Switch Mode

Chapter – 25

ည ရိန်းဂျား

Chapter – 25 ညရိန်းဂျား

 

ရှီဖုန်း၏ စကားက တခြားသူများကို စိတ်ရှုပ်ထွေးသွားစေသည်။

 

ဒါက ဟိန်းသံလေးတစ်ခုပဲ မဟုတ်လား… ဘာတွေ အာရုံစိုက်စရာ လိုနေလို့လဲ။

 

ရှီဖုန်းက ဟိန်းသံကို အထင်သေးနေသည့် သူ့အဖွဲ့သားများ၏ အမူအရာများကို မြင်ပြီး လေးလေးနက်နက် ပြောလိုက်သည်… “မင်းတို့အားလုံး ကောင်းကောင်းနားထောင်ကြ… ဒီငရဲအော်သံက မင်းတို့ ထင်သလို မရိုးရှင်းဘူး… ရှေ့သို့ ဆက်သွားတဲ့ အခါကျရင် ငါ့ရဲ့အမိန့်ကို တိတိကျကျ လိုက်နာပါ… တစ်ယောက်ယောက်က အမှားလုပ်မိရင် အဲ့လူကို အဖွဲ့က ထုတ်ပစ်မှာ ဖြစ်လို့ ငါ့ကို အပြစ်မတင်ပါနဲ့… “

 

ဤကဲ့သို့ နည်းလမ်းမျိုးဖြင့် ရှီဖုန်းက သင်ခန်းစာပေးလိုက်ခြင်းကြောင့် အဖွဲ့သားများက စိုးရိမ်စ ပြုလာကြသည်။ မည်သူကမှ အဖွဲ့မှ မထွက်ချင်ကြပေ။

 

“ခဏနေရင် ငါနဲ့ ကိုလာက ရှေ့ကနေ သွားမယ်… အဖော်မဲ့နှင်းက အလယ်မှာနေပြီး အော်ရကယ်(နတ်ဆရာ)ကို ကာကွယ်… ဘလက်ကီနဲ့ ဆင့်ခေါ်သူက အနောက်မှာနေ… မှတ်ထားပါ ဘာကိစ္စပဲဖြစ်နေနေ ဒီဖွဲ့စည်းပုံကို မပျက်စေနဲ့… ငါ့အမိန့်မရဘဲ ဘယ်သူမှ  မတိုက်ခိုက်ရဘူး… နားလည်လား… “ ရှီဖုန်းက ဖွဲ့စည်းပုံကို ရှင်းပြလိုက်သည်။

 

ကိုလာအား အရှေ့မှ လျှောက်ခိုင်းရသည့် အကြောင်းရင်းက သူ၏အခမဲ့စွမ်းရည်အမှတ်များအားလုံးကို ခံနိုင်ရည်ထဲတွင် ပေါင်းထည့်စေချင်၍ ဖြစ်သည်။ ယခုဆိုလျှင် ကိုလာ၏ HPက 310 ရှိနေပြီဖြစ်သည်။ ထိုHP ပမာဏဖြင့်ဆိုလျှင် ရှီဖုန်း၏ ဝန်တစ်ချို့ကို ကူပြီး ထမ်းပေးနိုင်ပေလိမ့်မည်။

 

နတ်ဘုရားနယ်မြေဂိမ်း၏ မြေအောက်ဘုံသည် တခြားပုံရိပ်ယောင်ဂိမ်းများနှင့် မတူပေ။ မြေအောက်ဘုံတွင် လွတ်မြောက်မှုဒီဂရီက အလွန်မြင့်မားပြီး မြေအောက်ဘုံကလည်း အလွန်ကို ကြီးမားကျယ်ပြန့်လွန်းလှသည်။ မြေအောက်ဘုံထဲတွင် နာရီပေါင်းများစွာ ပတ်သွားနေတာတောင်မှ ဘော့စ်တစ်ကောင်မှ မတွေ့သည့် ကစားသမားအုပ်စုအနည်းငယ်ပင် ရှိ၏။ သေဆုံးခြင်းသစ်တောက သိပ်မကြီးသော်လည်း မှောင်မည်းနေသည့် တောအုပ်ထဲတွင် ပျောက်သွားရန် ဖြစ်နိုင်သေး၏။

 

တစ်စုံတစ်ယောက်သာ ပျောက်သွားခဲ့သည်ရှိသော်… ။

 

ရှီဖုန်းကတော့ ‘ဟီးဟီး’လို့သာ ပြောချင်ပေသည်။

 

သေဆုံးခြင်းသစ်တော၏ ကြောက်စရာကောင်းသည့် အချက်က ကစားသမားများသည် တောအုပ်ထဲသို့ ဝင်မိသည်နှင့် ပျောက်သွားတတ်ကြခြင်း ဖြစ်သည်။ ထို့နောက် တဖြည်းဖြည်းနှင့် ကစားသမားများက တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းစွာဖြင့် သေဆုံးကြလိမ့်မည်။ ယခင်ဘဝတွင် မွန်းစတား၏ အရိပ်အယောင်ပင် မတွေ့လိုက်ရဘဲ သေဆုံးသွားသည့် ကစားသမားများက မရေမတွက်နိုင်အောင် များပြားလှသည်။ ကံကောင်းပြီး မွန်းစတားကို မြင်ခဲ့လျှင်တောင်မှ နောက်ဆုံးရလဒ်က မပြောင်းဘဲပဲ တစ်ဖွဲ့လုံးသာ အသတ်ခံရပေမည်။ ကစားသမားပေါင်းများစွာ သေဆုံးပြီးမှသာ မြေအောက်ဘုံ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကစားသမားများက နားလည်ခဲ့ကြသည်။ သူတို့က အဆင့်၅သို့ မရောက်ဘဲ မြေအောက်ဘုံအား မရှင်းနိုင်ကြောင်းကိုပါ သိရှိသွားကြသည်။

 

ကစားသမားများက အဆင့်၅သို့ ရောက်ရှိချိန်တွင် ရှဲဒိုးအဖွဲ့အစည်းက ရာနှင့်ချီသည့် ကစားသမားကို စုဆောင်းပြီး သေဆုံးခြင်းသစ်တောအတွင်းသို့ လမ်းကြောင်းများ စုံစမ်းရန် စေလွှတ်ခဲ့သည်။ သူတို့က သေဆုံးသစ်တော၏ မြေပုံကို ရှင်းလင်းစွာ သိနိုင်ရန်အတွက် အသက်ပေါင်းများစွာကို ပေးဆပ်ခဲ့ရသည်။

 

သေဆုံးခြင်းသစ်တောတစ်ခုလုံးတွင် လမ်းကြောင်း ၃၆ကြောင်း ရှိသော်လည်း လမ်းကြောင်း၃ခုကသာ ပထမဘော့စ် ဝီလီဆီသို့ ရောက်နိုင်သည်။ လမ်းကြောင်း ၃ခုထဲမှ ၂ခုက အလွန်အန္တရာယ်များသဖြင့် လုံလောက်သည့်အင်အားသာ မရှိလျှင် သေခြင်းတရားဖြင့်သာ ရင်ဆိုင်တွေ့ရပေလိမ့်မည်။ ကျန်သည့် လမ်းကြောင်းတစ်ခုကတော့ မွန်းစတားအနည်းငယ်သာ ရှိသော်လည်း အန္တရာယ်များနေဆဲ ဖြစ်သည်။

 

ရှီဖုန်း၏ ဦးဆောင်မှုအောက်တွင် လူတိုင်းက တောအုပ်ထဲသို့ ဝင်သွားကြသည်။

 

သူတို့က တောအုပ်ထဲသို့ ဝင်လိုက်သည့်အချိန်တွင် တောအုပ်ကို ဖြတ်သွားရန် လမ်းကြောင်းများစွာ ရှိသည်ကို တွေ့လိုက်ရ၏။ မည်သည့်လမ်းကြောင်းက အမှန်ဖြစ်သလဲ သူတို့ မသိကြပေ။ သို့သော်လည်း ရှီဖုန်းက တုန့်ဆိုင်းနေခြင်း မရှိဘဲ လမ်းကြောင်းတစ်ခုကို ရွေးချယ်လိုက်သည်။ တခြားသူများကတော့ သတိအနေအထားဖြင့် သူ့နောက်မှ လိုက်ပါသွားကြ၏။

 

၅မိနစ်ခန့် လျှောက်လာပြီးနောက်တွင် သူတို့က ပထမဆုံးမွန်းစတားကို  တွေ့လိုက်ရသည်။ ရုတ်တရက် ဆိုသလိုပင် အားလုံး၏ ခန္ဓာကိုယ်ကလည်း တောင့်တင်းသွား၏။

 

“စိတ်လိုက်မာန်ပါ မလုပ်နဲ့… ငါ့အမိန့်ကို သေချာနားထောင်… “ ရှီဖုန်းက အော်ပြောလိုက်သည်။

 

သူတို့၏ အရှေ့တွင် အဆင့်နှစ် လက်ရွေးစင်မွန်းစတား ညယုန်တစ်ကောင် ရှိနေသည်။ သို့သော်လည်း မြေအောက်ဘုံ၏ အားဖြည့်ပေးမှုကြောင့် သူ၏ တိုက်ခိုက်မှု၊ ခုခံမှုနှင့် HP က အလွန်မြင့်နေသည်။ ညယုန်၏ HPက အမှတ်၇၀၀သို့ပင် ရောက်နေလေရာ အလွန်ကို များနေသည်ဟု  ဆိုနိုင်သည်။

 

“ကိုလာ….မင်းက မွန်းစတားကို ဆွဲဆောင်လိုက်… အော်ရကယ်…မင်းက ကိုလာကို သွေးဖြည့်ပေး… တခြားသူတွေကတော့ ငါ့အမိန့်မရဘဲ ဘာမှ မလုပ်ကြနဲ့… “ ရှီဖုန်းက အမိန့်ကို  အလျင်အမြန် ပေးလိုက်သည်။

 

ကာကွယ်သူတစ်ယောက်ဖြစ်သည့် ကိုလာက တံတွေး တစ်ချက် မြိုချပြီး ညယုန်၏ တိုက်ခိုက်နိုင်သည့် အကွာအဝေးအတွင်းသို့ ရောက်အောင် တဖြည်းဖြည်း ချဉ်းကပ်သွားလိုက်သည်။ တခြားသူများကတော့ အလွန် စိုးရိမ်နေကြ၏။ ညယုန်က အဆင့်၂ လက်ရွေးစင်တစ်ကောင်သာ ဖြစ်သော်လည်း ယခု သူတို့ရောက်ရှိနေသည့်နေရာက ငရဲအဆင့် မြေအောက်ဘုံ ဖြစ်သည်။

 

လူတစ်ယောက်၏ အရပ်ရှိသော ညယုန်က ကိုလာကို မြင်သည်နှင့် ချက်ချင်း တစ်ဟုန်ထိုး ပြေးလာသည်။

 

ကိုလာက ညယုန်ကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်လိုက်သည့်အပြင် ဆွဲဆောင်နေသည့်အချိန်တွင်လည်း ကိုလာက ကြောက်ရွံ့တုန်လှုပ်နေခြင်း မရှိပေ။ သူက ညယုန်၏တိုက်ခိုက်မှုများကို ဒိုင်းဖြင့် ခုခံပြီး နောက်သို့ ဆုတ်လာသည်။ တိုက်ခိုက်မှုများက ဒိုင်းကိုသာ ထိမှန်နေသော်လည်း တိုက်ခိုက်မှုစွမ်းအားက တစ်ကယ်ကို ကြောက်စရာ ကောင်းလှသည်။ တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းက ကိုလာ၏ခေါင်းပေါ်တွင် ထိခိုက်မှု -42ကို ဖြစ်ပေါ်စေသည်။ ကိုလာက အဖွဲ့၏ရှေ့သို့ ပြန်ရောက်လာသည့်အချိန်တွင် သူ၏HPက သုံးပုံ တစ်ပုံခန့် လျော့ကျသွားလေပြီ။

 

ဒရော့စီစလော့ဆိုသည့် အော်ရကယ်က တော်တော်လေးကို နိုးနိုးကြားကြား ရှိသည့် ကစားသမားဟု ဆိုရပေမည်။ ကိုလာက ကုသပေးနိုင်သည့် အကွာအဝေးအတွင်းသို့ ရောက်သည်နှင့် ကုသမှုကို စတင်လိုက်သည်။ သို့သော်လည်း သူ၏ တစ်ခါ ကုသနှုန်းက 24HPကိုသာ ဖြည့်ပေးနိုင်သောကြောင့် ကျဆင်းနေသော ကိုလာ၏ HPကို မရပ်တန့်ပေးနိုင်ချေ။

 

“အစ်ကိုဖုန်း… ကျွန်တော်တို့ မတိုက်သေးဘူးလား… “  ဘလက်ကီက အနည်းငယ် စိုးရိမ်နေသည်။ သူမေးလိုက်သည့်အချိန်တွင် ကိုလာ၏ HPက သုံးပုံ တစ်ပုံပင် မကျန်တော့ချေ။

 

အော်ရကယ်တစ်ယောက်ကို မြေအောက်ဘုံအတွင်းသို့ ခေါ်လာခြင်းက မဟာအမှားတစ်ခု ဖြစ်သည်။ ကုသသူများထဲတွင် အော်ရကယ်က ကုသနိုင်စွမ်း အနည်းဆုံး ဖြစ်သည်။ သို့သော်လည်း ရှီဖုန်းက ရွေးချယ်လိုက်သဖြင့် ဘလက်ကီက လက်ခံနိုင်ရုံသာ တတ်နိုင်လေသည်။ ယခု သူတို့၏ အဓိကခုခံသူက သေရန် နီးကပ်လာသော်လည်း သူတို့က တိုက်ခိုက်ခွင့် မရှိသေးတာကိုတော့ လက်မခံနိုင်ပေ။

 

“စောင့်ဦး… “ ရှီဖုန်းက အသေအချာ ပြောလိုက်သည်။

 

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာသကဲ့သို့ ကိုလာကလည်း ညယုန်၏ လက်သည်းတိုက်ကွက်များကို ဒိုင်းဖြင့် အဆက်မပြတ် ခုခံနေရလေသည်။ ကိုလာ၏ HP က ၂၀ရာခိုင်နှုန်းသာ ကျန်တော့သော်လည်း ရှီဖုန်းက တိုက်ခိုက်ရန် အမိန့် မပေးသေးချေ။

 

တခြားသူများအားလုံးက ရှီဖုန်းသည် ကိုလာအား လက်လွှတ်တော့မည်ဟု ထင်နေသည့်အချိန်မှာပင် မြှားတစ်စင်းက တောအုပ်ထဲမှ ပျံသန်းလာပြီး ဒရော့စီစလော့ထံသို့ တည့်တည့် တိုးဝင်လာသည်။ မြှားက ဒရော့စီစလော့၏ ရင်ဘတ်ကို ထိမှန်သွားတာတောင်မှ အဖော်မဲ့နှင်းက တစ်ချက်မှ လှုပ်ရှားခြင်း မရှိခဲ့ပေ။ ပြင်းထန်လှသော ထိခိုက်မှု -123က  အော်ရကယ်ဒရော့စီစလော့၏ ခေါင်းပေါ်တွင် ပေါ်လာလေသည်။

 

ထိုအခိုက်အတန့်တွင် ရှီဖုန်းက အော်ပြောလိုက်သည်… “စလော့… အသက်စတေးမှုတိုက်ကွက်ကို သုံးပြီး  မင်းကို ထိသွားတဲ့ တိုက်ခိုက်မှုစွမ်းအားကို ကိုလာအတွက် ကုသဖို့ သုံးလိုက်… ဘလက်ကီက ညယုန်ကို ထိန်းထား… အဖော်မဲ့နှင်းက ငါနဲ့ လိုက်ခဲ့… တခြားသူတွေအားလုံးက ညယုန်ကို တိုက်ခိုက်ကြ… “

 

အော်ရကယ်များသည် ကုသသူများထဲတွင် ကုသမှုအားအနည်းဆုံးဟု သတ်မှတ်နိုင်သည်။ သို့သော်လည်း အော်ရကယ်များ၏ HPက မြင့်မားသည့်အတွက်ကြောင့် တစ်ချက်တည်းဖြင့် မသေနိုင်ပေ။ ထို့အပြင် အော်ရကယ်များ၌ စကေး ၂ခု ရှိ၏။ တစ်ခုက အသက်ဆုခြွေတိုက်ကွက်ဖြစ်ပြီး ကျန်တစ်ခုက အသက်စတေးမှုတိုက်ကွက်ဖြစ်သည်။ အသက်စတေးမှုတိုက်ကွက်က တိုက်ခိုက်ခံလိုက်ရသည့် စွမ်းအားကို ကစားသူ၏ သွေးအဖြစ် ပြောင်းလဲပေးနိုင်သည်။ ဂိမ်း၏ အစောပိုင်းကာလများတွင် ကုသသူများ၌ စကေးနှင့်လက်နက်များ အများအပြား မရှိကြပေ။ ထို့ကြောင့် အော်ရကယ်များက သေဆုံးခြင်းသစ်တောသို့ ဝင်သည့်အခါ တခြားကုသသူများထက် ပိုပြီး အသုံးဝင်၏။ ထိုအကြောင်းပြချက်ကြောင့်လည်း ရှီဖုန်းက ဘုန်းတော်ကြီးအစား အော်ရကယ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

 

ပြောပြီးသည်နှင့်  ရှီဖုန်းက တောအုပ်အတွင်းသို့ ပြေးဝင်သွား၏။

 

“ငါက မင်းကို အလွတ်ပေးမယ်များ ထင်နေတာလား… “ ရှီဖုန်းက တောအုပ်ထဲတွင် ပြေးနေသည့် အနက်ရောင်အရိပ်ကို ကြည့်ပြီး ပြောလိုက်သည်။

 

“လေဓားသွား… “

 

ရှီဖုန်းက ချက်ချင်း ဆိုသလိုပင် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရှေ့သို့ ပြေးထွက်သွား၏။

 

ရှီဖုန်းက ညယုန်ကို တိုက်ခိုက်ရန် ခွင့်မပြုရသည့်အကြောင်းရင်းမှာ ကိုလာအား ငါးစာအဖြစ် အသုံးပြုပြီး အနောက်တွင် ပုန်းကွယ်နေသည့် အမှောင်ထဲမှ လက်ကို မျှားထုတ်ချင်၍ ဖြစ်သည်။

 

ညယုန်က ကြည့်လိုက်လျှင် ကြောက်လန့်စရာ ကောင်းသော်လည်း လက်ရွေးစင် ကစားသမားအုပ်စုတစ်စုက ညယုန်အား ကောင်းကောင်းရင်ဆိုင်နိုင်သည်။ သို့သော်လည်း ယခင်ဘဝက ရှီဖုန်း၏ အရှေ့တွင် အမှောင်ထဲမှ အရိပ်မဲကြောင့် အဆင့်၅ လက်ရွေးစင်အုပ်စုတစ်ခုလုံး သတ်ဖြတ်ခံခဲ့ရသည်။

 

ထိုအရိပ်မဲက ညယုန်ကို ငါးစာအဖြစ် အသုံးပြုပြီး ကစားသမားများကို တိုက်ခိုက်စေရန် မျှားကာ တစ်ခြားတစ်ဖက်တွင်တော့ အရိပ်မဲက ကုသသူများကို ချောင်းမြောင်းတိုက်ခိုက်လေသည်။ ကုသသူများ သေဆုံးပြီးနောက်တွင် အားလုံးလည်း သေဆုံးသွားရသည်။

 

သေဆုံးခြင်းသစ်တောထဲတွင် ကစားသမားများက ထိုအရိပ်မဲကို မရင်ဆိုင်နိုင်လျှင် တစ်ဖွဲ့လုံး သတ်ဖြတ်ခံရလိမ့်မည်ဖြစ်သည်။

 

လေဓားသွားစကေးမှ တိုးလာသည့် ရွေးလျားမှုနှုန်းနှင့်အတူ ရှီဖုန်းက အရိပ်မဲ့ကို တစ်ခဏအတွင်းမှာပင် မီလာသည်။ ရှီဖုန်းက ဓားချက် ၃ချက်ကို ထုတ်ပြီး အရိပ်မဲ့၏ ပြေးလမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

 

အရိပ်မဲက မလွတ်နိုင်မှန်း သိလိုက်သည်နှင့် ချက်ချင်း လှည့်ပြီး ဓားတစ်စုံကို ထုတ်ကာ ရှီဖုန်း၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။

 

“ဒန်း… ဒန်း… ဒန်း… “

 

အသူရာဓားသွားကြောင့် ရှီဖုန်း၏ ခွန်အားက ကြောက်စရာကောင်းလောက်အောင် တိုးလာသည်။ သူ၏တိုက်ခိုက်မှုကြောင့် အရိပ်မဲက နောက်သို့ ၃လှမ်း ဆုတ်လိုက်ရသည်။ တစ်လှမ်းချင်းစီတွင် ထိခိုက်မှု -10 ကျော်ကို ဖြစ်ပေါ်စေသည်။ အဆုံးမှာတော့ အရိပ်မဲ၏ ပုံသဏ္ဍာန်က လရောင်အောက်တွင် ပေါ်လာလေပြီ။

 

ညရိန်းဂျား (အထူးလက်ရွေးစင်)

 

အဆင့် နှစ်

 

HP 1458/1500

 

ညရိန်းဂျား၏ ပုံသဏ္ဍာန်ကို မြင်လိုက်သည်နှင့် ရှီဖုန်းက အသူရာနှောင်ကြိုးတိုက်ကွက်ကို ချက်ချင်း အသုံးပြုလိုက်သည်။ အနက်ရောင်ချိန်းကြိုး ၉ခုက ချက်ချင်း ထွက်ပေါ်လာပြီး ညရိန်းဂျားကို ချုပ်နှောင်လိုက်သည်။ ထိုအခါ ညရိန်းဂျားက ၃စက္ကန့် မလှုပ်မယှက် ဖြစ်သွားပြီး ခုခံမှုက ၁၀၀ ရာခိုင်နှုန်း လျော့ကျသွား၏။

 

“မိုးကြိုးလျှပ်စီး… “

 

“ခုတ်ချက်… “

 

ထိခိုက်မှု -81 , -98, -119, -124 က ညရိန်းဂျား၏ ခေါင်းထက်တွင် ပေါ်လာသည်။ စကေးနှစ်ခု အသုံးပြုပြီးသွားချိန်တွင် ကြောက်စရာကောင်းသည့် ထိခိုက်မှုများက ညရိန်းဂျား၏ HPကို လေးပုံ တစ်ပုံခန့် လျော့ကျသွားစေသည်။

 

ညရိန်းဂျားက မည်သို့ပင် ကြိုးစားစေကာမူ သူက ချိန်းကြိုး ၉ခုကို မဖျက်ဆီးနိုင်ဘဲ ရှီဖုန်း၏ တိုက်ခိုက်မှုများကို ၃စက္ကန့်တိတိ ခံနေရလေသည်။

 

ညရိန်းဂျား၏ ရင်ဘတ်ရှိ သေကွင်းသေကွက်နေရာကို ရှီဖုန်း၏ ဓားချက်များက မရပ်မနား ဆက်တိုက် ထိမှန်နေသည်။ ညရိန်းဂျားက အချုပ်အနှောင်မှ လွတ်လာသည့်အချိန်တွင် သူ၏ HPက 700 ပင် မကျော်တော့ချေ။

 

“ယုတ်မာတဲ့ လူသား… “ ညရိန်းဂျားက  အလွန်ဒေါသထွက်နေပြီး ဓား၂လက်ကို မုန်တိုင်းတစ်ခုကဲ့သို့ ဝေ့ရမ်းလိုက်ရာ ဓားရိပ်များက ရှီဖုန်းကို လွှမ်းခြုံသွား၏။

 

ထိုအခိုက်အတန့်တွင် အဖော်မဲ့နှင်းက ရောက်လာပြီး ချာ့စကေးကို အသုံးပြုကာ ညရိန်းဂျားကို တဒင်္ဂ မူးမေ့သွားစေလိုက်သဖြင့် ညရိန်းဂျား၏ မုန်တိုင်းဓားသွားတိုက်ကွက်က ပျက်စီးသွားရလေသည်။ (ချာ့စကေး = ရန်သူကို ပြေးဝင်တိုက်ခိုက်သည့် စကေး)

 

ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ရှီဖုန်းက ညရိန်းဂျား၏ လည်ပင်းကို ဓားဖြင့် ခုတ်လိုက်သည်။

 

အဖော်မဲ့နှင်းကလည်း ညရိန်းဂျားဆီသို့ သူ၏ ကြီးမားလှသော ပုဆိန်ကို လွှဲရမ်းလိုက်သည်။

 

ညရိန်းဂျား သတိပြန်ဝင်သွားသည့်အချိန်တွင် သူ၏HPက အနည်းငယ်သာ ကျန်တော့၏။ ညရိန်းဂျားက ချက်ချင်း ဓား၂လက်ကို အဖော်မဲ့နှင်းထံသို့ ပစ်လိုက်ရာ ထိိခုက်မှု -64 ကို ဖြစ်ပေါ်စေသည်။ ထို့နောက်တွင် ဓား၂လက်က နောက်သို့ ပျံသန်းသွားပြီး ညရိန်းဂျား၏ လက်ထဲသို့ ပြန်ရောက်သွား၏။ ညရိန်းဂျားက ရှီဖုန်းကို လှည့်ကြည့်လိုက်ပြီး ဓား၂လက်ကို ရှီဖုန်း၏ လည်ပင်ဆီသို့ အလျားလိုက် ပစ်လွှတ်လိုက်သည်။

 

“ထန်း… “ ရှီဖုန်းက အသူရာဓားသွားဖြင့် ပယ်ရီတိုက်ကွက်(တန်ပြန်ခုခံမှုစကေး)ကို အသုံးပြုပြီး ညရိန်းဂျား၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ တစ်ဆက်တည်းမှာပင် ညရိန်းဂျားကို နောက်ထပ် တိုက်ခိုက်ခွင့် မပေးတော့ဘဲ ညရိန်းဂျား၏ လက်နက်ကို အပေါ်ကို မြှောက်ပြီး ညရိန်းဂျားထံသို့ ပြန်လည်ပစ်လွှတ်လိုက်သည်။ ထို့နောက် သူက ဓားချက် ၂ချက်ကို ဆက်တိုက် ထုတ်သုံးပြီး ညရိန်းဂျားကို သတ်ဖြတ်လိုက်သည်။

 

ရှီဖုန်းက ကျလာသည့် အိုင်တမ်၂ခုကို ကောက်ယူပြီး ကိုလာတို့ကို ကူညီရန်အတွက် အဖွဲ့ရှိသည့်နေရာသို့ ချက်ချင်း ပြေးသွားလိုက်သည်။

 

ဘေးတွင် လဲနေသည့် အဖော်မဲ့နှင်းက ရှီဖုန်း၏ သွက်လက်မြန်ဆန်လှသော ကျွမ်းကျင်မှုများကို မြင်ပြီး မှင်သက်နေလေသည်။ သူ့နှလုံးသားထဲတွင် အလွန်တုန်လှုပ်နေပြီး ကူညီပေးရန်အတွက် ရှီဖုန်း၏နောက်သို့ လိုက်သွားရန်ပင် မေ့နေလေသည်။

 

‘မွန်းစတားတွေကို သတ်ဖို့ ဒီလိုနည်းလမ်းတွေလည်း ရှိတာလား… ‘

Comment

Leave a Reply

Options

not work with dark mode
Reset