Chapter – 2 ယင် နဲ့ ယန် နတ်အတွင်းအား
ထိုမိန်းမလှလေးနှစ်ယောက်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတယ် ။ ဒေါသကြောင့်မျက်လုံးတွေဟာ စူးရှတောက်ပလျက် ရှိနေတယ် ။ ဘာကြောင့်မှန်းတော့မသိ သူတို့ ခေါင်းတွေကို လှည့်လို့ မရတဲ့ပုံပါပဲ ။
“ အမတော်တို့ မအေးဘူးလား ၊ ဘာလို့ အ၀တ်တွေချွတ်ထားကြတာလဲ ၊ ကျွန်တော်ဒီနားမှာ ရပ်နေ တာတောင် တော်တော်အေးတယ် ‘’
ချန်ရှန်လဲ ဘာပြောရမှန်းမသိတာနဲ့ မေးမိမေးရာမေးလိုက်မိတယ် ။
ထိုအချိန်မှာပဲ မိန်းမလှ ၂ ယောက်အနက် အေးစက်စက်မျက်နာထားနဲ့ တစ်ယောက်က ၊
“ မင်းရှေ့ တစ်လှမ်းတိုးတာနဲ့ မင်းအရိုးတွေကျိုးတာဟာ ဘယ်လိုလဲသိအောင်လုပ်ပြမယ် ၊ သေခြင်းတရားဟာ ဘယ်လိုလဲသိသွားတာပေါ့ ‘’
ထိုမိန်းကလေးအသံက ပြတ်သားလှသော်လည်း တစ်ခုပြောစရာရှိသည်မှာ သူမစကားပြောပုံသည် အသက်မဲ့လှသည် ၊ သူမအသံနဲ့ သူမပုံစံမှာ အေးစက်စက်ဖြစ်နေသည် ။ သူမကိုမြင်တဲ့ မည်သူမဆို အေးစက်သွားသလိုကို ခံစားမိစေပါတယ် ။ သူမမျက်လုံးများမှာ သူမကဲ့သို့ ပင် အေးစက်စက် နိုင်လှ ပါသည် ။
“ ကောင်လေး ၊ မင်းရှေ့ တိုးလာတာနဲ့ မင်းမွေးလာတာ နောင်တရသွားစေအောင်ကို ဖြစ်သွား စေရမယ် ‘’
နောက်မိန်းမပျိုလေးတစ်ယောက်က လေသံတိုးလေးဖြင့်ပြောလေ၏ ။ နားထဲကိုပျော်ဆင်းသွား အောင်ကို အသံလေးက ချိုသာလှပေတယ် ။ သူမရဲ့ အလှကတော့ ကျွမ်းကျင်လှတယ့် ပန်းပုဆရာကြီး ထုလုပ်ထားတဲ့ အလွန်လက်ရာမြောက်လှတယ့် နတ်မိမယ်အရုပ်ကလေးအလား ထင်မှတ်မိပါတော့တယ် ။
မိန်းမလှလေး နှစ်ဦးဟာ သူ့ ရှေ့ မှာ မလှုပ်မယှက်ရှိနေလေတယ် ။ သူဟာ လူကောင်းတစ်ယောက် မဟုတ်ပေမယ့်လည်း ယုတ်မာတဲ့လူလည်းမဟုတ်ပါဘူး ။ ဒီလိုမလှုပ်ရှားနိုင်ဖြစ်နေတယ့်အပေါ် သူဟာ အခွင့်ကောင်းမယူခဲ့ပါဘူး ။ ချန်ရှန်ဟာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး လေသံတီးတိုးဖြင့် ယဉ်ကျေးစွာ ပြောဆိုပါတယ် ။
“ အမတော်တို့ ကျွန်တော်တကယ်မရည်ရွယ်ပါဘူး ၊ ကျွန်တော်ချောက်ကမ်းပါးထဲ ဆေးမြစ်ဆင်းခူးတာပါ နောက်တော့ တောင်ကြီးလှုပ်လာပြီး ကျွန်တော်ပြုတ်ချလာတာပါ ၊ ကံကောင်း လို့ တောင် အသက်ရှင်တာပါ ‘’
ပြောပြောဆိုဆိုပဲ ချန်ရှန်ဟာ သူ့ အိတ်ထဲက ၀တ်ရုံ ၂ ခုကိုထုတ်ပြီး မိန်းမလှလေး ၂ ယောက်ဆီကို လျှောက်သွားလိုက်တယ် ။ မိန်းကလေး ၂ ယောက် မလှုပ်ရှားနိုင်တာကို သူသိတဲ့အတွက် သူမတို့ ထက်ပြီးရှက်ရွံ့ မနေစေရန် ၀တ်ရုံဝတ်ပေးဖို့ သူဆုံးဖြတ်လိုက်တာဖြစ်ပါတယ် ။
ချန်ရှန်ဟာ မိန်းမလှလေးတွေနားကိုရောက်နေပါပြီ ။ သူ့ မျက်လုံးတွေကတော့ အ၀တ်မဲ့ ခန္ဓာကိုယ်တွေ ပေါ်မှာပေါ့ ။ အေးစက်စက်မိန်းမလှလေးဟာ ချန်ရှန်ကြည့်နေတာကို သိတယ့်အတွက် ရှက်လဲရှက် ဒေါသလဲထွက်နေတာမို့ မျက်စိကို တင်းတင်းပိတ်ပစ်လိုက်ပါတော့တယ် ။ ဒေါသဘယ်လောက်ထွက် နေလဲဆိုတော့ သူမခန္ဓာကိုယ်ကနေ ချီ ဓာတ်တွေတောင် ထွက်နေတယ့်အတွက် ချန်ရှန်တောင် အေးစိမ့်စိမ့်ဖြစ်လာရတဲ့အထိပါပဲ ။ အ၀တ်ပေးချိန်မာလည်း ချန်ရှန်ဟာ ကြောက်ရွံ့ နေမိ ပြန်ပါသေးတယ် ။
“ အဟမ်း . . . ‘’
သူ့ မူပျက်နေတယ့်ပုံစံကြောင့်ပဲလားမသိ ထိုမိန်းကလေးလည်း အနည်းငယ်ပျော့ပြောင်းသွားပုံပါပဲ ။ သူမကိုယ်ကနေ ဒေါသကြောင့်ဖြစ်ပေါ်တဲ့ ချီ အငွေ့ တွေတောင် မတွေ့ တော့ပါ ။
ဒီတစ်ခါအလှည့်ကတော့ အသံချိုချိုနဲ့ ဆွဲဆောင်မှုရှိတယ့် မိန်းမလှလေးအလှည့်ပါ ။ မိန်းမလှလေးဆီ က အပြုံးရိပ်လေးမြင်တော့ သူမျက်နှာတွေတောင် နီသွားမိတယ် ။ အသက်ပြင်းပြင်းရှူ စိတ်လျော့ပြီး ၀တ်ရုံကို အသာဝတ်ပေးလိုက်ပါတယ် ။
ချန်ရှန်လုပ်ရပ်ကြောင့် မိန်းမလှလေး ၂ ယောက်ဟာ ကျေးဇူးတင်သွားသလို ခုနကပြောဆိုမိတာတွေ အတွက်လဲ အားနာသွားကြပုံပါပဲ ။ ဒါတင်မကသေး ကမ်းပါးပြိုကျတာဟာလဲ သူတို့ အပစ်မကင်းပဲ အခန့် မသင့်ရင် ချန်ရှန်တောင်သေသွားနိုင်ပါသေးတယ် ။
မိန်းမလှလေး ၂ ယောက်ဟာ စိတ်လျော့လိုက်ပုံရပါတယ် ။ ချန်ရှန်သူမတို့ ရဲ့ ကောက်ကြောင်းတွေကို မြင်သွားတာတောင် ဘာမှမယုတ်မာပဲ ဒီလိုကောင်းကောင်းမွန်မွန် ဆက်ဆံတာဟာ စိတ်ဓာတ်ခိုင်မာ ပြီး ယောကျာ်းကောင်းတစ်ယောက်လုပ်ရပ်ဆိုတာကို သူမတို့ နားလည်သဘောပေါက်သွားကြပုံပါပဲ ။
“ အမတော်တို့ . . ဒီနေရာရောက်တာ ကြာပြီလားဗျ ၊ ကျွန်တော့်ကို ဘယ်လိုအိမ်ပြန်ရမလဲဆိုတာ ပြောပြနိုင်မလား ၊ ဒီလိုနေရာမှာ တစ်ဘ၀လုံး နေမသွားနိုင်ဘူး ၊ ကျွန်တော့မှာ အရမ်းကို အရေးကြီးတဲ့ အလုပ်တစ်ခုကို လုပ်စရာရှိသေးလို့ ပါ ‘’
ချန်ရှန်ဟာ စိတ်ဓာတ်ကျကျနဲ့ မေးလိုက်ပါတယ် ။
ဆွဲဆောင်မှုရှိတယ့် မိန်းကလေးက ခပ်ပြုးပြုးနဲ့ ညင်ညင်သာသာလေးပဲ ပြန်ပြောလိုက်တယ် ၊
“ မောင်တော်လေး. . . မင်းမှာ မွေးရာပါ သိုင်းကျင့်မရတဲ့ အားနည်းချက်ရှိမှန်း ငါသတိထားမိတယ် ၊ ဒါကြောင့်ပဲ မင်းဟာ ဘယ်တော့မှ ထိပ်တန်းသိုင်းပညာရှင်တစ်ယောက် ဖြစ်မလာနိုင်ဘူး ၊ ဒါပေမယ့် မင်းကို အလွန်ကိုအစွမ်းထက်တဲ့ ယင် နတ်သိုင်းပညာတွေသင်ပေးမယ် ဒါတင်မကသေးဘူး ဆေးပညာတွေ ပါသင်ပေးဦးမယ် ၊ ဒါဆို မင်းဆေးတွေဖော်နိုင်မယ် နောက် နာမည်ကျော် ထိန်းတန်း သိုင်းသမား တစ်ယောက်ဖြစ်လာဦးမယ် ။ ဒါပေမယ့် ငါ့ဘက်ကတော့ တောင်းဆိုမှုတစ်ခုရှိတယ် ။ ‘’
ဆွဲဆောင်မှုရှိတယ့် မိန်းကလေးက သူ့ ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်တယ် ။ သူမစကားတွေကြောင့် ချန်ရှန်ဟာ နည်းနည်းတော့ မယုံသလိုခံစားနေရပါတယ် ။ ဒီမိန်းကလေး ၂ ယောက်လုံး အစွမ်းထက်တာကို တော့ သူသိတယ် ၊ သို့ သေည် သူတို့ ကခု ဒဏ်ရာရပြီး လှုပ်တောင်မလှုပ်နိုင်ပါ လျက်နဲ့ သူများကို ဘယ်လိုကူညီမှာပါလိမ့် ….။
“ မောင်တော်လေး ငါကလည်း မင်းကို အလွန် အစွမ်းထက်တဲ့ ယန် နတ်သိုင်းပညာပေးရုံမကဘူး မိစ္ဆာသိုင်းကွက်တွေပါ သင်ပေးနိုင်တယ် ။ ငါ့ရဲ့ မိစ္ဆာသိုင်းကွက်တွေဟာ ငါ့ညီမရဲ့ သိုင်းကွက်တွေနဲ့ ဆတူကို အစွမ်းထွက်တယ် ။ ‘’
အေးစက်စက်မိန်းကလေးကပါ သူ့ မျက်လုံးတည့်တည့်ကြည့်ကာ ထပ်ပြောပြန်ပါတယ် ။.
“ ငါတို့ ၂ ယောက်လုံး မင်းကို လိမ်နေတာမဟုတ်ဘူး . . . ‘’
ချန်ရှန်တုန်လှုပ်နေပါတယ် ၊ ပါရမီရှင်သာလျှင် အဆင့်မြင့် သိုင်းပညာ အထုံပါရမီနဲ့ မွေးဖွားလာကြတာဖြစ်တယ် ။ အဲအဆင့်မြင့်သိုင်းပညာအထက်မှာ တုနှိုင်းမဲ့အဆင့်ဆိုတာ ရှိတယ် ။ အဲဒိတုနှိုင်းမဲ့အဆင့်ပြီးရင်တော့ အတုမရှိတဲ့နတ်အတွင်းအားအဆင့်ကို ရောက်တာပါ ။ ထိုအဆင့်ရောက်ရင် ကောင်းကင်နဲ့ တောင် စစ်ခင်းလို့ ရပြီလို့ တောင် ပြောနိုင်ပါတယ် ။
“ အမတော်တို့ တောင်ပေါ်ကပြုတ်ကျပြီး ခေါင်းမှာ ဒဏ်ရာတွေဘာတွေ ရသွားတာလား ၊ ကျွန်တော့ကို လာမနောက်ပါနဲ့ ၊ ကျွန်တော်ဟာ သိုင်းပညာသိပ်မကျွမ်းပေမယ့် ငတုံးတစ်ယောက်တော့ မဟုတ်ပါ ဘူး ‘’
သူမတို့ ရဲ့ အစွမ်းက ချန်ရှန်ထက် အများကြီးမြင့်ပေမယ့်လည်း သူ့ အနေနဲ့ သူမတို့ ကို မယုံပေ ။
“ မင်းဒီပညာတွေ တတ်သွားပြီးရင် ထူးချွန်တဲ့ ထိပ်တန်းသိုင်းပညာရှင်ကြီးတစ်ယောက် ဖြစ်သွားမှာ ၊ ဒါပေမယ့် နောက်ကျရင်တော့ မင်းက ငါတို့ ရဲ့ အစွမ်းတွေပြန်ရအောင် ကူညီပေးရမယ် ။ ‘’
ဆွဲဆောင်မှုရှိတယ့် မိန်းမလှလေးရဲ့ စကားဟာ သူ့ ရဲ့ အညှာတည့်တည့်ကို ထိသွားစေတယ် ။
အေးစက်စက်မိန်းကလေးကလည်း ၀င်ပြောပြန်ပါတယ် …
“ ငါတို့ ဟာ ရန်သူရဲ့ တိုက်ခိုက်မှုကိုခံရပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ကို ရသွားကြတာဖြစ်တယ် ၊ ခုငါတို့ မလှုပ်ရှားနိုင်ပဲ စွမ်းအင်တွေပါ ပျောက်ဆုံးကုန်ပြီ ၊ ဒါတင်မကသေးဘူး အလွန်ကြောက်စရာကောင်းပြီး စွမ်းအားကြီးတဲ့ မိစ္ဆာသားရဲကြီးစာ ဒီနားတ၀ိုက်မှာ ချောင်းမြောင်းနေ တယ် ၊ ဒီနေရာကနေ မြန်မြန် ထွက်ခွာမှဖြစ်မယ် ‘’
ထိုမိန်းမလှ ၂ ယောက်ရဲ့ အရိုးတွေ ၊ ချီစွမ်းအင်သိုလှောင်ရာနေရာတွေနဲ့ ကိုယ်တွင်းအစိတ်ပိုင်းတွေ ဟာ ပြင်းပြင်းထန်ထန်ကို ထိခိုက်ထားကြပါတယ် ။ အကုန်လုံးကို ရစရာမရှိတာ့ပါဘူး ။ ဒါတွေဟာ သူမတို့ ရန်သူနဲ့ တိုက်ခိုက်လို့ ဖြစ်ခဲ့ကြတာဖြစ်ပြီး သူပါတောင်အောက်ပြုတ်ကျခဲ့တာဖြစ်ပါတယ် ။ ဒီနေရာကို သူရောက်လာခြင်းဟာ သူမတို့ အတွက် ဒီနေရာက လွတ်မြောက်ဖို့ တကယ့်ကို အခွင့်အရေးတစ်ရပ်ဆိုတာ အသေအချာပါပဲ ။ ဒီလိုနေရာဟာ သားရဲကြီးတွေ အမဲလိုက်တဲ့နေရာ ဖြစ်ကြောင်းသူလဲသိပြီးသားပါ ၊ ခုအခြေနေရ သူမတို့ ဟာသားရဲကြီးတွေရဲ့ အစာ အချိန်အရွေး ဖြစ်သွားနိုင်ပါတယ် ။
“ မောင်တော်လေး မင်းငါတို့ ကို ယုံမှဖြစ်မယ် ၊ ဒီလိုမဟုတ်ရင် မင်းဘယ်တော့မှ တောင်ပေါ်ပြန်တက် လို့ ရနိုင်မှာမဟုတ်ဘူး ‘’
ဆွဲဆောင်မှုရှိတယ့် မိန်းမလှလေးက စိတ်မရှည်စွာ ပြန်ပြောလေတယ် ။
ချန်ရှန်အတွက် ခုချိန်ဟာ သူမတို့ ပြောစကားတွေကို ယုံဖို့ အခက်တွေ့ နေပါတယ် ။ ယင် နဲ့ ယန် စွမ်းအား ၊ မိစ္ဆာ သိုင်းတွေနဲ့ နတ်သိုင်းတွေလို တန်ဖိုးကြီး အစွမ်းထက်လှတဲ့ အရာတွေကို အလကားပေးမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား .. ၊ အရာအားလုံးသေချာစဉ်းစားပြီးချိန်မှာတော့ သူမတို့ ပြောစကားကိုသာ ယုံကြည်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
“ အမတော်တို့ ကျွန်တော့ကို နောက်ပြောင်ကျီစယ်နေတာမဟုတ်ဘူးလို့ မျှော်လင့်မိပါတယ် ၊ ကျွန်တော်ကတော့ ချန်ရှန်ပါ ၊ အမတို့ ကကော . . .? ‘’
ချန်ရှန်သက်ပြင်းခပ်လေးလေးချကာ ပြောလိုက်ပါတယ် ။
“ ဘိုင် ယုယု ‘’
အေးစက်စက်မိန်းကလေးရဲ့ ပြန်ဖြေပါတယ် ။
နောက်မိန်းမလှလေးကလည်း ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေပါတယ် ။
“ စုမေးယို… ‘’
“ သိပ်ကို လိုက်ဖက်တဲ့ နာမည်တွေပဲ ၊ ကဲခုဘာဆက်လုပ်ကြမလဲ … ? ‘’
ချန်ရှန်လဲခပ်ပြုံးပြုံးလေးပဲမေးလိုက်တယ် ။
စုမေးယိုက လဲပြန်ပြောပါတယ် ။
‘’ ငါတို့ အချင်းချင်း သစ္စာမဖောက်ဖို့ အတွက် အရင်ဆုံး သွေးသစ္စာဆိုကြရမယ် ၊ ဒါကိုလုပ်ရတာကလဲ မင်းနဲ့ ငါတို့ ဟာ အချိန်အကြာကြီးလက်တွဲမှာဖြစ်တဲ့အတွက် ဖြစ်တယ် ။ ငါတို့ ရဲ့ နတ်အတွင်းအား တွေကိုမင်းဆီပေးရတာ လွယ်လွယ်လေးပဲ ၊ငါတို့ ၂ ယောက်ဟာ အတွင်းအား ၂ စုံစီကြတယ် ၊ တစ်ခုကို ပေးလိုက်ရတာ ငါတို့ အတွက် ဘာမှမဖြစ်ဘူး ‘’
နတ်အတွင်းအား နှစ်ခု ….
ဒါတင်မက ၂ ယောက်ဆီမှာကို ရှိနေကြတာ . .
ချန်ရှန် ပါးစပ်တွေပါ တုန်လှုပ်နေပါပြီ ၊ ဒါကိုယုံကြည်ဖို့ တော်တော်ကို ခက်ခဲပါတယ် ။ သို့ သော်လည်း ဒီလို အစွမ်းအင်မတန်ကြီးတဲ့ မိန်းမလှလေး ၂ ယောက်ဟာ သူနဲ့ အချိန်အကြာကြီး အတူတူ ရှိနေမှာ ဆိုတော့ သူ့ ရင်တွေလေခုန်နေပါပြီ ။
ဘိုင်ယုယုက ထပ်ပြောပါတယ် ။
“ သူများတွေဘယ်လိုထင်ထင် မလိုလားအပ်တဲ့ အကျိုးဆက်တွေမဖြစ်အောင် ငါတို့ သွေးသစ္စာတော့ ဆိုရမယ်’’
သွေးသစ္စာဆိုတာဘယ်လိုဆိုတာနဲ့ လုပ်ဆောင်ပုံအဆင့်ဆင့်ကို စုမေးယို က အသေးစိတ် ရှင်းပြလေတယ် ။
သွေးသစ္စာဆိုဖို့ အတွက်အရင်ဆုံး သားရေချပ်ပေါ်မှာ သူတို့ ရဲ့ သွေးတွေ ချရပါတယ် ။ ထိုသွေးတွေနဲ့ သားရေချပ်ပေါ် အင်းကွက်ဆွဲရပါတယ် ။ နောက်ပြီး ပါဝင်ရမယ့် အချက်တွေ ချရေးပြီးရင် ပြီးပါပြီ ။ သွေးသစ္စာဆိုတယ်ဆိုတာ စိတ်ဝိဥာဉ်ချင်း စာချုပ်ချုပ်ဆိုခြင်းပါပဲ ၊ ဒီလိုလုပ်တာက တစ်ယောက်စိတ်ထဲရှိတာကို တစ်ယောက်က သိနိုင်ပါတယ် .။
သွေးသစ္စာအကြောင်းသိလိုက်ချိန်မှာတော့ သူမတို့ စကားတွေဟာ တကယ်ဆိုတာ သေချာသိလိုက်တယ့်အတွက် ချန်ရှန်တော်တော် တုန်လှုပ်သွားပါတယ် ။ အမှန်တော့ သူတော်တော်လည်း စိတ်လှုပ်ရှားပါတယ် ၊ ဒီနတ်သမီးလိုလှပတဲ့ မိန်းကလေးတွေနဲ့ လဲ အတူတူ နေရမယ် ဆိုမှတော့ စိတ်မလှုပ်ရှားပဲဘယ်နေပါ့မလဲ ၊ နောက်တချက်အနေနဲ့ အရာရာ အရှုံးပေးနေရတဲ့ သူ့ ဘ၀ဟာလဲ ချက်ချင်းကိုပြောင်းလဲသွားတော့မှာပေါ့ ။
အဲဒိနောက်မှာတော့ သူတို့ သွေးသစ္စာဆိုကြပါတော့တယ် ။
‘’ အမတော်တို့ … အမတော်တို့ မလှုပ်ရှားနိုင်ဖြစ်နေတာဟာ အရိုးတွေကျိုးပြီး စွမ်းအင်သိုလှောင်တဲ့ နေရာတွေမှာ ဒဏ်ရာရကုန်တာကြောင့်ဖြစ်တာမလား ၊’’
ငရဲဝိဥာဉ်တော်မြက်ကို ကောက်ယူရင်း ချန်ရှန်က မေးလိုက်ပါတယ် ။ ထိုမြက်ဟာ ဘယ်လိုဒဏ်ရာ ရရ ချက်ချင်းကို ပြန်ကောင်းစေနိုင်တယ့် သတ္တိရှိတယ်လေ ။
ဘိုင်ယုယုက ခေါင်းညိမ့်ရင်း ပြန်ဖြေပါတယ် ။
‘’ ငါတို့ ရဲ့ ရန်သူဟာ အရမ်းစွမ်းအားကြီးတယ် ၊ ဒါပေမယ့် သူငါတို့ ကို သွေးသစ္စာကြောင့် တိုက်ရိုက် သတ်လို့ မရဘူး ၊ ဒါကြောင့်မို့ သူမဟာ ငါတို့ စွမ်းအင်တွေဖြစ်စီးပြီး ငါတို့ ဘာသာ အေးခဲပြီးသေသွား တာကို စောင့်နေတာဖြစ်တယ် ။ ‘’
သူရောက်လာလို့ သာ သူမတို့ ဆက်အသက်ရှင်နေနိုင်မည်ဆိုတာကတော့ ပြောစရာပင်မလိုပေ ။ ဒါကြောင့်ပဲ သူတို့ အတွက် အသုံးမ၀င်တော့မယ့် နတ်အတွင်းအားတွေကို ရက်ရက်ရောရော ပေးကြခြင်းသာဖြစ်ပေတယ် ။ချန်ရှန်ဟာ ကြောက်ရွံ့ မှုနဲ့ အတူ တုန်လှုပ်သွားလေတယ် ။ ဒီလောက် အစွမ်းထက်တဲ့ နတ်အတွင်းအား ၂ ခုစီရှိတယ့် သူမတို့ ကိုတောင် ရှုံးသွားစေတယ့်ရန်သူဟာ ဘယ်လိုတောင် အင်အားကြီးတာပါလိမ့် … .။
“ ကျွန်တော် ဒီမြက်တွေကို ချောက်ကမ်းပါးကနေ နှုတ်လာတာပါ ၊ အမတော်တို့ ဒဏ်ရာတွေကို ကုသပေးရမလား ‘’
ချန်ရှန်ဟာမေးလိုက်ပါတယ် ။ သူ့ ကို ဒီလိုနတ်အတွင်းအားတွေ ပေးမယ်ဆိုမှတော့ ဒီမြက်ဟာ သူ့ အတွက်အသုံးမ၀င်တော့ ပေ ။
စုမေးယိုမျက်နာ ၀င်းလက်သွားကာ ပြန်ပြောလေတယ် ။
‘’ ဒါပေါ့ .. ဒီမြက်တွေနဲ့ ဆို ငါတို့ လှုပ်ရှာလို့ ရမှာ ‘’
ချန်ရှန်မျက်နာပေါ်မှာ အပြုံးရိပ်ရိပ်လေးတစ်ခု ပေါ်လာတယ် ။ ထို့ နောက် မြက်ကို သူမတို့ ၂ယောက်အား ကျွေးလိုက်ပါတယ် ။ ဒီငရဲဝိဥာဉ်တော်မြတ်ဟာ သူမတို့ ဒဏ်ရာတွေ အကုန်ပြန်မကောင်းနိုင်သော်ငြားလည်း အရိုးတွေကို ပြန်ဆက်ပေးနိုင်တဲ့အတွက် လမ်းတော့ လျှောက်နိုင်သွားမှာပါ ။ သူမတို့ မူလစွမ်းအင်တွေ အတိုင်းတော့ ပြန်မဖြစ်နိုင်သေးဘူးပေါ့ .. ။
“ အမတော်တို့ .. အမတော်တို့ အကြောင်းနဲ့ အမတော်တို့ ရဲ့ ရန်သူတော်အကြောင်းကို ပြောပြပါလား ‘’
ချန်ရှန် အသိချင်ဆုံး အကြောင်းအရာကို မေးလိုက်မိပါတယ် ။
ဘိုင်ယုယုက အေးစက်စက်အကြည့်နဲ့ လှမ်းကြည့်တယ် ။
“ သွေးသစ္စာထဲမှာ ငါတို့ အကြောင်းမင်းကိုပြောပြမယ်လို့ မပါဘူး ၊ ဒါကြောင့် မင်းမေးတာ ငါမဖြေနိုင်ဘူး ‘’
စုမေးယို ကဆံပင်ကို သပ်တင်ရင်း ….
‘’ အဲဒါတွေမေးမနေပါနဲ့ စပ်စုတိုင်းမကောင်းဘူး မင်းက ငယ်ပါသေးတယ် ၊ အန္တရာယ်တွေ့ တတ်တယ် ။ ငါတို့ အတွက်လဲမကောင်းဘူးကွ ၊ ကဲပါ အခု မင်းကို ငါတို့ နတ်အတွင်းအားတွေ ပေးမယ် .. ။”