ရတနာတန်ခိုးရှင်၏ ကံကြမ္မာ
မူရင်း -Tang Jia San Shao
အခန်း( ၁ ) အစ်မကြီး နားလည်မှုလွဲမှာ ငါစိုးရိမ်တယ် – ၁
ကောင်းကင်ဘုံလေးအင်ပါ(Heavenly Bow Emperor)၏မြို့တော် ကောင်းကင်ဘုံလေးမြို့ တရားဝင်လမ်းမကြီး။
အလွန်ကျယ်ပြန့်ပြီး အဆုံးမသိရသော အဓိကကုန်းမြေကြီး (ဟောင်းမြောင်တလု) ၏အနောက်ဘက်ပိုင်းဒေသတွင်ရှိသော ကောင်းကင်ဘုံလေးအင်ပါယာသည် မည်သည့်နိုင်ငံကြီးများမှ ဝန်းရံနေခြင်းမရှိသော နိုင်ငံငယ်လေးတစ်ခုဖြစ်သည်။ နိုင်ငံ၏ ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုမှာ လူသားများနေထိုင်ရန်အလွန်သင့်တော်သော အခြေအနေတွင်ရှိသည်။
ယနေ့တွင်ရာသီဥတုမှာ အလွန်သာယာနေပြီး ကျယ်ပြန့်လှသည့်ကောင်းကင်ကြီးမှာ အပြစ်အနာအဆာကင်းစင်သော သလင်းကျောက်တုံးကြီးနှင့်ပင်တူလေသည်။ တစ်စုံတစ်ယောက်တွေ့ရမည့်တစ်ခုတည်းသောအရာမှာ ရှင်းလင်းကြည်လင်လှသည့် ပတ်ဝန်းကျင်ကြောင့် သူ၏မျက်လုံးများကို စူးရှသွားစေမည့်နေရောင်ပင်ဖြစ်လေသည်။
ကံအားလျော်စွာ တရားဝင်လမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် အနှစ်တစ်ရာ နှင့်အနှစ်တစ်ရာကျော်လောက်ရှိမည့် သဖန်းပင်ကြီးများစီတန်းနေသည်။ သစ်ပင်ကြီးများ၏ ထူထဲလှသော သစ်ရွက်များက လမ်းမကြီးတစ်ခုလုံးကိုအရိပ်မိုးလျက်ရှိသည်။
လမ်းမကြီးမှာအင်ပါယာ၏ ကျော်ကြားသောလမ်းမကြီးဖြစ်ပြီး ၁၀၀လီ(50km)ထိရှည်လျားပာ တောတွင်းသို့ပင်ရောက်ရှိလေသည်။ ကောင်းကင်ဘုံလေးမြို့တော်သည် ရေခံမြေခံအလွန်ကောင်းမွန်သည့်နေရာတွင်ရှိပြီး ပထမတန်းစားမြို့တစ်မြို့ဖြစ်သည်။ မြို့တော်ပတ်ပတ်လည်ကို ကြီးမားသည့်သစ်တောကြီးတစ်ခုက ဝန်းရံထားသဖြင့် ကောင်းကင်ဘုံလေးမြို့တော်သည် သစ်တောအလယ်တွင်ရှိသော အဖိုးတန်ရတနာတစ်ပါးကဲ့သို့ဖြစ်နေသည်။
ကောင်းကင်ဘုံလေးအင်ပါယာမှာ အလွန်အင်အားတောင့်တင်းသည့် အင်ပါယာတစ်ခုမဟုတ်သော်လည်း မြို့တော်မှာမူ အတော်အတန်ကျော်ကြားသည်။ မြို့တော်ကိုဝန်းရံထားသည့်သစ်တောများကိုကြယ်တာရာသစ်တော်များဟုခေါ်ပြီး ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ကြယ်တာရာသစ်ပင်များ ပေါက်ရောက်ရာတစ်ခုတည်းသောနေရာဖြစ်လေသည်။ ကြယ်တာရာသစ်ပင်၏ အနှစ်သားကို ထိပ်တန်းအဆင့်လေးများပြုလုပ်ရာတွင် အသုံးပြုသောကြောင့် ကြယ်တာရာသစ်သားမှာ အလွန်အဖိုးတန်သည်။ ထိုကဲ့သို့သော အဖိုးတန်အရင်းအမြစ်များ ပေါများသဖြင့် ကောင်းကင်ဘုံလေးမြို့တော်၏ကြွယ်ဝမှုကို မှန်းဆနိုင်သည်။
ယခုအချိန်တွင်အသက် ၁၅- ၁၆နှစ်ခန့်ရှိမည့် လူငယ်တစ်ဦးသည် တစ်ယောက်တည်းရေရွတ်ရင်း လမ်းမကြီးပေါ်တွင် လမ်းလျှောက်လာနေသည်။
“ပျော်ရွှင်တဲ့သူဖြစ်ဖို့ စိတ်ကိုလေ့ကျင်းထားရမယ်။
ကိစ္စတစ်ခုပြီးမြောက်ဖို့ နှလုံးသားကိုလေ့ကျင့်ထား
ရမယ်။
ကောင်မလေးတွေကိုပိုးရင် အသက်ကြီးတာကိုကာကွယ်ပေးလိမ့်မယ်။
ကလူကျီစယ်ခြင်းက ရောဂါကုသပေးခြင်းဖြစ်တယ်။
တစ်ယောက်ယောက်ကိုချစ်နေခြင်းက နှလုံးသားကိုအမြဲနုပျိုစေလိမ့်မယ်။
အချစ်နာကျခြင်းက အိပ်မပျော်တဲ့ရောဂါကောင်းတယ်။
‘သူရဲကောင်းတွေက လှပတဲ့မိန်းမပျိုတွေနဲ့ ဆုံစည်းလို့မရနိုင်ဘူး’ လို့ သူတို့ခဏခဏပြောနေတယ်။ သူရဲကောင်းကဒီလိုတွေးလိမ့်မလား။ အသုံးမကျတဲ့ကောင်တွေလို မိန်းမလှလေးတွေကို စွန့်ပစ်သင့်လား။ အဲ့မိန်းမလှလေးကရော သူရဲကောင်းကို သူကမကြိုက်ဘူးလို့တွေးမှာလား။
‘ယုန်တွေက သူတို့အသိုက်နားက မြက်ကိုမစားဘူး’ ဆိုတာလည်းရှိသေးတယ်။ ဘယ်ယုန်ကမစားဘဲနေမလဲ။ အခြားယုန်တွေကိုရော စားခွင်းပေးသင့်လား။ မြက်တောင်ဒီလိုမတွေးဘူး။ စားရင်ကောဘယ်သူ့အရေးလုပ်ရမလဲ။ ဘာလို့ရင်းနှီးတဲ့သူတွေကိုမစားခိုင်းရမှာလဲ။
ပြောသေးတယ် ‘မင်းမှာငွေရှိရင်လူဆိုးကိုကျောက်ရုပ်ထုခိုင်းနိုင်တယ်’တဲ့။ လူဆိုးက အကြွေးပေးတယ်ထင်လိမ့်မယ်။ ကျောက်ရုပ်လုပ်တဲ့အလုပ်သမားက မရသင့်ဘူးလား။ ငွေတောင်ဒီလိုတွေးမှာမဟုတ်ဘူး။ လူဆိုးကိုပေးရင် လူဆိုးကအန္တရာယ်မရှိဘူး။ သာမန်လူကိုပေးရင် ရှေ့ဆက်ဖြစ်မယ့်ဟာတွေ ပြောင်းသွားလိမ့်မယ်။ ဟ..ဟ..ဟ။”
လူငယ်မှာ ပုခုံးကျယ်ကျယ်နှင့်အရပ်ရှည်ကာ ကျန်းမာသန်စွမ်းသည့်ဟန်ရှိလေသည်။ အနက်ရောင်ဆံပင်များနှင့် နက်မှောင်သောမျက်လုံးများရှိသည်။ ရှပ်အင်္ကျီကို လက်မောင်းရင်းမှ ခေါက်တင်ပြီးဝတ်ထားသည်။ အသားအရေမှာကြေးနီရောင်တောက်နေပြီး ရုပ်ရည်မှာ အလွန်မခံ့ညားသော်လည်း သူရဲကောင်းဆန်သည့်ပုံစံရှိသည်။ မျက်လုံးများက အရာအားလုံးအပေါ်ကျေနပ်နေသည့်ပုံရှိသည်။ အပြင်ပန်းသွင်ပြင်အရ ရိုးသားသည်ဟုပြောနိုင်သော်လည်း သူပြောနေသည့်စကားများက ရိုးသားခြင်းနှင့်လုံးဝဆန့်ကျင်နေသည်။ အမှန်မှာ မည်သူ့မှမရှိသည့်နေရာတွင် သူ၏အစစ်အမှန်ဇာတိရုပ်ကိုဖော်ပြနေခြင်းဖြစ်သည်။
“ဟင်း……..ကောင်းကင်စွမ်းအင်ကိုကျင့်ယူလို့မရတာ ကံဆိုးတာပဲ။ ဒီနေ့လိုခေတ်မျိုးမှာ ရုက်ချောတာအသုံးမဝင်တော့ဘူး။ ကောင်းကင်စွမ်းအင်နဲ့ ကောင်းကင်ရတနာတွေကပဲ ဘုရင်လိုဖြစ်နေတာ။
အား……..မိုးနတ်မြေနတ်တွေ ။ ဘာလို့ ငါ့ကိုကစားနေတာလဲ။ဘာကြောင့် ငါ…ကျိုးဝေ့ချင်းကို ရုပ်ပဲချောပြီး သွေးကြောပိတ်တဲ့ခန္ဓာကိုယ်နဲ့ မွေးဖွားစေတာလဲ။ ငါ့ကိုကောင်းကင်ရတနာသခင် မဖြစ်စေချင်ဘူး။ အမှိုက်သာသာတွေပဲပေးထားတယ်။အား……။”
အမှန်မှာသူပြောနေသည့်ရုပ်ချောခြင်းသည် သူ့ယုံကြည်မှုဖြစ်သည်။ လူငယ်သည်ကောင်းကင်ကို လက်ချောင်းထောင်ပြလိုက်ပြီးပြောလိုက်သည်။
သူကောင်းကင်ကို အပြစ်မတင်ချင်တော့။လက်ခလယ်ထောင်ပြပြီးမှ သူ့ဘာသာသူ သက်သက်သာသာပြန်ပြောလိုက်သည်။
“အိုး …….ကောင်းပြီလေ။ ကောင်းကင်စွမ်းအင်ကျင့်မရတာလဲ တစ်ဖက်ကကြည့်ရင်ကောင်းပါတယ်လေ။ ဒီအဖိုးကြီးကအမြဲစည်းကမ်းကြီးလွန်းတယ်။ ငါတကယ်လို့ ကောင်းကင်ရတနာသာ နိုးထစေနိုင်ရင် ငါ့ဘဝအကြိမ်တစ်ရာလောက်ဆိုးဝါးသွားမလားပဲ။ သူဌေးသားတစ်ယောက်လို နည်းနည်းပျက်စီးနေတဲ့ ဘဝနဲ့နေရတာ ငါ့ဖို့သိပ်မဆိုးပါဘူးလေ။ အခု ရေပဲသွားချိုးတော့မယ်။”
ပြောပြီးသည်နှင့် သူ့မျက်နှာပေါ်တွင်ရိုးသားသည့်အပြုံးများပြန်လည်ပေါ်ထွက်လာသည်။ အမှန်တကယ်တော့ ကျိုးဝေ့ချင်းကိုသိကြသည့်လူများသာ သူ့အပြုံးနောက်ကွယ်ရှိ ကလိမ်ကျမှုသဘာဝအမှန်ကိုသိကြပေလိမ့်မည်။
ကျိုးဝေ့ချင်းသည်ကောင်းကင်စွမ်းအင်ကို မကျင့်ယူနိုင်သော်လည်း သူ၏နုပျိုသောခန္ဓာကိုယ်မှာ အလွန်ကျန်းမာသန်စွမ်းလေသည်။ သူသည်ယခုနှစ်တွင်မှ ၁၃ နှစ်သာဖြစ်သော်လည်း ၁၅/၁၆နှစ်ဟုထင်နေရသည်။အနည်းဆုံးတော့ သူ့အဖေ၏လမ်းစဉ်အတိုင်းသွားနေရသည်။
ကြယ်တာရာသစ်တောဘက်ကို ၅ လီခန့်လျှောက်ပြီးသောအခါ ကျိုးဝေ့ချင်းသည် သစ်တောထဲကိုရုတ်တရက်ကွေ့ဝင်လိုက်သည်။ သူကသစ်တောထဲတွင်ကြီးပြင်းလာသူဖြစ်သည်။ အထူးသဖြင့် ကောင်းကင်စွမ်းအင်ကိုကျင့်မရဘဲ သွေးကြောများပိတ်ဆို့နေသည်ကိုစမ်းသပ်မိသည့် အသက်၈ နှစ်ကတည်းကဖြစ်လေသည်။
ကျိုးဝေ့ချင်း၏အဖေက သူ့ကိုလေ့ကျင့်ပေးရန် အချိန်မပေးခဲ့ပေ။ ထို့ကြောင့် သူအနှစ်သက်ဆုံးမှာတောထဲတွင် တစ်ယောက်တည်းပြေးလွှားနေခြင်းဖြစ်သည်။ ကြယ်တာရာသစ်တောထဲတွင်ကောင်းကင်သားရဲမရှိပေ။ ကြယ်တာရာသစ်တောသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် အန္တရာယ်အကင်းဆုံးဒေသဖြစ်သည်။
သစ်တောထဲရောက်ပြီး ကျိုးဝေ့ချင်းသည် ပြေးနေကျလမ်းအတိုင်းမျက်လုံးမှိတ်ပြီးပြေးလိုက်သည်။ သူ့လက်ခုံကိုသိသလို ဤနေရာကိုလုံးဝသိသည်။ တစ်နာရီခန့်လျှောက်ပြီး သွားလိုသောနေရာနှင့်နီးလာသဖြင့် ရေစီးသံကြားလိုက်သည်။ ကြည်လင်သာယာသည့်ရေကန်ကို ရောက်တော့မည်မှန်းသိလိုက်သဖြင့် ကျိုးဝေ့ချင်းသည် ခြေလှမ်းကိုခပ်သွက်သွက်လှမ်းလိုက်သည်။ ယနေ့မှာ ပူလှသဖြင့် ကျိုးဝေ့ချင်းသည် အေးမြသောရေကန်ထဲတွင်အနားယူချင်နေသည်။
ကြယ်တာရာသစ်တောနှင့်မဝေးလှသောနေရာတွင် ရေကန်တစ်ကန်ရှိသည်။ ရေများမှာမြေအောက်ရေခဲစမ်းချောင်းတစ်ခုမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။ ရေကန်မှာ အချင်း မီတာ ၁၀၀ ခန့်ရှိပြီး သစ်ပင်ကြီးများဝန်းရံနေသည်။ ဤကန်ကို လူအများစုမသိကြပေ။ သို့သော် လွန်ခဲ့သည့်အချိန်က ၄င်းကို ကျိုးဝေ့ချင်းမတော်တဆတွေ့ခဲ့သည်။ သူသည်ရေကို သဘာဝအရနှစ်သက်ပြီး သူငယ်ချင်းလည်းမရှိသောကြောင့် အချိန်အများစုကို ရေကန်ထဲတွင် ရေချိုးခြင်း အနားယူခြင်းများဖြင့်သာ ကုန်ဆုံးစေခဲ့သည်။
သစ်ပင်ကြီးများဘက်သို့သွားပါက ညာဘက်တွင်ရေခဲစမ်းချောင်းရေကန်ကိုတွေ့နိုင်သည်။ ကျိုးဝေ့ချင်းက ရေထဲကတစ်ခါတည်းဒိုက်ဗင်ထိုးမဆင်းသေးဘဲ အဝတ်များကိုချွတ်၍ဘေးတွင်ချလိုက်သည်။ ရေစပ်တွင်စောင့်ကြောင့်ထိုင်ပြီး ရေထဲကသူ့အရိပ်ကိုကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။
“ငါ ဒီတစ်ခါပိုချောလာပြီ”
ရေထဲကအရိပ်ကိုကြည့်ရင်းရုတ်တရက်ဗွမ်းခနဲရေထဲကျသံတစ်ခုကိုကြားလိုက်သဖြင့် ကြည့်လိုက်ရာ သူ့ကိုကြိုဆိုနေသော အံ့သြဖွယ် မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရသဖြင့် ငေးစိုက်ကြည့်နေမိသည်။
ရေကန်၏ တစ်ခြားဖက်တွင် တစ်စုံတစ်ဦးက ရေထဲသို့ခုန်ချလိုက်သည်။ နေရောင်ခြည်က ရေကန်ထဲကို တောက်ပစွာကျရောက်နေသောကြောင့် ပတ်ဝန်းကျင်တစ်ဝိုက်တွင်ရွှေဝါရောင်များ ဖြာထွက်နေသည်။ ရေလှိုင်းများအလယ်ရှိ ပန်းရောင်ဆံပင်နှင့် ဦးခေါင်းတစ်လုံးက ကျိုးဝေ့ချင်း၏စိတ်အာရုံကို ဖမ်းစားထား၏။
ရေခဲစမ်းချောင်းရေကန်သည် လှပပြီး အနက်တစ်မီတာလောက်သာရှိသည်။ ရေကန်ထဲသို့ခုန်ဆင်းသွားသောမိန်းမပျိုက ကျိုးဝေ့ချင်းကိုနောက်ခိုင်းထားသည်။ ကန်ရေများကသူမတင်ပါးများကို ကာကွယ်ထားသော်လည်း သေးသွယ်သောခါးနှင့် ညှို့ဓာတ်ပါသောပုံရိပ်ကိုတွေ့မြင်နေရသည်။
“ဒါ….ဒါ”
‘ဖူး’ဟူသည့်ပေါ့ပါးတိုးတိတ်သောအသံနှင့်အတူ ကျိုးဝေ့ချင်း၏နှခေါင်းမှ သွေးစီးကြောင်းနှစ်ခုကျလာသည်။ သူသည်လိင်ကိစ္စများကိုအရွယ်နှင့်မလိုက်အောင်မကြာခဏစိတ်ကူးယဉ်တတ်သော်လည်း အသက် ၁၃ နှစ်အရွယ်မြီးကောင်ပေါက်မျှသာဖြစ်၍ အကြောင်းမဟုတ်ပေ။ ဝတ်လစ်စားလစ် မိန်းမပျိုတစ်ယောက်ကို ပထမဆုံးအကြိမ် နီးနီးကပ်ကပ်မြင်ရခြင်းသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသဖြင့် နှာခေါင်းသွေးကျလာခြင်းဖြစ်သည်။
“ဝိုး……ဒါက အရမ်းတုန်လှုပ်စရာကောင်းတယ်”
ကျိုးဝေ့ချင်းသူ့နှာခေါင်း အမြန်ကိုင်လိုက်သည်။ သို့သော် သူ့မျက်လုံးများက မိန်းကလေးထံမှမခွာပေ။ သူ့ကိုတွေ့နိုင်သည် ဆိုသည်ကိုလဲ လုံးဝမေ့နေသည်။သူ့စိတ်ထဲတွင်တော့ ‘လှည့်လိုက် လှည့်လိုက်’ဟု အကျယ်အော်ဟစ်နေသည်။
ပန်းရောင်ဆံပင်နှင့်မိန်းကလေးသည် သူ့စိတ်ထဲက ဆုတောင်းသံကိုကြားသည့်အလား တဖြည်းဖြည်းလှည့်လာသည်။ သူမသည် ကျိုးဝေ့ချင်းဘက်လှည့်လိုက်ရသဖြင့် စိတ်လှုပ်ရှားနေပုံပေါ်ပြီး သူမ၏လက်များမှာ ရေပြင်ပေါ်ဝဲနေလေသည်။