Switch Mode

Chapter – 28

ငရဲအဆင့်၏ ကြောက်မက်ဖွယ်ကောင်းပုံ

Chapter – 28 ငရဲအဆင့်၏ ကြောက်မက်ဖွယ်ကောင်းပုံ

အစောင့် လက်ရွေးစင်ညယုန်များ အကုန်သေသွားသောအခါ ဘော့စ် ဝီလီတစ်ကောင်သာ ကွင်းပြင်ထဲတွင် ကျန်ရစ်တော့၏။  ထိုအချိန်တွင် ဘော့စ်ဝီလီက မြေပြင်ထက်တွင် လဲလျောင်းနေပြီး မကြာခဏဆိုသလိုပင် ကျောကို ကုတ်နေလေသည်။ ထို့အတူ သူက သူ့လက်အောက်ငယ်သားများ ပျောက်ဆုံးသွားသည်ကိုလည်း သတိမပြုမိလိုက်ချေ။

“အားလုံး… အားပြန်ဖြည့်ထားကြ… ခဏနေရင် မင်းတို့ကို ဘော့စ်ဝီလီကို တိုက်ခိုက်ရမဲ့နည်းလမ်း ရှင်းပြမယ်… “

အရင်ဆုံးရှီဖုန်းက အားလုံးကို စိတ်သက်သာရာ ရစေချင်သည်။ ဝီလီနှင့် တိုက်ခိုက်မည့် တိုက်ပွဲသည် လွယ်ကူလိမ့်မည် မဟုတ်ပေ။ တိုက်ပွဲတွင် အားလုံးက အာရုံစူးစိုက်မှု အမြင့်ဆုံးဖြင့် တိုက်ခိုက်ကြရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမှားလေးတစ်ခုကပင် သူတို့အားလုံးကို မြေမြုပ်ပစ်နိုင်သောကြောင့် ဖြစ်၏။

ရှီဖုန်း၏ အမိန့်ကို ကြားသည်နှင့် အားလုံးက အနားယူရန် ထိုင်ချလိုက်သည်။ ထို့နောက် သူတို့၏ အကောင်းဆုံးအခြေအနေသို့ ပြန်ရောက်ရန် အစားအသောက်များ ထုတ်ယူကာ စားသောက်လိုက်ကြသည်။

ရှီဖုန်းက လက်ကို ဝေ့ယမ်းပြီး စွမ်းရည်ပြဇယားကွက်ကို ထုတ်ဖော်လိုက်သည်။

စောစောကပင် သူက အဆင့် နှစ်သို့ ရောက်ခဲ့သည်။ အသူရာဓားသွားကြောင့်  သူက တခြားသူများထက် အခမဲ့စွမ်းရည်အမှတ် ၂မှတ်ကို ပိုရ၏။ ထို့ကြောင့် သူ၏ အမှတ်များဖြင့် ရွေးချယ်နိုင်မှုသည် သာမန်ကစားသူများထက် အနည်းငယ် ပို၍သာ၏။

အစပိုင်းတွင် ဓားသမားတစ်ယောက်က သွက်လက်မှု အမှတ်၂၀ ရှိနေလျှင် လုံလောက်ပြီဖြစ်သည်။ သို့သော်လည်း ရှီဖုန်းက သူ၏ သွက်လက်မှုကို အမှတ်၃၀အထိ တိုးလိုက်သည်။ သွက်လက်မှု အမှတ်၃၀သို့ ရောက်လျှင် ခန္ဓာကိုယ် ပျော့ပြောင်းမှုက ပို၍ တိုးလာလိမ့်မည်ဖြစ်သည်။ ထို့နောက် ကျန်သည့်အမှတ်များကို ရှီဖုန်းက သန်မာမှုတွင် ပေါင်းထည့်လိုက်သဖြင့် ဘော့စ်နှင့် တိုက်ခိုက်ရာတွင် ပိုမိုလွယ်ကူလာတော့မည် ဖြစ်သည်။

ရှီဖုန်း၏ ကိုယ်ပေါ်တွင် ကြေးအဆင့် အိုင်တမ် ၃ခု၊ ထူးခြားသံ လက်စွပ်နှင့် မှော်လက်နက်တစ်ခု ရှိလေသည်။ ထို့ကြောင့် သူ၏စွမ်းရည်များက အခြေခံလိုအပ်ချက်ကို ပြည့်မီသည်ဟု ဆိုနိုင်သည်။

ဇာတ်ကောင် = ရီဖုန်း (လူသား)

နိုင်ငံ = စတားမွန်း

ဘွဲ့နာမည် = စစ်သည်တစ်ထောင်အလား ခွန်အားရှိသူ

အလုပ် = ဓားသမား

အဆင့် ၂

HP 520/520

တိုက်ခိုက်မှုစွမ်းအား = ၈၈

ခုခံမှု = ၃၉

တိုက်ခိုက်မှုနှုန်း = ၁၅

ရွေ့လျားမှုနှုန်း = ၁၃

စွမ်းရည်များ။   ။ သန်မာမှု ၃၂၊ သွက်လက်မှု ၃၀၊ ခံနိုင်ရည် ၂၄၊ ဉာဏ်ထက်မြတ်မှု ၁၃၊ အသက်စွမ်းအင် ၁၃။

ထိုစွမ်းရည်များနှင့်ဆိုလျှင် ရှီဖုန်းက ဝီလီနှင့် တိုက်ခိုက်ရန် ယုံကြည်ချက် ပိုရှိလာသည်။

အားလုံးက မူလအခြေအနေသို့ ပြန်လည်ရောက်နေသည်ကို မြင်သော် ရှီဖုန်းက စတင် ရှင်းပြလိုက်သည်… “ဝီလီဆီမှာ စကေး နှစ်ခု ရှိတယ်… တစ်ခုက သတ်ပွဲလို့ ခေါ်တယ်… သတ်ပွဲစကေးကို သုံးလိုက်ပြီဆိုရင် ဝီလီက မုန်းတီးမှုကို လျစ်လျူရှုလိုက်ပြီးတော့ အနီးဆုံး ကစားသမားတွေကို တိုက်ခိုက်လိမ့်မယ်… ဘလက်ကီနဲ့ အဖော်မဲ့နှင်းက နေရာယူတာကို သေချာဂရုစိုက်ပါ… နောက်စကေးတစ်ခုကတော့ မရဏလက်သည်းလို့ ခေါ်တယ်… ကိုလာ… ဘော့စ်ဝီလီက စကေးကို သုံးတော့မယ်ဆိုရင် ဝေးဝေးမှာနေပါ… အဖော်မဲ့နှင်းက ဝီလီစကေးသုံးပြီဆိုရင် နှောင့်ယှက်ဖို့ လုပ်ပါ… အချိန်ရောက်လာပြီဆိုတာနဲ့ ငါ မင်းတို့ကို အသိပေးမယ်… ဝီလီက အရမ်းဉာဏ်ကောင်းတယ်… အဲ့တာကြောင့် တူညီတဲ့ တိုက်ပွဲနည်းစနစ်တွေကို ခဏခဏ မသုံးကြနဲ့… ကောင်းပြီ… အဆင့်သင့်ဖြစ်ပြီဆိုရင် စတိုက်ကြမယ်… “

“အစ်ကိုဖုန်း… ငါတို့အနေနဲ့ ‌နောက်ထပ် သိထားရမဲ့ဟာတွေ မရှိတော့ဘူးလား… “ ဘလက်ကီက ရှီဖုန်းအနီးသို့ လျှောက်လာပြီး တိုးတိုးလေး မေးလိုက်သည်။

ဤနေရာသည် သေဆုံးခြင်းသစ်တော၏ ငရဲအဆင့် ဖြစ်သည်။ အားလုံးက ကျွမ်းကျင်သူများ မဟုတ်ကြပေ။ သို့သော်လည်း ရှီဖုန်း၏ ရှင်းပြမှုက အရမ်းကို ရိုးရှင်းနေပြီး ဘော့စ်ကို တိုက်ခိုက်ရန်မှာ အလွန်ကို လွယ်ကူနေသည်ဟု သူတို့ ခံစားရသည်။ သာမန်အဆင့်ကိုတောင် လက်ရွေးစင်အဖွဲ့များ မရှင်းနိုင်ကြဘဲ သေဆုံးခဲ့ရသည်။ ဒါဆိုလျှင် ငရဲအဆင့်က ဤမျှအထိ ရိုးရှင်းပါ့မလား။

“အဖွဲ့ခေါင်းဆောင်… ကျွန်တော်တို့ သတိထားရမဲ့ နောက်ထပ် အချက်အလက်တွေ မရှိတော့ဘူးလား… “

လူတိုင်းက အလွန် စိုးရိမ်နေကြသည်။ သူတို့အားလုံးက မျှော်လင့်ချက်မျက်လုံးများဖြင့် ကြည့်ကာ ရှီဖုန်းအား အသေးစိတ်ပြောပြစေရန် တိုက်တွန်းနေကြသည်။ သူတို့က ကျွမ်းကျင်ကစားသမားများ မဟုတ်ကြသောကြောင့် သူတို့နားမလည်သေးသည့် အကြောင်းအရာများ အများအပြား ရှိနေသည်ကို သူတို့ကိုယ်တိုင် သိထားကြသည်။ ရှီဖုန်းအတွက်မူ သာမန်ဟု တွေးထားသည့် အကြောင်းအရာများသည် သူတို့အတွက်တော့ သာမန်အကြောင်းအရာများ မဟုတ်ပေ။

လက်ရွေးစင်များသည် ဘော့စ်များနှင့် မယှဉ်နိုင်ပေ။ လက်ရွေးစင်အဖွဲ့ အများအပြားသည် ဘော့စ်၏လက်ထဲတွင် သေကြေခဲ့ကြရသည်။ သူတို့၏ အိုင်တမ်များက လက်ရွေးစင်အဖွဲ့များထက် သာလွန်နေသော်လည်း သူတို့က ကျွမ်းကျင်မှု မရှိသည့် အဆင့် ၁ ကစားသမားများသာ ဖြစ်၏။ ထို့ကြောင့် သူတို့၏အဆင့်ကို သူတို့ကိုယ်တိုင် ရှင်းလင်းစွာ နားလည်ထားကြ၏။

“မင်းတို့ကောင်တွေ တော်တော် စိတ်ပူနေကြတာပဲ… စိတ်အေးအေးထား… အချိန်ရောက်လာရင် ငါ ခိုင်းတဲ့အတိုင်းပဲ သေချာလုပ်… အဲ့တာကြောင့် တခြားအရာတွေ စိတ်ပူမနေနဲ့… ကိုလာက တိုက်ပွဲစတာနဲ့ ခဏခဏ ရှောင်ဖို့ မမေနဲ့… ကုသသူတစ်ယောက်တည်းက ဘော့စ်ရဲ့ ထိခိုက်မှုကို လိုက်ဖြည့်နိုင်မှာ မဟုတ်ဘူး… “

ရှီဖုန်းက ပြုံးလိုက်သည်။ သူ၏အဖွဲ့ဝင်များက စိတ်ဝင်စားစရာကောင်းသည်ဟု စိတ်ထဲတွင် ခံစားလိုက်ရသည်။ သူတို့က သူတွေးထားသည်ထက်ပင် အချက်အလက်များကို ပို၍ အလေးထားနေကြသည်။ ယခင်ဘဝတွင် ရှီဖုန်းက ရှဲဒိုးအဖွဲ့၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ငရဲအဆင့် မြေအောက်ဘုံများစွာကို အကြိမ်ပေါင်းများစွာ ဝင်ရောက်ခဲ့ဖူး၏။ ထိုအချိန်က လူတစ်ရာ မြေအောက်ဘုံများပင် ရှိ၏။ ထို့ကြောင့် ဘော့စ်အသေးတစ်ကောင်ကို အနိုင်တိုက်ရန် သူက လူသစ်အဖွဲ့ဝင်များကို ကောင်းကောင်း လေ့ကျင့်ပေးနိုင်သည်။

ကိုလာက ရွေးချယ်စရာ မရှိတော့ဘဲ ရှေ့သို့ ပြေးထွက်လိုက်၏။

ကိုလာက ဝီလီ၏ သတိပြုမိနိုင်သည့် အကွာအဝေးအတွင်းသို့ ဝင်လာသည်နှင့် ဝီလီက ရုတ်တရက် ခုန်ထလိုက်သည်။ ၎င်းက ကိုလာကို မြင်သည်နှင့် ပါးစပ်မှ သွားရည်များက စီးကျလာပြီး စတီးလက်သည်းနှစ်ခုကို ယှက်လိုက်ရာ မီးပွားများ ဖြာထွက်သွား၏။ ကိုလာက ဝီလီ၏ သတ်ဖြတ်ခြင်းနှလုံးသားကို နှိုးဆွလိုက်ပြီဖြစ်သည်။ ဝီလီက ချက်ချင်း လက်သည်းနှစ်ခုကို မြှောက်ပြီး ကိုလာဆီသို့ တရကြမ်း ပြေးဝင်သွား၏။

“ကုသဖို့ လုပ်တော့… အဝေးပစ်တိုက်ခိုက်သူတွေက ဝီလီရဲ့ ခြေလက်တွေကို ဦးတည်ပြီး တိုက်ဖို့ ပြင်ထား… “

ဝီလီ၏ ကြောက်မက်ဖွယ်ပုံစံကို မြင်လိုက်သည်နှင့် ရှီဖုန်းက အလျင်အမြန်   အမိန့်ပေးလိုက်သည်။

ရှီဖုန်းက ပြောပြီးသည်နှင့်တစ်ပြိုင်နက် ဝီလီက ကိုလာ၏ ရှေ့သို့ ရောက်သွားပြီဖြစ်သည်။ ကိုလာက မတုန့်ပြန်နိုင်ခင်မှာပင် ဝီလီ၏ ချွန်ထက်သော လက်သည်းကြီးက ကောင်းကင်ထက်မှ ကျလာကာ ကိုလာ၏ လည်ပင်းဆီသို့ ခုတ်ချလိုက်သည်။

“ထန်း… “

ကိုလာက စတီးလက်သည်းများကို သူ၏ ဒိုင်းဖြင့် အလိုလို ကာမိလျက်သား ဖြစ်သွားကာ မီးပွှားအကြောင်း ၃ကြောင်း ဖြစ်ပေါ်လာသည်။ ဒိုင်းပေါ်တွင်လည်း လက်သည်းရာကြီး ၃ခု ပေါ်လာလေသည်။ လက်သည်းထံမှ ပါလာသော အားအင်က အလွန်ပြင်းသဖြင့် ကိုလာက နောက်သို့ ခြေလှမ်း ၅လှမ်း၊ ၆လှမ်းခန့် ဆုတ်လိုက်ရသည်။ ထို့အတူ သူ့ခေါင်းထက်တွင် ထိခိုက်မှု -103က ပေါ်လာသည်။

ကိုလာက ပြန်မတိုက်နိုင်ခင်မှာပင် ဝီလီက သူ၏လက်သည်းကို‌ နောက်တစ်ကြိမ် ဝေ့ယမ်းလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် ကိုလာက ဒိုင်းနှင့်အတူ နောက်သို့ လွှင့်စင်သွားပြီး ထိခိုက်မှု -105မှတ် ပေါ်လာသည်။  ထိုအခိုက်အတန့်တွင် ကုသမှုက ကိုလာ၏ အပေါ်သို့ ကျရောက်သွားပြီး 43HP ကို ပြန်လည်ဖြည့်တင်းပေးလိုက်သည်။ သို့သော်လည်း ဆုံးရှုံးသွားသော ပမာဏနှင့် နှိုင်းယှဉ်ကြည့်လျှင် မပြောမလောက်သော ပမာဏဖြစ်သည်။

အားလုံးကလည်း အံ့ဩနေကြသည်။ ဘော့စ်၏ ရွှေ့လျားမှုနှင့် တိုက်ခိုက်မှုစွမ်းအားက အလွန်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။ ကိုလာကသာ ကြေးအဆင့် အိုင်တမ် နှစ်ခုကို ပိုင်ဆိုင်ထားခြင်း မရှိလျှင် သို့မဟုတ် ဝီလီ၏ တိုက်ခိုက်မှုများကို သူ၏ဒိုင်းဖြင့်သာ မကာခဲ့ပါက ထိုတိုက်ခိုက်မှု နှစ်ခုနှင့်ပင် ကိုကာက သေဆုံးသွားလိမ့်မည်ဖြစ်သည်။

“အဖော်မဲ့နှင်း… ဝီလီဆီသို့ ချာ့စကေး သုံးတော့… ဘလက်ကီက မကောင်းဆိုးဝါး ကြာပွတ်ကို သုံး… “ ရှီဖုန်းက ဤအခြေအနေကို မျှော်မှန်းထားပြီးသား ဖြစ်၏။ ထို့ကြောင် သူက ဘလက်ကို ချုပ်နှောင်းခြင်းစကေးသုံးရန် အလျင်အမြန် ပြောလိုက်ရခြင်း ဖြစ်သည်။

အဖော်မဲ့နှင်းက ချာ့စကေးကို ချက်ချင်း အသုံးပြုလိုက်ပြီး ဝီလီ၏ နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို တားဆီးကာ ကိုလာအား ကယ်တင်လိုက်သည်။

သို့သော်လည်း အဖော်မဲ့နှင်း၏ တိုက်ခိုက်မှုက ဝီလီကို ထိခိုက်မှု -11 သာ ဖြစ်သွားစေသည်။ ထိုထိခိုက်မှုကို ကြည့်ပြီး အဖော်မဲ့နှင်းက ဆွံ့အသွား၏။ သူ၏ စွမ်းရည်အမှတ် အများစုကို သန်မာမှုတွင် ပေါင်းထည့်ထားသည့်အပြင် ကြေးအဆင့် အိုင်တမ် နှစ်ခုကိုလည်း ပိုင်ဆိုင်ထားသေး၏။ သို့သော်လည်း သူ၏ တိုက်ခိုက်မှုက တစ်ဖက်ရန်သူအပေါ် ထိခိုက်မှုအနည်းငယ်ကိုသာ ဖြစ်ပေါ်စေသည်။ သူ၏ ရှေ့တွင် ရှိနေသည့် မွန်းစတားက HP အမှတ်၆၀၀၀ ရှိသော ငရဲအဆင့်မှ နောက်ဆုံးဘော့စ် ဖြစ်သည်။

ထိုအခိုက်တွင် ဘလက်ကီက မန္တန်ရွတ်ဆိုမှု ပြီးဆုံးသွားပြီး မကောင်းဆိုးဝါးကြာပွတ်စကေးကို ပစ်လွှတ်လိုက်သည်။

ဝီလီ၏ ခြေထောက်များကို မည်းနက်သော ဆူးနွယ် ၅ခုက ချုပ်နှောင်လိုက်သည်။

ရှီဖုန်းက ထိုအခွင့်အရေးကို ယူကာ ဝီလီ၏ နောက်သို့ ပတ်၍ ပြေးဝင်သွားပြီး အသူရာဓားသွားဖြင့် ဝီလီ၏ လည်ပင်းပေါ်သို့ နှစ်ဆခုတ်ချက်စကေးကို အသုံးပြုလိုက်ရာ ထိခိုက်မှု -66 နှင် -67 ပေါ်လာသည်။ သူ၏ တိုက်ခိုက်မှုက သွေးထွက်ခြင်း အကျိုးသက်ရောက်မှုပါ ပါသောကြောင့် ဝီလီအား တစ်စက္ကန့်လျှင် 8HP လျော့သွားစေသည်။ ထိုသွေးထွက်မှုက အချိန် တစ်ဆယ်စက္ကန့် ခံ၏။

ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ဝီလီ၏ မုန်းတီးမှုက ရှီဖုန်း၏ အပေါ်သို့ ဦးတည်လာသည်။ သို့သော်လည်း ရှီဖုန်းက သူ့အား မည့်သည့်အခွင့်အရေးမှ မပေးဘဲ သူ၏ သွက်လက်မှု၃၀မှတ်ဖြင့် စတီးလက်သည်းများကို လွယ်ကူစွာ ရှောင်ရှားပြီး ဝီလီနှင့် ၅ကိုက်အကွာတွင် ပြန်ပေါ်လာသည်။

“အဝူး… အဝူး… အဝူး… “ ဝီလီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ရှီဖုန်းထံသို့ တရမ်းကြမ်း ပြေးဝင်သွားလိုက်သည်။

“အဝေးပစ်သူတွေ စတိုက်တော့… ကိုလာက သွေးပြန်ပြည့်ပြီဆိုတာနဲ့ ဒီကိုလာပြီး ထိန်း… “ ရှီဖုန်းက ဝီလီ၏ လက်သည်းများကို နည်းစနစ်တကျ နောက်ဆုတ်၍ ရှောင်တိမ်းရင်း အမိန့်ပေးလိုက်သည်။

သို့သော်လည်း ကြည့်နေသည့် သူများကတော့ အလွန် ထိတ်လန့်နေကြလေသည်။ အဘယ်ကြောင့်ဆိုသော် ဝီလီက တိုက်ခိုက်လိုက်သည့် အကြိမ်တိုင်း လက်သည်းများက ရှီဖုန်း၏ ဦးခေါင်းနှင့် အလွန်နီးကပ်နေပြီး ဆံပင်များကလည်း ကခုန်နေသကဲ့သို့ လှုပ်ရှားနေသောကြောင့် ဖြစ်သည်။

အားလုံးက ထိတ်လန့်သွားကြသော်လည်း တိုက်ခိုက်မှုကို ရပ်နားနေခြင်း မရှိပေ။ မှော်စွမ်းအားတိုက်ခိုက်မှုများက တစ်ခုပြီး တစ်ခု ပစ်လွှတ်နေပြီး အဖော်မဲ့နှင်းက ဝီလီ၏ အနောက်ဘက်မှ လေပွေခုတ်ချက်ကို အသုံးပြုကာ တိုက်ခိုက်နေလေသည်။ သို့သော်လည်း သူတို့၏ တိုက်ခိုက်မှုများက ထိခိုက်မှု အမှတ် ၂၀ မကျော်ကြပေ။

ဝီလီ၏ HP က တဖြည်းဖြည်း လျော့လာသည်။ ရှီဖုန်း၏ တိုက်ခိုက်မှုကို တစ်ခါခံလိုက်ရလျှင် သူ၏ HP က အစိတ်တစ်စိတ်စာခန့် လျော့ကျသွား၏။

အချိန်ခဏလေးအတွင်းမှာပင် ဝီလီ၏ HP က ၉၀ရာခိုင်နှုန်းထိ လျော့ကျသွားရာ ဝီလီ၏ ဒေါသက ပိုမို ကြီးမားလာပြီး လက်သည်းများနှင့် ရူးသွပ်စွာ တိုက်ခိုက်လေတော့သည်။ ဝီလီက မရဏလက်သည်းကို အသုံးပြုတိုက်ခိုက်သဖြင့် သူ၏တိုက်ခိုက်မှုနှုန်းက အလွန်ကို တိုးလာသည်။

၎င်း၏ လက်သည်းချက်က ရှီဖုန်းကို ထိလုနီးပါးအထိ ရောက်လာသည်။ သို့သော်လည်း ရှီဖုန်းက အသူရာဓားသွားဖြင့် ကာလိုက်သောကြောင့် ထိခိုက်မှု -130ကို ရရှိလိုက်၏။

ထိုအချိန်တွင် ကိုလာက သွေးအပြည့်ဖြင့် ပြေးဝင်လာပြီး နတ်ဘုရားရိုက်ချက်ဖြင့် ဝီလီခေါင်းကို   တိုက်ခိုက်လိုက်ပြီး  အပြစ်ပေးတိုက်ကွက်ကိုပါ ဆက်လက် အသုံးပြုလိုက်သည်။ ထိုအခါ ဝီလီ၏ မုန်းတီးမှုက ကိုလာ၏ အပေါ်သို့ ရောက်သွား၏။

မုန်းတီးမှု ပြောင်းလဲသွားခြင်းက ဝီလီ၏ မရဏလက်သည်းများကို သာမန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေသည်။

ဝီလီ၏ ပစ်မှတ် ပြောင်းလဲသွားသည်ကို မြင်သောအခါ ရှီဖုန်းက မိုးကြိုးလျှပ်စီးတိုက်ကွက်ကို အသုံးပြုလိုက်သည်။ ဝီလီ၏ ခန္ဓာကိုယ်ကို မိုးကြိုးစီးကြောင်း ၃ကြောင်း ဖြတ်သွားပြီး ထိခိုက်မှု -92, -116, -137 ကို ဖြစ်ပေါ်လာစေသည်။ တစ်ချိန်တည်းမှာပင် ဝီလီအပေါ်သို့ ၂၀ရာခိုင်နှုန်း ထပ်ပေါင်းထိခိုက်မှုကို ဖြစ်ပေါ်လာစေသည်။ ထိုအကျိုးသက်ရောက်မှုက အဖွဲ့မှ ကစားသူများလည်း ပါဝင်နေသဖြင့် ဝီလီကို တိုက်ခိုက်ရန်မှာ ပိုမို လွယ်ကူသွားလေသည်။

ဘလက်ကီ မြှားနက်များဖြင့် မရပ်မနား ပစ်ခတ်နေပြီး မြှားနက်တစ်ချောင်းစီက ထိခိုက်မှု -50 ရှိ၏။ တခြားသူများကတော့ ဝီလီက  ထိခိုက်မှု -20 ကျော်သာ ပေးစွမ်းနိုင်သည်။

နာကျင်အောင် တိုက်ခိုက်ခံလိုက်ရပြီးနောက် ဝီလီက  ရှီဖုန်း၏ ဘက်သို့ လှည့်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သည့်အချိန်တွင် ကိုလာက နတ်ဘုရားရိုက်ချက်နှင့် အပြစ်ပေးတိုက်ကွက်ကို ထပ်မံ အသုံးပြုလိုက်ပြန်သည်။  ထို့အခါ ဝီလီ၏မုန်းတီးမှုက ကိုလာ၏ အပေါ်သို့ ရောက်သွားပြန်သည်။

ဝီလီက ကိုလာ၏ဘက်သို့ လှည့်ပြီးသည်နှင့် ရှီဖုန်းက ခုတ်ချက်ကို အသုံးပြုကာ တိုက်ခိုက်လိုက်သည်။

ဤနည်းဖြင့် ရှီဖုန်းနှင့် ကိုလာက တစ်လှည့်စီး တိုက်ခိုက်နေကြသောကြောင့် ဝီလီက တခြားကစားသမားများအား မတိုက်ခိုက်နိုင်ဘဲ ဖြစ်နေလေသည်။

ဝီလီ၏ HPက 30 ရာခိုင်းနှုန်းသာ ကျန်တော့သည်အထိ ကျဆင်းသွားလေသည်။ ထိုအခိုက်အတန့်တွင် ဝီလီက စိတ်ရိုင်းဝင်သည့် အခြေအနေသို့ ရောက်ရှိသွားပြီး သူ့ခန္ဓာကိုယ်က အဆပေါင်းများစွာ ကြီးမားလာလေသည်။

“အနီးကပ်တိုက်သူတွေအားလုံး ဘော့စ်နဲ့ ဝေးဝေးနေကြတော့… ဘလက်ကီ… မကောင်းဆိုးဝါးကြာပွတ်ကို မြန်မြန်သုံး… ကုသသူက ငါ့ကို သွေးဖြည့်ပေး… “

ရှီဖုန်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထိုအခြေအနေတွင် ဝီလီက ၎င်း၏ စကေးဖြစ်သည့် သတ်ပွဲကို အသုံးပြုတော့မည် ဖြစ်သည်။

အဖော်မဲ့နှင်းနှင့် ကိုလာက ရှီဖုန်း၏ အသံကို ကြားသည်နှင့် ဘော့ထံမှ ချက်ချင်း ဆုတ်လာပြီး ရှီဖုန်းအား တစ်ယောက်တည်း ထားခဲ့လိုက်သည်။

သူတို့နှစ်ယောက်က ဆယ်ကိုက်ခန့် ပြေးပြီးချိန်တွင် ဝီလီက နေရာမှ ပျောက်ကွယ်သွား၏။

မည်သို့ဖြစ်သွားသည်ကို မည်သူမှ မသိလိုက်ကြချေ။

ဝီလီ ပြန်ပေါ်လာသည့်အချိန်တွင် ၎င်းက ရှီဖုန်း၏ နောက်သို့ ရောက်နေပြီဖြစ်ပြီး တစ်ချိန်တည်းမှာပင် ၎င်း၏ စတီးလက်သည်းများက ကြမ်းတမ်းစွာ ကျဆင်းလာသည်။  ရှီဖုန်းက ဝီလီ၏ တိုက်ကွက်ကို ရင်ဆိုင်ရန် အသင့်ပြင်ထားခဲ့သဖြင့် စတီးလက်သည်းကို အသူရားဓားဖြင့် ကာကွယ်လိုက်နိုင်သည်။ သို့သော်လည်း ဝီလီက နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြီး ရှီဖုန်း၏ နောက်တွင် ပေါ်လာပြန်သည်။

အချိန်နှစ်စက္ကန့်အတွင်းမှာပင် ဝီလီက ရှီဖုန်းအား ၇ကြိမ် တိုက်ခိုက်ပြီးသွား၏။ ကံကောင်းစွာဖြင့် ရှီဖုန်း၏ သွက်လက်မှု အမှတ်၃၀သို့ ရောက်နေသဖြင့် ဝီလီ၏ အမြန်နှုန်းကို လိုက်မီရုံလောက် ထိန်းထားနိုင်သည်။ သို့သော် ဝီလီ၏ တိုက်ခိုက်မှုတိုင်းကို ကာကွယ်နိုင်သော်လည်း တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းက သူ့ထံမှ HP တော်တော်များများကို နုတ်ယူနေသည်။ ကုသသူကလည်း သူ့ကို ဆက်တိုက် သွေးများ ပြန်လည်ဖြည့်တင်းပေးနေလေသည်။

-96, -97, +46, -96, -97, +48, +32, -96, -97, +46, …

ရှီဖုန်းသာ 520 HP ကို ပိုင်ဆိုင်ထားခြင်း မရှိလျှင် သို့မဟုတ် ဝီလီ၏ တိုက်ခိုက်မှုများကို ကာကွယ်နိုင်ခြင်း မရှိလျှင် ဝီလီ၏  သတ်ပွဲတိုက်ကွက်ကြောင့် ရှီဖုန်းက  ကျိန်းသေ သေဆုံးရပေလိမ့်မည်။

လက်ရှိတွင် ရှီဖုန်းထံ၌ HP က ၁၀၀ပင် မကျန်တော့ချေ။

“အားလုံးတိုက်ကြတော့… “ ရှီဖုန်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ဝီလီက သတ်ပွဲစကေးကို အသုံးပြုပြီးလျှင် အားနည်းသည့်အခြေအနေသို့ ရောက်ရှိသွား၏။ ထိုအချိန်သည် ဝီလီအားသတ်ရန် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။

အားလုံးက ဝီလီအား အဆက်မပြတ် တိုက်ခိုက်လိုက်ကြပြီး ဝီလီ၏ ကျန်ရှိနေသော 30% HP ကို ရှင်းပစ်လိုက်ကြသည်။ ဝီလီသေဆုံးသွားပြီးနောက် အိုင်တမ် ၄ခု ကျန်ရစ်ခဲ့လေသည်။

လူတိုင်းက စိတ်ကို လျော့ချလိုက်တော့မည့်အချိန်တွင် ရှီဖုန်းက အားလုံး၏ လက်ရှိအခြေအနေကို ကြည့်လိုက်သည်။ ကုသသူ ဒရော့စီစလော့၏ HP က ၂၀ ရာခိုင်နှုန်းပင် မကျန်တော့ပေ။ တခြားမှော်ဆရာများ၏ HP ဆိုလျှင်လည်း ၁၀ ရာခိုင်နှုန်းတောင်မှ မပြည့်တော့ချေ။ ရှီဖုန်းက ထိုအခြေအနေကို တစ်ချက်ကြည့်ပြီး အလျင်အမြန် ပြောလိုက်သည်… “အားလုံးပဲ… အခုချက်ချင်း ထိုင်ပြီးတော့ အားဖြည့်ကြ… “

အားလုံးက စိတ်ရှုပ်ထွေးသွား၏။ သူတို့က စောစောကပင် ဘော့စ်ကို သတ်ပစ်ခဲ့ပြီး ဖြစ်သည်။ အဘယ်ကြောင့် သူတို့က အလျင်စလို လုပ်ရမည်နည်း။ သို့သော်လည်း အားလုံးက ရှီဖုန်း၏ အမိန့်ကို နားထောင်ကာ ချက်ချင်း ထိုင်ချ၍ အားဖြည့်လိုက်ကြသည်။

သူတို့က ထိုင်ချပြီး အစားအသောက်များဖြင့် အနားယူနေသည်မှာ ၅စက္ကန့်တောင်မှ မပြည့်သေးသည့်အချိန်တွင် ကျယ်လောင်လှသော ဟိန်းသံကြီးက အားလုံး၏ နားထဲသို့ ဝင်ရောက်လာသည်။ ဟိန်းသံကြီးက သေဆုံးခြင်းသစ်တောတစ်ခုလုံးကိုပင် တုန်ခါသွားစေပြီး တောအုပ်အတွင်းမှ အနက်ရောင်အရိပ်တစ်ခုကလည်း ခုန်ထွက်လာသည်။

အနက်ရောင်အရိပ်ကား အလွန်ကြီးမားလှသော သမန်းဝံပုလွေတစ်ကောင် ဖြစ်သည်။ သမန်းဝံပုလွေက ဝီလီ၏ အလောင်းကို ကြည့်ပြီး ရှီဖုန်းတို့အဖွဲ့အား ဆက်ကြည့်လိုက်သည်။ ၎င်း၏ နက်မှောင်လှသော မျက်လုံးများက ကြက်သွေးရောင်သို့ ရုတ်တရက် ပြောင်းလဲသွားပြီး နောက်တစ်ကြိမ် ဟိန်းဟောက်ရန် ပြင်လိုက်သည့်အချိန်တွင် ရှီဖုန်းက လေဓားသွားတိုက်ကွက်နှင့်အတူ သမန်းဝံပုလွေထံသို့ ပြေးဝင်သွားသည်။ တစ်ဆက်တည်းမှာပင် အသူရာနှောင်ကြိုးတိုက်ကွက်ကို အသုံးပြု၍ သမန်းဝံပုလွေ၏ ပါးစပ်ကို ဟိန်းဟောက်ခြင်း မပြုနိုင်စေရန် ချိန်းကြိုး ၉ခုဖြင့် ချည်နှောင်လိုက်သည်။

ထိုအချိန်တွင် အားလုံးက သမန်းဝံပုလွေ၏ အချက်အလက်များကို မြင်လိုက်ရသည်။ ၎င်းက ဧရာမ သွေး(HP)တန်းကြီး ၂ခုကို ပိုင်ဆိုင်ထား၏။

သမန်းဝံပုလွေ ဖက် (အရှင်သခင် အဆင့်)

အဆင့် ၃

HP 12000/12000

“သေစမ်းပါလားကွာ… ဘာလို့ ဒီနေရာမှာ အရှင်သခင်အဆင့်ဘော့စ်က ရှိနေရတာလဲ… “ ဘလက်ကီက ကျိန်ဆဲလိုက်သည်။

ဘော့စ်ဝီလီကို သတ်ပြီး၍ အနားယူရုံ ရှိသေးသော်လည်း ယခု သူတို့ရှေ့သို့ အရှင်သခင်အဆင့် ဘော့စ်တစ်ကောင် ရောက်လာလေပြီ။ အရှင်သခင်အဆင့်သည် အကြီးအကဲအဆင့်ထက် တစ်ဆင့် မြင့်၏။ ဒီဂိမ်းက ငါတို့ကို သတ်ဖို့ လုပ်နေတာပဲ။

“အားလုံးပဲ… သေချာမှတ်ထား… သမန်းဝံပုလွေဖက်ကို နောက်ထပ် မအူစေနဲ့… “ ရှီဖုန်းက လူတိုင်းကို  သတိပေးလိုက်သည်။

သို့သော်လည်း တခြားသူများ၏ အမူအရာများကို ကြည့်ခြင်းအားဖြင့် ထိတ်လန့်နေသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ သမန်းဝံပုလွေဖက်၏ ခန္ဓာကိုယ်နှင့် HP ကြောင့် မဟုတ်ဘဲ ကြောက်စရာကောင်းလှသော ကြက်သွေးရောင် မျက်လုံးတစ်စုံကြောင့် ဖြစ်သည်။ ထိုမျက်လုံးတစ်စုံ၏ အကြည့်အောက်တွင် သူတို့က လှုပ်ရှားရန်ပင် ခက်ခဲနေသကဲ့သို့ ခံစားနေရသည်။

Comment

Leave a Reply

Options

not work with dark mode
Reset