Chapter – 3 ရွှီရှန်းရှန်း
နတ်အတွင်းအားကူးပြောင်းရန် ချန်ရှန်ဟာ မြေကြီးပေါ်ထိုင်ကတယ် ၊ နောက်သူ့ လက်တွေကို မြောက်ကာ မျက်စိမှိတ်ပြီး အာရုံတွေကို စုစည်းလိုက်ပါတယ် ။ ဘိုင်ယုယုနဲ့ စုမေးယို တို့ က ချန်ရှန်ရဲ့ ဗိုက်ကိုကိုင်လိုက်ကြတယ် ။ သူမတို့ ရဲ့ နူးညံ့လှတဲ့ လက်တွေကနေ အမဲရောင် နဲ့ အဖြူရောင် အငွေ့ တွေ ထွက်လာကြပါတယ် ။ အမည်းရောင်က ဘိုင်ယုယု ရဲ့ အလွန်စွမ်းအားကြီးမားလှတဲ့ ယင် အတွင်းအားကြောင့်ဖြစ်ကာ အဖြူရောင်ကတော့ စုမေးယို ရဲ့ အစွမ်းထက် ယန် အတွင်းအားတွေ ဖြစ် ပါတယ် ။
ထိုအတွင်းအားတွေတေကြောင့် ချန်ရှန်တစ်တကိုယ်လုံး အဖြူအမည်း စီးကြောင်းလိုတွေ စီးဆင်းသွားပြီး ကြွက်သားတွေကမှ ရိုးတွင်းခြင်ဆီတိုင်အောင် စိမ့်ဝင်းသွားကြပါတယ် ။ ဒီလိုအဖြူနဲ့ အမည်းစီးကြောင်းတွေဟာ လည်ပတ်စီးဆင်းနေပြီး တဖြည်းဖြည်းနှေးသွားကာ နောက်ဆုံးသူ့ ခန္ဓာ ကိုယ်ပေါ် တချက်ရိုက်ကာ အဖြူနဲ့ အမည်း ချီ စွမ်းအင်တွေဟာ သူ့ ရဲ့ ချီသိုလှောင်ရာနေရာမှာ စုဆုံ သွားကြပါတယ် ။ ဒါကတော့ ယင် နဲ့ ယန် နတ်အတွင်းအားပဲဖြစ်ပါတယ် ။
စုမေးယို နဲ့ ဘိုင်ယုယုတို့ ဟာ ယင်ယန် သင်္ကေတ ချန်ရှန်ပေါ်မှာ ပေါင်းစပ်သွားကြတာမြင်တဲ့ အခါ အံအားသင့်နေကြပါတယ် ။ သူတို့ ထင်ထားကြတာ ဒီလို ယင် ယန် ပေါင်းစပ်ခြင်းဟာ တော်တော် ခက်ခဲမယ်လို့ပါ ။ နောက်ပြီး သူတို့ အတွက်ကလဲ ပထမဆုံး အတွေ့ ကြုံဖြစ်လို့ ဘာဖြစ်မယ်မှန်း မသေချာကြပါဘူး ။ဒါပေမယ့် ခုလို အောင်မြင်သွားတာကိုပဲ သူတို့ ဝမ်းသာသွားကြပါတယ် ။ သူမတို့ ၂ ယောက်လည်း လက်တွေကို ချန်ရှန်ပေါ်က ပြန်ဖယ်ကာ ချန်ရှန်ကိုယ်ပေါ်က ယင်ယန် အငွေ့ တွေ ကိုကြည့်နေကြပါတယ် ။ စိတ်ရှုပ်ထွေးမှုနဲ့ အံ့အားသင့်မှုတွေကတော့ သူတို့ မျက်နာ မှာ အထင်းသား ပေါ့ ။ သူမတို့ ၂ ယောက် အတွေ့ အကြုံအရ ဒီလို ယင် ယန် စွမ်းအား ၂ ခုလုံး လူတစ်ယောက်ဆီမှာ ထိန်းသိမ်းနိုင်တာကို မမြင်ဖူးပေ ။ ဒီကောင်လေး ဒီလိုလုပ်နိုင်ပုံထောက်ရင် တစ်နေ့ မှာ သူဟာ သိုင်း ပညာမှာ ပြိုင်ဘက်မရှိ တတ်ကျွမ်းသွားမယ်ဆိုတာ နားလည်သွားကြပါတယ် ။
ချန်ရှန်ဟာ သူ့ မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်ပါတယ် ။ သူ့ ဘ၀မှာခုလောက် ပေါ့ပါးသန်မာ နေတာမျိုး တစ်ခါမှမဖြစ်ဘူးပေ ။
“ ဒါကနတ်အတွင်းအားပေါ့ ၊ တော်တော်မိုက်တာပဲ ၊ ဒါဆိုနောက်တဆင့်ဆို သိုင်းပညာမှာ ပါရဂူ အဆင့်ရောက်ပြီပေါ့နော်’’
ချန်ရှန်ပုံကစိတ်လှုပ်ရှားနေပြီး သူ့ မျက်နာပေါ်မှာ အပြုံးတစ်ခုဖြတ်ပြေးသွားတယ် ။ ခုနကလို ရိုးသားတဲ့ ပုံစံလေးတောင် ပျောက်သလိုလိုဖြစ်သွားတယ်လို့ သူမတို့ ၂ ယောက် ထင်မိကြတယ် ။ နည်းနည်းလည်း စိုးရိမ်သွားကြတယ် ။
ချန်ရှန်တို့ လို မှော်သိုင်းပညာရှင်လောကမှာ မော်တယ်အဆင့် သိုင်းကျင့်စဉ်ကို အဆင့် ၁၀ ဆင့် ခွဲခြား ထားပါတယ် ။ အဲဒါတွေကတော့ –
ချီ သန့် စင်သောအဆင့်
ကွမ်ခြင်ကိုယ်ထည်အဆင့်
သိုင်းကိုယ်ထည်အဆင့်
အတွင်းအားဖွင့်ခြင်းအဆင့်
စစ်မှန်သော ချီအဆင့်
အတွင်းအားအာရုံ အဆင့်
စစ်မှန်သော အငွေ့ အဆင့်
စွမ်းအားကြီး အတွင်းအားအဆင့်
စစ်မှန်သော ပုံစံ အဆင့်
နောက်ဆုံးပြီးမြောက်ခြင်း အဆင့် ဆိုပြီး ခွဲခြားထားတာပါ ။
မော်တယ်သိုင်းအဆင့်ပြီးရင်တော့ စစ်မှန်သော သိုင်းထိပ်တန်းအဆင့်ဆိုတာရှိပါတယ် ။ ဒီအဆင့်ကိုတော့ သိုင်းပညာရှင်တိုင်း မက်ကြတယ့် အိပ်မက်ပါ ။ ဒီအဆင့်ရောက်ရင် တော့ သမ်တမ်းကိုပါဆွဲဆန့် ထားနိုင်ပြီး နှစ်ထောင်ချီအောင်ကို အသက်ရှည်နိုင်မှာဖြစ်ပါတယ် ။
ခုချန်ရှန်ဟာ သိုင်းကိုယ်ထည်အဆင့် ဆိုတယ့် တတိတယ အဆင့်ကိုပဲ ရောက်နေသေးတာပါ .။ စတုထ္ထအဆင့်ဖြစ်တယ့် အတွင်းအားဖွင့်ခြင်းအဆင့်ကို မရောက်နိုင်သေးတာကို တော်တော်ကြာပါပြီ ။ “ သိုင်းထိပ်တန်းအဆင့်. . ဟုတ်လား ၊ ဒီစကားကတော့ ငါတို့ ရဲ့နတ်အတွင်းအားတွေကို စော်ကား လိုက်သလိုပဲ ။ ‘’
ဘိုင်ယုယု က အထင်သေးဟန်နဲ့ ပြောပါတယ် ။
စုမေးယိုက ချန်ရှန်ကိုကြည့်ကာ အလေးအနက်ပြောပါတယ် ။
“ မင်းမှာ ခု ယင်ယန် နတ်အတွင်းအားတွေ ရှိနေပြီလေ ၊ မင်း ဒီထက်မက ကျယ်ကျယ်ပြန့် ပြန့် တွေး သင့်တယ် ။ ဒီမှော်သိုင်းလောကမှာ သိုင်းစွမ်းအားတွေဟာ ဆုံးတယ်လို့ ကိုမရှိဘူး ၊ မတူညီတဲ့နေရာတွေလည်းရှိသေးတယ် ။ ခုမင်းနေနေတဲ့ ချန်းဝူပြည်မကြီးဟာ မော်တယ်လောကရဲ့ သေးသေးလေးပဲရှိတယ် ။ ငါတို့ ကို အစွမ်းတွေပြန်ရအောင် ကူညီပေးရမယ်ဆိုတဲ့ သွေးသစ္စာပါ အချက်ကို မမေ့ပါနဲ့ ၊ ဒါ ကလေးကစားကရာ မဟုတ်ဘူးနော် ‘’
ချန်ရှန်လဲခေါင်းတဆတ်ဆတ်ညိမ့်ကာ ပြန်ပြောလိုက်လေတယ် ။
‘’ ကျွန်တော်အသက်ရှင်နေမျှ သွေးသစ္စာပါ အချက်တွေကို လိုက်နာပြီး အမတော်တို့ အစွမ်းတွေ ပြန်ရအောင် ကူညီပေးမှာပါ ။ ”
ဘိုင်ယုယုက ကျေနပ်ဟန်ဖြင့် . . .
“ ငါတို့ ရဲ့ စွမ်းအားတွေပြန်ရဖို့ က ဒန် လို့ ခေါ်တဲ့ ဆေးတမျိုးကိုသုံးရမှာ ၊ ဒန်တောင်မှ အတော်အဆင့်မြင့်ဖို့ လိုသေးတယ် ။ အစွမ်းပြန်ရတာနဲ့ သွေးသစ္စာလည်း ကိစ္စပြီးပြီပေါ့ ။ အဲတော့မှ ငါတို့ ရဲ့ ရန်သူတော်ကြီးကို ပြန်ကလဲ့စားချေရမယ် ။ ‘’
ချန်ရှန်အနည်းငယ် ၀မ်နည်းသွားတယ် ။ သူကမိန်းမလှလေး ၂ ယောက်နဲ့ အတူတူနီးနီးကပ်ကပ် နေချင်တာကိုး ။
စုမေးယို က သူမရဲ့ လှပနက်မှောင်လှတဲ့ ဆံပင်မှာ ၀တ်ထားတဲ့ ကွင်းလေးကို ချွတ်ကာ ချန်ရှန်ဆီပစ်ပေးရင် ပြောလေတယ် . . .
“ ဒီလက်စွပ်ပေါ် မင်းသွေးတစက်ချလိုက် ကွင်းလေးက မင်းကိုပိုင်ရှင်အဖြစ် အသိမှတ်ပြုလိမ့်မယ် ။ ဒီကွင်းလေးဟာ ပစ္စည်းတွေကို သိမ်းတယ့် နေရာမျိုးမှာသုံးတယ် ။ ငါနဲ့ ငါ့ အမက အဲဒိထဲဝင်နေမှာ ပေါ့ ၊ မင်းကတောင်ပေါ်ပြန်တက် ၊ ကဲ အချိန်မဆွဲနဲ့ တော့ ဒီနေရာမှာ ကြာကြာမနေသင့်တော့ဘူး သားရဲတွေ ရောက်လာလိမ့်မယ် ၊ သွားစို့ . . “
ချန်ရှန်လဲ သူ့ သွေးတစက်ချကာ ကွင်းရဲ့ ပိုင်ရှင်အဖြစ် ခံယူလိုက်ပါတယ် ။ ကွင်းလေးက တကယ်ကို သေးငယ်သော်လည်း အထဲမှာ ပင်လယ်ကြီးလောက်ကိုကျယ်တယ်ဆိုတဲ့ ဒဏ္ဍာရီလာကွင်းလေးတွေ အကြောင်း ချန်ရှန်ကြားဖူးပြီးသားပါ ။
ဒါပေမယ့် သူမတို့ ၂ ယောက်လက်စွပ်ထဲနေမယ့်ဆိုတာကတော့ အံ့အားသင့်စရာပါပဲ ၊ ဒီလိုပစ္စည်းလေးတွေဟာ အင်မော်တယ်ဂိုဏ်းတွေဆီမှာပဲ ရှိတတ်ပြီး အချင်းချင်းပေးတတ်ကြတာပါ ။ နောက်ပြီး အဲဂိုဏ်းတွေကဟာတွေကလည်း လူဝင်လို့ မရပါဘူး ၊ စုမေးယို စကားအရ သူမတို့ ၂ ယောက်ိကို ကွင်းလေးထဲထည့်လိုက်ပါတယ် ။ လက်မှာဝတ်လိုက်တာနဲ့ လက်စွပ်ဟာ တဖြည်းဖြည်း မှိန်လာပြီး ပျောက်ကွယ်သွားပါတယ် ။ သူတော်တော်လေး သဘောကျသွားမိတယ် ။ ‘’
သူလဲသူ့ အဖေပေးလိုက်တယ့် ဆေးတွေစားပြီး အားတွေပြန်ဖြည့်လိုက်ပါတယ် ။ နောက်ပြီးတာနဲ့ တောင်ပေါ်စတက်ပါတော့တယ် ။ ဒီတောင်ပေါ်ပြန်တက်ကတာ ခက်ခဲတယ့် စိန်ခေါ်မှု ကြီးပါပဲ ။ ချီတွေပြည့်နေတော့အပေါ်ကို သူမမြင်ရပါဘူး ၊ တနေကုန်ခက်ခက်ခဲခဲ တက်ပြီးနောက်မှာ တော့ အပေါ်ရောက်ခဲ့လေတယ် ။ သူသိလိုက်တာက နတ်အတွင်းအားတွေရှိနေလို့ သာ ခုလို တက်လို့ ရတယ်ဆိုတာပါပဲ ၊ နတ်အတွင်းအားရဲ့ စွမ်းအားနဲ့ စာရင် ဒီတောင်တက်တာလောက်က စာမဖွဲ့ လောက်ပါဘူး ။ ခုတော့သူဟာ ကျားတစ်ကောင်လို သန်မာပြီး နဂါးတစ်ကောင်လို ရဲရင့်တဲ့ ချန်ရှန်ဖြစ်နေပြီလေ .။
အဲနောက်မှာတော့ သူ့ ရဲ့ မြို့ ဆီပြန်လာခဲ့ပါတော့တယ် ။
မိန်းမလှလေး ၂ ယောက်ကို မမြင်နိုင်သော်လည်း ဒီကွင်းလေးထဲမှာ သူမတို့ ရှိနေတယ်ဆိုတဲ့ ခံစားချက် မျိုး သူ့ မှာရှိနေပါတယ် ။
“ အမတော်တို့ .. ကျွန်တော့ကို သိုင်းပညာတွေ ဘယ်တော့ သင်ပေးမှာလဲ ‘’
ချန်ရှန်ဟာ သိုင်းသင်ဖို့ စိတ်စောနေတယ့်အတွက် စိတ်သိပ်မရှည်ပဲ မေးလိုက်မိတယ် ။
“ မင်းခုအားနည်းလွန်းနေတယ် ၊ ငါ့ရဲ့ မိစ္ဆာ သိုင်းလေ့ကျင့်ခန်းတွေကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး ။ ‘’
ဘိုင်ယုယုရဲ့ ခပ်အေးအေး လေသံကို သူစိတ်ထဲက ကြားလိုက်ရတယ် ။
စုမေးယိုရဲ့ အသံကိုပါထပ်ကြားလိုက်ရပါတယ် ။
“ နတ်သိုင်းတွေက ဘယ်ချိန်သင်သင် ရပါတယ် ။ ခုတော့မင်းအိမ်ပြန်လိုက်ပါဦး ၊ ငါမင်းကို ဆေးဖော်နည်း တွေ သင်ပေးပါ့မယ် ။ ‘’
ချန်ရှန်လည်း ၀မ်းပန်းတသာနဲ့ သူ့ အိမ်တချိုးထဲပြေးလေတယ် ။
၀ိုဟူမြို့ ဟာ လူဦးရေ တစ်သန်းလောက်ရှိကာ တောင်ဘက်သိုင်းလောကရဲ့ တောင်ဘက်ပိုင်းမှာရှိကာ သာယာဝပြောတဲ့ မြို့ ကြီးတစ်မြို့ ဖြစ်ပါတယ် ။ ထိုမြို့ တွင်မှ သူတို့ ချန်မျိုးနွယ်ဟာ အတော်ဆုံးသိုင်းသမားတွေမွေးထုတ်ပေးတဲ့ အကျော်ကြားဆုံး မျိုးနွယ်ကြီးပါပဲ ။ ချန်မျိုးနွယ်ဟာ ထောင်ချီတဲ့သမိုင်းကြောင်းတွေလည်းရှိခဲ့ပါတယ် ။ မြို့ ရဲ့ အချမ်းသာဆုံး မျက်နာဖုံးတွေဖြစ်ပြီး မြေတွေ ဥယျာဉ်တွေ ခြံတွေလည်း ထောင်ချီကိုရှိပါတယ် ။ အဲဒါတွေဟာ တောင်တွေပတ်လည်ဝိုင်းပြီး မြစ်တွေ ကာထားတာကြောင့် လူစိမ်းဝင်ဖို့ ဆိုတာ မလွယ်ပါဘူး ။ ချန်တျန်းဟူ အိမ်ဆိုတာနဲ့ လူတိုင်း ကလေးကအစ သိကြပါတယ် ။
“ အဖေရေ .. ကျွန်တော်ပြန်လာပြီ’’
ချန်ရှန်လဲ စာဖတ်ခန်းထဲပြေးဝင်ပြီးခေါ်လိုက်ပါတယ် ။ သူ့ အဖေက အမြဲလိုလို စာဖတ်ခန်းထဲ ရှိတတ်တယ်လေ ။ ချန်တျန်းဟူ လည်း ရီမောကာ . . .
“ နံစော်နေတာပဲ ခုမှပြန်လာတော့တယ် ။ အိမ်မှာ မိန်းမလှလေးတစ်ယောက်စောင့်နေတာကွ ။ မင်းရဲ့ ဇနီးလေးပေ့ါ “
ချန်ရှန် နည်းနည်းငိုင်ကာ စဉ်းစားမိသွားတယ် ။ သူ့ စိတ်ထဲ သူ ၅ နှစ် ၆ နှစ်လောက်တုန်း ကစားခဲ့တဲ့ အသားဖြူဖြူ လှတပတ ကောင်မလေးတစ်ယောက်ပုံပေါ်လာတယ် ။
“ အဖေပြောတာ ရွှီရှန်းရှန်းလား .’’
ချန်ရှန်လဲပြန်မေးလိုက်တယ် ။ သူ့ စိတ်ထဲ ရွှီအိမ်တော်က ကောင်မလေးလို့ ပဲထင်တယ်လေ ။ သူတို့ ငယ်ငယ် တုန်းက ကောင်မလေးဟာ ခဏခဏလာလည်ဘူးတယ် ။ အမြဲတမ်းတနေကုန်ကို ကစားနေကြလေ ။အဲနောက်မှာတော့ မျိုးနွယ်စု ၂ စုဟာ လက်ထပ်ပေးမယ်လို့ သဘောတူခဲ့ ကြတာပေါ့ ။
“ ဟုတ်ပကွာ ၊ မင်းဆေးပင်ရှာသွားကတည်းက ရော်နေတာ မင်းကိုစောင့်နေလေရဲ့ ၊ ခုတော့ နားနေဆောင်ထဲမှာထင်တယ် ။ ‘’
သူ့ အဖေက ခေါင်းညိမ့်လျက်ပြောလေတယ် ။
အဲနောက်ပြုံးပြီ ပြတင်ပေါက်အပြင်ကို ကြည့်လိုက်လေတယ် ။ သူ့ အဖေကြည့်ရာလိုက်ကြည့်တော့ အသားအရေ၀င်းပစွာဖြင့် ဆံပင်ရှည်ကြီးကိုချကာ အစိမ်းရောင်ဝတ်ရုံ ၀တ်ထားတဲ့ ရွှီရှန်းရှန်းကို သူတွေ့ လိုက်ပါတယ် ။ သူမအလှမှာ ခဏတာ နစ်မြောမိသွားလေတယ် ။ ကောင်မလေးကလဲ ချန်ရှန်ကိုတွေ့ တဲ့အခါ ပျော်ရွှင်ကြည်နူးတဲ့ မျက်နာလေးနဲ့ လှမ်းအော်ခေါ်လေရဲ့ ။
“ အကိုတော် ချန်ရှန် ‘’
မိန်းမလှလေးရဲ့ အသံဟာ ကြားရသူတိုင်းရဲ့ စိတ်ကို ဆွဲဆောင်လွှမ်းမိုးနိုင်လောက်အောင်ကို ချိုသာလှတယ် ။ သူမရဲ့ အသွင်ပြင်ဟာ လက်စွပ်ထဲက မိန်းမလှ ၂ ယောက်နဲ့ ပုံစံတူပါပဲ ။ ငယ်သေးတော့ ကောင်းကောင်းမထွားသေးတာပဲကွာတာပါ ။
ချန်ရှန်လည်း တံတွေးမျိုချကာ ခြောက်ကပ်ကပ်လေသံဖြင့် . . .
“ ၁၈ နှစ်အတွင်း မိန်းကလေးတွေများ အရွယ်ရောက်တာမြန်လိုက်တာ ဒီလောက်အရွယ်ရှိမယ်လို့ မထင်မိဘူး “
ဒါကတော့ ရွှီမျိုးနွယ်ရဲ့ အချစ်တော် ရွှီရှန်းရှန်းပါပဲ ။
“ ဒါငါ့ရဲ့ သတိုးသမီးပေါ့ . . ‘’
ချန်ရှန်ဟာ ရင်ခုန်စွာ ရေရွတ်မိတယ် ။အရင်လိုသာဆို ချန်ရှန်သိပ်ပျော်မိမှာမဟုတ် ။ သူဟာသိုင်းသိပ်မတတ်တဲ့အတွက်မို့ ပါ ။ ခုတော့ သူ့ မှာ ယင်ယန် အတွင်းအားတွေရှိနေပြီ ။ ဒါတင်မက ထပ်သင်မယ့် ပညာရပ်တွေနဲ့ သာဆို သူဟာ တကယ်ကို ထိပ်တန်းဖြစ်ပြီကိုး ။ သတို့ သမီးလောင်းလေးပြုံးးလိုက်သောကြောင့် ပါးချိုင့်လေးပေါ်သွားတဲ့အခါ ချန်ရှန်တစ်ယောက် ဆွံ့ အမိပြန်လေတယ် ။ အဖေဖြစ်သူကတော့ သူ့ သားသူကြည့်ရင်း ပခုံးပုတ်ကာပြောလိုက်တယ် ။
“ သွား တွေ့ လေကွ ‘’
အဖေဖြစ်သူ ရယ်နေတုန်းပဲ စာဖတ်ခန်းကနေထွက်လာကာ ကောင်မလေးကိုသွားတွေ့ တယ် ။ မိန်းမလှလေးရဲ့ နူးညံ့တဲ့လက်လေးကိုကိုင်ကာ အပြင်ထွက်ခဲ့ပါတယ် ။ သူ့ ကိုယ်ပိုင်အိမ်ကို ခေါ်သွားတဲ့ လမ်းတလျှောက်မှာ ချန်မျိုးနွယ်က ကလေးတွေက အားကျတဲ့ အကြည့်တွေနဲ့ ကြည့်နေလေရဲ့ ။
“ရှန်းရှန်း ဒီမှာ ဘယ်လောက်နေမှာလဲ ‘’
ချန်ရှန်လဲ ရယ်ရင်းမေးလိုက်တယ် ။ သူ့ အကြည့်တွေကတော့ လှပတဲ့ ပါးချိုင့်လေးတွေပေါ်မှာပေါ့ ။
“ အကိုတော် ကျွန်မတို့ က ခဏလာလည်တာဆိုတော့ သိပ်တော့ မကြာလောက်ဘူးရှင့် ‘’
ကလေးဘ၀တုန်းက ကောင်မလေးမှာ ထူးဆန်းတဲ့ရောဂါရှိလို့ ၀ိုဟူမြို့ ကို ဆေးကုဖို့ လာခဲ့ဘူးပါတယ်၊ အဲတုန်းကသူမဟာ ပိန်ပိန်ပါးပါးလေးနဲ့ ညှက်တော့ တခြားကလေးတွေက အနိုင်ကျင့်လှေ့ရှိတယ် ။ ချန်ရှန်ကပဲ သူမကို ကာကွယ်ကာ တူတူကစားပေးခဲ့တာပါ ။
သူ့ ရဲ့ အားပေးမှုတွေကြောင့်ပဲ သူမရောဂါပျောက်ကင်းသွားခဲ့ရတာပါ ။ အဲအချက်တွေကပဲ ချန်ရှန်အပေါ် သူမရဲ့ စိတ်ကိုညွတ်ကျစေခဲ့တာဖြစ်ပြီး သိုင်းပညာပါရမီမပါလာတောင်သိရဲ့ နဲ့ မေတ္တာမပျက်ပဲ လက်ထပ်ဖို့ ခေါင်းညိမ့်ခဲ့တာပါ ။
ချန်ရှန့် ဘ၀လဲ တူတူပါပဲ ။ သူ့ မွေးရာပါအားနည်းချက်ကြောင့် မိသားစုက လူတွေဟာ နှိမ်ချကာ ကလေးချင်းလဲမကစားခဲ့ရပါဘူး ။ ဒါကြောင့်မို့ သူတို့ ၂ ယောက်ဟာ ကံတူအကျိုးပေး ဖြစ်ခဲ့တာပါ ။
“အကိုတော် ကျွန်မအိမ်တော်က လက်ထပ်ဖို့ ကိစ္စကို ပြန်စဉ်းစားခိုင်းနေတယ် ။ ဒါပေမယ့် ကျွန်မ သဘောမတူပါဘူး ။ ခုသူတို့ က ကျွန်မကို ယောင်အိမ်တော်က ဆေးပါရဂူ ဆရာလေးနဲ့ တွေ့ ဖို့ လွှတ် လိုက်တာပဲ ‘’
ကောင်မလေးလည်း ချန်ရှန်ရဲ့ စိတ်ရှုပ်သွားတဲ့ အမူရာကိုမြင်တော့ ရယ်ရင်း . .
“ စိတ်ချပါ ။ ဒီကောင်နဲ့ လက်ထပ်မယ့်အစား သေတာမှ ကောင်းသေးတယ် ။ အဲလူက မကောင်းတဲ့ လူလို့ ကျွန်မကြားထားတယ် ။ ‘’
တောင်ပိုင်းသိုင်းလောကမှာတော့ ရွှီရှန်းရှန်းကို ပါရမီရှင်တွေကြားက ပါရမီရှင်လို့ သတ်မှတ်ထားကြတယ် ။ သူမ အသက် ၁၄ နှစ်နဲ့ သိုင်းပညာ အဆင့် ၆ ကိုတောင် ရောက်ခဲ့တာ ဖြစ်ပါတယ် ။တဖက်ကလည်း ၁၆ နှစ်သာရှိသေးတယ့် ပါရမီရှင် ဆေးဆရာလေးဖြစ်တဲ့အတွက် လူတိုင်းက လိုက်ဖက်ညီကြတယ်လို့ အသိမှတ်ပြုထားကြတာပါ ။
ချန်ရှန်ဟာ တည်တည်ငြိမ်ငြိမ်ပါပဲ ။ သူ့ မှာ ယင် ယန် နတ်အတွင်းအားတေရှိနေပြီဖြစ်တဲ့အပြင် ဆရာမချောချောလေးတွေပါရှိနေမှတော့ ယောင်အိမ်တော်က ဆေးဆရာလောက်ဟာ ပမွှားပါ ။ ချန်ရှန်ပြုံးရင်း ပါးမို့် မို့ လေးတွေကို ကိုင်လိုက်တယ် ။
“ ရှန်းရှန်း ယောင်မျိုးနွယ်ဆီကိုသွားလိုက် နောက်ပြီး ကျွန်မမှာ ရည်ရွယ်ပြီးသားလူရှိပါတယ်လို့ ပြော လိုက် ၊ ဒါတောင်လက်မခံသေးရင် အကိုတော်က စိန်ခေါ်ပါတယ်လို့ ပြောလိုက် ‘’
ချန်ရှန်က ယုံကြည်မှုအပြည့်နဲ့ ပြောတာကိုမြင်တော့ သူမတော်တော်ပျော်သွားတယ် ။ ခြေဖျားလေး ထောက်ကာ ချန်ရှန်ကို နမ်းလိုက်တယ် ၊ နောက်ပြီးတော့ ခေါင်းပြန်ငုံ့ ကာ . . .
“ အကိုတော် ပိုပြီးတော်မှ ရမယ်နော် ၊ မဟုတ်ရင် ကျွန်မတို့ မိသားစုက ကျွန်မတို့ ကို ခွဲ ပစ်ကြမှာ ‘’
ရွှီရှန်းရှန်းလဲ ပြောပြီးတာနဲ့ ပြေးထွက်သွားပါတယ် ။ ချန်ရှန်အဖို့ တော့ အရူးတစ်ယောက်လို ကျန်ခဲ့ပြီး နမ်းသွားတဲ့ အနမ်းလေးကိုသာ တသသ ဖြစ်နေပါတယ် ။ သူ့ နှုတ်ခမ်းတွေကွေးကာ ချန်ရှန်တစ်ယောက် ပြုံးလိုက်မိတယ် ၊
“ ဒီကောင်မလေး အရွယ်ရောက်လာတာ မြန်လိုက်တာ . . . ‘’