Switch Mode

Chapter – 3

ပထမဆုံးပေါင်းစည်းခြင်း အခြေခံဓားမော့ သိုင်းကျင့်စဥ်များ

စာကြည့်တိုက် တာအိုသခင်
အပိုင်း (၃) ပထမဆုံးပေါင်းစည်းခြင်း အခြေခံဓားမော့ သိုင်းကျင့်စဥ်များ

အော်လိုက်သည့်သူက ကုဟိုင် ဖြစ်သည်။ သူက အနည်းငယ်ပြည့်ဖြို့ပြီး ယဲ့ရှောင်ထက် စင်တီမီတာအနည်းငယ် ပိုပု၏။ သူက ငါးပေခြောက်လက်မခန့်သာ ရှိသည်။ သူသည် ကျန်းဟိုင်မြို့မှရောက်လာသည့် ဒေသခံလူငယ်တစ်ဦးဖြစ်ကာ ကြွယ်ဝချမ်းသာသော မိသားစုမှ ဆင်းသက်လာ၏။

စာကြည့်တိုက်ထဲတွင် သူ စီမံခန့်ခွဲသော ဧရိယာက ဒုတိယအလွှာထဲတွင်ရှိသော ဧရိယာပင် ဖြစ်သည်။ ထို့ကြောင့် ရံဖန်ရံခါတွင် အပိုင် ဟူ၍ ရည်ညွှန်းခေါ်ဆို၏။ ကံကောင်းသည်မှာ ကုဟိုင်က ပျော်ရွှင်တက်သည့် လူတစ်ဦးဖြစ်ပြီး ကျန်သည့်သူများနှင့် အငြင်းပွားလေ့မရှိပေ။ သူ၏ လုပ်ဖော်ကိုင်ဖက်များကြားထဲ၌ အနာဂတ်ကို စိုးရိမ်းပူပန်ခြင်းမရှိပဲ ပျော်ပျော်ရွှင်ရွှင်နေတက်သူဟူ၍ သတ်မှတ်၍ရသည်။

” ငါလာပြီ “

ယဲ့ရှောင်က ပြန်ပြောပြီးနောက် လှေကားစီသို့သွားရန် မက်တပ်ထရပ်လိုက်၏။

ကုဟိုင်ကို မြင်ချိန်၌ သူ တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။ ကုဟိုင်အဆင့်တက်သွားချေပြီ။ သူသည် ဟို့ထျန်း သိုင်းပညာရှင်တစ်ဦးသာ ဖြစ်နေသေး၏။ ယခုမူ သူက ဟို့ထျန်း သိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ကာ သူ၏ အဆင့်က တစ်ဆင့်တက်သွားတော့သည်။

ကုဟိုင်ကို အားနည်းသည်ဟူ၍ ဘယ်တော့မှ သတ်မှတ်၍မရပေ။ သူ၏ အံ့ဖွယ်ဝိညာဥ်နိုးထပြီး ထိုစွမ်းအင်ကလည်း လက်ခံနိုင်စွမ်းရှိ၏။ သို့သော် သူ၏ မိဘများက သူ့ကို စစ်တပ်ထဲဝင်ခြင်း သို့မဟုတ် ကြယ်တာရာသားရဲများကို အမဲလိုက်ရန်အတွက် ကုမ္မဏီတစ်ခုထဲ ဝင်ရောက်စေတာမျိုး မဖြစ်စေလိုပေ။ ဆိုရလျှင် သူက ကုမိသားစု၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။ ထို့ကြောင့် စာကြည့်တိုက်ကို မန်နေဂျာအဖြစ်ပို့ရန်အတွက် သူတို့၏ အဆက်အသွယ်များကို အသုံးချခဲ့၏။

သို့သော် အဆင့်မြင့်သိုင်းပညာရှင်များသာလျှင် အဆင့်နိမ့်သိုင်းပညာရှင်များ၏ အရှိန်အဝါကို ဖောက်မြင်နိုင်သောကြောင့် ယဲ့ရှောင်က ဘာမှမပြောခဲ့ပေ။ သူက တစ်စုံတစ်ခုပြောခဲ့လျှင် သူ၏ ခွန်အား ထုတ်ဖော်ခံလိုက်ရမှာပဲ ဖြစ်သည်။

ကုန်လွန်ခဲ့ပြီးသည့် နှစ်ဝက်အတွင်း ယဲ့ရှောင်သည် မည်သည့်သိုင်းပညာရှင်များနှင့်မှ နီးကပ်သည့်ဆက်ဆံရေး မရှိခဲ့ပေ။ ဒါရိုက်တာက ပုံမှန်အစည်းအဝေးကျင်းပသည့်အချိန်တွင်တောင် သူက ထောင့်တွင်သာ အမြဲတမ်းနေခဲ့ပြီး သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားရန် အကောင်းဆုံးကြိုးစားခဲ့၏။

ချီရှန်းအဆင့်သို့ ရောက်လာသည်နှင့် တစ်စုံတစ်ယောက်၏ အရှိန်အဝါကို အပြည့်အဝဖုန်းကွယ်နိုင်ပြီ ဖြစ်သည်။ သူတို့၏ ကျင့်ကြံအဆင့်ကို ဖောက်ထွင်း၍ မမြင်နိုင်တော့ပေ။

ယခုအချိန်တွင် သူက ထုတ်ဖော်ခံရမှာကို စိုးရိမ်စရာ မလိုတော့ချေ။

သူတို့ နှစ်ဦးက ကိုယ်တိုင်ယူစနစ်ဖြင့် ဆိုင်ဆီသို့ သွားလိုက်၏။ ကုဟိုင်သည် ယဲ့ရှောင်ကို တထောင်ဖြင့် တွတ်လိုက်လေသည်။

” လောင်ယဲ့ မင်းကြားလား၊ မကြာခင်မှာ ကျန်းဟိုင်သိုင်းကျောင်းတော်မှာ သင်ခန်းစာတစ်ခုပို့ချဖို့အတွက် ဗိုလ်ကြီးတစ်ယောက် ရောက်လာလိမ့်မယ်၊ သူက ကျင်းသို့သိုင်းကျောင်းတော်ရဲ့ ပါမောက္ခတစ်ယောက်လို့ ကြားထားတယ်၊ ငါ့မှာ ကျောင်းသားကတ် နှစ်ကတ်ရှိတယ်၊ အချိန်ကျလာတဲ့အခါ ငါတို့တွေ သင်ခန်းစာနားထောင်ဖို့ အတူတူသွားကြမယ်မလား “

” ကျင်းသို့ သိုင်းပညာကျောင်းတော်လား၊ ဒါက ခရိုင်ကိုးခုထဲမှာ အကောင်းဆုံး သိုင်းကျောင်းတော် မဟုတ်ဘူးလား “

” ဟုတ်တယ်လေ၊ ကျင်းသို့ သိုင်းကျောင်းတော်က ခရိုင်ကိုးခုရဲ့ အရေးပါအရာရောက်တဲ့ နေရာပဲ၊ တစ်တိုင်းပြည်လုံးမှာ နံပါတ်တစ်အဆင့်လေ၊ အဲဒီ ပါမောက္ခရဲ့ သင်ခန်းစာပို့ချမှုကို နားထောင်ရမယ်ဆိုရင် ငါတို့ရဲ့ ကျင့်ကြံမှုက သေချာပေါက်တိုးတက်သွားမှာ၊ အချိန်ရောက်လာတဲ့အခါ အနည်းဆုံးတော့ ဒုတိယအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်လာလိမ့်မယ် “

ယဲ့ရှောင်သည် အမှန်တကယ် စိတ်မဝင်စားပေ။ သူက ကျင့်စဥ်ကို တစ်ခါဖတ်ရှုလိုက်သည်နှင့် သူ့ ခန္ဓာကိုယ်ထဲရှိ အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က အလိုအလျောက် ကျင့်ကြံမှာပဲ ဖြစ်သည်။ သူက ကျင့်ကြံရန်အတွက် အားစိုက်ထုတ်နေစရာ မလိုပေ။ သို့သော် သူ ကူးပြောင်းလာခဲ့တာ နှစ်ဝက်ခန့်ကြာခဲ့ပြီ ဖြစ်သည်။ နေ့စဥ်နေ့တိုင်း သုံးနာရီဆယ်မိနစ်အချိန်တိုင်း သူက စာကြည့်တိုက်သို့ သွားသည်။ ယခုအချိန်အထိ စာကြည့်တိုက်တံခါး အပြင်ဘက်သို့ တစ်ခါမှ မထွက်ဖူးပေ။ အပြင်ထွက်ပြီး စူးစမ်းကြည့်တာကလည်း ကောင်းမွန်ပေ၏။

” ကောင်းပြီလေ “

” ဒါဆိုရင် ဒီလိုပဲ သတ်မှတ်လိုက်ပြီ၊ ငါကျောင်းသားကတ်တစ်ကတ်ရဖို့ နည်းလမ်းကို စဥ်းစားလိုက်မယ်၊ မင်းပေးဖို့ မလိုဘူး၊ ဒီနေ့ည ဟုန်ဆဲ့လမ်မန့်မှာ ခြေထောက်ဆေးဖို့ အကုန်အကျခံပေးရင် ရပြီ “

ယဲ့ရှောင်က စဥ်စားပြီးနောက် ပြန်ပြောလိုက်သည်။

” ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ မင်းကို ဟုန်ဆဲ့လမ်မန့်မှာ တစ်ကြိမ်စာ တကာခံမယ်၊ ဒါပေမဲ့ ဒုတိယအလွှာ ဧရိယာဘီကို သွားတဲ့သော့ ငါ့ကို ပေးရမယ်၊ ဒီနေ့ည စာအုပ်တချို့ ဖတ်ချင်လို့ “

ယဲ့ရှောင်သည် ထိုနေရာသို့သွာမှာမဟုတ်တာ သေချာ၏။ သို့သော် သူ၏ ကိုယ်ပိုင်ဧရိယာအတွင်းရှိ စာအုပ်များကို ဖတ်ရှုပြီးသွားခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် သူက အဆင့်မြင့်တင်ရန်အတွက် စုဆောင်းဖို့ရာ အခြေခံသိုင်းကျင့်စဥ်များ လုံလုံလောက်လောက် မစုဆောင်းရသေးပေ။

တစ်ဖက်တွင်မူ သူက တစ်နေ့ကင်းလုံးအလုပ်လုပ်ပြီး တစ်လလျှင် အလွန်ဆုံး ရှစ်ရက် ပိတ်ရက်ရသည်။ သူက စာအုပ်ဖတ်ရှုရန်အတွက် ကျန်သည့်ဧရိယာများကို သွားနိုင်သည်။ သူက တစ်ချက်ကြည့်ရန်အတွက် ယနေ့ညတွင် ဧရိယာဘီကို သွားခဲ့လျှင် နောက်ထပ် ရိတ်သိမ်းမှုတို့ ရနိုင်ပေ၏။

ကုဟိုင်က မျက်ခုံးမြင့်တက်သွားတော့သည်။

” လောင်ယဲ့ အဲဒီနေရာက တစ်ခုခုမှားနေတယ်လို့ ငါ့ကို မပြောနဲ့နော်၊ မင်း ငါနဲ့အတူ ဟုန်ဆဲ့လမ်မန့်ကို လိုက်မလာချင်ဘူးလား၊ အဲဒီအစား မင်းက ညလယ်ကြီးမှာ စာအုပ်တွေဖတ်ချင်တယ်တဲ့လား၊ မင်း စိတ်လွတ်သွားပြီလား၊ မင်းကို တိုင်းရင်းဆေးသမားတော်တစ်ယောက်နဲ့ မိတ်ဆက်ပေးရမလား၊ သူ့ဆီကို မကြာခဏသွားတဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်၊ ပြီးတော့ ရလဒ်ကလည်း အင်မတန်ကောင်းတာ “

” ရလဒ်က ကောင်းတယ်ဆိုရင် ဘာကြောင့် သူ့ဆီမကြာခဏ သွားနေရသေးတာလဲ “

ကုဟိုင်က သူ၏ မျက်လုံးများပြူများပြီး သူက တွေ့ပြီးနောက် ပြောလိုက်လေ၏။

” ဒါဆို ပြဿနာရှိတဲ့ပုံပဲ၊ ဒါပေမဲ့ မင်းအဲဒါနဲ့ ပတ်သက်ပြီး ပြဿနာတကယ် မရှိဘူးလား “

” ငါက ကောကျိဘယ်ရီကို သောက်ဖို့ အသက်မကြီးသေးပါဘူး၊ တစ်ဖက်မှာတော့ မင်းရဲ့ ငယ်ရွယ်နုပျိုမှု ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ မသိဘူးလေ၊ ဂရုစိုက်အုံး၊ ဒါမှ မင်းအသက်ကြီးလာတဲ့အခါ မင်း ငိုယိုမနေရမှာ၊ ပြောရရင် သံမဏိက ဘယ်လောက်ပဲမာမာ ပင်လယ်ရေရဲ့ တိုက်စားမှုဒဏ်ကို မခံနိုင်ဘူးလေ “

ကုဟိုင်က သူ၏ ရင်ဘက်ကိုပုတ်လိုက်ပြီး သူ၏ မျက်နှာတွင် ယုံကြည်ချက်တို့ ပြည့်လာလေ၏။

” စိတ်မပူနဲ့၊ ငါက သံမဏိနဲ့ လုပ်ထားတာပဲ၊ ပင်လယ်ရေက ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ငါ့ရဲ့ သံမဏိလို စိတ်စွမ်းအားကို မတိုက်စားနိုင်ဘူး “

ယဲ့ရှောင်က ဘာမှ ထက်မပြောတော့ပေ။

အမျိုးသားများအတွက် ခေါင်းမာတာက ပုံမှန်ပဲ ဖြစ်သည်။ အနှေးနှင့်အမြန် သူတို့ နုညံ့သည်အချိန်သို့ ရောက်လာပေလိမ့်မည်။

သူက ခေါင်းခါလိုက်ပြီးနောက် စိတ်ထဲရှိ ရှုပ်ထွေးနေသည့် အတွေးများကို ဖယ်ရှားလိုက်၏။ သူက ပါးစပ်ဟပြီး ထပ်ပြောလိုက်ပြန်သည်။

” မင်း ဆန္ဒရှိ မရှိ ပြောလိုက် “

” ဆန္ဒရှိတာပေါ့ကွာ၊ ရှိတယ်၊ အရူးပဲ ဒီလိုကောင်းတဲ့ကိစ္စကို ငြင်းမှာ၊ မင်းကို အခုသော့ပေးလိုက်မယ်၊ ညကြရင် တံခါးကို လော့ချထားမှာ မဟုတ်ဘူး၊ မင်းဖတ်ပြီးသွားရင် ငါ့ကို ကူညီဖို့ သတိရ “

” နားလည်ပြီ “

ယဲ့ရှောင်သည် ကုဟိုင်ထံမှ သော့ကို ယူပြီးနောက် သူ့အား ယွမ်လေးရာ ပေးလိုက်ပေ၏။

သို့သော် ထို့အကြောင်းကို စဥ်းစားပြီးနောက် မလုံလောက်မှာကို စိုးရိမ်မိသည်။ သူက မသက်မသာ ဖြစ်လာ၏။ ထို့ကြောင့် နောက်ထပ် ယွမ်အနည်းငယ် လွဲပေးလိုက်လေ၏။

ညအချိန်တွင် စာကြည့်တိုက်ပိတ်သွားပြီ ဖြစ်သည်။ စာကြည့်တိုက်ကြီးတစ်ခုလုံးက တိတ်ဆိတ်ပြီး မှောင်မဲနေ၏။ ယဲ့ရှောင်က ဧရိယာဘီသို့ဝင်ပြီး အထဲသို့ တန်းဝင်သွားသည်။ သူက ဖတ်ရှုရန်အတွက် စာအုပ်စင်မှ စာအုပ်များကို ရွေးချယ်လိုက်သည်။

တစ်ညသာရှိသောကြောင့် သူ့တွင် အချိန်များများစားစား မရှိချေ။ ထို့ကြောင့် ဖတ်ရှုရန်အတွက် ဓားမော့ကျင့်စဥ်များကို အထူးရွေးချယ်လိုက်သည်။

သူသည် အခြေခံဓားမော့ကျင့်စဥ် ခြောက်မျိုးကို စုဆောင်းခဲ့ပြီဖြစ်ကာ ရွှေရောင်စာအုပ်ထဲတွင် ကျင့်ကြံရေး အမျိုးအစားအားလုံးထဲ၌ ယင်းက အများဆုံးဖြစ်သည်။ သန်မာသော ကျင့်စဥ်တစ်ခု စုပေါင်းရန်အတွက် မျှော်လင့်ချက်အရှိဆုံး အမျိုးအစားလည်း ဖြစ်သည်။

ယဲ့ရှောင်က မီးမဖွင့်ခဲ့ပေ။ သူ၏ ကျင့်စဥ်က ဟု့ထျန်း နဝမအဆင့်သို့ တက်သွားပြီးနောက် သူ၏ ရုပ်ပိုင်းဆိုင်ရာ အာရုံခံမှုတို့က သာမန်လူတစ်ယောက်နှင့် မယှဥ်နိုင်တော့ချေ။ ညဘက်အမြင်အာရုံက အမှောင်ထဲတွင် စာအုပ်များကို ကြည်ကြည်လင်လင်ဖတ်ခွင့်ပေးထားသည်။

သူသည် ဓားမှော်ကျင့်စဥ်တစ်ပုံကို ဖြန့်ပြီးနောက် တစ်အုပ်ပြီးတစ်အုပ် ဖတ်လိုက်လေ၏။

ပထမတစ်အုပ်က ဓားမော့ရေးကျင့်စဥ် ဖြစ်သည်။ မှင်လော့ဓားမော့ကျင့်စဥ်နှင့် တူညီသောအခြေခံရှိသည့် ကျင့်စဥ်ဖြစ်သည်။

ဒုတိယကျင့်စဥ်ကမူ ဓားမော့ခွဲထွက်ခြင်းကျင့်စဥ်ဖြစ်သော လီမိသားစု၏ ဓားမော့ကျင့်စဥ်နှင့် တူညီသော ကျင့်စဥ်ဖြစ်သည်။

သူသည် အခြေခံ ဓားမော့ကျင့်စဥ်နှစ်ရာကို ဖတ်ရှုခဲ့၏။ အများစုက ဇစ်မြစ်တူညီနေကြကာ ယဲ့ရှောင် လက်ရှိတွင်ရှိသော အခြေခံဓားမော့ကျင့်စဥ် ခြောက်မျိုးသာ ဖြစ်နေသည်။

ယခုအချိန်တွင် ညသန်းခေါင်ယံအချိန်သို့ ရောက်နေပြီဖြစ်ကာ လက အနောက်ဘက်မိုးကုတ်စက်ဝိုင်းတွင် တင်နေပြီ ဖြစ်သည်။ ယဲ့ရှောင်က သက်ပြင်းချလိုက်တော့၏။

” ဒီ တုပထားတာတွေက များလွန်းလိုက်တာ၊ အခြေခံကျင့်စဥ် ဘယ်လောက်များများကိုတောင် သူတို့ တုပထားတာလဲ “

ကျန်းကျားတောက် သူတို့၏ မျိုးရိုးများကိုသာပြောင်းပြီး အကွက်တချို့ကို ပြောင်းလဲခြင်းဖြင့် ကျင့်စဥ်အသစ် ဖြစ်လာတော့သည်။

ထိုထက်ပိုသည်က အချို့သော အရှက်မဲ့သည့် ဓားကျင့်စဥ်များက ပထမအဆင့် ဓားကျင့်စဥ်၊ ဒုတိယအဆင့်ဓားကျင့်စဥ် ဟူ၍ ခေါ်ကြတာပဲ ဖြစ်သည်။ လက်တွေ့တွင်မူ သူတို့က အခြေခံတူညီသည့် ကျင့်စဥ်မှလာတာ ဖြစ်သည်။ တစ်ခါသောနည်းလမ်း မရှိပေ။ သူ၏ ပိုက်ဆံများအားလုံး သုံးခဲ့ပြီးပြီ ဖြစ်သည်။ ဒီတိုင်းထွက်သွားခဲ့လျှင် သူ့၌ ဆုံးရှုံးမှုများနေပေလိမ့်မည်။

သူက သက်ပြင်းချပြီးနောက် ကျင့်စဥ်အသစ်ကိုရှာဖွေရန်အတွက် ကျင့်စဥ်များကို တစ်ပုံပြီးတစ်ပုံ ရှာလိုက်သည်။

စာအုပ်များဆီ ပြန်ရောက်သည့်အချိန်၌ စာအုပ်စင်၏ ထောင့်ဘက်တွင်ရှိသော ဓားမော့ကျမ်းတစ်အုပ်ကို သတိပြုမိလိုက်၏။ မျက်ခုံးအနည်းငယ်ပင့်သွားကာ ဓားမော့ကျင့်စဥ်ကို ဆွဲယူပြီးနောက် ဖုန်များကို ဖယ်ရှားရန်အတွက် စာအုပ်အဖုံးကို ပုတ်လိုက်တော့သည်။

ဖူး၊ ဖူး၊ ဖူး၊

ဖုန်များခါချပြီးသည်နှင့် စကားလုံးကြီးအချို့က သူ့မျက်စိရှေ့၌ ပေါ်လာသည်။

မာ၏ ဓားမော့ကျင့်စဥ် ငါးပါးအဆင်လိုက် လျှပ်စီးတိုက်ကွက်

” ခန့်ငြားလိုက်တဲ့ ဓားမော့ကျင့်စဥ်ပဲ “

ယဲ့ရှောင်က ဆွံ့အသွားသည်။ ထိုအမည်က ရှည်လျားပြီး ရွံရှာဖွယ်ကောင်းသည့် အပြုအမူမျိုးရှိသည်။ သို့သော် ထိုကျင့်စဥ်ကို သူ ယခင်က တစ်ခါမှမတွေ့ခဲ့ဖူးပေ။ ယင်းက အခြေခံ ဓားမော့ကျင့်စဥ်အသစ်လားဆိုတာ သူ မသိရပေ။

ပထမဆုံး စာမျက်နှာကို ဖွင့်ကြည့်ပြီး ထိုထဲတွင် ရေးထားသောအကြောင်းအရာများကြောင့် သူ ထိတ်လန့်သွား၏။ ယင်းက မျိုးဆက်တစ်ဆက်၏ ချီရှန်းတစ်ဦး၏ ဂန္တာဝင်မြောက်လက်ရာဖြစ်ပြီး ပေါင်းစည်းခြင်း၊ အသွင်ပြောင်းခြင်းနှင့် ဓားမော့ကျင့်စဥ်၏ အထိတ်အထိပ်ကို တစ်မျိုးထဲဖြင့် သိပ်သည်းစေခြင်း ဖြစ်သည်။ မှတ်စုအချို့ ဖတ်ပြီးနောက် အဓိကအကြောင်းအရာ ပေါ်လာသည်။

ယဲ့ရှောင်သည် အဓိကအကြောင်းအရာကို မြင်လိုက်ရသောအခါ သူ့ခန္ဓာကိုယ်ထဲရှိ အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်ထဲတွင် အမှန်တကယ်ပါနေလိမ့်မည်ဟု မထင်ထားပေ။

ယဲ့ရှောင်၏ မျက်နှာက လင်းထိန်းသွားသည်။ ယင်းက လွတ်လပ်သော အခြေခံဓားမော့ကျင့်စဥ် ဖြစ်သည်။

သူက ချက်ချင်းပင် အလေးထား ဖတ်လိုက်၏။

တစ်နာရီခန့်ကြာပြီးနောက် အခြေခံဓားမော့ကျင့်စဥ် ခုနှစ်မျိုးကို မှတ်တမ်းတင်ထားသော ရွှေရောင်စာအုပ်၏ စာမျက်နှာခုနှစ်မျက်နှာက ဖျက်ခနဲလှန်သွားပြီးနောက် ရွှေရောင်အလင်းတို့ ဖြာထွက်လာ၏။

အမြဲတမ်းတည်ငြိမ်နေကြ ယဲ့ရှောင်သည် ယခုအချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားသွား၏။

” ပြီးသွားပြီ “

အပိုင်း (၃) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset