စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂။ အချိန်သည် စီးဆင်းနေသည့် ရေအလား၊ ငါမူကား အေးချမ်းနေစဲ။
ယဲ့ရှောင်က သူ စားသောက်ရန် အချိန်ယူနေချိန်တွင် ပိုမြင့်သည့် အဆင့်သို့ ရောက်သွားလိမ့်မည်ဟု သူ မထင်ထားပေ။ ယင်းက အနည်းငယ် အပေါ်ယံဆန်နေပုံ ပေါ်၏။ ဆိုရလျင် ကျန်သည့်သူများအဖို့ နယ်ပယ်အဆင့်တစ်ခုခု တက်ရောက်ရန်အတွက် နှစ်ပေါင်းများစွာ အချိန်ယူရသည်။ ထူးဆန်းစွာပင် သူက နေ့ဝက်ခန့်သာ အချိန်ယူခဲ့ရသည်။
သူက သူ၏ အံ့ဖွယ် ဝိညာဥ်ကို တစ်ဖန် ဆက်သွယ်လိုက်ရာ ပထမ စာမျက်နှာရှိ မင်လော့ ဓားမော့ ကျင့်စဥ်က ပြီးပြည့်စုံသည်အထိ ကျင့်ကြံပြီးကြောင်း မြင်လိုက်ရသည်။ အခြေအနေပြ ဘားတန်းက ပျောက်ကွယ်သွားပြီး ကျင့်စဥ်အားမှတ်တမ်းတင်ထားသည့် အံ့ဖွယ် ဝိညာဥ်က ရွှေရောင် စာရွက်အဖြစ် ပြောင်းလဲသွား၏။
ဆိုလိုသည်မှာ ယခုမှစ၍ သူသည် ပြီးပြည့်စုံသော မင်လော့ ဓားကျင့်စဥ်ကို အသုံးပြုနိုင်ပြီ ဖြစ်သည်။
မင်လော့ ဓားမော့သိုင်းက ယဲ့ရှောင် ဖတ်ခဲ့သည့် မှော်ကျင့်စဥ်၏ အမည်ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ သူက တုပခြင်း၏ ရလာဒ်ဖြစ်သော ကျင့်စဥ်တစ်မျိုးလည်း ဖြစ်သည်။ ယင်းက အခြေခံ ဓားမော့ကျင့်စဥ်များထဲမှ တစ်ခုဖြစ်သည်။
ဓားမော့ ရေးဆွဲခြင်း ကျင့်စဥ်မှ ဆင်းသက်လာတာ ဖြစ်သည်။
” ဒီ ဓားမော့ ကျင့်စဥ် ဘယ်လောက် အစွမ်းထက်လဲဆိုတာ သိချင်မိတယ်။ ပိတ်ရက်ကျရင် ဘယ်သူမှ မရှိတဲ့အချိန် ငါ စမ်းကြည့်ဖို့အတွက် နေရာတစ်နေရာ ရှာရမယ်”
သူသည် ချန် မိသားစု၏ ဓားမော့ ပါဝင်သော ဒုတိယ စာမျက်နှာကို တစ်ချက်မျှ ကြည့်လိုက်၏။ ဓားမော့ကျင့်စဥ်က ၈၇ ရာခိုင်နှုန်းထိ ကျင့်ကြံခဲ့ပြီးပြီ ဖြစ်သည်။
တတိယ စာမျက်နှာတွင် သိမ်မွေ့ခြင်း လေပြည် ဓားသိုင်းနှင့် စတုတ စာမျက်နှာတွင် ထန် မိသားစု၏ လက်သီး ပါဝင်ပြီး နှစ်မျိုးလုံးကို ၈၀ ရာခိုင်နှုန်း ကျင့်ကြံပြီးခဲ့ပြီ ဖြစ်သည်။
ချန် မိသားစု၏ ဓားမော့ ဇစ်မြစ်က မှီဝဲခြင်း ဓားမော့ ကျင့်စဥ် ဖြစ်သည်။
ညင်သာခြင်း လေပြည် ဓားသိုင်းက ခုတ်ပိုင်းခြင်း ဓားကျင့်စဥ် ဖြစ်သည်။
ထန် မိသားစု၏ လက်သီး ဇစ်မြစ်က လက်ဖြောင့် ထိုးနှက်ချက် ကျင့်စဥ်ဖြစ်၏။
ဤအခြေခံ ကျင့်စဥ်ကို ရေးသည့်သူများသည် ပညာ ကောင်းကောင်းမွန်မွန် မတတ်ကြတာ ဖြစ်နိူင်၏။ သူတို့၏ အမည်များက ရိုးရှင်းနေပြီး သူတို့၏ ကိုယ်ပိုင် အမည်များ သို့မဟုတ် မျိုးရိုးအမည်များ ဖြစ်ကြ၏။ သို့သော် သူတို့အားလုံးက တုပထားခြင်း ဖြစ်ပြီး ပြင်ဆင်ထားသော ကျင့်စဥ်များသာ ဖြစ်သည်။ ထို့ကြောင့် သူ မည်သည်ကို မျှော်လင့်ရမည်နည်း။
သူတို့ကို ပေါင်းစည်းလိုက်သည်နှင့် ပိုကောင်းသည့် အမည်များ ရရှိရန် ယဲ့ရှောင်က မျှော်လင့်နေမိသည်။
သူက အနုပညာဆန်ဆန် နာမည်ပေးသည်ကို အသားကျနေသည့် လူငယ်တစ်ဦးဖြစ်သည်။ သူသည် ဤလောကမှ လူငယ်တစ်ဦးဟု သတ်မှတ်၍ ရသည်လော။
နေ့လယ်စာ စားပြီးနောက် ယဲ့ရှောင်က သူ စီမံခန့်ခွဲသည့် ဧရိယာသို့ ပြန်သွားပြီး ထပ်မံ ဖတ်ရှုတော့၏။
သူက အဆင်တက်ရန် အလျင်မလိုချေ။
သူ၏ ယခင်ဘဝက ကာလရှည်ကြာစွာ အိပ်ယာထဲတွင် နေထိုင်ခဲ့ရသူ ဖြစ်၏။ ထို့ကြောင့် ဤဘဝတွင်မူ သူက ပိုအကျိုးအမြတ် ရှိချင်သည်။
မျက်တောင်တစ်ခပ်အတွင်း မွန်းတည့်ချိန် ကုန်ဆုံးသွား၏။ ယခုအခေါက်တွင် စာအုပ်လေးဆယ် ဖတ်ပြီးသွားပြီ ဖြစ်သည်။
ကံဆိုးသည်မှာ အရည်အသွေး ပြည့်မီသည့် ကျင့်စဥ်က ငါးမျိုးသာ ရှိသည်။ သူတို့ထဲတွင် သုံးမျိုးက ဓားမော့ ကျင့်စဥ်ဖြစ်ကာ နှစ်မျိုးက ဓားသိုင်း ကျင့်စဥ်ဖြစ်၏။ ကျန်သည်က တူညီသော အခြေခံ ကျင့်စဥ်များမှ လာတာပဲ ဖြစ်သည်။ သူတို့အားလုံးက အမည်နှင့် အကွက်အချို့ ပြောင်းလဲရုံသာ ဖြစ်ကာ ရွှေရောင် စာအုပ်တွင် မှတ်တမ်းတင်၍ မရနိုင်သည့် ကျင့်စဥ်အသစ်သာ ဖြစ်လာတော့သည်။
ယဲ့ရှောင်က သက်ပြင်းချလိုက်တော့သည်။
သိုင်းကျင့်စဥ်များကိုသာ လေ့လာသော သိုင်းပညာရှင်တစ်ဦးက အမှန်တကယ် ပြုသမျှကို နုနေရသည်။
သင်သည် သိုင်းကျင့်စဥ်တစ်ခုကို ရေးသားခဲ့လျင် ကျန်သည့်သူများက ချက်ချင်းပင် ကူးယူပြီး ထိုနည်းမှ နောက်ထပ် သိုင်းကျင့်စဥ် တစ်ရာကျော်ကို ပြောင်းလဲပြင်ဆင်ကြမှာပဲ ဖြစ်သည်။ သင့်ထက် ပိုပြီး ငွေကြေးများ ရရှိကာ ပိုကျော်ကြားနိုင်မည်ဖြစ်သည်။ ပိုအရေးကြီးသည်ကား တရားမဝင် မဟုတ်ပေ။ ဤသည်က ပိုဒေါသထွက်စေတာပဲ ဖြစ်သည်။
ကံကောင်းသည်မှာ ယဲ့ရှောင်၏ ကိုယ်ရည်ကိုယ်သွေးဖြစ်သည့် ပင်ကိုယ်စရိုက်က ပို၍ တည်ငြိမ်သည်။ ထို့ကြောင့် သူက ကျင့်ကြံခြင်းကို အလွန်အကျွံ မစွဲလမ်းပေ။ ဘာမှ ဒေါသထွက်စရာ မရှိတာ သဘာဝကျပေ၏။
သူက ထပ်ပြီး မယူနိုင်တော့ချိန်၌ သမိုင်းကြောင်းနှင့် ပထဝီဆိုင်ရာ စာအုပ်များကို ဖွင့်ပြီး စိတ်ကို တည်ငြိမ်စေလိုက်တော့၏။
ဤလောက၏ သမိုင်းက သူ ယခင်ဘဝနှင့် ဆင်တူသည်။ မင်းဆက်များကလည်း ကိုက်ညီ၏။ သို့သော် ကွဲပြားခြားနားချက် အချို့ ရှိနေသည်။
ပထမဆုံးသော မူမမှန်မှုက သမိုင်းကြောင်းထဲရှိ မင်းဆက်များ ဖြစ်သည်။ သူတို့အားလုံးက သူတို့ မိသားစုအမည်များ အသုံးပြုကြပြီး ခရိုင်ကိုးခုကို တစ်စုတစ်စည်းထဲ ဖြစ်ရန်အတွက် အမြင့်ဆုံးအထိ ကျင့်ကြံကာ ကိုယ်စားပြုခဲ့ကြ၏။
မင်းဆက်တိုင်းတွင် သာမန်လူသားများကို ကျော်လွန်သော ကျင့်ကြံနိုင်သည့် လူတချို့ ရှိလေသည်။
သက်ဦးဆံပိုင် ဘုရင် သုံးပါးနှင့် ဧကရာဇ် ငါးပါး ရှိ၏။ သူတို့၏ အမှုထမ်းများထဲတွင်တောင် သိုင်းပညာရှင်များ ရှိပေ၏။
ထူးဆန်းသည်မှာ ထိုလူများက အဆုံးတွင်မူ အမြဲတမ်း ပျောက်ကွယ်သွားတာပဲ ဖြစ်သည်။ ပြီးနောက် သူတို့သည် မိသားစုအသစ်များမှ ထွန်းတောက်လာသော ထူးချွန်ထက်မြက်သူများ၏ ဝါးမျိုခြင်းကို ခံလိုက်ရကာ မင်းဆက်အသစ်တို့က ထပ်မံပေါ်ပေါက်လာ၏။ ယင်းက တူညီသည့် တိုင်းတစ်ပါးဖြစ်ပုံပေါ်သည်။
ထိုကြောင့် ဤလောကရှိ အခြေအနေက သူ၏ယခင်ဘဝက ခေတ်မီသော အခြေအနေနှင့် ဆင်တူနေပေ၏။ သမိုင်းကြောင်းထဲတွင် ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်အားလုံး ရှိနေသည်။ သို့သော် ထူးခြားသည့် ကွဲပြားခြားနားမှု တချို့ ရှိနေသည်။
ယခင် ဘဝတုန်းက နာမည်ကျော်ကြားသည့် လူများသည် ဤလောကထဲတွင် အလွန်အစွမ်းထက်သည့် သိုင်းပညာရှင်များ ဖြစ်နေကြ၏။
သမိုင်းကြောင်းထဲရှိ အကြမ်းတမ်းဆုံးတိုက်ပွဲတစ်ပွဲက သိုင်းပညာရှင်များကြားမှ တိုက်ပွဲတစ်ပွဲအဖြစ် ပြောင်းလဲသွားနိုင်၏။ တစ်နည်းဆိုရလျင် သူတို့၏ အမိမြေကို ကာကွယ်ရန်နှင့် ကြယ်တာရာ သားရဲများ၏ ကျူးကျော်မှုကို ခုခံကာကွယ်ရန်အတွက် သူတို့ လက်တွဲခဲ့ကြသည်။
လေယာဥ်အမြောက်ဟု ခေါ်မည့်အစား ဖြစ်၏။
သူ ဂရုတစိုက် စဥ်းစားပြီးနောက် အဓိပါယ် ရှိမှန်း သိလိုက်ရသည်။ လူသားများက အမြင့်ဆုံးထိရောက်အောင် ကျင့်ကြံပြီးနောက် သူတို့က မြေလျိုး မိုးပျံနိုင်စွမ်း ရှိ၏။ ထို့အပြင် တောင်တန်းများနှင့် မြစ်များကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။ သူတို့က လေယာဥ်အမြောက်များ အဘယ့်ကြောင့် လိုအပ်မည်နည်း။
ဓားတစ်ချက် အဝေ့ဖြင့် မိုင် ရှစ်ရာအကွာမှ ရန်သူကို သတ်ဖြတ်နိုင်စွမ်းရှိပြီး ထမင်း နှစ်လုပ်စာ အချိန်အတွင်း မိုင် ၇၀ အထိ ခရီးနှင်နိုင်သည်။
ထို့အပြင် လေယာဥ်အမြောက်များ ထိပ်တန်း သိုင်းပညာရှင်များ၏ စွမ်းအင် ခုခံမှု အကာအကွယ်ကို ဖြိုခွင်းနိုင်ခြင်း မရှိကြချေ။
ကြယ်တာရာ သားရဲများအတွက်မူ သူတို့က ကြယ်များမှ လာသည့် ဝိညာဥ်သားရဲတစ်မျိုး ဖြစ်၏။ သူတို့က တောရိုင်း တိရိစ္ဆာန်များနှင့် မတူပေ။ သူတို့က လူသား ကျင့်ကြံသူများနှင့် တူညီသော တိုက်ပွဲဝင် ခွန်အားရှိပေသည်။ ယင်းကို အထူးစွမ်းရည်ဟု ခေါ်နိုင်လေ၏။ အချို့သော အစွမ်းထက်သည့် ကြယ်တာရာသားရဲများသည် တိုင်းပြည်တစ်ပြည်ကိုတောင် အလွယ်တကူ ဖျက်ဆီးနိုင်သည်။
သို့သော် သမိုင်းကြောင်းထဲမှ ထူးချွန်ထက်မြက်သူများ ဆန်းကြယ်စွာ ပျောက်ဆုံးသွားသည့်နည်းတူ ကြယ်တာရာသားရဲများ၏ ဇစ်မြစ်ကို ရှင်းပြနိုင်ခြင်း မရှိပေ။
အချက်အလက်များက အဓိက လျို့ဝှက်ချက်များနှင့် သက်ဆိုင်နေသည်ဟု ယဲ့ရှောင် ကောက်ချက်ချမိသည်။
စာကြည့်တိုက်၏ အလွာမြင့်တွင်မူ ဤကဲ့သို့ အချက်အလက်များပါဝင်သည့် စာအုပ်များကို ရှာတွေ့နိုင်လောက်သည်။
ကံဆိုးသည်မှာ အလွာမြင့်များက ထိုကဲ့သို့သော အရာမျိုးကို လွတ်လွတ်လပ်လပ်ဖြင့် လူအများ ပြုလုပ်နိုင်စွမ်း ရှိတာ မဟုတ်ပေ။ ထိုအလွာများကို ကြီးကြပ်နေသည့် ကြီးကြပ်ရေးမှုးများလည်း ရှိနေ၏။
” ဒင်”
ထိုစဥ် နာရီက အနားယူချိန်ဖြစ်ကြောင်း အချက်ထပ်ပြပြန်၏။
ယဲ့ရှောင်က စာအုပ်ကို ပိတ်ပြီး အကြောဆန့်ကာ စားသောက်ရန်အတွက် ကိုယ်တိုင်ယူ စနစ်ဖြင့် စားသောက်ရသော စားသောက်ဆိုင်သို့ သွားလိုက်သည်။ သူက ဆက်နေချင်သေး၏။ သို့သော် သူ မစားသောက်ပဲနေလျင် အစားလွန်ကာ သေဆုံးသွားနိုင်သည်။
ထိုအတိုင်းပင် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားကာ ယဲ့ရှောင်က နေ့လယ်စာ စားပြီး စာအုပ်များကို ဆက်လက် ဖတ်ရှုသည်။ သူ စီမံခန့်ခွဲရသည့် ဧရိယာ၊ စားသောက်ဆိုင်နှင့် အဆောင်ထဲတွင် အစရှိသဖြင့် သူ တတ်နိုင်သမျှ နေရာအားလုံးတွင် စာဖတ်လေ၏။
နှစ်ဝက်ခန့်ကြာသွားပြီးနောက် သူ၏ ကျင့်စဥ်က လူသား သိုင်းပညာရှင် နဝမ အထွတ်အထိပ်အဆင့်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
သူက ဒဏ္ဍာရီလာ ရှန့်ထျန်း နယ်ပယ်ထဲသို့ ခြေချနိုင်ရန် အလွန်နီးကပ်လာခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် သူက ချီရှန်း တစ်ဦး ဖြစ်လာနိုင်၏။
သူက ချီရှန်းတစ်ဦး ဖြစ်လာပါက ကိုယ်ပိုင်သိုင်းကျောင်းတစ်ခု ဖွင့်ရန် အရည်အချင်းရှိလာပြီဟု ဆိုနိုင်သည်။ ချီရှန်း တစ်ဦး ဖြစ်လာပါက သိုင်းကျောင်းတစ်ခု ဖွင့်ရန် တစ်ခုတည်း မဟုတ်ချေ။ ကျန်သည့် အကျိုးခံစားခွင့်များကလည်း မြစ်ကို ဖြတ်ကူးနေသော ရေချို ငါးများကဲ့သို့ များပြားလှပေ၏။
ရိုးရိုးရှင်းရှင်းဆိုရလျင် ဤလောကထဲတွင် ချီရှန်းတစ်ဦးဖြစ်လာခြင်းက သာလွန်သူ တစ်ဦး ဖြစ်လာပြီဟု ဆိုလိုတာပဲ ဖြစ်သည်။
ချီရှန်း တစ်ဦး ဖြစ်မလာပင်လျင် နဝမ အဆင့် အထွတ်အထိပ် လူသား သိုင်းပညာရှင်ဖြစ်သော ယဲ့ရှောင်၏ တည်ရှိမှုသည် အလွန် ထူးချွန်ထက်မြက်သည့် လူတစ်ဦး ဖြစ်နေသေး၏။
ကန်ပဏီများ၊ ကိုယ်ပိုင် မိသားစုများနှင့် စစ်တပ်ကပင် သူ့အား အလွန်မြင့်မားသော တန်ကြေးဖြင့် ငှားရမ်းမှာပဲ ဖြစ်သည်။
ထိုကဲ့သို့သော အခွင့်အလမ်းက စာကြည့်တိုက်မှုးလေးတစ်ယောက် လက်ခံရရှိနိုင်သည်ထက် ဝေးကွာလွန်းနေပေသည်။ သို့သော် ယဲ့ရှောင်က သူ၏ အသက်မွေးဝမ်းကြောင်းကို မပြောင်းလဲခဲ့ပေ။
ပထမအချက်အနေဖြင့် ရှေးဦးစွာ သူက ငွေကြေးအား စိတ်ဝင်စားခြင်း မရှိချေ။ ရိုးရိုးသားသားဆိုရလျင် သူက ငွေကြေးကို မနှစ်သက်။ သေခြင်းရှင်ခြင်းကို ကြုံတွေ့နေရခြင်းထက် ချောင်ထဲတွင် ငြိမ်သက်သော ဘဝကို နေနိုင်ခြင်းက ကောင်းချီးပေးခံရခြင်း တစ်ရပ်သာ ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် စာအုပ်များစွာ ဖတ်ရှုပြီးနောက် အပြင်လောကမှာ အလွန်ဘေးဒုက္ခများကြောင်း သူ့ ရင်ထဲတွင် သိနေသည်။ စာကြည့်တိုက်ထဲမှ သူ၏ နေ့စဥ်ဘဝကဲ့သို့ သက်သောက်သက်သာဖြစ်ရန် ဝေးလွန်းနေ၏။
နဝမအဆင့် သိုင်းပညာရှင်တစ်ဦးက အလွန်ကောင်းနေပြီ ဖြစ်သော်လည်း သူ့ထက်သာသည့် သူတစ်ဦးက အမြဲတမ်း ရှိနေစဲ ဖြစ်သည်။ သူသာ ချီရှန်းတစ်ဦးကို ရင်ဆိုင်ကြုံတွေ့ရပါက ယင်းက အမှန်တကယ် အဆုံးသတ်သွားမှာပဲ ဖြစ်၏။
တတိယ နှင့် အရေးအကြီးဆုံးအချက်ကား အခြားသူများက သူတို့ ကျင့်ကြံခြင်းနှင့် ကျင့်စဥ်အား မြင့်တင်ရန် ဆေးလုံးများ ကျင့်ကြံခြင်း ရင်းမြစ်များကို အသုံးပြုနိုင်သည်။ သူ့အဖို့မူ စာအုပ်များဖတ်ပြီး ကျင့်စဥ်များကို သူ၏ အံ့ဖွယ် ဝိညာဥ်ထဲတွင် မှတ်တမ်းတင်ရုံသာ တတ်နိုင်၏။ ပြီးနောက် သူက အလိုလို ကျင့်ကြံပြီး အဆင့်တက်သွားမှာပဲ ဖြစ်သည်။
အဆုံးတွင်မူ စာကြည့်တိုက်ထဲတွင် နေထိုင်ခြင်းက သူ၏ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
ထိုနှစ်ဝက်အတွင်း ယဲ့ရှောင်က စာကြည့်တိုက်အတွင်းမှ လုပ်ဖော်ကိုင်ဖက်များစွာဖြင့် ခင်မင်ရင်းနှီးလာလေ၏။
သူ၏ စိတ်သဘောထားက သိမ်မွေ့ကာ ကျန်သည့်သူများအပေါ် ကြင်နာတတ်ပြီး အလွန် ချောမောခန့်ငြားသူ ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် အမျိုးသမီး လုပ်ဖော်ကိုင်ဘက်များ ကြားထဲ၌ ကြိုက်နှစ်သက်ခံရသူလည်း ဖြစ်သည်။
” ဒင်”
နာရီသံ ထပ်မံပေါ်ထွက်လာခဲ့ပြန်၏။
ယဲ့ရှောင် စာအုပ်မပိတ်ခင်မှာပင် လူရိပ်တစ်ရိပ်က အပေါ်ထပ်မှ ခုန်ဆင်းလာသည်။
” လောင်ရယ်၊။ အခု စားဖို့ အချိန်ရောက်ပြီ”
အပိုင်း ၂ ပြီး၏။