Switch Mode

Chapter – 14

သက်သေ စုဆောင်းခြင်း

အခန်း ၁၄
(သက်သေ စုဆောင်းခြင်း )

ချန်ဖုန်းက သူ့အခန်းသူ ပြန်ရောက်သောအခါ သစ်သားသေတ္တာ အချို့ကို လျင်လျင်မြန်မြန် ထုတ်ယူလိုက်ပြီး လ ကြယ်စင်ပန်း သုံးပွင့်နှင့် ကျောက်တုံး ခြောက်တုံးကို သေချာ သိမ်းဆည်း ထားလိုက်သည်။

ထို့နောက် မျက်လုံးများ တဝင်းဝင်း တောက်လျက် “ဒီပစ္စည်းတွေက ငါ့ရဲ့ကျင့်ကြံရေး အတွက် အရင်းအမြစ်လို့လဲ သတ်မှတ်လို့ ရသလို တိုင်မူတျန်ခီကို အနိုင်တိုက်ဖို့လည်း ယုံကြည်မှုတွေ ရှိလာစေတယ်…”

“အခုဆို ငါ အပြည့်အဝ ပြင်ဆင်ထားပြီးပြီ… တိုင်မူတျန်ခီရဲ့ မကောင်းမှုတွေကို သက်သေရအောင် လိုက်စုဆောင်းဖို့ပဲ ကျန်တော့တယ်…”

“ဒီပစ္စည်းတွေနဲ့ ဆိုရင် နာမည်ကြီးတဲ့ တျန်ရွန် ကုန်သည် အဖွဲ့အစည်းကလည်း ငါ့ အတွက် တော်တော်လေး အသုံးဝင် လာလိမ့်မယ်…”

ချန်ဖုန်း ပြောနေသော တျန်ရွှန်ကုန်သည် အဖွဲ့အစည်းသည် နိုင်ငံပေါင်း အများအပြားကို ဖြန့်ကျက် ကူးလူးနေသော ထိပ်တန်း ကုန်သည် အစည်းအရုံးကြီး တစ်ခု ဖြစ်သည်။

ထိုအစည်းအရုံး၏ အဓိက ရည်မှန်းချက်က ငွေသာ ဖြစ်၏။ ငွေရှိသရွေ့၊ သုံးနိုင်သရွေ့ သူတို့ မလုပ်ပေးနိုင်သော အရာဟူ၍ မရှိချေ။

တိုင်မူတျန်ခီသည် သူ့အမူအကျင့်များကြောင့် သတိထားရသော လူဖြစ်ပြီး အလွန်တရာ အပုန်းကောင်းသော်လည်း သင့်လျော်သော ဈေးနှုန်းနှင့် ဆိုပါက သူ့သတင်းကို နှိုက်ထုတ်ရန်က မခက်လှပေ။

ထို့ပြင် အရေးအပါဆုံး အချက်က တျန်ရွှန်ကုန်သည် အဖွဲ့အစည်းသည် ဖောက်သည်များ၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရာ၌ အတော်လေး ကောင်းမွန်၏။

ကုန်သည် အဖွဲ့အစည်းကို စတင် တည်ထောင်သည့် အချိန်မှစကာ ဖောက်သည်တို့၏ လျှို့ဝှက်ချက် ပေါက်ကြားသွားခြင်း ဟူသော ပြဿနာမျိုး တစ်ခါမှ မရှိခဲ့ဖူးချေ။ ထို့ကြောင့်ပင် ချန်ဖုန်းက ပိုက်ဆံ အထုပ်လိုက်ပစ်၍ သတင်းနှိုက်ရန် ပူပန်မှု မရှိခဲ့ခြင်း ဖြစ်သည်။

ခဏမျှ တွေးတောလိုက်ပြီး ချန်ဖုန်းက လကြယ် ကျောက်တုံး နည်းနည်းကို ကောက်ယူက ကုန်သည် စံအိမ်ဆီသို့ ဦးတည် ထွက်ခွာလာခဲ့သည်။

ချန်ဖုန်း နောက်မှ မိန်ချင်းဟွာက ထက်ကြပ်မကွာ တိတ်တဆိတ် လိုက်ပါလာ၏။

ချန်ဖုန်းက သူ့စွမ်းအား အလုံးစုံကို အသုံးချ၍ ကြိုးစားပါသော်လည်း ဘယ်လိုမှ မလွတ်မြောက်နိုင်ပေ။

ကောင်းကင်ကြယ်တာရာ မြို့တော်ရှိ လမ်းမပေါ်တွင် တော်တော် ခမ်းနားသော လေးထပ်တိုက် အဆောက်အအုံကြီး တစ်လုံး ရှိသည်။

ထိုအဆောက်အအုံတွင် လှပသော အဆင်အယင်များ ပြည့်နှက်နေလျက် ရှိသည်။ ၎င်းက ကောင်းကင်ကြယ်တာရာ မြို့တော်၏ အထင်ကြီးစရာ ကောင်းလှသော နာမည်ကြီး တျန်ရွှန် ကုန်သည် အဖွဲ့အစည်းပင် ဖြစ်၏။

ဤသို့ဖြင့် ချန်ဖုန်းနှင့် မိန်ချင်းဟွာတို့ တျန်ရွှန်ကုန်သည် အဖွဲ့ဆီ ရောက်ရှိ လာကြသည်။ သူတို့နှစ်ယောက် အထဲ ဝင်လိုက်သည်နှင့် အစေခံ တစ်ယောက်က လာရောက် ဧည့်ကြိုသည်။

“သခင်လေးခင်ဗျာ… ကျုပ်တို့ ဘာများ ဆောင်ရွက်ပေးရမလဲ …”

“ကျုပ်က လျှို့ဝှက်သတင်းအချို့ သိချင်တာ…”

“အို… ဘယ်လို အဆင့်အတန်း သတင်းမျိုးလဲ သိလို့ရမလား..”

တျန်ရွှန် ကုန်သည် အဖွဲ့အစည်းရှိ ပစ္စည်းနှင့် သတင်းများ အားလုံးတွင် အဆင့်သတ်မှတ်ချက် အသီးသီး ရှိကြ၏။ ၎င်းအဆင့်များမှာ ကောင်းကင်၊ မြေကြီး၊ အနက်ရောင်နှင့် အဝါရောင် စသည်ဖြင့် ဖြစ်လေ၏။

ချန်ဖုန်းက သည်နေရာကို မလာခင်တွင် အရာအားလုံးကို ကြိုတင်စုံစမ်းထားပြီး ဖြစ်သည်။ ထို့ကြောင့် တိုက်ရိုက်သာ ပြောလိုက်တော့၏။
“ထူးခြားလေးနက် အဆင့်…”

ထိုထူးခြားလေးနက် အဆင့်ဟူသည်ကို အစေခံက ကြားလိုက် ရသောအခါ သူကိုင်တွယ် ပေးနိုင်မည့် ကိစ္စတစ်ခု မဟုတ်ကြောင်း ချက်ချင်း သိလိုက်သည်။

ထို့ကြောင့် ခဏကြာပြီးနောက် ပြောရေးဆိုခွင့်ရှိပြီး လူရေလည်သော သက်လတ်ပိုင်း အရွယ်လူတစ်ဦး ရောက်လာသည်။ သူက “လူကြီးမင်း… ထူးခြားလေးနက် အဆင့်က သတင်းမျိုးကို လိုချင်တာလား မသိဘူးဗျ…”

ချန်ဖုန်းက ခေါင်းညိတ်ပြသည်။

ထိုအခါ ထိုလူက ချန်ဖုန်းကို လျှို့ဝှက်ခန်းတစ်ခုဆီ ခေါ်ဆောင် သွားတော့သည်။

“ဒီအခန်းကို သံလိုက်ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတာပါ.. ဒါကြောင့် တော်တော် လေး ကောင်းတဲ့ အသံလုံ စနစ်ရှိပါတယ်… သခင်လေးခင်ဗျာ.. ခင်ဗျားမှာ ပြောစရာ ရှိတာတွေကို လွတ်လွတ်လပ်လပ်သာ ပြောနိုင်ပါတယ်…” သက်လတ်ပိုင်း အရွယ် လူက စတင် မိတ်ဆက်သည်။

စင်စစ်အားဖြင့် ချန်ဖုန်းသည် တျန်ရွှန် ကုန်သည် အဖွဲ့အစည်းမှ လူများနှင့် လွန်ခဲ့သော ဟိုးယခင် ဘဝတည်းက အဆက်အဆံ ရှိခဲ့သည်။

သူ့နောက်ဆုံး အစီအစဉ်က တျန်ရွှန်ကုန်သည် အဖွဲ့အစည်းမှ ဝယ်ယူခဲ့သော ဧရာမ လူသတ် လက်နက်ကြီး တစ်ခုဖြစ်သည့် ‘ မိုးကြိုးဒေါသ’ ဖြစ်သည်။

ထို့ကြောင့် တျန်ရွှန်ကုန်သည် အဖွဲ့အစည်း၏ လုပ်ဆောင်ချက်များကို အခြေခံအားဖြင့် နားလည်ထားလေသည်။

ချန်ဖုန်းက သူ့ကို ရှင်းပြနေသော သက်လတ်ပိုင်းအရွယ် လူအား တည့်တည့်သာ ပြောလိုက်သည်။
“တိုင်မူတျန်ခီ အကြောင်းကို ကျုပ်သိချင်တယ်.. ခင်ဗျားတို့မှာ ရှိနိုင်မလား…”

“တိုင်မူတျန်ခီလား… အဲဒီ တိုင်မူတျန်ခီ ဆိုတာက တိုင်မူမိသားစုရဲ့ နံပါတ်တစ် ပါရမီရှင် တစ်ဦး မဟုတ်လား..”

ချန်ဖုန်းက ခေါင်းညိတ်သည်။

“တိုင်မူတျန်ခီက တိုင်မူမိသားစုက သေချာ ပျိုးထောင်ထားတဲ့ လက်ရွေးစင် တစ်ဦးပဲ .. သူ့သတင်း ဆိုရင်တော့ ဈေးချိုချိုနဲ့ ရလောက်မှာ မဟုတ်ဘူး..”

သက်လတ်ပိုင်း အရွယ်လူသည် သတင်းဈေးနှုန်းက ဈေးမချိုနိုင်ဟု ပြောလိုက်ခြင်းက ယင်းတို့ဆီတွင် သတင်းအချက်အလက်များ ရှိနေသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

“သတင်းသာ တိကျမယ်ဆိုရင် ပိုက်ဆံက ပြဿနာ မဟုတ်ဘူး..”

“အို…” သက်လတ်ပိုင်းအရွယ် လူက မယုတ်မလွန်သာ ဖြစ်နေသည်။

ထိုလူမျိုးသည် ယုန်တစ်ကောင်ကို မတွေ့ရမချင်း လင်းယုန်ကို လွှတ်ပေးမည့် လူမျိုးတော့ မဟုတ်ပေ။

ထိုအခါ ချန်ဖုန်းက စကားအပို မဆိုတော့ဘဲ လကြယ်တာရာ ကျောက်တုံးကိုသာ တန်းထုတ်ပြ လိုက်တော့သည်။

“ဘာ… ကြယ် ကျောက်တုံး… တကယ်ကြီး ကြယ် ကျောက်တုံးပဲ …”

သက်လတ်ပိုင်းအရွယ် လူက ကျောက်တုံးကို ခဏမျှ ကြည့်နေပြီး တကယ့် အပေးအယူ ဟုတ်၊ မဟုတ် အတည်ပြုနေသည်။ ထို့နောက်တွင် “ဒီရတနာကို ခင်ဗျား ဘယ်လို ရခဲ့ တာလဲ …”

“ဒါကတော့ စည်းကျော်သွားပြီ.. တိုင်မူတျန်ခီ အကြောင်းကိုပဲ ပြောရအောင်…” ချန်ဖုန်းက မျက်မှောင်ကြုတ်ပြီး ထိုလူကို သတိပေး လိုက်သည်။

ထိုလူက ချန်ဖုန်း စကား ဆုံးသောအခါ အပြုအမူကို ထိန်းသိမ်းပြီး ပြန်တောင်းပန်သည်။

“သခင်လေး… တိုင်မူတျန်ခီအကြောင်း ဘယ်ဟာကို သိချင်တာလဲသာ ပြောလိုက်ပါ.. ဒီကိစ္စကို ခင်ဗျားအတွက် ကျုပ်တို့သေချာပေါက် ဖြေရှင်းပေးပါ့မယ်..”

ချန်ဖုန်းက မထူးမခြားသာ ပြောဆိုရင်း သူ့တောင်းဆိုချက်ကို ချက်ချင်း ထုတ်ပြောသည်။

“ကျုပ်သိချင်တာက သန့်စင် ယင်ခန္ဓာကိုယ်ရှိတဲ့ မိန်းကလေးတွေကို တိုင်မူတျန်ခီက အန္တရာယ်ပြုနေတဲ့ ကိစ္စ… မတရားခံခဲ့ရတဲ့ မိန်းကလေး အရေအတွက် အပါအဝင် ယခုလက်ရှိ မတရား ခံရသူတွေရဲ့ အခြေအနေနဲ့ ဘယ်သူတွေကို အန္တရာယ်ပြုပြီးလဲ ဆိုတာ သိချင်တယ်…”

“နောက်ဆုံး တစ်ခုကတော့ တိုင်မူတျန်ခီရဲ့ တကယ့်ပုံရိပ် အစစ်အမှန်ကို ဖော်ထုတ်နိုင်တဲ့ သက်သေ အပိုင်းအစလေး တစ်ခုလောက် ခင်ဗျား ပြင်ဆင်ပေးဖို့ပါ …”

တိုင်မူတျန်ခီနှင့် ပတ်သက်၍ ချန်ဖုန်းက ယခင် ဘဝတည်းက ရှင်းရှင်းလင်းလင်း သိရှိလေ့လာခဲ့ပြီး ဖြစ်သည်။

တိုင်မူတျန်ခီတွင် ဖုံးကွယ်ထားသော ရောဂါတစ်ခု ရှိ၏။ အဘယ်ကြောင့်မူ သူ၏ သိုင်းဝိညာဉ် ခြေသုံးချောင်း ရွှေကျီးကန်း ဖြစ်ခြင်းကြောင့် ဖြစ်ပေသည်။ ၎င်းက အင်မတန် စွမ်းအားကြီး၏။

တိုင်မူတျန်ခီသည် ယင်သန့်စင် မိန်းကလေးများကို မကြာမကြာ အသုံးချ၍ သူ၏ မီးစွမ်းအင်ကို လျော့ချရသည်။

သို့မဟုတ်ပါက မီးစွမ်းအင်က သူ့အား ဝါးမျိုသွားပြီး ခန္ဓာကိုယ် တစ်ခုလုံးကို နာကျင်မှုဖြင့် လောင်ကျွမ်း သွားစေနိုင်သည်။

ထိုသို့ဖြင့် သိုင်းဝိညာဉ် နှိုးထလာသည့် အချိန်မှစကာ သန့်စင်ယင် မိန်းကလေးများကို မရေမတွက် နိုင်အောင် အန္တရာယ်ပြုခဲ့ပြီး ဖြစ်သည်။

ထိုမျှမက တိုင်မူတျန်ခီက မကောင်းဆိုးဝါး ကျင့်စဉ်ကိုလည်း ကျင့်ကြံနေသေး၏။ မိမိကိုယ်ကျိုး အတွက် အထူးသီးသန့် ပညာရပ် တစ်မျိုးဖြင့် မိန်းကလေးများ၏ မူလစွမ်းအားကို ညစ်ပတ်သော နည်းလမ်းများ အသုံးချကာ ဝါးမျိုစားသောက် နေသေးသည်။

ချန်ရှင်းရွဲ့ကို တိုင်မူတျန်ခီတစ်ယောက် ဟန်ဆောင်လှည့်ဖျားနေသော အကြောင်းအရင်း မှာလည်း သူမ၏ ကိုးပါးခန္ဓာ အဆီအနှစ်ကို ညစ်ပတ်သော နည်းလမ်းများဖြင့် ဝါးမျိုနိုင်ရန် ဖြစ်သည်။ ထိုမှသာ ချက်ချင်း အဆင့်တက်နိုင်ပြီး ဒုတိယအကြိမ် သိုင်းဝိညာဉ်ကို နှိုးထနိုင်လိမ့်မည်။

လျှို့ဝှက်ခန်းထဲတွင် ချန်ဖုန်း၏ တောင်းဆိုမှုကြောင့် သက်လတ်ပိုင်းအရွယ် လူက မျက်လုံးများ တဖျတ်ဖျတ် လဲ့လာသည်။ ထို့နောက် မတ်တတ် ထရပ်ကာ အခြားအခန်းဆီ ထွက်သွားတော့သည်။

နောက်ခဏ ကြာပြီးနောက် လက်ထဲတွင် စာရွက် အထပ်လိုက်နှင့် ပြန်ရောက်လာသည်။ “သခင်လေး… သခင်လေး တောင်းထားတဲ့ အချက်အလက်တွေ အားလုံး ဒီထဲမှာ ပါပါတယ်…”

တျန်ရွှန်ကုန်သည် အဖွဲ့အစည်း၌ ဟာကွက် မရှိပေ။ သက်လတ်ပိုင်း အရွယ်လူသည် သူထွက်သွားသည့် အချိန်ခဏအတွင်း တိုင်မူတျန်ခီ၏ အချက်အလက်များကို ယူခဲ့သည် သာမက ချန်ဖုန်း၏ နောက်ခံကိုလည်း တစ်ခါတည်း စုံစမ်းလာခဲ့သည်။

ချန်ဖုန်းက အများကြီး စဉ်းစား မနေတော့ဘဲ စာရွက် အထပ်လိုက်ကို ကောက်ကိုင်ကာ စတင် ဖတ်ရှုတော့သည်။

တျန်ရွှန် ကုန်သည် အဖွဲ့အစည်းမှ ရရှိလာသော အချက်အလက်များက အင်မတန် ရှင်းလင်းပေသည်။ တိုင်မူတျန်ခီက မိန်းကလေးများကို မည်သို့ အန္တရာယ် ပေးခဲ့ကြောင်း အလွန် ရှင်းလင်းသွားသည်။ အပြုခံ မိန်းကလေးများ၊ အချိန်နှင့် နေရာတို့ အပြင် လက်ရှိ အနေအထားပင် ပါသေး၏။

“ဒီတိုင်မူတျန်ခီက တော်တော် အဆိပ်ပြင်းတာပဲ …”

တိုင်မူတျန်ခီသည် မိန်းကလေးငယ်များကို အန္တရာယ် ပြုသည့်အချိန်တိုင်း ထိုမိန်းကလေး များက ချောင်ပိတ် ခံထားရသည်။ ထို့နောက် အားလုံးပြီးသည်နှင့် မိန်းကလေးများကို စုပေါင်း ယုတ်မာကြကာ ခြေရာလက်ရာ အကုန်လုံးကို ရှင်းလင်းပစ်ကြသည်။

သို့သော်လည်း တိုင်မူတျန်ခီသည် အဆိပ် ပြင်းလှသော်လည်း တျန်ရွှန်ကုန်သည် အဖွဲ့အစည်းကိုဖြင့် မကစားနိုင်ခဲ့ပေ။

ဤတျန်ရွှန် ကုန်သည် အဖွဲ့အစည်းသည် စင်စစ်အားဖြင့် တိုင်မူတျန်ခီ အန္တရာယ် ပေးခဲ့သော မိန်းကလေး သုံးဦးကိုပင် တိတ်တဆိတ် ကယ်တင်ခဲ့သေးသည်။

ဤတစ်ကြိမ်၌ ချန်ဖုန်းက အသတ် ခံလိုက်ရသော မိန်းကလေး သုံးဦးကို ထုတ်‌ပြ၍ စစ်ဆေး လိုက်ပါက တိုင်မူတျန်ခီ၏ ပုံရိပ် အစစ်အမှန်ကို ဖော်ထုတ်နိုင်ပြီး ဖြစ်သည်။ တိုင်မူတျန်ခီ တစ်ယောက် မည်သို့ ဖြေရှင်းရမည်ကို သိလိမ့်မည် မဟုတ်တော့ပေ။

“သခင်လေးချန်… ဒီအချက်အလက်တွေကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်ပါဦး…” သက်လတ်ပိုင်း အရွယ် လူက လျှို့ဝှက် စာရွက်လိပ် တစ်ခုကို ကမ်းပေးလိုက်သည်။

ချန်ဖုန်းက ထိုစာရွက်လိပ်ကို ဖွင့်ဖတ်ကြည့်ပြီးနောက် အကျယ်ကြီး အော်ဟစ်မိတော့၏။

သိပ်မကြာသေးမီ ရက်အနည်းအတွင်း တိုင်မူတျန်ခီက နောက်ထပ်ပြစ်မှု တစ်ခုကို ကျူးလွန်ကာ သန့်စင်ယင် မိန်းကလေးသုံးဦးကို ဖမ်းဆီးခဲ့သေးသည်။

သို့သော် ထိုမိန်းကလေးများက သာမန်လူများ မဟုတ်သည်ကိုတော့ သူတစ်ခါမှ မထင်မှတ်ထားမိပေ။ သူတို့ထဲမှ တစ်ယောက်မှာ နာမည်ကြီး ဝမ်မိသားစု၏ မြေးမလေး ဖြစ်သည်။

ထို့ကြောင့် တိုင်မူတျန်ခီ တစ်ယောက် အလွန်အမင်း ကယောင်ချောက်ချား ဖြစ်နေသည်။ ဝမ်မိသားစု၏ မြေးမလေးကို မထိရဲသဖြင့် သူမကို အကျဉ်းချ ထားရသည်။

အကယ်၍လျှင် ချန်ဖုန်းသာ ဝမ်မိသားစု မိန်းကလေးက ဤသို့သော သေရေးရှင်ရေး အနေအထားမျိုး ရောက်နေကြောင်း ဖော်ထုတ်လိုက်ပြီး သက်သေ ခံခိုင်းပါက ဤကိစ္စသည် သေချာပေါက် ဖျောက်ဖျက် မရနိုင်သည့် ကိစ္စကြီး ဖြစ်သွားတော့မည်။

ထို့အပြင် ဝမ်မိသားစုသည် တိုင်မူမိသားစု‌အောက် ဤနည်းအတိုင်း ကျရောက်သွားသဖြင့် တစ်ချက်ထဲနှင့် အမုန်းတရား ပမာဏ မြောက်မြားစွာကို တိုင်မူတျန်ခီ တစ်ယောက် ရရှိပေလိမ့်မည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset