဲ ကြာသေးလို့လဲ… စတုတ္ထအဆင့် ဝိညာဉ်သခင်ဖြစ်သည့် သူ၏အစေခံက ဘယ်လိုလုပ် ဘာသံမှ မထွက်ဘဲ ခေါင်းဖြတ် ခံလိုက်ရသနည်း။

ထိုအချိန်တွင် သခင်လေးလျှိုသည် သူက လျှို့ဝှက်မိသားစုမှ ဖြစ်သည်ဟူသည့် သူ၏ မြင့်မားသည့် အဆင့်အတန်းများ အားလုံးက အသုံးမဝင်တော့ကြောင်း တွေးလိုက်မိသည်။ သူ့ပုံစံ ဆယ်ယောက်လောက်ကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သည့် ဝိညာဉ်သခင်များ ရှေ့တွင် မာနများ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ်များနှင့် ကြီးကျယ် ခမ်းနားမှုများ အားလုံးသည် အစအန ရှာမရအောင် ပျောက်ကွယ် သွားပြီဖြစ်၏။ သူ၏နဖူးပေါ်တွင် ချွေးစေးများသာ အတန်းလိုက် စီးကျလာတော့သည်။

“သခင်လေးလျှို၊ သခင်လေးက မြို့အရှင်စံအိမ် အတွက် ထူးခြားတဲ့ ဧည့်သည် တစ်ယောက်ပါ။  ဒါပေမယ့် သခင်လေး အမှားလုပ်ခဲ့တယ်”

ထိုအချိန်တွင် မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်း၏ အသံ အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။

“သခင်လေး ဒီနေရာက ဝူရုံမြို့ မြို့အတွင်းပိုင်းပါ။ မြို့အတွင်းပိုင်းမှာ နေတဲ့လူတွေကို သခင်လေး တိုက်ခိုက်လို့ မရဘူး”

ဝမ်ရှန်းက သူ့ထံတွင် မြေပုံတစ်ခု ရှိနေသေးကြောင်း ပြောလိုက်သည်ကို ကြားလိုက်ရသည့် အချိန်တွင် အိမ်တော်ထိန်း၏ စိတ်ထဲ၌ ချက်ချင်းပင် ပန်းများ ဝေဖြာသွားခဲ့၏။ ထို့နောက် သူသည် ဘာတွေပဲဖြစ်နေပါစေ ဝမ်ရှန်းအား ကာကွယ်ရန် အမိန့်ပေး လိုက်တော့သည်။

ဘာကျောက်စိမ်းဆွဲပြားလည်း အလကား အရှုပ်တွေ… ထိုကဲ့သို့သော ကျောက်စိမ်းဆွဲပြား ဆယ်ခုသည်ပင် ဤဂျင်ဒီ မြေပုံလောက် အဖိုးမတန်ပေ။ ဂျင်ဒီနယ်မြေ၏ မြေပုံအစိတ်အပိုင်း တစ်ခုလေးသည်ပင် ကမ္ဘာအတွင်းရှိ လျှို့ဝှက်မိသားစုများ အားလုံးကို ချက်ချင်း ခေါင်းပြူထွက် လာအောင် လုပ်နိုင်ပေသည်။

သခင်လေးလျှိုသည် သူ၏အစေခံ တစ်ယောက်မှာ အဘယ်ကဲ့သို့ ခေါင်းပြတ် သွားသည်ကို မမြင်လိုက်ရချေ။ သို့သော် ဝမ်ရှန်းကတော့ ရှင်းရှင်းလင်းလင်းကို မြင်ခဲ့ရ၏။ ဟန်ဘင်းလီ လှုပ်ရှားလိုက်သည့် အချိန်တွင် ထိုအစေခံ နောက်တွင်လည်း အရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် ချက်ချင်းပင် ထိုအရိပ်သည် ထိုအစေခံ၏ ခေါင်းကို ဆုပ်ကိုင်ကာ လေထဲ၌ပင် ဖြတ်လိုက်ကာ အလျင်အမြန် ပြန်ဆုတ်လိုက်ခြင်း ဖြစ်၏။

ထိုအရိပ်၏ အဝတ်အစား အရောင်အရ ထိုလူသည် အရိပ်မိန်းမစိုး ဖြစ်ကြောင်း သေချာပေသည်။ သူနှင့် အချိန်အတော်ကြာ အိမ်နီးနားချင်း ဖြစ်လာပြီး နောက်တွင် ဝမ်ရှန်းသည် သူ့အား အမှတ်မှားစရာ အကြောင်းမရှိပေ။ ကြောက်စရာ ကောင်းသည့် အလျင်နှင့် ကြောက်စရာ ကောင်းသည့် လှုပ်ရှားမှု… သူ့အား အရိပ်ဟု ခေါ်သည်မှာ အံ့သြစရာ မရှိတော့ပေ။ သူသည် အမှန်တကယ်ကို အရိပ်တစ်ခုကဲ့သို့ လှုပ်ရှားခဲ့ခြင်းဖြစ်၏။

“မင်း မြေပုံလိုချင်တယ်ဆိုရင် ကံကောင်းခြင်း ဆေးပြားနဲ့ လာလဲလိုက်…”

ထိုအချိန်တွင် ဝမ်ရှန်းမှ ရယ်ကာ သခင်လေးလျှိုအား ပြောလိုက်သည်။

 “ဒါပေမယ့် သခင်လေးလျှိုရဲ့ မိသားစုက ကံကောင်းခြင်း ဆေးပြားကို ဘယ်တော့မှ ထုတ်ပေးမှာ မဟုတ်ဘူးမလား။ မင်း ငါ့ကို မပေးဘူးလို့ အခုလေးတင် မင်းပြောခဲ့တာလေ”

“ဒါပေါ့၊ ဒါပေမယ့် မင်းမိသားစုက ငါ့ဆီက မြေပုံကို လိုချင်သေးတယ် ဆိုရင် ညှိနှိုင်းလို့ မရတာတော့ မဟုတ်ပါဘူး”

ဝမ်ရှန်းသည် သခင်လေးလျှို ရှေ့၌ လက်နှစ်ချောင်း ထောင်ကာ ကတ်ကြေးပုံစံ ပြုလုပ်ပြလိုက်၏။

“ကံကောင်းခြင်း ဆေးပြားနှစ်ပြားနဲ့ဆိုရင် ရမယ်”

“ငါ ဒီမှာပဲ ရှိနေမယ်”

သခင်လေးလျှို၏ ဖြစ်ပျက်သွားသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ဝမ်ရှန်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။

“မြို့အရှင်က ဒီသတင်းကို ကျုပ်ကိုကူပြီး ဖြန့်ပေးမယ်ဆိုတာ သေချာပါတယ်။ ဘယ်သူပဲ ဖြစ်နေပါစေ မြို့အရှင်ဆီက ခွင့်ပြုချက်ရပြီ ဆိုတာနဲ့ ဒီမြေပုံကို ကျုပ်ဆီမှာ ပစ္စည်းနဲ့ လာလဲလို့ရပြီ။ မင်းကတော့ ကံကောင်းခြင်း ဆေးပြားယူလာရင် ငါ မြေပုံပေးမယ်”

ဝမ်ရှန်း ထိုကဲ့သို့ ပြောလိုက်သည်နှင့် အိမ်တော်ထိန်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့၏။ ပထမဆုံး အနေဖြင့် မည်သူပဲ ဖြစ်နေပါစေ မြို့အရှင်၏ ခွင့်ပြုချက်ကို အရင် ရယူရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့သည် မြို့အရှင်အား အကျိုးအမြတ် အရင် ပေးရမည်ဖြစ်၏။ ဤကောင်လေးသည် မဆိုးလှပေ၊ အလွန်သိတတ်၏။ အကျိုးအမြတ်ကို သူတစ်ယောက်တည်း မရယူခဲ့၊ သူ့အား ကာကွယ် ပေးရသည်မှာ တန်ပေသည်။

“သခင်လေးလျှို၊ မင်းတို့ မိသားစုက မြေပုံကို လိုချင်တယ်ဆိုရင် မြန်မြန် လုပ်ဖို့တော့ လိုမယ်နော်”

ဝမ်ရှန်းမှ သခင်လေးလျှိုအား နောက်တစ်ကြိမ် သတိပေးလိုက်သည်။

“မြေပုံက တစ်ခုတည်း ရှိတာနော်၊ ပြီးတော့ အခွင့်အရေးကလည်း တစ်ခုတည်း ရှိတာ။ အရင်လာတဲ့ လူက အရင်ရမှာပဲ။ ပြီးတော့ ပြောရမယ်ဆိုရင် မင်းက ဒီမြေပုံအကြောင်းကို သိခွင့်ရခဲ့တဲ့ ပထမဆုံးလူပဲ။ တခြားလူတွေကို မင်းအခွင့်အရေးကို မယူသွားစေနဲ့”

သခင်လေးလျှိုသည် အလွန်ဒေါသ ထွက်နေသောကြောင့် သူ၏မျက်နှာက ရောင်စုံ ပြောင်းလဲနေပြီ ဖြစ်၏။ ယခုအချိန်တွင် သူ၏စိတ်ထဲ၌ ဒေါသနှင့် အရှက်တရားတို့ဖြင့် ပြည့်နှက်နေကာ သူသည် ယနေ့ ဤနေရာမှ ထွက်သွားပြီးသည်နှင့် ဝိညာဉ်သခင်တစ်ယောက်အား စေလွှတ်ကာ ဝမ်ရှန်းကို သတ်ပြီး မြေပုံရယူရန် တွေးလိုက်သည်။

“မင်း မြေပုံကို လိုချင်တယ်ဆိုရင် နည်းလမ်းတကျ လုပ်တာပဲ ပိုကောင်းမယ်နော်…”

စကားဆုံးသည်နှင့် ဝမ်ရှန်း၏ လက်ထဲတွင် ကြက်ဥအရွယ်အစား အလုံးတစ်လုံး ပေါ်လာခဲ့သည်။ ထို့နောက် သူသည် ထိုနေရာ၌ ရှိနေသည့် လူများအားလုံးကို ကြည့်ကာ –

“ကျုပ်လက်ထဲက ဟာက ဘာလဲဆိုတာကို သခင်လေးလျှို စုံစမ်းကြည့်လို့ ရပါတယ်။ ကျုပ်ကို အသက်ရှင်ခွင့်ပေးဖို့ ခက်ခဲပေမယ့် မြေပုံတစ်ခုကို ဖျက်ဆီး ပစ်ဖို့ကတော့ မခက်ဘူးနော်…”

ထိုသို့ပြောကာ သူ သူ၏လက်ကို အနည်းငယ် လွဲယမ်းလိုက်သည်။ ချက်ချင်းပင် ဝမ်ရှန်းဘေး၌ ရှိနေသည့် ဟန်ဘင်းလီသည် ဝမ်ရှန်းက သာမန်အလုံးတစ်လုံး မဟုတ်ဘဲ သေစေနိုင်လောက်သည့် ပစ္စည်းတစ်ခုအား ကိုင်ထားသကဲ့သို့ တစေ္ဆသရဲ တစ်ကောင်အလား လျင်မြန်စွာ ရှောင်ထွက် သွားလိုက်သည်။

ဟန်ဘင်းလီ သာမက အိမ်တော်ထိန်းနှင့် အရိပ်မိန်းမစိုး တို့သည်လည်း အလိုအလျောက် ဆုတ်သွား လိုက်ကြသည်။

ဝမ်ရှန်း ဝူရုံမြို့သို့ ရောက်ခါစ အချိန်တွင် သူသည် လင်ဘ၏ ကုန်လှောင်ရုံအား မီးရှို့ရန်အတွက် ဤကဲ့သို့သော ပစ္စည်းမျိုး အသုံးပြုခဲ့သည်ကို အားလုံး မှတ်မိသေးပေသည်။ အားလုံးသည် ဤပစ္စည်းအတွက် တရားဝင် နာမည်ပေးထား၏ ‘ငရဲမီးတောက်’ ဟူ၍ ဖြစ်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset