Switch Mode

Chapter – 15

ခမ်းနားစွာ ကြွရောက်လာတဲ့ သခင်ကြီး မူ

အခန်း ၁၅
(ခမ်းနားစွာ ကြွရောက်လာတဲ့ သခင်ကြီးမူ)

“ကောင်းတယ်.. သိပ်ကောင်းတယ်ဗျာ…”

ချန်ဖုန်းက သူတို့ကို ရင်ထဲ အသည်းထဲက ချီးကျူးလိုက်သည်။

“ဒီအချက်အလက်တွေကို ကျုပ်ဝယ်မယ်… ဒါပေမယ့် အဲဒီ မိန်းကလေး သုံးယောက်ကို ကျုပ်လိုတယ်… သူတို့ သေချာပေါက် ပေါ်လာရပြီး ကျုပ်ပြောစေချင်တာကို ပြောပေးရမယ်…”

“ဒါပေါ့ဗျာ… ဝမ်မိသားစုကြီးက သခင်မလေးကိုလည်း မမေ့ပါနဲ့ …”

“ဟုတ်ပါပြီ…”

သက်လတ်ပိုင်း အရွယ်လူကြီးက ရယ်မောလိုက်ပြီး “သခင်လေးချန်.. ဆုတော်ငွေ ကရော …”

“ကြယ်ကျောက်တုံး တစ်တုံးနဲ့ လုံလောက်တယ်မဟုတ်လား…”

“လုံလောက်တာက လုံလောက်ပါတယ်ဗျာ..”

ထိုသို့ ကြားလိုက်ရသောအခါ သက်လတ်ပိုင်း အရွယ် လူကြီး၏ မျက်နှာက ဂန္ဓာမာပန်းကြီးအတိုင်း ဖြစ်သွားတော့သည်။

“တျန်ရွှန် ကုန်သည် အဖွဲ့အစည်း… ဈေးသင့်တယ်.. ကျုပ်ခင်ဗျားတို့ကို ယုံပါတယ်…” ချန်ဖုန်းက လ ကြယ် ကျောက်တုံး တစ်တုံးကို လှမ်းပေးလိုက်ရင်း ဆိုသည်။

အပေးအယူကိစ္စ တည့်ပြီးနောက် နောက်ခြေလှမ်းက ငွေရေးကြေးရေး ဖြစ်သည်။

သက်လတ်ပိုင်းအရွယ် လူကြီးက ချန်ဖုန်း ပေးလိုက်သော ကြယ်ကျောက်တုံးကို ယူသွားပြီး ခဏမျှ ထွက်သွားသည်။ ထို့နောက် ခရမ်းရောင် ကျောက်တံဆိပ်ပြား တစ်ခုနှင့် ပြန်လာသည်။

“သခင်လေးချန်၊ ဒါက ‘ထူးခြားနက်နဲအဆင့် ‘ တံဆိပ်ပါ.. ဒီတံဆိပ်ပြားကို ခင်ဗျား ကိုင်ထားပြီး ခင်ဗျားမှာ အမှတ်အလုံအလောက် ရှိနေသရွေ့ ကျုပ်တို့ တျန်ရွှန် ကုန်သည် အဖွဲ့အစည်းက ဘယ်ပစ္စည်းကိုမဆို ဝယ်လို့ ရနိုင်ပါတယ်..”

“အဲ့လိုကိုး…”

ချန်ဖုန်းက ခရမ်းရောင် ကျောက်စိမ်း တံဆိပ်ကို လက်ခံလိုက်သည်။ ထိုတံဆိပ်၏ အရှေ့ခြမ်းတွင် ‘ထူးခြားနက်နဲ’ ဟူသော စာလုံးကို ထွင်းထုထား သည်။

တံဆိပ်၏ အနောက်အခြမ်းတွင် ဗြောင်ရှင်းနေ၏။

“သခင်လေး ချန်၊ တိုင်မူတျန်ခီရဲ့ အချက်အလက်တွေ ဝယ်ပြီးနောက် သခင်လေးမှာ ကြယ်ကျောက်တုံးတွေ အများကြီး ရှိနေသေးပုံပဲ. သူတို့ကိုရော ခင်ဗျားရဲ့ ‘ထူးခြားနက်နဲ’ တံဆိပ်ပြား နဲ့ အမှတ်တွေအဖြစ် လဲလှယ်ချင်လားလို့ ကျုပ်သိချင် ပါတယ်”

“ကြယ်ကျောက်တုံး တစ်တုံးအတွက် ပိုတဲ့အမှတ်တွေ ဘယ်လောက် ကျန်သေးတာလဲ …” ချန်ဖုန်းက မေးကြည့်သည်။

“နောက်ထပ် အမှတ်ပေါင်း ၁ သန်း နဲ့ လှဲလှယ်လို့ ရပါသေးတယ်…” သက်လတ်ပိုင်း အရွယ် လူကြီးက ရှင်းပြလိုက်သည်။

“ဒီလိုပါ, အမှတ်တစ်ခုဆီက အဆင့်နိမ့် ဒြပ်စင် ကျောက်တုံးတစ်တုံးနဲ့ ညီမျှပါတယ်..”

“ဒီလိုဆိုမှ‌တော့လည်း အမှတ်တွေ လဲလိုက်ရအောင်လေ…”

ခဏကြာပြီးနောက် ငွေလဲလှယ်ခြင်း လုပ်ငန်းစဉ်လည်း ပြီးစီးသွားသည်။ ချန်ဖုန်းက ခရမ်းရောင် ‌ကျောက်စိမ်း တံဆိပ်ပြားကို ထုတ်ကြည့်သောအခါ အမှန်ပင် စာလုံးရေ ၁၁၈,၀၀၀ လုံးရှိနေသည်။

ချန်ဖုန်းက ကျေနပ်စွာ ခေါင်းတညိတ်ညိတ်ဖြင့် အိမ်ပြန်လာခဲ့သည်။
နောက်တစ်နေ့တွင် ချန်ဖုန်းတစ်ယောက် အပြင် ထပ်မသွားတော့ပေ။ အိမ်တွင်းအောင်းရင်း တိုင်မူတျန်ခီကို ပျက်စီးစေမည့် အစီအစဉ် တချို့ကို သူကိုယ်တိုင် မသေချာမခြင်း ထပ်တလဲလဲ စဉ်းစားနေတော့သည်။

ယခုက ၉ လပိုင်း ၂၆ ဖြစ်နေပြီ။ ချန်မိသားစုမှ တိုင်မူတျန်ခီ ထွက်သွားသည်မှာ ၁၃ ရက်ရှိခဲ့ပြီ။

နှစ်ရက် ကြာပြီးနောက် ၉ လပိုင်း ၂၈ မှာ မင်္ဂလာနေ့ ဖြစ်သည်။ ထိုနေ့တွင် တိုင်မူတျန်ခီလည်း ပြန်လာမည်။


ထိုနေ့ရောက်သော် ကောင်းကင်ကြယ်တာရာမြို့ အပြင်၌ မိုးထိအောင် မြင့်မားနေသော ဧရာမ သစ်ပင်ကြီးတစ်ပင် ပေါက်ရောက် လာခဲ့သည်။

ထိုသစ်ပင်မြင့်ကြီးက အလွန် ကြီးမားလှ၏။ မီတာ ရာထောင်ချီ မြင့်မားပြီး ခပ်ဝေးဝေး မှကြည့်လျှင် တောင်ငယ်လေး တစ်လုံး လှုပ်ရှားနေသည်နှင့်ပင် သဏ္ဍာန်တူသည်။

ကောင်းကင်ကြယ်တာရာ မြို့တော်ထဲရှိ အတွေ့အကြုံရှိ အချို့ အရပ်သားများက ၎င်း သည်းထိတ်ရင်ဖို မြင်ကွင်းကို မြင်လိုက်ရသောအခါ ဖြူဖပ်ဖြူရော် ဖြစ်သွားကြ၏။

မကောင်းဆိုးဝါး သားရဲကြီးအချို့ ရောက်လာပြီး သူတို့ အသက်အန္တရာယ် ရှိလာနိုင် သည်ဟုပင် တွေးတောနေကြခြင်း ဖြစ်သည်။

သို့သော် ကျင့်ကြံသူများ၏ မျက်လုံးထဲတွင်တော့ ထိုမြင်ကွင်းက အင်မတန်မှကို သာမန် ဖြစ်သည်။

အဘယ်ကြောင့်မူ မြို့တော်အပြင်ကို လမ်းလျှောက်လာသည့် ဤသစ်ပင်ကြီးက မကောင်းဆိုးဝါး သားရဲတစ်ကောင် လုံးလုံး မဟုတ်ပေ။ သို့သော် ယင်းမှာ အလယ်အလတ် အဆင့်ငါး သစ်သား အမျိုးအစား သိုင်းဝိညာဉ် တစ်ခုသာ ဖြစ်၏။

ကောင်းကင်ကြယ်တာရာ မြို့တော် ချန်မိသားစု ခြံဝင်းထဲ ချန်ဝူထျန်းနှင့် ကျန်သည့် လူများလည်း မြို့အပြင်ရှိ ၎င်းလန့်စရာ မြင်ကွင်းကို မြင်လိုက်ရသဖြင့် နားလည်သွားပုံ ရသည်။

“အလယ် အဆင့်ငါး သစ်ပင် သိုင်းဝိညာဉ် … သူပဲပေါ့… သူ အကျင့်ကတော့ လျှို့ဝှက်နဂါး တိုင်းပြည် တစ်ခုလုံးမှာ တော်တော်လေးကို ထူးခြားတာပဲ.. ကျုပ်အထင် သခင်ကြီး မူယွမ်ဟောင် တစ်ဦးတည်းသာ ဒီလုပ်ရပ်မျိုးကို လုပ်နိုင်တာ…”

“သခင်ကြီး မူယွမ်ဟောင် ဟုတ်လား…” ချန်ဖုန်း မျက်မှောင်ကြုတ် လိုက်သည်။

ထို သခင်ကြီးမူ အကြောင်းကို ချန်ဖုန်းက ယခင်ဘဝတည်းက ကြားဖူးခဲ့ခြင်း ဖြစ်သည်။

ထိုလူ၏ ကျင့်ကြံရေးက တော်ဝင်ဆန်သော်လည်း အကျင့်ကမူ ရူးတူးတူး ပေါချာချာ ဖြစ်သည်။ သူသည် အသက်ကြီးပြီး အများတကာအား ရိုသေလေးစားမှု နည်းနည်းလေးပင် မရှိပေ။ ထို့အပြင် တိုင်မူ မိသားစုနှင့် ခိုင်မာသော ဆက်ဆံရေးကြီး တစ်ခုလည်း ရှိသည်။

ဤတစ်ကြိမ်တွင် ယွမ်‌ဟောင်က မြို့တော်ကို ချန်မိသားစုကြောင့် ရောက်လာခြင်း ဖြစ်ရမည်။

သူ့ဦးတည်ချက်က တိုင်မူတျန်ခီ ကိစ္စများကို နှစ်ရက်အတွင်း ပြီးမြောက်စေရန် ဖြစ်၏။

စဉ်းစားကြည့်မိပါက မုန်တိုင်းဆီမှ ရိုက်ခတ်လာသော အကြမ်းဖက်မှုကို ချန်ဖုန်း ခံစားလိုက်မိသည်။

“ဖြစ်လာမယ့် အရာတွေကတော့ တဖြည်းဖြည်း ဖြစ်လာရမှာပဲ .. ဒါဆိုရင်တော့ ဒီတစ်ခေါက် ရိုက်ချက်ကို ပိုပြီး ပြင်းပြင်းထန်ထန် လုပ်လိုက်တာပေါ့ ..”

“ငါ.. ချန်ဖုန်း အားလုံးကို လက်ခံနိုင်တယ်…” သူ့စိတ်ထဲ ပြတ်သားစွာ ဆုံးဖြတ်ချက် ချထားလိုက်သည်။

ဘွန်း… ဘွန်း… ဘွန်း…

သူ၏ဧရာမ ခြေထောက်ကြီးက မြေပြင်ပေါ် ခြေဆောင့် နင်းလိုက်သောအခါ အဝါရောင် နဂါးလှိုင်းကြီးများ ဖြစ်ပေါ်လာသည်။

ကောင်းကင်ကြယ်တာရာ မြို့တော်၏ အပြင်ဘက်တွင် သခင်ကြီး မူယွမ်ဟောင် ဖြည်းဖြည်းချင်း ချဉ်းကပ် လာနေသည်။ ၎င်းသည် တစ်မြို့လုံးကို အနည်းငယ် လှုပ်ယမ်း သွားစေသဖြင့် မြေငလျင် အသေးစားလေး တစ်ခုနှင့် တူနေတော့သည်။

“ဒီ သခင်ကြီးမူက နည်းနည်းတော့ များသွားပြီ…” ချန်မိသားစု ခြံဝင်းထဲက တစ်ဦးက တီးတိုး ဆိုလိုက်သည်။

“ဟာ.. ဒါက အင်အားပြနေတာပဲ .. ကောင်းကင်ကြယ်တာရာ တစ်မြို့လုံးကို သူ့အင်အား ပြသလိုက်တာပဲ …”

ချန်ဝူထျန်းက အံ့ကြိတ်သံဖြင့် “ဒီလို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျုပ်တို့ ချန်မိသားစု အပေါ် ဖိအားပေးပြီး မင်္ဂလာပွဲကို နှစ်ရက်အတွင်း ပြီးမြောက်အောင် စီစဉ် ချင်နေတာပဲ …”

“ကျုပ်အထင်သာ မမှားရင် လာမယ့် နှစ်ရက် အတွင်းမှာ ဆရာကြီးတွေ ထပ်ရောက်လာ ကြဦးမှာပဲ …”

သခင်ကြီးမူ ဆင်းသက်လာပြီး သိပ်မကြာခင်တွင် မိုးကုပ်စက်ဝိုင်း အစွန်းမှ တိမ်မည်းများ ရုတ်တရက် တလိပ်လိပ် တက်လာသည်။

ထိုတိမ်မည်းများ အောက်တွင် တော်တော်လေး ထူးခြားပြီး ကြီးမားသော လိပ်ကြီးတစ်ကောင် ဖြည်းညင်းစွာ လမ်းလျှောက်လာသည်။

ဤရွန်ဝူ လိပ်ကြီးက ကြောက်စရာ ကောင်းလောက်အောင် ကြီးမားသည်။ အင်မတန် နှေးကွေးစွာ ရွေ့လျားနေသည်ဟု ထင်ရသော်လည်း မြို့ထဲ ရောက်ရန် နေ့တစ်ဝက်သာ အချိန်ယူရသည်။ သို့သော် သူ့အနေအထားက ထိတ်လန့်ဖွယ်ပင်။ မျက်စိတစ်မှိတ်နှင့် ကောင်းကင်ကြယ်တာရာ မြို့တော် အပြင်ဘက်ကို ရောက်နှင့်ပြီး ဖြစ်နေသည်။

ထိုအခါမှ မြို့သူမြို့သားများလည်း ဧရာမ လိပ်ခွံကြီးပေါ် ကောက်ရိုး ဝတ်ရုံရှည်နှင့် ဝါးခမောက် ဆောင်းထားသော လူအိုကြီးကို တွေ့မြင်လိုက်ရသည်။

“သခင် နက်နဲလိပ် … တာအိုခွဲခြားခြင်း အဆင့်ကို ရောက်ဖို့‌ ခြေလှမ်းတစ်ဝက်ပဲ လိုတော့တဲ့ နောက်ထပ် ထိပ်တန်းဆရာကြီး တစ်ပါးပဲ…”

ချန်ချင်းတျန်က နှာမှုတ်လိုက်ကာ လိပ်ခွံကြီး စီးလာသော လူအိုကြီးကို ကြည့်နေသည်။

ချန်ဖုန်း၏ စိတ်ထဲတွင် သခင် နက်နဲလိပ်၏ အကြောင်းများ ရုတ်တရက် ပြန်အမှတ်ရ မိသည်။

သခင်နက်နဲလိပ်သည် အလယ် အဆင့်လေးရှိသော သားရဲ ဝိညာဉ် ပိုင်ရှင်တစ်ဦး ဖြစ်သည်။

ထိုလူသည် အင်မတန် အသက်ကြီးနေပြီး နှစ်ပေါင်း သုံးရာကျော် ‌အသက်ရှင်ခဲ့ပြီး ဖြစ်သည်။ သူသည် သာမန်လူများ၏ သက်တမ်း အတိုင်းအတာကို ကျော်လွန်ခဲ့ပြီး ဖြစ်သော်လည်း လျှို့ဝှက်နဂါး တိုင်းပြည်တွင် ဂိုဏ်သတင်း အတန်ငယ် ကွာခြားပေသည်။ ကောင်းကင်တက်လှမ်းခြင်း မင်းဆက် တစ်ခုလုံးက သူ့ကို ‘မွေးနေ့’ ဟု ခေါ်ဝေါ်ကြသည်။

ဤတစ်ခေါက်တွင် တိုင်မူမိသားစုက ထိုလူကိုပါ ဖိတ်ကြား ထားခဲ့သည်။ မင်္ဂလာပွဲ သဘောတူညီချက်ကို သူတို့ဘက်မှ ဤနှစ်ရက်အတွင်း ရအောင် လုပ်တော့မည် ဖြစ်ကြောင်း ထင်ရှားနေသည်။

“နဂါးချောက်နက်က ကျုပ် မူယွမ်ဟောင် ဖိတ်ကြားမှုကို လက်ခံရရှိတယ်.. သခင် တိုင်မူတျန်ခီနဲ့ မိန်းကလေး ချန်ရှင်းရွဲ့တို့ လက်ထပ်ပွဲ အထမြောက်ဖို့ ‌ဆုတောင်းပေးပါတယ်”

အားလုံး လန့်ဖျပ်နေကြသည့် အချိန်တွင် ကောင်းကင်ကြယ်တာရာ မြို့တော် အပြင်ဘက်မှ သခင်ကြီးမူ၏ အသံကို ကြားလိုက်ရသည်။

ထို့နောက် ရုတ်ခြည်းပင် မီတာ ရာချီမြင့်သော ဧရာမ သစ်ပင် သိုင်းဝိညာဉ်ကြီးက အရွက်များ ရုတ်တရက် စိမ်းစိုလာပြီး ပန်းရနံ့များကို လေထဲတွင် ပျံ့လွင့်စေသည်။ တစ်ဆက်တည်း လူများအား တည်မြဲခြင်း၊ အသက်ဓါတ် ဟူသော ခံစားမှုမျိုးကို ပေးစွမ်း ထားလေသည်။

ထိုအချိန်၌ပင် ယခုလေးတင် ရောက်ရှိလာသော သခင်နက်နဲလိပ်က ကတိုက်ကရိုက် မတ်တတ် ထရပ်သည်။

“ရေနက်နိုင်ငံက ကျုပ် လိပ်အကြီးအကဲ ဖိတ်ကြားမှုကို ရရှိတယ်.. သခင်လေး တိုင်မူတျန်ခီနဲ့ မိန်းကလေး ရှင်းရွဲ့တို့ ပြီးပြည့်စုံတဲ့ လက်ထပ်ပွဲ တစ်ခုကို ရရှိပါစေ …”

သခင်နက်နဲလိပ်က ပြောရင်းဆိုရင်း သူ့ညာလက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။ မွှေးရနံ့များ စီးဆင်းနေသည့် ကြည်လင်နေသော မက်မွန်သီး တစ်လုံးက ကောင်းကင်ကြယ်တာရာ မြို့တော်ထဲ သက်ဆင်း လာလေသည်။

“ဒါက ဒီလူအိုကြီး စိုက်ပျိုးထားတဲ့ သက်တော်ရှည် မက်မွန်သီးပါ.. ဒီသစ်သီးက ခင်ဗျားတို့ရဲ့ သက်တမ်းကို နောက်ထပ် ဆယ်နှစ်လောက် ဆွဲဆန့်ပေးနိုင်ပါတယ်.. ဒါကို လက်ဆောင် အနေနဲ့ ပေးပါရစေ… အိမ်ရှင် ချန်ဝူထျန်း စိတ်မရှိဖို့ ကျုပ်မျှော်လင့်ပါတယ်..”

သခင်နက်နဲလိပ်သည် ပုံမှန်ထက် ကြာအောင် အသက်ရှင်သန် နိုင်ခြင်းမှာ သူစိုက်ပျိုးထားသော ‘သက်တော်ရှည် မက်မွန်သီး’ နှင့်လည်း ဆက်သွယ်မှု ရှိနေသည်။

ထိုသက်‌တော်ရှည် သစ်သီးများက ဆယ်နှစ်တွင် တစ်ကြိမ်သာ သီးကြသည်ဟုလည်း ပြောလေ့ ရှိသည်။ တစ်ခါသီးလျှင် သုံးလုံးသာ သီးသဖြင့် အလွန်အင်မတန် တန်ဖိုးကြီး ပေသည်။

ဤတစ်ခေါက်တွင် သခင် နက်နဲလိပ်၏ သက်တော်ရှည် မက်မွန်သီး တစ်လုံးက တိုင်မူမိသားစုနှင့် သူ၏ စေ့စပ်ပွဲအပေါ် ထားသည့် ဆုံးဖြတ်ချက်အား အပြည့်အဝ ပြသထားပေသည်။

“လိပ်အကြီးအကဲ.. ခင်ဗျား စေတနာ ကောင်းလွန်းပါတယ်.. ကျုပ်တို့ရဲ့ နိမ့်ကျတဲ့ ချန်အိမ်တော် လေးကို အခုလို ကြွရောက်ပေးတာကိုက ဂုဏ်ယူစရာ ဖြစ်နေပါပြီ…”

ချန်ဝူထျန်းသည်လည်း သူ၏ သိုင်းဝိညာဉ်အား ထုတ်ဖော် ထားလေသည်။ အမွှေးရှည်ရှည်များနှင့် ရက်စက်သော ကျားကြီး တစ်ကောင် ထွက်ပေါ်လာပြီး သခင်နက်နဲလိပ် ပစ်လွှတ်လိုက်သော သက်တော်ရှည် မက်မွန်သီးကို ဖမ်းလိုက်ပြီး ပြောလာခဲ့သည်။

“ခင်ဗျားတို့ နှစ်ဦးလုံး ကျေးဇူးပြုပြီး ကြွပါ…”
***

Comment

Leave a Reply

Options

not work with dark mode
Reset