Chapter – 1 ငရဲဝိဥာဉ်တော်မြက်
လျှပ်စီးများတဖြတ်ဖြတ်ဖြင့် ကောင်းကင်ကြီးမှာ တိမ်ညိုမဲများဖြင့် အုပ်ဆိုင်းလျက်ရှိသည် ။ မိုးကားအညိုးကြီးစွာဖြင့် သည်းသည်းမဲမဲကို ရွာလျက်ရှိပါသည် ။
၀ိုဟူမြို့ လေးထဲတွင် ချန်ရှန်တစ်ယောက် ကောင်းကင်ကိုမော့ကြည့်ရင်း တကိုယ်တည်း တီးတိုးရေရွတ်နေသည် ။
“ ငါဒီထက်နောက်ကျလို့ မဖြစ်တော့ဘူး ၊ နောက်တခါဒီလိုအခွင့်အရေးရဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး “
ချန်ရှန်ဟာ ဒီနှစ်မှ ၁၆ နှစ်ပြည့်တာဖြစ်ပြီး သူဟာ တခြားသက်တူတွေထက် ပိုမို တောင့်တင်းသန်မာပါတယ် ။ သူဟာ ငယ်ရွယ်ပျိုမြစ်ကာ ချောမောတဲ့ရုပ်ရည်ရူပကာ ရှိပေမယ့် သူ့ မျက်လုံးတွေကတော့ အသက်ရွယ်နဲ့ မလိုက်အောင်ကို စူးရှရင့်ကျက်လှပါသည် ။
သူ့ အဖိုးဟာ ချန်မိသားစုရဲ့ မျိုးနွယ်စု အကြီးအကဲဖြစ်ပေမယ့်လည်း ချန်ရှန်ဟာ သိုင်းကျင့်လို့ မရတဲ့ မွေးရာပါအားနည်းချက်ရှိနေတယ့်အတွက် ဆေးပင်ဆေးမြစ်တွေကို သူကိုယ်တိုင်ပဲရှာဖွေရပါတယ် ။ အဲအားနည်းချက်ကြောင့်သူဟာ ငယ်ငယ်လေးထဲက ဇွဲလုံ့ လကြီးမားစွာဖြင့် သူ့ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာအောင် တကိုယ်တော်လျို့ ဝှက်စွာဖြင့် လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့ပါတယ် ။ တခါတုန်းကသူဟာ ကျားရဲတစ်ကောင်နဲ့ တောင်တိုက်ခိုက်ခဲ့ဖူးပါသေးတယ် ။ သူဟာငယ်ရွယ်သော်လည်း သူဖြတ်သန်းခဲ့ရတယ့် ဘ၀နဲ့ ကြမ်းတန်းတဲ့ အတွေ့ အကြုံတွေကြောင့် ချန်ရှန် ဟာ သူ နဲ့ ရွယ်တူတွေထက်ကို သူ့ စိတ်အခြေနေက သာလွန်ရင့်ကျက်နေပါတော့တယ် ။
“ ချန်ရှန် အပြင်ဘာထွက်လုပ်နေတာလဲ ၊ မုန်တိုင်းတိုက်တော့မယ် မင်းဒီလိုရာသီဥတုနဲ့ အပြင်သွားမလို့ လား ? “
အိမ်တော်ထိန်းအိုကြီးက ပြောပြောဆိုဆိုနဲ့ သူ့ ဆီလျှောက်လာလေသည် ။ အိမ်တော်ထိန်းကြီးက သူ့ အပေါ်တော့ သံယောဇဉ်ရှိသူတစ်ယောက်ပါ ။ သူ့ မျက်လုံးများကတော့ ရီဝေနေသည် ။
ချန်ရှန်ဟာ နေ့ တိုင်းကြိုးကြိုးစားစားနဲ့ ခြောက်နှစ်ကြာအောင် အပြင်းအထန်လေ့ကျင့်ခဲ့သော်လည်း သူ့ သိုင်းပညာအဆင့်တန်းဟာ သာမန် အဆင့် ၃ ကနေတက်မလာခဲ့ပါဘူး။ တခြားချန်မိသားစုဝင် သူနဲ့ သက်တူရွယ်တူတွေဆို အဆင့် ၄ ရောက်နေကြပါပြီ ။ တချို့ ဆို အဆင့် ၅ တောင်ရောက်နေတာ တွေရှိပါတယ် ။
ဒါဟာ သူ့ ရဲ့ မွေးရာပါအားနည်းချက်ဖြစ်တဲ့ သိုင်းပညာပါရမီ မပါလာခြင်းကြောင့်ဖြစ်ပါတယ် ။ ဒါကြောင့်ပဲလားမသိ သူ့ မိသားစုဝင်တွေဟာ သူ့ ကိုသိပ်အရေးမပေးပါဘူး ၊ သူ့ အားနည်းချက်ကြောင့် သူဟာဘယ်တော့မှစိတ်ဓာတ်မကျပဲ လေ့ကျင့်ခန်းတွေသာ မပြတ်လေ့ကျင့်ပါတယ် ။ ဒီလိုလေ့ကျင် တာကပဲသူ့ ကိုယ်သူ ပြည့်စုံစေတဲ့ ခံစားချက်မျိုးဖြစ်ပေါ်နေလို့ ပါ ။
“ ကျွန်တော်ဆေးပင်သွားရှာမလို့ ပါ အိမ်တော်ထိန်းကြီး “
ချန်ရှန်ဟာရယ်မောပြောဆိုကာ အိမ်တော်ထိန်းကြီးဆီလျှောက်သွားပါတယ် ။ အိမ်တော်ထိန်းကြီးက သက်ပြင်းချကာ ခေါင်းတခါခါနဲ့ .
“ မင်းမှာ သိုင်းပညာပါရမီမပါတဲ့အတွက် ဆေးပင်ပဲနှုတ်နှုတ် သိုင်းပဲဘယ်လောက်လေ့ကျင့်ကျင့် အပို ပဲ ၊ မင်းဟာ ဒီထက်တိုးတက်တော့မှာ မဟုတ်ပေဘူး “
ချန်ရှန်ဟာ ဒီစကားတွေကို သူ့ တဘ၀လုံးဖန်တရာထပ်အောင်ကြားဖူးပေမယ့်လည်း ပြောချင်တာကြပါ စေ ၊ သူကတော့ အရှုံးပေးမှာမဟုတ်ဘူး ။
သတ်လတ်ပိုင်အရွယ်လူတစ်ယောက်ဟာ သူတို့ ဆီလျှောက်လာပြီး
“ ရှန်လေး မင်းဒီလိုရာသီဥတုနဲ့ အပြင်တကယ်သွားမလို့ လား ? “
ချန်ရှန်ဟာပြုံးပြုံးလေးပဲ ပြန်ဖြေလိုက်တယ် ၊
“ မိုးရွာမုန်တိုင်းတိုက်တာ ကျွန်တော့အတွက် အခွင့်ကောင်းပေါ့အဖေရဲ့ အဲဒါမှ တစ်ယောက်ထဲ ဆေး ပင်ရှာလို့ ရမှာလေ လုရှာစရာမလိုတော့ဘူးပေါ့ “
သတ်လတ်ပိုင်းအရွယ်အမျိုးသားဟာ ချန်ရှန်ရဲ့ အဖေဖြစ်ပြီး သူ့ နာမည်ကတော့ ချန်တျန်းဟူ ဖြစ်တယ်။ သူဟာ အလွန်ထူးချွန်ကာ ထင်ရှားကျော်ကြားတဲ့သိုင်းပညာရှင်ကြီးဖြစ်ကာ ချန်မိသားစုရဲ့ အကြီးအကဲနေရာဆက်ခံသူအတွက် အလားအလာရှိသူတစ်ယောက်လည်းဖြစ်ပါတယ် ။ သူ့ သားမှာ မွေးရာပါအားနည်းချက်ရှိတာကို သိသော်လည်း သူဟာချန်ရှန်ကို အမြဲအားပေးပြီး ရှားပါးတဲ့ဆေးတွေ ချန်ရှန်ကိုအမြဲပေးလေ့ရှိပါတယ် ။ သို့ သော်လည်း ထိုဆေးပြားများမှာ ချန်ရှန်အတွက် အကျိုးသက် ရောက်ဟန်မရှိပေ ။
“ ဒီမှာ”
ချန်တျန်းဟူ သေတ္တာလေးတစ်လုံးကို ချန်ရှန်ဆီပြုံးပြီး ပေးလိုက်တယ် ၊ ချန်ရှန်ဟာ သေတ္တာကိုဖွင့် တောင်မကြည့်ပဲ ယူလိုက်ပါတယ် ။ အထဲမှာ ဆေးတစ်ခုခုပါမယ်ဆိုတာ သူသိနေတယ် ။
“ ကျေးဇူးပါ အဖေ ၊ ခုကျွန်တော် အိမ်တော်ထိန်းကြီးသူ့ ကျန်းမာရေးအတွက် မွေးထားတဲ့ ကြက်တွေ ခိုးစရာမလိုတော့ဘူးပေါ့ “
ချန်ရှန်ဟာရယ်ပြီးပြောလိုက်ပါတယ် ။
ချန်ရှန့် စကားကြောင့် အိမ်တော်ထိန်းကြီး မျက်မှောင်ကြုတ်သွားတယ် ၊ ချန်ရှန်သူ့ ကြက်တွေကို ပစ် မှတ်ထားနေမှန်း သူမသိခဲ့ဘူးလေ ။
ချန်ရှန်ထွက်သွားတာကို ကြည့်ရင်း ချန်တျန်းဟူ သက်ပြင်းချမိနေသည် ။ ချန်မျိုးနွယ်စုမှာ သူဟာ အလွန်မြင့်မားတဲ့ သိုင်းပညာမှာရှိသော်လည်း ဆေးတွေဟာရှားပါးကာ သိုင်းကျင့်တဲ့နေရာမှာ အသုံးပြု တာကြောင့် ချန်အကြီးအကဲတွေဟာ တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပါတယ် ။ ဒါကြောင့် သူ့ သား အတွက်သူဟာ ဆေးအနည်းငယ်ကိုပဲ ချန်ထားနိုင်ပါတယ် ။ ချန်တျန်းဟူတစ်ယောက် သူပေးတဲ့ဆေး တွေနဲ့ သူ့ သားတစ်ယောက် သိုင်းကျင့်ရာမှာ အလုပ်ဖြစ်ပါစေလို့ မျှော်လင့်ဆုတောင်းရုံမှတပါး အခြား မရှိတော့ချေ ။
“ အမတ မိစ္ဆာချောက်ကမ်းပါး ‘’
ထိုနေရာမှာ လုံးဝလူသူကင်းလျက်ခြောက်ကပ်လျက်ရှိသောနေရာဖြစ်ပြီး ထိုကမ်းပါးအား ရင်ဘတ်ဟောင်းလောင်းနဲ့ လူငယ်လေးတစ်ယောက် တွယ်ဆင်းလျက်ရှိနေသည် ။ မိုးသည်းသည်းအောက်တွင် ချန်ရှန်တစ်ယောက် အမှန်တကယ်ကို ချောက်ကမ်းပါးအား တွယ်ဆင်းလျက်ရှိနေသည် ။ ဒါဟာတကယ်ကို အန္တရာယ် အလွန်များတဲ့ အလုပ်ပါ ၊ ဒီ “ အမတ ချောက်ကမ်းပါး ‘’ ဟာ အရမ်းကိုမြင့်မားမတ်စောက်ကာ အနက်ရောင် ချီ တွေနဲ့ ပြည့်နေပါတယ် ၊ ချီဆိုတာ ထိမိရင်လူကိုသေစေနိုင်တဲ့ အငွေ့ တမျိုးဖြစ်ပါတယ် ။ ဒါကြောင့်ဒီနေရာကို ဘယ်သူမှ မသွားရဲကြပါဘူး ။
ဒါပေမယ့်လည်း ချန်ရှန်ကတော့ ဆေးပင်တွေခူးဖို့ အတွက်ချောက်ကမ်းပါးအောက်ခြေကို တဖြည်းဖြည်းနဲ့ တွယ်ဆင်းနေပါတယ် ။ ဒီလိုအပြုမူကို တခြားလူတွေတွေ့ ရင်အရူးတစ်ယောက်ဆိုပြီး လှောင်ရယ်နေကြမှာပါ ။ ဒီလို အနက်ရောင် ချီ အငွေ့ တွေနဲ့ ပြည့်နေပြီး ငှက်ချေးတောင် မရှိတဲ့နေရာ မှာ ဆေးမြစ်ရှာထွက်တယ်ဆိုတာ တော်တော်စိတ်ကူယဉ်ဆန်ချင်စရာပါ ။
ဒီ ချောက်ကမ်းပါးဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲကရှိနေပြီး အနက်ရောင် ချီ တွေပြည့်နေတယ်ဆို တာသူသိတာပေါ့ ။ ဒါပေမယ့်လည်း သူဟာ ထိုအနက်ရောင် ချီ တွေဟာ ဒဏ္ဍာရီလာ ဆေးမြစ်ပင် တွေကနေ ဖြစ်ပေါ်လာတယ်လို့ ပဲ ယုံကြည်နေပါတယ် ။
“ ငရဲဝိဥာဉ်တော်မြက် ‘’
ဒီလိုမိုးသည်းတဲ့နေ့ တွေမှာပဲ ချီ အငွေတွေဟာ မိုးရေကြောင့် ပျောက်ကွယ်သွားလေ့ရှိပြီး ချောက်ကမ်းပါးအောက်ကို သူကောင်းကောင်းမြင်နိုင်တာပါ ။ သူအောက်ကိုဆင်းလာတာဟာ ငရဲဝိဥာဉ်တော်မြက်ကို ရှာဖွေချင်လို့ ပါ ။ ဒီမြက်ကိုရှာတာ သူသုံးဖို့ အတွက် မဟုတ်ပါဘူး ၊ ဒီမြက်နဲ့ ရှားပါးဆေးပင်တွေနဲ့ လဲလှယ်ကာ သူ့ အကျပ်တည်းဖြစ်တဲ့ သိုင်းကျင့်မရတဲ့ ပြသနာကို ဖြေရှင်းချင် လို့ ပဲဖြစ်ပါတယ် ။
မိုးစက်မိုးပေါက်တွေဟာ သူ့ ပေါ်ဆက်တိုက်ကျဆင်းနေပါတယ် ။ မိုးရေတွေကြောင့် သူလည်းအတော် မသက်မသာဖြစ်နေပြီး ကျောက်ခဲတွေကလည်း ချော်နေတယ် ။ သူသေချာ ဂရုတစိုက်နဲ့ ဆင်းနေလို့ သာ ပြုတ်မကျခြင်းဖြစ်ပါတယ် ။ ထိုချောက်ကမ်းပါးကြီးအောက်မာ ဘာရှိမှန်း ဘယ်သူမှမသိပါဘူး ။ မသိဆို ဆင်းသွားတဲ့လူမှန်သမျှလည်း တစ်ယောက်မှပြန်တက်နိုင်ခြင်းမရှိခဲ့ပေဘူး ၊ ဒါကြောင့် ချောက် ထဲဆင်းတယ်ဆိုတာ သေဖို့ လမ်းကိုသွားသလိုပါပဲ ။
၂ နာရီလောက်ကြာတောင် ဆင်းပြီးသော်လည်း မိုးကတော့ ဆက်ရွာနေတုန်းပါပဲ ။ နှစ်ပေါင်းများစွာ လေ့ကျင့်ထားလို့ တောင်းတင်းသန်မာတဲ့ သူ့ ခန္ဓာကိုယ်ကို အားကိုးပြီး ချောက်ထဲဆင်းလာတာဆိုရင် တော်တော်ကို ခရီးပေါက်နေပြီပဲဖြစ်ပါတယ် ။ ချန်ရှန် ပတ်ဝန်းကျင်ကို တချက်ဝေ့ပြီးကြည့်လိုက်တယ် ။ ကျောက်စွန်းတခုမှာ သူမြင်လိုက်ရတယ့် မြင်ကွင်းက သူ့ နှလုံးခုန်သံတွေမြန်သွားစေပါတယ် ။
“ ငရဲဝိဥာဉ်တော်မြက် ‘’
ချန်ရှန် စိတ်လှုပ်ရှားစွာ အော်လိုက်မိပါတယ် ။ ၄င်းဟာ အဖြူရောင် နှမ်းစေ့လေးတွေနဲ့ တူပါတယ် ။ ထိုအပင်ဟာ ဒဏ္ဍာရီလာ ငရဲဝိဥာဉ်တော်မြက် ဖြစ်တယ်လို့ ယုံကြည်နေပါတယ် ။ လျိုထဲမှာ အနက် ရောင်ချီတွေနဲ့ ပြည့်နေတယ် ၊ မြက်ကလည်းထိုအပေါ်မှာမှ ဖြစ်နေတယ့်အတွက် သူ့ အတွက် ခူးဖို့ ခက်ခဲနေပါတယ် ။
ချန်ရှန်ဟာ စိတ်လှုပ်ရှားနေတာကို ထိန်းလိုက်ရင်း အောက်ကိုဆက်ဆင်းလာပါတယ် ။ မြက်ကလဲ သူနဲ့ သိပ်မဝေးတော့ပါဘူး ။ တံတွေးတချက်မြိုချရင်း ငရဲဝိဥာဉ်တော်မြက်ကို တချက်လှမ်းကြည့်လိုက် ပါတယ် ။ ၄င်းဟာ ဟင်းရည်ပန်းကန်လုံးအရွယ်ရှိပြီး မြက်ကနေ အရောင်အ၀ါတစ်မျိုးထွက်နေတယ် လို့ သူထင်မိနေတယ် ။
ချန်ရှန်လက်တစ်ဖက်နဲ့ ငရဲဝိဥာဉ်တော်မြက်ကို လှမ်းခူးလိုက်ပါတယ် ။ သူကြည့်ရသလောက် မြက် သက်တမ်းဟာ နှစ်တစ်ထောင်ထက်က ပိုလောက်ပါတယ် ။ ဒီမြက်ကိုသာ လေလံတင်လိုက်ရင်ဖြင့် တော်တော်များပြားတဲ့ ငွေပမာဏကို သူရပါလိမ့်မယ် ။
ချန်ရှန်မြက်ကို သူ့ နောက်ကျောက လွယ်ထားတဲ့ ခြင်းထဲထည့်လိုက်ပါတယ် ။ ထို့ နောက်မှာတော့ ပြုံးပြီး . . .
“ ဟားဟား ၊ ကျရှုံးမှုတွေကြားကနေ ပြန်ထဖို့ အချိန်ရောက်ပြီ ‘’
ဒီငရဲဝိဥာဉ်တော်မြက်ကိုသာ ရောင်းလိုက်ရင် တန်ဖိုးရှိတဲ့ ဆေးကောင်းကောင်းတွေ အများကြီးဝယ်လို့ ရပါလိမ့် ။ ဒီဆေးကောင်းတွေနဲ့ သာဆို သူ့ အကျပ်အတည်းကလည်း လွတ်မြောက်ပြီပေ့ါ ။ မိုးကလည်း တဖြည်းဖြည်းစဲလာပြီး လိုချင်တာလဲရပြီဖြစ်တယ့်အတွက် ပြန်တက်ဖို့ လုပ်တယ် ။ သူဟာအရမ်းကိုမောပန်းနေတယ့်အတွက် အတက်က အဆင်းထက်ပိုမိုခက်ခဲကာ အန္တရာယ်များနေ တယ် ။
တစ်နာရီခွဲလောက် အပေါ်ကိုတက်လာပြီးနောက်မှာတော့ ချောက်ကမ်းပါးကြီးဟာ ရုတ်တရက်လှုပ် လာတယ် ။ ချန်ရှန်လည်း ရင်ခုန်သွားကာ တစ်ခုခုတော့ ဖြစ်နေပြီဆိုတာ သိလိုက်ပါတယ် ။ သူအပေါ်ကို မော့ကြည့်လိုက်တဲ့အချိန်မှာပဲ ကျောက်တုံးသေးသေးလေးတွေ တောင်ပေါ်ကနေပြုတ်ကျ လာပါတယ် ။ ကျောက်တုံးလေးတွေကျသွားပြီး ကမ်းပါးကြီးကလည်း ပိုပိုလှုပ်လာပါတော့တယ် ။
“ ဟာကွာ ငါနောက်ဆုံး ငရဲဝိဥာဉ်တော်မြက်ရတယ့်အချိန်မှပဲ မိုးနတ်မင်းဟာ ငါ့အပေါ် မျက်နှာသာမ ပေးပါလား ‘’
ချောက်ကမ်းပါးကြီးဟာ ပိုပိုလှုပ်လာပြီး သူလဲ အောက်ကို တဖြည်းဖြည်း လျှောကျလာတယ် ။ အပေါ် ကနေကျောက်တုံး အကြီးကြီးတွေ ကျလာတာကို သူမြင်လိုက်တယ် ။ အဲဒိအချိန်မှာပဲ သူကိုင်ထားတဲ့ ကျောက်တုံးဟာလည်း အက်လာပါတော့တယ် ။
“ ဘုရားသခင် ၊ ငါခုမှ ငရဲဝိဥာဉ်တော်မြက် ရရုံရှိသေးတယ် ချောက်ထဲပြုတ်ကျတော့မှာပါလာ ‘’
ချန်ရှန်တီးတိုးရေရွတ်လိုက်တယ် ။ အဲချိန်မှာပဲ အနက်ရောင် ချီ ငွေ့ တွေဟာ ထွက်လာပြီး သူကိုင်ထား တဲ့ ကျောက်တုံးဟာလည်း ကွဲသွားပါတော့တယ် ။
“ အားးးးးး ‘’
ချန်ရှန်တစ်ယောက် ချီ အငွေ့ တွေပြည့်နေတယ့် ချောက်ကမ်းပါးထဲကို ထိုးကျသွားပါတယ် ။ အော်သံဟာလည်း တဖြည်းဖြည်း ဝေးကာ ပျောက်ကွယ်သွားပါတော့တယ် ။
သူမေ့မြောနေတာ ဘယ်လောက်တောင်ကြာပြီလဲဆိုတာမသိတော့ပါဘူး ။ ချန်ရှန်
မျက်လုံးကိုဖွင့်လိုက်ချိန်မှာတော့ အံသြစရာတခုကိုကြုံလိုက်ရပါတယ် ။ အမှောင်ထဲမှာ သူမြင်နိုင် နေတာဖြစ်ပြီး ရေထဲမှာကို သူဟာအသက်ရှုနေနိုင်နေတာကိုတွေ့ ရပါတယ် ။ ချန်ရှန်ဟာ ရေမျက်နာပြင်ပေါ်မျောပါနေတာဖြစ်ပြီး ရေထဲကနေ အဖြူရောင် အငွေ့ တွေ တောက်ပစွာထွက်နေတာ ကိုသူတွေ့ လိုက်ပါတယ် ။
ပိုပြီးအံ့အားသင့်စရာကောင်းတာက သူနဲ့ မနီးမဝေးမှာမှာ ဆံပင်အရှည်ကြီးနဲ့ အမျိုးသမီး ၂ ယောက် ထိုင်နေတာကို တွေ့ လိုက်ရပါတယ် ။ ဒီထက်ပိုအံ့အားသင့်စေတာကတော့ သူတို့ ၂ ယောက်လုံးဟာ ကိုယ်လုံးတီးတွေဖြစ်နေတာပါပဲ ။ ဒီလိုချောမောလှပပြီး အပစ်ပြောစရာ လုံးဝမရှိတဲ့ အမျိုးသမီး ၂ ယောက်ဟာ သူ့ ရှေ့ မှာ ရှိနေပါတယ် ။ သူမတို့ ရဲ့ မျက်နာဟာ ၀င်းပကြည်လင်ချောမောကာ ကျောက်စိမ်းရုပ်တုလေးတွေလိုပါပဲ ။ ဖွံ့ ထွားလှတဲ့ ရင်နှစ်မွှာနဲ့ ကျစ်လျစ်လှပသော ခါးများမှာ အလွန်ပနံသင့်လှသည် ။ ပြောရရင်တော့ အသက်ရှူမှားလောက်အောင် မိုးနတ်သူဇာအလား ထင်မှတ်မိစေပါသည် ။ ဒီလောက်လှတဲ့ အမျိုးသမီး ၂ ယောက်ကို သူ့ ဘ၀ မှာ ယခုမှမြင်ဖူးခြင်း ဖြစ်ပါတော့တယ် ။
ထိုမြင်ကွင်းကိုကြည့်ရင်း ချန်ရှန်တစ်ယောက် မျက်နာတွေရဲလျက် အသက်ရှူတွေမှားနေသည် ။ ထိုအမျိုးသမီး ၂ ယောက်လည်း အချင်းချင်းကြည့်နေကြသည် ။ ခဏကြာတော့ သူတို့ ချန်ရှန်ကို မြင်သွားလေတော့တယ် ။ သို့ သော် သူ့ ကိုမမြင်ချင်ယောင်ဆောင်နေတာကြောင့် သူအနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားတယ် ။
အချိန်တော်တော်ကြာစွံ့ အနေပြီးမှ ချန်ရှန်ဟာ အက်ကွဲကြောင်းကြီးတစ်ခုကိုတွေ့ လိုက်ပါတယ် ။
ထိုနေရာမှာ အက်ကြောင်းတွေ အများကြီးဖြစ်ပေါ်နေပြီး ကျောက်တုံးတွေလည်း မွစာကြဲလျက်ရှိသည် ။ ဒီနေရာမှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်ဆိုတာ သူသဘောပေါက်လိုက်တယ် ။ ဒီတိုက်ပွဲ ကြောင့်ပဲ ထိုအလှပဂေး ၂ ဦးရဲ့ ဝတ်ရုံတွေဟာလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်တယ်ဆိုတာသူ နားလည်လိုက်ပါတယ် ။
ဒီအမျိုးသမီး ၂ ယောက်ဘာလို့ တိုက်ခိုက်လဲဆိုတာတာ့ ချန်ရှန်မသိပါဘူး ။ သို့ သော် တိုက်ခိုက်မှု ကြောင့် မြေကြီးတွေတုန် တောင်တွေပြိုတာကို ကြည့်ခြင်းဖြင့် စွမ်းအားတော်တော်ကြီးမယ်ဆိုတာ တော့တွေးမိပါတယ် ။ သူတွေးတာတွေဟာ သူနားလည်နိုင်တာထက်ကို ကျော်လွန်နေပါပြီ ။
“ ဒီနှစ်ယောက်ကြောင့် ချောက်ကမ်းပါးပြိုကျပီး ငါပြုတ်ကျတာဖြစ်မယ် ၊ ကံကောင်းလို့ မသေတာပေ့ါ ‘’ ချန်ရှန်ဒေါသဖြစ်သလိုဖြစ်သွားပြီး ထိုအမျိုးသမီး ၂ ယောက်ဆီကို ဖြည်းဖြည်းချင်းလျှောက်သွားတယ် ။ ဒီ အမတ ချောက်ကမ်းပါးဟာ ငရဲချောက်ကမ်းပါးတစ်ခုဖြစ်သော်လည်း ချန်ရှန်အတွက်တော့ နိဗ္ဗာန်ဘုံ လိုဖြစ်နေခဲ့ပါပြီ ။ အဖြူရောင်အငွေ့ တွေပြည့်နေတဲ့ ရေပြင်ကြီးနဲ့ ကိုယ်လုံးတီး မိန်းမပျို နှစ်ယောက် ၊ အဲဒိချိန်မှာပဲ အမျိုးသမီး ၂ ယောက်ဟာ သူတို့ ကို မလှမ်းမကမ်ကနေ တစုံတယောက်က စူးစူးရဲရဲကြည့်နေတာကို ခံစားမိလိုက်တယ် ။ ချန်ရှန်ရဲ့ အကြည့်ရိုင်းတွေကို သူတို့ ၂ ယောက် ဒေါသထွက်နေကြသလို ရှက်လဲ ရှက်နေကြပါတော့တယ် . . . .။