Switch Mode

Chapter – 19

အင်မော်တယ် နတ်ဝိဇ္ဇာ ပညာရပ်… ကောင်းကင် ရတနာ နှိုးထခြင်း - ၃

ရတနာတန်ခိုးရှင်၏ကံကြမ္မာ

မူရင်းရေးသူ – Tang Jia Sang Shao

အခန်း ( ၁၉ ) အင်မော်တယ် နတ်ဝိဇ္ဇာ ပညာရပ်… ကောင်းကင် ရတနာ နှိုးထခြင်း – ၃

သူလက်လျှော့မည်ကြံနေဆဲမှာပင် ရုတ်တရက်အတွင်း စာအုပ်ထဲ၌အတိအကျဖော်ပြထားသည့်အတိုင်း သူ၏အူအောက်ပိုင်းတွင် ရေခဲကဲ့သို့အေးစက်လာသည်ကိုခံစားလိုက်ရသည်။

ကောင်းကင်စွမ်းအင်ကို သူအာရုံခံနိုင်ခဲ့ပြီ။ ကျိုးဝေ့ချင်း သူ့နှလုံးသားထဲမှာ အလွန်ပျော်ရွှင်သွားသည်။ လျင်မြန်စွာပင် သူ၏စိတ်အာရုံအကုန်လုံးကို အူအောက်ပိုင်းနေရာတွင်စုစည်းကာ ထိုနေရာတွင်ရှိသော အအေးစီးကြောင်းကို သတိကြီးစွာဖြင့် အပေါ်ဘက်သို့ ပို့လွှတ်လိုက်သည်။

သူ့ကိုအံ့အားသင့်သွားစေသည်မှာ အအေးစီးကြောင်းပျောက်ကွယ်သွားပြီးနောက် ၄င်းကစတင်ကြီးထွားလာကာ ထင်ရှားသထက်ထင်ရှားလာသည်။ အင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်ထဲတွင် ဖော်ပြထားသည်နှင့်မတူဘဲ ၄င်းက အလွန်သေးငယ်သောအစအနလေးဖြစ်နေသည်။ သူ့ရင်ဘက်နေရာသို့ရောက်သည်နှင့် ဘောလုံးငယ်တစ်လုံးအရွယ်လောက်ကြီးထွားလာသည်။ ဖြစ်စဉ်တစ်ခုလုံးမှာ အလွန်ချောမွေ့နေပုံပေါ်သည်။ ၄င်းက ညှပ်ရိုးကြားမရဏအပ်စိုက်အမှတ်ကိုရောက်သည့်အချိန်လောက်မှ ပေါ်လာသည်။

ငါအောင်မြင်ရမယ်။ ကျိုးဝေ့ချင်း စိတ်ထဲကအော်ဟစ်လိုက်သည်။ သူက ပြန်လှည့်လို့မရတော့သည် နေရာကိုရောက်နေပြီ။ စိတ်ခွန်အားကို အကုန်သုံးကာ အံကိုကြိတ်ပြီး အအေးစီးကြောင်းကို ဘယ်ဘက်ညှပ်ရိုးအပ်စိုက်နေရာတွင် ကြောက်မက်ဖွယ်ရာဖြိုခွဲချလိုက်သည်။

‘ ဂျိမ်း ‘
အအေးစီးကြောင်းက အမှတ်နေရာသို့ရောက်သွားသည်နှင့် ကျိုးဝေ့ချင်းသည် သူ့ဘယ်ဘက်ခြမ်းတစ်ခုလုံးကို မိုးကြိုးပစ်ချလိုက်သလိုခံစားလိုက်ရကာ အထိတွေ့အာရုံများပျောက်ဆုံးသွားသည်။ ခဏအကြာတွင် ထုံထိုင်းမှုများက ဘယ်ဘက်အခြမ်းမှညာဘက်အခြမ်းသို့စတင်ပျံ့နှံ့လာသည်။ မကြာမီမှာပင် ဦးခေါင်းမှလွဲ၍ ခန္ဓာကိုယ်တစ်ခုလုံး ခံစားမှုများပျောက်ဆုံးသွားတော့သည်။ ပြင်းထန်သောလေပွရူးတစ်ခုက သူ၏ဘယ်ဘက်ညှပ်ရိုးအပ်စိုက်နေရာမှ ရှေ့သို့ပေါက်ကွဲထွက်လာပုံပေါ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကိုဒေါသတကြီး မွှေနှောက်သရမ်းနေဟန်ပေါ်သည်။ သို့သော်လည်း ယင်းအခိုက်တွင် ကျိုးဝေ့ချင်းသည် မည်သည့်နာကျင်မှုကိုမှမခံစားရဘဲ သူ၏သတိအာရုံမှာ စတင်ဝေဝါးလာသည်။ ဖူးခနဲအသံနှင့် သွေးများပါးစပ်အပြည့် အန်ထွက်သွားသည်။ ကောင်းကင်စွမ်းအင်ကျင့်ကြံခြင်းတွင် နာကျင်မှုကကြောက်စရာအကောင်းဆုံးမဟုတ်သည်ကိုသူသိသည်။ သို့သော် သူကအမှန်ကို ဘာဖြစ်နေသည်မှန်းမသိပေ။ ထုံထိုင်းမှုသည် တန်ခိုးကျင့်ခြင်းမှာ ဆိုးဆိုးရွားရွားမှားယွင်းနေသည်ဟု သဘောသက်ရောက်သည်။ အခြေခံစည်းမျဉ်းများတွင် အင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်က မရဏပညာရပ်တစ်ခုဖြစ်ကြောင်း စောနကဖော်ပြထားခဲ့ပြီး ၄င်းက ဆိုထားသည့်အတိုင်း သေချာနေပုံပေါ်သည်။ သို့သော်လည်း တန်ခိုးကျင့်ကြံခြင်းလောကတွင် အကြောင်းအခြင်းရာ များစွာက ကံတရားပေါ်တွင်လည်းမူတည်နေသေးသည်။​လေူတစ်သောင်းတွင်တစ်ယောက်သာ အောင်မြင်တတ်သည်ဟု ၄င်းကိုဆိုနိုင်သည်။ ကျိုးဝေ့ချင်းက ထိုကဲ့သို့လူမဟုတ်သည်မှာ ထင်ရှားနေပုံပေါ်သည်။

မရဏအပ်စိုက်အမှတ်များကို ချိုးဖြတ်ရာတွင်ကျရှုံးပါက ရလဒ်တစ်ခုသာရှိသည်။ ‘ သေခြင်း ‘ ပင်။

ဤသနားစရာကောင်က သူဘာတွေရင်ဆိုင်ရမလဲဆိုတာကို မသိပေ။ သူအကောင်းဆုံးတော့ကြိုးစားနေသေးသည်။ သူက ညှပ်ရိုးအပ်စိုက်နေရာကို စွမ်းအင်များ ယိုစီးထွက်နေသည့်နေရာဟုသာခံစားမိနေသည်။ သူ့ခန္ဓာကိုယ်မှအသက်စွမ်းအင်အားလုံး ယိုစီးထွက်နေသည်။ သေခါနီးနေသောအချိန်တွင်ပင် သူကမည်သည့်နာကျင်မှုမှမခံစားရဘဲ ကျေနပ်ပျော်ရွှင်မှုကိုသာခံစားနေသည်။

အာရုံသိစိတ်များ စတင်မှေးမှိန်လာသည်။ ကျိုးဝေ့ချင်းမှာ သူကံကောင်းရမည်ဟု မျှော်လင့်နေသေးသည်။
” ငါအောင်မြင်ခဲ့ပြီလား။ ”

ယင်းအခိုက်အတန့်တွင် သေးငယ်သောအအေးစီးကြောင်းတစ်ခုက သူ၏အူအောက်ပိုင်းမှ နောက်တစ်ဖန်ပေါက်ကွဲထွက်လာသည်။ ကြီးမားသောရေခဲလုံးတစ်ခုက အစာအိမ်ထဲတွင်အစိတ်စိတ်အမွှာအမွှာကွဲထွက်သွားကာ မရေတွက်နိုင်သောရေခဲမြှားပိုင်းလေးများအဖြစ် ပြောင်းလဲသွားပြီး သွေးကြောလမ်းကြောင်းမျိုးစုံကို အရူးအမူးပစ်ခတ်နေသည်။

စက္ကန့်ပိုင်းအကြာထိ ကျိုးဝေ့ချင်းသည် ကျေနပ်ပျော်ရွှင်မှုတွင် မျောလွင့်နေပြီး နောက်တစ်ခဏအကြာတွင် ရေခဲကန်တစ်ခုထဲသို့ကျရောက်သွားသလိုဖြစ်သွားသည်။ ထုံထိုင်းမှုအာရုံနေရာတွင် မယုံကြည်နိုင်စရာကောင်းသည့် အအေးဓာတ်ကအစားထိုးလာသည်။ ထိုအခိုက်၌ သူ့နှလုံးသားတွင် ပြင်းထန်သောသွေးဆာသည့်စိတ်များလွှမ်းမိုးလာသည်။ သူ့မျက်လုံးများက သွေးရောင်ကဲ့သို့ရဲရဲနီလာပြီး ဆံပင်တိုများမှာ ထောင်မတ်လာသည်။ သူ့ခန္ဓာကိုယ်ကို မီးခိုးနက်ရောင်အငွေ့အသက်တစ်ခုက ဝန်းရံနေသည်။

ညှပ်ရိုးအပ်စိုက်အမှတ်နေရာမှ ရုတ်တရက်စီးယိုထွက်လာသောစွမ်းအင်များက အနက်ရောင်အငွေ့အသက်ထွက်ပေါ်လာသည်နှင့် ရပ်တန့်သွားသည်။ ချိုးဖြတ်လိုက်သောအပ်စိုက်အမှတ်ကို ဘောလုံးတစ်လုံးထဲကကျိုးဝေ့ချင်းဖောက်ထားသည့်အပေါက်တစ်ပေါက်ဟု သတ်မှတ်လိုက်လျှင် အနက်ရောင်အငွေ့အသက်မှာ အပေါက်ထဲကထွက်လာခြင်းဖြစ်သည်။

ကျိုးဝေ့ချင်း၏ခန္ဓာကိုယ်မှာ အထိန်းအကွပ်မရှိဘဲ စတင်လှုပ်ခါလာသည်။ အအေးဓာတ်မှာ အပြင်ဘက်ပတ်ဝန်းကျင်ကလာသည်မဟုတ်ပေ။ သူ့အရိုးတွင်းထဲမှလာခြင်းဖြစ်သည်။ ၄င်းကသူ့ရိုးတွင်းခြင်ဆီထဲမှ ထွက်ကာသွေးစီးကြောင်းများတစ်လျှောက်စိမ့်ဝင်ပျံ့နှံ့သွားသည်။ သူ့ခန္ဓာကိုယ်မှ အအေးလှိုင်းများ ထပ်ခါထပ်ခါထုတ်လွှတ်နေသည်ကို ခံစားနေရသည်။ အအေးလှိုင်းများတစ်လျှောက်တွင် သူ​ခြန္ဓာကိုယ်အား ဝန်းရံထားသည့် မီးခိုးနက်ရောင်အလွှာအား ရှင်းလင်းစွာတွေ့မြင်နေရသည်။ အလွန်အမင်းအေးစက်မှုကြောင့် သူ့ခန္ဓာကိုယ်အားထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားပြီး မြေပေါ်ကိုလဲကျသွားသည်။ သူ့ပါးစပ်က အလိုအလျောက်ပွင့်သွားသည်။ အသက်ရှူလိုက်တိုင်း မီးခိုးနက်ရောင် လေစီးကြောင်းတစ်ခု ခန္ဓာကိုယ်ထဲမှ စီးထွက်နေသည်။ ၄င်းက အရေပြား၏အပြင်လွှာတစ်ခုလိုဖြစ်နေဟန်ရပြီး မကြာမီ ထိုအပြင်ဘက်အလွှာကို မီးခိုးရောင်နှင့် အနက်ရောင်တက်တူးမင်ကြောင်နှစ်စုံက ဖုံးလွှမ်းသွားသည်။

ကျိုးဝေ့ချင်းမှာ အင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်ကို စတင်လေ့ကျင့်ရင်း ကိုယ့်ကိုယ်ကိုသေကြောင်းကြံသလိုဖြစ်သွားသည်။ အောင်မြင်ရန် လူတစ်သောင်းမှာတစ်ယောက်တောင်အခွင့်အရေးမရှိလှပေ။ သူ့မွေးရာပါလေ့ကျင့်ရေးစွမ်းရည်က အများကြီးကံကောင်းနေပုံမရှိသေးသော်လည်း အခြားလမ်းကြောင်းများတွင် အလွန်အမင်းကံကောင်းနေပုံပေါ်သည်။ ဤကံကောင်းမှုမှာ ကြယ်တာရာသစ်တောထဲတွင် သူမျိုချခဲ့သည့် ပုလဲနက်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်ကိုအောင်မြင်အောင်လေ့ကျင့်နိုင်ခြင်းမှာ လူတစ်သောင်းတွင် တစ်ဦးသာအခွင့်အရေးရှိသည်ဆိုလျှင် အနက်ရောင်ပုလဲကိုမျိုချနိုင်ခြင်းမှာ တစ်ကြိမ်မျှသာဖြစ်ခဲလှသည့် ရှားပါးအခွင့်အရေးဖြစ်သည်။ သူ့ညှပ်ရိုးအပ်စိုက်အမှတ်ကို ဖွင့်နိုင်ရန် အင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်အသက်ဝင်လာခြင်းကြောင့် ၄င်းက သူ့ခန္ဓာကိုယ်ထဲတွင်မြုံနေသော အနက်ရောင်ပုလဲကိုလည်းတစ်နည်းနည်းဖြင့် လှုံ့ဆော်နှိုးဆွပေးခဲ့သည်။ ယခုဆက်လက်ဖြစ်ပျက်သွားသည့် အဖြစ်အပျက်များက တကယ်တော့အနက်ရောင်ပုလဲ နိုးထလာခြင်းကြောင့်ဖြစ်သည်။

မူလက အနက်ရောင်ပုလဲသူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားသည့်အခါ ယင်းကသူ့ခန္ဓာကိုယ်အား သိမ်မွေ့စွာလွှမ်းမိုးပြီး တဖြည်းဖြည်းတိုးတက်လာစေသည်။ သို့သော် ယခုည အင်မော်တယ်နတ်ဝိဇ္ဇာပညာရပ်ကို စတင်ကျင့်ကြံလိုက်သည့်အခါမှ ယင်းက ပုလဲထဲကစွမ်းအင်ပြန့်ပွါးမှုကို အစပျိုးထောင်ပေးခဲ့သည်။

အလွန်ဆိုးဝါးလှသည့်လက်ရှိအဖြစ်အပျက်က သူ့ခန္ဓာကိုယ်ကို မြှင့်တင်ပေးလိုက်ပုံပေါ်သည်။ ရေခဲလိုအေးစက်မှုကြီးမှာ တကယ်တော့ ကျိုးဝေ့ချင်း၏ခန္ဓာကိုယ်ထောင့်ကြားနေရာတိုင်းကို အဆက်မပြက်ကျူးကျော်ပျံ့နှံ့ဝင်ရောက်ခဲ့သည့် အနက်ရောင်ပုလဲ၏ အလွန်ပြင်းထန်သောစွမ်းအင်ကြောင့်ဖြစ်သည်။ ၄င်းက အမှန်တကယ်ပင် လွှမ်းမိုးမှုအားကြီးမားလှသည်။

အခြားတစ်ယောက်သာဆိုပါက ယခုအချိန်ဆို ကိုယ်ခန္ဓာတွင်း ပေါက်ကွဲသွားနိုင်လောက်သည်။ သို့သော် ဤအချိန်တွင် ကျိုးဝေ့ချင်း၏ ခန္ဓာကိုယ်က အနက်ရောင်ပုလဲ၏စွမ်းအင်များကို အရူးအမူးဖြင့် လောဘတကြီးစုပ်ယူနေသည်။

အကြောင်းမှာ ယင်းကား အနက်ရောင်ပုလဲ အဆိုပါတည်နေရာနယ်ပယ်တွင် ပေါ်လာခဲ့ပြီးနောက် ကျိုးဝေ့ချင်း၏ခန္ဓာကိုယ်ကို ရွေးချယ်ရသည့်အကြောင်းအရင်းမှန်ဖြစ်သည်။

ထိုအချိန်တုန်းက တီဖူရာ၏ မီးလုံးက ကျိုးဝေ့ချင်းကို တိုက်ခိုက်ပြီးနောက် ကျိုးဝေ့ချင်း၏သည်းခံနိုင်သောစိတ် ကုန်ဆုံးသွားခဲ့သည်။ ကျိုးဝေ့ချင်းက ၎င်းပေါ်သို့ သွေးများကို တိုက်တိုက်ဆိုင်ဆိုင်အန်ချလိုက်သည့်အချိန်က ၎င်းသည်ဝေးကွာသောဒိုင်မင်းရှင်းတစ်ခုကို ဖြတ်ကျော်ကာ ဤကမ္ဘာလောကသို့ ရောက်ရှိချိန်ဖြစ်သည်။ ကျိုးဝေ့ချင်း၏သွေးများထဲတွင် အမှောင်စွမ်းအားများပါဝင်နေသဖြင့် ပုလဲနက်၏စွမ်းအင်နှင့်တူညီနေသည်။ ထို့ကြောင့်၎င်းက ကျိုးဝေ့ချင်းကို ရွေးချယ်ခဲ့လေသည်။

ကျိုးဝေ့ချင်း၏သွေးထဲတွင်အမှောင်စွမ်းအင်များ ပါဝင်နေသည့်အကြောင်းရင်းမှာ ဗိုလ်ချုပ်ကျိုး၏ သဘာဝဒြပ်ရတနာပေါင်းစည်းမှုသည်လည်း အမှောင်စွမ်းအင်ဖြစ်သောကြောင့်ပင်။ ကျိုးဝေ့ချင်းက ဗိုလ်ချုပ်ကျိုး၏သွေးဆက်ဖြစ်သောကြောင့် သဘာဝအားဖြင့်တူညီသော မျိုးရိုးစွမ်းအင်ကိုဆက်ခံရသည်။ ယင်းကြောင့် သူက အနက်ရောင်ပုလဲကို ဆွဲဆောင်ကာ ပေါင်းစပ်နိုင်ခြင်းဖြစ်သည်။

သို့သော်လည်း အနက်ရောင်ပုလဲတွင်းက စွမ်းအင်မှာ အလွန်ပင်လွှမ်းမိုးနိုင်စွမ်းကြီးမားလှသည်။ အမှောင်ဓာတ်စွမ်းရည်အပြင် အခြားသောသဘာဝဒြပ်စွမ်းရည်များလဲပါဝင်နေသေးသည်။ ထိုစွမ်းရည်များတွင် ဤကမ္ဘာကိုရောက်ရန်အသုံးပြုခဲ့သော တည်နေရာဓာတ်စွမ်းရည်နှင့် အခြား ပုန်းကွယ်နေသောစွမ်းရည်များလဲပါဝင်သည်။ အထူးစွမ်းအင်ပမာဏသက်သက်နှင့် အမျိုးမျိုးသောသဘာဝဒြပ်စွမ်းရည်များကို အတူတကွပေါင်းစပ်ရောနှောပြီး သူ့ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ခြင်းသည် ကျိုးဝေ့ချင်း၏ကိုယ်တွင်းသဘာဝဒြပ်စွမ်းရည်များကို သက်ရောက်ပြောင်းလဲစေသည်။ ယင်းမှာ သူခံစားရသောနာကျင်မှု အလွန်အမင်းပြင်းထန်နေရသည့် အကြောင်းအရင်းဖြစ်သည်။ သူစောစောကခံစားခဲ့ရသော ကြွက်သားနာကျင်မှုနှင့် မောပန်းမှုထက် ၎င်းကအဆပေါင်းများစွာပိုခံစားရသည်။

Comment

Leave a Reply

Options

not work with dark mode
Reset