Switch Mode

Chapter – 18

ကြယ်တာရာသားရဲတွေက ဘယ်တော့မှ ကျွန်ခံမှာ မဟုတ်ဘူး။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၈။ ကြယ်တာရာသားရဲတွေက ဘယ်တော့မှ ကျွန်ခံမှာ မဟုတ်ဘူး။

Zero to Hero in the Martial Arts Library
Author: Flammable Wood
ယဲ့ရှောင်က သူ၏ ဓားမော့ဆန္ဒကို ပြန်သိမ်းလိုက်ပြီးနောက် ထူးမခြားနား ပြောလိုက်၏။
” အရင်ဆုံး မင်းရဲ့ ပုံရိပ်ယောင်ကို ဖယ်ရှားလိုက်။ ပြီးမှ မင်း ဘယ်သူလဲဆိုတာ ငါတို့ ပြောကြတာပေါ့”
” ကောင်းပါပြီ”
တစ်ဖက်လူက ပြောလိုက်ပြီး မြန်မြန်ဆန်ဆန်ပင် သူ၏ ပုံရိပ်ကို ထုတ်ဖော်ပြသလာသည်။ သူမက ငါးနှစ်ခြောက်နှစ် အရွယ်ခန့်ဖြစ်သော ကလေးမလေးတစ်ဦးဖြစ်သည်။ သူမက လှပပြီး ချစ်စဖွယ်ကောင်း၏။ အနီရောင် ၀တ်စုံ အနီရောင် ဖိနပ်နှင့် အဖြူရောင် ခြေအိတ်တို့ကို ၀တ်ထားလေ၏။
သို့သော် ယင်းက အရေးကြီးသည့်အရာ မဟုတ်ပေ။ ပိုအရေးကြီးကား သူမတွင် ကြောင်နားရွက်တစ်စုံ ရှိနေတာပဲ ဖြစ်ပြီး ချစ်စဖွယ်ကောင်းသော အမြီးသေးလေးကလည်း သူမ၏ ဂါ၀န်အောက်မှ ထွက်ပေါ်နေ၏။
ယဲ့ရှောင်က မျက်၀န်းများ မှေးကျဥ်းလိုက်သည်။ ကြယ်တာရာသားရဲ တစ်ကောင်။ ထို့အပြင် လူပုံသဏ္ဍာန်ပြောင်းလဲနိုင်သော ကြယ်တာရာ သားရဲတစ်ကောင် ဖြစ်၏။
” ချီရှန်း အဆင့် ကြယ်တာရာ သားရဲ”
” ငါ့နာမည်က ဟွမ်လျိုလီ။ ငါက ကြယ်တာရာသားရဲတွေ ထွန်းတောက်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ငါးဆယ်တုန်းက ကြယ်တာရာ သားရဲတပ်ဖွဲ့နောက်ကနေ ကျန်းဟိုင်မြို့ကို ရောက်လာခဲ့တာပဲ။ ဒါပေမဲ့ ငါ့ရဲ့ အပေါင်းအဖော်တွေ အသတ်ခံလိုက်ရပြီးပြီ။ ငါ့ကို ဒီမှာ ထားခဲ့တယ်။ လူသားတွေ လိုက်ဖမ်းတာကို ရှောင်ရှားဖို့အတွက် ဒီနေရာမှာ ပုန်းနေရတာ။ ငါ သရဲတစ်ကောင်လို အယောင်ဆောင်ပြီး လူတွေကို ခြောက်လန့်နေရတာ”
ထိုစကားကို ကြားပြီးနောက် ယဲ့ရှောင်က အခြေအနေကို အနည်းနှင့်အများ နားလည်သွား၏။
ရှေ့တန်း၏ ဖိအားက ကြီးမားလွန်းရာ နှစ်ခြောက်ဆယ်တိုင်း၌ ကြယ်တာရာ သားရဲများက လူသားမြို့များဆီ စေလွတ်ခံရသည်။ ထိုဖြစ်စဥ်ကို ကြယ်တာရာ သားရဲ ကပ်ဘေးဟု သိကြပေ၏။
တစ်ဖက်တွင်မူ ရှေ့တန်း၏ ဖိအားကို လျှော့ချရသည်။ ကျန်တစ်ဖက်တွင်တော့ အချို့သော လေ့ကျင့်မှုများကို ရရှိရန်အတွက် စစ်မြေပြင်သို့ တစ်ခါမှ မရောက်သေးသော သိုင်းပညာရှင်များအား စေလွတ်လည်း ရောက်သည်။
စစ်မြေပြင်သို့ စေလွတ်ခံရသည့် ကြယ်တာရာ သားရဲများသည် စစ်မြေပြင်မှ ကြယ်တာရာများကဲ့သို့ မသန်မာတာ သေချာသည်။ သို့သော် ချီရှန်း အဆင့် ကြယ်တာရဲများလည်း ရှိနေသည်။ သူ့ရှေ့ရှိ ကြယ်တာရာ သားရဲက ထိုစဥ်က ကျန်သည့်သူများနောက်သို့ လိုက်လာခဲ့တာပဲ ဖြစ်သည်။ နောက်ပိုင်းတွင် သားရဲကပ်ဘေး ပြေငြိမ်းသွားပြီးနောက် သူမက ဤအိမ်ထဲတွင် တစ်ယောက်တည်း ပုန်းနေခဲ့ကာ ရုပ်ဖျက်ပြီး ကျန်သည့်သူများကို ခြောက်လန့်နေခဲ့သည်။
သို့သော် ယဲ့ရှောင်သည် ကြယ်တာရာ သားရဲ စွယ်စုံကျမ်းကို ဖတ်ရှုပြီး ဤအကြောင်းကို သိရှိနေခဲ့ပြီး ဗဟုသုတရှိပေသည်။ ချီရှန်းအဆင့် ကြယ်တာရာ သားရဲ ပုံရိပ်ယောင် ကြောင်များက ရုပ်ဖျက်ခြင်း၌ ထူးချွန်၏။ ယင်းက ပုံရိပ်ယောင် ကြောင် ဖြစ်နေသည်လော။ ယဲ့ရှောင်၏ စိတ်တို့ လှုပ်ရှားသွားသော်လည်း အမူအရာက တည်ငြိမ်နေပြီး ပြောလိုက်သည်။
” မင်းရဲ့ အဓိက ခန္ဓာက ဘာလဲ”
ဟွမ်လျိုလီက သူ၏ ပြားချပ်ချပ် ရင်ဘတ်ကို ဂုဏ်ယူ၀င့်ကြွားစွာ ပုတ်လိုက်လေ၏။
” ငါ့ရဲ့ မူလခန္ဓာက ကြယ်တာရာ သားရဲတွေကြားထဲမှာ ပုံရိပ်ယောင် ဘုရင် ကြောင်ပဲ”
ထင်သည့်အတိုင်းပင် လူသားများကဲ့သို့ အားကြီးသူ နှင့် အားနည်းသူ၊ ပါရမီကြီးနှင့် ပါရမီနည်းသူတို့ ရှိကြပေ၏။ ကြယ်တာရာ သားရဲများတွင်လည်း သန်မာသည့် သွေးမျိုးဆက်နှင့် အားနည်းသည့် သွေးမျိုးဆက်တို့ ရှိကြသည်။
သွေးမျိုးဆက် မြင့်မားလေ နောင်ကာလ၌ ဆင့်ကဲပြောင်းလဲနိုင်သည့် ဒီဂရီ ပိုမြင့်လေဖြစ်သည်။ ပုံရိပ်ယောင် ကြောင်အ​နေဖြင့် သူမသည် အခြားသူများအား ခြောက်လန့်ရုံသာ ခြောက်လန့်ခဲ့ပြီး မည်သူ့ကိုမှ မသတ်ဖြတ်ခဲ့ပေ။ နောက်ပြောင်ရုံမျှသာ ဖြစ်သောကြောင့်လည်း သူမကို သတ်ရန် မလိုချေ။
” အခု မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ တစ်ခုက မင်း ငါ့ကို မင်းရဲ့သခင်အဖြစ် အသိအမှတ်ပြုပြီး ငါ့ရဲ့ ကြယ်တာရာ သားရဲအဖြစ် နေလိုက်”
” မဖြစ်နိုင်တာ”
ဟွမ်လျိုလီသည် ချက်ချင်းပင် ဒေါသထွက်သည့် အမူအရာဖြင့် ငြင်းပယ်လိုက်၏။
” ဆရာကြီး။ ဆရာကြီးရဲ့ ကျင့်ကြံဆင့်က အစွမ်းထက်တယ်ဆိုပေမဲ့ ကြယ်တာရာ သားရဲတွေမှာ ကိုယ်ပိုင် ဂုဏ်သိက္ခာရှိတယ်။ ကြယ်တာရာ သားရဲတွေက ဘယ်တော့မှ ကျွန် မခံဘူး”
ယဲ့ရှောင်က သက်ပြင်းချလိုက်လေ၏။
” ဒါဆိုလည်း မင်းမှာ ဒုတိယ ရွေးချယ်မှုတစ်ခုပဲ ကျန်တော့တယ်”
ပြောပြီးသည်နှင့် သူ၏ ညာဘက်လက်ကို ထပ်မြောက်လိုက်ပြန်သည်။ လွန်ကဲခြင်း စွမ်းအား ဓားမော့ဆန္ဒက ထပ်မံ ဖွဲ့တည်လာပြန်၏။
ဟွမ်လျိုလီ၏ မျက်နှာထက်က ညစ်ကျယ်ကျယ် အမူအရာက ပျောက်ကွယ်သွားတော့သည်။
” ဆရာကြီး။ ကျွန်မ လုပ်သမျှက ရှင့်ရဲ့ ကြယ်တာရာ အိမ်မွေးသားရဲဖြစ်ဖို့ ငြင်းပယ်လိုက်ရုံပဲလေ။ ဘာလို့များ ဓားမော့ကို ဝေ့ရမ်းနေတာလဲ။ ယဥ်ကျေးမှု မရှိလိုက်တာ”
ယဲ့ရှောင်က သူ၏ ဓားမော့ဆန္ဒကို ထပ်မံ ရုပ်သိမ်းလိုက်ပြန်သည်။
” မင်း ပထမဆုံး ရွေးချယ်မှုကို မရွေးချယ်နိုင်ဖူးလား”
သူ ပြောပြီးသည်နှင့် ဟွမ်လျိုလီကို ခုခံရန် အခွင့်အရေး မပေးတော့ပေ။ လက်ဖျောက်တီးလိုက်ပြီးနောက် သွေးစက်တစ်စက်က ဟွမ်လျိုလီ၏ နဖူးဆီသို့ ၀င်ရောက်သွားတော့၏။ တစ်စက္ကန့်အတွင်း သူနှင့် ဟွမ်လျိုလီ၏ ၀ိညာဥ်ရေးရာ စာချုပ်က ပြီးစီးသွားတော့သည်။
သူမ၏ နေရာ၊ ၀ိညာဥ်၊ ဒဏ်ရာနှင့် ကျင့်စဥ် စသည်တို့ကို အကြမ်းဖျဥ်း အာရုံခံလာနိုင်သည်။
ဟွမ်လျိုလီက သူ အန္တရာယ် ရှိနေသည့်အချိန်တွင်လည်း အာရုံခံမိနိုင်သည်။ သို့သော် ကျန်ရှိသည့် သူ့အကြောင်းများကို အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။
တစ်လလျှင် ယွမ်တစ်ရာဖြင့် ငှားရမ်း၍ ရသော အိမ်က ထိပ်တန်းအဆင့် သွေးမျိုးဆက်ရှိသည့် ချီရှန်းအဆင့် ကြယ်တာရာ သားရဲ ပုံရိပ်ယောင် ​ကြောင် အိမ်မွေးတစ်ကောင်ကို အမှန်တကယ် ရလာမည်ဟု သူ မထင်ထားပေ။
” ကံကောင်းလိုက်တာ”
” ဘာ့ကြောင့် သာမန်နာမ်စားကို သုံးနေတာလဲ”
ဟွမ်လျိုလီသည် မူလက အလွန်စိတ်မပျော် ဖြစ်နေခဲ့ပြီး ယဲ့ရှောင် ထိုမေးခွန်းကို မေးလိုက်ချိန်တွင် မဲ့ပြုံးက ပေါ်လာတော့သည်။
သူမက မှေးအနည်းငယ် မော့လိုက်ပြီး ဂုဏ်ယူ၀င့်ကြွားစွာ ပြောလိုက်တော့၏။
” အရင် မိသားစု ဒီအိမ်ကို ပထမဆုံးအကြိမ် ရောက်လာတုန်းက ဒီအိမ်က မီး အဖြတ်မခံရသေးဘူးလေ။ တီဗီလို့ ခေါ်တဲ့နေရာမှာ ဇာတ်လမ်းတွဲတွေ လာနေတာ။ အဲဒီထဲမှာ ချောင်ကျန့်ချွင်းလို့ ခေါ်တဲ့ ဇာတ်ကောင်က ပြိုင်ဘက်ကင်းပဲလေ။ သူက အရမ်း အစွမ်းထက်တာ”
” သူက ယဥ်ကျေးတဲ့ နာမ်စားကိုပဲ သုံးတယ်။ ဒါကြောင့် အရမ်းအစွမ်းထက်တဲ့ သူက ဒီလိုသုံးတယ်ဆိုရင် ထူးခြားတယ်လို့ မှတ်လိုက်တာ”
ယဲ့ရှောင်က မျက်နှာ အနည်းငယ် ရှုံ့မဲ့သွားလေ၏။
ထိုကြောင်မလေးက ဦးနှောက်မရှိဖြစ်နေလိမ့်မည်ဟု သူ မထင်ထားပေ။
” အဲဒီ ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းကိုရော ကြည့်ပြီးပြီလား”
ဟွမ်လျိုလီက ခေါင်းခါလိုက်သည်။
” မကြည့်ရသေးဘူး။ ညရောက်ရင် ငါ့ဘာသာ တီဗီဖွင့်ပြီး အဆုံးထိ ကြည့်မလို့ပဲ။ ဒါပေမဲ့ သူတို့က အ​ကြောင်းပြချက်မသိရပဲ တီဗီကြီး ပြန်သယ်သွားကြတယ်”
ယဲ့ရှောင်၏ မျက်နှာက ထပ်မံပြီး ရှုံ့မဲ့သွားပြန်၏။
လူတိုင်းက ခြောက်လန့်ခံနေရတာ ဖြစ်သည်။ သူတို့၏ တီဗီက ညတိုင်း အလိုအလျောက် ထပွင့်နေလျှင် လွတ်ပစ်လိုက်နိုင်သည်။ သို့သော် သူတို့၏ တီဗီကို ပြန်သယ်သွားသည်မှာ ကံကောင်းလေ၏။ ထိုသို့မဟုတ်လျှင် ဂေါက်ကြောင်မလေးက အရှက်ကွဲပြီး သေသွားနိုင်သည်။ သူက ချောင်း အနည်းငယ် ဟန့်လိုက်ပြီး ထပ်ပြောလိုက်လေ၏။
” ဒီနေ့က စပြီး ဒီအိမ်ကို ငါ ငှားလိုက်ပြီ”
ဟွမ်လျိုလီက အနည်းငယ် ထိတ်လန့်သွား၏။ ထိုလူ ထိုမျှ ချမ်းသာလိမ့်မည်ဟု သူ မထင်ထားပေ။ ဤအိမ်က ငှားရမ်းရန်အတွက် လူသားများအတွက် စျေးသက်သာပုံ မရချေ။ သူမက မအံ့သြတော့။
” ချမ်းသာတာက ဒီလောက် ထူးခြားလို့လား။ တစ်နေ့ သူ သေသွားတဲ့အချိန် ငါ လွတ်မြောက်မှာပဲ။ အဲဒီအချိန်ရောက်လာရင် နင့်ရဲ့ ပိုက်ဆံတွေက ငါ့အပိုင် ဖြစ်လာပြီ”
” မင်းက ငါ့ရဲ့ ကြယ်တာရာ သားရဲဖြစ်လာပြီဆိုတော့ ဒီနေ့က စပြီး အပေါ်ထပ် အောက်ထပ် သန့်ရှင်းရေးကို တာ၀န်ယူရမယ်။ ငါ့အတွက် လက်ဖက်ရည်နဲ့ ရေတွေ သယ်လာရမယ်။ ငါ့ရဲ့ ကျောနဲ့ ခြေထောက်ကိုလည်း နှိပ်နယ်ပေးရမယ်။ ဆောင်းရာသီကျရင်လည်း ငါမအိပ်ခင် အိပ်ယာကို နွေးနေအောင် အရင် လုပ်ထားပေးရမယ်”
ဟွမ်လျိုလီက ဒေါသထွက်ပြီး ငြင်းတော့၏။
” ဒါက မဖြစ်နိုင်တာပဲ။ ငါက ကြယ်တာရာ သားရဲဆိုပေမဲ့ ကျွန်မရဲ့ ဂုဏ်သိက္ခာ ရှိသေးတယ်။ အလွန်ဆုံးမှ တိုက်ပွဲထဲမှာပဲ ကူပေးလို့ ရမယ်။ လက်ဖက်ရည်နဲ့ ရေ ကမ်းပေးတာက သေချာပေါက် မဖြစ်နိုင်ဘူး”
ယဲ့ရှောင်က ဂရုမစိုက်ချေ။ သူက ညာလက်ကို ထပ်မြောက်လိုက်ပြန်၏။
” နဂါးနဲ့ ကျားလို့ ခေါ်တဲ့ နာမည်ကျော် ဟင်းလျာတစ်ခုရှိတယ်။ ပါ၀င်ပစ္စည်းက ကြယ်တာရာ သားရဲတစ်ကောင်ပဲ”
ဟွမ်လျိုလီ၏ အမူအရာက သုန်မှုန်သွားတော့၏။
” ကျေးဇူးပြုပြီး ထိုင်ပါဦး။ သခင်။ သခင့်အတွက် သစ်သီးတချို့ သွားဆေးကြောလိုက်ပါ့မယ်။ မနေ့ကတုန်းက စူပါမားကပ်စ်ကနေ ခိုးလာတာ။ အားလုံးက လတ်ဆတ်နေရောပဲ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်ပြီး ဆိုဖာတွင် ထိုင်ကာ အနားယူလိုက်၏။ ဟွမ်လျိုလီက သစ်သီးများ ဆေးကြောရန် မီးဖိုချောင်သို့ အမြန်ပြေးသွားလိုက်သည်။
ဟွမ်လျိုလီ ထွက်သွားတာကို မြင်သည့်အခါ ယဲ့ရှောင်က နောက်ထပ်လုပ်ရမည့်အရာများကို စတင် အစီအစဥ်ချတော့၏။
ဤနေရာရှိ ပတ်၀န်းကျင်က မဆိုးပေ။ သူက အဆောင်တွင် နေထိုင်ရတာ ငြီးငွေ့နေပြီ ဖြစ်သည်။ ထို့ကြောင့် သူ ရံဖန်ရံခါ လာရောက် အနားယူနိုင်၏။ ဟွမ်လျိုလီက ဤနေရာအား စောင့်ကြပ်ထားသောကြောင့် အပြင်လူများအား ၀င်ခွင့်ပေးလိမ့်မည် မဟုတ်ချေ။ ယင်းက သူ၏ ကိုယ်ရေးကိုယ်တာကို လုံခြုံစေနိုင်၏။ ထို့အပြင် နောင်တွင် သူ လေ့ကျင့်ချိန်၌ ဟွမ်လျိုလီကိုလည်း လေ့ကျင့်ပေးရန် တွေးတောထား၏။
သူမ၏ သွေးမျိုးဆက်နှင့် ပါရမီက အလွန်သန်မာ၏။ သူမ လေ့ကျင့်လိုက်လျင် အံ့ဖွယ် ဂိုဏ်းမှ လူတစ်ယောက်ထက် အားနည်းမည် မဟုတ်ချေ။ သူမကလည်း သူ၏ ညာလက်ရုံး ဖြစ်လာပေလိမ့်မည်။
ကြယ်တာရာ သားရဲများက လူများကို သူတို့၏ ကျွန်များအဖြစ် အသုံးပြုကြပြီး သူတို့ကို ကျား နတ်ဆိုးအဖြစ် သိကြလေသည်။ လူများက သူတို့ကို အိမ်မွေး တိရိစ္ဆာန်များအဖြစ် အသုံးပြုချိန်တွင်လည်း ကြယ်တာရာ အိမ်မွေးများအဖြစ် သိကြပေ၏။
လူသားများကြားတွင် ၀ိညာဥ်ရေးရာကို ကျင့်ကြံသည့် ကျင့်ကြံသူများစွာ ရှိပေ၏။ သူတို့အတွက် တိုက်ခိုက်ပေးရန် ကြယ်တာရာ သားရဲများကို ထိန်းချုပ်ရာတွင် ကျော်ကြားပေ၏။ သို့သော် ကြယ်တာရာ သားရဲများက လူသားများကို ထိခိုက်ခြင်း မရှိအောင် တင်းတင်းကျပ်ကြပ် စောင့်ကြပ်ခံထားရတာပဲ ဖြစ်သည်။
အပိုင်း ၁၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset