Switch Mode

Chapter – 66

ကောင်းကင်ဝိညာဉ် မှော်အစီအရင်

အခန်း ( ၆၆ )
ကောင်းကင်ဝိညာဉ် မှော်အစီအရင်

ဓါးတစ်ဝက် အင်အားကို နားလည် အောင်မြင်ပြီးနောက် သူတိုက်ခိုက် လေ့ကျင့်မှု လိုအပ်ချက် ရှိနေသည်ဟု နားလည် သဘောပေါက် လိုက်သည်။ ကောင်းကင် ဝိညာဉ် မှော်အစီအရင်က သူလေ့ကျင့်ရန် အကောင်းဆုံးနေရာ ဖြစ်လာပေလိမ့်မည်။

ရဲချန်ဖန်က ဝိညာဉ် စားသောက်ခန်းမဆီက ဝယ်လာခဲ့သော အစားအစာများကို ထုတ်ယူ စားသောက် လိုက်သည်။ ထို့နောက် လက်နက် နန်းတော်ဆီ အရင်သွားကာ ဝိညာဉ်ကျောက်တုံး လေးရာခန့် အသုံးပြုပြီး အဆင့်နိမ့် မီးဓါတ်ဝိညာဉ် လက်နက်ကို ဝယ်ယူ လိုက်သည်။

“ငါအခု စွမ်းအားနဲ့ဆို ကောင်းကင် ဝိညာဉ် မှော်အစီအရင်ကို ဘယ်လောက်ထိ ကျော်ဖြတ်နိုင်မလဲ မသိဘူး”

ရဲချန်ဖန် လမ်းလျှောက်နေရင်း စဉ်းစားနေမိသည်။ လမ်းညွှန် အမှတ်အသားများ ကြည့်ရင်း လျှောက်လာခဲ့ရာ ကောင်းကင် ဝိညာဉ် မှော်အစီအရင် အပြင်ဘက် ကြီးမားလှသော ကျောက်တုံး တံခါးကြီး ပေါက်ဝဆီ ရောက်သွားလေသည်။ ကျောက်တုံး တံခါးကြီးမှာ ဆယ်မီတာကျော်မြင့်ပြီး တစ်ခုလုံးကို ရုပ်တုများ ထွင်းထု ထားလေသည်။

ကျောက်တုံး တံခါးကြီးအပေါ်၌ မှန်တစ်ချပ်လို ချောမွေ့သော ကျောက်စိမ်းပြား တစ်ခု ရှိနေသည်။ ထိုကျောက်စိမ်းပြားပေါ်တွင် ပြည့်သိပ်နေသော နာမည်စာရင်း ငါးဆယ်ကျော်ကို ရွှေရောင် စာလုံးများဖြင့် ရေးသား ဖော်ပြထားသည်။

ပထမမှာ ဖုယုံရွှယ်၊ ဒုတိယ လင်းရှင်ရှင်း၊ တတိယမှာ ရှန်းတုကောင်း၊ စတုတ္ထမှာ ရှန်းဂွန်းရွမ်ထန်းနှင့် ပဉ္စမမှာ ဖန်ရှန်းရွှယ်တို့ ဖြစ်ကြသည်။

ကောင်းကင် တန်ခိုးရှင် စာရင်းကို တစ်ချက်ကြည့် လိုက်ပြီးနောက် ရဲချန်ဖန် ဝိညာဉ် ကျောက်တုံး ဆယ်တုံးကို ပေးလိုက်ရာ မှတ်တမ်းတင် အကြီးအကဲက အသက်ကယ် ကျောက်တုံးကို ရဲချန်ဖန်ဆီ ပေးလိုက်သည်။

“မှတ်ထားရမှာက ကောင်းကင် ဝိညာဉ် မှော်အစီအရင်ထဲမှာ လက်နက်ကလွဲရင် တခြား ပစ္စည်းတွေ အသုံးပြုခွင့် မရှိဘူး။ မဟုတ်ရင် ကောင်းကင်ဝိညာဉ် မှော်အစီအရင်ထဲကနေ ချက်ချင်းအပြင်ကို ပို့ဆောင်ခြင်း ခံရမယ်”

မှတ်တမ်းတင် အကြီးအကဲက သေချာ သတိပေး လိုက်သည်။

“ဟုတ်ကဲ့ နားလည်ပါတယ်”

ရဲချန်ဖန် ခေါင်းညိတ်လိုက်ပြီး ကျောက်တုံး တံခါးကြီးကို ဖြတ်ကျော် ဝင်လိုက်ရာ အလွန်ကြီးမားသော တိုင်ကြီးများနှင့် ဆောက်လုပ်ထားသော ခန်းမကြီးထဲ ရောက်ရှိသွားသည်။

“ကောင်းကင် ဝိညာဉ် မှော်အစီအရင် အပြင်ဘက် ခန်းမကြီးထဲ ဝင်လိုက်သည်နှင့် သူ့အပေါ် ဖိနှိပ်ထားသော အားတစ်ခုကို ခံစား လိုက်ရလေသည်။ တစ်ဖက်ခြမ်းတွင် ရှိနေသော နံရံပေါ်တွင် ရေးသားထားသည့် မှော်အစီအရင်များက အဆောင်များနှင့် ပေါင်းစပ်ထားပြီး ကြီးမားသော ဖိအား ထွက်ပေါ် နေလေသည်။

ရဲချန်ဖန်က များပြားလှသော မှော်အစီအရင်များကို လေ့လာနေစဉ် လှောင်ပြောင် သရော်သံ တစ်သံကို ကြားလိုက်ရသည်။

“မင်းက လိပ်လို မင်းခြံထဲမှာ ပုန်းမနေတော့ဘူးပဲ။ မင်းရဲ့ ခြံစုတ်လေးထဲက ထွက်လာပြီပေါ့”

အလွန်သားနားသော အဝတ်အစားများ ဝတ်ဆင်ထားသော ဂျန်ရိဂျွန်အား ခန်းမကြီးထဲ ဝင်လာသည်ကို တွေ့လိုက်ရသည်။ ဂျန်ရိဂျွန်သည် ရဲချန်ဖန်ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး တမင် ရန်စ လိုက်သည်။

“ဟေး … တကယ် စိတ်ပျက်စရာပဲ။ ဘာလို့ ကောင်းကင်မီးဂိုဏ်းမှာ ခွေးရူးတွေ ရှိနေတာလဲ”

ရဲချန်ဖန်က ဂျန်ရိဂျွန်ကို ကြည့်ပြီး ခေါင်းခါကာ ပြောလိုက်လေသည်။

“ရဲချန်ဖန် မင်းက ဘယ်သူ့ကို ခွေးလို့ ပြောတာလဲ”

ဂျန်ရိဂျွန်သည် အလွန်မာန ကြီးသော လူဖြစ်ပြီး ရဲချန်ဖန်ကို ဘယ်တုန်းကမှ အလေးထား စိတ်ထဲ မထည့်ခဲ့ချေ။ ယခု သူ့ကို စော်ကားသံကို ကြားလိုက်သောအခါ မျက်နှာမှာ အလွန်မည်း သွားပြီး ခပ်ကြမ်းကြမ်းပင် ရဲချန်ဖန်ဆီ လှမ်းလာလေသည်။

“ဘာလဲ။ မင်းက ခွေးမဟုတ်ဘူးလား”

“တချို့လူတွေက ခွေးလိုကောင်တွေပဲ။ ဒါပေမဲ့ သူတို့က ဝန်မခံချင်ကြဘူး။ ငါမင်းအတွက် တကယ် ဝမ်းနည်းမိတယ်” ရဲချန်ဖန် ခေါင်းပဲ ခါနေမိသည်။

“မင်း…”

ရဲချန်ဖန် စကားများက ဂျန်ရိဂျွန်ကို အလွန်စိတ်ဆိုး သွားစေပြီး ဒေါသကြောင့် သူ့ရင်ဘတ်သည် ဖားဖိုလို ဖောင်းလိုက် ပိန်လိုက် ဖြစ်နေသည်။

“ဘာလို့လဲ။ ဒီမှာ ချကိုချရမှပဲလား။ မင်းက ကောင်းကင်မီး ဂိုဏ်းစည်းမျဉ်းတွေကို မေ့သွားပြီလား”

ဂျန်ရိဂျွန်က ကြီးမားလှသော ဖိအား ပေးနေသော်လည်း ရဲချန်ဖန်သည် တောင်တစ်လုံးပမာ မယိုင်မလဲ ရပ်နေပြီး ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

“ရဲချန်ဖန် မင်းက စကားတတ်ပေမဲ့ ငါစိန်ခေါ်တာကို လက်ခံရဲရဲ့လား”

ဂျန်ရိဂျွန်က ဒေါသကို ထိန်းပြီး ဆူပူကြိမ်းမောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်ကာ ရန်စလိုက်သည်။
ရဲချန်ဖန်က ရှုံးဟီတို့နှစ်ယောက်ကို နှစ်ယောက် တစ်ယောက် တိုက်ခိုက်ပြီး အနိုင်ယူ လိုက်သည်ဟု ကြားမိသော်လည်း သူ့အစွမ်းကိုသူ ဂျန်ရိဂျွန်မှာ အလွန်ယုံကြည်လေသည်။ ဂျန်ရိဂျွန်က ရဲချန်ဖန် အရမ်း အစွမ်းမထက်လာမီ ရဲချန်ဖန်၏ တာအိုနှလုံးသားကို ဖျက်ဆီး ပစ်ချင်နေသည်။

“ငါ…မင်း စိန်ခေါ်တာ လက်ခံတယ်။ ဒါပေမဲ့ ငါကောင်းကင်ဝိညာဉ် မှော်အစီအရင်ကို ဝင်ရောက် လေ့ကျင့်ပြီးတဲ့ အချိန်မှ မင်းကို တိုက်မယ်”

“ငါလည်းပဲ ကောင်းကင် ဝိညာဉ် မှော်အစီအရင်ထဲ ဝင်လေ့ကျင့်မှာ။ ငါမင်းကို စောင့်နေမယ်။ ဒါပေမဲ့ ကောင်းကင် ဝိညာဉ်မှော် အစီအရင်က ထွက်လာပြီးရင် မင်းက မတိုက်တော့ဘူးလို့ ငြင်းရင်ကော” ဂျန်ရိဂျွန်က ရည်ရွယ်ချက်ရှိရှိ မေးလိုက်သည်။

“အဲဒါက ကိစ္စမရှိဘူး။ ငါမင်းတို့ ပြောတာအတွက် ဒိုင်သက်သေ လုပ်ပေးမယ်”

အသံခပ်ကြီးကြီး အသံနှင့်အတူ ကောင်းကင် ဝိညာဉ် မှော်အစီအရင်ကို စောင့်ကြပ်ရသော အကြီးအကဲတန်က ထွက်လာပြီး ပြောလိုက်လေသည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲတန်”

အကြီးအကဲတန်က သက်သေ လုပ်ပေးမည်ဟု ကြားလိုက်သောအခါ ဂျန်ရိဂျွန်က အလွန်ပျော်ရွှင် သွားသည်။ သူ့စိတ်ထဲတွင် အကြီးအကဲတန် ဒိုင်သက်သေ လုပ်ပေးနေသည် ဖြစ်သည့်အတွက် ရဲချန်ဖန် အရှက်မရှိ ငြင်းဆန်ရန် ကိစ္စမှာ မဖြစ်နိုင်တော့ပေ။

ရဲချန်ဖန် မျက်နှာကတော့ အပြောင်းအလဲမရှိဘဲ အကြီးအကဲတန်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။

“ကောင်းတယ်။ မင်းတို့ ကောင်းကင် ဝိညာဉ် မှော်အစီအရင်ထဲ ဝင်ကြတော့” အကြီးအကဲတန်က ပြောလိုက်သည်။

ထို့နောက် ရဲချန်ဖန်တို့ နှစ်ယောက်လုံးက ခန်းမကြီးကို ဖြတ်ကျော်ကာ မှော်အစီအရင် ကန့်လန့်ကာကို ဖြတ်ကျော်ဝင်ရောက် လိုက်ကြသည်။

“အကြီးအကဲတန် ရဲချန်ဖန်ကို ဘယ်လိုထင်လဲ”

ရဲချန်ဖန်တို့ နှစ်ယောက် မှော်အစီအရင်ထဲ ဝင်ရောက် ပျောက်ကွယ် သွားချိန်တွင် အသံတစ်သံ ထွက်ပေါ်လာပြီး အကြီးအကဲတန်နား လူတစ်ယောက် လျှောက်လာလေသည်။ ထိုလူမှာ ခရမ်းရောင် တောင်တန်းတွင် ရဲချန်ဖန်ကို ကူညီခဲ့သော အကြီးအကဲလျှူပင်။

“သူက သိပ်တော့ မရင့်ကျက်သေးဘူး။ နည်းနည်း တစ်ဇွတ်ထိုး ဆန်တယ်”

အကြီးအကဲတန်က မှတ်ချက် ပေးလိုက်သည်။
“တစ်ဇွတ်ထိုး ဆန်တယ်လား။ ခင်ဗျားက ရဲချန်ဖန် ဂျန်ရိဂျွန်နဲ့ အလောင်းအစား လုပ်တာကို ကြည့်ပြီး ပြောတာလား” အကြီးအကဲလျှူက ခပ်ပြုံးပြုံးလေးနှင့် မေးလိုက်သည်။

“ဟုတ်တယ် ဂျန်ရိဂျွန်က ဂိုဏ်းထဲမှာ လေ့ကျင့်လာတာ ကြာပြီ။ သူက သားရဲသခင် အဆင့်ငါးတောင် ရောက်နေပြီးပြီ။ သူ့အစွမ်းက ကောင်းကင် တန်ခိုးရှင် အဆင့်ငါးဆယ်ထဲ ဝင်နိုင်စွမ်း ရှိနေပြီ။ ရဲချန်ဖန်က သေချာပေါက် သူ့ပြိုင်ဖက် မဟုတ်ဘူး”

“အဲလိုပဲ ထားပါတော့။ ငါတော့ ဂျန်ရိဂျွန်ကို သနားတယ်။ ငါက ရဲချန်ဖန် သူ့ကို အနိုင်ယူနိုင်မယ်လို့ ယုံတယ်” အကြီးအကဲလျှူက ပြောလိုက်သည်။

“အကြီးအကဲလျှူ… ခင်ဗျား ရဲချန်ဖန်ကို အဲလောက် အထင်ကြီးတာလား။ သူက ဂျန်ရိဂျွန်ကို အနိုင်ရနိုင်တယ် ဆိုတာ သိပ်မလွယ်ဘူး။ အဆင့် သုံးဆင့်ကျော်ပြီး တိုက်ခိုက် နိုင်တယ်ဆိုတာ သိပ်ခက်ခဲ လွန်းတယ်” အကြီးအကဲတန်မှာ ထူးဆန်းသည်ဟု ခံစားနေမိသည်။

“ငါကိုယုံစမ်းပါ။ ရဲချန်ဖန်က မဖြစ်နိုင်တာ လုပ်ပြလိမ့်မယ်

ရဲချန်ဖန်၏ ပါရမီ၊ ကြံရည်ဖန်ရည်တို့ကို စဉ်းစားမိပြီး အကြီးအကဲလျှူက ယုံကြည်စွာ ပြောလိုက်လေသည်။

ရဲချန်ဖန်က အကာအရံ မှော်အစီအရင် ဘေးနားတွင် ရပ်ပြီး လေ့လာကြည့်နေသည်။ အစွမ်းထက် လှသော အော်ရာများ ထွက်နေရာ သူနှလုံးများပင် တုန်ခါနေသည်။

“ရဲချန်ဖန် ငါပြောဖို့မေ့နေတာ ဒီတစ်ခါ ငါကောင်းကင် တန်ခိုးရှင် စာရင်း ထိပ်ဆုံး အယောက်ငါးဆယ်ထဲ ငါရောက်တော့မှာ”

ဂျန်ရိဂျွန်က သူနှင့် မနီးမဝေးတွင် ရပ်နေသော ရဲချန်ဖန်ကို ကြည့်ပြီး ရဲချန်ဖန် ယုံကြည်မှု ပျက်သွားစေရန် မထိတထိ ရန်စနေလေသည်။

“ငါလည်း မင်းကို ပြောဖို့မေ့နေတာ။ ငါလည်း ကောင်းကင် တန်ခိုးရှင် စာရင်း ထိပ်ဆုံး အယောက်လေးဆယ်ထဲ ငါရောက်တော့မှာ”

ရဲချန်ဖန်ကအပြုံးနှင့် တုံ့ပြန်လိုက်သည်။

ထို့နောက် မျက်နှာ မရွှင်မပျ ဖြစ်သွားသော ဂျန်ရိဂျွန်ကို လျစ်လျှူရှူလိုက်ပြီး သူ အထိမ်းအမှတ် ကတ်ပြားကို အလင်းတံခါးတွင် ဆိုက်သွင်းလိုက်ရာ တံခါးပွင့် သွားလေသည်။ ထို့နောက် တံခါးထဲ ဝင်ရောက် သွားသည်။

ကောင်းကင် ဝိညာဉ် မှော်အစီအရင်ထဲ ရောက်သွားပြီးနောက် ရဲချန်ဖန်သည် ငရဲတမျှ ပူလောင်သော အပူရှိန်ကို ခံစားလိုက် ရလေသည်။

ငရဲမီးလျှံများ အပေါ်တွင် ကျောက်တုံး လမ်းရှိနေပြီး ကျောက်တုံးများကို ငရဲမီးလျှံများက ဝန်းရံ နေလေသည်။ လေပူများက တိုက်ခတ်နေရာ မျက်နှာများသည်လည်း ပူလောင် အိုက်စပ်လာသည်။

ရဲချန်ဖန် ကျောက်တုံးလမ်းပေါ် တက်လိုက်စဉ် သူ အစွမ်းထက်သော စိတ်အာရုံက အနောက်တွင် အန္တရာယ် ရှိနေသည်ကို ခံစားသိရှိ လိုက်သည်။ သူ့ခြေထောက်က လျှပ်ပြက်သလို လှုပ်ရှားသွားပြီး ချုံခိုတိုက်ခိုက်မှုကို ရှောင်ရှားလိုက်ကာ အစွမ်းထက်လှသော လက်သီးဖြင့် ပြန်ထိုး လိုက်လေသည်။

“ယား…”

ရဲချန်ဖန်၏ အားကုန် ထိုးလိုက်သည့် လက်သီးက သားရဲသခင် အဆင့်ခြောက်ကို ထိမှန် သွားသည်။ အစွမ်းထက်လှသော စွမ်းအားက သားရဲသခင် အဆင့်ခြောက်ကို ချော်ရည်ပူထဲ လွင့်စဉ်သွားစေသည်။

“နည်းနည်းလေးပဲ ရတယ်လား”

ရဲချန်ဖန်က သူ အထိမ်းအမှတ်ကတ်တွင် ပေါ်လာသော အမှတ်ကို ကြည့်ပြီး သူက သားရဲသခင် အဆင့်ခြောက်ကို သတ်လိုက် နိုင်သော်လည်း အမှတ်နည်းနည်းပဲ ရသည်ကို တွေ့လိုက်ရသည်။

သူ ရန်သူကို သတ်နိုင်သော အမှတ်က ကောင်းကင် တန်ခိုးရှင် စာရင်းအဆင့်ကို ဆုံးဖြတ်ပေး ပေမည်။
“ကြိုးစားလိုက်စမ်း။ ကောင်းကင် ဝိညာဉ် မှော်အစီအရင်က ဘယ်လောက် ခက်လဲ ကြည့်ရအောင်”

ရဲချန်ဖန် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေပြီး ငရဲမီးလျှံထဲသို့ လက်နက်ပင် မကိုင်ဘဲ ဝင်ရောက် သွားလေသည်။
အခန်း ( ၆၆ ) ပြီး၏။ ( ၆၇ ) မျှော်
***

Comment

Leave a Reply

Options

not work with dark mode
Reset