Switch Mode

Chapter – 5

စိန်ခေါ်ပွဲကြီး

Chapter – 5 စိန်ခေါ်ပွဲကြီး

တစ်လကြာပြီးနောက် . . . . ၊
လရောင်ဟာ ကောင်းကင်ပေါ်မှာ တောက်ပနေသလို တောင်တခုဆီမှလည်း မိုးပြာရောင် အလင်းတန်း တွေ တဖြတ်ဖြတ်တောက်ပါနေပါတယ် ။ အဝေးကလှမ်းကြည့်မည်ဆိုပါက တောင်ထိပ်ပေါ်ကို ကြယ် ကြွေကျနေသွားသလိုပါ ။ ချန်ရှန်ဟာ သူ့ အတွင်းအားတွေ ကို တိုးသထက်တိုးအောင် ကျင့်စဉ်တွေ ကျင့်ဖို့ နဲ့ ဆေးမြစ်တွေ စုဆောင်းရှာဖွေဖို့ အတွက် ဒီတောင်ပေါ်လာရခြင်းဖြစ်ပါတယ် ။
များပြားတဲ့ စိတ်ဝိဥာဉ်ချီဓာတ်တွေ ကို စုပ်ယူဖို့ နဲ့ ကောင်းကင်နဲ့ မြေကြီးကြားမှာ ရှိတယ့် လေနဲ့ လျှပ်စီး အားတွေကို ရရှိရန်ပါ ဒီတောင်ပေါ်ရှိနေတာဖြစ်ပါတယ် ။ သူဟာ တိမ်မဲတွေကို ပေါ်လာတာကို မြင်ရသလို လေတွေခပ်ကြမ်းကြမ်းတိုက်တာကိုလည်း ခံစားရပါတယ် ။ ဒီလိုတိမ်မဲ တွေကြားထဲမှာမှ လျှပ်စီးတွေဟာ ပိုပိုလတ်တာကိုလည်း မြင်နေရပါတယ် ။ ရုတ်တရက်ပဲ မိုးကြိုးကြီးတစ်ခုဟာ တောင်ထိပ်တည့်တည့်ပေါ်ကို ပစ်ချလိုက်ပါတယ် ။ ဒီလို အံ့အားသင့်စရာ ဖြစ်ပျက်မှုဟာ တကယ်တော့ ချန်ရှန်ရဲ့ မိုးပြာရောင် နဂါးကျင့်စဉ် ကြောင့်ပဲဖြစ်ပါတယ် ။ ဒီလို အလွန်အင်မတန် ကြီးမားတယ့် ပေါက်ကွဲသံတွေနဲ့ မိုးကြိုးလျှပ်စီးတွေလက်နေတာဟာ သူ့ ကျင့်စဉ် ကြောင့်ဆိုတာ ငြင်းစရာမရှိပါဘူး ။ သူ့ ကိုယ်ကို မိုးကြိုးထိမှန်သွားတဲ့ အချိန်မှာ သူဟာ အတွင်းအား သုံးကာ ခန္ဓာကိုယ်သန့် စင်ခြင်းကို စတင်ပြီး ၄င်း မိုးကြိုးရဲ့ စွမ်းအင်တွေကို သူ့ ကိုယ်ထဲသို့ စုပ်ယူ လိုက်ပါတယ် ။
ဒီလုပ်ရပ်ဟာ သူ့ ကိုယ်သူ သတ်သေတာနဲ့ တောင် တူနေပါသေးတယ် ။ မိုးကြိုးဟာ သဘာဝ စွမ်းအင် တွေထဲမှာ အားအကြီးဆုံးဆိုတာ လူတိုင်းသိပါတယ် ။ တခြားသိုင်းပညာရှင်ကြီးတွေတောင် ဒီလို တည့်ထိမှန်တာကို ခံစားနိုင်လိမ့်မှာ မဟုတ်ပါဘူး ၊ ခုတော့ ချန်ရှန်ဟာ မိုးပြာနဂါးကျင့်စဉ် ကျေးဇူးနဲ့ ဒီလိုသဘာဝ စွမ်းအင် လျှပ်စီးကို ခံနိုင်ရုံမက ၄င်း၏ စွမ်းရည်ကိုပါ သူ၏ သိုင်းပညာ တိုးတက်မှု အတွက် အသုံးချနေတာဖြစ်ပါတယ် ။
ဒီလိုနဲ့ ညသန်းခေါင်တိုင်အောင်ကို သူဟာ ကျင့်ကြံလျက်ရှိပါတယ် ။ ချန်ရှန်ရဲ့ မျက်နာဟာ နာကြင်မှု တွေကြောင့် တွန့် လိမ်နေပါပြီ ။ ပုံမှန်အခြေအနေကို တဖြည်းဖြည်း ပြန်လည် ဖြစ်ပေါ်နေပါတယ် ။ သူ့ အ၀တ်တွေလဲ အပေါက်များစွာနဲ့ စုတ်ပြတ်နေကာ တကိုယ်လုံးမှာလည်း အမည်းရောင် အနာကွက်တွေ ဖြစ်ပေါ်နေပါတယ် ။ ဒီဒဏ်ရာတွေကနေ အငွေ့ တွေလဲ ထွက်နေပါတယ် ။ ဒီလိုတွေ အနာဖြစ်နေတာတောင်မှ အနာတွေပေါ်မှ မိုးပြာရောင် အလင်းတန်း အငွေ့ တွေကတော့ စူးစူးရှရှ ထွက်ပေါ် နေဆဲပါ ။ ဒီအငွေ့ တွေဟာ ချန်ရှန် မိုးကြိုးထိလို့ ဖြစ်ပေါ်တဲ့ အနာမှန်သမျှကို ပြန်လည် ကုစားသွားမှာ ဖြစ်ပါတယ် ။
“ငါ့အတွင်းအားတွေ များလာတာနဲ့ အမျှ ဒီနာကျင်မှုဟာ မပြောပလောက်တော့ပါဘူး”
ချန်ရှန် ကိုယ့်ကိုကိုယ် ပြန်ပြောမိနေပါတယ် ။ ဒါကတော့ နတ်အတွင်းအားကျင့်စဉ်တွေထဲက တစ်ခုပဲ ဖြစ်ပါတော့တယ် ။ ဒီလို ကိုယ့်ကိုကိုယ် မိုးကြိုးထိမှန်အောင် လုပ်ခြင်းကပဲ အတွင်းအားတွေကို ပိုမို ကြီးမားလာစေတာပဲဖြစ်ပါတယ် ။
နေ့ ရက်တွေ တရွေ့ ရွေ့ ကုန်ဆုံးခဲ့ပြီ ။ ဒီအချိန်တွေတွင်းမှာ ချန်ရှန် တစ်ယောက် ကိုယ့်ကိုကိုယ် မိုးကြိုး တွေပစ်ကာ ကျင့်စဉ်ကျင့်နေသည်မှာ ထပ်ခါတလဲလဲကို ရှိနေပါပြီ ။ ခုတော့သူ့ ခန္ဓာကိုယ်ဟာ အခြေခံကျကျကို မျှတခိုင်မာလျက်ရှိနေပါပြီ ။ ချန်ရှန်မျက်လုံးဖွင့်လိုက်တိုင်း လျှပ်စီးကြောင်း ၂ ခု တဖြတ်ဖြတ်လတ်တာကို မြင်နိုင်ပါတယ် ။ ဒါကြောင့် သူ့ မျက်လုံးတွေဟာ တည်ကြည်စူးရှလျက်ရှိပါ တယ် ။ တကယ်ကိုအံအားသင့်စရာပါပဲ ။
“ဒါဟာတကယ်ကိုပဲ နတ်အတွင်းအားသိုင်းလို့ ခေါ်ဆိုထိုက်ပါပေတယ် ။ မှော်သိုင်းပညာကျင့်စဉ်တောင် နတ်အတွင်းအားသိုင်းကို မနှိုင်းယှဉ်နိုင်ပေဘူး ၊ ခုတော့ငါ့အဆင့်ဟာ ဒီမှော်သိုင်းပညာအဆင့် ၅ ကို ရောက်ရှိခဲ့ပြီပေါ့”
ဒီချိန်မှာပဲ ချန်ရှန်ဟာ စစ်မှန်သောချီဓာတ် ရေ၀ဲလေး ၅ ခု သူ့ စွမ်းအင်သိုမှီးရာမှာ လည်ပတ်နေတာကို သတိထားလိုက်မိပါတယ် ။ စဖြစ်ပေါ်ကာစနဲ့ တဖြည်းဖြည်းကြီးလာတာကို နှိုင်းယှဉ်ကြည့်မိတယ် ။ ချန်ရှန်ခုတော့ ဒီ စစ်မှန်သော ချီဓာတ်ကို သူလိုအပ်သလို ထိန်းချုပ်နိုင်ပီပေ့ါ ။ ဒါကတော့ အဆင့် ၅ ကျင့်စဉ်ဖြစ်တဲ့ စစ်မှန်သော ချီ အဆင့်ပဲ ဖြစ်ပါတော့တယ် ။
သူဟာ အသက် ၁၆ နှစ်ပြည့်ပြီးဖြစ်ကာ အဆင့် ၅ ကိုရောက်ရှိနေပါပြီ ၊ အချိန်တိုတိုအတွင်းမှာ ဒီအောင်မြင်မှုအတွက် လူအများဟာသူ့ ကို ပါရမီရှင်လို့ သတ်မှတ်ကြပါလိမ့်မယ် ။ ကြေးနီရောင် စစ်မှန်သောချီဓာတ်တစ်ခု ချန်ရှန်ရဲ့ လက်ဝါးမှာ ဖြစ်ပေါ်နေပါတယ် ။ တဖက်မှာတော့ မိုးပြာရောင်ပေါ့ ။ မီးဓာတ်နဲ့ သစ်သားဓာတ်ဟာ မိုးပြာရောင်နဂါးနဲ့ အနီရင့်ရောင်ငှက်တို့ ရဲ့သင်္ကေတဖြစ်ကာ စစ်မှန်သော ချီဓာတ်တွေ ဖြစ်ပေါ်လျက်ရှိပါတယ် ။ ချန်ရှန်ဟာ သူ့ အရေပြားကို ခွာချကာ အရေပြား အသစ်လဲနေသလိုကို ခံစားရပါတယ် ။ ခုတော့ သူ့ ခန္ဓာကိုယ်နဲ့ ချီဓာတ်တွေဟာ အရင်နဲ့ လုံးဝကို နှိုင်းယှဉ်မရတော့ပါဘူး ။
ချန်ရှန်နောက်ဆုံးတော့ ဒီနတ်အတွင်းအားကျင့်စဉ်တွေဟာ ဘယ်လိုတောင် အဖိုးတန်လဲဆိုတာကို နားလည်လိုက်ပါပြီ ။ အမှန်ပါပဲ ၊ ဒီကျင့်စဉ်တွေဟာ လူတစ်ယောက်အဖို့ နတ်ဘုရားတစ်ပါးလို ကြီးမား တဲ့ စွမ်းအင်တွေကို ရရှိစေနိုင်ပါတယ် ။
“ဒီမှာရှိနေတယ့် စိတ်ဝိဥာဉ် ချီဓာတ်တွေဟာ နည်းသေးတယ် ၊ တကယ်လို့ မင်းရဲ့ ကျင့်စဉ်တွေကို တိုးတက်ချင်ရင် ဆေးမြစ်တွေကို မှီဝဲရမယ် ။ အာ့ဆို မင်း ချီ ဓာတ်တွေ ထုတ်လွှတ်နိုင်မယ် ။ ခုကစပြီး ဆေးပညာသင်ဖို့ အချိန်ရောက်ပြီ”
စုမေးယို ဟာ ချန်ရှန်ကို ပြောပြတာဖြစ်ပါတယ် ။
စုမေးယို နဲ့ ဘိုင်ယုယုတို့ ဟာ ချန်ရှန်ကို အစွမ်းထက်သထက် ထက်အောင် ပြုလုပ်နေကြတာပါ ။ သူမြန်မြန်တတ်မြောက်လေလေ သူတို့ ရဲ့ စွမ်းအားတွေ မြန်မြန်ပြန်ရလေလေ ဖြစ်ပါတယ် ။ သူတို့ ညီအမ ၂ ယောက်ဟာ သူမတို့ စွမ်းအားတွေ ဆုံးရှုံးပြီးကတည်းက ကြောက်ရွံ့ ကာ အကူညီမဲ့ နေသလို ခံစားနေကြရတာပါ ။
“ကောင်းပြီ ၊ ချန်မျိုးနွယ်ရဲ့ အငယ်ဆုံး ပညာရှင်မလား ..၊ ယောင်မျိုးနွယ်ရဲ့ ပါရမီရှင်ဆေးဆရာက သခင်လေးကို စိန်ခေါ်နေတယ် ။ သူက ဆေးပညာရော သိုင်းပညာပါ ပြိုင်ချင်တယ်ပြောတယ်”
ချန်ရှန် ချန်မိသားစုအိမ်တော် အပေါက်ဝကို ၀င်နေတုန်း အထက်စီးဆန်ဆန်ဖြင့် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က သူ ပြောခြင်းဖြစ်ပါတယ် ။
“ စိန်ခေါ်ပွဲတစ်ခု ဟုတ်လား. . ? ၊ ဘယ်တုန်းက ပြောတာလဲ”
ချန်ရှန် နည်းနည်းစိတ်လှုပ်ရှားသွားတယ် ။ သူဒီရက်ပိုင်း အိမ်မှာသိပ်မရှိဖြစ်ဘူးလေ ။
ကောင်လေးက သူ့ ကိုရယ်နေပါတယ် ၊ သူ့ အသံကတော့ အထင်သေးဟန်အပြည့်ပါပဲ ။
“ဒီတော့ ခုထိ သခင်လေးက ဒီသတင်းမကြားသေးဖူးပေါ့ . .၊ ကျွန်တော်တို့ အားလုံးက သခင်လေး ကြောက်ပြီး ပုန်းနေမယ်လို့ ထင်နေကြတာ ၊ ဒီသတင်းက လွန်ခဲ့တယ့် ၁၀ ရက်တကည်းကပါ ၊ သခင်လေးရဲ့ စေ့စပ်ထားတဲ့ မိန်းကလေးနဲ့ ယောင်မျိုးနွယ်ပါရမီရှင်လေးတို့ ပြောကြတာပါ ၊ သခင်လေးတော့ တကယ့်ကို ဂြိုလ်ဆိုးဝင်တာပါပဲ”
ချန်ရှန်ဟာ အနည်းငယ် စိတ်စနိုးစနောင့် တော့ ဖြစ်သွားပါတယ် ။ ချန်ရှန် နားလည်ဟန်ဖြင့် အပြုံးတုတစ်ခု ပြုံးရင်း ပြန်ပြောလိုက်ပါတယ် ။
“ချန်ဇျန်းဟွာ ၊ မင်းငါတို့ ငယ်ငယ်တုန်းက အချိန်ကို မှတ်မိလား . .၊ ငါမင်းမျက်နာကို အညစ်ကြေးတွေ ပေအောင်လုပ်တာလေ ၊ အခုငါနဲ့ စကားပြောချင်သေးရဲ့ လား . .?”
ဒါကတော့ ချန်ဇျန်းဟွာ ပဲ ဖြစ်ပါတယ် ။ သူ့ အဖေဟာလည်းချန်မျိုးနွယ်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်ပါတယ် ။ တောင်ပိုင်းသိုင်းပညာနယ်ပယ်ကြီးမှာ ချန်မျိုးနွယ်ဝင်တွေ အမြောက်အမြားရှိပါတယ် ။ ခုနပြောတဲ့ အကြီးအကဲတွေဟာ စွမ်းအားကြီးမားကြကာ အရေးကြီးကိစ္စ တစ်စုံတရာရှိမှသာ ချန်အိမ်တော်ရဲ့ ခန်းမမှာ လာရောက် စုဝေးကြတာဖြစ်ပါတယ် ။
ချန်ဇျန်းဟွာ အမူအရာဟာ ဒေါသဘက်ကို ကူးပြောင်းသွားပုံပါ ။ ဒါပေမယ့် သူသည်းခံလိုက်ပါတယ် ။ သူ့ အသံမှာ အမုန်းတရားတွေ ပါနေသလိုပါပဲ ။
“ဒါပေါ့ ၊ ခဗျားရှုံးသွားတာကို ကြည့်ချင်ပါသေးတယ် ၊ ခဗျားသတို့ သမီးကို ဆုံးရှုံးရမယ့် အချိန်မှာ ဖြစ်လာမယ့် မျက်နာကြီးကို ကြည့်ချင်နေပြီ ၊ စောင့်တောင်မစောင့်ချင်တော့ဘူးဗျ”
ချန်ဇျန်းဟွာလည်း ရယ်မောရင် ထွက်ခွာသွားပါတယ် ။
ချန်ရှန်လည်း သူ့ အဖေကို မရှာခင် သက်ပြင်းတချက် ချမိလိုက်ပါတယ် ။ ဒီကိစ္စဟာ ချန်မျိုးနွယ်ကြီး တခုလုံးရဲ့ ကိစ္စဖြစ်ပြီး သူ့ ခေါင်းပေါ် မူတည်နေပါတယ် ။ မျိုးနွယ်အကြီးအကဲ အားလုံးကို ဆင့်ခေါ်လိမ့် မယ်ထင်မိနေပါတယ် ။
တျန်းဟူပန်းခြံ ၊ စာကြည့်ခန်းအတွင်းမှာ . . .
ချန်ရှန်သူ့ အဖေဆီ ပြေးသွားကာမေးလိုက်ပါတယ် ။
“ အဖေ ၊ အဖိုးက သူ့ ရဲ့ ခေါင်းဆောင်နေရာကို စွန့် လွှတ်လိုက်တယ် ဆိုတာ တကယ်ပဲလား”
ချန်တျန်းဟူ အိနြေ္ဒရရပဲ ခေါင်းညိမ့်လျက်ဖြေပါတယ် ။
“အမှန်ပဲ ၊ မင်းအဖိုးဟာ ခုအနားယူပြီး ကျင့်စဉ်ကျင့်တော့မယ် ၊ ခုချန်မျိုးနွယ်ရဲ့ အကြီးအကဲအားလုံး သူ့ နေရာဆက်ခံဖို့ အတွက် ဒီရောက်နေကြပြီ”
ချန်မျိုးနွယ်စုအတွက် ခေါင်းဆောင်သစ်တင်မြောက်ရန် ရွေးကောက်ပွဲလုပ်ကြတော့မှာ ဖြစ်ပါတယ် ။ ဒီအချိန်ဟာ အကြောင်းတရားများစွာဖြစ်နိုင်နေပါတယ် ။ ဘာကြောင့်လဲဆိုတော့ ပြိုင်ဆိုင်မှုများ ၊ တိုက်ခိုက်ရေးပွဲများဖြစ်ရုံသာမက ဒဏ်ရာတွေရကြမယ်ဆိုတာကတော့ ပြောနေစရာမလိုတော့ပါဘူး ။
ဒီလိုသိုင်းပညာရှင်တွေရဲ့ မျိုးနွယ်စုခေါင်းဆောင်ဖြစ်ဖို့ အတွက် လိုအပ်ချက်တွေများစွာရှိပါတယ် ။ အဓိကကတော့ သြဇာအာဏာ နဲ့ ငွေကြေးကြွယ်ရရမှာဖြစ်ပါတယ် ဘာလို့ လဲဆိုတော့ လူအများဟာ ဒီရာထူးကို အရမ်းလိုချင်ကြကာ ဘ၀တစ်ခုလုံးရင်းပြီး စွန့် စားမယ့်လူတွေတောင် ပါပါသေးတယ် ။
ချန်ရှန်အဖေလဲ ဒီရာထူးကို ၀င်ယှဉ်ပြိုင်မှာပါ ။ ‘ဒါတင်မက ချန်ရှန်ကိုယ်တိုင်ပါ မလွဲမသွေ ပါဝင်လာမှာပါ ။ သူ့ မှာသာ လုံလောက်တယ့် စွမ်းရည်မရှိရင် သူ့ အတွက် ရက်စက်ကြမ်းကြုတ်မှု တွေဟာ မတွေးရဲစရာပါပဲ ။ ဒီရာထူးဟာ အမွေဆက်ခံပိုင်ခွင့်မရှိပါဘူး ။ ရွေးကောက်ပွဲဝင် ယှဉ်ပြိုင်ရ တာပါ ။ ဒါကြောင့် ဒီရာထူးဟာ စွမ်းရည်ပေါ်မူတည်ပါတယ် ။
ချန်ရှန်ဟာ သူ့ အဖေအရမ်းကို အိနြေ္ဒရနေတာကို တွေ့ လိုက်ရပါတယ် ။ ဒါကြောင့် ဂရုတစိုက်နဲ့ မေးလိုက်တယ် ။
“အဖေ ၊ ဒါကြီးက အဖေ့အတွက် အရမ်းခက်ခဲနေလား . .”
ချန်တျန်းဟူ တချက်ကြည့်ကာပြန်ပြောပါတယ် ။
“ဒါဟာ တကယ်တော့ တကယ်ကို ခက်ခဲလွန်းပါတယ် ၊ ဒီရာထူးအတွက် ငါနဲ့ ယှဉ်ပြိုင်မယ့်လူတွေ များစွာရှိတယ် ၊ အထူးသဖြင့် ငါနဲ့ ကတိထားခဲ့ကြတယ့် ညီနောင် ၂ ယောက်အပါအ၀င်ပေါ့ ။ ဒါတွေ ပြောမနေတော့ပါဘူး ၊ နောက်ပြီး ယောင်မျိုးနွယ် ပါရမီရှင်လေးက မင်းကို စိန်ခေါ်ထားတယ်နော် ၊ ငြင်းလိုက်တာ အကောင်းဆုံးပါပဲ”
“ငြင်းလိုက်မယ် . .”
ပညာတွေသင်ကြာပြီးမှ စိန်ခေါ်တာပဲ ၊ ချန်ရှန် မငြင်းပါ ။ ခုသူဟာ သိုင်းပညာကျင့်စဉ် အဆင့် ၅ကိုတောင်ရောက်နေပြီလေ ။ နောက်ပြီး နတ်အတွင်းအား တွေလဲရှိနေတာပဲ ၊ ချန်တျန်းဟူက သူ့ သား ကျင့်စဉ်တွေအောင်မြင်သွားတာကို မသိဘူးဖြစ်နေတာပါ ။
“အဖေ . .၊ ကျွန်တော် ရွှီမျိုးနွယ်နဲ့ ယောက်မျိုးနွယ်တို့ ရဲ့ အထင်သေးတာကို ခံမှာမဟုတ်ဘူး ၊ ဒီစိန်ခေါ်မှုကို လက်ခံရမယ်”
ချန်ရှန်အကြည့်တွေဟာ စူးရှနေပါတယ် ။ သူ့ မျက်လုံးတွေဟာလည်း စစ်ပွဲရဲ့ အရိပ်ယောင်တွေ ပြည့်နေပါတယ် ။ သူ့ ကိုယ်ကလဲ ကြီးမားတယ့် ချီဓာတ်တွေ ထွက်နေတယ် ။ သူ့ အဖေရဲ့ တပည့်ဆို တကယ်ကို ရင်တုန်အံ့အားသင့်နေတာပါ ၊ ခုတော့ သူ့ သားဟာ မယုံကြည်နိုင်လောက်တဲ့ နှုန်းနဲ့ သို်င်းပညာအဆင့်တစ်ခုကို ရောက်နေပြီိဆိုတာ တွေ့ လိုက်ရပါပြီ ။
ချန်တျန်းဟူဟာ သူ့ သား အပြင်မှာ မတော်တဆမှု တစ်ခုခုကြောင့်လို့ ပဲ တွေးမိလိုက်ပါတယ် ။ သို့ သော် သူထပ်မမေးဖြစ်တော့ပါ ၊ သူ့ သားခုလောက်သန်မာနေတာကိုမြင်ရတာပဲ သူ့ အတွက် လုံလောက်နေပါပြီ ။ ချန်တျန်းဟူ သူ့ သားပခုံးကို ပုတ်ကာ ရယ်မောပြီး ပြန်ပြောပါတယ် ။
“မင်းအဖေမင်းဘက်မှာ အမြဲရှိတယ် ၊ မင်း ယောင်မျိုးနွယ်စုကို ကောင်းကင်ကြီးရဲ့ တဖက်မှာ ဘာရှိလဲ ဆိုတာ ပြလိုက်စမ်းပါကွာ”
ချန်ရှန် အားပါးတရ ရယ်မောပြီး ပြန်ပြောလိုက်ပါတယ် ။
“အဖေ ၊ ကျွန်တော့ကို ငွေနည်းနည်း ကူညီနိုင်မလား. .”
ချန်ရှန်အဖေဟာ လူကုန်ထံဘ၀နဲ့ နေသော်လည်း ၊ သူ ကတော့ အတော်ကို မွဲနေတာပါ ။ သူ့ အဖေက သူ့ ကို လူအပေတေတစ်ယောက်ဖြစ်မှာကို စိုးရိမ်နေခြင်းဖြစ်ပါတယ် ။ ဒါကြောင့်သူ့ ကို သာမန်လိုပဲ နေထိုင်စေခဲ့ပါတယ် ။ တခြားအသက်ရွယ်တူ ချန်မိသားစုတွေကြားမှာ ဂုဏ်သရေရှိရှိ ထင်ပေါ်စေချင် ခဲ့တာပါ ။
ချန်တျန်းဟူဟာ ငွေကြေးကို စနစ်ကျကျ သုံးစွဲတဲ့သူ တစ်ယောက်ဖြစ်ပါတယ် ။ ဒါပေမယ့် သူ့ စွမ်းအားတွေ မြှင့်တင်ဖို့ နဲ့ ချန်ရှန့် ကို ကူညီဖို့ အတွက်တော့ အများအပြားကို သုံးစွဲပါတယ် ။ ဒါကြောင့်လဲ ချန်ရှန်ကို ငွေကို လက်လွတ်စပယ် သုံးစွဲတာမျိုး လုံးဝ ခွင့်မပြုပါဘူး ။
“ဘာအတွက်လိုတာလဲ”
“ကျွန်တော် ဆေးပင်အချို့ ဝယ်ချင်လို့ ပါ”
ချန်ရှန်လေသံတီးတိုးဖြင့် သူ့ မျက်လုံးတွေကို ဟိုကြည့်ဒီကြည့် ကြည့်ကာ ပြန်ပြောပါတယ် ။
ဆေးပင်တွေ စိုက်ပျိုးခြင်းဟာ အတွေ့ ကြုံရခြင်းသာမက စိတ်တည်ငြိမ်မှုပါ ရစေပါတယ် ၊ ဒီလိုအလုပ် ဟာ ဆေးဆရာတွေပဲလုပ်ကြတာ များပါတယ် ။ ပုံစံအားဖြင့် အသက်ကြီးကြီး ဆံပင် ဖြူဖြူ ဆေးဆရာ အဖိုးကြီးတွေပေ့ါ ။ ဆယ်ကျော်သက်တစ်ယောက်ဟာ အတွေ့ ကြုံမရှိပဲ ဆေးပင်စိုက်မယ်ဆိုတာ အနည်းငယ်တော့ ထူးဆန်းနေပါတယ် ။ အဓိကက စိတ်အရမ်းရှည်ရတာပါ ၊ ကောင်းမွန်တဲ့ ဆေးပင်တစ်ပင်ရဖို့ နှစ်ပေါင်းများစွာကို လိုအပ်ပါတယ် ။
ချန်တျန်းဟူအတွက် ဆယ်ကျော်သက်တစ်ယောက်က ဆေးပင်စိုက်မယ်ဆိုတာကို သူ့ ဘ၀မှာ ပထမဆုံးကြားဖူးတာပါ ။ သို့ သော်လည်း ချန်ရှန်မျက်လုံးထဲမှာ ယုံကြည်မှုတွေ အပြည့်ရှိနေပုံကို မြင်ရတယ့်အခါ သူဟာ အိတ်အသေးလေးတစ်ခုကို ဆွဲထုတ်လိုက်ပါတယ် ။
“တကယ်လို့ မင်းငါ့ကို လိမ်ရင် မင်းလနဲ့ ချီ အိပ်မက်ဆိုးတွေမက်အောင်ကို မင်းကို ဖင်ပိတ်ကန်ပစ် မယ် ၊ နားလည်လား. .”
ချန်တျန်းဟူဟာ ပြုံးပြီး ချန်ရှန်ကြောက်အောင် ပြောလိုက်ပါတယ် ။
“ဒီမှာ ငွေစ ၃၀၀၀ ၊ မင်းမှာ ဒီငွေစကို ၂ ဆပွားဖို့ ယုံကြည်ချက်မရှိရင် နောက်တခါ ငါ့ဆီက ငွေ ဘယ်တော့မှ ထပ်မတောင်းနဲ့ ”
ချန်တျန်းဟူ သေချာကို သတိပေးစကားပြောကြားလိုက်ပါတယ် ။
ချန်ရှန်လဲ ငွေစတွေကို ယူကာ ပြုံးပြီးပြန်ပြောတယ် ။
“သေချာတာပေါ့ ၊ ကျွန်တော်ဟာ ချန်မျိုးနွယ်စုရဲ့ အငယ်ဆုံး ဆေးဆရာ ဖြစ်လာတော့မှာပါ”
ချန်တျန်းဟူ တုန်လှုပ်သွားတယ် ။ ချန်ရှန်မှာ အားနည်းချက်ရှိတယ်ဆိုတာ သူသိတယ် ။ ဒါကြောင့် ဆေးပညာဆိုတာ သူ့ အတွက်လုံးဝ မဖြစ်နိုင်ဘူး၊ သို့ သော် သူ့ နှလုံးသားထဲမှာတော့ ကြိတ်ပျော် နေပါတယ် ။ သူပြောတာသာ အမှန်ဖြစ်လာရင် ချန်မျိုးနွယ်စုကြီး ဒီထက်မက ကျော်ကြားလာမှာ အမှန်ပဲ။ ချန်မျိုးနွယ်စုမှာ ဆေးပညာရှင် မရှိခဲ့တာ နှစ်ပေါင်းများစွာကြာပြီဆိုတာ သူသိတယ်လေ ။ ချန်တျန်းဟူရယ်မောလိုက်တယ် ။
“မြန်မြန်ထွက်သွားတော့ ၊ ငါ့ကို လှည့်စားတာတွေ ငါမရိပ်မိခင် သွား ၊ မဟုတ်ရင်တော့ မင်းရိုက် ခံရတော့မှာနော် ၊ ငါလည်း ယောင်မျိုးနွယ်ကို မင်းလက်ခံတာ သွားအကြောင်းကြားလိုက်မယ်”
ချန်ရှန်လဲ ငွေစ ၃၀၀၀ ကို ယူကာ အလျင်မြန်ပဲ ထွက်ခွာလာခဲ့ပါတော့တယ် ။

Comment

Leave a Reply

Options

not work with dark mode
Reset