Switch Mode

Chapter – 4

အမကြီး နားလည်မှုလွဲမှာ ငါ စိုးရိမ်တယ် ( ၄ )

ရတနာတန်ခိုးရှင်၏ ကံကြမ္မာ
မူရင်း – Tang Jia San Shao

အခန်း (၄) အစ်မကြီးနားလည်မှုလွဲမှာငါစိုးရိမ်တယ် – ၄

“မင်းသမီး မလုပ်နဲ့” နီရာ တီဖူရာကိုရပ်တန့်ဖို့ကြိုးစားရင်း အထိတ်တလန့် အော်ဟစ်လိုက်သည်။ သို့သော်တီဖူရာမှာ အလွန်ပင်ဒေါသထွက်နေသည်။ သူမ၏ညာလက်နှင့် နီရာ့ကိုဆွဲမြှောက်လိုက်ပြီး ဘယ်လက်ကို ကျိုးဝေ့ချင်းဘက်ဆန့်ထုတ်လိုက်သည်။

နီရာမှာ တီဖူရာထက် အဆင့်နှစ်ဆင့်မြင့်သည့် ကောင်းကင်ကျင်းစွမ်းအင်အဆင့်ကိုး ချီသခင် တစ်ယောက်ဖြစ်သော်လည်း ရုပ်ဝတ္ထုရတနာ မနိုးထဘဲနှင့် တီဖူရာကိုရင်မဆိုင်ရဲပေ။ သူမ တီဖူရာ၏ညာလက်တွင် ချုပ်ကိုင်ထားခံနေရသည့်အချိန်တွင်းမှာပင် တီဖူရာက ကျိုးဝေ့ချင်းကိုတိုက်ခိုက်လိုက်သည်။

တီဖူရာ၏ဘယ်လက်ရှိ ပတ္တမြားမှ အလင်းရောင်လက်သွားပြီး ဦးခေါင်းအရွယ်မီးဘောလုံးတစ်ခုထွက်လာသည်။ မီးဘောလုံးက ကျိုးဝေ့ချင်းဆီသို့ တရှိန်ထိုးထွက်သွားပြီး ကျောကုန်းကိုထိမှန်ကာ ပြင်းထန်စွာပေါက်ကွဲသွားသည်။

ကျိုးဝေ့ချင်း နာကျင်စွာအော်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ မြေပြင်ပေါ်တွင်လိမ့်ထွက်သွားပြီး ၅မီတာအကွာထိရောက်ရှိသွားသည်။ သူ့ကျောပြင်တစ်ခုလုံး အသားစများနှင့် သွေးများကမြင်မကောင်းအောင်ရှိနေပြီး ဆိုးဝါးသည့်မီးလောင်ညှော်နံ့များ ထွက်နေသည်။

” မင်း……မင်း……”
ကျိုးဝေ့ချင်း အားအကုန်စုလိုက်ပြီး ထိတ်လန့်တုန်လှုပ်နေသည့် တီဖူရာကိုကြည့်လိုက်သည်။ တီဖူရာ ရက်ရက်စက်စက် တိုက်ခိုက်လာလိမ့်မည်ဟု သူတစ်ခါမှမတွေးမိပေ။

တီဖူရာ၏မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူလျော်နေသည်။ စိတ်လိုက်မာန်ပါတိုက်ခိုက်မိပြီးမှ ဘာလုပ်လိုက်မိပြီဆိုသည်ကို သူမနားလည်လိုက်သည်။ သူမ၏ ပတ္တမြားမီးဘောလုံး မည်မျှစွမ်းအားပြင်းသည်ကို သူမအသိဆုံးပင်ဖြစ်သည်။ တီဖူရာပျာယာခတ်သွားသည်။ ကျိုးဝေ့ချင်းမှာ စစ်သေနာပတိချုပ်၏သား ဖြစ်သည်။ ယခုအခါ နောင်တရဖို့ပင် နောက်ကျလွန်းနေပြီ။

နီရာမှာ တီဖူရာ၏ ကိုယ်ရံတော်ဖြစ်သောကြောင့် သူမလည်းထိတ်လန့်နေသည်။ သူမတစ်ကိုယ်လုံး ချွေးစေးများထွက်လာသည်။ မင်းသမီးသာ မွေးကတည်းကအမတ်ဘွဲ့ရထားသော စစ်သေနာပတိ၏သားကိုသတ်လိုက်လျှင် နိုင်ငံတစ်ခုလုံး ပရမ်းပတာဖြစ်သွားလိမ့်မည်။ သူမကော တီဖူရာမှာ ကုသနိုင်သည့်အစွမ်းမရှိပါ။ မိန်းမသားနှစ်ယောက်စလုံးမှာ မျှော်လင့်ချက်မဲ့သလိုဖြစ်နေသည်။

ရုတ်တရက် သာယာနေသည့် ကောင်းကင်ကြီးမှာ မည်းမှောင်သွားသည်။ လျှပ်စီးများလက်လာပြီးကျယ်လောင်သည့်မိုးခြိမ်းသံများထွက်ပေါ်လာသည်။ ခဏအတွင်းမှာပင် ကောင်းကင်တစ်ခုလုံးပိန်းပိတ်အောင်မှောင်သွားပြီး မိန်းမပျိုနှစ်ဦး၏နှလုံးသားမှာ ရုတ်တရက်အေးစိမ့်လာသည်။

“ငါ……ငါ…..ဒီလိုမဟုတ်ဘူး”
တီဖူရာသူ့ကိုယ်သူအထိတ်တလန့်ပြောလိုက်သည်။
နီရာ သတိပြန်ဝင်လာပြီး တီဖူရာကိုဆွဲကာပြေးလေသည်။
“မင်းသမီး ရာသီဥတုက အတော်ဆိုးဝါးနေပြီ။ နန်းတော်ကိုမြန်မြန်ပြန်ရအောင်။ ကျိုးအမတ်ငယ်ကို ကယ်ဖို့ အသက်စွမ်းအင် အဓိကရတနာသခင်တစ်ယောက်ကို ရှာခိုင်းလိုက်မယ်။”

ကောင်းကင်စွမ်းအင်မရှိသည့်ကျိုးဝေ့ချင်း၏ ကံကြမ္မာမှာ အသက်ရှင်ရန် အလားအလာအလွန်နည်းသိကို သူမ သိသော်လည်း ယခုအချိန်တွင် ဤနေရာမှချက်ချင်းထွက်ခွာသွားရပေမည်။ မဟုတ်ပါက တစ်စုံတစ်ယောက်ကမြင်သွားလျှင် သူတို့ဒုက္ခရောက်ပေလိမ့်မည်။

ကောင်းကင်လေးအင်ပါယာတွင် မီးစွမ်းအင်အဓိကရတနာသခင်မှာ တီဖူရာတစ်ယောက်တည်း ရှိသည်မဟုတ်ပေ။ အများအပြားပင်ရှိနေသေးသည်။ အခင်းဖြစ်သည့်နေရာကို အချိန်အတော်ကြာသည်အထိ မည်သူမှတွေ့နိုင်မည်မဟုတ်ပါ။ သူတို့တွင် မျှော်လင့်ချက်ရှိနေသေးသည်။

ကျိုးဝေ့ချင်းမှာ မလှုပ်ရှားနိုင်ဘဲ လဲနေသည်။ သို့သော်အဝေးသို့ထွက်ခွာသွားသော ခြေသံနှစ်ခုကိုကြားနိုင်သေးသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ချော်ရည်ပူထဲတွင် နစ်မြုပ်နေသလိုခံစားနေရသည်။ သူ့သွေးများဆူပွတ်နေသလိုခံစားရပြီး အသက်ရှူလိုက်တိုင်း အနီရောင်မြူခိုးများထွက်နေသည်။

သူ့နောက်ကျောရှိဒဏ်ရာမှာ မနာကျင်ဘဲထုံနေသည်။သို့သော်မီးဆိပ်က သူ့ခန္ဓာကိုယ်၏နေရာ တစ်လက်မ မကျန်ပျံ့နှံ့နေသည်။ အသက်စွမ်းအင်ရတနာသခင်တစ်ယောက် ကုသပေးလျှင် သူအသက်ရှင်နိုင်သည်။ယခုအခါမှာ မီးစွမ်းအင်အဆိပ်က သူ့ကိုယ်တွင်းအင်္ဂါများထဲအထိ စိမ့်ဝင်နေသည်။ သူ့ဘဝအဆုံးသတ်ရတော့မည်။

ပင်ကိုယ်သဘာဝအရ ကျိုးဝေ့ချင်းသည် အကောင်းမြင်တတ်သူဖြစ်သည်။ စစ်ဗိုလ်ချုပ်၏သားဖြစ်ပြီး စွမ်းအားမကျင့်နိုင်သော်လည်း သူ့ဘဝကိုစိတ်ဓာတ်မကျဘဲ ထိန်းသိမ်းနေနိုင်သည်။သူမသေချင်သေးပါ။ သူ့မှာလုပ်စရာများစွာရှိနေသေးသည်။

သူ့ဇနီးလောင်း၏လက်ချက်ကြောင့် သူသေရလိမ့်မည်ဟူသော ရိုင်းစိုင်းသည့်စိတ်ကူးကို မည်သည့်အခါကမှ သူမတွေးမိပေ။ သူ တီဖူရာကိုမမုန်းပေ။ သူ့ကို စွမ်းအားလေ့ကျင့်နိုင်သော ခန္ဓာကိုယ်ကိုမပေးသည့် ကောင်းကင်ဘုံကိုသာ သူမုန်းသည်။

သူသာရတနာသခင်တစ်ယောက်ဖြစ်ပါက ကိစ္စအားလုံးမှာ ဆန့်ကျင်ဘက်ဖြစ်သွားပေလိမ့်မည်။ သူ့နှလုံးသားထဲမှ နာနာကျည်းကျည်းပင်ကျိန်လိုက်သည်။
“တီဖူရာ ငါဒီနေ့မသေရင် တစ်နေ့ ငါ့ရှေ့မှာ မင်းဒူးထောက်လာစေရမယ်။ ပြီးရင် မင်းကိုယူဖို့ ငါ့ကိုတောင်းပန်ရမယ်။ အဲ့တော့မှ မင်းဒီနေ့လုပ်သလို ငါမင်းကိုငြင်းရလိမ့်မယ်။”

ကျိန်လိုက်ပြီးသည်နှင့် သူသတိလစ်မတတ်ဖြစ်သွားသည်။လောင်ကျွမ်းပေါက်ကွဲမှုများကိုတောင် သူ့အမြင်တွင်မှုန်ဝါးလာသည်။ ငါ့ဘဝ ဒီလိုပဲအဆုံးသတ်ရတော့မှာပါလား ဟုသူတွေးလိုက်သည်။

ရုတ်တရက် သူ့အပေါ်တွင်ကျယ်လောင်သည့်ပေါက်ကွဲသံကြီးတစ်ခုကိုကြားလိုက်ရသည်။ တစ်ဝက်လောက်သတိလစ်နေသည့် ကျိုးဝေ့ချင်းပင်လန့်နိုးသွားသည်။သူ့မျက်လုံးကိုအားနည်းစွာဖွင့်ကြည့်လိုက်သည့်အခါ သူ့ရှေ့တွင်မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

သူ့ရှေ့တွင် ထူးဆန်းသည့်အနက်ရောင်အက်ကွဲကြောင်းတစ်ခုက လေထုကို ၃ ပေခန့် ကွဲထွက်သွားစေသည်။ လေထဲတွင် ကြီးမားသည့်အနင်ရောင်မျက်လုံးကြီးတစ်လုံး ပွင့်နေသည်။ ကျိုးဝေ့ချင်း၏ပါးစပ်မှာ အံ့သြမှုကြောင့် ပွင့်ဟသွားသည်။ သူ့ပါးစပ်ထဲမှ သွေးများလျှံထွက်လာသည်။

ထိုခဏတွင် ပွင့်နေသောအနက်ရောင်မျက်လုံးမှ ထူးဆန်းသည့်အလင်းတစ်ခုထွက်ပေါ်လာသည်။ ပြီးနောက် အစိမ်းရောင် … အပြာရောင်နှင့် ငွေရောင်များလှည့်ပတ်နေသည့် ကလေးလက်သီးဆုပ်အရွယ် အနက်ရောင်ဘောလုံးပုံစံအရာတစ်ခု ထုတ်လိုက်သည်။

ကျိုးဝေ့ချင်း၏ ပါးစပ်ထဲမှသွေးများက ၄င်းပေါ်ရောက်သွားသည်။ ရုတ်တရက်မယုံကြည်နိုင်စရာကောင်းသည့် အအေးထုကြီးတစ်ခုကအနက်ရောင်အရာ၏ ရှေ့တွင်ပေါက်ကွဲသွားပြီး အလင်းတန်းတစ်ခုကဲ့သို့ကျိုးဝေ့ချင်း၏ ခန္ဓာကိုယ်ကိုအရှိန်နှင်ဆောင့်ချလိုက်သည်။

မီးလောင်ကျွမ်းသည့် အပူများပျောက်ကွယ်သွားပြီး သူခိုက်ခိုက်တုန်အောင်ချမ်းလာသည်။ သူရုတ်တရက် ရေခဲတိုက်ထဲရောက်သွားသလို ခံစားနေရသည်။ သူဆက်ခနဲ နိုးလာပြီးရုတ်တရက် အရာရာတိုင်းကသူ့အတွက် ခရစ်စတယ်တုံးတစ်ခုကဲ့သို့ ရှင်းရှင်းလင်းလင်းဖြစ်နေသည်။

ပုလဲနက်က သူ့ခန္ဓာကိုယ်အတွင်းရှိ တစ်စုံတစ်ခုနှင့်တိုက်ခိုက်ခဲ့ပုံပေါ်သည်။ အသံတစ်ခုနှင့်အတူ ၄င်းကသူ့ပါးစပ်ထဲ ရောက်သွားသည်။ ကျိုးဝေ့ချင်း သူ့လည်ပင်းထဲတွင် ရုတ်တရက်အေးခဲလာသည်ကိုခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကရေခဲလိုဖြစ်သွားသည်။ သူ့သိစိတ်အာရုံတွေအကုန်လုံးအမှောင်ကျသွားပြီး သတိလစ်သွားလေတော့သည်။

ကျိုးဝေ့ချင်းပေါ်တွင်ရှိသော မျက်လုံးကြီးမှာလည်းတဖြည်းဖြည်းပိတ်သွားလေသည်။ မဲမှောင်နေသောကောင်းကင်ကြီးမှာ ကြည်လင်လာပြီး နေရောင်လည်း ကြယ်တာရာသစ်တောထဲတွင် တစ်ဖန်ပြန်လည်တောက်ပလာသည်။ နေရောင်ခြည်များက ရေခဲစမ်းချောင်းရေကန်ထဲသို့ ချက်ချင်းပြန်လည်ကျဆင်းလာသည်။

ရတနာတန်ခိုးရှင်၏ ကံကြမ္မာ
မူရင်း – Tang Jia San Shao

Comment

Leave a Reply

Options

not work with dark mode
Reset