Switch Mode

Chapter – 7

ကြယ်တာရာသားရဲများနှင့် ကျားနတ်ဆိုးများ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း (၇) ကြယ်တာရာသားရဲများနှင့် ကျားနတ်ဆိုးများ။

နှစ်နာရီခန့်ဖတ်ရှူပြီးနောက် ယဲ့ရှောင်သည် သူ၏ ပန်းတိုင်နည်းက လက်တွေ့မကျဟု ခံစားမိလိုက်သည်။ သူက သက်ပြင်းသဲ့သဲ့ ချလိုက်ပြီးနောက် ရှန်းထျန်း ဒုတိယအဆင့်သို့ ဦးစွာရောက်အောင် ကြိုးစားသည်က ပိုကောင်းမည်ဟု ခံစားမိလိုက်သည်။
ဤနေရာတွင် ကူးယူထားသည့် ဗားရှင်းများက သိပ်များလွန်းနေ၏။ သူသည် နေ့ဝက်ခန့်ကြာပြီးသည့်တိုင် ဇစ်မြစ်ကွဲပြားခြားနားသော ကျန်သည့်ကျင့်စဥ်နှစ်မျိုးကို ရှာမတွေ့နိုင်ပေ။ သူသည် စိတ်ကျင့်စဥ်အချို့ကို ရှာဖွေရန် အကောင်းဆုံးကြိုးစားကြည့်ရန်သာ လိုအပ်နေပြီး အဆင့်မြင့်စိတ်ကျင့်စဥ်ကို စုပေါင်းရန်အတွက် မြန်နိုင်သမျှမြန်မြန် ကြိုးစားကာ သူ၏ ဝိညာဥ်စွမ်းအား ပြန်ကောင်းသည့်နှုန်းကို တိုးလာအောင်ပြုလုပ်ရမှာပဲ ဖြစ်သည်။ ထိုနည်းဖြင့် သူ၏ ကိုယ်ပိုင်တိုက်ပွဲဝင်ခွန်အားကလည်း တိုးတက်လာပေမည်။ ထို့ကြောင့် ယဲ့ရှောင်က သူ၏ လမ်းကြောင်းကို အရှိန်လျော့လိုက်ပြီးနောက် လက်တလောတွင် သူ ဖတ်နေသော ကြယ်တာရာသားရဲမှတ်တမ်းကို ဆွဲထုတ်လိုက်၏။
ယင်းက အတွဲလိုက်စာအုပ်တစ်အုပ်ဖြစ်ပြီး အတွဲသစ်များက ရံဖန်ရံခါ ထွက်လာတက်သည်။ အဓိကအကြောင်းအရာက ကြယ်တာရာသားရဲ စွယ်စုံကျမ်းနှင့် ညီမျှပေ၏။ ယင်းက သူ ယခင်ဘဝတုန်းက တောင်တန်းနှင့် ပင်လယ် အကြမ်းဖျဥ်း အနည်းငယ် တူ၏။
သို့သော် ထိုအရာများက ဖန်တီးထားခြင်းဖြစ်ပြီး ကြယ်တာရာသားရဲမှတ်တမ်းကမူ အစစ်အမှန်ဖြစ်ပေ၏။
ယဲ့ရှောင်လက်ထဲရှိ စာအုပ်က အတွဲသစ်ဖြစ်ပြီး ကျား နတ်ဆိုးများဟူ၍ ခေါ်သည်။
သူက စာအုပ်၏ ပထမဆုံးစာမျက်နှာကို လှန်လိုက်သည့်အချိန်တွင် သူ့၏ စိတ်ဝင်စားမှုကို နိုးစွသွားသည့်အရာ ရှိသည်။ ယင်းက ကျားနတ်ဆိုးတစ်ကောင်သည် လူတစ်ဦးကို စားသုံးပြီးနောက် သူတို့၏ ဝိညာဥ်ကို မလွတ်မြောက်စေနိုင်ဟူသော ရှေးဟောင်းဒဏ္ဍာရီတစ်ခုက လူသားများကြားထဲတွင် ရှိသည်။ သူတို့၏ ဝိညာဥ်ကို ၎င်း၏ အစေခံပြုပြီးနောက် ကျားနတ်ဆိုးသည် ထိုဝိညာဥ်ကို လွှတ်ရန်အတွက် လူသားအသစ်တစ်ဦးကိုသာ မျှားခေါ်၏။ ထိုကဲ့သို့သော အရာမျိုးက ကြယ်တာရာသားရဲများကြားထဲတွင်လည်း တည်ရှိနေသည်။
သို့သော် ကြယ်တာရာသားရဲများသည် လူသားများကို စားသုံးရန် မလိုအပ်ချေ။ သူတို့က သွေးဆောင်မှု သို့မဟုတ် ဝိညာဥ်ချုပ်ထိန်းမှုကနေ လူသားများကို ထိန်းချုပ်နိုင်ပေ၏။ ထိုမှ သူတို့သည် လူသားများကို စီစီတီဗွီများ သယ်သွားရန်၊ ရန်သူဘက်ကို ကင်းထောက်ရန်၊ တိုက်ခိုက်ရန်နှင့် ကျန်သည့် အပြုအမူများကို ဆက်တိုက်အမိန့်ပေးနိုင်၏။
ကျားနတ်ဆိုးများသည် သာမန်လူသားများနှင့် တူသော်ငြား သူတို့၏ သဘာဝက ကြယ်တာရာသားရဲများကြောင့် ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ သူတို့က ကြယ်တာရာသားရဲများကဲ့သို့ ပြုမူကာ လူသားများကို အချိန်မရွေး သတ်ဖြတ်၏။ သူတို့သည် ကြယ်တာရာသားရဲများထက် ခြိမ်းခြောက်နိုင်မှု မလျော့နည်းချေ။
အမှန်တကယ်တွင် သူတို့က ကြယ်တာရာသားရဲများထက်တောင် ပိုခြိမ်းခြောက်နိုင်စွမ်းရှိသည်ဟု ဆိုနိုင်ပေ၏။ အကြောင်းမှာ သူတို့သည် လူသားများနှင့် တစ်ထပ်ထဲတူပြီး ပုန်းကွယ်ရာ၌ တော်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားများအဖို့ သူတို့၏ အရောင်အသွေး အစစ်အမှန်ကို ရှာတွေ့ဖို့က အလွန်ခဲယဥ်းသည်။
ရှန်းထျန်းနယ်ပယ်နှင့် ထိုအထက် သိုင်းပညာရှင်များသာလျှင် သူတို့၏ အာရုံခံမှုက အားကောင်းလာပြီးနောက် သူတို့ပုံစံ အစစ်အမှန်ကို ရှာဖွေနိုင်တာ ဖြစ်သည်။
ကျားနတ်ဆိုးများနှင့် လူသားများကြားရှိ တစ်ခုတည်းသော ကွဲပြားခြားနားချက်က သူတို့၌ သတ်ဖြတ်ခြင်းဆန္ဒ အမြဲတစေရှိနေတာပဲ ဖြစ်သည်။ ကြယ်တာရာသားရဲများကဲ့သို့ပင် သူတို့က လူသားများကို အမဲလိုက်ချင်၏။
ထိုအရာကို ဖတ်ရှုပြီးနောက် ယဲ့ရှောင်သည် မျက်မှောင်အနည်းငယ်ကြုတ်မိသွားသည်။
” ထူးဆန်းလိုက်တာ၊ မြို့စောင့်တပ်ထဲမှာ တွေ့ခဲ့တဲ့သူက ဒီစာမျက်နှာက အညွှန်းနဲ့ ကိုက်ညီနေတယ်လို့ ငါ ဘာကြောင့် ခံစားမိနေတာပါလိမ့် “
” သူက ကျားနတ်ဆိုးများ ဖြစ်နေမလား၊ သူက ကျားနတ်ဆိုးဆိုရင် သုသေသနပြုလုပ်ဖို့အတွက် ကြယ်တာရာသားရဲတွေအများကြီး ထိန်းသိမ်းထားတဲ့ ထောင်ထဲကို ဝင်ရောက်သွားတာ၊ ဒါ ကောင်းတဲ့အရာ မဟုတ်ဘူး “
” ကြည်ရတာ ငါမြို့စောင့်တပ်ကို သတင်းပို့ပေးရတော့မဲ့ပုံပဲ၊ ပြီးတော့ ငါလည်း ကျန်းဟိုင်မြို့မှာ နေတာပဲလေ “
သူသာ အမှန်တကယ် ကျားနတ်ဆိုးဖြစ်နေခဲ့လျှင် ကျန်းဟိုင်မြို့ထဲရှိ ဘဝကို ရှုပ်ထွေးသွားစေပေလိမ့်မည်။ ထို့အပြင် မြို့စောင့်တပ်ဖွဲ့က အမည်မသိစာများ ချန်ထားနိုင်၏။ ထို့ကြောင့် သူတို့ သူ့ကို သတိပြုမိမှာ မဟုတ်ပေ။ ယင်းက ပြီးပြည့်စုံသည်။ ယဲ့ရှောင်က ဖုန်းထုတ်ပြီးနောက် သူတို့ကို သတိပေးရန် စာတစ်စောင်ရေးလိုက်တော့၏။

တီ၊။

သူသည် နောက်ဆုံးစာမျက်နှာကို ဖတ်ပြီးသည်နှင့် နာရီသံပေါ်ထွက်လာ၏။ ယဲ့ရှောင်က စာအုပ်ပိတ်လိုက်သည်။ သူ နေ့လယ်စာစားရန် အချိန်ရောက်ပြီ ဖြစ်သည်။
ယနေ့ မွန်းတည့်ချိန်တွင် ယဲ့ရှောင်နှစ်သက်သည့် ဟင်းလျာက အနည်းငယ်သာ ရှိသည်။ မာဖော့တို့ဖူး၊ တို့ဖူး၊ ငရုတ်ကောင်းနဲ့ အမဲသား၊ ကြက်သားအစပ် တို့ဖြစ်သည်။ သူသည် ထိုင်ပြီး မစားသောက်ခင် နေရာကို ရှာဖွေသည်။ သူနှင့် မျက်နှာချင်းဆိုင်တွင် ကုဟိုင်က ထိုင်သည်။
” လောင်ယဲ့။ မင်းကို ပိုက်ဆံလွဲပေးပြီးပြီ၊ လက်ခံဖို့ သတိရအုံး “
ယဲ့ရှောင်က ခေါင်းညိတ်လိုက်သည်။
” လောင်ယဲ့။ ချီရှန်း သိုင်းပညာရှင်အသစ်က ဘယ်သူလို့ ထင်လဲ၊ ငါ သူ့အကြောင်း အရင်က ဘာကြောင့်မကြားဖူးတာလဲ၊ ချီရှန်းအဆင့်ကို အဆင့်တက်သွားချင်တဲ့သူက ဘယ်သူလို့ ထင်လဲ “
ယဲ့ရှောင်က ခေါင်းခါလိုက်သည်။
” ငါ မသိဘူးလေ “
” ဟူး၊ ငါသာ ချီရှန်းသိုင်းပညာရှင်တစ်ယောက် ဖြစ်ရင် ကောင်းမှာပဲ၊ မင်း ငါ့ရဲ့ အ​ဖေအဖြစ် ဟန်ဆောင်နေဖို့ မလိုတော့ဘူး၊ ငါ့ကို ဘယ်သူဖမ်းရဲလဲဆိုတာ ကြည့်ကြသေးတာပေါ့ “
ကုဟိုင်က တံထွေးမျိုချလိုက်ပြီး သူ၏ မျက်လုံးထဲတွင် လိုချင်စိတ်များ ပြည့်နေ၏။ ချီရှန်းသိုင်းပညာရှင်တစ်ဦးဖြစ်ခြင်းက မည်မျှ အံ့သြဖွယ်ကောင်းသနည်း။
နှစ်စဥ်နှစ်တိုင်း ကျန်းဟိုင်မြို့၌ ဘွဲ့ရသည့်သူ တစ်သိန်းရှိသော်ငြား သူတို့ထဲမှ ဆယ်ဦးသာလျှင် ချီရှန်းပညာရှင်အဆင့်ရအောင် ကျင့်ကြံနိုင်ကြသည်။ ထို့အပြင် ထိုလူဆယ်ဦးက ချီရှန်းအဆင့်သို့ ချက်ချင်းရောက်ကြတာ မဟုတ်ပေ။ သူတို့သည် ဆယ်စုနှစ်တစ်စုစာ ခက်ခက်ခဲခဲကြိုးစားအားထုတ်ပြီးနောက် ရှန်းထျန်းနယ်ပယ်သို့ အဆင့်မတက်ခင် အခွင့်အလမ်းကောင်းများရှာကာ ချီရှန်း သိုင်းပညာရှင်များ ဖြစ်လာတော့၏။ သူက ချီရှန်းသိုင်းပညာရှင်တစ်ဦး ဖြစ်လာနိုင်မည်ဆိုလျှင် ဆယ်နှစ်သက်တမ်းလျော့ရန် ဆန္ဒရှိပေ၏။
” မင်း ချီရှန်းသိုင်းပညာရှင်တစ်ဦး ဖြစ်လာပြီးရင် ဟုန်ဆဲ့လမ်မန့်ကို သွားဖို့လိုသေးလား “
ယဲ့ရှောင်၏ ရုတ်တရက်စကားများက ကုဟိုင်ကို မှင်တက်သွားစေကာ သူက ချက်ချင်းပင် ခေါင်းခါလိုက်တော့သည်။
သူ့ခေါင်းကို ဖျက်ခနဲ ရိုက်ချလိုက်တော့သည်။
” ဟုတ်သားပဲ၊ ငါ့ရဲ့ ဦးနှောက်ကလည်း၊ ငါသာ ချီရှန်းသိုင်းပညာရှင်တစ်ဦး ဖြစ်မယ်ဆိုရင် အမျိုးသမီးတိုင်းက ငါ့ခြေထောက်အောက် ရောက်လာမှာ မဟုတ်ဘူးလား၊ ငါ ဘာကြောင့် ဟုန်ဆဲ့လမ်မန့်ကို သွားအုံးမှာလဲ “
ကုဟိုင်က သူ့ဘာသူ တွေးလိုက်လေ၏။
” မဟုတ်ဘူး၊ ငါမြန်မြန် ငါ့ရဲ့ ကျောင်းသားကတ်ကို ယူရမယ်၊ အချိန်ရောက်လာတဲ့အခါ ကျင်းသို့သိုင်းကျောင်းတော်က ပါမောက္ခတွေရဲ့ သင်ခန်းစာပို့ချမှုကို သွားနားထောင်ရမယ်၊ ဒါက ငါ ချီရှန်းသိုင်းပညာရှင်တစ်ဦးဖြစ်လာဖို့ အခွင့်အရေး ဖြစ်နိုင်တယ် “
သူပြောပြီးသည်နှင့် အစားကို မြန်မြန်ဆန်ဆန် စားလိုက်တော့သည်။ ပါးစပ်ထဲ အစား သွတ်သွင်းပြီးနောက် သူ ပြေးထွက်သွားတော့၏။
” လောင်ယဲ့။ ငါ အရင်သွားတော့မယ်၊ နှစ်နာရီကြာရင် ငါနဲ့ ကတ်လဲပေးဖို့ ကူညီပေးပါအုံး “
ယဲ့ရှောင်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်တော့သည်။
ကုဟိုင်၏ အတွေးများကို နားလည်ဖို့က သူ့အဖို့ အလွန်ခက်ခဲသည်။ သူ၏ ဘာသိဘာသာနေတက်သော အကျင့်စရိုက်ကြောင့် သူ၏ ကျင့်ကြံဆင့်ခွန်အားနောက် တမင်တကာလိုက်သောကြောင့် မဟုတ်ပေ။ အမှန်တကယ်အကြောင်းအရင်းမှာမူ သူ့အတွက် ချီရှန်းအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်လာရန်က အလွန်လွယ်ကူနေတာ ဖြစ်သည်။
သာမန်လူတစ်ဦးအဖို့ ချီရှန်းအဆင့်သို့ ရောက်ရန်အတွက် အနည်းဆုံး ဆယ်နှစ်နှင့် ဆယ်နှစ်အထက် အချိန်ယူရမှာပဲ ဖြစ်သည်။
သူ မှတ်မိတာ မှန်မည်ဆိုလျှင် ဤလောက၏ သမိုင်းကြောင်းထဲတွင် မှတ်တမ်းတင်ထားသော စာအုပ်တစ်အုပ်၌ ချီရှန်းအဆင့် ရောက်လာသည့် အမြန်ဆုံးသူက ရှေးယခင်က နာမည်ကျော်ကြားသည့် စစ်သူကြီးလီချွင်ရှောင် ဖြစ်သည်။ သူသည် ပထမအဆင့် သိုင်းပညာရှင်မှ ချီရှန်းအဆင့်သို့ အဆင့်တက်ရန်အတွက် ရှစ်နှစ်အချိန်ယူခဲ့ရပြီး သူက အရှင်သခင်ရှန်းယွီနှင့် လွီပုတို့ထက် နှစ်လတောင် ပိုစောပေ၏။
အံ့ဖွယ်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် သူသည် အဆင့်မတက်တော့တာ နှမြောစရာကောင်း၏။ သူသည် ဤဘဝတွင် အမြင့်ဆုံးအမှတ်က စစ်သူကြီးတစ်ဦးသာ ဖြစ်လာခဲ့သည်။
သူ့အတွက်ကမူ သူသည် နှစ်ဝက်ခန့်သာ အချိန်သုံးခဲ့ရ၏။ ထိုအမြင်မှ သူသည် ဤလောက၏ နံပါတ်တစ်ပါရမီရှင် ဖြစ်လာသည်လော။ ယဲ့ရှောင်က သူ့ကိုသူ အားရကျေနပ်တာမျိုး မရှိပေ။ အကြောင်းမှာ ယင်းက မှတ်တမ်းတင်ထားသော စံတင်ပုဂ္ဂိုလ်များသာ ရှိသေးသည်။ စာရွက်ပေါ်တွင်မရှိသော သိုင်းပါရမီရှင်အချို့ ရှိမှာ သေချာပေ၏။
မှတ်တမ်းမတင်ထားသော လူသားများကြားထဲတွင် မွေးဖွားခါစလူများလည်း ရှိနေနိုင်သေး၏။ ထိုလူများက ရှန်းထျန်းနယ်ပယ် သိုင်းပညာရှင်များတောင် ဖြစ်လာနိုင်သည်။ လောကထဲတွင် နံပါတ်တစ်ဟု ခေါ်ခြင်းကို အလေးထားနေလျှင် ရှုံးနိမ့်မှာပဲ ဖြစ်သည်။
ထို့အပြင် ယဲ့ရှောင်က သူ ယခုတွင် လောကထဲ၌ နံပါတ်တစ်ဖြစ်ခဲ့လျှင်တောင် ကျင့်ကြံမှုအရှိန်တွင်သာ လောကထဲ၌ နံပါတ်တစ်ဖြစ်နိုင်လောက်သည်။ သူ၏ ကျင့်ကြံမှုက လောကထဲတွင်နံပါတ်တစ်ဖြစ်ရန်အတွက် ဝေးကွာလွန်းနေသည်။ သူက လောကကြီး၏ နံပါတ်တစ်ဖြစ်မလာခင် အမှိုက်ဖြစ်နေအုံးမှာပဲ ဖြစ်သည်။
သူသည် စားသောက်ပြီးနောက် စာ ဆက်ဖတ်တော့သည်။
စာဖတ်ခြင်းက ယဲ့ရှောင်ကို ပိုသန်မာစေပြီး သင်ယူခြင်းက သူ့ကို ပျော်ရွှင်စေ၏။ သို့သော် သူ စီမံခန့်ခွဲသည့် ဧရိယာသို့ ရောက်သည့်အချိန်တွင် သူ မထိတ်လန့်ပဲ မနေနိုင်တော့ချေ။
သူ၏ ဧရိယာတွင် စားပွဲခုံကိုမှီလျက် စာအုပ်တစ်အုပ်ဖတ်နေသော မိန်းကလေးတစ်ဦး ရှိနေလေ၏။
စာကြည့်တိုက်က မွန်းတည့်ချိန်တွင် လူ မရှိပေ။ ထို့ကြောင့် ဤနေရာတွင် စာဖတ်သူများရှိတာ ပုံမှန်ပဲ ဖြစ်သည်။ သို့သော် လူတစ်ယောက်က အခြေခံကျင့်စဥ်များကို ကြည့်ရန်အတွက် တတိယအလွှာကို အမှန်တကယ်လာရောက်ခြင်းကို သူ အံ့သြနေလေ၏။
မိန်းကလေးက အလွန်ကြည့်ကောင်းသည်။ သူမ၏ ကြွေထည်မျက်နှာလေးက တစ်ချက်ရိုက်ရုံဖြင့် ကွဲကြေတော့မည့်ပုံပေါ်နေသည်။ သူမ ပါးပြင်၏ ဖြူရော်ရော်ထက်တွင် နီစွေ့စွေ့တို့ ရှိနေလေ၏။ စားပွဲတွင်ထိုင်ပြီး စာဖတ်နေစဥ် သူမ၏ အနက်ရောင်ဆံနွယ်တစ်ဝက်က ရှေ့သို့ချထားပြီး ကျောင်းတော်သားတစ်ဦး၏ အရှိန်အဝါမျိုး ရှိနေသည်။
ယဲ့ရှောင်က တစ်ချက်သာ ခိုးကြည့်ပြီးနောက် သူ၏ ခုံကို ပြန်လာလိုက်သည်။ သူက မိန်းကလေးကို နောက်ကျောပေးလျက် ဆက်လက်ဖတ်ရှုနေ၏။ သူမက လှပသော်ငြား ယဲ့ရှောင်အတွက် သူမက စာအုပ်များလောက် စွဲဆောင်မှု မရှိပေ။ စာဖတ်ခြင်းက လူတစ်ယောက်ကို ပိုမိုသန်မာလာစေခြင်းကြောင့် ဖြစ်သည်။ အမျိုးသမီးတစ်ယောက်ကို ကြည့်ခြင်းက သူ၏ အချိန်ဖြုန်းတီးရာသာ ရောက်ပေလိမ့်မည်။

အပိုင်း (၇) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset