Switch Mode

Chapter – 6

ဆန်းကြယ်သော ပုလဲနက် ( ၂ )

ရတနာတန်ခိုးရှင်၏ ကံကြမ္မာ
မူရင်း – Tang Jia Sang Shao

အခန်း – ( ၆ ) ဆန်းကြယ်သောပုလဲနက် – ၂

ကြယ်တာရာသစ်တောလမ်းမကြီးပေါ်တွင် ကျိုးဝေ့ချင်းသည် ပြီးခဲ့သောကိစ္စများကိုတွေး၍ ဒေါသများထွက်နေသည်။ အံ့သြစရာကံကြမ္မာတစ်ခုကြောင့် သူ့မှာ အသက်ရှင်နိုင်ခဲ့သော်လည်း သူ့ဇနီးလောင်း၏စိတ်ထဲမှာတော့ ကျောက်တုံးကြီးမြေပေါ်ကျသလို သူ့ကိုအထင်ကြီးလာမည်မဟုတ်ပေ။ပုလဲနက်ကြောင့်သာမဟုတ်ပါက သူ့မှာ တောထဲမှာပင်သေဆုံးသွားခဲ့လိမ့်ပေမည်။
“တီဖူရာ…မင်းစောင့်နေပါ။ တစ်နေ့ကျရင် ငါမင်းကိုလက်တုံ့ပြန်မယ်။ ပြီးရင်ဒီနေ့ကို မင်းပြန်ပြီးနောင်တရစေရမယ်။”
ကျိုးဝေ့ချင်းနာနာကျည်းကျည်းပြောလိုက်သည်။ သူသည်တစ်ခါမှ လူတစ်ယောက်ကို အလွန်မမုန်းဖူးပေ။ သူငယ်စဉ်ကသူ့ကိုပျက်ရယ်ပြုသည့်လူများ၊ လှောင်ပြောင်သူများပင် သူ့ကိုတိုက်ရိုက်မဆန့်ကျင်ရဲကြချေ။တီဖူရာက သူ့ကိုရက်ရက်စက်စက်တိုက်ခိုက်ခဲ့သည်။ ထို့ပြင် ယင်းသို့ဖြစ်ရခြင်းအကြောင်းမှာလည်း နားလည်မှုလွဲခြင်းမျှသာဖြစ်သည်။ ကျိုးဝေ့ချင်းလည်း ခံစားချက်ရှိသည့် လူတစ်ယောက်ဖြစ်သည်။

ကောင်းကင်လေးမြို့တော်အနီးသို့ ရောက်လာသဖြင့် ကျိုးဝေ့ချင်းသည် တဖြည်းဖြည်းတည်ငြိမ်လာသည်။ သူသည် အတွင်းတွင်အဝတ်ခံဝတ်မထားဘဲအပြင်ဝတ်ရုံကိုသာဝတ်ဆင်ထားသည်။ ကံအားလျော်စွာသူ့ဝတ်ရုံထဲတွင် ရွှေစအနည်းငယ်ရှိနေသေးသည်။ သူ့အဖေက အလွန်စည်းကမ်းကြီးသဖြင့် သူ့မှာမုန့်ဖိုးအများကြီးမရပေ။

“ငါ အိမ်ပြန်ရင်ကောင်းမလား”သူရပ်ပြီးတွေးလိုက်သည်။
“မဟုတ်ဘူး…ငါဒီလိုပုံစံနဲ့ အိမ်ပြန်လို့မဖြစ်ဘူး။ အဲ့ဒီမကောင်းဆိုးဝါးမ တီဖူရာက ငါသူ့ကို ချောင်းကြည့်တဲ့အကြောင်း သူ့အဖေ ဧကရာဇ်ကိုတိုင်ထားလိမ့်မယ်။ အဲ့ဒီအဖိုးကြီးကြားရင် ငါ့ဖို့ရိုးရိုးအပြစ်လာမှာမဟုတ်ဘူး။”
သူ့အဖေ၏ ခက်ထန်သည့်အကြည့်ကို တွေးမိ၍ အကူညီမဲ့သလိုခံစားမိပြီး တုန်တုန်ယင်ယင်ဖြစ်လာသည်။
မည်သည့်အချိန်တွင်မဆို သူသာတစ်ခုခု ဒုက္ခပေးပါက သူ့အဖေ၏အပြစ်ဒဏ်ကိုခံစားရမြဲဖြစ်သည်။သူကားအပြစ်ဒဏ်ပေါင်းများစွာနှင့်ကြီးပြင်းလာသူပေတည်း။ ဤအချိန်တွင် မင်းသမီးရေချိုးသည်ကို သူချောင်းကြည့်သည့်အကြောင်းကိုသာ သူ့အဖေသိပါက သူ့ကိုယ်ကိုသူကာကွယ်နိုင်လိမ့်မည်မဟုတ်ပေ။
အိမ်မပြန်ခြင်းက သူ့လုံခြုံရေးအတွက် ပိုကောင်းမည်ဖြစ်သည်။

သို့သော်အိမ်ကိုမပြန်လျှင် ရွှေစအနည်းငယ်လောက်နှင့် မည်သည့်နေရာကို သွားရမည်နည်း။ ကျိုးဝေ့ချင်းမှာ ယခုမှ ဘေးကျပ်နံကျပ်ဖြစ်နေသည်။ သူကအရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက်တောင့်တင်းခိုင်မာသော်လည်း အသက်ရှင်သန်နိုင်ရန် မည့်သည့်အသက်မွေးဝမ်းကျောင်းပညာကိုမှ မတက်ကျွမ်းသည့် တစ်ဆယ့်သုံးနှစ်အရွယ်ကလေးတစ်ယာက်သာဖြစ်သည်။ အိမ်မှထွက်ပြေးလျှင်တောင် အပြင်မှာသူတစ်ယောက်တည်း အသက်ရှင်အောင် မည်သို့ပြုလုပ်ရမည်မှန်းမသိပေ။

လောလောဆယ်တွင်ကျိုးဝေ့ချင်းမှာ အလွန်စိတ်ဓာတ်ကျနေသည်။ ဝေခွဲလို့မရဖြစ်နေမည့်အစား ကောင်းကင်လေးမြို့တော်၏ဂိတ်ဝကို စိတ်မပါလက်မပါဆက်လက်ထွက်ခွါသွားတော့သည်။
” အာ့…ရှေ့မှာလူတွေ ဘာလို့များနေတာလဲ”
မြို့၏ဂိတ်ပေါက်က ရှေ့တွင်ရှိနေကြောင်း ကျိုးဝေ့ချင်းရုတ်တရက်သတိရသွားသည်။ သာမန်ထက်ရာပေါင်းများစွာများပြားသည့် လူအုပ်ကြီးက ဂိတ်ပေါက်၏ ဘေးတွင်ရှိနေလေသည်။ ထို့ပြင်အစောင့်စစ်သားများလည်းရှိနေသေးသည်။

ဤနေရာတွင်မည်သည့်အရာများဖြစ်နေသလဲမသိသဖြင့် သူ့မှာသိချင်စိတ်ပြင်းပြလာသောကြောင့် သွားကြည့်ရန်မြန်မြန်လျှောက်လိုက်သည်။ကံအားလျော်စွာ လူများစွာရှိနေသော်လည်း ပြည့်ကျပ်နေခြင်းမရှိသဖြင့် ရှေ့ကိုဆက်ပြီးတိုးဝင်သွားလိုက်နိုင်သည်။

ရှေ့တွင် လူများစွာဝန်းရံနေသော ခုံတန်းရှည်ကြီးတစ်ခုရှိသည်။ ခုံ၏နောက်တွင် “တပ်သားသစ်လက်ခံခြင်း” ဟူသည့်ကြီးမားသောကြေညာစာလုံးကြီးကို ရှင်းလင်းစွာဖော်ပြထားသည်။ အောက်ဖက်တွင်ရေးထားသည်မှာ
‘ကျွန်ုပ်တို့အင်ပါယာ၏နယ်စပ်ကို ကာကွယ်စောင့်ရှောက်ရန် ကောင်းကင်လေးမြို့တော်မှ ယခုအခါတွင်တပ်သားသစ် ၃၀၀၀ ကိုခေါ်ယူနေပါသည်။ အသက် ၁၆ နှစ်မှ ၂၆ နှစ်အတွင်းရှိသော ကျန်းမာသန်စွမ်းသည့်အမျိုးသားများဖြစ်ရပြီး မွေးရာပါစွမ်းအင် သို့မဟုတ် ကောင်းကင်စွမ်းအင်ရှိသူများကို ဦးစားပေးမည်။’
‘တိုင်းပြည်ကအရင် နေအိမ်ကနောက်’
‘တိုင်းပြည်ကိုကာကွယ်ဖို့ တပ်မတော်ကိုဝင်ကြစို့’
‘သင့်၏တိုင်းပြည်နှင့် နေအိမ်ကိုကာကွယ်စောင့်ရှောက်ခြင်းသည် ယောက်ျားကောင်းပီသသောအလုပ်ဖြစ်သည်။’

ဤနေရာတွင် ကောင်းကင်စွမ်းအင်ဆိုသည်မှာ အဆင့် ၁ သို့မဟုတ် အဆင့် ၂ကို ရည်ညွှန်းခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်ကသာ အဆင့် ၃စွမ်းအင်ကိုကျင့်ကြံနိုင်ပြီး ရတနာစွမ်းအား နိုးထနေပါက တပ်သားသစ်လက်ခံသည့်နေရာတွင်ဝင်ရန်မလိုအပ်ပေ။ စစ်သင်တန်းကျောင်းသို့မဟုတ် ရတနာသခင်ကျောင်းများကို တိုက်ရိုက်တက်ရောက်နိုင်ပြီး ထိုသူ၏အနာဂတ်မှာလည်း အလွန်တောက်ပလာပေလိမ့်မည်။

သာမန်အားဖြင့်ရတနာသခင်၏ ရတနာစွမ်းအားမှာ အသက် ၁၆ နှစ်မတိုင်မီတွင် နိုးထနေရပေမည်။မဟုတ်ပါက သူ၏အနာဂတ်မှာ ကောင်းမွန်တောက်ပခြင်းရှိမည်မဟုတ်ပေ။ ထို့ကြောင့်တပ်သားသစ်စုဆောင်းခြင်းက သာမန်စစ်သားများအတွက်သာဖြစ်လေသည်။

စစ်တပ်ထဲဝင်ရမယ်လား။ ကြော်ငြာစာလုံးကိုကြည့်နေရင်း ကျိုးဝေ့ချင်းမှာ တွန်းအားပေးခံနေရသလိုဖြစ်နေသည်။အမှန်မှာသူစစ်ထဲဝင်လျှင် အိမ်ပြန်ရန်လိုတော့မည်မဟုတ်ပေ။ သူ အစားအစာလည်းရမည်။လစာလည်းရပေလိမ့်မည်။ ထို့ပြင် စစ်တပ်ထဲတွင်သူကိုယ်တိုင်အတွက် နာမည်တစ်လုံးရအောင် ကြိုးစားနိုင်လိမ့်မည်။ သူ့အဖိုးကြီးကလည်း ‘အသုံးမကျတဲ့ ကလေကချေကောင်’ ဟုသူ့ကိုခေါ်တော့မည်မဟုတ်ပေ။ဟ…ဟ…။ယင်းကား ကောင်းကင်ဘုံကပေးသောအခွင့်အရေးတစ်ခုပေတည်း။

သူ့အသက်မှာ အလွန်ငယ်ရွယ်သေးသည်။ သူတစ်ခဏမျှ စိတ်လှုပ်ရှားသွားသည်။ အခြားအကြောင်းအရာများကို သူမတွေးတော့။ စစ်ထဲဝင်ခြင်း၏ အခက်အခဲများကိုလည်း သူမစဉ်းစားတော့ပေ။ သူ့အရွယ်က စိတ်လိုက်မာန်ပါလုပ်တတ်သည့် အရွယ်ဖြစ်သည်။ထို့ပြင် သူ့အဖေကလည်းသူ့ကို အလွန်စည်းကမ်းတင်းကျပ်လွန်းပြီး နေ့တိုင်း အသုံးမဝင်သည့် အမှိုက်ကောင်လို သူ့ကို မြင်နေသည့်အတွက်ကြောင့် အိမ်မှာလည်းမနေချင်တော့ပေ။

သူ့စိတ်ကို ပိုင်းဖြတ်လိုက်ပြီး ရှေ့ကိုဆက်ပြီးတိုးလိုက်သည်။တပ်သားသစ်စုဆောင်းနေသည့် အသက်ကြီးကြီးစစ်သားကြီးတစ်ယောက်ကိုပြောလိုက်သည်။
“အစ်ကိုကြီး…ကျွန်တော်ဝင်မယ်။ကျွန်တော်ဝင်မယ်။”
လူအုပ်ကြီးထဲတွင် ရာပေါင်းများစွာသောလူများရှိနေသော်လည်း အလုပ်လျှောက်သည့်အရေအတွက်မှာ မများလှပေ။ ထို့ပြင်ကောင်းကင်လေးမြို့တော်မှာ အင်ပါယာ၏ချမ်းသာကြွယ်ဝသောမြို့တော်တစ်ခုဖြစ်သည်။ဤနေရာတွင်ရှိသော သာမန်လူတန်းစားများ၏ လူနေမှုအဆင့်အတန်းများပင် သာမန်ထက်ပိုလေသည်။ ကောင်းကင်လေးအင်ပါယာမှာ သေးငယ်သောနိုင်တစ်ခုဖြစ်သော်လည်း ပတ်ဝန်းကျင်နိုင်ငံငယ်လေးများနှင့် နယ်စပ်တိုက်ပွဲများမကြာခဏဖြစ်ပွါးသည်။ ရလဒ်တစ်ခုအနေဖြင့် အတော်အတန်အန္တရယ်များသည်။ ထို့ကြောင့် လူနေမှုအဆင့်မြင့်သည့်ဤနေရာတွင် လူအများစုအတွက် ယင်းအလုပ်ကိုရွေးချယ်မည်မဟုတ်ပေ။

ခုံများနောက်တွင်ထိုင်နေသည့် တပ်သားသစ်စုဆောင်းသော စစ်သားအယောက်နှစ်ဆယ်ခန့်ရှိလေသည်။ သူတို့အားလုံးမှာ ဝါရင့်စစ်သားကြီးများဖြစ်ကြပြီး အနည်းဆုံးတပ်စုတစ်စု၏ခေါင်းဆောင် သို့မဟုတ် ပိုမြင့်သောအဆင့်များတွင်ရှိကြသည်။ ကျိုးဝေ့ချင်းနှင့်မျက်နှာချင်းဆိုင်တွင်ရှိသော စစ်သားကြီးမှာအသက်၃၀ ဝန်းကျင်ခန့်ရှိသည်။ ခုံပေါ်တွင်ထိုင်နေသော်လည်း သူ၏အရပ်အမောင်းနှင့် ကိုယ်လုံးကိုယ်ပေါက်မှာ ထင်ထင်ရှားရှားပေါ်လွင်နေသည်။ မျက်နှာပေါ်ကပျင်းရိပျင်းတွဲပုံစံကြောင့် ထိုလူ တပ်ထဲရောက်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်၍ အတွေ့အကြုံရှိပြီး ပါးနပ်သည့်စစ်သားဖြစ်နိုင်ကြောင်းအလွယ်တကူ ခန့်မှန်းနိုင်သည်။
“ဟေ့…ကောင်လေး။ မင်းစစ်ထဲဝင်ချင်လို့လား။”
တပ်စုမှူးမှာ သူ့နားကပ်လာသည့်လူတစ်ယောက်ကိုကြည့်ပြီး အလွန်ပျော်ရွှင်နေသည်။ ဤနေရာတွင် စစ်သားအားလုံးပေါင်းအယောက် ၂၀ ရှိသည်။ကျိုးဝေ့ချင်းက သူ့ဆီရွေးပြီးလာသဖြင့် သူမျက်နှာရသလို ခံစားလိုက်ရသည်။
“ဟုတ်ကဲ့ ကျွန်တော်စစ်ထဲဝင်ချင်လို့ပါ။”

ကျိုးဝေ့ချင်း ပြန်ပြောလိုက်သည်။တပ်စုမှူးအားလုံးမှာ ချပ်ဝတ်များကိုစမတ်ကျကျဝတ်ဆင်ထားသည်။သူတို့ထံမှလည်း လေးစားကြောက်ရွံ့ဖွယ်အငွေ့အသက်များ ဖြာထွက်နေသည်။ထပ်မံပြီး စစ်ထဲဝင်ချင်သည့်ဆုံးဖြတ်ချက်မှာပိုမိုခိုင်မြဲလာသည်။
တပ်စုမှူးက ခေါင်းကိုကျေနပ်စွာညိတ်လိုက်ပြီး မေးလိုက်သည်။
“ဒါ အကောင်းဆုံးပဲ။ တပ်ထဲရောက်ရင် မင်းဘယ်အဖွဲ့ထဲဝင်ချင်လဲ။”
“အာ…”
ကျိုးဝေ့ချင်း၏ အဖေမှာ စစ်တပ်၏သေနာပတိဖြစ်သော်လည်း ကျိုးဝေ့ချင်းကတော့ စစ်တပ်အတွင်းရှိ အဖွဲ့များကိုမသိပေ။ သူဖျော့တော့စွာ ပြန်မေးလိုက်သည်။
“ဘယ်လိုအဖွဲ့မျိုးတွေရှိလဲခင်ဗျာ။”
“တကယ်တော့ အဖွဲ့တွေကအမျိုးမျိုးရှိတယ်။ အခြေခံတပ်သားတွေရဲ့ အလုပ်တွေကတူပေမယ့် လိုအပ်ချက်တွေ…စစ်ဆေးစမ်းသပ်ချက်တွေနဲ့ လေ့ကျင့်ခန်းတွေက မျိုးစုံပဲ။ ဥပမာ ခြေလျင်တပ်ဆိုရင် သက်လုံကောင်းရမယ်။ စစ်မြေပြင်မှာ သူတို့ကအလုပ်အရှုပ်ဆုံးပဲလေ။ နေရာတိုင်းကို ပြေးလွှားသွားနေရတယ်။သက်လုံကောင်းပြီး အပြေးသန်မှ တိုက်ပွဲမှာ အသက်ရှင်နိုင်မယ့်အခွင့်အရေးပိုများလိမ့်မယ်။စစ်တပ်ရဲ့အဖွဲ့အများစုက ခြေလျင်တပ်ကပဲစတယ်လေ။ တပ်သားသစ်တွေက ခြေလျင်တပ်မှာ စပြီးလေ့ကျင့်ရတယ်။ အခြားတပ်ဖွဲ့တွေလဲအများကြီးရှိသေးတယ်။ စစ်ရထားတပ်ဖွဲ့…ရိက္ခာထောက်/ပို့တပ်ဖွဲ့…ချက်ပြုတ်ရေးအဖွဲ့ တွေပေါ့။ ဒါပေမယ့် အများစုက နောင်မှာရာထူးတက်မှာမဟုတ်ဘူး။”

ပြောပြီးသည့်နောက် သူပြောခဲ့သည့်အကြောင်းများကို အထင်သေးသည့်ဟန်ဖြင့် ပါးစပ်ကိုမဲ့ရွဲ့ပစ်လိုက်သည်။

စစ်မြေပြင်၏အခွင့်အလမ်းများအကြောင်းကို ကြားပြီး ကျိုးဝေ့ချင်း၏ စောစောကစိတ်အားထက်သန်မှုများ ကြက်ပျောက်ငှက်ပျောက်သွားတော့သည်။
“အိုး……စစ်ထဲဝင်တယ်ဆိုတာ စစ်မြေပြင်မှာတကယ်တိုက်ရမှာကိုပြောတာပဲဟ။”
သူ့မှာမည်သည့်အတွေ့အကြုံမှ မရှိပေ။တိုက်ပွဲတွင်သာ အမြောက်မှန်ပြီးသေလျှင် လုံးဝတန်မှာမဟုတ်ပေ။
“အဟမ်း……အရာရှိအစ်ကိုကြီး…ကျွန်တော်နည်းနည်းလောက်စဉ်းစားလို့ရနိုင်မလား။”
သေရမှာကြောက်ခြင်းက လူ့သဘာဝပင်ဖြစ်သည်။အထူးသဖြင့် ကျိုးဝေ့ချင်းကဲ့သို့သော လူများဖြစ်သည်။ သူသည်အသက် ၁၆ နှစ်အရွယ်ဟုထင်ရသော်လည်း ၁၃ နှစ်သာရှိသေးသည်။

Comment

Leave a Reply

Options

not work with dark mode
Reset