စာကြည့်တိုက် တာအိုသခင်
အပိုင်း (၁၂) ငါက ကြီးကြပ်ရေးမှူးလေး တစ်ယောက်ပဲ
သရုပ်ဆောင်ရမယ်။ တုံးချင်ယောင်ဆောင်ရမယ်
” ဘာကို ဆိုလိုတာလဲ”
ကုဟိုင်က အထင်သေးသည့်အကြည့်ဖြင့် ကြည့်လာလေ၏။
” မင်း ဟုန်ဆဲ့လမ်မန့်ကို ဘာကြောင့် ဘာတော့မှမသွားလဲဆိုတာ အံ့သြနေတာလေ၊ မင်း အသားဖြူဖြူလှလှပပ ခြေတံရှည်ရှည်မိန်းကလေးတစ်ယောက်လောက် ရှာတွေ့နိုင်လိမ့်မယ်”
“၊“
သူ မျက်မှောင်အနည်းငယ်ကြုတ်သွားတာ ပြေလျော့သွား၏။
” မင်း စိတ်လွတ်နေပြီလား၊ ငါ့မှာ ချစ်သူမရှိဘူး”
” အိုး၊ ပြီးတော့ မင်းမရှိဘူးလို့ ပြောသေးတာကို၊ မင်း ဧရိယာထဲက ထိုင်နေတဲ့ မိန်းကလေးက ဘယ်သူလဲဆိုတာ သိချင်မိတယ်”
ကုဟိုင်က မလှမ်းမကမ်းက ချင်ယွိယန်ကို အစာမကြေစွာ လက်ညိုးထိုးပြလိုက်၏။
ယဲ့ရှောင်သည် သူမကို မြင်သည့်အချိန်၌ အနည်းငယ်အံ့သြသွား၏။ ဒီတော့ သူမကိုး၊။ ယမန်နေ့က သူမသည် ဒီနေရာ၌ ကျောင်းသားကတ် ပြုတ်ကျကျန်ခဲ့သည်။ သို့သော် ယခုအချိန်တွင် သူမကို သိသည်ဟု ပြောခဲ့လျှင် ကုဟိုင်ကို နားလည်မှုလွဲစေမှာ မလွဲမသွေပင် ဖြစ်သည်။ ထို့ကြောင့် သူက ခေါင်းခါကာပြောလိုက်လေ၏။
” ငါ သူ့ကို မသိဘူး”
အမှန်တကယ်တွင် ချင်ယွိယန်ကို သူ မသိပေ။ သူသည် သူမကို သုံးလေးကြိမ်သာ စကားပြောခဲ့ဖူးသည်။
” သူ့ကို မင်း တကယ်မသိဘူးလား”
” ဟုတ်တယ်”
” ကောင်းပြီလေ၊ ငါ သူ့နံပါတ်သွားတောင်းမယ်”
ကုဟိုင်က အမြန်သွားပြီး လူပါးဝသည့်အကြည့်ဖြင့် မေးလိုက်လေ၏။
” မင်္ဂလာပါ၊ ကျွန်တော်က”
” ထွက်သွား”
ကုဟိုင်ပြောပြီးတောင် မစောင့်ဘဲ သူမက စကားတစ်ခွန်းပြောလိုက်သည်က ကုဟိုင်မျက်နှာပေါ်ရှိ အပြုံးကို ချက်ချင်းရပ်တန့်သွားစေ၏။
သူက နှာခေါင်းပွတ်ပြီး အနေရခက်စွာ ချက်ချင်းထွက်သွားတော့သည်။ ယဲ့ရှောင်က သူ့ဆီ လျှောက်လာလေ၏။
” ငါ မင်းကို လိုက်ပို့ပေးမယ်၊ မြန်မြန်ဆန်ဆန် ထွက်စားကြတာပေါ့”
ကုဟိုင်က သူ့ကို မကျေမချမ်းကြည့်လိုက်လေ၏။
” စား စား စား၊ မင်းက ဘယ်လိုစားရမလဲဆိုတာပဲ သိတယ်၊ နတ်ဘုရားတွေက မင်းကို ဒီလောက်ကြည့်ကောင်းတဲ့ ရုပ်ရည်ပေးထားလည်းဆိုတာ နားမလည်နိုင်ဘူး၊ လောင်ယဲ့။ ငါ ဒီလို ပြောချင်နေတာ မဟုတ်ပေမဲ့ မင်းက တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးနေတာပဲ၊ အနှေးနဲ့ အမြန် မင်း နောင်တရလာလိမ့်မယ်”
ယဲ့ရှောင်က ပြုံးရုံသာပြောပြီး မငြင်းခဲ့ပေ။ ကုဟိုင်ပြောတာ မှန်ကန်ပေ၏။ သွင်ပြင်အရ သူက အမြဲတမ်း ကံကောင်းပေသည်။ သူ၏ ခွန်အားက တဖြည်းဖြည်းချင်းတိုးတက်လာနေပုံရကာ သူ၏ မမြင်ရသော အရှိန်အဝါတို့ကလည်း ဆက်လက်တောက်ပလာနေ၏။ ကံဆိုးသည်မှာ သူက ထိုကဲ့သို့ ခံစားချက်မျိုးကို မကြိုက်ပေ။ ယခုအချိန်တွင် သူက တစ်ကိုယ်ထဲနေရခြင်း၏ လွတ်လပ်မှုကို နှစ်ခြိုက်သည်။
ကျန်သည့် ရှုထောင့်မှဆိုလျှင် သူ၏ ရုပ်ရည်သွင်ပြင်ကို လုံလောက်အောင် ယုံကြည်ချက်ရှိရုံမျှသာ ဖြစ်ပေသည်။ သူက ချစ်သူတစ်ယောက် ရှာချင်ခဲ့လျှင် အချိန်မရွေး ရှာနိုင်ပေ၏။ ထို့ကြောင့် အလျင်လိုစရာ မလိုအပ်ပေ။
နှစ်ယောက်သား နေ့လယ်စာစားပြီးနောက် ကုဟိုင်သည် အဆောင်သို့ ပြန်သွားသည်။ ပုံမှနိအတိုင်းက ယဲ့ရှောင်က စာဖတ်ရန် ရောက်လာလေ၏။ မကြာမီ၌ ချင်ယွိယန်က လျှောက်လာသည်။ မသေချာမရေရာပုံဖြင့် သူမက ဂရုတစိုက် မေးလိုက်လေသည်။
” အမ်၊ ကျွန်မ တစ်ခုလောက်မေးချင်လို့၊ ဒီမှာ ကျွန်မကျောင်းသားကတ်ကို တွေ့မိသေးလား”
ယဲ့ရှောင်က စာအုပ်ကနေ ခေါင်းမခွာဘဲ ပြောလိုက်လေသည်။
” ဘယ်ဘက်ခြမ်းက စာအုပ်စင်ရဲ့ ညာဘက်ထောင့်အပေါ်ကို ကြည့်”
ချင်ယွိယန်က မှင်တက်သွား၏။ သူမက လျှောက်လာပြီးနောက် စစ်ဆေးကြည့်လိုက်၏။ ထင်သည့်အတိုင်း သူမ၏ ကျောင်းသားကတ်ကို ရှာတွေ့သွားတော့သည်။
မြန်မြန်လေး လျှောက်လာ၏။
” ကျေးဇူးတင်ပါတယ်၊ ကျွန်မ လမ်းပေါ်မှာ ကျကျန်ခဲ့တယ်လို့ ထင်သွားတာ”
” ရပါတယ်”
ယဲ့ရှောင်က သာမန်သာ ပြန်ပြောလိုက်သည်။ သူ၏ အေးတိအေးစက်သဘောထားက ချင်ယွိယန်ကို အနည်းငယ်အနေရခက်စေ၏။ သူမသည် ဤကဲ့သို့ အေးစက်သော သဘောထားကို ယခင်က တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။
သို့သော် အနီးကပ်ကြည့်မိသည့်အချိန်၌ ထို ကြည့်ကြပ်သူက အမှန်တကယ် ကြည့်ကောင်းပေသည်။ သူ့နား၌ မိန်းကလေး မပြတ်လတ်တာ ဖြစ်နိုင်ပေ၏။ ထို့ကြောင့် သူ့အဖို့ သူမကို ဂရုမစိုက်တာ သာမန်ပဲ ဖြစ်သည်။
” အွန်း၊ ကျွန်မ နောက်ထပ်မေးခွန်းတစ်ခု မေးလို့ရမလား”
ယဲ့ရှောင်က မျက်ခုံးအနည်းငယ်ပင့်ပြီးနောက် သူ့လက်ထဲရှိ စာအုပ်ကို ချလိုက်လေ၏။
” ပြောပါ”
” ကျွန်မ ဓားမော့ကျင့်စဥ်အကြောင်း လေ့လာချင်လို့၊ ဒါပေမဲ့ ဒီမှာက များလွန်းတယ်၊ ရှင်က ကြည့်ကြပ်သူတစ်ယောက်ဆိုတော့ ဒီက စာအုပ်အများစုကို သိနေမယ်လို့ ထင်တယ်၊ ဘယ်ဟာက ပိုကျော်ကြားပြီး ပိုကောင်းတဲ့ ဓားမော့ကျင့်စဥ်တွေအကြောင့် ကျွန်မကို ထောက်ခံပေးနိုင်မလား”
ယဲ့ရှောင်၏ အကြည့်က သူမ၏ ညာလက်ဆီသို့ ရောက်သွားသည်။ သူမ၏ လက်ညိုးနှင့် လက်ဖဝါး၏ ထောင့်ကိုကြည့်လိုက်၏။ ယင်းက နုညံ့ပုံပေါ်သေးသော်ငြား ကျန်သည့်အစိတ်အပိုင်းများနှင့် ယှဥ်လျှင် အနည်းငယ်မာနေပေသည်။
သူမသည် ဓားမော့ကျင့်စဥ်အကြောင်း မသိဟု ဆိုလိုခြင်းက ဓားကျင့်ကြံသူတစ်ဦး ဖြစ်နိုင်၏။
သူမသည် ယဲ့ရှောင်၏ မျက်ဝန်းများမှ သူမ၏ ဖြစ်စဥ်ကို မဖုံးကွယ်ထားနိုင်ပေ။ သူမက ဟို့ထျန်းပဥ္စမအဆင့် ရောက်နေပြီဖြစ်သည်။ ဤ အသက်အရွယ်တွင် ဟို့ထျန်းပဥ္စမအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့ခြင်းက သူမ၏ ပါရမီသည် မဆိုးဝါးပေ။
သူမက ဓားမော့ကျင့်စဥ်ကို ပြောင်းလဲကျင့်ကြံမည်ဆိုလျှင် အချိန်ဖြုန်းတီးရာ ရောက်ပေမည်။ ဓားကျင့်စဥ်၌ သူမ၏ စုဆောင်းမှုများ နှစ်ပေါင်းများစွာ အတွေ့အကြုံများကို ဖြုန်းတီးရာလည်း ရောက်မည်။ သို့သော် ယင်းက သူနှင့် ဘာသက်ဆိုင်သနည်း။ ကျန်သည့်အရာကို လေ့လာကျင့်ခြင်းက သူမ၏ ရွေးချယ်မှု ဖြစ်သည်။ သူက ကြည့်ကြပ်သူတစ်ယောက်အနေဖြင့် သူ၏ တာဝန်ကိုသာ လုပ်ဆောင်ရန်လိုအပ်သည်။ နှစ်စက္ကန့်ခန့် တိတ်ဆိတ်နေပြီးနောက် သူက ဆက်ပြော၏။
” လူတွေက ကွဲပြားခြားနားတဲ့ ကျင့်စဥ်တွေကို ရွေးချယ်ခွင့်ရှိတယ်၊ ဒါပေမဲ့ သူတို့အတွက် မသင့်တော်တာလည်း ဖြစ်နိုင်တယ်၊ ပြောရရင် ဓားမော့ကျင့်စဥ်ကို ကျင့်ကြံသူအများစုက အမျိုးသားတွေပဲ၊ ဒါ့အပြင် အမျိုးသားတွေကျင့်ကြံတဲ့ ဓားမော့ကျင့်စဥ် အများစုက အကွာအဝေးကျယ်တဲ့ တိုက်ကွက်တွေပဲ”
” ပဥ္စမအဆင့်ရဲ့ သတ္တမမြောက် စာအုပ်က နှင်းကြွေဓားမော့ပဲ။ သိမ်မွေ့ပြီး ကျော့ရှင်းတဲ့ ဓားမော့ကျင့်စဥ်က ဝိညာဥ်ကုန်ဆုံးမှုနည်းစေပြီး မိန်းကလေးတွေအတွက် သင့်တော်တယ်”
” စတုတ္ထအတန်း ဒုတိယအဆင့် ဆယ့်တစ်အုပ်မြောက် လော့မိသားစုရဲ့ ဓားမော့က ကျစ်လစ်တဲ့အုတ်မြစ်ရှိပြီး ဓားမော့ကျင့်စဥ် စတင်သင်ယူခါစတွေအတွက် သင့်တော်တယ်”
” ပထမအဆင့်ရဲ့ ပထမတန်း ဆဋ္ဌမမြောက်စာအုပ်က မြေခွေးအမဲလိုက်ခြင်းဓားမော့ပဲ၊ သူက အမျိုးမျိုးသော ပြောင်းလဲနေတဲ့ လှုပ်ရှားတွေနဲ့ ထူးဆန်းတဲ့ဓားမော့ကျင့်စဥ် တစ်မျိုးပဲ၊ ရန်သူအပေါ် ဆန်းကြယ်တဲ့ အာနိသင်ရှိစေတယ်”
” စတင်သူတွေအတွက် အဲဒီ ဓားမော့ကျင့်စဥ်သုံးမျိုးကို စတင် ဖတ်ရှုလို့ရတယ်”
ချင်ယွိယန်က အံ့သြသွားလေ၏။
” အံ့သြစရာပဲ၊ ဓားမော့ကျင့်စဥ်အပေါ် ရှင့်ရဲ့ လေ့လာထားမှုက အတော်လေးနက်နဲတဲ့ပုံပဲ၊ ရှင့်ရဲ့ ခွန်အားက အတော်ထူးခြားရမယ်၊ ဟုတ်တယ်မလား”
ဆိုရလျှင် သူမက ယဲ့ရှောင်ကို သူမအတွက် ထောက်ခံချက်ပေးရန် ဓားမော့ကျင့်စဥ်တစ်ခုကိုသာ တောင်းဆိုခဲ့တာ ဖြစ်သည်။ သို့သော် သူမအတွက် အလွန်သင့်တော်သည့် ဓားမော့ကျင့်စဥ်သုံးမျိုးကို ရွေးချယ်ခဲ့ပြီး တစ်ခုချင်းဆီ၏ အားသာချက်ကိုတောင် ပြောပြခဲ့သည်။
” မင်း အတွေးလွန်နေတာပဲ၊ ငါ့ရဲ့ ခွန်အားက ထူးကဲနေရင် ငါက ကြီးကြပ်သူတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး၊ ဒါ့အပြင် ငါ့ရဲ့ ကိုယ်ပိုင်ဧရိယာထဲက ကျင့်စဥ်တွေအကြောင်းပဲ သိတာ၊ ကျန်တဲ့အပိုင်းတွေကတော့ ငါ များများစားစား မသိဘူး”
ချင်ယွိယန်က ခေါင်းညိတ်လိုက်သည်။ ယဲ့ရှောင် ပြောတာလည်း မှန်ကန်ပေ၏။ ကျင့်ကြံဆင့် နက်နဲသည့်သူက အစောင့်တပ်ဖွဲ့ သို့မဟုတ် ကုမ္မဏီကြီးများ၏ ရွေးကောက်ခြင်းကို ခံရမည်သာ ဖြစ်သည်။ သူတို့သည် ဤနေရာ၌ ကြည့်ကြပ်ရေးမှူးလေးတစ်ဦးအဖြစ် အဘယ်ကြောင့် လုပ်ကိုင်နေမည်နည်း။
ထို့အပြင် ကြည့်ကြပ်သူတစ်ဦးအနေဖြင့် သူက နယ်ပယ်ရှိ ကျင့်စဥ်များ၏ ပုံစံ လက္ခဏာတို့ကို သိတာ သေချာသည်။ ထို့ကြောင့် ယင်းက နားလည်နိုင်ပေ၏။
” ကျေးဇူးတင်ပါတယ်”
” ရတယ်”
သူက ပြန်ပြောပြီးနောက် ခေါင်းငုံ့ကာ စာ ဆက်ဖတ်တော့သည်။ ချင်ယွိယန်က သူမကို သူ စကားထပ်မပြောချင်တော့မှန်း သိနေသောကြောင့် ထိုစာအုပ် သုံးအုပ်ကို သွားရှာပြီး ငှားရမ်းရန်အတွက် ပထမအလွှာရှိ ခန်းမဆီသို့ သွားလိုက်သည်။
စာကြည့်တိုက်ထဲတွင် စာအုပ်များငှားရမ်းရန် နည်းလမ်းနှစ်မျိုးရှိ၏။ လူတစ်ဦးသည် ဧရိယာအတွင်းရှိ စာအုပ်ကို ကြည့်ကြပ်သူထံမှ ငှားယူနိုင်ပြီး နောက်တစ်နည်းကမူ ပထမအလွှာရှိ ခန်းမကို သွားရမှာပဲ ဖြစ်သည်။
ယဲ့ရှောင်သည် နှောင့်ယှက်ခံရတာကို မကြိုက်မှန်း ချင်ယွိယန် သိနေ၏။ ထို့ကြောင့် သူမအတွက် သူ့ကို လုပ်ငန်းဆောင်တာများ မလုပ်ခိုင်းတော့ပေ။ ယဲ့ရှောင်အတွက်မူ သူက သူ့ကိုသူ အထင်ကြီးလွန်းနေပြီး ကူးယူသူများ၏ ခွန်အားကို အထင်သေးနေတာပဲ ဖြစ်သည်။ မနက်ခင်း၌ သူသည် ကျင့်စဥ် နှစ်ရာနည်းပါး ဖတ်ရှုခဲ့ပြီး သူတို့ထဲမှ အခြေခံစိတ်စွမ်းအားကျင့်စဥ် သုံးမျိုးကို ရွေးချယ်ခဲ့သည်။ မွန်းတည်းချိန်မှ ညအချိန်ထိ သူသည် စာအုပ်တစ်ထောင်နီးပါး ဖတ်ရှုခဲ့၏။ သို့သော် အားကိုးအားထားလောက်ဖွယ် အခြေခံစိတ်စွမ်းအားကျင့်စဥ်တစ်မျိုးသာ ရခဲ့သည်။ ကျန်သည့်အရာများအားလုံးက ကူးယူထားခြင်းမျှသာ ဖြစ်သည်။
သို့သော် ကံဆိုးသည်ဟူ၍ သတ်မှတ်၍ မရပေ။ ရွေးချယ်နေသည့်အတောအတွင်း ယဲ့ရှောင်က အခြေခံဓားကျင့်စဥ်တစ်မျိုးကိုလည်း ရှာတွေ့ခဲ့၏။ ထို့ကြောင့် သူ၏ အခြေခံဓားကျင့်စဥ်က စုစုပေါင်းရှစ်မျိုးထိရောက်လာသည်။ ရွှေရောင်စာအုပ်အတွင်း၌ အခြေခံဓားကျင့်စဥ်အကြောင်း မှတ်တမ်းတင်ထားသည့် စာမျက်နှာရှစ်မျက်နှာက ရွှေရောင်အလင်းဖျော့ဖျော့ စတင်ပေါ်ထွက်လာပြီ ဖြစ်သည်။ ဆိုလိုသည်က သူသည် ပိုမြင့်သည့်အဆင့်ထိရောက်အောင် ဓားကျင့်စဥ်တစ်မျိုးကို ပေါင်းစည်းနိုင်တော့မှာ ဖြစ်သည်။ သူက အခြေခံဓားကျင့်စဥ် တစ်မျိုး၊ နှစ်မျိုးသာ လိုအပ်တော့၏။
အပိုင်း (၁၂) ပြီး၏။