Switch Mode

Chapter – 137

မြို့အရှင်စံအိမ်၏ စီးပွားရေးအသစ် (၂)

အပိုင်း ၁၃၇
မြို့အရှင်စံအိမ်၏ စီးပွားရေးအသစ် (၂)

ဝမ်ရှန်းမှ သားရဲများကို မကောက်ယူ နိုင်ခင်မှာပင် ထိုမိန်းမပျိုများသည် လျင်မြန်စွာ လှုပ်ရှားကာ ကြီးမားသည့် သားရဲတစ်ကောင်ကို ဝမ်ရှန်း၏ အသားလှီးခုံပေါ်သို့ တင်လိုက်၏။

“ညီလေး၊ မင်းက တစ်ကောင်ကို အရင်လုပ်ပြပြီး သူတို့ကို လေ့လာကြည့်ခိုင်းလိုက်”

ရုတ်တရက် အိမ်တော်ထိန်းမှ ပြောလိုက်၏။

ဝမ်ရှန်းသည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေပြီး အသား စကိုင်ရန် အသားခုံထံသို့ သွားလိုက်သည်။ သို့သော် ရုတ်တရက် သူသည် တစ်စုံတစ်ခုအား တွေးမိသွားကာ ရပ်လိုက်သည်။

သူ၏အပြုအမူကြောင့် အိမ်တော်ထိန်း ကြောင်အ နေစဉ်တွင် ဝမ်ရှန်းမှ ထိုမိန်းမပျိုလေးများအား ပြောလိုက်သည်။

“လက်အရင် ဆေးလိုက်၊ ပြီးရင် ရေနွေးဆူရင် အသားလှီးခုံကို ရေနွေးနဲ့အရင် လောင်းချပြီး ဆေးဦးမယ်”

ထိုစကား ကြားသောအခါ အိမ်တော်ထိန်းမှ စိတ်ကျေနပ်စွာ ခေါင်းညိတ်ကာ ဘာမှ ဆက်မပြောတော့ပေ။ ရေနွေးဆူအောင် စောင့်နေသည့် အချိန်တွင် ထိုကောင်မလေး ခြောက်ယောက်သည်လည်း ဒီတိုင်း မနေနေပေ။ သူတို့သည် သားရဲကောင်များကို အမျိုးအစား ခွဲခြားကာ ပုံလိုက်၏။ သားရဲများထဲတွင် အကောင်ကြီး အကောင်သေး အမျိုးအစား အကုန်ပါဝင်ကာ ဤသားရဲများက အခြား သားရဲများနှင့် ကွဲပြားကြောင်း သိသာပေသည်။

တစ်ချက် ကြည့်လိုက်ရုံဖြင့် ဝမ်ရှန်း နားလည်သွား၏။ ဤသားရဲများသည် လတ်ဆတ်ကာ မြို့အရှင်နှင့် အိမ်တော်ထိန်း အတွက် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း သိသာပေသည်။ အစောပိုင်း၌ အသားလှီးခုံပေါ် တင်လိုက်သည့် သားရဲနှင့် လတ်ဆတ်သည့် သားရဲများကို ဝမ်ရှန်း ကိုယ်တိုင် ကိုင်ရမည် ဖြစ်သည်။ ကျန်သည့် သားရဲများကိုမူ ထိုအမျိုးသမီး ခြောက်ယောက်အား လွှဲပေးရမည်။

အသားမကိုင်မီ လက်ဆေးခြင်းနှင့် အသားလှီးခုံကို ရေနွေးပူဖြင့် ဆေးကြောခြင်းတို့က အိမ်တော်ထိန်းအား အလွန် စိတ်ကျေနပ်စေခဲ့ဟန် ရှိပေသည်။ တစ်ခဏ စောင့်ပြီးနောက် ရေနွေး ဆူလာသည့် အချိန်တွင် ဝမ်ရှန်းသည် လက်ဆေး လိုက်ကာ အသုံးပြုမည့် ပစ္စည်း ကိရိယာများကိုလည်း ရေနွေးဖြင့် ဆေးကြောပြီး အသားကို စကိုင် လိုက်တော့၏။

ဝမ်ရှန်းသည် ထိုနေရာ၌ ရှိနေသည့် သားရဲ အမျိုးအစားများ အားလုံးကို အသေးစိတ် လေ့လာ ထားပြီးသား ဖြစ်ရာ ၎င်းတို့ကို ကိုင်တွယ်ရန်မှာ အလွန် လွယ်ကူပေသည်။ အမွေးချွတ်ရမည့် အကောင်များကို အမွေးချွတ်ကာ အရေခွံနွှာရမည့် အကောင်များကို ဓားမြှောင်ဖြင့် အရေခွံ နွှာလိုက်၏။ ထို့နောက် ဝမ်ရှန်းသည် ယခင် မြို့ပြင်ဘက် ဈေးဆိုင်၌ လုပ်ဆောင်ခဲ့သည့် ပုံစံအတိုင်း အသားများကို စတင်ကာ လုပ်ဆောင် လိုက်တော့သည်။

ဝမ်ရှန်း၏ လုပ်ဆောင်မှုကို အိမ်တော်ထိန်းသည် သဘောတကျ ကြည့်နေခဲ့လေသည်။ သူ၏ အသားကိုင်သည့် နည်းလမ်းသည် အလွန် လှပပေ၏၊ အထူးသဖြင့် အရိုးနှင့် အသားကို နွှင်သည့် အပိုင်း၌ ဖြစ်သည်။

သို့သော် ဝမ်ရှန်း၏ လုပ်ဆောင်ချက်အား မြင်လိုက်ရသည့် အချိန်တွင် ကောင်မလေး ခြောက်ယောက်ကမူ ကြောင်အ သွားခဲ့၏။ သူတို့သည် သူတို့၏ဓားတို၊ ဓားရှည် လေ့ကျင့်မှုများက တိကျ ပြတ်သားသည်ဟု ထင်ခဲ့၏။ သို့သော် ဤကဲ့သို့ မီးဖိုချောင်သုံးဓား အသုံးပြုပုံကို သူတို့ တစ်ခေါက်မှ မမြင်ဖူးခဲ့ပေ။

အစပိုင်းတွင် သူတို့သည် သူတို့ ခေါင်းဆောင်၏ ခွင့်ပြုချက်ဖြင့် အိမ်တော်ထိန်းမှ ဤနေရာသို့ ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမတို့ တွေ့နေရသည့် လူသည် ဝိညာဉ် အဆင့်ထဲ၌ပင် မရှိသည့် သာမန်လူ တစ်ယောက်သာ ဖြစ်၏။  အနည်းဆုံးတော့ သူတို့သည် ထိုလူက ပထမ အဆင့်တော့ ရှိမည်ဟု ထင်ထားခဲ့မိသည်။

သူတို့ဆရာသည် ဤကဲ့သို့သော လူမျိုးနှင့် တိုက်ခိုက် ချင်နေသည်လား… ဝိညာဉ်သခင် အနေဖြင့် သူတို့၏ ဂုဏ်သိက္ခာများက ဘယ်ရောက် သွားသနည်း။

သို့သော် ဝမ်ရှန်း၏ မယုံနိုင်လောက်အောင် သေသပ်လှပသည့် အသားလှီးဖြတ်ပုံကို မြင်လိုက်ရသည့် အချိန်တွင် ထိုကောင်မလေးများ ကြက်သေ သေသွားခဲ့ကြသည်။ သူတို့သည် အသားကို ဝမ်ရှန်းကဲ့သို့ ချောချောမွေ့မွေ့ ကိုင်တွယ်နိုင်မည် မဟုတ်သည့်ပြင် ဝမ်ရှန်းကဲ့သို့လည်း သက်သောင့်သက်သာ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုနေရာ၌ ရှိနေသည့် လူများမှာ ပါးနပ် အကင်းပါးသူများ ဖြစ်ကြသည်။ ဝမ်ရှန်းသည် ဓားကို ကျွမ်းကျင် သပ်ရပ်စွာ ကိုင်တွယ်ပုံအား ကြည့်ရုံဖြင့် လက်နက်များကို လေ့ကျင့် အသုံးပြုရာ၌ သေချာပေါက် ကောင်းမွန်မည် ဖြစ်ကြောင်း သိလိုက်၏။ သေးငယ်သည့် သားရဲတစ်ကောင်အား သတ်ဖြတ်ခြင်းသည် ဝမ်ရှန်းအတွက် အလွန်ပင် လွယ်ကူပေလိမ့်မည်။

ယခုအချိန်တွင် ထိုမိန်းကလေး ခြောက်ယောက်သည် အိမ်တော်ထိန်းမှ သူတို့အား ဖိအားပေးစရာပင် မလိုတော့ပေ။ သူတို့ကိုယ်တိုင် ကြိုးစားကြည့်ချင်စိတ် ဖြစ်နေလေပြီ။

ဤသားရဲများအား အသားကိုင်ရာတွင် ဝမ်ရှန်းသည် သပ်ရပ် သေသပ်သည့် အပြင် နောက်ထပ် စံနှုန်းတစ်ခုလည်း ရှိသေးပေသည်။ ထိုအရာမှာ သူသည် သန့်ရှင်းမှုကို အထူး ဦးစားပေးခြင်း ဖြစ်၏။ မသန့်ရှင်းသည့် အစိတ်အပိုင်း တစ်ခုခုကို ကိုင်ရသည်နှင့် သူသည် ထိုအစိတ်အပိုင်းကို ရေနွေးပူဖြင့် ချက်ချင်း ဆေးကြောပစ်လေ့ ရှိပြီး ဓားမြှောင်နှင့် သူ၏လက်များကိုလည်း အလွန် သန့်ရှင်းစွာ ထားထားသေး၏။  ဝမ်ရှန်းအား ကြည့်နေသည့် အိမ်တော်ထိန်းသည် ခေါင်းတညိတ်ညိတ် ဖြစ်နေလေတော့သည်။

ဤအသားတို့အား နောက်ဆုံးတွင် သူနှင့် မြို့အရှင်တို့က စားသောက်မည် ဖြစ်သောကြောင့် ဝမ်ရှန်း အသားကိုင်ပုံကို အိမ်တော်ထိန်းသည် စောင့်ကြည့် ရပေသည်။ ထိုကဲ့သို့ ကြည့်နေသည့် အချိန် ဝမ်ရှန်းမှာ အလွန် သန့်သန့်ရှင်းရှင်း ပြုလုပ်ကြောင်း မြင်လိုက်ရသဖြင့် သူ အလွန် စိတ်သက်သာရာ ရသွားခဲ့၏။

ကျန်သည့် သားရဲများကို မိန်းကလေး ခြောက်ယောက် ကိုင်ရသည့် အခါ၌ ဝမ်ရှန်းကဲ့သို့ ကြည့်၍ မကောင်းလှချေ။ မိန်းကလေး ခြောက်ယောက်သည် လှပကာ မျက်စိပသာဒ ရှိလှသော်လည်း အသားများ ကိုင်သည့် အချိန်တွင် သူတို့၏ လှုပ်ရှားမှုများသည် စည်းချက် မကိုက် ဟန်ချက်မညီ ဖြစ်နေသည်။

အထူးသဖြင့် သူတို့သည် အတွေ့အကြုံ အနည်းငယ်မျှ မရှိသော်လည်း ဝမ်ရှန်း၏ လှုပ်ရှားမှုများ အတိုင်း လိုက်လုပ်နေသော ကြောင့်ပင်တည်း။ ထိုဖြစ်ရပ်သည် အခြားသူများ အတွက် ဟာသ သဖွယ် ဖြစ်နေသည်။

မည်သို့ပင်ဖြစ်စေ မသေသပ် မလှသော်လည်း အဆုံး၌ သူတို့သည် သားရဲများ အားလုံးကို ကိုင်တွယ်ပြီးစီး သွားခဲ့သည်။ ထို့နောက် သူတို့သည် အသားများကို ဝမ်ရှန်း ပြောသည့်အတိုင်း လှီးဖြတ်ကာ အိုးများထဲသို့ ထည့်ပြုတ်ရန် အသင့်ဖြစ်နေ၏။

သားရဲ အသားများကို မချက်ပြုတ်ခင်တွင် ဝမ်ရှန်းသည် အရသာ ထူးခြားသည့် သားရဲအချို့ကို တမင်သက်သက် ဖယ်ထုတ် ထားလိုက်သည်။ ဤသားရဲများ၏ အသားများကို အခြားသားရဲ အသားတို့ နှင့်အတူ အိုးများထဲသို့ ထည့်၍ မရပေ။ ထိုသို့ အတူရောနှော၍ ချက်ပါက အရသာ ပျက်သွားပေလိမ့်မည်။

ဝမ်ရှန်းသည် မြို့အရှင် စံအိမ်နှင့် အိမ်တော်ထိန်းတို့ အတွက် ထိုအရသာ ထူးခြားသည့် အသားများကို သတ်သတ်အိုးကြီး တစ်လုံးထဲသို့ ထည့်စေပြီး အခြား အသားများကိုမူ အိုး ၅ အိုး အတွင်းသို့ အညီအမျှ ခွဲထည့် စေလိုက်သည်။ ထို့နောက် ဝမ်ရှန်း၏ ညွှန်ကြားချက် အတိုင်း အသားများကို တည်ထား လိုက်တော့၏။

ယခု တစ်ကြိမ်တွင် ဝမ်ရှန်းသည် ဘာကိုမှ သူကိုယ်တိုင် လုပ်စရာ မလိုပေ။

ပါးစပ်ဖြင့် ပြောဆို ညွန်ကြားရုံသာ ပြုလုပ် ရလေသည်။ အရင်တစ်ခါ ချက်တုန်းက ကဲ့သို့ပင် ပထမဦးစွာ တစ်ရည် အရင်ပြုတ်လိုက်ပြီး ဒုတိယ တစ်ရည်မှာမှ ဟင်းခတ် အမွှေးအကြိုင်များကို ထည့်ခြင်းဖြစ်၏။

ဝမ်ရှန်းသည် ထိုမိန်းကလေးတို့အား ဟင်းခတ် အမွှေးအကြိုင်များကိုလည်း ဘာအရာက ဘာဆိုသည်အား ပြောပြပြီး ရောစပ်ရမည့် အချိုးအဆကိုပါ ပြောပြ ထားလိုက်သည်။ သူတို့သည် အမွှေးအကြိုင်များကို သန့်ရှင်းသည့် အဝတ်စ အတွင်း၌ ရောစပ်ကာ ရေနွေးပူပူ အတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် အရသာရှိရန် အတွက် မီးအပူကို ထိန်းပေးရန်သာ လိုအပ် ပေတော့သည်။

ယခုတစ်ကြိမ်တွင် ဝမ်ရှန်းသည် သူ ဝူရုံမြို့သို့ ရောက်လာ ပြီးနောက် ခက်ခက်ခဲခဲ ပြုလုပ်ထားသည့် သန့်စင်ပြီးသား ဆားများ အားလုံးကို အသုံးပြု လိုက်ရတော့သည်။ သူတွင် ရှိထားသမျှ ဆားတို့ ကုန်သွားသည့်အတွက် ညနေပိုင်းတွင် ဝမ်ရှန်း ဆား ထပ်မံ လုပ်ရ ပေဦးမည်။

ယမန်နေ့က ဝမ်ရှန်းသည် မီးဖိုချောင် အတွင်း၌ ချက်ပြုတ်ခဲ့ခြင်း ဖြစ်၏။ သို့သော် ယနေ့တွင် သူ၏ခြံဝန်း တစ်ခုလုံး အိုးများ၊ မီးဖိုများဖြင့် ပြည့်နေလေသည်။ တစ်ခဏမှ အကြာတွင် ရေဆူပွက်လာပြီး တစ်လမ်းလုံး၌ မွေးပျံ့သည့် ဟင်းနံ့များဖြင့် ပြည့်နှက် သွားတော့သည်။

ဟင်းရည် စောင့်နေသည့် အချိန်တွင် အိမ်တော်ထိန်းသည် ဤစွပ်ပြုတ်က ဘာစွပ်ပြုတ်လဲဟု ဝမ်ရှန်းအား မေးမြန်းခဲ့၏။ ဤစွပ်ပြုတ်သည် အမျိုးမျိုးသော အသားများကို ရောစပ်ကာ ဟင်းခတ် အမွှေးအကြိုင်များ ထည့်ပြီး မီးအေးအေးဖြင့် အချိန်ယူ ပြုတ်ရသည့် အရသာရှိသော စွပ်ပြုတ်ဖြစ်ကြောင်း ဝမ်ရှန်းမှ ရှင်းပြလိုက်သည်။

ထို့နောက် အိမ်တော်ထိန်းသည် သူ၏လူများကို မြို့အရှင် အတွက် အထူးပြုလုပ် ထားသည့် စွပ်ပြုတ်အိုးအား ညွှန်ပြကာ အိုးကို မြို့အရှင် စံအိမ်ထံသို့ သယ်သွား ခိုင်းလိုက်သည်။

ဤအရာသည် စွပ်ပြုတ်အိုး တစ်လုံးမျှသာ ဖြစ်၏၊ ဝမ်ရှန်း စိတ်ထဲ ထားနေမည် မဟုတ်ပေ။ ဤချက်ပြုတ်သည့် နည်းလမ်းကို သူတို့ သိထားခြင်းကလည်း ကောင်းပေသည်။ ထိုကဲ့သို့ဆိုလျှင် အကြိမ်တိုင်း သူကိုယ်တိုင် ကိုယ်လုပ်နေစရာ မလိုတော့ပေ။ အခြားလူများကို လုပ်ခိုင်း၍ ရနေပြီဖြစ်၏။

ဝူရုံမြို့ မြို့တွင်းပိုင်းတွင် နေ့လယ်ခင်း တစ်နေ့လယ်လုံး၌ မွှေးပျံ့သည့် စွပ်ပြုတ်နံ့များဖြင့် ပြည့်နှက် နေခဲ့သည်။ ထို့နောက် ညနေပိုင်း အားလုံး ဗိုက်ဆာလောက်သည့် အချိန်တွင် ဝမ်ရှန်း စွပ်ပြုတ်အိုးများအား မီးသတ်လိုက်၏။

စွပ်ပြုတ်ကို အိုးတွင်းမှ ထုတ်လာပြီး နောက်တွင် သူသည် အအေးခံသင့်သည့် အစိတ်အပိုင်းများကို အရင် အအေးခံ လိုက်သည်။ ထို့နောက် ဝမ်ရှန်း ထိစရာပင် မလိုဘဲ ခြေတံရှည် အလှလေး ခြောက်ယောက်သည် ထိုစွပ်ပြုတ်များကို မှာယူထားသည့် ဝမ်ရှန်း၏ ခြံဘေး ပတ်ဝန်းကျင်မှ ခြံဝန်းများထံသို့ လိုက်လံ ပို့ဆောင် လိုက်သည်။

ပေးစရာ ရှိသည်များကို ပေးပြီး ကျန်သည့် စွပ်ပြုတ်များ အတွက်မူ ဝမ်ရှန်းသည် ဘာလုပ်ရမည်ကို မတွေးမိသေးစဉ်မှာပင် အိမ်တော်ထိန်းသည် စားရန် ပါးစပ်ပြင်နေပြီ ဖြစ်၏။

“ညီလေး၊ မြို့အရှင် စံအိမ်က မင်းရဲ့ စွပ်ပြုတ်ချက်နည်းကို ဝယ်လိုက်ပြီနော်။ အခုကစပြီး မင်း ဒီစွပ်ပြုတ်ချက်တဲ့ နည်းကို တခြားလူတွေကို ပြောပြလို့ မရတော့ဘူး”

အိမ်တော်ထိန်းသည် ထိုသို့ပြောကာ လက်တစ်ဖက် ဝှေ့ယမ်း လိုက်၏။ ထို့နောက် ကြီးမားသည့် သေတ္တာ တစ်လုံးကို သယ်လာသည့် လူနှစ်ယောက် ဝမ်ရှန်း၏ ခြံဝန်းတွင်းသို့ ရုတ်တရက် ရောက်လာခဲ့သည်။

“မင်းဘာသာ မင်းတော့ ချက်ပြီး ရောင်းလို့ရတယ်၊ ဒါပေမယ့် ဒီချက်ပြုတ်တဲ့ နည်းလမ်းကိုတော့ တခြားလူတွေကို ပြန်ပြောပြလို့ မရဘူး။ ဘယ်လိုလဲ”

“ကောင်းပြီလေ”

ဝမ်ရှန်းထံတွင် ငြင်းစရာ ဘာအကြောင်းမှ မရှိပေ။ ထိုနည်းလမ်းသည် အသားများကို ချက်ပြုတ်သည့် နည်းလမ်း တစ်ခုသာ ဖြစ်၏၊ အဖိုးထိုက်တန်သည့် အရာတစ်ခု မဟုတ်ပေ။ သို့သော် ဝမ်ရှန်းသည် ဟင်းချက် အမွှေးအကြိုင်များအား ရုတ်တရက် အမှတ်ရ သွားကာ အလျင်အမြန် သတိပေးလိုက်၏။

“အဲဒါတွေ အားလုံးကို သဘောတူပါတယ်၊ ဒါပေမယ့် အစ်ကိုကြီး၊ အစ်ကိုကြီး အဲ့ဟင်းခတ် အမွေးအကြိုင်တွေကို သတိထားဖို့ လိုသေးတယ်”

“စိတ်မပူပါနဲ့၊ အဲ့ဒါက ဘာလဲ ဆိုတာကို ဘယ်သူမှ သိမှာ မဟုတ်ပါဘူး”

အိမ်တော်ထိန်းမှ ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

“နောက်ကျရင်၊ မြို့အရှင် စံအိမ်က နောက်ထပ် စီးပွားရေးတစ်ခု လုပ်တော့မှာ။ ပေါင်းစပ်ထားတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေကို အဓိကထားပြီး ရောင်းတော့မှာ။ ညီလေး မင်းသာ ပါးစပ်လုံရင် ရပါပြီ”

ကြီးမားသည့် သေတ္တာအား ပုတ်ပြကာ အိမ်တော်ထိန်းမှ ပြောလိုက်သည်။ ထို့နောက် သူသည် ထွက်ခွာရန် ပြင်လိုက်၏။

ထိုအချိန်တွင် လူအုပ်ကြီးသည်လည်း စတင် လှုပ်ရှားလာခဲ့ကာ ခြံဝန်းအတွင်းရှိ ဒယ်အိုးများ အားလုံးကို စတင် သိမ်းဆည်း လိုက်သည်။ သူတို့၏ လှုပ်ရှားမှုများကို တစ်ချက် ကြည့်လိုက်ရုံဖြင့် သူတို့သည် သာမန် အလုပ်သမားများ မဟုတ်ဘဲ ဝိညာဉ်သခင်များ ဖြစ်ကြောင်း သိသာပေသည်။

အားလုံး သိမ်းဆည်း ပြီးသွားသည်အထိ ဝမ်ရှန်း စောင့်နေလိုက်ကာ ရှင်းလင်းသွားသည့် သူ၏ခြံဝန်းအား ကြည့်လိုက်သည်။ ယခုအချိန်တွင် သူ၏ခံစားချက်ကို ဘယ်လို ဖော်ပြရမည်ပင် သူမသိပေ။

“စီးပွားရေးအသစ် ဟုတ်လား။ ဝူရုံမြို့ရဲ့ မြို့အရှင်က ဟင်းခတ် အမွှေးအကြိုင် ၁၃ မျိုးကို ရောင်းတော့မယ်ပေါ့… မိုက်တယ်။ တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားနေပြီ”
***

Comment

Leave a Reply

Options

not work with dark mode
Reset