Chapter – 4 နတ်အတွင်းအားကျင့်စဉ် သင်္ကေတ လေးခု
“ ကောင်လေး ၊ မင်းနတ်သမီးလေးက လှတယ်ပေါ့ ၊ ငါတို့ ကကော မလှဘူးလား .. ‘’
ချန်ရှန်စိတ်ထဲ စုမေးယိုက မေးသံလိုလိုကို ကြားနေမိတယ် ။
ချန်ရှန် ချောင်း ၂ ချက်လောက်ဟန့် ကာ ခြောက်ကပ်ကပ် ရယ်သံနဲ့ ပြန်ပြောလိုက်တယ် ။
“ ဟားဟား . . . ကျွန်တော့မိန်းမကလှတယ် မှန်တာပေါ့ ၊ အမတော်တို့ ၂ ယောက်ကလဲ တကယ်ကို ချောမောလှပပါပေတယ် ။ အမတော် စုမေးယိုရေ ကျွန်တော့ကို သိုင်းပညာနဲ့ ဆေးပညာတွေသာ မြန်မြန် သင်ပေးပါတော့ ‘’
“ မင်းက ဘယ်လိုဖြစ်ချင်နေတာလဲ “
စုမေးယိုက မကျေနပ်သံနဲ့ ပြန်မေးတယ် ။
“ ဘာမှမဟုတ်ပါဘူးဗျာ “
ချန်ရှန်လဲ ပြုံးစိစိဖြင့် လှမ်းကြည့်ကာပြောလိုက်တယ် ။
ရွှီရှန်းရှန်း စိတ်မပျက်မှာဆိုးလို့ ချန်ရှန်ဟာ သူ့ ကြိုးစားမှုတွေကို နေ့ ညမပြတ် ၂ ဆတိုးကာ ကြိုးစားခဲ့ ပါတယ် ။
အဲချိန်မှာပဲ ချန်ရှန်လက်စွပ်ကွင်းလေးကနေ အဖြူရောင်ငွေ့ လေးတွေ ထွက်လာကြပါတယ် ။ မိန်းမလှ လေး ၂ယောက် ခရမ်းရောင်ဝတ်ရုံတွေဝတ်လျက် သူ့ ရှေ့ ပေါ်လာပါတယ် ။ ဒီဝတ်ရုံတွေဟာ နဂိုထဲက ကွင်းလေးထဲမှာ ရှိမယ်လို့ ချန်ရှန်တွေးလိုက်ပါတယ် ။
အချိန်ကတော့ နေ့ လည်ခင်း နေအရမ်းပူနေတယ့် အချိန်လောက်ပါပဲ ။ မိန်းမလှလေး ၂ ယောက်ဟာ နေမင်းကြီးထက်ကို စိတ်အလိုမကျဖြစ်ကာ ရပ်နေကြပါတယ် ။
“ ချီဓာတ်တွေ ဒီနားမှာ နည်းနည်းပဲရှိတယ် ။ တကယ်လို့ မင်း ဆေးမစားထားရင် စစ်မှန်တဲ့သိုင်းကျင့်စဉ်တွေကျင့်ဖို့ အရမ်းခက်ခဲလိမ့်မယ် ။ ‘’
စုမေးယုက နေမင်းကြီးကိုကြည့်ကာ တတွတ်တွတ်ပြောနေတယ် ။
ချန်ရှန်ဟာ တစ်ခုခုကို စိတ်ရှုပ်ပုံပေါ်နေတယ် ။ မ်ိန်းမလှ ၂ ယောက် ကွင်းလေးထဲကနေ ဘယ်လို ၀င်ထွက်တာလဲဆိုတာပါပဲ ။ နောက်ပြီး သူမတို့ အသံတွေကို လက်စွပ်ကတဆင့် ဘယ်လိုကြားနိုင်လဲ ဆိုတာကိုပါပဲ ။
ချန်ရှန်ဟာ သူမတို့ နဲ့ အတူ အိမ်တခုထဲဝင်လိုက်ပါတယ် ။ အထဲမှာအရမ်းမကျယ်ပါဘူး ၊ ဟောခန်း တစ်ခုနဲ့ အခန်းငယ် ၄ ခန်းပါပဲ ။ ချန်အိမ်တော်ကြီးနဲ့ ယှဉ်လိုက်ရင် ဒါလေးဟာ တကယ့်သေးသေး လေးပါပဲ ။ ဟောခန်းငယ်လေးထဲမှာ ဘိုင်ယုယုနဲ့ စုမေးယိုတို့ ၂ ယောက် ချန်ရှန်ပြင်ပေးထားတဲ့ ၀ိဥာဉ်တော် လက်ဖက်ရည်သောက်နေကြပါတယ် ။ ဒါဟာ ချန်ရှန်ကိုယ်တိုင်ပြုလုပ်ချက်ဖြစ်ပြီး သူစိတ်မပါလက်မပါ အမြဲသောက်လေ့ရှိတာပါ ။
“ ချီ ဓာတ်တွေ ဒီနေရာမှာ တော်တော်နည်းယ် ။ မင်း မင်းရဲ့ ကိုယ်ခံစွမ်းအားကို မြန်မြန် မြင့်မယ်ဆိုရင် ဆေးတွေကို မှီဝဲရမယ် ။ ဒါပေမယ့် ဒါမတိုင်ခင် ချီဓာတ်တွေကို မင်းစွန့် ထုတ်ကမယ် ။ မင်းမှာ ယင်ယန်စွမ်းအားရှိနေပြီပဲ ဒါကမခက်ခဲတော့ပါဘူး’’
စုမေးယိုကပြောလေတယ် ။
ချန်ရှန်စိတ်ထဲ မှတ်ထား လိုက်ပြီး ပြန်ပြောလိုက်တယ် ။
“ အမတော် စုမေးယို ကျွန်တော့ကို အကြံဥာဏ် ပေးပါ ‘’
“ လာလေ ၊ ငါမင်းကို ထိုက်ကျိ နတ်အတွင်းအားလေ့ကျင့်ခန်းကို သင်ပေးမယ် ၊ နောက်ပြီး အဲဒိမှာ သင်္ကေတ ၄ ခုရှိတယ် ။”
စုမေးယိုက နှစ်လိုဖွယ် အသံလေးနဲ့ ပြောလေတယ် ။ သူမဆံပင်လေးတွေကို သပ်ရင်းနဲ့ ပေါ့ ။ ဒီအမူရာလေးဟာ တကယ်ပဲ ဆန့် ကျင်ဖက်လိင်တစ်ယောက်ကို ညှို့ ယုဖမ်းစားနိုင်လွန်းပါပေတယ် ။ ချန်ရှန်ရဲ့ စိတ်ထဲမှာ စုမေးယိုဟာ သူ့ ရဲ့ စိတ်ဝင်စားမှုကို အပြည့်ဝ လိုချင်ပုံပဲ ၊ နောက်ပြီး သူမဟာ သူ့ ရဲ့ တကယ့်ကို အပြင်းထန်ကူညီသင်ကြားပေးမယ့် လူတစ်ယောက်လို့ ယုံကြည်လိုက်ပါတယ် ။
စုမေးယိုရဲ့ နူးညံ့တဲ့လက်တွေဟာ ချန်ရှန် နဖူးကို ကိုင်လိုက်ပါတယ် ။ ချန်ရှန်စိတ်ထဲ များစွာသော စကားလုံးတွေ ခံစားချက်တွေဟာ ရင်ခုန်သံအဖြစ် မြည်ဟည်းလျက်ရှိနေပါတယ် ။ သူမတို့ တစ်ယောက်ချင်းဆီဟာ နားလည်ဖို့ ခက်ခဲသော်လည်း စုမေးယိုရဲ့ အကူညီကြောင့် သူမတို့ ကို ဆရာအဖြစ် အသိမှတ်ပြုတာဖြစ်ပါတယ် ။
စုမေးယိုက ထပ်ပြောလေတယ် ။
“ ငါအခု ငါ့ရဲ့ အတွင်းအားကို မင်းကို သိုင်းကျင့်ပေးဖို့ အသုံးပြုနေတာ ၊ မင်းတတ်ချင်တယ်ဆိုရင် အဆင့်တွေကို လိုက်နာမှဖြစ်မယ် ။ “
ချန်ရှန် အထိတ်တလန့် ဖြစ်သွားတယ် ။ သူမထင်မိတာက စုမေးယိုဟာ နတ်အတွင်းအားကို အသုံးလိမ့်မယ်လို့ ပါ ၊ ဒီနတ်အတွင်းအား ကျင့်စဉ်ကိုကျင့်ဖို့ အနည်းဆုံးတစ်ယောက်ဆီမှာ သိုင်းပညာ အဆင့် ၆ ရှိနေရမှာပါ ။ စိတ်ဝိဥာဉ်စွမ်းအားတွေ အတွင်းအားတွေ ပေါင်းခြင်းကမှ အရမ်းကို အဆုံးမရှိတယ့် အားအင်ကိုရရှိမှာဖြစ်ပါတယ် ။
“ ငါတို့ အကြောင်းနဲ့ ပတ်သတ်ပြီး လုံးဝနှုတ်လုံရမယ် ။ ဘယ်သူမှမသိစေရဘူး ၊ မင်းရဲ့ သတိုးသမီး လေးတောင် မသိစေချင်ဘူး “
ဘိုင်ယုယု ရဲ့ အေးစက်စက်နဲ့ အလောတကြီးကို ပြောတာဖြစ်ပါတယ် ။
စုမေးယိုက ပါဆက်ပြောပြန်တယ် ။
“ အခုမင်းကို ငါပြောပြမယ် ၊ ငါနဲ့ ငါ့အမမှာ များစွာသော ရန်သူတော်တွေရှိတယ် ။ မင်းကိုပါတစစီချေပြီး ခေါင်းပါဖြတ်ပစ်ကြလိမ့်မယ် ၊ ဒါကြောင့် မင်းငါတို့ ရဲ့ လျို့ ဝှက်ချက်ကို ထိန်းသိမ်း ထားရမယ် ။ ဒါကြောင့်ငါတို့ ကလဲ မင်းသေရေးရှင်ရေးကိစ္စကလွဲလို့ ကွင်းထဲက ထွက်လာမှာ မဟုတ်ဘူး ‘’
ချန်ရှန် ရင်တွေခုန်သွားတယ် ။ သူဒီလိုအန္တရာယ်ရှိတဲ့ လျို့ ဝှက်မှုလုပ်ရမယ်လို့ မမျှော်လင့်မိဘူးလေ ၊ သူလဲ မိန်းမလှ ၂ ယောက်ကွင်းထဲပြန်မ၀င်ခင် အလျင်မြန်ပဲ ခေါင်းညိမ့်လိုက်ပါတယ် ။
ထိုက်ကျိနတ်အတွင်းအားလေ့ကျင့်ခန်း နဲ့ သင်္ကေတလေးခု !!
တကယ်တော့ ဒါဟာ သိုင်းပညာကြီးတစ်ခုလုံးရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးပါ ။ချန်ရှန်ဟာ တော်တော်လေး စိတ်လှုပ်ရှားနေပါတယ် ။ ဒါတွေကို သူ့ ကို ဘယ်သူက ဘယ်လို လေ့ကျင့်ပေးမယ်ဆိုတာ မသိသေးပါဘူး ။ မှော်ပညာသိုင်းလောကမှာ စွမ်းရည်တွေကို အခြေခံကျကျ ခွဲခြားထားပါတယ် ။
မော်တယ် အဆင့်
စိတ်ဝိဥာဉ်အဆင့်
သိမ်မွေ့ အဆင့်
မြေကြီးအဆင့်
အမတအဆင့်
အလေးနက်အဆင့် နဲ့
နောက်ဆုံး နတ်စွမ်းအင် အဆင့်ဆိုပြီးတော့ ဖြစ်ပါတယ် .
အဲတာတွေကိုမှ အပေါ်နဲ့ အောက်အဆင့်ဆိုပြီး ထပ်ခွဲထားပါသေးတယ် ။ ဆေးပညာအဆင့်ကိုလဲ ဒီလိုပဲ ခွဲခြားထားပါတယ် ။ သို့ သော် ဆေးပညာမှာ အလယ်အဆင့် ဆိုတာပါပါသေးတယ် ။
အမတ အဆင့်ပညာရှင်ဟာ တော်တော်ရှားပါတယ် ၊ နောက်ဆုံးအဆင့်ကတော့ ပြောမနေနဲ့ တော့ ၊ဒီနောက်ဆုံး နတ်စွမ်းအင်အဆင့်ကို တကယ်ကို စွမ်းအားကြီးမားပါချည်ရဲ့ ဆိုတဲ့ ဒဏ္ဍာရီလာ နတ်ဘုရားလို လူတွေသာ ကျင့်နိုင်တာပါ ။ သူတို့ ဟာ မိုးကြီးတွေပါပစ်ချနိုင် ပြီး အာကာသကိုပါ အလွှာတွေ အဖြစ် ခွဲခြားစိတ်ဖြာ နိုင်ပါသေးတယ် ။ ယခု ထိုက်ကျိ လေ့ကျင့်ခန်းဟာ ဒီလေ့ကျင့်ခန်းရဲ့ အခြေခံဖြစ်ပါတယ် ။ နောက်ပြီး ချီ ဓာတ်ကိုအသုံးပြုပြီး ခန္ဓာကိုယ်ကို တည်ဆောက်တာပါ ။ အလွန်သိမ်မွေ့ ပြီး စွမ်းအားကြီးမားတဲ့ ပညာရပ်ဖြစ်ပါတယ် ။
နတ်စွမ်းအင်သင်္ကေတကို လေးပိုင်းခွဲခြားထားပါတယ် ။ အဲဒိနာမည်တွေကတော့ . . မိုးပြာရောင် နဂါး ၊ အဖြူရောင်ကျား ၊ အနီရင့်ရောင် ငှက် နဲ့ အမည်းရောင် လိပ် ဆိုပြီး ဖြစ်ကြပါတယ် ။ ဒီလေ့ကျင့်ခန်းတွေ ဟာ သဘာဝရဲ့ အထောက်အကူတွေဖြစ်ပြီး တိုက်ခိုက်ခြင်းနဲ့ ရန်သူ၏ တိုက်ခိုက်ခြင်းမှ ကာကွယ်ခြင်း တို့ ကို အဓိက ကူညီပေးပါတယ် ။ ဒါတွေက်ို လေ့ကျင့်တတ်မြောက် နားလည်သွားရင် သိုင်းပညာရဲ့ စွမ်းအားတွေကို သရုပ်ပြရာနေရာမှာလည်း သုံးလို့ ၇ပါတယ် ။
ချန်ရှန်ဟာ သူ့ အိမ်နောက်ကို ရောက်နေပါတယ် ။ စိမ်းလန်းစိုပြေတဲ့ သစ်ပင်တွေကြားမှာ လတ်ဆတ် လှတဲ့ လေကို တ၀ကြီးရှူရှိုက်လျက်ရှိတယ် ။ သူဟာ ကောင်းကင်နဲ့ မြေကြီးကြားမှာရှိတယ့် စိတ်ဝိဥာဉ် ချီဓာတ် ၅ ခုကို စိတ်ထဲမှာ ရှင်းထုတ်နေတာပါ ။ နတ်အတွင်းအားအများစုကို ခွဲခြားစိတ်ဖြာနိုင်ပါတယ် ။ ဒါပေမယ့် ချန်ရှန်ရဲ့ ယင် နဲ့ ယန် အတွင်းအားကတော့ ကမ္ဘာကြီးရဲ့ အခြေခံသဘောတရား ၅ ခု ကို ပါဝင် ကိုယ်စားပြုတာပါ ။ ဒါကြောင့် သူဟာ စစ်မှန်သော ချီ ဓာတ်ရဲ့ အခြေခံသဘောတရား ၅ ခုလုံးကို လေ့ကျင့်နိုင်ပါတယ် ။
ထိုက်ကျိလေ့ကျင့်ခန်း !!
တကယ်တော့အဲဒါဟာ နူးညံ့တဲ့ နှလုံးသား ဥပဒေသတ်မှတ်ချက် တစ်ခုပဲ ၊ စုမေးယိုက ၄င်းနားလည် သလိုရှင်းပြခဲ့တာပါ ။ ဒါကြောင့်ပဲ သူဆရာတင်ထားရတာပေ့ါ ။ သူဟာ ထိုက်ကျိ ကျင့်စဉ်နဲ့ ယင်ယန် ထိုက်ကျိ ပုံစံအကွက်တွေကို သူ့ ရဲ့ စွမ်းအင်သိုလှောင်ရာနေရာမှာ ခွဲခြမ်းစိတ်ဖြာကြည့်နေပါတယ် ။ ချက်ချင်းပဲ လျင်မြန်စွာ စလည်ပတ်စေလိုက်ပါတယ် ။ ဒါဟာ စိတ်ဝိဥာဉ် ချီ ဓာတ်တွေကို သူ့ ကိုယ် ပတ်လည်မှာ ခရမ်းရောင် စက်ဝိုင်းပုံဖြစ်သွားစေပါတယ် ။
အဆင့်မြင့်တဲ့ မည်သည့်စိတ်ဝိဥာဉ်အတွင်းအားကိုမဆို စုပ်ယူခြင်းက မြန်ဆန်ပါတယ် ။ ဒီလိုနတ်အတွင်းအားရှိနေသူအတွက်က ပိုပြီးတောင် မြန်ဆန်ပါတယ် ။ မြန်ဆန်ချက်ကတော့ မှန်းဆလို့ မရနိုင်အောင်ပါပဲ ။ ဒီချိန်မှာ ချန်ရှန်ဟာ ဥမင်ဂူတစ်ခုရဲ့ ဝင်ပေါက်နားမှား တင်ပလ္လင်ခွေ ထိုင်ကာ ထိုက်ကျိ ကျင့်စဉ်ကို ခွဲခြမ်းစိတ်ဖြာနေပါတယ် ။ စိတ်ဝိဥာဉ် ချီဓာတ်တွေဟာ သူ့ ခန္ဓာကိုယ်က ထွက်လျက် ကိုယ်ကို သန့် စင်နေပါတယ် ။ အမည်းရောင်ချီ ဓာတ်တွေဟာ အဖြူရောင်ငွေ့ အဖြစ် ပြောင်းလဲသွားကြပါတယ် ။ ဒီအငွေ့ တွေဟာ သူ့ အရိုးတွေ ကြွက်သားတွေ နဲ့ တက်ိုယ်လုံးကတဆင့် အပြင်ထွက်ကာ ခန္ဓာကိုယ်ကြီးကို သန့် စင်ပြီး စွမ်းအားကြီးမားလာစေပါတယ် ။
ဒီလို ထိပ်သီးသိုင်းပညာရှင်ဖြစ်ဖို့ က ပထမဆုံး ခန္ဓာကိုယ်ကို သန့် ရှင်းပေးရပါတယ် ။ အတွင်းကော အပြင်ကောပါ ။ ချန်ရှန်ဟာ ခု အတွင်းပိုင်းကို သန့် စင်နေတာဖြစ်ပါတယ် ။ အခုသူ့ ရဲ့ အတွင်းပိုင်းဟာ စွမ်းအားကြီးတဲ့ ချီ ဓာတ်တွပါဝင်လည်ပတ်နေပါပြီ ၊ စစ်မှန်သော ချီ အဆင့်ဆိုတာပဲ ဖြစ်ပါတော့တယ် ။
ချန်ရှန်ဟာ ချီဓာတ်တွေ သူ့ ကိုယ်မှာ များပြားစွာ စီးဆင်းနေတဲ့အတွက် သတိလစ်သလိုတောင်ဖြစ်နေ ပါတယ် ။ တစုံတယောက်သာ သူ့ ကို ခုလိုပုံစံမြင်လိုက်ရရင် သူတို့ မျက်လုံးတောင်သူတို့ ယုံနိုင်မှာ မဟုတ်ပါဘူး ။
မိုးပြာရောင်နဂါးကျင့်စဉ် နဲ့ အဖြူရောင်ကျား ကျင့်စဉ်တို့ ဟာ တိုက်ခိုက်ခြင်းကို အထူးပြုတာဖြစ်ပါ တယ် ။ အနီရင့်ရောင်ငှက် ( အထူးသဖြင့် မီးစွမ်းအားကို အထူးပြု ) နဲ့ အမည်းရောင် လိပ် ကျင့်စဉ်တို့ ဟာ ခုခံခြင်းပိုင်းကို ကိုယ်စားပြုပါတယ် ။
စစ်မှန်သော ချီအဆင့်ကို လေ့ကျင်းခြင်းဟာ စွမ်းအင်သိုလှောင်ရာနေရာကို ပိုမိုကောင်းမွန်စေပြီး ချန်ရှန်ဟာ ဒီအတွင်းအားကျင့်စဉ်လေးခုကို အပြင်းထန်ပဲ လေ့ကျင့်ပါတယ် ။ သူဟာ မကြာခင်မှာပဲ ခုနက မိုးပြာရောင်နဂါး ၊ အဖြူရောင်ကျား ၊ အနီရင့်ရောင် ငှက်နဲ့ အမည်းရောင် လိပ် ကျင့်စဉ်တို့ ကို အောင်မြင်နိုင်တော့မှာပါ ။ ဒါသာပြီးဆုံးသွားရင် ချန်ရှန်ဟာ လူလေးယောက်စာနဲ့ ညီမျှတဲ့ စွမ်းအင် ရရှိသွားမယ့် သဘောပါ .။ ဒါဟာ အချိန်အရမ်းကုန်သော်ငြားလည်း သူ့ စွမ်းအင်ရရှိမှုဟာ အခြား အဆင့်တူတွေထက် အများကြီး အပေါ်ရောက်နေမှာ ဖြစ်ပါတယ် ။
ချန်ရှန် ထိုက်ကျိကျင့်စဉ် စကျင့်တယ့်အခါ စိတ်ဝိဥာဉ်ချီဓာတ်တွေဟာ စစ်မှန်သော ချီ ဓာတ်အဖြစ် ပြောင်းလဲသွားပါတယ် ။ ဒီလိုလေ့ကျင့်တာက သူ့ ရဲ့ အတွင်းအားတွေကို ပိုပြီး ကြီးမားလာစေပါသေး တယ် ။
မနက်ခင်းသို့ ရောက်ရှိလာပါပြီ ၊ နေရောင်ခြည်နွေးနွေးလေးဟာ ချန်ရှန် ကိုယ်ပေါ်သို့ ကျရောက် လျက်ရှိနေပါတယ် ။ ချန်ရှန် မျက်လုံးကိုဖွင့်လိုက်ပါတယ် .။ အဲချိန်မှာပဲ လျပ်စီးကြောင်းနဲ့ ထိလိုက် သလိုဖြစ်ကာ လေတချက်ဖြတ်ခနဲ တိုက်ခံလိုက်ရသလို သူ့ ခန္ဓာကိုယ်မှာ ခံစားလိုက်ရပါတယ် ။ မနက်ခင်းမြူခိုးလေးတွေပါ ခွဲဖြာသွားကြတယ် ။ သူ့ ကိုယ်မှာ အမည်းရောင် အလွှာတစ်ခု ကာထားသလို ပါပဲ ။ ဆိုလိုတာကတော့ သူဟာ သိုင်းပညာ အဆင့် ၄ ကိုရောက်ရှိသွားတာပဲ ဖြစ်ပါတယ် ။
အဆင့် ၄ ကနေ အဆင့် ၆ ကို အဆင့်တစ်ခု အသစ်စတယ်လို့ သတ်မှတ်ထားကြပါတယ် ။ ခုတော့ချန်ရှန်ဟာ အဆင့် ၄ ကိုရောက်နေပါပြီ ။ ဒီမတိုင်ခင် အရင်က သူဟာ အဆင့် ၃ မှာပဲ ရှိနေသေးတာဖြစ်ပြီး ၄ ကို ဘယ်တော့မှကို မရောက်နိုင်ခဲ့တာပါ ။
ချန်ရှန် မျက်လုံးတွေ တဖန် ပြန်မှိတ်လိုက်ပါတယ် ။ သူ့ စွမ်းအင်သိုလှောင်ရာကနေ ထိုက်ကျိ ယင်ယန် ပုံစံကို အလေးထားကြည့်နေမိပြန်ပါတယ် ။ သူဟာ စစ်မှန်သော ချီဓာတ်ရဲ့ ရေ၀ဲကလေး ၅ ခုကို တွေ့ လိုက်ရပါတယ် ။ တစ်ခုဆီကနေ ဦးတည်ရာလေးဖက်ဆီကို ဗဟိုချက်တစ်ခုစီနဲ့ ဖြန့် ကွဲနေကြ တာပါ ။ သာမန်လူမှာ ဒီလိုရေ၀ဲ တစ်ခုပဲရှိကြတာပါ ။ ခုသူ့ မှာတော့ ၅ ခုတောင်ပါ ။ သူ့ စစ်မှန်တဲ့ ချီဓာတ်က ဘယ်လိုပုံလဲဆိုတာ မည်သူမျှ ပုံဖော်နိုင်မယ်မထင်ပါဘူး ။
ဒီလို စစ်မှန်သော ချီအဆင့် မှာရှိတဲ့ သူ့ ခွန်အားဟာ တချို့ သော အဆင့် ၅ မှာ ရှိတယ့်လူတွေနဲ့ တောင် နှိုင်းယှဉ်လို့ ရနေပါတယ် ။
“ ခုတော့ ငါ အဆင့် ၄ ကိုရောက်ပြီပေါ . . ခုတော့အဖေလဲ ဟိုလူတွေဆီမှာ ဆေးမြစ်အတွက် အသနားခံ တောင်းပေးစရာမလိုတော့ဘူး”
ချန်ရှန် အကျေနပ်ကြီး ကျေနပ်နေပါတယ် ။
အသက် ၁၅ နှစ်ထဲနဲ့ အဆင့် ၆ ထိတိုင်အောင်ရောက်ခဲ့တဲ့ ရွှီရှန်းရှန်းအကြောင်းစဉ်းစားမိတယ့်အခါ ချန်ရှန်ဟာ ချက်ချင်းပဲ သတိဝင်ကာ စိတ်လျော့လိုက်ပါတယ် ။ တဆက်ထဲမှာပဲ သူနဲ့ စေ့စပ်ထားတဲ့ မိန်းကလေးနဲ့ ပေးစားမယ်ဆိုတဲ့ ယောင် မျိုးနွယ် က ဆေးပညာရှင်လေး အကြောင်းပါ စဉ်းစားမိသွား တယ့်အခါမှာတော့ ချန်ရှန်နှလုံးသားလည်း တချက်ခုန်သွားပါတယ် ။ အများပြောတဲ့ ဆေးပညာ ပါရမီရှင်လေးကို စိန်မခေါ်ခင် သူ့ ကိုယ်သူ ပိုမို ကြံ့ခိုင်အောင် လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။
“မိုးပြာရောင် နဂါးကျင့်စဉ် စတင်ပါ”
စုမေးယို ပြောတာဖြစ်ပါတယ် ။ သူမရဲ့ အတွင်းအားတချို့ ပြန်ရကတည်းက သူမဟာ နည်းနည်း ရွှင်လန်းနေပါပြီ ။ နတ်အတွင်းအားကျင့်စဉ် သင်္ကေတ လေးခု ကို နည်းစနစ်အားဖြင့် နတ်အတွင်းအား ကျင့်စဉ်လို့ ပဲပြောလို့ ရပါသေးတယ် ။ ဒါပေမယ့် လေ့ကျင့်တယ့် အခါမှာတော့ လက်သီးထိုးနည်းများ ၊ အပင်နဲ့ ဆိုင်တဲ့ နည်းပညာများလေ့လာခြင်း ၊ ခြေကန်နည်းများ ၊ ချီဓာတ်ပညာများ နဲ့ တခြားသော ကျင့်စဉ်များပါ ပါဝင်သောကြောင့် အတော်ကို ကျယ်ပြန့် ပါတယ် ။ ဒီကျင့်စဉ်ပြီးရင်တော့ သူ့ ရဲ့ ကြီးမားတဲ့ စွမ်းအားတွေဟာ ကိုယ်ပိုင်စွမ်းအားတွေအဖြစ် ကိုယ်စားပြုသွားပါပြီ ။
မိုးပြာရောင်နဂါး ဟာ သစ်သားဓာတ် ၏ စစ်မှန်သောချီတွေ ၀ိုင်းနေတာကို ဗဟိုပြုထားပါတယ် ။ ထိုစွမ်းရည်ထဲမှာ လေနဲ့ လျှပ်စီး ပညာရပ်တွေပါဝင်ပါတယ် ။ ဒါကြောင့် လေနဲ့ လျှပ်စီးကို ထိန်းချုပ်နိုင်တဲ့ စွမ်းအင်တွေ ရရှိမှာဖြစ်ပါတယ် ။
ချန်ရှန်ဟာ ရေချိုးပြီးတဲ့နောက်မှာတော့ ချန်ရှန် မနက်စာကို သွက်သွက်စားကာ မိုးပြာနဂါးကျင့်စဉ် ကျင့်ဖို့ နောက်ဖက်ကို ထွက်လာခဲ့ပါတယ် ။ ထိုက်ကျိကျင့်စဉ်တွေနဲ့ နတ်အတွင်းအားကျင့်စဉ် လေးခု ဟာ သူ့ စိတ်ထဲမှာ အမြဲစွဲနေပါတော့တယ် ။ ဒီအကြောင်းရာတွေကို နားလည်ဖို့ အမြဲလည်းကြိုးစား နေတာပါ ။
နေ့ တ၀က်လောက် ကုန်လွန်ပြီးနောက် ချန်ရှန်ဟာ မိုးပြာနဂါးကျင့်စဉ် အရ ခန္ဓာကိုယ် အတွင်းမှာ ရှိတယ့် ချီဓာတ်တွေကို ခွဲခြမ်းလေ့လာနေပါတယ် ။ မကြာခင်မှာ သူ့ ကိုယ်ကနေ မိုးပြာရောင် အငွေ့ လေးတွေ ထွက်ပေါ်လာတာကို သူတွေ့ လိုက်ရပါတယ် ။ တခါတရံမှာ လျှပ်စီးကြောင်းလေးတွေ ပါထိုအငွေ့ တွေထဲ ဖြတ်ခနဲ ပေါ်ပေါ်လာတာ တွေ့ ရပါတယ် ။ လေပြေတွေ တိုက်နေသလိုပါ ခံစားရပါတယ် ။
ချန်ရှန်ဟာ ခုတော့ လျှပ်စီးတွေနဲ့ လေစွမ်းအင်တွေကို စစ်မှန်သော သစ်သားချီဓာတ်ကနေ ဘယ်လို ထုတ်လွှတ်ရမယ်ဆိုတာကို သဘောပေါက်သွားပါတယ် ။ သူ့ အတွက် တော့ ခုခြေနေဟာ ဘယ်လိုပဲဖြစ်ဖြစ် မလုံလောက်သေးပါဘူ ။ သူက ဒီ စစ်မှန်သော သစ်သားချီဓာတ်ကနေ ကို ဒီမိုးပြာရောင်နဂါးကျင့်စဉ်က တခြားသော စွမ်းရည်တွေနဲ့ တွဲကာ လေနဲ့ လျှပ်စီးတွေကို အတိုင်းအဆမရှိ ဖန်တီးနိုင်ချင်တာပါ ။
ချန်ရှန်ဟာ စစ်မှန်သော သစ်သားချီဓာတ်တွေကို သူ့ ခန္ဓာကိုယ်မှာ ပြုလုပ်ကာ သူ၏ စွမ်းအင်သိုလှောင်ရာ နေရာကို လှည့်ပတ်စီးဆင်းစေပါတယ် ။ သူ့ ကိုယ်ကို တစ်ပတ်ပြီး တစ်ပတ် စီးဆင်းစေပါတယ် ။ တခါတရံ ပုံမှန်မရှိ တခါတရံ မြန်မြန် တခါတရံ နှေးနှေးလေးနဲ့ ရွေ့ လျားနေကြ ပါတယ် ။ ဥပမာပြောရရင် တခါတရံ မြစ်ကြီးတစ်ဆင်းနဲ့ တူပြီး တခါတလေတော့ တောင်ငယ်လေးပေါ်က စမ်းချောင်းလေး စီးဆင်းပုံနဲ့ တောင် တူနေပါတော့တယ် . . . . . .။