Switch Mode

Chapter – 8

ကြယ်သားရဲ အဓိကရုန်း၊ ဘယ်သူက တာဝန်ရှိသူလဲ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း (၈) ကြယ်သားရဲ အဓိကရုန်း၊ ဘယ်သူက တာဝန်ရှိသူလဲ။

ယဲ့ရှောင်သည် အလုပ်မဆင်းခင်အထိ စိတ်စွမ်းအားကျင့်စဥ်များအကြောင်း နောက်ထပ်စာအုပ်တစ်အုပ်ကို ထပ်မံဖတ်ရှုလိုက်သည်။ နောက်ဆုံးတွင် သင့်တော်သည့် စိတ်စွမ်းအားကျင့်စဥ်ဖြစ်သည့် နဂါးပင်လယ်ထဲသို့ ကူးခတ်ခြင်းကို ရှာတွေ့သွားသည်။
ယခုအချိန်တွင် သူက စိတ်စွမ်းအားကျင့်စဥ်သုံးမျိုးကို စုဆောင်းခဲ့ပြီ ဖြစ်သည်။ သူသည် စိတ်စွမ်းအားကျင့်စဥ်မျိုးကို ပေါင်းစည်းပြီး အဆင့်မမြင့်တင်ခင် မည်မျှစုဆောင်းရန်လိုအပ်မှန်း သူ မသိရုံသာ ဖြစ်သည်။
ထိုကာလအတွင်း စာအုပ်များကို ရွေးချယ်ခြင်းမှ လွဲပြီး သူ လှုပ်ရှားမှု မရှိပေ။ ထို့အပြင် သူက မိန်းကလေးတစ်ယောက်ကို အမြဲတမ်း နောက်ကျောပေးထား၏။
တင်..။
စာအုပ်ပိတ်ကာ မတ်တပ်ထရပ်ပြီး အကြောဆန့်ကာ ထိုမိန်းကလေးဆီ လျှောက်သွားလိုက်၏။
ချီရှန်းအဆင့်သို့ ရောက်လာပြီးနောက် သူက မသိချင်လျှင်တောင် မီတာအနည်းငယ်အကွာအဝေးရှိ အရာအားလုံးကို သတိပြုမိသည်။ ထို့ကြောင့် ထိုမိန်းကလေးထွက်မသွားသေးပဲ ဓားမော့ကျင့်စဥ်နှင့် သက်ဆိုင်သည့် စာအုပ်များကို ရှာနေသေးဆဲဆိုတာ သူသိသည်။
” စာကြည့်တိုက် ပိတ်သွားပါပြီ၊ ခင်ဗျား အခု ထွက်သွားသင့်ပြီ “
သူမက ယဲ့ရှောင်ကို တွေဝေစွာကြည့်လိုက်၏။ သို့သော် သူမ၏ လက်ကောက်ဝတ်ပေါ်ရှိ နာရီကိုကြည့်မိသည့်အချိန်တွင် တောင်းပန်စကားဆိုလိုက်တော့သည်။
” ကျွန်မ တောင်းပန်ပါတယ်၊ ဖတ်ရှုဖို့အတွက် ဒီစာအုပ်တွေကို ငှားချင်ရုံပါ “
ယဲ့ရှောင်က သူမကို စိုက်ကြည့်လိုက်၏။
” တကယ်လား “
သူမသည် အစောတုန်းက ငှားရမ်းနိုင်သည်။ ထိုသို့တိုင် ယခုကျမှ လာငှားရမ်း၏။ အားလုံးကို စီမံပေးပြီးနောက် သူသည် အနည်းဆုံး ဆယ်မိနစ်ခန့် အချိန်ပိုဆင်းရမှာပဲ ဖြစ်သည်။
” စာကြည့်တိုက်မှာ စည်းမျဥ်းတစ်ခု ရှိတယ်၊ စာကြည့်တိုက် ပိတ်သွားပြီးရင် ဘယ်ကျင့်စဥ်ကိုမှ ငှားလို့မရဘူး၊ မနက်ဖြန်အလုပ်ချိန်မှ ပြန်လာလို့ရတယ် “
သူမ မျက်ခုံးတို့က အနည်းငယ်တက်သွားလေ၏။ ယဲ့ရှောင်၏ ဒေါသအရိပ်အယောင်ကို ခံစားမိပုံရ၏။ ထို့ကြောင့် သူမက စာအုပ်ကို လိမ္မာပါးနပ်စွာ ပြန်ချပြီး ညင်သာစွာ တောင်းပန်လိုက်တော့၏။
” ကျွန်မ တောင်းပန်ပါတယ် “
ပြီးနောက် သူမက လှည့်ထွက်သွားပြီးနောက် သင်းပျံ့သောဇီဇဝါပန်းနံ့တချို့ ချန်ထားရစ်ခဲ့၏။ ယဲ့ရှောင်၏ စိတ်အခြေအနေက ပိုကောင်းလာသည်။ သူမ၏ မွှေးရနံ့ကြောင့် မဟုတ်ပဲ သူမ ထွက်သွားသောကြောင့် ဖြစ်သည်။ နောက်ဆုံးတွင် သူပြန်နိုင်ပြီ ဖြစ်၏။
သူ ထွက်ခွာတော့မည့်အချိန်တွင် စာအုပ်အောက်ရှိ ကျောင်းသားကတ်တစ်ကတ်ကို သတိပြုမိသွားသည်။ စားပွဲပေါ်ကနေ သူသည် ၎င်းကို မ ကြည့်လိုက်၏။ ကတ်က အစိမ်းရောင်ဖျော့ဖျော့ရှိသည်။ ထိုကတ်ပေါ်တွင် တူညီသည့် ဇီဇဝါပန်းရနံ့ရှိပြီး ဓာတ်ပုံလှလှလေးလည်း ရှိနေပေ၏။
ချန်ယွီရန်။ ကျန်းဟိုင်းသိုင်းကျောင်းတော်ရဲ့ ကန်တိုဌာနက စတုတ္ထနှစ်ကျောင်းသူ။
” သူမက လှတာပဲ၊ ဒါပေမဲ့ ကံဆိုးတာက အမြင်မစူးရှဘူး “
ခေါင်းခါလိုက်ပြီးနောက် ယဲ့ရှောင် စားသောက်ဆိုင်သို့ အမြန်ထွက်သွားလိုက်၏။ သူသည် ယခုညတွင် ဘဲကင်တစ်ကောင် မှာချင်သည်။ သို့သော် ယင်းက ဈေးများလွန်းနေသောကြောင့် သူသည် လက်လုပ်ခေါက်ဆွဲဖြင့် ကြက်သားကိုသာ ရွေးချယ်လိုက်တော့သည်။
သူ စားသောက်နေစဥ်၌ ယဲ့ရှောင်၏ ဖုန်းမြည်လာသည်။ ဖုန်းခေါ်သူက ကုဟိုင်ဖြစ်၏။
” ဟယ်လို လောင်ယဲ့၊ ဒီည မင်း အလုပ်များလား “
” မင်း လိုချင်တာရှိရင် ပြောသာပြောလိုက် “
” ဟီ ဟီ၊ ငါတို့အတွက် ကျောင်းသားကတ်ရပြီ၊ ဒါပေမဲ့ ငါ တစ်ခုခု လုပ်စရာရှိသေးတယ်၊ ကျောင်းသားကတ်သွားယူဖို့အတွက် ကျန်းဟိုင်သိုင်းကျောင်းတော်ကို သွားဖို့ အချိန်ရမလား “
” ကောင်းပြီလေ၊ ငါ ဖုန်းချလိုက်ပြီ “
ယဲ့ရှောင်က ရိုးရိုးရှင်းရှင်း ပြန်ပြောလိုက်သည်။ ဖုန်းမချခင် သူ၏ စူးရှသည့် အကြားအာရုံက ဖုန်းကနေ လေးလံသော အသက်ရှူသံကို ကြားလိုက်ရ၏။ ထိုကောင်သည် မရိုးမသား ထပ်ပြုနေတာ ဖြစ်နိုင်၏။
ညစာစားပြီးနောက် ယဲ့ရှောင်သည် ဒုတိယဘတ်စ်ကားကိုစီးကာ ကျောင်းတော်သို့ သွားလိုက်ပြီး ဘဲဥပုံသဏ္ဍာန်မျက်နှာနှင့် ကြည့်ကောင်းသော ပုံပန်းသွင်ပြင်ဖြင့် မိန်းကလေး၏လက်မှ သူသည် ကျောင်းသားကတ်နှစ်ကတ် ရလာခဲ့၏။ သူသည် ချီရှန်းပညာရှင်တစ်ဦးဖြစ်ပြီး ဘတ်စ်ကားတစ်စင်းထက် ပိုမြန်မြန်ပြေးနိုင်သော်ငြား သူ အတိတ်တုန်းက နာမကျန်းဖြစ်နေသည့်အချိန်တွင် လုပ်ခွင့်မရသည့် အရာများကို ပိုမိုတွေ့ကြုံခံစားချင်၏။ ထို့အပြင် သူက ပထမအဆင့် သိုင်းပညာရှင်ဟုသာ ကျန်သည့်သူများက သူ့ကို ယူဆနေကြတာပဲ ဖြစ်သည်။ သူက ဘတ်စ်ကားမစီးဘဲ ထွက်သွားလျှင် သံသယအဝင်ခံရနိုင်သည်။
” ရှင် ဒီလောက် ချောလိမ့်မယ်လို့ မထင်ထားဘူး၊ ဒီည တစ်ခွက်လောက် အတူသွားသောက်ဖို့ စိတ်ဝင်စားလား “
ယဲ့ရှောင်က ဆွံ့အသွား၏။ ယနေ့ခေတ် မိန်းကလေးများက ဘတ်စ်ကားများထက် မောင်းနင်တာ ပိုမြန်ဆန်နေပေသည်။
” ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် မသောက်တော့ပါဘူး “
သူ၏ ပါးနပ်စွာငြင်းပယ်မှုက ဘဲဥပုံမျက်နှာ မိန်းကလေးကို အတော်စိတ်ပျက်သွားစေ၏။
” ဒါဆို ကောင်းပြီလေ၊ နောင်ကျ ရှင် ဒီကို လာကစားချင်ရင် ကျွန်မစောင့်နေမယ် “
ယဲ့ရှောင်က ချောင်းအသာဟန့်လျက် အတော်လေးအနေရခက်စွာ လှည့်ထွက်သွားပြီး သူ့နောက်ရှိ မိန်းကလေးကို ရယ်မောစေတော့၏။
ထောင့်ဘက်သို့ရောက်ပြီးနောက် ယဲ့ရှောင်သည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တော့၏။
” ငါက ချီရှန်းအဆင့် ရောက်နေပြီးပြီဆိုပေမဲ့ ငါ့ရဲ့ စိတ်အခြေအနေ တိုးတက်ဖို့ လိုသေးတဲ့ပုံပဲ “
သူ၏ အတွေးများကို ငြိမ်သွားစေပြီးနောက် ကျန်းဟိုင်၏ ဒေသခံသတင်းချန်နယ်ကို ပြသနေသော ဖန်သားပြင်ကြီးက ကျန်းဟိုင်မြို့၏ ဒေသသတင်းချန်နယ်ကို ပြသနေ၏။
ယူနီဖောင်းကို ဝတ်ထားသည့် ကျက်သရေရှိ ကြော့ရှင်းသော သတင်းတင်ဆက်သူက လေးလံသည့်အမူအရာဖြင့် ပြောလာ၏။
” ကျွန်မတို့တွေ ကြားဖြတ်သတင်း ကြေညာပါမယ်၊ ဒီနေ့ည ၇ နာရီ ၃၂ မိနစ်မှာ ကျန်းဟိုင်မြို့အကျဥ်းထောင်ထဲ ကြယ်တာရာသားရဲတစ်ကောင် သောင်းကြမ်းခဲ့တယ်၊ ထောင်ထဲကနေ ကြယ်တာရာသားရဲ အရေအတွက် တော်တော်များများ လွတ်မြောက်သွားခဲ့ပြီ၊ သူတို့ထဲမှာ ထူးကဲအဆင့်ကြယ်တာရာသားရဲနဲ့ ချီရှန်းအဆင့် ကြယ်တာရာသားရဲတစ်ကောင် ရှိပါတယ် “
” နိုင်ငံသားတို့ ကျေးဇူးပြုပြီး အပြင်မထွက်ကြပဲ အိမ်မှာ သို့မဟုတ် အိမ်မှာနေပြီး အလုပ်ကို ခွင့်ယူကြပါ၊ ကျန်းဟိုင်မြို့စောင့်တပ်က ဒီကြယ်တာရာသားရဲတွေကို ဖမ်းပြီး အမှန်တရား မြန်မြန်ဆောင်ယူပေးမှာပါ “
ယဲ့ရှောင်က အနည်းငယ်မှင်တက်သွား၏။
တစ်စုံတစ်ခုက တကယ်ဖြစ်လာတာလား။ ယခင်က သူသည် မြို့စောင့်တပ်၌ ထိုလူကို မြင်တွေ့ချိန်တွင် ဝေဝါးဝါးခံစားမိပြီး မနက်ခင်း၌ သတင်းဆိုးရှိလာမည်ဟု တွေးမိခဲ့၏။ သို့သော် သူ၏ ခန့်မှန်းချက်များ မှန်လာလိမ့်မည်ဟု မထင်ထားပေ။
သို့သော် မြို့စောင့်တပ်က တစ်ဖက်သူ၏ အထောက်အထားကို အဘယ်ကြောင့် ရှာမတွေ့ရသနည်း။
ချီရှန်းသိုင်းပညာရှင် နန်ကုံးက အကျဥ်းထောင်ထဲတွင် ရှိနေသည်။ ထို့ကြောင့် သူ အဘယ်ကြောင့် ဘာမှ မလုပ်သနည်း။
ထို့အပြင် သူတို့ကို အမည်မသိတောင် အကြောင်းကြားခဲ့သေး၏။ သူက တွေဝေစွာရပ်နေစဥ် မလှမ်းမကမ်း၌ ရုတ်ရုတ်သဲသဲဖြစ်တော့၏။
” ပြေးကြ၊ ကြယ်တာရာသားရဲတစ်ကောင် လာနေပြီ “
တစ်စုံတစ်ယောက်က အော်လိုက်ပြီးနောက် လူအုပ်ကြီးက သုတ်သုတ်ပြာပြာ စတင်ပြေးတော့သည်။ သူတို့အားလုံးက ကျန်းဟိုင်မြို့သိုင်းကျောင်းတော်ထဲတွင် ပုန်းကွယ်နေကြပြီ ဖြစ်သည်။ ယဲ့ရှောင်သည် ထိုအကွာအဝေး၌ တစ်စုံတစ်ခုကို ဖျက်ခနဲတွေ့လိုက်ရသည်။
လမ်းပေါ်တွင် မြို့စောင့်တပ်သားအချို့က ကြောင်ကတိုးတစ်ကောင်ကို ဝိုင်းထားပြီး တိုက်ခိုက်နေ၏။ ကြောင်ကတိုးက အရွယ်အစားအားဖြင့် မီတာဝက်ခန့်သာရှိသော်ငြား အလွန်မြန်ဆန်သည်။
ပိုတောင် ကြောက်မက်ဖွယ်ကောင်းသည်က သူ၏ ခွန်အားသည် နက်နဲလွန်းတာပဲ ဖြစ်၏။ တိုက်ခိုက်လိုပ်သည့်အချိန်တွင် ကြီးမားသည့်တွန်းအားက တိုက်ပွဲရာချီကို ဖြတ်သန်းလာသော မြို့စောင့်တပ်ဖွဲ့ဝင်များကို နောက်သို့ လွင့်ထွက်သွားစေ၏။ သူတို့ တစ်ကိုယ်လုံးက တုန်ယင်နေကြကာ နောက်သို့ တွန်းခံလိုက်ရသည်။
” အဲဒါက ကြယ်တာရာသားရဲလား “
သူသည် မလှမ်းမကမ်းမှ ကြောင်တစ်ကောင်ကိုသာ မြင်ရသော်ငြား မအံ့သြပဲ မနေနိုင်ချေ။ ထိုမျှသေးငယ်သည့် တိရိစ္ဆာန်တစ်ကောင်သည် သူ့ထက် အဆပေါင်းများစွာ မြင့်မားသောလူသားများကို ဖြေရှင်းနိုင်စွမ်းရှိပြီး နေ့ဝက်နီးပါး တိုက်ကွက်တောင် ဖလှယ်နိုင်၏။ ယင်းက သေစေနိုင်သော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်သည်။
သို့သော် ယဲ့ရှောင်၏ မျက်လုံးထဲတွင်မူ သူတို့၏ လှုပ်ရှားမှုများက နှေးကွေးလွန်းနေ၏။ သူတို့၏ ဒဏ်ရာပေါ့ပေါ့ပါးပါးများဖြင့် အကွက်နှစ်ဆယ်ကျော် လှုပ်ရှားပြီးနောက် မြို့စောင့်တပ်သားများသည် ထိန်းထားနိုင်မည်ဟု အလွယ်တကူခွဲခြမ်းနိုင်သည်။
ချီရှန်းသိုင်းပညာရှင်တစ်ဦးအနေဖြင့် သူ၏ အလိုလိုသိစိတ်က မှားယွင်းစရာ မရှိပေ။ သူသည် နောက်ဆုံးရလဒ်ကို သိရန်အတွက် အဆုံးအထိကြည့်နေရန် မလိုချေ။ ထို့ကြောင့် တစ်ချက်သာကြည့်ပြီး မလှုပ်ရှားတာ ဖြစ်၏။
သားရဲများကို သာမန်ကြယ်တာရာသားရဲ၊ ထူးကဲကြယ်တာရာသားရဲ၊ ချီရှန်းကြယ်တာရာသားရဲဟူ၍ ခွဲခြားနိုင်၏။ ယင်းက ကျင့်စဥ်ခွဲခြားပုံနှင့် ဆင်တူပေသည်။ ထူးကဲကြယ်တာရာသားရဲ၏ ခွန်အားက ဆဋ္ဌမမှ နဝမအဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ညီမျှပေသည်။ ချီရှန်း ကြယ်တာရာသားရဲကမူ ချီရှန်းသိုင်းပညာရှင်တစ်ဦးနှင့် ညီမျှသည်။ သို့သော် ဤနေရာရှိ ကြယ်တာရာသားရဲများက ကြက်ပေါက်လေးများသဖွယ် အားနည်းလွန်း၏။ မြို့စောင့်တပ်က သူတို့ကို ဖြေရှင်းရန် လုံလောက်သည်။
ခေါင်းခါပြီးနောက် ယဲ့ရှောင်သည် စာကြည့်တိုက်ဆီသို့ ခပ်သွက်သွက်လေး လျှောက်သွားလိုက်သည်။
သူက ဘတ်စ်ကားလွတ်သွားခဲ့ပြီ ဖြစ်သောကြောင့် ဘတ်စ်ကားစီးရန် စိတ်မပါတော့ပေ။ သူက သွက်သွက်လေးလျှောက်လာစဥ် သူ့နားရှိ မြင်ကွင်းတို့က လျင်လျင်မြန်မြန် ကျန်ရစ်တော့သည်။

အပိုင်း (၈) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset